“ ရီရှန်း “သင်္ဘောအုပ်စုက အိမ်ခြံမြေ လုပ်ငန်း ပြောင်းလုပ်မည်
Vol. 18 Ch. 267
လိပ်ကြီးက အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်။
လိပ်ကြီးကို ကြည့်ပြီး လျူယောင် ထပ်မံ ပြောလိုက်သည်။
'ဒီဧရာမလှံကို ငါတို့မလိုတော့ဘူး ..အခုပဲ သွားတော့ ...ငါမင်းအတွက် လက်နက် အသစ်တစ်ခု အမြန်ဆုံးလုပ်ပေးမယ် ... '
လိပ်ကြီး မပျော်မရွှင်ဖြင့် ထွက်ခွာ သွား သည်။
အံ့သြစရာကောင်းတာက မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျောင်းမှာ လိုက်မဖမ်းခဲ့ပေ ။သူ့အင်အားကို ချိန်ဆနေတာကြောင့် ဖြစ်နိုင်သည်။
လိပ်ကြီး ထွက်သွားပြီးနောက် ဧရာမမိ ကျောင်းက သူ့ ကိုယ်တွင်စိုက်နေတဲ့ လှံကို အားစိုက်ထုတ်ပြီးနောက် နောက်ဆုံးတွင် ဖယ်ရှားနိုင်ခဲ့သည်။ ထို့နောက် သူလည်း ထိုနေရာမှ ထွက်ခွာသွားတော့သည်။
ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပေါ်က ဒဏ်ရာကတော့ အနည်းငယ် ထိတ်လန့်စရာ ကောင်းနေ သည်။
လိပ်ကြီးရဲ့ အင်အားသာ ပိုမိုအားကောင်း ပါက ကြွက်သားများနဲ့ တစ်ဆို့နေမဲ့အစား သူ့အတွင်းအင်္ဂါများအထိပင် ထိုးဖောက် ဝင်ရောက်နိုင်မှာ သေချာလှသည်။
.....
စာဖတ်ခန်းအတွင်း....
လျူယောင် စက္ကူအလွတ်တစ်ရွက်ကိုယူပြီး ဒီဇိုင်းပုံကြမ်းကို သူကိုယ်တိုင်ဆွဲလိုက်သည်။ ဒါက ဧရာမလှံရဲ့ ဒီဇိုင်းပုံကြမ်းဖြစ်သည်။
ယခင်ဧရာမလှံက အရှည် ၅၀ မီတာ၊ အချင်း ၅၀၀ မီလီမီတာနှင့် အလေးချိန် ၇၈ တန် ခန့်ရှိသည်။
ယခုဒီဇိုင်းဆွဲနေတဲ့ ဧရာမလှံက မည်သို့ နည်း။
ဒီလှံက အချင်း ၈၀၀ မီလီမီတာ၊ အရှည် ၆၀ မီတာနှင့် အလေးချိန် တန် ၂၄၀ ရှိသည်။
အလျား ၁၀ မီတာတိုးလာပြီး အလေးချိန်မှာ တန် ၇၈ မှ တန် ၂၄၀ အထိ သုံးဆ တိုးလာခဲ့ သည်။
လျူယောင် စိတ်ထဲကနေ တွေးလိုက်မိ သည်။
'လိပ်ကြီး ဒီဧရာမလှံ အစားထိုးပြီး တူညီတဲ့ အရှိန်ဖြင့် ပြေးဝင်တိုက်ခိုက်ပါက မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျောင်း ကို ထက်ခြမ်းခွဲနိုင်မယ်လို့ တွေးလိုက်မိသည်။
'ဒီဧရာမလှံက တော်တော်ကောင်းတာပဲ ... '
'လိပ်ကြီး ဒါကို သဘောကျမှာ သေချာ တယ်...'
လက်နက်အသစ်နဲ့ လိပ်ကြီးရဲ့ တိုက်ခိုက် နိုင်စွမ်း တိုးလာမည်မှာ သေချာသည်။ နောက်တစ်ကြိမ် ဧရာမမိကျောင်းရဲ့ သတင်းရပါက လိပ်ပြီးရဲ့ ချောင်းတိုက်ခို က်မူ့ဖြင့် တိုက်ပွဲကို အဆုံးသတ်နိုင်တော့ မည်။
.......
ရီရှန်းအုပ်စု....
သူဋေးကုလားထိုင်ပေါ်တွင် အားအင်ချိနဲ့စွာ ထိုင်နေပြီး လော့မောင်ယွမ် ရုတ်တရက် ဆယ်နှစ်အိုသွားသလိုပင် သူက ပြတင်းပေါက်အပြင်ဘက်ကို အကြာကြီး ကြောင်ငေးကြည့်နေသည်။
တန် ၁၀၀,၀၀၀ ကွန်တိန်နာသင်္ဘောတစ်စင်း နစ်မြုပ်သွားခြင်း၊ စံကွန်တိန်နာ ထောင်ပေါင်းများစွာ ပင်လယ်ကြမ်းပြင်တွင် နစ်မြုပ်သွားခြင်းနဲ့ သင်္ဘောသား ၃၀ ကျော် သေဆုံးသွားခြင်းတို့မှာ ရီရှန်းအုပ်စုကို ကြီးမားစွာထိခိုက်စေခဲ့သည်။
Universal နှင့် ရင်ဆိုင်တွေ့ပြီးနောက်မှ ရီရှန်းအုပ်စုရဲ့ အခြေအနေက စတင် ဆိုးရွားလာခဲ့သည်။
လွန်ခဲ့တဲ့ လအနည်းငယ်ကပင် ပင်လယ်ဓ ားပြများရဲ့ အဓမ္မငွေတောင်းခံခြင်းကို ခံခဲ့ရပြီး ရီရှန်း၏ ဘဏ္ဍာရေးအခြေအနေက မကောင်းခဲ့ပေ ။ ယခု ဒီလို အဖြစ်မျိုး ထပ်ကြုံရပြန်သည်။
လော့မောင်ယွမ် ရုတ်တရက် ဆယ်နှစ်အို သွား သလိုဖြစ်နေတာ မဆန်းပေ။
အချိန်အကြာကြီးကြာပြီးနောက် သူ စားပွဲပေါ်မှ ဖုန်းကိုကောက်ယူပြီး အမိန့်ပေးလိုက်သည်။
'အဆင့်မြင့်ဝန်ထမ်းအားလုံးကို အစည်း အဝေး ခေါ်ဖို့ အကြောင်းကြားလိုက်'
နာရီဝက်ကြာပြီးနောက် ရီရှန်းအုပ်စု၏ အဆင့်မြင့်အစည်းအဝေးကို ကျင်းပ ခဲ့သည်။
ထိုအစည်းအဝေးတွင် လော့မောင်ယွမ် က အလွန်အံ့သြဖွယ်ကောင်းတဲ့ သတင်း တစ်ခုကို ပြောခဲ့တာကြောင့် အဆင့်မြင့် အမှုဆောင်ဝန်ထမ်း အနည်းငယ်မှလွဲ ပြီး ကျန်လူအားလုံး ဘာပြောရမှန်း မသိဖြစ်နေ ကြကာ နောက်မှ သတိပြန်ဝင်လာကြသည်။
'ကျွန်တော် သေချာ စဉ်းစားပြီးနောက် ရီရှန်းအုပ်စုကို ပင်လယ်သယ် ယူပို့ဆောင် ရေးလုပ်ငန်းမှ နုတ်ထွက်ပြီး အိမ်ခြံမြေလု ပ်ငန်းပို ပြောင်းလဲရန် ဆုံးဖြတ်လိုက်ပြီ'
လော့မောင်ယွမ် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
'ဘာ...."
'အိမ်ခြံမြေလုပ်ငန်းကို ပြောင်းလဲချင်တယ်တဲ့လား...."
အဆင့်မြင့် အမှု့ဆောင်အရာရှိအများစုမှာ တစ်ယောက်ကိုတစ်ယောက် အံ့သြစွာ ကြည့်နေကြသည်။ သူတို့က တကယ်ပင် အံ့အားသင့်နေ ပုံရသည်။ ရိီရှန်းအုပ်စုက သင်္ဘောလုပ်ငန်းမှစတင်ခဲ့ခြင်းဖြစ်ပြီး ယခု ထိုရင်းနှီးတဲ့ အလုပ်ကိုပင် စွန့်လွှတ် လိုက်ပြီတဲ့ "
အကြီးတန်းအမှု့ဆောင် အရာရှိတစ်ဦးက သတိပေးလိုက်သည်။
'သူဋေးလော့ ကျွန်တော်တို့ရဲ့ လက်ရှိ ဘဏ္ဍာရေးအခြေအနေက အလွန်ဆိုး ရွားနေပါတယ် ဒီတစ်ကြိမ်မှာ စံကွန်တိန်နာ ထောင်ပေါင်းများစွာ ပင်လယ်ထဲနစ် မြုပ်သွားပြီး ဖောက်သည်တွေကို ငွေတစ် ဘီလီယံကျော် လျော်ကြေး ပေးဖို့လို အပ်ပါတယ် တကယ်လို အိမ်ခြံမြေလု ပ်ငန်းကိုပါ ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့မှာ ငွေအလုံအလောက်မရှိဘူး'
လော့မောင်ယွမ် က ညင်သာစွာ သက်ပြင်း ချလိုက်ပြီး ပြန်ပြောလိုက်သည်။
'အင်းဒီအခြေအနေမှာ ငါတို့ရဲ့ သင်္ဘော တွေအားလုံးကို ရောင်းချရုံပဲ ရှိတယ် ...အဲ့ဒီ့ကနေ အနည်းဆုံး ငွေဘီလီယံပေ ါင်းများစွာကို စုဆောင်းနိုင်လိမ့်မယ်...'
တစ်ချိန်က အင်အားကြီးခဲ့တဲ့ ရီရှန်းအုပ်စုက ဆက်လက် ရှင်သန်ရန်အတွက် သင်္ဘော များကိုရောင်းချရန်ပင် ဆန္ဒရှိနေသည်။
" ဗျာ...."
ရုတ်တရက် အစည်းအဝေးခန်းထဲတွင် တိတ်ဆိတ် သွားသည်။
.........
ကျိုးယန်က လျူယောင် အား သတင်းပို့နေသည် ။
"သူဋေး ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု့ အလားအလာက အရမ်းအံ့သြ စရာကောင်း တယ်... ကျွန်တော် ခွဲခြမ်းစိတ်ဖြာ ကြည့်ပြီ းပြီ...ခဏတာအတွင်းမှာ စံကွန်တိန်နာ သယ်ယူပို့ဆောင်ရေးပမာဏ တန် ၅၀၀,၀၀၀ နဲ့ ရေနံစိမ်းသယ်ယူပို့ဆောင် ရေးပမာဏ တန် ၂ သန်း၊ သံသတ္တုရိုင်း၊ ကျောက်မီးသွေးနဲ့ အခြားအလုံးအရင်း ကုန်စည်သယ်ယူပို့ဆောင်ရေးပမာဏ အနည်းဆုံး တန် ၅၀၀,၀၀၀ တိုးဖို့ လိုပါတယ် "
တစ်နည်းအားဖြင့် Universal က တစ်လအ တွင်း သယ်ယူပို့ဆောင်ရေးပမာဏ တန် ၃ သန်းအထိ တိုးမြှင့်နိုင်ပါက အကောင်းဆုံး ဖြစ်လိမ့်မည်။
အထူးသဖြင့် ရေနံစိမ်းသယ်ယူ ပို့ဆောင်ရေး တွင် ဖြစ်သည်။
Universal တွင် ရေနံစိမ်းသယ်ယူ ပို့ဆောင်ရေး သင်္ဘောပို များပါက သူတို့ အော်ဒါများပိုပေးကြလိမ့်မည်။
လျူယောင် ခေါင်းညိတ်ကာ ပြောလိုက် သည်။
'ငါတို့ ချီဒုံ နဲ့ ချန်ရှင်းလို ပြည်တွင်းသ င်္ဘောကျင်းကြီးတွေမှာ အော်ဒါတင်ထား ပေမဲ့ သူတို့အတွက်ကတော့ အချိန်တိုအ တွင်းမှာ သင်္ဘောအများကြီးကို ပို့ပေးနိုင်ဖို့ မဖြစ်နိုင်တာ ရှင်းနေတယ်'
ကျိုးယန် က အကြံပေးကာ ပြောလိုက် သည်။
'လက်ရှိအစီအစဉ်အရ ကျွန်တော်တို့က သင်္ဘောအဟောင်းစျေးကွက်ကိုပဲ အာရုံစိုက်ပြီး သင်္ဘောအဟောင်းတွေ အများအပြားကို ဝယ်နိုင်ဖို့ မျှော်လင့်ရမှာပဲ'
လျူယောင် ခပ်ဖွဖွသာ ခေါင်းညိတ်ပြီး စကားမပြောပေ ။ဘာကြောင့်လည်းဆိုတော့ အဲ့လိုလုပ်ရန် အလွန်ခက်ခဲတာကို သူသိနေ တာကြောင့် ဖြစ်သည်။
အချိန်တိုအတွင်း တန် ၃ သန်းကျော်ရှိတဲ့သ င်္ဘောအဟောင်းများကို ဝယ်ယူရန်မှာ မဖြစ်နိုင်တဲ့ အလုပ်ပင်။ တစ်လအတွင်း သင်္ဘောကြီးတစ်စင်း၊ နှစ်စင်း ပြန်ဝယ်နိုင် ရင်တောင် ကောင်းလှပြီဖြစ်သည်။
အချိန်အကြာကြီး စဥ်စားပြီးနောက် လျူယောင် ညွှန်ကြားလိုက်သည်။
"ဒါဆို သွားပြီးတော့ ကြိုးစားကြည့်လိုက် သင်္ဘောအဟောင်းစျေးကွက်ကနေ သင်္ဘောအချို့ကို ဝယ်နိုင်ဖို့ မျှော်လင့်တယ် .. ဒါပေမဲ့ သင်္ဘောကြီးဖြစ်ရမယ် ပြီးတော့ သင်္ဘောရဲ့အရည်အသွေးကလည်း ကောင်းရမယ်ဆိုတာ သတိရပါ.... '
ကျိုးယန် ရိုသေစွာ ပြန်ဖြေလိုက်သည်။
'ဟုတ်ကဲ့ပါ သူဋေး ကျွန်တော် သိပါတယ်'
လျူယောင် နဲ့ ခဏစကားပြောပြီးနောက် ကျိုးယန် ထွက်သွားသည်။ သူ သင်္ဘောကြီး တစ်စင်းကို အမြန်ဆုံး ဝယ်ယူရအုံးမည် လေ။
အခြားပင်လယ်သယ်ယူပို့ဆောင်ရေးကုမ္ပဏီများအတွက် ကြီးမားတဲ့ သင်္ဘောဆိုတာက တန် ၁၀,၀၀၀ ကျော် သင်္ဘောတစ်စင်းသာ ဖြစ်သည်။ဒါပေမဲ့ Universal တွင် လူတိုင်းပါးစပ်ထဲမှ ကြီးမားတဲ့သင်္ဘော ဆိုတာက တန် ၁၀၀,၀၀၀ ကျော်ရှိတဲ့ သင်္ဘောတစ်စင်းဖြစ်သည်။
လိပ်ကြီး သူ့ရဲ့ ဂူထဲ ပြန်ရောက်လာသည်။
သူက ပါးစပ်ကျယ် ဧရာမငါးကြီးရဲ့ ကျန်ရှိနေတဲ့ အသားအားလုံးကို စားပစ်ပြီးနောက် ဂူထဲတွင် လဲလျောင်းကာ အိပ်စက်အနားယူလိုက်သည်။
နိုးလာတဲ့ အခါ ညရောက်နေပြီး နေရာတိုင်း မှောင်မိုက်နေပေမဲ့ ဒါကလိပ်ကြီးကို မထိခိုက်စေခဲ့ပေ။
ယခု လိပ်ကြီးက အနည်းငယ်ဗိုက်ဆာနေပြီး အမဲလိုက်ရန်လိုအပ်နေသည်။ သူ အကျင့် ဖြစ်နေတဲ့ ဧရာမလှံကို ကောက်ယူပြီး ထွက်ခွာရန် ရည်ရွယ်ပေမဲ့ လှံကို ပြန်ယူမလ ာခဲ့ကြောင်း သူ သတိရမိလိုက်သည်။
'လက်နက်မရှိဘူးဆိုတော့ ဒီလိုပဲ တုံဂါ ချောက်နက် ကို သွားတော့မယ် ... သခင်က ကျွန်တော့်အတွက် ပိုကြီးပြီး ပိုခမ်းနားတဲ့ လက်နက်တစ်ခု လုပ်ပေးမယ်လို့ မျှော်လင့်တယ် ... သခင်ပြောတာမှန်တယ် အရင်က ဧရာမလှံက တကယ်ပဲ အနည်းငယ် သေးတယ်.... " လိပ်ကြီး ပြောပြီး ထွက်ခွာလာခဲ့ သည်။
သူ ဂူထဲမှ ရေကူးထွက်လာပြီး တုံဂါ ချောက်နက်ကို ဦးတည်သွားခဲ့သည်။ လမ်းတွင် ဝေလငါးမန်းအုပ်စုနဲ့ လိပ်ကြီး တွေ့ဆုံခဲ့ပြီး အကြီးအသေး ဝေလငါးမန်း ၂၀ မှ ၃၀ အထိ ရှိပေသည်။
ကိုယ်ပေါ်တွင် အစက်အပြောက်များရှိတဲ့ ဝေလငါးမန်းများကို တစ်ကောင်ချင်းစီ ကြည့်ရင် မသေးလှချေ။ ပုံမှန်ဆိုရင် လိပ်ကြီး နှစ်ကောင်၊ သုံးကောင်ကို ဖမ်းယူပြီး ဗိုက်အပြည့် စားလိုက်မှာ ဖြစ်သည်။
ဒီတစ်ကြိမ်တွင်တော့ လိပ်ကြီး သူတို့ကို လုံးဝလျစ်လျူရှုကာ ရှေ့ဆက်သွားသည်။
သူ့ရဲ့ ပန်းတိုင်က တုံဂါချောက်နက်ထဲမှာ ရှိတဲ့ ပါးစပ်ကျယ်ဧရာမငါးကြီးပင် ဖြစ်၏ ။
လိပ်ကြီးရဲ့ အရှိန်မှာ အလွန်မြန်ပြီး မကြာမီ မှောင်မိုက်နက်ရှိုင်းတဲ့ ဧရာမချောက်ကြီးထဲ စတင်ဝင်ရောက်ကာ အနက်ပိုင်းသို့ ကူးခတ်လာခဲ့သည်။
ရေအနက်မှာ လျင်မြန်စွာတိုးလာပြီး မီတာ ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀ အထိ ဖြစ်လာသည်။ ရေအနက် ၄၅၀၀. မီတာ ကျော် အထိ ရောက် ပြီးမှသာ လိပ်ကြီး ဆက်မသွား တော့ပေ။
အလေးချိန်၊ အရွယ်အစားနှင့် အမျိုးမျိုး သော စွမ်းရည်များ တိုးလာခြင်းကြောင့် မီတာ ၅၅၀၀ အနက်တွင် ဆယ်မိနစ် ကျော်ကြာ နေနိုင်တာက လိပ်ကြီးအတွက် ပြဿနာမရှိပေ။
မီတာ ၄၅၀၀ အနက်တွင် ထို ပါးစပ်ကျယ် ဧရာမငါးများရှိနေ ကြသည်။ဒီငါးတွေက ပုံမှန်အားဖြင့် မီတာ ၄၀၀၀ မှ ၆၀၀၀ အကြားတွင် နေထိုင်ကြသည်။
လိပ်ကြီး အလွန်ကြီးမားတဲ့ ပါးစပ်ကျယ် ဧရာမငါးကြီးတစ်ကောင်ကို တွေ့ မြင်ရပြီပဲ ဖြစ်သည်။
ဒီအကောင်က အရင် သူ မြင်ဖူးတာထက် ပိုကြီးနေပြီး ဒါကတကယ့်ကို ဧရာမကြီးပင် ဖြစ်သည်။