← Chapters

မင်း .. နှစ်ကောင်လုံး သတ်ပစ် လိုက်

Vol. 18 Ch. 270

မင်း .. နှစ်ကောင်လုံး သတ်ပစ် လိုက်

Vol. 18 Ch. 270

“လခွမ်း ဒါက မိကျောင်းကြီးလား....."

“ဒီလောက်ကြီးတဲ့ မိကျောင်းကြီး..."

ကပ္ပတိန်စွန်ကျိုး အံ့ဩသွားပြီး အနီးကပ် ထပ်ကြည့်လိုက်သည်။ ဒါဟာ အမှန်တကယ် ပဲ ဧရာမမိကျောင်းကြီးတစ်ကောင်ဖြစ်ပြီး အမြင်အားဖြင့် အလျား မီတာ ၇၀ လောက် ရှိမယ်လို့ ခန့်မှန်းမိသည်။

သူ့ဘေးနားမှ ပထမအရာရှိ ကျန်းပော့ ထောင်က တစ်ခုခု သတိထားမိပုံရပြီး မေးလိုက်သည်။

“လူအိုကြီးစွန် ဘာဖြစ်တာလဲ...”

“နှစ်နာရီဘက်ကို ကြည့်လိုက် မီတာ ၆၀၀ လောက်အကွာက ပင်လယ်ရေပြင်ပေါ်မှာ ဧရာမမိကျောင်းကြီးတစ်ကောင် ရှိတယ်.... ”

မှန်ဘီလူးကိုယူလိုက်ပြီး ကျန်းပော့ထောင်က စိတ်ထဲကနေ တွေးလိုက်သည်။

"ပင်လယ်ထဲမှာ မိကျောင်း တစ်ကောင်ပေ ါ်လာတာက ဘာများထူးဆန်းနေလို့လဲ... အရွယ်အစား နည်းနည်းကြီးတဲ့ ရေငန်မိကျောင်းဖြစ်နေရင်တောင် ဘာမှမဖြစ်ပါဘူး... "

ဒီလိုတွေးရင်း မှန်ဘီလူးကိုကောက်ယူပြီး ကြည့်လိုက်ရာ မကြာခင်မှာပဲ သူ့မျက်နှာက ထိတ်လန့်သွားပြီး ပါးစပ်ကြီး ဟောင်း လောင်းပွင့်နေသည်။

" ဘုရားရေ..."

" ဒီကမ္ဘာကြီးက ဘာဖြစ်နေတာလဲ... ဒီလောက်ကြီးတဲ့ မိကျောင်းတစ်ကောင် ဘယ်လိုရှိနိုင်တာလဲ...ဒီကောင်ကြီးက အနည်းဆုံး အလျား မီတာ ခုနစ်ဆယ် လောက်ရှိနေတယ်..."

“လူအိုကြီးစွန် ကျွန်တော်တို့ ရှောင်မှ ရမယ် ...”

ကပ္ပတိန်စွန်ကျိုးက ခေါင်းညိတ်ပြီး လက်ဝှေ့ယမ်းကာ အသံကျယ်ကျယ်နဲ့ အမိန့်ပေးလိုက်သည်။

“ဦးတည်ရာကိုပြောင်းမယ်... အရှိန်မြှင့်လိုက် ”

သင်္ဘောကြီးက ရှေ့နှစ်နာရီဘက်ကနေ ဧရာမမိကျောင်းကြီးကို ရှောင်ဖို့ ကွေ့သွားလိုက်သည်။

သူ့သင်္ဘောက အေးဆေးတည်ငြိမ်စွာ ကွေ့သွားပြီး မိကျောင်းကြီးနဲ့ လည်း ပိုဝေးသွားတာကို မြင်တော့ ကပ္ပတိန် စွန်ကျိုး တိတ်တိတ်လေး သက်ပြင်း ချလိုက်သည်။

အဝေးမှာရှိတဲ့ မိကျောင်းက ပင်လယ်ပြင် ပေါ်မှာ နေပူဆာလှုံနေပုံရပြီး သူတို့ နောက်ကလိုက်ဖို့ စိတ်ကူးမရှိပေ။ သူ့နဖူးက ချွေးစေးတွေကို ကပ္ပတိန်စွန်ကျိုး တိတ်တိတ်လေး သုတ်လိုက်သည်။

တခြားသူတွေ မသိပေမယ့် ကပ္ပတိန် စွန်ကျိုးကတော့ သိနေသည်။ မကြာသေးခင် ရိီရှိန်းရေကြောင်းပို့ဆောင်ရေးအဖွဲ့ မှ သင်္ဘောကြီးတစ်စင်း နစ်မြုပ်သွားတာ ဟာ အလျား မီတာ ၁၀၀ ရှိတဲ့ ဧရာမမိကျောင်း ကြီးရဲ့ တိုက်ခိုက်တာကို ခံရတယ်လို့ ပြောကြသည်။

ရင်ထဲမှာ ကျန်နေသေးတဲ့ ကြောက်ရွံ့ မှု့တွေနဲ့အတူ ကပ္ပတိန်စွန်ကျိုး စိတ်ထဲကနေ တွေးလိုက်သည်။

"ဒီမီတာ ၇၀ ရှည်တဲ့ မိကျောင်းကြီးအပြင် မီတာ ၁၀၀ ရှည်တဲ့ မိကျောင်းကြီးလည်း ရှိနေနိုင်တယ်... "

ဒါက ကောင်းတဲ့နိမိတ်မဟုတ်ပေ။ အခု မီတာ ၇၀ ရှည်တဲ့ ဧရာမမိကျောင်းကြီး ပေါ်လာပြီဆိုတော့ မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျောင်းကြီးလည်း ဒီနေရာအ နီးနာမှာ ရှိနိုင်လောက်မည်။

ကပ္ပတိန်စွန်ကျိုး ပေါ့ဆရဲ့ခြင်း မရှိပဲ ချက်ချင်း ဂြိုလ်တုဖုန်းကိုယူပြီး ကုမ္ပဏီကို အကြောင်းကြားလိုက်သည်။

Universal ရုံးခန်းထဲမှာတော့ လျူယောင်က သူဋေး ကုလားထိုင်ပေါ်မှာထိုင်ပြီး ကွန်ပျူတာ ပေါ်မှ သတင်းတွေကို ဖတ်နေသည်။ မိကျောင်းကြီး နှစ်ကော င်နဲ့ပတ်သက်တဲ့ သတင်းတွ ရှိမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှာနေတာပဲ ဖြစ်သည်။

ဒီလောက်ရက်တွေ အများကြီး ကုန်လွန်ခဲ့ပေမယ့် မိကျောင်းကြီးနဲ့ သက်ဆိုင်တဲ့ ဘာသတင်းမှ မရှိခဲ့ပေ။

လျူယောင် စိတ်ထဲကနေ နည်းနည်းလေး ရူပ်ထွေးနေသည်။

"ဒီမိကျောင်းကြီးနှစ်ကောင်က ဘာကြော င့်ရုတ်တရက် ပျောက်ကွယ်သွားတာလဲ .."

"ဒေါက် ဒေါက် ဒေါက်..."

ထိုအချိန် တံခါးခေါက်သံ ထွက်ပေါ်လာပြီး ဟူဂျွန်းရှီက တံခါးကိုတွန်းဖွင့်ကာ အလေးအနက်ထားတဲ့ မျက်နှာနဲ့ ဝင်လာပြီး ပြောလိုက်သည်။

“အကိုယောင် အခြေအနေမကောင်းဘူး”

“အိုး ..”

လျူယောင် ချက်ချင်းပဲ တည်ကြည်တဲ့ မျက်နှာထားနဲ့ မေးလိုက်သည်။

“ဘာဖြစ်တာလဲ...”

“ခုနက ကျွန်တော်တို့ ‘ဆုတောင်း’ သင်္ဘောရဲ့ ကပ္ပတိန် စွန်ကျိုးဆီက ဖုန်းဝင်လာတယ်... သူတို့က အနောက်ပစိဖိတ်ရေပြင်မှာ ဧရာမမိကျောင်းကြီးတစ်ကောင်ကို တွေ့ ခဲ့ကြတယ်တဲ့.... "

ဟူဂျွန်းရှီက အခြေအနေကို အကျဉ်း ချုပ်ပြောပြခဲ့ပြီး သူ့စကားလုံးတွေထဲမှာ စိုးရိမ်ပူပန်မှု့ အပြည့်ပါနေသည်။

သူ မကြာသေးခင်က ရီရှန်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ရဲ့ သင်္ဘောတစ်စင်း ပစိဖိတ်သမုဒ္ဒရာထဲမှာ နစ်မြုပ်သွားပြီး သင်္ဘောသား ၃၀ ကျော် ပင်လယ်အောက်မှာ မြှုပ်နှံခံရတဲ့ အကြောင်းကို ကောင်းကောင်း သိထားတာကြောင့် ဖြစ်သည်။

အဲဒီ့သင်္ဘောနစ်မြုပ်ရတာက ရာသီ ဥတုဆိုးရွားလို့မဟုတ်ဘဲ အလျား မီတာ ၁၀၀ ရှိတဲ့ ဧရာမမိကျောင်းကြီးရဲ့ တိုက်ခိုက်တာကို ခံရလို့ဖြစ် နေသည်။ သင်္ဘောကိုယ်ထည်တွင် အပေါက်ကြီး တစ်ပေါက်ဖြစ်သွားပြီး ပင်လယ် ကြမ်းပြင်အောက်ကို နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

ဟူဂျွန်းရှီက အခု “ဆုတောင်း” သင်္ဘော အတွက် အရမ်းစိုးရိမ် ပူပန်နေသည်။ မိကျောင်းကြီးတွေသာ တိုက်ခိုက်ခဲ့ရင် သင်္ဘောသားတွေအတွက် အသက် အန္တရယ် ရှိနိုင်သည်လေ။

“ဘာ...”

“ဆုတောင်း” ကုန်တင်သင်္ဘောက ပင်လယ် ပြင်ပေါ်မှာ ဧရာမ မိကျောင်း ကြီးတစ်ကောင် ကို တွေ့ခဲ့တာလား...."

"ဟား ကောင်းလိုက်တာ ရှာနေတုန်းက မတွေ့ပဲ အခုမှ လာတွေ့နေတာ.... "

လိပ်ကြီး သူတို့ကို ကြိုးစား ရှာနေခဲ့ပြီး တစ်နေရာရာမှာ ပုန်းနေပြီလို့ ထင်ခဲ့ပေမယ့် သူတို့က အခု ပြန်ပေါ်လာခဲ့သည်။

လျူယောင် အနည်းငယ် စိတ်လှုပ်ရှားသွား ပြီး ဟူဂျွန်းရှီကို နှစ်သိမ့်လိုက်သည်။

“ ဂျွန်ဇီ အရမ်းစိုးရိမ်မနေပါနဲ့ ငါ တို့ ‘ဆုတောင်း’ သင်္ဘောက ဒီလောက် ကံမဆိုးနိုင်ပါဘူး...ဒီကိစ္စကို ငါ ဖြေရှင်းပေးမယ်....”

လျူယောင်ပြောတာကို ကြားတော့ ဟူဂျွန်းရှီ စိတ်သက်သာရာ အများကြီးရသွားသည်။

“အကိုယောင်ဖြေရှင်းပေးရင် ပြဿနာမ ရှိနိုင်ပါဘူး....”

စိတ်ထဲက တွေးလိုက်ပြီး သူ စိတ်အေး ချမ်းသာစွာနဲ့ ထွက်လာခဲ့ သည်။

ဟူဂျွန်းရှီ ထွက်သွားတာကို ကြည့်ပြီးနောက် လျူယောင်က အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို ဖွင့်လိုက်ပြီး ပထမဦးစွာ လိပ်ကြီးရဲ့ အချက်အလက်တွေကို ကြည့်လိုက်သည်။

အခု လိပ်ကြီးရဲ့အလေးချိန်က တန်ချိန် ၅၀၇ တန်ရှိနေပြီး တန်ချိန် ၅၀၀ ကျော်သွားကာ ယခင်ကထက် သိသိသာသာ ပိုကြီး မားသည်။

အမျိုးမျိုးသော စွမ်းရည်တွေကလည်း သင့်လျော်စွာ တိုးတက်လာခဲ့သည်။ ဥပမာ ခွန်အား စွမ်းရည် အမှတ်က ၃၀,၀၀၀ ကို ကျော်လွန်သွားပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု့နဲ့ သွက်လက်မှု့တို့ကလည်း အမှတ် ၃၀,၀၀၀ နီးပါးရှိနေသည်။

လူကြီးတစ်ဦးရဲ့ ခွန်အား မှာ စွမ်းရည် အမှတ် ၃၀ ကနေ ၅၀ လောက်ပဲရှိပြီး လိပ်ကြီးရဲ့လက်ရှိ ခွန်အား စွမ်းရည် အမှတ်က ၃၀,၀၀၀ ကျော်ရှိတာကြောင့် လူကြီး အယောက် ၁,၀၀၀ ရဲ့ ခွန်အားနဲ့ ညီမျှတယ်လို့ ယူဆနိုင်သည်။

ဒီလောက်ကြီးမားတဲ့ ခွန်အား၊ တန်ချိန် ၂၄၀ ကျော်ရှိတဲ့ ဧရာမလှံ၊ အရှိန်ပြင်းပြင်း ပြေးနို င်မှု့ တို့နဲ့အတူ ဒီမိကျောင်းကြီးတွေကို ဘယ်လိုမျိုး ထိခိုက်စေနိုင်မှု့တွေ ရှိလာမလဲ ဆိုတာ လျူယောင် သိချင်ခဲ့သည်။

လျူယောင် နည်းနည်းလေး နောင်တ ရစရာတစ်ခုရှိတာက လိပ်ကြီးရဲ့ အလေး ချိန်က တန်ချိန် ၅၀၀ ကို ရောက်ပြီးနောက် ပါးစပ်ကျယ် ဧရာမငါးကို စားခြင်းရဲ့ အကျိုးသက်ရောက်က သိသိသာသာ ကျဆင်းသွားတာပဲ ဖြစ်သည်။

လိပ်ကြီးက အရင်လို့ တစ်နေ့ တန်ချိန် ဆယ်ဂဏန်း၊ နှစ်ဆယ်ဂဏန်း တိုးတာမျိုး မရှိတော့ဘဲ တစ်နေ့ကို တန်ချိန် နှစ်တန်၊ သုံးတန်လောက်ပဲ တိုးတော့သည်။

ပြီးခဲ့တဲ့ သုံးရက်အကြာတွင် လိပ်ကြီး အလေးချိန်က တန်ချိန် ၅၀၀ ကို ရောက်လာခဲ့ပြီး သုံးရက်ကြာပြီးနောက် လက်ရှိအလေးချိန်က တန်ချိန် ၅၀၇ တန်ရှိတာကြောင့် ၇ တန်ပဲ တိုးလာခဲ့သည်။

" အနည်းဆုံးတော့ လိပ်ကြီးဆက်ပြီး ကြီးထွားနေတာပဲလေ တစ်နေ့ကို နှစ်တန်၊ သုံးတန်တိုးတာကလည်း မဆိုးပါဘူး "

လျူယောင် ဖြေသိမ့်ကာ တွေးလိုက် မိသည်။

“လိပ်ကြီးရေ အလုပ်တစ်ခုရှိတယ် မင်းဘယ်မှာလဲ ....”

အလုပ်တစ်ခုရှိတယ်လို့ကြားတော့ လိပ်ကြီး က ချက်ခြင်း ပြန်ဖြေလိုက်သည်။

“သခင်ရေ ကျွန်တော် တုံဂါရေနက်ပိုင်း အနီးကနေ ပြီးခဲ့တဲ့ နှစ်ရက် လောက်က တည်းက ထွက်လာခဲ့တာ ပါ....ဒီနှစ်ရက် အတွင်း လမ်းတစ်ဝက်မှာ နားလိုက်၊ သွားလိုက်လုပ်ခဲ့ပြီး ရေမိုင်ထောင်ပေ ါင်းများစွာ ကူးခတ်ခဲ့ရာကနေ အခု အနောက်ပစိဖိတ်မှာ ရောက်နေပါတယ်....”

ပါးစပ်ကျယ်ဧရာမငါးကို ဆက်စားတာက အကျိုးသက်ရောက်မှု သိပ်မရှိတော့တဲ့ အတွက် လိပ်ကြီးက တုံဂါ ရေနက်ပိုင်းထဲမှာ အဲ့ဒီ့ငါးကြီးမျိုးကို ရှာဖို့ ယာယီ အစီအစဉ် မရှိသေးပေ။

လိပ်ကြီးက အနောက်ပစိဖိတ်သမုဒ္ဒရာမှာ ရှိနေတယ်လို့ကြားတော့ လျူယောင်အံ့ အားသင့်သွားပြီး သူ့ ကို “ဆုတောင်း” သင်္ဘောရဲ့ တည်နေရာကို ချက်ချင်း ပြောပြလိုက်သည်။

“ငါ့ကောင်ကြီး ...ငါတို့ရဲ့ ‘ဆုတောင်း’ သင်္ဘောက အခက်အခဲလေးတစ်ခုနဲ့ ကြုံနေရတယ်... မင်း အမြန်ဆုံးသွားတွေ့ပြီး စောင့်ရှောက်ပေးပါအုံး ...အဲဒီမိကျောင်း ကြီးနှစ်ကောင်ကို တွေ့ရင်...မင်း နှစ်ကောင်စလုံးကို သတ်ပစ်လိုက် ....”

တန်ချိန် ၅၀၇ တန်ရှိတဲ့ လိပ်ကြီးရဲ့ စွမ်းရည် အမျိုးမျိုးက အမှတ် ၃၀,၀၀၀ ရှိနေပြီး တန်ချိန် ၂၄၀ ရှိတဲ့ လက်နက် အသစ် တို့နဲ့ဆိုရင် လိပ်ကြီးက ဒီမိကျောင်း ကြီး နှစ်ကောင်ကို အသေအချာ သတ် နိုင်လိမ့်မယ်လို့ လျူယောင် ယုံကြည်သည်။

“အိုကေဘာ သခင်...ကျွန်တော် အခု ချက်ချင်း သွားပါ့မယ်...အကွာအဝေးက ..သိပ် မဝေးတော့ တစ်နာရီကျော်လေးပဲ ကြာပါမယ် ”

လိပ်ကြီးက ပြန်ဖြေလိုက်သည်။

လိပ်ကြီး လက်နက်အသစ်ကို ကိုင်ပြီး ထွက်ခွာသွားတဲ့ အရှိန်က အလွန် လျင်မြန်နေကာ သူ့ရဲ့ ရေကူးနှုန်းက ရေမိုင် ၃၀၀ လောက်အထိ ရောက်လာခဲ့သည်။

တစ်နာရီခွဲတောင်မကြာပဲ လိပ်ကြီးက ပင်လယ်ပြင်ပေါ်မှာ ရွက်လွှင့်နေတဲ့ “ဆုတောင်း” ကုန်တင်သင်္ဘောကို တွေ့လိုက်ရသည်။

“ဆုတောင်း” သင်္ဘောက လိပ်ကြီးနဲ့ ရေမိုင် နှစ်မိုင်ကနေ သုံးမိုင်လောက်သာ ကွာဝေးပြီး သင်္ဘောကို ကာကွယ်ဖို့အတွက် မီတာ သုံးရာကနေ ငါးရာလောက်အကွာမှာ လိုက်ပါဖို့ လိပ်ကြီး ပြင်လိုက်သည်။

ရုတ်တရက် ဧရာမအရိပ် တစ်ခုကို လိပ်ကြီး တွေ့လိုက်ရသည်။ဒီအရိပ်ကြီးက သူ နဲ့ မီတာရာဂဏန်းသာ ကွာဝေးပေသည်။

All Chapters