← Chapters

လူလုပ် ဘေးအန္တာရာယ်

Vol. 18 Ch. 265

လူလုပ် ဘေးအန္တာရာယ်

Vol. 18 Ch. 265

ဒါက ဝေလငါးနဲ့ လုံးဝမတူပဲ ဝေလငါးထက် များစွာ ကြီးမားနေသည်။

သင်္ဘောပေါ်မှ လူများက ပင်လယ်ပြင်ရှိ အနက် ရောင်ပုံရိပ်ကို ပို သတိထားမိလ ာကြပြီး အချို့ကလည်ပင်းဆန့်၍ပင် ကြည့်နေကြသည်။

သင်္ဘောကပ္ပတိန်လည်း ထိုနည်းတူပင် ထိုအရာကြီးကို အာရုံစိုက်ကြည့်နေတာ ကြာပြီဖြစ်သည်။ ကံကောင်းလို့ နေ့ခင်း ဘက် ဖြစ်နေတာကြောင့်ပင် ညဘက်တွင် ဒီလောက်ကြီးမားတဲ့ အရာကြီးကို တွေ့ပါက တကယ့်ကို ကြောက်စရာ ကောင်းပေလိမ့် မည်။

'ဒါက ဝေလငါးမဟုတ်ဘူး ဒါပေမဲ့ ဧရာမ မိကျောင်းတစ်ကောင်နဲ့တော့ တူနေတယ်...'

'မဖြစ်နိုင်တာ ဘယ်လိုလုပ် ဒီလောက် ကြီးတဲ့ မိကျောင်းရှိနိုင်မှာလဲ...'

'ဟုတ်တယ် မိကျောင်းတစ်ကောင်ပဲ ငါတို့ တစ်ခါမှ မမြင်ဖူးတဲ့ ဧရာမမိ ကျောင်းတစ် ကောင် ဆိုတာ ငါလောင်းရဲတယ်...'

သင်္ဘောသားများက တစ်ယောက် တစ်ပေါက် ငြင်းနေကြသည်။

ကပ္ပတိန် လိီကျန်းပိုင်က အမြင့်မှနေ၍ မှန်ပြောင်းကိုကိုင်ပြီး ကြည့်လိုက်ရာ အခြားသူများထက် ပိုမိုရှင်းလင်းစွာ မြင်နေရသည်။

မကြာမီ သူ့မျက်နှာက အနည်းငယ် တည်သွ ားပြီး ဖြည်းဖြည်းချင်း ပြောလိုက် သည်။

'ဒါက ဧရာမမိကျောင်းတစ်ကောင် ဟုတ် တယ် သူ့ရဲ့အရှည်က အမြင်အားဖြင့် မီတာ ၁၀၀ လောက်ရှိပြီး အလေးချိန်က တန် ၁၀၀၀ လောက်ရှိနိုင်တယ်...'

ဘေးပတ်ဝန်းကျင်မှ လူများက အသက်ရှူ မှားသွားကြသည်။

“ ဘုရားရေ အဲ့လောက် ကြီးတာလား…”

ဒီလောက်ကြီးမားတဲ့ မိကျောင်းမျိုးကို သူတို့ ကြားလည်းမကြားဖူးပေ ။

တစ်စုံတစ်ယောက်က စိုးရိမ်တကြီးဖြင့် ပြော လိုက်သည်။

'ဒီကောင် ငါတို့ဘက်ကို မလာပါစေနဲ့ ငါတို့ သင်္ဘောနဲ့ မတိုက်မိဖို့ မျှော်လင့်ပါတယ်..."

'ဖြစ်နိုင်စရာ မရှိပါဘူး...ဒီကောင်က ...ငါတို့နဲ့ အနည်းဆုံး မီတာ ၂၀၀၊ ၃၀၀ လောက်ဝေးတယ်...'

သူတို့စိုးရိမ်နေတဲ့ ကိစ္စက မကြာမီပင် ပေါ် လာသည်။ ဧရာမမိကျောင်းက သင်္ဘော ဘက်ကို တကယ်ပင် ကူးလာနေပြီး ပိုမို နီးကပ်သည် ။

'မဟုတ်ဘူး ဒီဘက်ကို လာနေပြီ'

'ဘုရားရေ ဒီကောင်ကြီး ငါတို့သင်္ဘောကို တိုက်ခိုက်တော့မှာ မဟုတ်ဘူးနော်..."

သင်္ဘောပေါ်မှ သင်္ဘောသားများမှာ ရှုပ် ထွေးသွားပြီး အချို့က ကြောက်ရွံ့တဲ့ အမူအရာများ ပြသနေကြ သည်။ဒီ လောက်ကြီးမားတဲ့ဧရာမမိကျောင်းကြီးအား မြင်လိုက်ရပြီး ကူးလာတာကို တွေ့ရပါက ဘယ်သူမဆို ကြောက်လန့် ကြမည်သာ ဖြစ်သည်။

ကပ္ပတိန် လိီကျန်းပိုင် က အသံကျယ်ကျယ် ဖြင့် အော်ပြောလိုက်သည်။

'အရှိန်မြှင့် မြန်မြန်မောင်း အရှိန်အပြည့်နဲ့ ရွက်လွှင့် '

သင်္ဘောက ဖြည်းဖြည်းချင်း အရှိန်စ မြှင့်ပေမဲ့ သူတို့မျှော်လင့်ထားတဲ့ မြင်ကွင်း ပေါ်မလာပေ။ ဧရာမမိကျောင်းက သင်္ဘော ရဲ့အရှိန်ကိုပင် အလွယ်တကူ လိုက်မှီ နိုင်ပုံပေါ်သည်။

.......

မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့နေရာ.....

Fast Company ကျွန်းပေါ်ရှိ လျှို့ဝှက် အခြေစိုက်စခန်းတစ်ခုတွင်…

ထိန်းချုပ်ခန်းထဲမှ TV စက္ကရ င်မျက်နှာပြင်ကို ကြည့်ပြီး ကိရိယာမျိုးစုံနဲ့ လူအများအပြားအလုပ်များနေကြသည်။

အကြီးဆုံးမျက်နှာပြင်တွင် ဧရာမမိကျောင်း နဲ့ ရီရှန်း၏ တန် ၁၀၀,၀၀၀ ရှိတဲ့ ကွန်တိန်နာ သင်္ဘော တို့ကို ပြသထားသည်။

ဒါက အချိန်နှင့်တစ်ပြေးညီ ထုတ်လွင့်ထား တဲ့ ဂြိုဟ်တုပုံရိပ်ပဲ ဖြစ်သည်။

Fast ကုမ္ပဏီ က အင်အားကြီးမားပြီး ပုဂ္ဂလိ က ဂြိုဟ်တုများကို လွှတ်တင်ထားတာ ကြောင့် ထိုမိကျောင်းနဲ့ သင်္ဘောကို မြင်နေရ တာဟာ မဆန်းတော့ပေ။

'ခေါင်းဆောင် ...ကျွန်တော် တို့ နံပါတ် ၁ ရဲ့ အချက်အလက်တွေအားလုံး ပုံမှန်ရှိပြီး ယန်နိုင်ငံက ကုန်တင်သင်္ဘောနဲ့ မီတာ ၁၀၀ ပဲ ဝေးတော့တယ်.... '

ရမ်စကော့ က ကျေနပ်နေတဲ့ အပြုံးကို ပြသလိုက်ပြီး ပြောလိုက်သည်။

'ကောင်းပြီ ဒီသင်္ဘောကို တိုက်ခိုက်ဖို့ နံပါတ် ၁ ကို အမိန့်ပေးလိုက်တော့'

ဒါက သူတို့ စမ်းသပ်မှု့တစ်ခု လုပ်နေတာ ဖြစ်ကြောင်း ထင်ရှားလှသည်။

ထိုဧရာမမိကျောင်းကို သူတို့က အဝေးမှ ထိန်းချုပ်ကာ ကုန်တင်သင်္ဘောကို တိုက်ခိုက် ပြီး စမ်းသပ်အကဲဖြတ်မှု့များ ပြုလုပ် နေကြခြင်းဖြစ်သည်။

သူတို့က လူ့အသက်ကို လုံးဝ ဂရုမစိုက် ခြင်းပင်ဖြစ်သည်။ဒီ ပစိဖိတ်သမုဒ္ဒရာတွင် ကုန်တင်သင်္ဘော ပျက်စီးသွားပါက သင်္ဘောပေါ်က အမှု့ထမ်းများ သေဆုံးသွား လိမ့်မည်။

ဒါပေမဲ့ သူတို့ရဲ့အမြင်တွင် ယန်နိုင်ငံမှ အမှု့ထမ်းများရဲ့ အသက်သေဆုံးမှု့က အရေးမကြီးပဲ သူတို့ ရဲ့ စမ်းသပ်မှု့ကသာ အရေးကြီးတယ်လို့ ယူဆထားကြသည်။

ရမ်စကော့ အမိန့်ကိုကြားလိုက်ရသဖြင့် ဘေးနားမှ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ သိပ္ပံပညာရှင်များက အမိန့်ပေး ကုဒ်များကို ရိုက်ထည့်လိုက်ကြသည်။

........

ပင်လယ်ပြင်ပေါ်တွင်....

ရီရှန်း၏ သင်္ဘောက အရှိန်မြှင့်နေပြီး ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ဧရာမ မိကျောင်း ကြီးကို အရှိန်ဖြင့် ဖယ်ရှားရန် ကြိုးစားနေသည်။ သို့သော် အခြေအနေက ဆန့်ကျင်ဘက်ဖြစ်နေသည်။

ဧရာမမိကျောင်းက သင်္ဘောကို ချဉ်းကပ် လာပြီး မမျှော်လင့်ဘဲ သင်္ဘောကြီးကို စတင်တိုက်ခိုက်တော့သည်။

'ဒုန်း ဒုန်း ဒုန်း'

ဆက်တိုက်ဆိုသလို အသံတချို့ ထွက်ပေါ် လာပြီး သင်္ဘောပေါ်က လူတိုင်းကြားလိုက် ကြသည်။

တစ်စုံတစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

'ကပ္ပတိန် ဒီဧရာမမိကျောင်းက ကျွန်တော် တို့သင်္ဘောကို သူ့အမြီးနဲ့ ရိုက်နေတယ်..."

'ဘာ...'

ကပ္ပတိန်လီကျန်းပိုင် က အလျင်အ မြန်ပြေးထွက်လာပြီး လက်ရန်းဘေးတွင် မှောက်လျက်အနေအထားနဲ့ ရေထဲမှ ဧရာမမိကျောင်း ကို ငုံ့ကြည့်လိုက်ရာ ဒီအကောင်က သင်္ဘောကို သူ့အမြီးဖြင့် အကြိမ်ကြိမ် ရိုက်နေတာ တကယ်ပင်။

ရိုက်ခံရတဲ့ နေရာက သိသိသာသာ ချိုင့်ဝင် သွားတာကို မြင်လိုက်ရပြီး သင်္ဘော ကိုယ် ထည် ကျိုးမကျေနိုင်ကြောင်း အာမ မခံနိုင်ပေ။

ချက်ချင်းပင် ကပ္ပတိန်လိီကျန်းပိုင် ချွေးအေး များ စိုရွှဲလာပြီး သင်္ဘောကိုယ်ထည်ပျ က်စီးသွားပါက ဘယ်လို ဖြစ်လာနိုင် မလဲ ဆိုတာ သူ သိသည်။

ဧရာမမိကျောင်းက အမြီးဖြင့် ရိုက်ပြီးနောက် သင်္ဘောကိုယ်ထည်ကို ပုံပျက်သွားစေရုံ သာရှိပြီး မကျိုးပျက်သွားတာကို မြင်တဲ့ အခါ နည်းလမ်းပြောင်းလိုက်သည်။ အမြီး ဖြင့် တိုက်ခိုက်တော့ခြင်းမရှိတော့ဘဲ ချွန် ထက်တဲ့ခြေသည်းများကို အသုံးပြု တော့သည်။

မိကျောင်းကြီးရဲ့ လူပ်ရှားမူ့များကို Fast လျှို့ဝှက်အခြေစိုက်စခန်းသို့ စဉ်ဆက်မပြတ် ပြန်ပို့နေပြီး သိပ္ပံပညာရှင်များက ထိုအချက် အလက်များအပေါ် အခြေခံပြီး စစ်ဆေးမှု့မျ ား ပြုလုပ်နေကြသည်။

သူတို့အမြင်တွင် ဒီအရာများက အနာဂတ် သုတေသနအတွက် သူတို့ရဲ့ စမ်းသပ်မူ့ အချက်အလက်များသာ ဖြစ်သည်။

ဧရာမမိကျောင်းက နည်းလမ်း ပြောင်းလိုက်ပြီး သင်္ဘောကိုယ်ထည်ကို ချွန်ထက်တဲ့ခြေသည်းများဖြင့် စတင် တိုက်ခိုက် တော့သည်။

ကပ္ပတိန်လီကျန်းပိုင်က လက်ရန်းဘေးတွင် မှောက်လျက်နေပြီး အလွန်ရှင်းလင်းစွာ မြင်နေရသည်။ ထို ဧရာမမိကျောင်းရဲ့ ခြေသည်းများက ဘာ့ကြောင့် ကြီးမားနေပြီး အနက်ရောင်အလင်းများ ထုတ်လွှတ် နေတာကို သူနားမလည်နိုင်ပေ။

အနက်ရောင်အလင်းကို ထုတ်လွှတ်နေပြီး ကြီးမားတဲ့ ခြေသည်းများက သင်္ဘော ကိုယ်ထည်ကို ဆွဲခြစ်လိုက်ရာ သင်္ဘောကိုယ် ထည်မှာ အပေါက်ကြီးတစ်ပေါက် ပေါ်လာ ပြီး ထိုအပေါက်ကြီးက ပိုမို ကြီးလာ တော့ သည်။

ကပ္ပတိန်လီကျန်းပိုင် အလွန်ကြောက် လန့်သွားကာ နောက်ထပ်မကြည့်ရဲတော့ဘဲ သင်္ဘောကပ္ပတိန်အခန်းကို မြန်​မြန်ပြေးရင်း အသံကျယ်ကျယ်ဖြင့် အော် ပြောလိုက် သည်။

'အမြန် အသက်ကယ်အင်္ကျီတွေ ဝတ်ကြ.. အမြန်ဝတ်ဟ .."

သင်္ဘောပေါ်မှ လူတိုင်း ထိတ်လန့်သွား ကြသည်။

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား ငိုပြီး အော်ပြောလိုက်သည်။

'အမေ့ရေကယ်ပါ ငါတို့သင်္ဘောထဲကို ရေတွေဝင်နေတယ်... ပင်လယ်ရေတွေ အများကြီးဝင်လာပြီ ငါတို့သင်္ဘော နစ်တော့မယ်..."

လီကျန်းပိုင် အသက်ကယ်အင်္ကျီကို အမြန် ဝတ်ပြီးနောက် အနီးအနားရှိ သင်္ဘော တစ်စင်းစင်းက သူတို့ကို လာရောက်ကယ် ဆယ်ရန် မျှော်လင့်ပြီး SOS အချက်ပြ စနစ်ကို အလျင်အမြန် ပေးပို့လိုက်သည်။

........

မိုင်ထောင်ပေါင်းများစွာ ဝေးသောနေရာ…

Fast ကုမ္ပဏီ လျှို့ဝှက်ကျွန်း အခြေစိုက် စခန်းတွင်…

ရမ်စကော့က တိုက်ရိုက် ထုတ်လွှင့်မှု့ ကြည့်ရှုနေသလို ဖြစ်ပျက်နေတာများကို ကြည့်နေသည်။

သူ့ရဲ့ ဧရာမမိကျောင်း က သင်္ဘောကိုယ် ထည်ကို ခြစ်မိသွားတာကို မြင်တဲ့ အခါ အောင်ပွဲခံတဲ့အနေဖြင့် ထရပ်လိုက်သည်။

သူက ပျော်ရွှင်စွာ လက်ခုပ်တီးပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

'လူကြီးမင်းတို့ ဒါဟာ ကြီးမြတ်တဲ့အချိန်ပဲ ငါတို့ရဲ့ နံပါတ် ၁ က နောက်ဆုံးတော့ တန် ၁၀၀,၀၀၀ ကုန်တင်သင်္ဘောကို နစ်မြုပ် စေနိုင်ပြီ ဟားဟားဟား..."

အခြားသူများမှာလည်း ခြွင်းချက်မရှိ ပျော်ရွှင်နေတဲ့ အမူအရာများပြသနေကြပြီး ရမ်စကော့ နဲ့အတူ အားကြိုးမာန်တက် လက်ခုပ်တီးနေကြသည်။

.......

ရုံးခန်းထဲတွင်....

လျူယောင်ကို ဟူဂျွန်းရှီ သတင်းပို့နေသည်။

' အကိုယောင် လွန်ခဲ့တဲ့ နာရီအနည်းငယ်က ရီရှန်း အုပ်စု ရဲ့ တန် ၁၀၀,၀၀၀ အလေး ချိန်ရှိတဲ့ သင်္ဘောကြီးတစ်စင်း ပစိဖိတ်သ မုဒ္ဒရာထဲမှာ နစ်မြုပ်သွားပြီး အကြီးအကျယ် ဆုံးရှုံးမှု့တွေ ရှိခဲ့ပါ တယ်"

ဒါက သာမန်ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက် မဟုတ်ပေ။

တန် ၁၀၀,၀၀၀ အလေးချိန်ရှိတဲ့ ကုန်တင်သ င်္ဘော၊ စံကွန်တိန်နာ ထောင်ပေါင်းများစွာနဲ့ သင်္ဘောသား ၃၀ ကျော်တို့ ဆုံးရှုံးခဲ့ရ သည်။ရီရှန်း Group အတွက် ဒါက ကြီးမားတဲ့ ဆုံးရူံးမူ့ပင်။

လျူယောင် အနည်းငယ် နားမလည် ဖြစ်နေသည်။

'ပစိဖိတ်သမုဒ္ဒရာထဲမှာ ပြင်းထန်တဲ့ မုန်တိုင်းလဲ မရှိပဲ ... တန် ၁၀၀,၀၀၀ ရှိတဲ့ သင်္ဘောတစ်စင်းကို သာမန်ဆိုးရွားတဲ့ ရာသီဥတုက နစ်မြုပ်စေနိုင်မှာ မဟုတ်ဘူး ...'

ဟူဂျွန်းရှီ ထပ် ပြောလိုက်သည်။

' အကိုယောင် ကျွန်တော် ကြားခဲ့တဲ့ ကောလာဟလအရ သူတို့ရဲ့သင်္ဘောက ရာသီဥတုကြောင့် နစ်မြုပ်ခဲ့တာမဟုတ်ဘူး... မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျောင်း တစ်ကောင်က တိုက်ခိုက်လို့ နစ်မြုပ်ခဲ့တာလို့ ပြောပါတယ်... '

'ဘာ..."

'ဧရာမမိကျောင်း တစ်ကောင်က တိုက်ခိုက် တာလား'

လျူယောင် အံ့သြစွာနဲ့ ဟူဂျွန်းရှီကို ကြည့်လိုက်သည်။

'ဟုတ်ပါတယ် အကိုယောင် သင်္ဘော လုံးဝမနစ်ခင် သင်္ဘောပေါ်မှာ ရှိတဲ့ လူတွေက ရိရှန်းအုပ်စု ကို ဆက်သွယ်ပြီး မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျောင်း တစ်ကောင်က တိုက်ခိုက်ခံရကြောင်း သတင်းပို့ခဲ့တယ်လို့ ကျွန်တော် ကြားခဲ့တယ်....'

လျူယောင် ခေါင်းညိတ်ပြ လိုက်သည်။

ဒါက ကောလာဟလတစ်ခုဖြစ်ပေမဲ့ လျူယောင် က အမှန်ဖြစ်တယ်ဆိုတာ ယုံကြည်သည်။

ပစိဖိတ်သမုဒ္ဒရာထဲမှာ မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျောင်း တစ်ကောင် အမှန် တကယ် ရှိပေသည်။

မမျှော်လင့်ဘဲ ဒီအကောင်က ပြန်ပေါ်လာပြီး ရီရှန်းအုပ်စု ရဲ့ သင်္ဘောကြီးတစ်စင်းကို နစ် မြုပ် စေခဲ့သည် ။

All Chapters