← Chapters

မိကျောင်း နှစ်ကောင်လုံး လွှတ်ပေးလိုက်

Vol. 18 Ch. 269

မိကျောင်း နှစ်ကောင်လုံး လွှတ်ပေးလိုက်

Vol. 18 Ch. 269

နေ့လယ်ခင်းတွင် ကျိုးယန်က စိတ် လှုပ်ရှားစွာဖြင့် လျူယောင်ရဲ့ ရုံးခန်းထဲကို ဝင်လာကာ အော် ပြောလိုက်သည်။

"သူဋေး ကျွန်တော် စုစုပေါင်း သင်္ဘောကြီး ၁၂ စီးကို ရွေးထားပြီးပြီ အားလုံးက တန်ချိန် ၁ သိန်းအထက်တွေဖြစ်ပြီး စုစုပေါင်း တန်ချိန် ၂.၂ သန်းကျော်ပါတယ်...."

"ဪ ဘယ်သင်္ဘောတွေလဲဆိုတာ ငါ့ကိုပြ.."

လျူယောင် စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

ကျိုးယန် က အချက်အလက်များကို ကြိုတင်စီစဥ်ထားပြီးပြီဖြစ်လို့ သင်္ဘောတစ်စီးချင်းစီရဲ့ အသေးစိတ် အချက်အလက်များနဲ့ ရောင်စုံ ဓာတ်ပုံ များကို ပေးလိုက်သည်။

အဲ့ထဲတွင် သင်္ဘော ရဲ့ သယ်ဆောင် နိုင်တဲ့ တန်ချိန်၊ အကြီးဆုံး အရွယ်အစား၊ ဘယ် အချိန် ဘယ်နေရာတွင် တည်ဆောက်ခဲ့ပြီး၊ စုစုပေါင်း ခရီးစဉ် ဘယ်လောက် ရှိနေပြီလဲ ဆိုတဲ့ အချက်များ ပါဝင်ပေသည်။

လျူယောင် ထိုစာရွက်စာတမ်းများကို လက်ခံရရှိပြီးနောက် အလေးအနက်ထားကာ ဖတ်ရင်းနဲ့ကျေနပ်စွာ ခေါင်းညိတ်နေသည်။

ကျိုးယန်က သင်္ဘောကောင်းများကို ရွေးချယ်ထားခြင်းဖြစ်သည်။

ဒီသင်္ဘောအားလုံးက သင်္ဘောကြီး များဖြစ်ပြီး ဆောက်လုပ်တဲ့ကာလမှာလည်း ၁၀ နှစ်အောက်သာ ရှိသေးသည်။ အများစုမှာ ၅ နှစ်အတွင်း တည်ဆောက် ထားတဲ့ သင်္ဘောများဖြစ်ပြီး စုစုပေါင်း ၁၂ စီးအနက် ၇ စီးမှာ လွန်ခဲ့တဲ့ ၅ နှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

“ ကောင်းတယ်…ကောင်းတယ်…”

လျူယောင် ကောင်းတယ်လို့ နှစ်ကြိမ် ပြောလိုက်ပြီး ဒီသင်္ဘောကြီး 12 စီးကို သူအလွန်ကျေနပ်ခဲ့ကြောင်း ပြသနေသည်။

ထို ၁၂ စီးထဲတွင် ပင်လယ်ကူး ရေနံတင်သ င်္ဘောကြီး ၇ စီး ပါဝင်သည်။

အကြီးဆုံးတစ်စီးမှာရေနံစိမ်းစည်ပေါင်း ၁.၅ သန်းကျော် သယ်ဆောင်နိုင်ပြီး ဆောက်လုပ် တဲ့ကာလမှာလည်း ၃ နှစ်ပင် မကျော် သေးတာကြောင့် သင်္ဘောအသစ်လို့ ပြောလို့ရသည်။

ကွန်တိန်နာအစုံတင်သင်္ဘော ၃ စီးလည်း ပါဝင်ပြီး အကြီးဆုံးတစ်စီးမှာ စံကွန်တိန်နာ ၁၃,၀၀၀ တင်နိုင်သည်။

ကျန် နှစ်စီးမှာ သံရိုင်းအစုံတင် သင်္ဘောတစ် စီး နှင့် ကျောက်မီးသွေး အစုံတင်သင်္ဘော တစ်စီး ဖြစ်ပြီး နှစ်စီးစလုံးက တန်ချိန် ၁ သိန်းနှင့်အထက် သင်္ဘောကြီးများဖြစ်သည်။

"လော့မောင်ယွမ် တောင်းတဲ့ ဈေးနှုန်းက မများပါဘူး... ဒီသင်္ဘော တွေကို ပုံမှန် ပေါက်ဈေးထက် ၁၀% လောက် လျှော့ပြီး ဝယ်နိုင်မယ်လို့ ကျွန်တော် တွက်ထား ပါတယ်...."

ကျိုးယန် ရှင်းပြ လိုက်သည်။

ဒီအချက်ကို လျှော့မတွက်သင့်ချေ။

ဒီ သင်္ဘော 12 စီး ရဲ့စုစုပေါင်းတန်ဖိုးမှာ ယွမ်ငွေ ဘီလီယံချီရှိကာ ပုံမှန်ပေါက် ဈေးထက် ယွမ်သန်းပေါင်းများစွာ သက်သာတာမို့ ငွေများ အလကားရသလို ဖြစ်နေသည်။

အဓိကအချက်မှာ ဒီသင်္ဘောများက Universal ရေကြောင်းပို့ဆောင်ရေးအဖွဲ့ရဲ့ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်တဲ့အပြင် အဖွဲ့ရဲ့ သယ်ယူပို့ဆောင်ရေးအဆင့်အတန်းကို လျင်မြန်စွာ ချဲ့ထွင်နိုင်ကာ တန်ချိန် ၁၀ သန်း ရှိတဲ့ ပင်လယ်ကူးရေကြောင်းအဖွဲ့ အဆင့်ကို ဝင်ရောက်နိုင်ခြင်းပင် ဖြစ်သည်။

တန်ချိန် ၁၀ သန်းက ကန့်သတ်ချက်တစ်ခု ဖြစ်သည်။

ထို ကန့်သတ်ချက် အောက်တွင် ဒါကို ပင်လယ်ကူး သယ်ယူပို့ ဆောင်ရေး ကုမ္ပဏီကြီးအဖြစ် သတ်မှတ် လို့ မရသေးပေ။ ဒီကန့်သတ်ချက်ကို ကျော်လွန်သွားမှသာ စစ်မှန်တဲ့ သယ်ယူပို့ ဆောင်ရေးကုမ္ပဏီကြီး ဖြစ်လာမှာ ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် တန်ချိန် ၁၀ သန်းကျော် သယ်ယူပို့ဆောင်ရေးစွမ်းရည်ရှိတဲ့ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီ ၁၀ ခုပင် မရှိပေ။

လျူယောင် ပျော်ရွှင်စွာနဲ့ ပြောလိုက်သည်။

"ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့ မင်းပဲ ကုမ္ပဏီကိုယ်စားပြုပြီး လော့မောင်ယွမ်နဲ့ ကောင်းကောင်း ပြောဆိုလိုက်ပါ...."

"ကိစ္စမရှိပါဘူး သူဋေး လော့မောင်ယွမ်က သူ့သင်္ဘောတွေကို ရောင်းချင်နေတာ ကျွန်တော်မြင်တယ်...ကျွန်တော်တို့လို ဖောက်သည်မျိုးက သူ့ဆီကနေ သင်္ဘောအများကြီး တစ်ပြိုင်နက်တည်း ဝယ်ပေးနိုင်ရင် ဈေးနည်းနည်း လျှော့ပေးရလည်း ရောင်းမှာပါ..."

"သူဌေး ဒီ ၁၂ စီးအပြင် သူတို့မှာ သင်္ဘော ကောင်းလေးတွေ အနည်းငယ်လည်း ရှိပါသေးတယ်...ဒါပေမယ့် သူတို့က ပြည်တွင်းဆိပ်ကမ်းမှာ မဟုတ်ပါဘူး... အဲဒါတွေကိုပါ ဝယ်ဖို့ ကျွန်တော်စဉ်းစား ထားပါတယ်...."

လျူယောင် လက်ကာပြပြီး ပြောလိုက် သည်။

"ဟုတ်ပြီ အဲဒီသင်္ဘောတွေက ကောင်းတယ် လို့ မင်း ထင်ရင် အားလုံးဝယ်လိုက်ပါ ငါ တို့က ပိုက်ဆံမရှားပါဘူး"

ဒါက ငွေကြေးချမ်းသာပြီး အင်အားကြီး မားတာပဲ ဖြစ်သည်။

သူ့တွင် အဲ့ဒီလောက် ယုံကြည်မှု့ ရှိသည်။

ကျိူးယန်က ပျော်ရွှင်စွာ ထွက်ခွာသွားပြီး လျူယောင်ကတော့ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ပြသနေသည်။ ဒီအရောင်း အဝယ်က တကယ် ကောင်းလှသည်။

...........

မကြာမှီ ....

"သခင် ကျွန်တော်ရောက်ပါပြီ...."

လိပ်ကြီး၏ အသံက လျူယောင့် စိတ်ထဲ တွင် ထွက်ပေါ်လာသည်။

တတိယအမြင်နဲ့ ကြည့်လိုက်အခါ လိပ်ကြီးက ပင်လယ်ကမ်းခြေဂိုဒေါင်နဲ့ မလှမ်းမကမ်းတွင်ရှိနေတာကို လျူယောင် တွေ့လိုက်ရသည်။

လိပ်ကြီးက ရေအနက် မီတာ ဆယ်ဂဏန်း ခန့်တွင် လက်နက်အသစ်ကို ရှာဖွေနေသည်။

လက်နက်အသစ်ရဲ့ တည်နေရာကို လျူယောင်က ချက်ချင်း မြင်လိုက်ရတာကြောင့် လိပ်ကြီးကို လမ်းညွှန်ကာ ပြောပြလိုက်သည်။

"မင်းရဲ့ အရှေ့ ညာဘက် မီတာ ၈၀၀ လောက်အကွာမှာ လက်နက်အသစ်ရှိတယ်"

လိပ်ကြီး အလျှင်အမြန် ကူးခတ်သွားပြီး လက်နက်အသစ်ကို လျင်မြန်စွာ ရှာဖွေကာ ချက်ချင်းပင် ဆုပ်ကိုင်လိုက်သည်။

"မင်းရဲ့လက်နက်အသစ်ကို ဒီနေရာမှာ မစမ်းသပ်ပါနဲ့ ဒီနေရာမှာ ရေက အရမ်းတိမ်တယ်... ပိုနက်တဲ့နေရာကိုသွား"

လျူယောင် သတိပေးလိုက်သည်။

လိပ်ကြီးက ကြီးမားလှတဲ့လှံကို ကိုင်ပြီး အဝေးကို လျင်မြန်စွာ ကူးခတ်သွားသည်။ တစ်ချက်တည်း ရေမိုင်ရာနဲ့ချီ ကူးခတ် လိုက်ပြီး ထိုနေရာမှ ရေအနက်မှာ မီတာရာနဲ့ ချီ နက်တာကြောင့် လုံလောက်ပြီ ဖြစ်သည်။

လိပ်ကြီး လက်နက်အသစ်ကို ကိုင်ကာ ပျော်ရွှင်စွာ စတင် ကစားတော့သည်။

သူက ဒီလို ကစားရတာကို ဘယ်တော့မှ မငြီးငွေ့သလိုဖြစ်နေပြီး ဆယ်မိနစ် ကျော်ကြာ ကစားပြီးမှ ရပ်တန့်သွားသည်။

"သခင် ဒီလက်နက်က အသုံးဝင်တယ် ဒါနဲ့ဆို အဲဒီ မီတာ ၁၀၀ ရှိတဲ့ မိကျောင်း ကြီးကို သတ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်..."

လျူယောင် ပြုံးကာ ပြန်ဖြေလိုက်သည်။

"ကောင်းပြီ အဲဒီ့ မီတာ ၁၀၀ ရှိတဲ့ မိ ကျောင်းကြီး သတင်းရတာနဲ့ တည်နေရာ ကို ပြောပြမယ်"

လိပ်ကြီးက ယခုအခါ တန်ချိန် ၅၀၀ နီးပါးရှိနေပြီး လက်ထဲတွင်လည်း တန်ချိန် ၂၄၀ ကျော် လက်နက် ကိုင်ထားတာကြောင့် ဒီမီတာ ၁၀၀ ရှိတဲ့ မိကျောင်းကြီးနဲ့ ရင်ဆိုင် တိုက်ခိုက်နိုင်ပြီလို့ ခန့်မှန်းရသည်။

လိပ်ကြီး လက်နက်အသစ်ကို ကိုင်ကာ ပျော်ရွှင်စွာ ထွက်ခွာသွားပြီး တုံဂါ ရေနက်ပိုင်း အနီးမှ ယာယီ ဂူ နေရာသို့ ပြန်လာခဲ့ သည်။

ရက်ပေါင်းများစွာကြာအောင် ထိုမိကျောင်းနှစ်ကောင်ရဲ့ သတင်းများ လုံးဝမရ ရှိတော့ပေ။ဒါက လေထဲတွင် ပျောက်ကွယ်သွားသလို ဖြစ်နေသည်။

"သူတို့ ဘယ်မှာရှိနေကြတာလဲ ..."

တကယ်တော့ သူတို့က ဖတ်စ်ကုမ္ပဏီရဲ့ လျှို့ဝှက်စခန်းမှ မြေအောက်ခန်းမကြီးထဲမှာ လဲလျောင်းနေကြခြင်း ဖြစ်သည်။

မိကျောင်းကြီး နှစ်ကောင်က ဒီကာ လအတွင်း ကုသမှု့ ခံယူပြီးနောက် ပုံမှန် အားဖြင့် ပြန်လည် ကောင်းမွန်လာကြသည်။ ရက်မ်စကော့က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"နံပါတ် ၁ နဲ့ နံပါတ် ၂ နှစ်ကောင်စလုံးကို လွှတ်ပေးလိုက် သူတို့ရဲ့ တည်နေရာကို အနီးကပ်စောင့်ကြည့်ပြီး အချက် အလက် တွေ ပြန်ပို့ပေး..."

တစ်စုံတစ်ဦးက ဝင်ပြောလိုက်သည်။

"သူဋေး သူတို့နှစ်ကောင်စလုံးကို တစ်ချိန် တည်း လွှတ်ပေးဖို့ ပြောတာလား...."

ရက်မ်စကော့ ခေါင်းညိတ်ကာ ပြန်ဖြေ လိုက်သည်။

" ဟုတ်တယ်..."

"တစ်ချိန်တည်း လွှတ်ပေးလိုက်... သူတို့ကို အခု အဖွဲ့လိုက်သွားခိုင်းပြီး... တစ်ကောင် နဲ့တစ်ကောင် အကွာအဝေးကို ...ရေမိုင် ၁၀ မိုင် မကွာစေနဲ့..."

သူတို့ အချင်းချင်း သိပ်မဝေးတာကြောင့် ပြဿနာ တစ်ခုခုဖြစ်ရင် တစ်ကောင် ကိုတစ်ကောင် အကူအညီ ပေးနိုင်လိမ့်မည်။

ပြီးခဲ့တဲ့ အကြိမ်ကသူတို့အားလုံး ဒဏ်ရာများနဲ့ ပြန်လာခဲ့ကြသည်။

အထူးသဖြင့် ခန္ဓာကိုယ်ပေါ်မှ ထက်ရှ တဲ့လက်နက်ဒဏ်ရာများက လက်နက် တစ်ခုတည်းကြောင့် ဖြစ်ရတာလို့ ထင်ရသည်။ သူတို့က ဒါကို နိုင်ငံကြီး တစ်နိုင်ငံရဲ့လျှို့ဝှက်လက်နက်တစ်ခုလို့သာ ခန့်မှန်းခဲ့ကြသည်။

ပင်လယ်ထဲတွင် လက်နက် ကိုင် ဆောင်ထားပြီး ကြီးမားတဲ့ လိပ် တစ်ကော င်ရှိတယ်လို့ပြောရင် သူတို့ကိုသူတို သေတဲ့အထိ ရိုက်ပြောလည်း ယုံမည် မဟုတ်ပေ။

မကြာမီ မိကျောင်းကြီးနှစ်ကောင်က မြေအောက်ခန်းမှ ထွက်ခွာလာပြီး ပင်လယ်ထဲသို့ ပြန်လည်ဝင်ရောက် သွားသည်။

ရက်မ်စကော့၏ ရုံးခန်းထဲက ကြီးမားတဲ့ မျက်နှာပြင်ပေါ်တွင် ကမ္ဘာ့မြေ ပုံတစ်ခု ရှိနေပြီး မြေပုံပေါ်မှ အစက်များမှာ မိကျောင်းကြီးနှစ်ကောင်ရဲ့ တည်နေရာများ ဖြစ်ပေသည်။

......

တောင်အမေရိကမှ ယန် နိုင်ငံကို သွားတဲ့ ရေလမ်းကြောင်းပေါ်တွင် သင်္ဘော ကြီး တစ်စင်းမှာ ရေကြောင်းခရီးသွား လာနေပြီး အရည်အသွေးမြင့် သံရိုင်း တန်ချိန် ၂ သိန်းကျော်ကို တင်ဆောင် ထားသည်။

အဲ့တာက Universal ရေကြောင်း ပို့ဆောင် ရေးအဖွဲ့ရဲ့ “ဆုတောင်း” အစုံတင် သင်္ဘောဖြစ်သည်။

သင်္ဘောမှာ လွန်ခဲ့သောလ အနည်းငယ်က ဝယ်ခဲ့တဲ့ သင်္ဘောအသစ်တစ်စီးဖြစ်ပြီး တောင်အမေရိကကို သံရိုင်းသယ်ယူရန် ပထမဆုံးအကြိမ် ခရီးထွက်လာခြင်း ဖြစ်သည်။

ကပ္ပတိန် စွန်ကျိုးက မှန်ဘီလူးဖြင့် ကျယ်ပြန့်တဲ့ ပင်လယ်ပြင်ကို ကြည့်ရင်း စိတ်ထဲကနေ တွေးလိုက်သည်။

"ဒီနေ့ ရာသီဥတုက တကယ်ကောင်းတယ်.. မနေ့က မိုးကြီးခဲ့ပြီး ဒီနေ့တော့ တိမ်တောင် တစ်စမျှ မရှိဘူး ..ကောင်းကင်ကလည်း ပြာလဲ့နေတာပဲ..."

သူ့ဘေးနားမှ ပထမအရာရှိ ကျန်းပော့ ထောင်က ပြောလိုက်သည်။

"လူအိုကြီးစွန် ကျွန်တော်တို့ရဲ့ ခရီးစဉ် သုံးပုံနှစ်ပုံလောက် ကျော်လွန်လာပြီ နောက်တစ်ပတ်လောက်ဆို ဆိပ်ကမ်းကို ရောက်တော့မယ်...."

"ဟုတ်တယ် လူတိုင်းလည်း ပင်ပန်း နေကြတယ်...အသွားအပြန် ရေမိုင် ၂ သောင်းကျော်ကို တစ်လကျော်ကြာခဲ့ပြီး လူတိုင်းက အိမ်ကို လွမ်းနေကြပြီ.... "

ဒီခရီးမှ ပြန်လာပြီးနောက် ဆယ်ရက် ဒါမှမဟုတ် တစ်လလောက် အနားယူ နိုင်တာ​ကြောင့် ကပ္ပတိန်စွန်ကျိုးက အမြန်ရောက်ချင်နေခဲ့သည်။

ဒါပေမဲ့ မကြာမီတွင် သူ့မျက်နှာက အနည်း ငယ် ပြောင်းလဲသွားသည်။ ပင်လယ် ပြင်ပေါ်တွင် ဧရာမ ဝေလငါးကြီးတစ်ကောင် ရေပေါ် တက်လာသလိုမျိုး အမည်းရောင် အရိပ်တစ်ခုကို သူမြင်လိုက်ရသည်။ဒီဟာက ဝေလငါးနဲ့လည်း လုံးဝမတူချေ။

မှန်ဘီလူးကို အလျင်အမြန် ချိန်ညှိလိုက်ပြီး ကပ္ပတိန်စွန်ကျိုး ကြည့်လိုက်ရာ ထိုဟာ ကြီးကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

ဒါက ဝေလငါး မဟုတ်ဘဲ ဧရာမ မိကျောင်း ကြီးတစ်ကောင် ဖြစ်နေသည်။

All Chapters