← Chapters

လျူကျန်းဖိန်၏ တောင်းဆိုချက်

Vol. 18 Ch. 263

လျူကျန်းဖိန်၏ တောင်းဆိုချက်

Vol. 18 Ch. 263

အကြကြီး အံ့အားသင့်နေပြီးနောက် သုံးယောက်သား တစ်​ယောက် ပြီးတစ်ယောက် သတိပြန်ဝင်လာကြသည်။

သူတို့စိတ်ထဲတွင် အတွေး တစ်ခုတည်း သာရှိနေသည်။ လျူယောင်က အမှန် တကယ်ကို ချမ်းသာနေပြီး ဗီလာ တစ်လုံး ဝယ်ရန် ငွေသန်းတစ်ရာမှ နှစ်ရာအထိ သုံးစွဲခဲ့သည်။

ရောက်လာသူများက မိသားစု ဟောင်းမှဖြစ်တာကြောင့် လျူဟုန်ဖူနှင့် ကျိုးရိူ့ယင်းတို့ဟာ ရင်းနှီးမှု့ကိုခံစားရပြီး အလွန်စိတ်အားထက်သန်နေကြသည်။ တဖြည်းဖြည်းနှင့် သူတို့ရဲ့ ဇာတိမြို့နဲ့ပတ်သက်တဲ့ အချို့အရာများကို ပြောဆို ဖြစ် ကြသည်။

စကားပြောဆိုမှု့က အလွန်အမင်း စိတ်ကူး ယဉ်ဆန်နေသည်။

တဖြည်းဖြည်းနှင့် သူတို့က ရွာမှ ရွှေ့ပြောင်း လုပ်သားများရဲ့ အခြေအနေအကြောင်းကို ရောက်လာခဲ့သည်။

လျူကျန့်ဖိန် ဝမ်းသာအားရ ပြောလိုက် သည်။

"လျူယောင် နောက်ဆုံးတစ်ကြိမ်က လူရာ နဲ့ချီကို သင်္ဘောသားအဖြစ် ခေါ်ခဲ့လို့ ရွာက လူတွေ အရမ်းကျေးဇူးတ င်နေကြတယ် သူတို့ တစ်လကို သုံးသောင်း လေးသောင်း လောက်ရခဲ့တယ်တဲ့..."

"လျူယောင်က အခု ဒီလို စွမ်းရည် ရှိနေ ပြီဆိုတော့ လူတိုင်းကို ကူညီပေးရမှာက သူ့တာဝန်ပါပဲ"

လျူဟုန်ဖူ ပြန်ဖြေလိုက်သည်။

"အခု ရွာမှာက အားကောင်းတဲ့ အလုပ်သ မားတချို့ ကျန်နေ သေးတယ်… အကြောင်း ပြချက်အမျိုးမျိုးတွေကြောင့် နောက်ဆုံး တစ်ကြိမ်က သူတို့ သင်္ဘောသား မဖြစ်ခဲ့ရ ဘူးလေ ....

သူတို့ အခု နောင်တရနေကြတယ် ..ဒီတစ် ကြိမ် မင်း ဘယ်အချိန်မှာ သင်္ဘောသား တွေ ကို ထပ်ခေါ်မလဲဆိုတာ မေးခိုင်း လိုက်တယ်. ..သူတို့လည်း သင်္ဘောသားဖြစ်ချင်လို့တဲ့..."

"ဒီကိစ္စကို ငါသိပ်မရှင်းဘူး... မင်းလျူယော င် ကို ကိုယ်တိုင် မေးမှ ရမယ်...ငါတို့ နံနက် စာ အတူတူ စားကြမှာ မင်း သူ့ကို မေးကြည့် နိုင်ပါတယ်"

လျူကျန်းဖိန် ပြန်ပြောလိုက်သည်။

လျူကျန်းဖိန်တို့ သုံးဦး ဒီနေရာကို ရောက်ရှိ လာကြခြင်းရဲ့ အဓိကအချက်က ရွာမှာ ကျန်နေသေးတဲ့ လူငယ်များအတွက် လျူ ယောင့် ကို မေးမြန်းရန်ပင် ဖြစ်သည်။ သူတို့ က သင်္ဘောသားများ အရမ်းဖြစ် ချင်နေကြ သည်။

အပြင်ထွက် အလုပ်လုပ်ခြင်းနဲ့ နှိုင်းယှဉ် လျှင် လျူယောင်ထံတွင် သင်္ဘော သားအ ဖြစ် သွားလုပ်ကိုင်ခြင်းက ပိုကောင်းပေလိမ့် မည်။

ဒီအလုပ်က တည်ငြိမ်ပြီး ဝင်ငွေလည်း မြင့်မား လှသည်။

တချို့လူဆို အမြဲတမ်းသ င်္ဘောသားဖြစ်ပြီ းနောက်တွင် ဟွာဟိုင်းမြို့တွင် အခြေချနိုင် ပြီး သူတို့ရဲ့ ဇနီးမယားများနှင့် ကလေးမျ ားကို ပြန်ခေါ်ဆောင်သွားနိုင်ကြောင်း ပြောပြခဲ့သည်။ကုမ္ပဏီက အိမ်တစ်လုံးကို ခွဲဝေပေးခဲ့တာကြောင့် ဖြစ်သည်။

ကျေးရွာမှာရှိတဲ့ လူများရဲ့ ရှုထောင့်မှ ကြည့် ရင် ခရိုင်မြို့တွင် အိမ်ရှိ ခြင်းမှာ ကြီးမြတ် တဲ့ အရာပဲဖြစ်သည်။ ဟွာဟိုင်းလိုမြို့တွင် အိမ်တစ်လုံးရှိခြင်းမှာ သူတို့အတွက် အိပ်မက်တစ်ခုပဲ ဖြစ်သည်။

လူအများအပြားက ဒါကို အမှန်တကယ် မယုံ ကြည်ကြဘဲ ကြွားလုံးထုတ်ခြင်း ဖြစ် တယ် လို့သာ ထင်နေကြသည်။

ဒါပေမဲ့ သင်္ဘောသားတစ်ယောက် ရဲ့လစဉ်ဝ င်ငွေမှာ အနည်းဆုံး ယွမ် သုံးသောင်း၊ လေးသောင်းရှိပြီး တစ်ခါတစ်ရံတွင် ဆု ကြေး အမျိုးမျိုးရှိတာက လုံးဝ မှန်သည်။

လျူဟုန်ဖူနဲ့ လျူကျန်းဖိန်တို့ အတူ စကား ပြော ဆိုခဲ့ကြသည်။ လေထုမှာ ပေါ့ပါးနေပြီး ရယ်မောသံများ ဆူညံနေကာ အချိန် လျင် မြန်စွာပင်ကုန်ဆုံးသွားသည်။

မကြာမီ မနက်ပိုင်း ရောက်လာတဲ့အခါ လျူ ယောင် ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လျူ ဟုန်ဖူ လက်ခံရရှိခဲ့သည်။ သူက ထပြီး လက်ပြကာ ပြောလိုက်သည်။

"လာ ငါတို့ သွားစားရအောင် ရှောင်ယော င်က ကားတစ်စီးပို့လိုက်တယ်..."

လျူဟုန်ဖူက ဦးဆောင်ပြီး လူတိုင်း အတူတကွ အပြင်သို့ ထွက်လာ ခဲ့သည်။

ဒီ ဗီလာရဲ့ ရှေ့တွင် ကားအသစ်ဖြစ်တဲ့ Rolls-Royce နှစ်စီးကို ရပ်ထားကြသည်။

Universal က ချမ်းသာပြီး အင်အားပို ကြီး မားလာတာကြောင့် ပြီးခဲ့တဲ့လက ကားအ သစ်တစ်ဒါဇင်ကျော်ကို တစ်ကြိမ်တည်း ဝယ်ယူခဲ့သည်။ အနိမ့်ဆုံးအဆင့်မှာ S600 ဖြစ်ပြီး အများအပြားမှာ Rolls-Royce များ ဖြစ်သည်။

ဒီနှစ်စီးမှာ အဲ့အသစ်ထဲမှ နှစ်စီးပင် ဖြစ် သည်။

ကားနှစ်စီးကိုမြင်တဲ့အခါ လျူကျန်းဖိန်က အကြိမ်ကြိမ်ကြည့်နေပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဟုန်ဖူ ဒါက ဒဏ္ဍာရီလာ Rolls-Royce အမျိုး အ စားလား..."

လျူဟုန်ဖူ က ပြုံးလိုက်ပြီး ပြန်ဖြေ လိုက် သည်။

"အာ ငါလည်း နားမလည်ဘူး ဟုတ်လောက် မယ်ထင်တယ်..."

"ဒါက Rolls-Royce ပါ၊ တစ်စီးချင်းစီက သန်းခြောက်ဆယ်ကျော် ကျပါတယ်..."

ကားမောင်းသူက ဆင်းလာပြီး ရှင်းပြလိုက် သည်။

"ဘုရားရေ အရမ်းစျေးကြီးတာပဲ "

ဘေးမှာရှိတဲ့ လျူဝမ်ကန်နှင့် လျူဟောင် ယွမ်တို့မှာ အံ့အားသင့်နေတဲ့ ပုံပေါက်နေပြီး အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့နှ စ်ယောက်စလုံးက စိတ်လှုပ်ရှားမှု့များ ကို မဖုံးကွယ် နိုင်ကြပေ။

တစ်နေ့တွင် သူတို့က ဒီလိူ အဆင့်မြင့် တဲ့ကားမျိုး စီးနိုင်လိမ့်မယ်လို့ တစ်ခါမှ မထင် ထားခဲ့ကြပေ။

သူတို့သုံးယောက် ခုလိုကောင်းတဲ့ကားမျိုး စီးဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ကားပေါ်ရောက်တဲ့အခါ လျူကျန်းဖိန်က ပျော်ရွှင်စွာ ပြောလိုက်သည်။

"ဒီကားက ငါတို့ရဲ့ ခရိုင်ကကားထက် အများကြီးခေတ်မီတယ်ဟ..."

လျူဝမ်ကန်လည်း ခေါင်းခါကာ ဝင်ပြော လိုက်သည်။

"နှိုင်းယှဉ်စရာမရှိပါဘူး ငါတို့ခရိုင်ဝန်ရဲ့က ားက Audi တစ်စီးဖြစ်ပြီး ဒီကားထက် အများကြီးဆိုးတယ်..."

ကားနှစ်စီးက ဖြည်းဖြည်းချင်း ထွက်ခွာ လာခဲ့သည်။

လျူကျန်းဖိန်နှင့် လျူဝမ်ကန်တို့က တစ်စီး တည်းစီးလာကြပြီး သူတို့ရဲ့ စိတ်ထဲတွင် စဉ်းစားနေခဲ့ကြသည်။

" လျူယောင်မှာ အခု ငွေဘယ် လောက်ရှိ နေပြီလဲသူ့ကုမ္ပဏီကရော ဘယ်လောက် ကြီးမားနေတာလဲ... "

မိနစ် ၃၀ မှ ၄၀ ခန့်ကြာပြီးနောက် ကားနှစ်စီ းကအဆင့်မြင့်စားသောက်ဆိုင်ရှေ့တွင် ရပ်လိုက်သည်။

ယာဉ်မောင်းက လူတိုင်းကို သီးသန့် အခန်းတစ်ခန်းရဲ့ တံခါးဝကို ခေါ်သွားပြီး ပြောလိုက်သည်။

"မစ္စတာလျူ ရောက်လာပါပြီ ခဗျ"

ယာဉ်မောင်းစကားပြောပြီးတာနဲ့ လျူယောင် ရဲ့ လှုပ်ရှားမှု့ကိုကြားရပြီး အတွင်းမှ တံခါး က ပွင့်လာသည်။

သူက စိတ်အားထက်သန်နေတဲ့မျက်နှာနဲ့ ခေါ်လိုက်သည်။

"အဖေ အမေ"

ထို့နောက်တွင် သူက လျူကျန်းဖိန် သုံး ဦးကိုနှုတ် ဆက် ပြီး လူတိုင်းကို ယဉ် ကျေးစွာဖြင့် ထိုင်ရန် ဖိတ်ကြား လိုက် သည်။

ခဏအကြာတွင် ဟင်းလျာများမှာ တစ်ပွဲပြီး တစ်ပွဲ ရောက်လာခဲ့သည်။

အမျိုးမျိုးသောဟင်းလျာများအပြင် ရှေး ဟောင်း မောက်ထိုင်ဝိုင် နှစ်ပုလင်း လည်း ရှိပြီး တစ်ပုလင်းစီက တန်ဖိုးသောင်း ဂဏ န်းခန့် ရှိသည်။

လျူယောင်က ဝိုင်ကို သူ့ဘာသာသူဖွင့်ပြီး လူတိုင်းရဲ့ဝိုင်ဖန်ခွက်ထဲကို ဖြည့်ပေး လိုက် သည်။ ထို့နောက် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

"ဦးလေးကျန်းဖိန် ဒီကိုရောက်လာတာ ရှားပါတယ်ယဉ်ကျေးမနေကြပါနဲ့ စားလ ည်းစား သောက်လည်းသောက်ကြပါ..."

မောက်ထိုင် ဝိုင်နှစ်ပုလင်းကိုမြင်တဲ့အခါ လျူကျန်းဖိန် အံ့သြစွာ မေးလိုက်သည်။

"လျူယောင် ဒါက ဝိုင်ကောင်းပဲ ... တစ်ပုလ င်းကို သောင်းဂဏန်းကျော်လောက် ရှိမို့ လား...."

လျူယောင် ပြုံးကာ ပြန်ဖြေလိုက်သည်။

"ဝိုင်ရဲ့တန်ဖိုးကို ဘာလို့ဂရုစိုက်နေရတာလဲ အရသာကောင်းတယ်လို့ ထင်ရင် နောက် ထပ်နှစ်ပုလင်းလောက်သောက်လို့ရပါတယ်...ပြန်သွားတဲ့အခါမှာလည်း သောက်ဖို့ ပုလင်းအနည်းငယ်ယူသွားနိုင်ပါတယ်ဗျာ..."

ဝိုင်တစ်ပုလင်းစီ၏စျေးနှုန်းကို လျူယောင် မပြောပြခဲ့ပေ။ဒါက သူတို့ကို ကြောက် လန့်သွားစေမှာ စိုးရိမ်တာကြောင့်ဖြစ်သည်။ လျူယောင်က စားပွဲပေါ်မှ ဟင်းလျာများမှာ ငွေကျပ်တစ်သိန်းအောက်တန်ဖိုးရှိတယ်လို့ မပြောခဲ့ပေ။ မဟုတ်ပါက သူတို့ကို ပိုကြောက်လန့်သွားစေလိမ့်မည်။

လျူကျန်းဖိန်နဲ့ အခြားသူများက ဒီဟင်းလျာများ ကို မြင်တဲ့အခါ အနည်းဆုံး သောင်းဂဏန်းလောက် ကုန်ကျလိမ့်မယ်လို့ သူတို့စိတ်ထဲတွင် ခန့်မှန်းလိုက်ကြသည်။

သူတို့က ဒီလိုကောင်းမွန်တဲ့ ပွဲမျိုးကို တစ်ခါ မှ မလုပ်ဖူးတာကြောင့် လျူယောင်နှင့်အတူ ဖန်ခွက်များ ရိုက်ခတ်ကာ အစားအစာများ ကို ပါးစပ်အပြည့်စားနေကြသည်။

" အရမ်း အရသာရှိတာပဲ "စားနေစဥ် တွင် လည်း ဟင်းပွဲအရသာကို ချီးမွမ်းခဲ့ကြ သည်။

ဝိုင်နှစ်ခွက်သောက်ပြီးနောက်တွင် လေထုက ပူနွေးလာပြီး လူတိုင်းမှာ ပိုစကား ပြောဆို လာကြသည်။

လျူကျန်းဖိန်က တောင်းဆိုလိုက်သည်။

"လျူယောင် ရွာမှာ လူငယ်တော်တော် များ များ ရှိတယ်... သူတို့က မင်းနဲ့ သင်္ဘောသာ းအဖြစ် အလုပ်လုပ်ချင်ကြောင်း တစ်ညီတ စ်ညွတ်တည်း ပြောနေကြတယ်...."

သူစကားမဆုံးမီ လျူယောင် လက်ကာပြ၍ ဖြတ်ပြောလိုက်သည်။

" ဦးလေးကျန်းဖိန် မပူပါနဲ့ အထက်တန်း ကျောင်းပြီးလို့ ကျန်းမာရေးကောင်းရင် ကျွန်တော် လက်ခံပါ့မယ် လူ ဘယ် လောက်ပဲ လာလာ လက်ခံပါ့မယ်..."

သူ့ဇာတိမြို့က လူများအတွက် လျူယောင် လိုအပ်ချက်များကို လျှော့ချလိုက်သည်။

အမှန်တကယ်တွင် Universal တွင် သင်္ဘောသားအဖြစ်ဝင်ရောက်ရန် အနိမ့်ဆုံးလိုအပ်ချက်မှာ ကောလိပ်ဘွဲ့ ရ ဒါမှမဟုတ် ထို ထက်ပိုမြင့်သောဘွဲ့ရမှ ဖြစ်ပြီး အခု ခန့်ထားရာတွင် ကောလိပ် ကျောင်းသားများက အတော်လေးနည် းပါးပြီး အများစုက တက္ကသိုလ်ဘွဲ့ရများ ဒါမှမဟုတ် အဲ့ထက် မြင့်ကြသည်။

လျူယောင်က ဒီလို ပွင့်ပွင့်လင်းလင်း ဖြစ်နေတာကိုမြင်တဲ့အခါ လျူကျန်းဖိန်က ပျော်ရွှင်လာပြီး ရွာကလူငယ်များအတွက် အထူးသဖြင့် လျူယောင်ကို ဝိုင်ခွက် မြှောက်ပြပြီး သောက်လိုက်သည်။

လျူဝမ်ကန်က သိချင်စိတ်နဲ့ မေးလိုက် သည်။

"လျူယောင် မင်းတို့ဆီမှာ သင်္ဘောသားအဖြ စ်လုပ်တဲ့သူတိုင်းကို တိုက်ခန်းတစ်ခန်းစီ ပေးမယ်လို့ ကြားတယ်..အဲ့တာ တကယ်လ ား.."

လျူယောင် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေ လိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဝန်ထမ်းအားလုံးကို အနည်းဆုံး စတုရန်းမီ တာ ၉၀ ကျော်ရှိတဲ့ အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်းနှစ်ခန်းပါတဲ့ အခန်းတစ်ခန်းစီကို ခွဲပေးထားတယ် သူတို့ရဲ့ဇနီးမယားတွေနဲ့ ကလေးတွေကို ခေါ်လာပြီး အတူတူနေနိုင် ပါတယ်...."

"ဘုရားရေ ဒါ အမှန်ပဲကိုး..."

လျူယောင်ကို မယုံနိုင်စွာ လျူဝမ်ကန် ကြည့်လိုက်ပြီး သူ့ရဲ့ မျက်လုံး များပြူး ကျယ် နေသည်။

"မင်းရဲ့ကုမ္ပဏီက တကယ်ကို အံ့မခန်းပဲ ကွာ.. .တစ်နိုင်ငံလုံးမှာ ဒီလိုကောင်းမွန် တဲ့အကျိုးခံ စားခွင့်တွေပေးနိုင်တဲ့ ကုမ္ပဏီ က အများကြီးရှိမှာ မဟုတ်လောက်ဘူး..."

ဒီစားသောက်မှု့က တစ်နာရီ ကျော်ကြာမြင့်ခဲ့ သည်။

လျူကျန်းဖိန်နဲ့ အခြားသူများက အလွန်ပျေ ာ်ရွှင်ပြီး အလွန်ကျေနပ်ခဲ့ကြသည်။ ဇာတိမြို့မှ ဒီနေရာကို ရောက်လာတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်မှာလည်း အောင်မြင်ခဲ့သည်။ လျူယောင်က ရွာကလူငယ်များကို သင်္ဘော သားအဖြစ် လက်ခံရန် လွယ်လွယ် ကူကူ သဘောတူခဲ့သည်။

စားသောက်ပြီးနောက် လျူကျန်းဖိန်တို့ သုံးဦးကို ဟွာဟိုင်းမြို့တွင် နောက်ထပ် ရက်အနည်းငယ်လောက် အချိန်ဖြုန်းရန် လျူယောင် ပြောခဲ့ပြီး မိဘများကိုလည်း ကောင်းမွန်စွာဧည့်ခံရန် မှာခဲ့သည်။

ထိုသို့ မှာပြီးနောက် လျူယောင် အရင်ဆုံး ထွက်လာခဲ့သည်။ သူ ကုမ္ပဏီကို ပြန်သွားရ အုံးမည်။

All Chapters