← Chapters

ပြင်းထန်သော တိုက်ပွဲများ

Vol. 10 Ch. 132

ပြင်းထန်သော တိုက်ပွဲများ

Vol. 10 Ch. 132

အခန်း (၁၃၂) : ပြင်းထန်သော တိုက်ပွဲများ

မဟာရှုတိုင်းပြည်၏ နယ်နိမိတ်ထဲတွင် တစ်စုံတစ်ယောက်က သူ့ကို လုပ်ကြံဖို့ ကြိုးစားသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ကျီစုန့် ဒေါသထွက်နေဆဲဖြစ်သည်။ သို့သော် ယခင်တစ်ခေါက်ကလိုမျိုး ဒေါသပုံချတာမျိုးတော့ မရှိတော့ပေ။

ရုတ်တရက် သူ တစ်စုံတစ်ခုကို တွေးမိသွားကာ သူ့အစ်ကိုကို မေးမြန်းလိုက်သည်

“ စောစောက ဝမ်ဝေ့လည်း တိုက်ခိုက်ခံရတယ်လို့ ပြောလိုက်တယ်မလား”

“ အင်း ဟုတ်တယ်လေ”

“ သူ ဒဏ်ရာ ရသွားသေးလား”

“ ငါတို့ ရထားတဲ့ သတင်း အချက်အလက်ထဲမှာ အဲဒီကိစ္စနဲ့ ဆက်စပ်တာ မပါဘူး” ကျီစုက တည်ငြိမ်သောအကြည့်ဖြင့် ကြည့်ကာ ပြန်ဖြေလိုက်သည်။

“ သူ ဒဏ်ရာ မရဘူး ဟုတ်တယ်မလား” ကျီစုန့်က သူ့အစ်ကို၏ မျက်လုံးထဲသို့ လေးနက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။ သို့သော် ယခုတစ်ခေါက် ကျီစုက သူ့ကို အဖြေပေးလိုက်သည်။

“ ဒါက ကိစ္စနှစ်ခုကိုပဲ ဆိုလိုနိုင်တယ်” ကျီစုန့်က စူးရှသောအကြည့်ဖြင့် ကြည့်ရင်း ဆက်ပြောလိုက်သည်။

“ သူက ကျွန်တော်ထက် ပိုပြီး သန်မာနေတာဖြစ်ဖြစ် ဒါမှမဟုတ် သူ့ရဲ့ သိမြင်နားလည်နိုင်မှုက ကျွန်တော်အထက်မှာ ရှိနေတာ ဖြစ်မယ်။ အဲဒါ ကျွန်တော်တင် မဟုတ်ဘူး အံ့ဖွယ်ခန္ဓာ နယ်ပယ်အဆင့် ကျင့်ကြံသူ အစ်ကိုထက်တောင် ပိုပြီး သာလွန်နေတာ”

ခဏအကြာတွင် ကျီစုက ပြောလိုက်သည်

“ ကြည့်ရတာ ဒုတိယ အကြောင်းအရင်း ဖြစ်နိုင်တယ်။ ပြီးတော့သူက သူ့ရဲ့ စွမ်းအားကြီးတဲ့ ဝိညာဉ်ကြောင့် လူသိများတယ်လေ”

ထိုစကားလုံးများကို ကြားပြီးနောက် ကျီစုန့်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ လက်မောင်းကြွက်သားများအားလုံးကို ဘေးသို့ ကားသွားစေသည်။ သို့သော် ယခုတစ်ခေါက် ဘာမှပြုမူခဲ့ခြင်း မရှိပေ။ ထိုအစား မဟာဝူတိုင်းပြည်ရှိရာဘက်သို့ သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။

ထို့နောက် ကျီစုန့်က ပါးစပ်ထဲသို့ ဆေးလုံးအနည်းငယ် ပစ်သွင်းကာ စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီးနောက် မဟာဝူတိုင်းပြည်ကို သိမ်းပိုက်ရန် စတင်တော့သည်။

သူက ပြင်းထန်သောအရှိန်နှင့်အတူ ကိုယ်ပိုင်လွှမ်းမိုးခွန်အားကို အသုံးပြုကာ မဟာဝူတိုင်းပြည်၏ မြို့များကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်သည်။

စွင်းဝမ်က သူ့ပိုင်နက် စတင်လျော့နည်းလာသည့် သတင်းများကို ဆက်တိုက်ကြားပြီး ကြောက်လန့်လာမိသည်။ ထို့ကြောင့် သူ့တိုင်းပြည်ထဲရှိ ဆွေကြီးမျိုးကြီးများ၏ စစ်အင်အားကို အလျင်အမြန် စုစည်းလိုက်သည်။

သူ့အတွက် ကံမကောင်းစွာဖြင့် ဆွေကြီးမျိုးကြီးများက သူ့စကားကို လုံးဝ နားမထောင်ကြပေ။ သူတို့က စစ်ထဲသို့ ပါဝင်ဖို့ လက်ခံလိုက်သော်လည်း အစီအစဉ်ကို တတ်နိုင်သမျှနှေးကွေးအောင် အချိန်ဆွဲဖို့ ဆုံးဖြတ်ထားသည့်အတွက် စွင်းဝမ်က နောက်ကျကျန်နေခဲ့သည်။

ထိုအရာက စွင်းဝမ်ကို အတော်လေး ဒေါသထွက်သွားစေသည်။ သူ့ဘဝမှာ ပထမဆုံး သူ့ညီလေး ပြောတာ မှန်ကန်ကြောင်း သတိထားမိသွားခဲ့သည်။ ထိုဆွေကြီးမျိုးကြီးများက ဉာဏ်များသည့် မြေခွေးများသာ ဖြစ်ကြသည်။ သူတို့၏ အရိုးနှင့် ဝိညာဉ်ထဲတွင် ကောင်းကင်ဘုံကို ကြောက်လန့်မှု မရှိဘဲ စတင်ပြီး ရဲတင်းလာကြသည်။

ထို့ကြောင့် သူ၏ ကိုယ်ပိုင်စွမ်းအားကိုသာ စုစည်းပြီး ထိုဆွေကြီးမျိုးကြီးအားလုံးကို ဖမ်းဆီးကာ သူတို့၏ စစ်ရေးအင်အားကို အားအင်အသုံးပြုကာ ရယူလိုက်သည်။ သူ့အတွက် ကံမကောင်းစွာဖြင့် ထိုလုပ်ရပ်က အသုံးမဝင်ကြောင်းကို သိလာရသည်။

စစ်တပ်က သူ့အမိန့်ကို နာခံဖို့ ငြင်းဆန်နေကြသည်။ သူတို့က ဆွေကြီးမျိုးကြီးများနှင့် စစ်မှန်သော တော်ဝင်မိသားစုကိုသာ သစ္စာခံမည်ဖြစ်ကြောင်း ပြောလာကြသည်။

ထိုအခါမှ ကြီးကျယ်သော အမှားတစ်ခုကို လုပ်မိသွားကြောင်း စွင်းဝမ် သတိထားမိသွားသည်။ သူ ဤကမ္ဘာသို့ ပထမဆုံး ရောက်ရှိလာစဉ်က တိုင်းပြည်ကို လက်လွှဲပေးပါက မဟာဝေတိုင်းပြည်၏ တော်ဝင်မိသားစုကို သူတို့ကမ္ဘာသို့ ပြန်ခေါ်သွားမည်ဟု ကတိပေးခဲ့သည်။

ထိုအရာက ယခင်တော်ဝင်မိသားစု ပျော်ရွှင်စွာဖြင့် လက်ခံခဲ့သော လဲလှယ်မှု တစ်ခုဖြစ်သည်။ ထိုအရာက ကိုယ်ပိုင်တိုင်းပြည်တည်ထောင်နိုင်သည့် ကောင်းကင်ရွေးချယ်ခံအားလုံးထဲက သူက ပထမဆုံး ဖြစ်သည့်အတွက် ကောင်းမွန်သော လှုပ်ရှားမှုကို လုပ်လိုက်နိုင်သည်ဟုတွေးပြီး စွင်းဝမ် ပျော်ရွှင်စွာဖြင့် တွေးနေမိခဲ့သည်။

သို့သော် သူ၏ တိုင်းပြည်ဟု ဆိုသောအရာက အပြောအရသာ ဖန်တီးထားသည်။ ဆွေကြီးမျိုးကြီးများနှင့် ဖြစ်ပျက်သွားသည့် ကိစ္စကို ကြည့်ခြင်းအားဖြင့် သူ တည်ထောင်ထားသော တိုင်းပြည်၏ အုတ်မြစ်က အရမ်းတိမ်နေကြောင်း သိနိုင်သည်။

စွင်းဝမ်က တော်ဝင်မိသားစုနှင့် ဆွေကြီးမျိုးကြီးများဆီမှ တိုင်းပြည်၏ စစ်ရေးနှင့် အာဏာနှစ်ခုလုံးကို ရအောင် နည်းလမ်းပေါင်းများစွာ အသုံးပြုကာ ကြိုးစားခဲ့သည်။ ထို့အပြင် သူ အောင်မြင်ခဲ့သည်ဟုလည်း ယုံကြည်ခဲ့သည်။

သူ၏ မူလအစီအစဉ်အရ မဟာဝူတိုင်းပြည်၏ အင်အား အားလုံးကို ထိန်းချုပ်ပြီး မရဏအမိန့်နန်းတော်မှ လူများကို သုံးကာ ဤစစ်ဆေးမှုတွင် စွမ်းအားအကြီးဆုံး ကောင်းကင်ရွေးချယ်ခံ နှစ်ယောက်ဖြစ်သည့် ဝမ်ဝေ့နှင့် ကျီစုန့်ကို ထုတ်ပယ်ပစ်မည်။

ထို့နောက် သူက အားကောင်းသော စစ်တပ်နှင့်အတူ ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ကာ တခြားယှဉ်ပြိုင်သူများကိုလည်း ဖြည်းဖြည်းချင်း သုတ်သင်သွားမည် ဖြစ်သည်။

သို့သော် သူ့အစီအစဉ်က ဘာမှအရေးမပါဘဲ အိပ်မက်သက်သက်သာ ဖြစ်လာသည်။ အရာအားလုံးက သူ၏ ပုံရိပ်ယောင်သက်သက်သာ ဖြစ်နေခဲ့သည်။ လုပ်ကြံသည့်အစီအစဉ် ကျရှုံးသွားခဲ့သလို သူ တွေးထားသော အာဏာအားလုံးကလည်း ပုံရိပ်သက်သက်သာ ဖြစ်ပြီး သူ့အမြင်ကို အမှောင်ကျသွားစေသည့် လှည့်ကွက်သက်သက်သာ ဖြစ်ခဲ့သည်။

တစ်ချိန်လုံး တိုင်းပြည်၏ အာဏာက ဆွေကြီးမျိုးကြီးများ၏ လက်ထဲတွင် ရှိနေဆဲဖြစ်သလို တော်ဝင်မိသားစု၏ လက်ထဲတွင်ပင် ရှိနေနိုင်သည်။

စွင်းဝမ်က ထိုဆွေကြီးမျိုးကြီးများနှင့် ရင်ဆိုင်သည့်အခါ ကိုယ့်ကိုယ်ကို အတော်လေး လိမ္မာပါးနပ်ပြီး ဉာဏ်များသည်ဟု တစ်ချိန်လုံး တွေးထင်နေခဲ့သည်။ တိုင်းပြည်တစ်ခုလုံးတွင် ခြယ်လှယ်သည့်နေရာတွင် သူအတော်ဆုံးဟု ထင်နေခဲ့သည်။ သို့သော် ဆွေကြီးမျိုးကြီးများက သူ့ကိုပြန်ပြီး ခြယ်လှယ်သွားသည်။

ထိုအရာကို သိရှိပြီးနောက် စွင်းဝမ် ပိုပြီး ထိခိုက်နာကျင်လာမိသည်။ ယခုအချိန်တွင် ကျီစုန့်၏ တိုးတက်မှုကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် စစ်တပ် အသစ်ပြန်လည်ဖွဲ့စည်းဖို့ အချိန်မရှိတော့ပေ။

ထို့ကြောင့် သူ့အနေနှင့် ရွေးချယ်စရာမရှိဘဲ သူတို့ အထူးလေ့ကျင့်ပေးထားသည့် စစ်တပ်ကို စွင်းကျောင်းလုံအား ဦးဆောင်ခိုင်းပြီး မဟာကျိုး၏ တိုက်ခိုက်မှုကို ခုခံရန် အသစ်ဖွဲ့စည်းထားသော စစ်တပ်ကို စေခိုင်းလိုက်သည်။

ကံမကောင်းစွာဖြင့် ထိုအရာက အဟန့်အတားများ ရပ်တန့်သွားစေသည့် စံချိန်တစ်ခုဖြစ်ပြီး ထိုစံချိန်ကို ရောက်နိုင်သည့်သူ ရှားပါးသည်။ စွင်းကျောင်းလုံက ကျီစုန့်အတွက် ပြိုင်ဘက် မဖြစ်နိုင်သည့်အတွက် သူတို့၏ မပြီးမပြတ်သော စစ်တပ်ဆိုလျှင် ပိုဆိုးသည်။ ထို့ကြောင့် မဟာကျိုး၏ တိုးတက်မှုက ဆက်လက်ဖြစ်ပေါ်နေသော်လည်း ယခင်ကထက်တော့ နှေးကွေးနေသည်။

သည်လိုနှင့် ရက်သတ္တပတ်အနည်းငယ် ကုန်ဆုံးသွားသည်။

အရှေ့ဘက်ဒေသတွင် နောက်ထပ် စစ်တစ်ခု စတင် ဖြစ်ပွားနေသည်။ ပိုင်နက်အတွင်းရှိ လူအများကို စိတ်ငြိမ်အောင် လုပ်ပြီးနောက် လီကျွင်း၊ စစ်သူကြီးငါးယောက်နှင့် ယခု ထျဲ့ကန်ဟုခေါ်သော သံမဏိလက်သီးဘုရင်တို့က ဖန်းအံ့ဖွယ်တိုင်းပြည်ကို စတင်သိမ်းပိုက်တော့သည်။

သူတို့၏ တိုးတက်မှုက မဟာကျိုးမှ လူများထက်ပင် ပိုမို မြန်ဆန်နေသည်။ ခေတ်မှီစစ်လက်နက်များကို အခြေခံထားသော ရုပ်သေးရုပ်များနှင့် ယာဉ်များက ခေတ်မှီစစ်ပညာကို မှီငြမ်းထားသည့် နည်းလမ်းများကြောင့် လုပ်ငန်းဆောင်တာက ပိုမိုမြန်ဆန်လွယ်ကူထိရောက်သည်။

ထို့ကြောင့် အချိန်လဝက်အတွင်းမှာပင် မဟာရှားတိုင်းပြည်က ဖန်းအံ့ဖွယ်တိုင်းပြည် ပိုင်နက်၏ လေးပုံတစ်ပုံထက်ပိုသော နယ်မြေကို သိမ်းပိုက်နိုင်ခဲ့သည်။ ယခုတစ်ခေါက် မြန်ဆန်နေရခြင်းက ဝမ်ဝေ့သည် နယ်မြေများကို မတိုက်ခိုက်မီ လူအများကို မဟာရှား၏ စည်းမျဉ်းများနှင့် ကိုက်ညီအောင် ဖြည်းဖြည်းချင်း လုပ်ခွင့်မပေးဖို့ ဆုံးဖြတ်လိုက်သည်။

ဝမ်ဝေ့ ဆုံးဖြတ်လိုက်သည့် အစီအစဉ်က ဖန်းအံ့ဖွယ်တိုင်းပြည်ကို အလျင်အမြန်ဝါးမျိုပြီးနောက်မှ လူအများကို ဖြည်းဖြည်းချင်း သိမ်းသွင်းကာ တော်လှန်ပုန်ကန်မှုများကို လျှော့ချဖို့ ဖြစ်သည်။

သို့သော် မဟာရှားတိုင်းပြည်၏ အလျင်အမြန် တိုးတက်မှုကြောင့် အုပ်ချုပ်သူ ဖန်းလီကျွမ်း၏ အာရုံကို ဖမ်းစားလိုက်နိုင်သည်။

ဖန်းအံ့ဖွယ်တိုင်းပြည်၏ တော်ဝင်နန်းတော်ထဲတွင် ညီလာခံတစ်ခုကို ကျင်းပနေသည်။

အမတ်တစ်ယောက်က ချိုသာသော အသံဖြင့် ပြောလိုက်သည်

“ နတ်ဘုရားဘုရင်မ နယ်နိမိတ်မှာ အခြေအနေက အတော်လေး ဘေးသင့်နေပါပြီ။ မြန်နိုင်သမျှ မြန်မြန် တစ်ခုခု လုပ်သင့်နေပါပြီ”

“ အချိန်တိုအတွင်း ဒီလောက်များတဲ့ နယ်မြေတွေ ဆုံးရှုံးလိုက်ရတာနဲ့ ပတ်သက်ပြီးတော့ အကြောင်းအရင်းလေးကို ဒီနတ်ဘုရားမကို ပြောပြပေးနိုင်မလား” သူမက ကောင်းမွန်စွာ ပြန်မေးလိုက်သော်လည်း အေးစက်မှုအပြည့် ပါဝင်နေသည်။ ထိုအသံက အုပ်ချုပ်သူ ဖန်းလီကျွမ်းဆီမှ ရောက်လာခြင်း ဖြစ်သည်။

သူမက နဂါးနှင့် ဇာမဏီတို့ ရောယှက်ကာ ထွင်းထားသည့် နဂါးဇာမဏီပလ္လင်ပေါ်တွင် ထိုင်နေသည်။

ပလ္လင်က အနုပညာမြောက်ကာ လှပသော်လည်း ဖန်းလီကျွမ်း၏ အလှနှင့် နှိုင်းယှဉ်လိုက်လျှင် မှေးမှိန်ကုန်သည်။ သူမက သရဖူဆောင်းထားကာ အနီရောင်ဇာမဏီ ဝတ်စုံကို ဝတ်ဆင်ထားသည်။

သူမ၏ အသားအရည်က အသန့်စင်ဆုံးကျောက်များထက် ဖြူနေပြီး မျက်လုံးများကလည်း အလှပဆုံး ကျောက်မျက်ရတနာများထက် ပိုပြီး လင်းလက်တောက်ပနေသည်။ သို့သော် ထိုမျက်ဝန်းများက အေးစက်နေသည်။

ထိုအရာက ခံစားချက်မဲ့သည့်သူလိုမျိုး အေးစက်နေခြင်း မဟုတ်ဘဲ ဘေးနားတွင် ရှိနေသော အရာအားလုံးနှင့် လူအားလုံးကို ရွံရှာနေခြင်း ဖြစ်သည်။ ဖန်းလီကျွမ်း၏ မျက်လုံးထဲတွင် အရာအားလုံးက သူမအောက်မှာ ရှိရမည်။

သူမက အရာအားလုံးနှင့် လူအားလုံး၏ အထက်မှာရှိသည်ဆိုသော မြင့်မြတ်သော သဘာဝစရိုက်ဖြစ်သည့် မြင့်မြတ်မှုကို ထုတ်လွှတ်နေသည်။

ထိုမေးခွန်းကို မေးလိုက်သည့်အခါ အမျိုးသမီးအမတ်က စာလိပ်ကို ဘုရင်မဆီ ကမ်းပေးလိုက်သည်။ ထိုစာလိပ်ထဲတွင် မဟာရှားစစ်တပ်မှ သူတို့၏ ပိုင်နက်ဘယ်နေရာမဆို သူတို့၏ စစ်တပ်များ ပို့ဆောင်နိုင်ရေးအတွက် ယာဉ်များကို ဘယ်လိုအသုံးပြုကြောင်း ရှင်းပြထားသည်။

စစ်တပ်များ ပို့ဆောင်ရေးအတွက် ယာဉ်မရှိသည့် ကမ္ဘာငယ်တွင် ဒီအကြံက ဘယ်လောက်ထိ ထူးခြားလဲဆိုတာကို ကြည့်ပြီး သူမ အံ့ဩသွားရသည်။

“ ဒီဝမ်ဝေ့က ဒီလိုကောင်းမွန်တဲ့ အကြံမျိုး ထွက်လာတယ်ဆိုတော့ သိပ်တော့ မရိုးရှင်းလောက်ဘူး” ဘုရင်မက အေးစက်သောအသံဖြင့် ပြောလိုက်သည်။

“ ဒါပေမဲ့ ငါတို့ရဲ့ နယ်မြေတွေ ဒီလောက်ထိ မြန်မြန် ဆုံးရှုံးလိုက်ရတာက ဒီလောက်နဲ့ မလုံလောက်သေးဘူး”

“ ဘုရင်မ ထင်တာ မှန်ပါတယ်။ နောက်ထပ် အကြောင်းပြချက်တစ်ခုက စစ်သူကြီးလီကျွင်း ကျွန်တော်တို့ရဲ့ မြို့တွေထဲ ထိုးဖောက်ဝင်ရောက်လာတာကို တားမဲ့သူ မရှိလို့ပါ” နောက်ထပ် အမျိုးသမီးအရာရှိတစ်ယောက်က ဝင်ပြောလိုက်သည်။

“ ခဏနေဦး” ဖန်းလီကျွမ်းက ပြောလိုက်သည်

“ ဒါဆိုရင် ဝမ်ဝေ့က ပေါ်မလာဘူးလား။ ငါတို့ရဲ့ တိုင်းပြည်ကို တိုက်ခိုက်ဖို့ စစ်တပ်ကို ဦးဆောင်လာတဲ့သူက လီကျွင်းလား”

“ အဲလိုဟုတ်ပါတယ် ဘုရင်မ”

“ ဒါဆိုရင် ငါ ယှဉ်ပြိုင်ရမဲ့ ဝမ်ဝေ့ ပေါ်မလာပဲနဲ့တောင် တိုင်းပြည်က လေးပုံတစ်ပုံကျော် သိမ်းပိုက်ခံလိုက်ရတယ်လို့ ပြောတာလား”

ဘုရင်မမှ ထိုမေးခွန်းကို မေးပြီးနောက် အခန်းက ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူအများစုက အေးစက်သောအကြည့်ကို မရင်ဆိုင်နိုင်သည့်အတွက် ခေါင်းများငုံ့ထားကြသည်။

ကို့ရို့ကားရားနိုင်သော တိတ်ဆိတ်မှုအပြီး မိနစ်အနည်းငယ်အကြာတွင် အရာရှိတစ်ယောက်က သတ္တိမွေးကာ ပြောလိုက်သည်

“ လီကျွင်းက လီမိသားစုရဲ့ အမွေခံမလို့ လျှော့မတွက်သင့်ပါဘူး။ သူက အမွေခံသားတော် ဝမ်ဝေ့နဲ့အတူ ကြီးပြင်းလာပြီးတော့ သူတို့က ညီအစ်ကိုအရင်းတွေထက် ပိုပြီးရင်းနှီးကြတယ်”

“ အဲဒီထက်ပိုပြီး အရေးကြီးတာက သူက အဆင့်၂၀ ကောင်းကင်ခန္ဓာဖြစ်တဲ့ တိုက်ပွဲရူးခန္ဓာကို ပိုင်ဆိုင်ထားသေးတယ်”

ထိုစကားကို ကြားပြီးနောက် ဖန်းလီကျွမ်း စတင်စဉ်းစားတော့သည်။ သူမက တမူထူးရုပ်ခန္ဓာ ပိုင်ဆိုင်ထားသူများသည် သူတို့အံ့ဖွယ်မျိုးနွယ်ဝင်များ၏ သွေးသန့်မျိုးဆက်ထက် ပိုအားမကောင်းလျှင်ပင် စွမ်းရည်များက လက်ရည်တူ လိုက်နိုင်ကြောင်း သိထားလေသည်။

သို့သော် သူမ ထိုကိစ္စနှင့် ပတ်သက်ပြီး မပျော်နိုင်သေးပေ။ သူမက ဝမ်ဝေ့၏ အထင်မြင်သေးခြင်းကို ခံလိုက်ရသည်ဟု ခံစားရသည်။ သူမအား အထင်သေးခြင်းကို သူမ ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ပေ။

သူမကသာ လူအများကို ငုံ့ကြည့်သူ ဖြစ်ရမည်။

ထိုအကြောင်းကို စဉ်းစားပြီး ဖန်းလီကျွမ်းက သူမ၏ အမှုထမ်းများကို စိုက်ကြည့်လိုက်သည်။ အများစုက အမျိုးသမီးများသာ ဖြစ်ပြီး အမျိုးသားအနည်းငယ်သာ ပါဝင်သည်။

သူမ အေးစက်စွာပြုံးရင်း ပြောလိုက်သည်

“ ဒီနတ်ဘုရားမက နယ်နိမိတ်ထိ ကိုယ်တိုင်သွားပြီးတော့ အဲဒီတိုက်ပွဲရူးခန္ဓာရဲ့ ပိုင်ရှင်က ဘာတွေများ အဲ့လောက်တောင် ထူးခြားလဲဆိုတာ ကြည့်ရမယ်”

All Chapters