← Chapters

လိပ်ကြီး တိုးတက်လာခြင်း

Vol. 18 Ch. 264

လိပ်ကြီး တိုးတက်လာခြင်း

Vol. 18 Ch. 264

ရုံးခန်းထဲတွင်…

လျူယောင် သူဋေးကုလားထိုင်တွင် ထိုင်နေပြီး Universal အဆောက်အအုံနှင့် ဝန်ထမ်းများအိမ်ရာ တည်ဆောက်တဲ့ အစီရင်ခံစာများကို အရင်ကြည့်လိုက်သည်။

ထိုအစီရင်ခံစာများကို ဖတ်ပြီး စားပွဲပေါ်မှ ကော်ဖီကို တစ်ငုံ သောက်လိုက် ပြီးနောက် တွင် အိမ်မွေးတိရိစ္ဆာန် ထိန်းချုပ်ရေးချပ်ပြ ားကို ဖွင့်လိုက်သည်။

' လိပ်ကြီးကို ငါ သုံးလေးရက်လောက် ဂရုမစိုက်ဖြစ်ဘူး...ဒီကောင် အခု ဘာတွေလုပ်နေလဲ မသိဘူး..."

သူ အိမ်မွေးတိရစ္ဆာန်ထိန်းချုပ်ရေးပြားကို ဖွင့်လိုက်တာနဲ့ လျူယောင် အံ့အားသ င့်သွားပြီး မျက်လုံးများကို လျင်မြန်စွာ ပွတ်သပ်လိုက်သည်။

" ဘာလဲဟ "

" လခွမ်း လိပ်ကြီးအလေးချိန်က ၃၆၂ တန် ကို ရောက်ရှိသွားပြီးလား "

"ရက်အနည်းငယ်ပဲ ရှိသေးတာကို...'

ပြီးခဲ့တဲ့ သုံးရက်တုန်းက တန် ၃၀၀ သာ လိပ်ကြီး ရှိသည်။အခုတော့ ရုတ်တရက် ၃၆၂ တန် ရောက်နေတာကြောင့် လျူယောင် အံ့အားသင့်နေခဲ့သည်။

လျူယောင်ရဲ့ စိတ်ကူးထဲတွင် လိပ်ကြီးကို လျင်မြန်စွာကြီးထွားလာဖို့ အမြဲ့ မျှော်လင့် နေခဲ့သည်။ အထူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က ဧရာမမိကျောင်းကြီးနဲ့ တိုက်ခိုက်ပြီးနောက်တွင် လျူယောင် သူ့ကို ပိုကြီးမားလာစေရန် မျှော်လင့်နေခဲ့သည်။

"ဘယ်လို လုပ်ခဲ့တာလဲဟ "

'ဒီကောင် တကယ့်ကို ၃၆၂တန် ရောက် နေပြီပဲ.."

လျူယောင် ပျော်ရွှင်စွာနဲ့ တတိယအမြင်ဖြင့် ကြည့်လိုက်ရာ လိပ်ကြီးရဲ့ အခြေအနေကို မြင်လိုက်ရသည်။

လိပ်ကြီး၏ နေရာက ဘောလုံးကွင်း တစ်ကွင်း စာလောက်ရှိတဲ့ ဧရာမ ဂူတစ်ခုဖြစ်ပြီး အလွန်ကြီးမားလှသည်။

ဂူထဲတွင် ပင်လယ်ရေ လုံးဝမရှိပေ။ လိပ်ကြီးက ကောင်းစွာအိပ်ပျော်နေသည်။

မနီးမဝေးတွင် ဧရာမ သမိုင်းမတိုင်မီက ပါးစပ်ကျယ်တဲ့ ငါးကြီးမှာ လိပ်ကြီးရဲ့ စားသုံးခြင်း ကိုခံခဲ့ရပြီး ဧရာမအရိုးစု ကြီးသာ ကျန်ရှိတော့သည်။

'ဒါ သမိုင်းမတိုင်မီ က ပါးစပ်ကျယ်တဲ့ ငါးကြီးကြောင့်များလား...."

လျူယောင် သူ့စိတ်ထဲတွင် ထိုသို့တွေးလိုက် ပြီး လိပ်ကြီးကို မေးခွန်းအရမ်း မေးချင် နေခဲ့သည်။ဒါပေမဲ့ လိပ်ကြီးက ကောင်း မွန်စွာ အိပ်ပျော်နေတာ ကိုမြင်တဲ့အခါ နောက်ဆုံးတွင် လျူယောင် စိတ်ကို ချုပ်တည်း လိုက်သည်။

' ဒီကောင်ကြီး နိုးလာမှပဲ မေးလိုက် တော့မယ်ကွာ ခဏစောင့်လိုက်တာပေါ့..."

လျူယောင် သူ့စိတ်ထဲတွင် တွေးလိုက် သည်။

မွန်းလွဲပိုင်း သုံးနာရီခန့်တွင် လျူယောင် အိမ်မွေးတိရစ္ဆာန် ထိန်းချုပ်ရေး ချပ်ပြားကို ပြန်ဖွင့်လိုက်ပြီး တတိယအမြင်နဲ့ ကြည့်လို က်ရာ လိပ်ကြီးကို မြင်လိုက်ရသည်။

ဒီကောင်ကြီးက. နိုးနေပြီး အရိုးစုနီးပါးသာ ကျန်ရှိတော့တဲ့ ဧရာမပါးစပ်ကျယ် ငါးကြီး ကို စားနေသည်။

'ဒီကောင်က အစားအစာကို လုံးဝမဖြုန်း တီးဘူးပဲ ဒီအရိုးစုပေါ်မှာ အသားမရှိ သလောက်ကို စားနေတာဟ...'

လျူယောင် ကျေနပ်ကာ တွေးလိုက် မိသည်။

' လိပ်ကြီး မင်း တော်တယ်...အစားအစာ တစ်စက်ကလေးမှ မဖြုန်းတီးခဲ့ဘူး..."

လျူယောင်ရဲ့မက်ဆေ့ချ်ကို စိတ်ထဲတွင် လက်ခံရရှိပြီးနောက် လိပ်ကြီး ချက်ချင်းပင် ခဏရပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"သခင်ရ ဒါက ကျွန်တော့် လုပ်အားရဲ့ အသီးအပွင့်ပါ ဖြုန်းတီးလို့ မရဘူး အကုန် စားပစ်မှာ.."

လျူယောင် ခေါင်းကို ညင်သာစွာ ညိတ် လိုက်ပြီး အဓိက အကြောင်းအရာကို တိုက် ရိုက် ပြောလိုက်သည်။

"ဒီရက်ပိုင်းမှာ မင်း ဘယ်လိုလုပ် ဒီလောက် မြန်မြန်ကြီးထွားလာတာလဲ...တန်ခြောက်ဆယ်ကျော်လောက် ကြီးထွားလာတာပဲ..."

" အာ ဒါ သမိုင်းမတိုင်မီက ပါးစပ်ကျယ်တဲ့ ငါးကြီးကို စားခဲ့လို့ ဖြစ်နိုင်ပါတယ်... ဒီရက်ပိုင်းမှာ အစားစားတိုင်း အဲ့ ငါးအသားကိုပဲ စားခဲ့တာ... ကျွန်တော် စားပြီးတိုင်း တစ်ကိုယ်လုံးနွေးထွေးနေသလို ခံစားရပြီး အိပ်ပျော်သွားတာပဲ "

လိပ်ကြီး ပြန်ဖြေလိုက်သည်။

အကြောင်းစုံ သိပြီးနောက် လျူယောင် ပျော်ရွှင်သွားသည်။

သမိုင်းမတိုင်င်မီက ဧရာမပါးစပ် ကျယ်ငါးကြီးကို လိပ်ကြီး စားလိုက်တာ တကယ် မှန်ကန်တယ်လို့ ထင်ရသည်။ မကြာခင်မှာပဲ တန် ၅၀၀ ကျော်အထိ လိပ်ကြီး ရောက်ရှိလာနိုင်သည်။

အစီရင်ခံပြီးနောက်တွင် လိပ်ကြီးက ဧရာမငါးအရိုးစုကြီးပေါ်တွင် ကျန်ရှိနေတဲ့ ငါးအသားအနည်းငယ်ကို စားလိုက် ပြီးနောက် ဧရာမငါးအရိုးကြီးကို ဆွဲပြီး အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။

"သခင် ဒီအသားလေးက ကျွန်တော့်သွား တွေကြားမှာတောင် မလုံလောက်ဘူးဗျာ... ကျွန်တော် နောက်ထပ် ပါးစပ်ကျယ်တဲ့ ငါးကြီးတစ်ကောင်ကို ထပ်ဖမ်းတော့မယ်..."

'အမ် တုံဂါရေနက်ပိုင်းမှာ သမိုင်းမတင်မီက ပါးစပ်ကျယ်တဲ့ ငါးကြီးတွေ ရှိနေသေးလား'

'ဒီဧရာမငါးကြီးတွေ ရှိနေသေးဖို့ ငါ မျှော်လင့်ပါတယ်'

ရေနက်ပိုင်းမှာ ဒီလိုငါးမျိုးကို လိပ်ကြီး သတ်နိုင်မည်ဆိုပါက ပိုကောင်းမယ်လို့ လျူယောင် တွေးလိုက်သည်။ဒါမှ နောက် ထပ် လိပ်ကြီး အလေးချိန် ပိုများလာမှာ သိပ်မကြာတော့ပေ။

လိပ်ကြီး သူ့ပါးစပ်ဖြင့် အရိုးစုကြီးကို ဆွဲ ယူပြီး ရှေ့ခြေသည်းတစ်ဖက်က ဧရာမ လှံချွန်ကို ဆုပ်ကိုင်ထားကာ ကျယ်ဝန်း တဲ့ဂူတစ်လျှောက် ကနေ ပင်လယ်အတွင်း ဝင်ရောက်သွားပြီး တုံဂါရေနက်ပိုင်းဆီကို ကူးခတ်သွားနေသည်။

အကွာအဝေးက သိပ်မဝေးတာကြောင့် မကြာမီ တုံဂါရေနက်ပိုင်းရဲ့ အပေါ်ကို လိပ်ကြီး ရောက်လာခဲ့သည်။

လိပ်ကြီး ပါးစပ်ကို ဖွင့်လိုက်ရာ ဧရာမအ ရိုးစုကြီးက ရေနက်ပိုင်းထဲသို့ တဖြည်း ဖြည်း နစ်မြုပ်သွားတော့သည်။

လိပ်ကြီးကိုယ်တိုင်လည်း ဧရာမလှံချွန်ကို ဆုပ်ကိုင်ကာ ရေငုပ်ဆင်းသွားသည်။ အနက်မှာ ပိုပို နက်ရှိုင်းလာပြီး မီတာ ၄၀၀၀ ကျော်အနက် ရောက်ရှိမှသာ လိပ်ကြီး ရပ်တန့်ခဲ့သည်။

ထိုအနက်တွင်လိပ်ကြီးက ဖြည်းဖြည်းချင်း ကူးခတ်နေပြီး သမိုင်းမတိုင်မီက ဧရာမပါ းစပ်ကျယ်ငါးကြီးကို ရှာဖွေနေသည်။

လျူယောင်အနေဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု့ ကြည့်ရှုနေသလို ဖြစ်သည်။ သူက လိပ်ကြီးရဲ့ပတ်ပတ်လည်ရှိ မီတာ ၁၀၀၀ အကွာအဝေးအတွင်းမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။

မီတာ ၅၀၀၀ နက်တဲ့ ရေနက်ပိုင်းတွင် မှောင် မိုက် ပြီး အေးစက်နေပေမဲ့ အထီးကျန် ခြင်းမရှိဘဲ ပင်လယ်နေသတ္တဝါများကို နေရာအနှံ့ မြင်တွေ့လိုက်ရသည်။

လျူယောင် မြင်ကွင်းထဲတွင် ထိုပင်လယ်သ တ္တဝါများကို ရှင်းရှင်းလင်းလင်းမြင်ရပြီး ကျယ်ပြန့်တဲ့ကမ္ဘာတစ်ခုထဲ ဝင်ရောက် လာသလို ခံစားခဲ့ရသည်။

ထူးဆန်းတဲ့ ပင်လယ်ရသတ္တဝါအမျိုးမျိုးကို နေရာအနှံ့တွင် မြင်တွေ့နိုင်သည်။

ခဏအကြာတွင် လျူယောင် ဧရာမပါးစပ် ကျယ်ငါးကြီးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ အရွယ်အစားမှာ မသေးဘဲ မီတာ ၇၀ မှ ၈၀ ခန့် ရှည်လျားပေသည်။ထိုအကောင်ပုံစံက ကြီးမားတဲ့ခေါင်း၊ ပါးစပ်ကျယ်၊ အနက် ရောင်နှင့် အကြေးခွံမပါပဲ ခန္ဓာကိုယ်က ခေါင်းထက် ပိုသေးငယ်တာကြောင့် ပိုသွယ်လျနေသည်။

ဒီသမိုင်းမတိုင်မီက ဧရာမပါးစပ် ကျယ်ငါးကြီးမှာ ပထမ တစ်ကောင်လောက် မကြီးပေမဲ့ အနည်းဆုံး တန် ၂၀၀ ကျော် အလေးချိန် ရှိသည်။

ဒီ ငါးကို လိပ်ကြီး မတွေ့သေးပေ။

သူ့ရဲ့ စူပါအာရုံခံစားနိုင်တဲ့ နယ်ပယ်က မီတာ ၅၀၀ အကွာအဝေးအပြင်ဘက်တွင် ရှိနေတာကြောင့်ပဲဖြစ်သည်။

" လိပ်ကြီး မင်းရဲ့ညာဘက်ရှေ့မှာ ပါးစပ် ကျယ်တဲ့ငါးကြီးတစ်ကောင်ရှိတယ်...."

လျူယောင်ရဲ့သတိပေးမှု့ကြောင့် လိပ်ကြီး လျင်မြန်စွာ ကူးခတ်သွားပြီးနောက် အရှိန်ပြ င်းပြင်းနဲ့ လှံ ဖြင့် စောင့်ထိုးလိုက်သည်။

" ဗြုန်း..."

လက်ရှိမှာ လိပ်ကြီးက တန် ၃၆၂ ရှိနေကာ စွမ်းရည်များနှင့် အမြန်နှုန်းက ပိုမို အား ကောင်းလာသည်။ထို ကြီးမားတဲ့ အားကြောင့် လှံချွန်က ဧရာမငါးကြီး ရဲ့ခေါင်းကို တိုက်ရိုက် ပေါက်ကွဲ သွား ခဲ့သည်။

ဒါက တစ်ချက်တည်းနှင့် သတ်ပစ်လိုက် ခြင်း ပင်။

"လိပ်ကြီး မင်း အခု တိုက်ခိုက်တာ အရမ်း တော်နေပြီပဲ မျက်စိ တစ်မှိတ်အ တွင်းမှာပဲ တိုက်ပွဲကို အဆုံးသတ်လိုက်နိုင်တယ်..."

လျူယောင်က ကျေနပ်စွာ ချီးကျူး လိုက် သည်။

"ဒီငါးက အရမ်းသေးတယ်လေ.... နောက်ဆုံး တစ်ကောင်ထက် အများကြီးသေးတယ်...ကျွန်တော့်ရှေ့မှာဆို ဘာမှမဟုတ်တဲ့ အပျက်အစီးပါပဲ..."

လိပ်ကြီး ဝင့်ကြွားစွာ ပြန်ပြောလိုက်သည်။

'မဆိုးပါဘူး မင်းဒီလိုတောင် ပြောတတ် နေ ပြီပဲ..."

လိပ်ကြီးက အလေးချိန်တိုးလာယုံ သာမက အမျိုးမျိုးသော အရည်အချင်းများလည်း တိုးတက်လာခဲ့သည်။ သူ့ဉာဏ်ရည် ကလ ည်း အနည်းငယ် တိုးတက်လာတယ်လို့ ထင်ရသည်။

လိပ်ကြီးက ပါးစပ်ဖြင့်ကိုက်ကာ ငါးကြီးကို ဆွဲယူကာ သူ့ရဲ့ ဂူကို ပြန်လာခဲ့သည်။

လျူယောင် တတိယအမြင်ကို ပိတ်လိုက်ပြီး စိတ်ထဲကနေ တွေးလိုက်မိသည်။

" ဒီ တုံဂါရေနက်ပိုင်းမှာ သမိုင်းမတိုင်မီက ပါးစပ်ကျယ်တဲ့ငါးကြီးတစ်ကောင်ကို တွေ့လိုက်ရတယ်.... ဒီရေနက်ပိုင်းထဲမှာ ဒီလိုမျိုး ဧရာမငါးတွေ အများကြီးရှိ နေလောက်တယ်...."

ဒါက ကောင်းတဲ့အရာပင် ဖြစ်သည်။

လိပ်ကြီး အစားအအစာ မရှားပါးတာကို ပြသနေသည်။ ဒီတစ်ကောင်ကို စားပြီး နောက် သူက နောက် အကောင်များကိုပင် လိုက်လံသတ်ဖြတ်နိုင်ပေမည်။

.......

ရက်အနည်းငယ်ကြာပြီးနောက်.....

ကျယ်ပြန့်တဲ့ ပစိဖိတ်သမုဒ္ဒရာပေါ်တွင် တန် တစ်သိန်း ရှိတဲ့ ကွန်တိန်နာ သင်္ဘော တစ်စီး က ထောင်နှင့်ချီတဲ့ ကွန်တိန်နာများကို တင်ဆောင်ထားပြီး နိုင်ငံတကာ ရေလမ်း ကြောင်း တစ်လျှောက်တွင် အရှိန်အ ဟုန်ဖြင့် ရွက်လွှင့်နေသည်။

အဲ့ဒါက ရီရှန်းရဲ့ ကွန်တိန်နာသယ် ယူပို့ ဆောင်ရေးသင်္ဘောဖြစ်ပြီး ပစိဖိတ်သ မုဒ္ဒရာကို ဖြတ်ပြီး M နိုင်ငံကို သွားနေသည်။

ရုတ်တရက် သင်္ဘောပေါ်မှ လူတစ်ယောက် က ရှေ့တွင် တစ်ကောင်ကောင် ကူးခတ် နေတာကို သတိထားမိလိုက်ပြီး ဘေးနားမှ လူများကို ​လှမ်းအော်ပြောလိုက်သည်။ နည်းနည်းဝေးတာကြောင့် သူ ရှင်းရှင်းလင်းလင်းမမြင်ရပေ။

လူအများအပြားက အဝေးကို လှမ်းကြည့် လိုက်ရာ ဧရာမအရိပ်နက်ကြီး တစ်ခု ဖြစ်နေတာကို တွေ့လိုက်ရသည်။

'ဒါ ဝေလငါးတော့ မဟုတ်ဘူး.... အကြီး ဆုံးမျိုးစိတ် ဖြစ်တဲ့ အပြာရောင် ဝေလငါးတောင် ဒီလောက် မကြီးဘူး..."

All Chapters