မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျောင်းနဲ့ လိပ်ကြီး တိုက်ပြီ
Vol. 18 Ch. 266
ဒီ မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျောင်း ပျောက်ဆုံးသွားတာ တစ်လခွဲကျော် ကြာပြီးနောက် မမျှော်လင့်ဘဲ သတင်း ထပ်ပေါ်လာပြန်သည်။
အခြားသူများက ဒါကို အဓိပ္ပာယ်မရှိဘူးလို့ ထင်ကောင်းထင်ကြလိမ့်မည်။ ကမ္ဘာပေါ်တွ င်ဒီလောက်ကြီးမားတဲ့ မိကျောင်းမည်သို့ ရှိနိုင်မည်နည်း။ ဒါပေမဲ့ လျူယောင်က ရီရှန်းအုပ်စုရဲ့ ကုန်တင်သင်္ဘောကို ဒီဧရာမမိကျောင်း နစ်မြုပ်စေခဲ့တယ်ဆိုတာ ခိုင်မာစွာ ယုံကြည်ထားသည်။
" ဒီမိကျောင်းက ရီရှန်းအုပ်စု ကုန်တင်သ င်္ဘောကို နစ်မြုပ်စေနိုင်ခဲ့ပြီဆိုတော့ နောက်တစ်ကြိမ်တွင်ရော ငါ့ရဲ့ သင်္ဘော တွေကို နစ်မြုပ်စေမှာလား ..."
ဒါက ဖြစ်နိုင်ချေအလွန်များသည်။
လျူယောင် သူ့ကုမ္ပဏီ အတွက် အန္တရာယ် အားလုံးကို ဖယ်ရှားရမယ်လို့ တွေးလိုက် သည်။ ထိုဧရာမမိကျောင်းက ကုန်တင်သ င်္ဘောကြီးတစ်စင်းကို နစ်မြုပ်စေပြီး လူ ၃၀ ကျော်ကို သေစေခဲ့တဲ့လူ သတ်သမား ဖြစ်တာကြောင့် ဒီအကောင်ဟာ အသက်အတွက် အသက် ပေးဆပ်ရမည်။
"ဒီရက်များအတွင်း လိပ်ကြီး ဘယ်လောက် အထိ ကြီးထွားလာခဲ့ပြီလဲ ...."
အိမ်မွေးတိရိစ္ဆာန်ချပ်ပြားကို လျူယောင် ဖွင့်လိုက်ပြီး လိပ်ကြီးရဲ့ စွမ်းရည်များ နှင့် အလေးချိန်ကို မြင်လိုက်ရာ အလွန်ကျေန ပ်သွားသည်။
" အိုး ဒီကောင်ကြီးက ၄၂၁ တန် တောင် ရောက်လာပြီ..."
ဒါက လိပ်ကြီး လက်ရှိအလေးချိန်ဖြစ်ပြီး ယခင်ကထက် အနည်းငယ် ပိုကြီးလာ သည်။
'လိပ်ကြီး ကို ဒီဧရာမမိကျောင်းနဲ တွေ့ဆုံစေ သင့်သလား'
လိပ်ကြီး တန် ၃၀၀ ခန့်သာ ရှိသေးပါက လျူယောင် တွင် ထိုသို့ အတွေးမျိုး လုံးဝရှိ မည်မဟုတ်ပေ။ ဒါက တွေးရန်ပင်မလိုပါ။ လိပ်ကြီး က တန် ၃၀၀ ရှိသော မီတာ ၁၀၀ ရှည်သော ဧရာမမိကျောင်း ရဲ့ ပြိုင်ဘက် လုံးဝမဟုတ်ပေ၊ အနိုင်ရရန် အခွင့်အရေး လုံးဝမရှိချေ။
ပြိုင်ဘက်ကို အနိုင်မယူနိုင်ပေမဲ့ ကိုယ့်ကိုယ် ကိုယ် ကာကွယ်နိုင်ရန်မှာ ပြဿနာမရှိပေ။ အနိုင်ရပါက ပိုတောင် ကောင်းလိမ့်မည်။
ထို့အပြင် ဒီအခွင့်အရေးမှာ ရှားပါးလှသည်။
ဒီဧရာမမိကျောင်းနှင့်ပတ်သက်သော သတင်းကို ရရန် ခက်ခဲလှသည်။ ယခုတစ် ကြိမ် လက်လျှော့လိုက်ပါက နောက်တစ် ကြိမ် ၎င်းနှင့်ပတ်သက်သော သတင်းကို မည်သည့်အချိန်တွင် ရရှိမည်ကို မသိနိုင် တော့ပေ။
“အခုပဲ လုပ်မယ်ကွာ ဒါမှမဟုတ်ရင် နောင်ဘယ်တော့မှ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး... "
လျူယောင် ပြောလိုက်သည် ။
'လိပ်ကြီးရေ မင်းအတွက် မစ်ရှင် တစ်ခုရှိတယ်..'
မစ်ရှင်တစ်ခုရှိတာကို ကြားတာနဲ့ လိပ်ကြီး ရုတ်တရက် အားအင် ပြည့်သွားသည်။
ဒီရက်များအတွင်း သူက အိပ်လိုက်စ ားလိုက်၊ စားပြီးနောက် အိပ်လိုက်သာ လုပ်နေခဲ့ရာ ငှက်တစ်ကောင်အဖြစ်သို့ပင် ပြောင်းလဲချင်ပြီး ပျင်းရိနေသည်။
'အိုကေဘာ သခင် ဘာတာဝန်လဲ ကျွန်တော် အခုစလို့ရပြီလား..."
ရီရှန်းအုပ်စု ရဲ့ တန် ၁၀၀,၀၀၀ ကွန်တိန်နာ သင်္ဘောကို တိုက်ခိုက်မှုအကြောင်း လျူယောင် အကျဉ်းချုံးပြောပြပြီးနောက် သတိပေးလိုက်သည်။
'ဒါက မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျောင်း တစ်ကောင်ဖြစ်ပြီး အလေးချိန်က တန် ၁၀၀၀ လောက်ရှိနိုင်တယ်... မင်းထက်တော့ ပိုကြီးမှာ သေချာတယ် သတိလဲထားအုံး...'
'ကျနော် သိပါတယ် သခင်ရ တကယ်လို့ နိုင်မယ်ဆိုရင် တိုက်မယ် မနိုင်ဘူးဆိုရင် တော့ ထွက်ပြေးမယ် ဘာမှ ဆုံးရှုံးမှာ မဟုတ်ပါဘူး "
လိပ်ကြီးက ပါးနပ်စွာ ပြန်ဖြေ လိုက်သည်။
'သတိထားအုံး အဲ့ဒီမိကျောင်းက အခု အချိန် ထိ အဲ့ပင်လယ်ပြင်ထဲမှာ ရှိနေနိုင်တယ်..."
လိပ်ကြီး ဧရာမလှံကို ကိုင်ကာ ထွက်ခွာရန် အသင့်ဖြစ်နေသည်။ဒီနေရာ ကနေ ရီရှန်း အုပ်စုရဲ့ သင်္ဘောတိုက်ခိုက် ခံရတဲ့ပင် လယ်ပြင်နဲ့ အနည်းငယ်ဝေးကွာနေသည်။
လိပ်ကြီး တစ်ဆက်တည်း ဆယ်နာရီ ကျော်ကြာ ကူးခတ်ရမည် ဖြစ်သည်။
မထွက်ခွာမီ ဗိုက်ကို အရင်ဆုံး ဖြည့်ဖို့ လိပ်ကြီး မမေ့ခဲ့ပေ။ ဂူထဲတွင် ပါးစပ်ကျယ် ဧရာမငါးကြီးတစ်ကောင်ရှိနေပြီး အသင့်စ ားနိုင်သော အစားအစာလည်း ရှိနေသည် လေ။
လိပ်ကြီး အနည်းဆုံး တန် ၇၀ မှ ၈၀ အထိ အပြည့်အဝ စားသောက်လိုက်သည်။
ပါးစပ်ကျယ်ဧရာမငါးကြီးကို စားပြီးနောက် လိပ်ကြီး တစ်ကိုယ်လုံး ပူနွေးနေပြီး အင် အားအပြည့်ဖြစ်နေတယ်လို့ ခံစားရ သည်။ အစပိုင်းတွင် အနည်းငယ် ငိုက်မျဉ်းနေ သော်လည်း အရှိန်အဟုန်ပြင်းစွာ ဆက်လက် ကူးခတ်နေသောအခါ ခဏအကြာတွင် ငိုက်မျဉ်းမှု့က ပျောက်ကွယ်သွားပြီး အားအင်များ ပြည့်လာသည်။
ရေမိုင် ၂၀၀၀ ကျော်ကို ခရီးရှည်ဟု ယူဆနို င်သော်လည်း ထိုပင်လယ်ပြင်သို့ရောက်ရန် လိပ်ကြီးအတွက် ဆယ်နာရီသာ ကြာသည်။
'မင်း ဒီနေရာမှာ ရှိနေသေးပြီး ဝေးဝေးမ သွားသေးဖို့ ငါ မျှော်လင့်တယ် ဟင်းဟင်း..'
လိပ်ကြီး ရေရွတ်လိုက်သည်။
လိပ်ကြီး အနားမယူဘဲ မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျောင်း ကို ကမ္ဘာအနှံ့ရှာဖွေရန် စတင်လိုက်သည်။
ထိုမီတာ ၁၀၀ ရှိတဲ့ ဧရာမမိကျောင်း ကို ရှာဖွေနေစဉ်တွင် သူ့ဗိုက်ကို ပြန်ဖြည့်ရန် ငါးကြီးအချို့ကိုလည်း ဖမ်းစားလိုက်သည်။
ပင်လယ်ရေပြင်တွင် နှစ်နာရီ၊ သုံးနာရီ ကြာအောင် ရှာဖွေပြီးနောက် လိပ်ကြီး က မီတာ ၁၀၀ ရှည်သော ဧရာမမိကျောင်း အရိပ်ရောင်ကို မတွေ့ရသေးပေ။ သူ လက်မလျှော့သေးဘဲ ခဏအနားယူ ပြီးနောက် ရှာဖွေသည့် နေရာကို ချဲ့ထွင်လိုက်သည်။
နောက်ထပ် နှစ်နာရီ၊ သုံးနာရီကြာ အောင် ရှာပြီးနောက် နောက်ဆုံးတွင် လိပ်ကြီး တွေ့လိုက်ရသည်။
အဝေးရှိ ပင်လယ်ပြင်ပေါ်တွင် မီတာ ၁၀၀ ရှည်သော ဧရာမမိကျောင်းက နေပူစာ လှုံနေသည်။
ရေအောက်ဆယ်မီတာအနက်တွင် အဝေးရှိ မီတာ ၁၀၀ ရှည်သော ဧရာမမိကျောင်း ကို လိပ်ကြီး ရှင်းလင်းစွာ မြင်နေရသည်။ အခြားတစ်ဖက်ကတော့ လိပ်ကြီး ကို သတိမထားမိသေးသည်မှာ ရှင်းလင်း နေသည်။
'သခင်ရေ ကျွန်တော် မီတာ ၁၀၀ ရှိတဲ့ ဧရာမမိကျောင်း ကို တွေ့ပြီဗျ..."
လိပ်ကြီး မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် လျူယောင် ပြင်ပအမြင်ကို အလျင်အ မြန်ဖွ င့်လိုက်ရာ လိပ်ကြီး ကို မြင်လိုက်ရသည်။
ထို့အတူ ရာနှင့်ချီသောမီတာအကွာတွင် နေပူဆာလှုံရင်း ရေပေါ်တွင် တိတ်ဆိတ်စွာ လှဲလျောင်းနေတဲ့ မီတာ ၁၀၀ ရှည်သည့် ဧရာမမိကျောင်း ကိုလည်း လျူယောင် မြင်လိုက်ရသည်။
'ဒီအခွင့်အရေးက ကောင်းတယ်...'
' သူက မင်းကို မတွေ့သေးဘူး ဒါက ကောင်းတဲ့အခွင့်အရေးပဲ မင်း တိတ်တိတ်လေး သွားပြီးတော့ သူ့ကို မြန်မြန်ဆန်ဆန် တိုက်ခိုက်လိုက်.. ပြီးရင် ပြေးတော့...."
ဒီ အကြံက ကောင်းတယ်လို့ လိပ်ကြီး ယူဆတာကြောင့် သူ အရှိန်ကိုလျှော့ချပြီး အသံမထွက်ဘဲ တိတ်တိတ်လေး မိကျောင်း ကြီး အနားသို့ ကူးခတ်သွားလိုက်သည်။
အကွာအဝေးမှာ ပိုမို့ နီးကပ်လာပြီး တဖြည်းဖြည်းချင်း လိပ်ကြီးက ပြိုင်ဘက်နဲ့ မီတာ ၂၀၀ ခန့်သာ ကွာဝေးတော့သည်။
ပြိုင်ဘက်က သတိမထားမိတာကို အခွင့် ကောင်းယူပြီး လိပ်ကြီး အရှိန်အပြင်း မြှင့်တင်တဲ့ ကျွမ်းကျင်မှု့ကို အသက်သွင်း လိုက်ပြီး မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျော င်းဆီ ရိပ်ခနဲ ပြေးဝင်သွားသည်။
သူ၏ လှံ ထိပ်ဖျားဖြင့် ဧရာမမိကျောင်း ကို ချိန်ရွယ်ထားသည်။
အရှိန်အလွန်မြန်တာကြောင့် မီတာ 50 ရှိတဲ့ဧရာမလှံက မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။ ဧရာမမိကျောင်း က အန္တရာယ်ကို သတိထားမိတဲ့အခါ ရှောင်ရန် နောက်ကျသွားပြီပဲ ဖြစ်သည်။
'ဒုန်း..."
လိပ်ကြီး၏ ဧရာမလှံက မိကျောင်းရဲ့ ကိုယ်ပေါ်ကို ပြင်းထန်စွာ ထိုးစိုက်လိုက်ပြီး အသံတိုးတိုးထွက်လာသည်။
ထိုအရှိန်နှင့် အလေးချိန်တို့ကြောင့် လှံဖျား ကအလွန်မာကျောတဲ့ မိကျောင်းအရေခွံကို နှစ်မီတာအနက်အထိ ထိုးဖောက် ဝင်ရောက် ပြီးနောက် ရှေ့ဆက်မသွားနိုင်တော့ဘဲ တစ်ဆို့နေခဲ့သည်။
တစ်ချက်တည်းနှင့် မသေခဲ့ပေမဲ့ ဧရာမမိ ကျောင်း ကို နာကျင်စေရန်အတွက် လုံ လောက်ပြီး ဒဏ်ရာမှာလည်း မသေးလှချေ။
" ဝုန်း ဝုန်း.."
ဧရာမမိကျောင်းမှာ ထိန်းမနိုင်သိမ်းမရဖြ စ်သွားပြီး အလွန်လျင်မြန်စွာ ပြန်လည် တုံ့ပြန်ကာ သူ့ရဲ့ကြီးမားတဲ့ ပါးစပ်ကို ဟပြီး လိပ်ကြီး ကို ကိုက်လိုက်သည်။
ပြီးခဲ့တဲ့တစ်ကြိမ်က မီတာ ၇၀ ရှိတဲ့ ဧရာမမိကျောင်း နှင့် ရင်ဆိုင်ရစဉ်ကလည်း ထိုနည်းတူပင်ဖြစ်သည်။
မိကျောင်းမှာ လိပ်ကြီး ကို တစ်ချက်တည်း ကိုက်ပြီး လိပ်ခွံကို ကျိုးမတတ်ဖြစ်အောင် ချေဖျက်လိုက်သည်။
ဒါကမီတာ ၁၀၀ ရှိတဲ့ ဧရာမမိကျောင်း ဖြစ်ပြီး သူရဲ့ကိုက်အားကလည်း ယခင်ဧ ရာမမိကျောင်း ထက် ပိုပြင်းထန် ခဲ့သည်။ လိပ်ကြီးမှာ ယခု တန် ၄၀၀ ကျော်အထိ ရောက်ရှိနေပြီဖြစ်ပေမဲ့ ကိုက်ခံရရင် ဒဏ်ရာမရဘူးဆိုတာ မသေချာပေ။
လွန်ခဲ့သောတစ်ကြိမ်က အတွေ့အကြုံရှိ ထားတာကြောင့် မိကျောင်းက သူ့ ပါးစပ်ကိုဖွင့်ပြီး ကိုက်လိုက်တာကို မြင်တဲ့အခါ ဧရာမလှံကို ဆွဲထုတ်ရန် နောက်ကျနေခဲ့ပြီး လိပ်ကြီး အလျင်အမြန် ရှောင်လိုက်သည်။
လိပ်ကြီးရဲ့ အရှိန်အားသာချက် ပေါ်လာပြီး မီတာ ၁၀၀ ရှိဧရာမမိကျောင်းရဲ့ အသက် သေစေနိုင်တဲ့ ကိုက်ချက်က လွဲချော်သွား ကာ လိပ်ကြီးကအောင်မြင်စွာ ရှောင်ရှား နိုင်ခဲ့သည်။
မီတာ ရာနှင့်ချီ ဝေးရာကို နောက်ဆုတ် ပြီးနောက် လိပ်ကြီး ရပ်လိုက်ပြီး မီတာ ၁၀၀ ရှိတဲ့ ဧရာမမိကျောင်း ကို ကြည့်လိုက်သည်။
ခုနကဖြစ်စဉ်တစ်ခုလုံးက အလွန်ရ င်ခုန်စရာကောင်းလှပြီး အရာအားလုံးကို လျူယောင် သေချာ မြင်နေရသည်။
'လိပ်ကြီးက အလွန်ငယ်သေးပြီး ရန်သူရဲ့ ပြိုင်ဘက် လုံးဝမဟုတ်သေးဘူးကွာ...'
ရန်သူကို ချောင်း၍ တိုက်ခိုက်မှု့မှာ လိုအပ် ပေသည်။ တကယ်လို့ မျက်နှာချင်း ဆိုင်တိုက်ခိုက်ပါက အနိုင်ရရန်အခွင့်အ ရေးက အခြေခံအားဖြင့် သုညပဲ ဖြစ်သည်။
လိပ်ကြီး ဒီ့ထက် ပိုမို ကြီးထွားလာရမည်။
အနည်းဆုံး တန် ၅၀၀ ၆၀၀လောက် ရှိမှသာ အနိုင်ရရန် အခွင့်အလမ်းကောင်း ရှိလိမ့်မယ်လို့ ခန့်မှန်းရသည်။
လျူယောင် ဒီအချက်ကို သူ့စိတ်ထဲတွင် နားလည်ထားပြီး အမိန့်ပေးလိုက်သည်။
'ငါ့ကောင် ဆက်မတိုက်နဲ့တော့ မင်း အရင် ရှောင်နေလိုက် နောက်တစ်ကြိမ်ကျမှ သူ့ကို ပြန်လာပြီး ဒုက္ခပေးမယ် '
လျူယောင် ထပ်ပြောလိုက်သည်။
'မဟုတ်ဘူး ငါ မင်းအတွက် လက်နက် အသစ်တစ်ခု လုပ်ပေးမယ်... '
ဒီဧရာမလှံက အချင်း ၅၀၀ မီလီမီတာ၊ အရှည် ၂၀၀ မီတာနှင့် အလေးချိန် ၇၈ တန် ခန့်ရှိသည်။ ဒီလှံကို လိပ်ကြီး အရွယ်အစား တန် ၁၀၀ ကျော်ရှိစဉ်က လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ယခု လိပ်ကြီး ၏ အလေးချိန်မှာ တန် ၄၀၀ ကျော်အထိ ရောက်ရှိနေပြီဖြစ်ပြီး ရက်အနည်းငယ်အတွင်း တန် ၅၀၀ ကျော်အထိ ကြီးထွားလာရန်မှာ သိပ်မလို တော့ပေ။
တန် ၅၀၀ ရှိတဲ့ လိပ်ကြီးနှင့် နှိုင်းယှဉ်ပါက ဒီဧရာမလှံမှာ အနည်းငယ်သေးငယ်နေပြီး လိပ်ကြီးအတွက် ပိုမိုကြီးမားတဲ့ လက်နက် တစ်ခု လိုအပ်နေသည်။