← Chapters

လိပ်ကြီး၏ လက်နက် အသစ်

Vol. 18 Ch. 268

လိပ်ကြီး၏ လက်နက် အသစ်

Vol. 18 Ch. 268

လိပ်ကြီးမှာ ပါးစပ်ကျယ်ဧရာမငါးက ဒီလောက်နူန်းထိ ကြီးထွားလာနိုင်တာကို ပထမဆုံးအကြိမ် သိလိုက်ရသည်။ ဒီတစ်ကောင်က ဘုရင်ဖြစ်ပေလိမ့်မည်။

အလွန်ကြီးမားတဲ့ ဦးခေါင်း၊ အလွန်ကြီးမားတဲ့ ပါးစပ်၊အရှည် မီတာ ၁၀၀ ကျော်နဲ့ အလေးချိန် တန် ၄၅၀ ရှိပြီး ဒီကောင်က လိပ်ကြီးရဲ့ အလေးချိန်နဲ့ အတူတူလောက်ပင်ဖြစ်သည်။

ပြိုင်ဘက်က လိပ်ကြီးကို တွေ့တာနှင့် ဘာ မှဂရုမစိုက်ဘဲ အရှိန်ပြင်းစွာ ပြေးဝင်လာပြီး ကြီးမားတဲ့ ပါးစပ်ကိုဖွင့်ကာ ကိုက်တော့ သည်။လိပ်ကြီးမှာ လက်နက်မရှိပေ။

ဒါပေမဲ့ သူ့မှာ ချွန်ထက်တဲ့ ခြေသည်းများနှင့် ကြီးမားတဲ့ ပါးစပ်ရှိသည်။ ပြိုင်ဘက်က ပြေးဝင်လာတာကို မြင်တဲ့အခါ နောက် မဆုတ်ဘဲ ထိုငါးကို ရင်ဆိုင်ရန် ရှေ့တိုး လိုက်သည်။

ဒါက လက်နက်မရှိဘဲ လက်ချင်းယှဉ် တိုက်ခိုက်ခြင်းပင်။

တကယ်လို့ လက်နက်ရှိပါက ပြဿနာများစွ ာ သက်သာပေလိမ့်မည်။ အရှိန်ပြင်းပြင်း တစ်ချက်တိုက်ခိုက်လိုက်ရုံဖြင့် ဒီပါးစပ်ကျယ်ဧရာမငါးကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။

ပြိုင်ဘက်မှာ ပါးစပ်ဟ၍ ပြေးဝင် လာ သည်။လိပ်ကြီး က လျင်မြန်စွာ ရှောင် လိုက်ပြီးနောက် ရှေ့ခြေသည်းတစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဧရာမငါးရဲ့ အရေခွံကို ချက်ချင်း စုတ်ပြဲသွားစေပြီး သွေးများ ကျဆင်းလာသည်။

ခြေသည်းမှာ ပါးစပ်ကျယ်ဧရာမငါးရဲ့ မျက်လုံးနားတွင် စတင်ပြီး ပါးစပ် ထောင့် အထိပင် ရောက်ရှိသွားသည်။

" ဗြုန်း..."

ဧရာမပါးစပ်ကျယ်ငါးက မိုးခြိမ်းသံလို ခုန်လိုက်ပြီး ကြီးမားတဲ့အမြီးက နံရံတစ်ခုလို လိပ်ကြီးဘက်ကို ဝှေ့ယမ်းလိုက်သည်။

ဒါက ကြီးမား တဲ့ အနက်ရောင် အပိုင်းအစ တစ်ခုလို ဖြစ်နေပြီး အလွန်အ စွမ်းထက် သည်။

'ဟဲဟဲ မင်းက ငါ့ကို ထိအောင် ရိုက်ချင် တာဆိုရင်တော့ အတွေးလွန်နေပီထင်တယ် "

လိပ်ကြီးက ပါးစပ်ကျယ်ဧ ရာမငါးရဲ့ ဝှေ့ယမ်းမှုအား အလွယ်တကူရှောင် လိုက်ပြီး ပြန်ကိုက်လိုက်သည်။ တစ်ကိုက်တည်းဖြင့် ဧရာမငါးဆီက အသားတန်ပေါင်းများစွာကို ဖြတ်တောက်လိုက်သည်။

ဒီလိုအရသာရှိတဲ့အသားကို မဖြုန်းတီး သင့်တာကြောင့် လိပ်ကြီးက အာခံ တွင်းအပြည့် မျိုချလိုက်သည်။

တိုက်ပွဲက တစ်ဖက်သတ်နီးပါးဖြစ်ပြီး ပုံမှန်အားဖြင့် ဘာမှ ဆန်းကြယ်မှု့မရှိပေ။

နောက်ထပ် နှစ်ကြိမ် သုံးကြိမ် တိုက်ခိုက်ပြီ းနောက် ပါးစပ်ကျယ်ဧရာမငါးမှာ ဒဏ်ရာ ပြင်းထန်စွာဒဏ်ရာရနေပြီး ဒဏ်ရာအချို့မှာ အသက်ပင် သေစေနိုင်လုနီးပါး ဖြစ်ခဲ့သည်။

နောက်ဆုံးတွင် သူက ခက်ခဲတဲ့ရန်သူနဲ့ တွေ့ဆုံခဲ့ရကြောင်း သိရှိသွားပြီး ထွက်ပြေ းလိုက်ပေမဲ့ အဝေးမရောက်ခင်မှာပင် လိပ်ကြီးက ပြင်းပြင်းထန်ထန် ကိုက်ထားပြီး ရုန်းကန်နေရင်းပင် သေဆုံးသွားခဲ့သည်။

သူ့ရဲ့ တိုက်ခိုက်မှု့ကြောင့်ရရှိတဲ့ ပါးစပ်ကျယ်ငါးကြီးကိုကြည့်ပြီး လိပ်ကြီး ပျော်ရွှင်နေသည်။အရသာခံကာ စားဖို့အတွက် လိပ်ကြီး ဂူထဲသို့ ပြန်သယ်လာတော့သည်။

.......

ဟွာဟိုင်းမြို့က အစားအသောက်လမ်း..

.

ဒီနေ့က သောကြာနေ့ဖြစ်တာကြောင့် ညနေပိုင်းတွင် အစားအသောက်လမ်းမှာ လူများပြည့်နှက်နေပြီး ဖြတ်သန်းရန် မဖြစ်နိုင်ပေ။

လူက အရမ်း များလွန်းသည်။

ပုံမှန်အားဖြင့် လူငယ်များ အများဆုံး ဖြစ်သည်။ ထူထပ်နေတဲ့ လူအုပ်ထဲတွင် လျူယောင်က လီချန်လဲ့ရဲ့ လက်ကို ကိုင်ထားသည်။

သူတို့နှစ်ဦးကလည်း ဒီနေရာမှာ အရသာ ရှိတဲ့အစားအစာ မျိုးစုံကို စားပြီးပြီပဲ ဖြစ်သည်။

'ဒီက အစားအစာတွေက ကောင်းတယ် ဒါပေမဲ့ လူတွေ နည်းနည်းများလွန်းတယ် "

လီချန်လဲ့က ပြောလိုက်သည်။

လျူယောင် အကြံပေးလိုက်သည်။

'ကိုယ်တို့အရင်ထိုင်စရာနေရာရှာကြမလား ဒီမှာ လူအရမ်းများတယ်... '

'ဒါဆို ကျွန်မတို့ကော်ဖီသွားသောက် ကြမလား..'

ခဏအကြာတွင် ကော်ဖီဆိုင်တစ်ဆိုင်ကို သူတို့နှစ်ဦး ရောက်လာပြီး ကော်ဖီ နှစ်ခွက်နှင့် အချိုပွဲအချို့ကို မှာယူကာ ထိုင်လိုက်ပြီးမှ နောက်ဆုံးတွင် သက်သောင့် သက်သာ ဖြစ်သွားရသည်။

ကော်ဖီတစ်ငုံသောက်ပြီးနောက် လျူယောင် ဖုန်းက မက်ဆေ့ချ်တစ်စောင် ရောက်လာတာ ကြောင့် ထုတ်ကြည့်လိုက်ရာ ကျိုးယန် ဆီက ဖြစ်နေသည်။

သူက လျူယောင် အား တောင်းပန်တဲ့ အမူအရာဖြင့် ယခုအချိန်အထိ သင်္ဘော အဟောင်းနှစ်စင်းကိုသာ ရွေးချယ်နိုင် ခဲ့ကြောင်း ပြောပြခဲ့သည်။

တစ်စင်းမှာ တန် ၅၀,၀၀၀ ကျော်ရှိတဲ့ ကုန်တင်သင်္ဘောဖြစ်ပြီး ကျန်တစ်စင်းမှာ တန် ၇၀,၀၀၀ ကျော်ရှိတဲ့ ရေနံတင်သင်္ဘော တစ်စင်း ဖြစ်သည်။

အခြားသူများရဲ့အမြင်တွင် တန် ၅၀,၀၀၀ နှင့် တန် ၇၀,၀၀၀ ရှိတဲ့ သင်္ဘောမှာ ကြီးမားတဲ့ သင်္ဘောများဖြစ်ကြသည်။

ဒါပေမဲ့ ကျိုးယန် ကမူ ဒါတွေက အနည်း ငယ်သေးတယ်လို့ ခံစားရတာကြောင့် သင်္ဘောနှစ်စင်းရဲ့ အချက်အလက်များနှင့် စျေးနှုန်းကို လျူယောင် ထံ ပေးပို့ကာ ဆုံးဖြတ်စေချင်သည်။

လျူယောင် ခန ကြည့်ပြီးနောက် အခြားတ စ်ဖက်ရဲ့ စျေးနှုန်းက အလွန်များနေတာ ကြောင့် ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း ပြန်ဖြေလိုက်သည်။

သင်္ဘော အဟောင်းတစ်စင်းကို ဝယ်ချင်ပေမဲ့ ပိုကောင်းတဲ့တစ်စင်းကို သာ ဝယ်သင့်သည်။

ဒီသင်္ဘောနှစ်စင်းမှာ အရွယ်အ စားသိပ်မကြီးဘဲ စျေးနှုန်းကလည်း မြင့်မားနေတာကြောင့် လျူယောင် တိုက်ရိုက်ပယ်ချလိုက် ခြင်းဖြစ်သည်။

.......

နောက်တစ်နေ့....

မနက်စောစောတွင် ကျိူးယန် ဆီမှ မက်ဆေ့ချ်တစ်စောင်ကို လျူယောင် ထပ်မံရရှိခဲ့သည်။

'သူဋေး လုပ်ခိုင်းထားတဲ့ ဧရာမလှံက အဆင်သင့်ဖြစ်ပြီး ဘယ်မှာထားရမလဲ' ဆိုတာ မေးနေသည်။

လိပ်ကြီးအတွက် လက်နက် အသစ်ရ တာ ကြောင့် လျူယောင် ပျော်ရွှင်သွားကာ ချက်ခြင်း ပြန်ဖြေလိုက်သည်။

'အရင်နေရာမှာပဲ ...ငါတို့ရဲ့ ပင်လယ် ကမ်းခြေဂိုဒေါင်အနီးက ပင်လယ်ထဲမှာ ထားလိုက်..."

ကျိုးယန် က

'ဟုတ်ကဲ့'

ဆိုတဲ့ စကားနှစ်လုံးဖြင့် အမြန်ပြန် ဖြေခဲ့သည်။

လျူယောင်က ပင်လယ်ကမ်းခြေဂိုဒေါင်ကို လက်နက်အသစ်သွားယူရန် လိပ်ကြီးအား ပြောဖို့အတွက် အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို အလျင်အမြန်ဖွင့်လိုက်သည်။

လိပ်ကြီးရဲ့အလေးချိန်ကို မြင်တဲ့အခါ လျူယောင် ဝမ်းသာသွားသည်။

လိပ်ကြီးရဲ့ လက်ရှိ အလေးချိန်က ၄၂၁ တန်ရှိနေ ပြီးတန် ၅၀၀ နှင့် မဝေးတော့ပေ။

'လိပ်ကြီး မင်းရဲ့ လက်နက်အသစ် အဆင်သင့်ဖြစ်ပြီ အရင်နေရာမှာပဲ သွားယူလို့ရပြီ "

လျူယောင် ပြောလိုက်သည်။

'အိုခေဘာ သခင် ဒီငါးကို စားပြီးတာနဲ့ ကျနော် သွားယူလိုက်မယ်.. လက်နက်အသစ်တစ်ခု လိုချင်နေတာ အတော်ပဲ အဲဒီဧရာမမိကျောင်း ကို လက်နက်အသစ်နဲ့ တီးပစ်ချင်နေပြီ...'

လိပ်ကြီးက ဒေါသတကြီး ပြန်ဖြေ လိုက်သည်။

ဂူထဲက ပါးစပ်ကျယ်ဧရာမငါးကို စားပြီး နောက် လိပ်ကြီး ဟွာဟိုင်းမြို့သို့ ချက်ခြင်း ကူးခတ်သွားတော့သည်။

ဟွာဟိုင်း ခရီးမှာ အလွန်ဝေးကွာပြီး ရေမိုင် ထောင်ပေါင်းများစွာ ရှိသည်။ လိပ်ကြီး ရဲ့လက်ရှိအရှိန်နူန်းမှာ ရေမိုင် ၃၀၀ ခန့်ရှိ သည်။ အနားယူခြင်းနှင့် အမဲလိုက် ခြင်းများပါ ထည့်သွင်းတွက်ချက်ပါက နှစ်ရက်ခန့်ကြာမည်လို့ ခန့်မှန်းရသည်။

......

တနင်္လာနေ့တွင်....

လျူယောင် ကုမ္ပဏီကို စောစော ရောက်လ ာပြီး ရုံးခန်းထဲဝင်ထိုင်၍ မကြာခင်မှာပင် ကျိုးယန် က သတင်းပို့ရန် ရောက်လာသည်။

'သူဋေး … ရီရှန်းအုပ်စု ရဲ့ သူဋေး လော့် မောင်ယွမ် က ကျွန်တော်တို့ကုမ္ပဏီကို လာလည်ပါတယ်...'

လျူယောင် က လက်ဝှေ့ယမ်းပြပြီး မေး လိုက်သည်။

'မင်းပဲ သူ့ကို ကြိုဆိုလိုက် ဒီလူ ဘာလာ လုပ်တာလဲ'

ကျိုးယန် ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။

' ရီရှန်းအုပ်စုက သူတို့ရဲ့ သင်္ဘောကြီးတွေကို တစ်စင်းပြီးတစ်စင်း ရောင်းချဖို့ လုပ်နေတာ ပါ "

'အိုး ဒါက ကောင်းတဲ့အရာပဲ..."

လျူယောင် ရဲ့မျက်လုံးများက တောက်ပ လာ ပြီး ညွှန့်ကြားလိုက်သည်။

'ဒါဆို မင်း သူ့နဲ့ သေချာ စကားပြောလိုက် စျေးနှုန်းမှန်တယ်ဆိုရင် သူတို့ရဲ့ သင်္ဘောကြီးအချို့ကို ဝယ်နိုင်တယ်....'

ကျိုးယန်က ပျော်ရွှင်စွာ ပြောလိုက်သည်။

'တစ်စုံတစ်ယောက်က ခေါင်းအုံး လာ ပေးနေတာ တကယ်ကို ပျင်းစရာ ကောင်း တယ်... အချိန်တိုအတွင်း သင်္ဘော မဝယ်နိုင်မှာကို ကျွန်တော်တို့ စိုးရိမ်နေတာ အခုတော့ ပြီးသွားပြီ ကျွန်တော် သူတို့ရဲ့သင်္ဘောကို ရွေးထုတ်လိုက်မယ် ...'

ဟုတ်ပါတယ်။သေချာ ဂရုတစိုက်ရွေးချယ်ရ မည်။ အရည်အသွေးလည်းမကောင်း၊ ဈေးနူန်းကြီးပြီး အလေးချိန်နည်းတဲ့ သင်္ဘောများကို ပယ်ချရမည်။

ကျိုးယန် ရုံးခန်းမှ ထွက်သွားတာကို ကြည့်ပြီးနောက် လျူယောင် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ဒါက တကယ်ကို ကောင်းတဲ့ ကိစ္စပင်။

ရိရှိန်း အုပ်စုမှာ ရှေ့ဆက်မသွားနိုင်တော့ဘဲ အိမ်ခြံမြေ လုပ်ငန်းပြောင်းလဲမှု့အတွက် ပြင်ဆင်နေတာက သူတို့ ကုမ္ပဏီ အတွက် ကောင်းတဲ့အရာဖြစ်သည်။ အနည်းဆုံး ပြိုင်ဘက်တစ်ဦး လျော့သွားခဲ့သည်။

လျူယောင် က ဒီပြိုင်ဘက်မှာ ခြိမ်းခြောက် မှု့ကို မခံစားရပေမဲ့ ပြိုင်ဘက်တစ်ဦး လျော့ သွားတာက ကောင်းတဲ့ကိစ္စပင် ဖြစ်သည်။

လိပ်ကြီးကို သူ သတိရသွားသည်။

"လိပ်ကြီးက အခု ဘယ်မှာလဲ ဟွာဟိုင်း မြို့အနီးက ရေပြင်မှာ ရှိနေသင့် တယ်....ဒီကောင် လက်နက်အသစ်ကိုရော သဘောကျရဲ့လား.... "

လျူယောင် အိမ်မွေးတိရိစ္ဆာန် ချပ်ပြားကို ဖွင့်လိုက်ပြီး ပြင်ပအမြင်ဖြင့် ကြည့်လိုက်ရာ လိပ်ကြီး ကို မြင်လိုက်ရသည်။

အံမယ် ဒင်းက ကောင်းကောင်း စားနေ သည်။ ဟွာဟိုင်းမြို့မှ ရေမိုင် တစ်ထောင် ကျော်ကွာတဲ့ ပင်လယ်ပြင်တွင် ဧရာမရေဘဝဲတစ်ကောင်ကို ဖမ်းပြီး ထိုနေရာတွင် စားနေသည်။

'သခင်ရေ ကျွန်တော် ဗိုက်ဆာလို့ပါ... ဗိုက် ပြည့်တာနဲ့ ဆက်သွားပါ့မယ် ...သုံးနာရီ၊ လေးနာရီလောက်ဆို ပင်လယ်ကမ်း ခြေဂိုဒေါင်ကို ရောက်ပါပြီ ...' လိပ်ကြီးက စားရင် ပြောလိုက်သည်။

' အင်းပါ ...ဗိုက်အပြည့်စား ကောင်းကောင်း အနားယူ နောက်မှလာယူလည်း အဆင် ပြေပါတယ်'

လျူယောင်က မတိုက်တွန်းပဲ ပြန် ပြော လိုက်သည်။

ဒီဧရာမလှံက ရေအောက် ဆယ်မီတာ အနက်တွင် ရှိနေပြီး အခြား ဘယ်သူမှ ယူသွားနိုင်မှာမဟုတ်တာကြောင့် လိပ်ကြီး ဘယ်အချိန်ယူယူ ဘာမှ မဖြစ်​ပေ။

All Chapters