← Chapters

အနက်ရိူင်းဆုံးနေရာ

Vol. 18 Ch. 260

အနက်ရိူင်းဆုံးနေရာ

Vol. 18 Ch. 260

ရမ်စကော့ အနည်းငယ် မကျေမနပ်ဖြစ်ကာ ဆူပူသံဖြင့် အော်လိုက်သည်။

"ဘာဖြစ်တာလဲ တံခါးတောင် ဘာလို့ မခေါက်တာလဲ...."

အိုဒင်က တံခါးခေါက်ရန် အချိန်မပေးနိုင်ဘဲ စိုးရိမ်စိတ်ဖြင့် ချက်ချင်းပင် သတင်း ပို့လိုက် သည် ။

"အကြီးအကဲ နံပါတ် ၂ က ပြန်ပို့တဲ့ အချက်အလက်တွေမှာ ထူးခြားတဲ့ အပြောင်းအလဲတွေ တွေ့ရလို့ပါ… ကြည့်ရှု ပေးပါဦးခင်ဗျား.."

"ဘာ..."

ရမ်စကော့ မျက်နှာက အနည်းငယ် ပြောင်း လဲ သွားပြီး သူ့စားပွဲပေါ်ရှိ ကွန်ပျူတာကို ချက်ချင်းဖွင့်လိုက်သည်။ အချက်အလ က်များအား ခဏတာစစ်ဆေးပြီးနောက်တွင် နံပါတ် ၂ ဧရာမမိကျောင်းရဲ့ အချက်အလ က်များကို တွေ့မြင်လိုက်ရသည်။

ရုတ်တရက် ရမ်စကော့၏ အမူအရာက ထပ်မံ ပြောင်းလဲသွားသည်။

အချက်အလက်များတွင် ထူးခြားတဲ့အ ရာများ ရှိနေတာက အမှန်ပင်ဖြစ်သည်။

"ဘာတွေဖြစ်ပျက်နေတာလဲ... နံပါတ် ၂ ဒဏ်ရာရရှိခဲ့တာကြောင့် အချက်အ လက် တွေ ပြောင်းလဲသွားတာလား ဒါမှမဟုတ် သူ့ခေါင်းထဲက ဇီဝချစ်ပ်မှာ ပြဿနာတစ်ခုခု ရှိနေတာလား..."

အချက်အလက်များကို ကြည့်ရင်း ရမ်စကော့ခေါင်း ရူပ်နေသည်။

ဘယ်နည်းနဲ့မဆို ဒါက သေးငယ်တဲ ပြဿနာ မဟုတ်ပေ။ဒီစီမံကိန်းအတွက် Fast ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ကျော် သုံးစွဲခဲ့ရပြီး စီမံကိန်းစတင်ခဲ့တာ ခုအချိန်အထိ ငါးနှစ်ကျော်ကြာမြင့်ခဲ့သည်။

ဒီစီမံကိန်းက လူ့စွမ်းအားနဲ့ ရုပ်ဝတ္ထုပ စ္စည်းများကို အကုန်အကျခံခြင်းမှာ သမုဒ္ဒရာကို လွှမ်းမိုးထားနိုင်မဲ့ မိကျောင်း ကြီးနှစ်ကောင်ကို မွေးမြူနိုင်ရန် အိပ်မက်ပဲ ဖြစ်သည်။

သူတို့က Fast ကုမ္ပဏီကို စိတ်ကူးပင် မယဉ်နိုင်တဲ့ ကြွယ်ဝချမ်းသာမှု့များကို ယူဆောင်ပေးနိုင်တာလို့ မျှော်လင့်ခဲ့တာပဲ ဖြစ်သည်။

ရမ်စကော့က သူ့စိတ်ထဲတွင် ထိုသို့ စဉ်း စားရင်း နံပါတ် ၂ ကို လျှို့ဝှက် အခြေစို က်စခန်းကိုပြန်လာရန် တိုက်ရိုက် အမိန့်ပေး လိုက်သည်။

ရမ်စကော့က အခြေစိုက်စခန်းရဲ့ အဓိကသိ ပ္ပံပညာရှင်များနဲ့ အစည်း အဝေးတစ်ခု လုပ်ရင်း အလုပ်ရူပ်နေခဲ့သည်။

……..

လိပ်ကြီးက ပိုဝေးတဲ့နေရာကို ကူးခတ်သွားခဲ့ ပြီး ယခုတော့ အဆုံးမဲ့ချောက်ဟု လူသိများ တဲ့ တုံဂါရေနက်ပိုင်းကို ရောက်ရှိလာခဲ့သည်။

ရှေ့ရေမိုင် ဆယ်ဂဏန်းလောက်တွင် တုံဂါရေနက်ပိုင်း ရှိနေသည်။

လိပ်ကြီး၏ စူးစမ်းလိုစိတ်က မခံမရပ် နိုင် အောင် ဖြစ်နေသည်။ မူလက ပင်လယ်ရေ အောက် မီတာ ဒါဇင်အနည်းငယ်သာ ကူးခတ်နေပေမဲ့ ယခုတော့ ပင်လယ် ကြမ်းပြင်ရဲ့ နက်ရှိုင်းတဲ့ နေရာကို ကူးခတ်နိုင်ပြီဖြစ်သည်။

နက်ရှိုင်းလာတာနှင့်အမျှ အလင်း ရောင်မှာချက်ချင်း မှိန်ဖျော့သွားသည်။ အနက်မီတာ ၁၅၀ ကျော်တွင် အလင်းက အလွန်မှိန်ဖျော့နေပြီဖြစ်သည်။

တန် ၃၀၀ နီးပါးရှိနေပြီဖြစ်တဲ့ လိပ်ကြီးက အောက်ဆုံးအနက်ကို ရေငုပ်ရန် စိတ်အားထက်သန်နေသည်။ အနီးတွင် အဆုံးမဲ့ချောက်လို့ လူသိများတဲ့ တုံဂါရေနက်ပိုင်းရှိနေခြင်းမှာ အခွင့်အရေး တစ်ခုဖြစ်နေသည်လေ။

လိပ်ကြီးက ပင်လယ်ကြမ်းပြင်ရဲ့ နက်ရှိုင်း တဲ့နေရာကို ကူးခတ် သွားစဉ်,တဖြည်းဖြည်း နှင့် ပတ်ဝန်းကျင်မှာ အလွန်နက်မှောင် လာ ကာ လက်ကိုပင် မမြင်ရတော့ပေ။

မီတာ ၅၀၀ ပတ်လည်ရှိ အာရုံခံနိုင်တဲ့ ဧရိ ယာ အတွင်းတွင် လိပ်ကြီးက စိတ်ဝင်စ ားဖွယ် ပင်လယ်နေ သတ္တဝါများစွာကို တွေ့ရှိခဲ့ ကာ အချို့မှာ အလွန်ထူးဆန်းပြီး အရုပ်ဆိုးကြသည်။

မီတာ ၂၀၀၀ ခန့်တွင် လိပ်ကြီးက ပင်လယ် အောက်ကြမ်းပြင်ကို ရောက်ရှိလာပြီး အနီးန ား ရှိ တုံဂါရေနက်ပိုင်းဆီကို ကူးခတ် သွား ရာ တဖြည်းဖြည်းနှင့် ပင်လယ်ကြမ်းပြင်ရဲ့ မြေမျက်နှာသွင်ပြင်မှာ အနည်းငယ် နိမ့်ဆင်းသွားသည်။

ရေမိုင် ၁၀ မိုင်ကျော်အကွာတွင် အောက် ဘက် ကို စောင်းနေတဲ့ ထောင့်ချိုးများ ပိုများနေကာ ရေမိုင် ၂ မိုင်မှ ၃ မိုင်အောက် တွင် တိုက်ရိုက် ဒေါင်လိုက် အောက်ကို ရှိနေပြီး အဆုံးမသိနိုင်သော ကြီးမားတဲ့ ရေနက်ပိုင်းကြီးက လိပ်ကြီး ရှေ့တွင် တည်ရှိနေသည်။

ဤသည်မှာ တုံဂါရေနက်ပိုင်းပင် ဖြစ်သည်။

ဒီရေနက်ပိုင်းတွင် နက်ရှိုင်းပြီး မှောင်မိုက် နေသည်။

'ငါ အထဲကို ဝင်ပြီး ကြည့်ရမလား"

သေချာတာက လိပ်ကြီး အလွန်ရဲ ရင့်လှ သည်။

စကားတစ်ခွန်းမျှမပြောဘဲ သူ့ရဲ့ဧရာမ လှံချွန်ကြီးကို ကိုင်ဆောင်ကာ ရေနက်ပိုင်း အတွင်း ကို ဖြည်းဖြည်းချင်း ကူးခတ်ဝင်ရေ ာက်သွားသည်။

သူ ဝင်ရောက်ပြီးနောက်တွင် အသစ်စ က်စက်ကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ခံစားလိုက်ရ သည်။ လိပ်ကြီး အာရုံခံနိုင် စွမ်း အတွင်းတွင် အရာအားလုံးက တဖြည်းဖြည်း တက်ကြွလာပြီး ပင်လယ်သ တ္တဝါ အမျိုးမျိုးကလည်း များပြားလာ သည်။

ပင်လယ်သတ္တဝါအချို့က အလွန်ထူးခြား ဆန်းပြားသည့်ပုံပေါက်နေပြီး သင်တစ်ခါမျှ မကြားဖူးလောက်ပေ။

" သခင်ရေ ကျွန်တော် တုံဂါရေနက်ပိုင်းထဲ ရောက်နေပြီဗျ..."

လိပ်ကြီးက သူ့ရဲ့အောင်မြင်မှု့ကို အလွန်ဝ မ်းမြောက်ဝမ်းသာ ဖြစ်နေသည့်အလား လျူယောင်ထံ သတင်းပို့လိုက်သည်။

လျူယောင် ချက်ချင်းပင် ပြင်ပအမြင်ကို ဖွင့်လိုက်ရာ လိပ်ကြီး ကိုမြင်ရပြီး ပတ်ပတ်လည်ရှိ မီတာ ၁၀၀၀ အကွာ အဝေးအတွင်းရှိ အရာအားလုံးကိုလည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

အဲ့တာက အောက်ခြေမရှိဘဲ ကျယ်ပြန့်တဲ့ ရေနက်ပိုင်းကြီးဖြစ်သည်။ မြင်ကွင်း အတွင်းတွင် ထူးဆန်းတဲ့ အ​ရာ များစွာ ရှိနေသည်။

လျူယောင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့် ရှုနေသလို ထူးဆန်းတဲ့အရာများစွာကို မြင်တွေ့လိုက်ရပြီး သူ့မျက်လုံးများကို ဖွင့်ပေးနေသလို ဖြစ်နေသည်။

"မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်အုံး ဒီနေရ ာမှာ ကြီးမားတဲ့သတ္တဝါတွေ ရှိနိုင်တယ်..."

လျူယောင် သတိပေးလိုက်သည်။

နောက်ဆုံးတွင် အိန္ဒိယသမုဒ္ဒရာရှိ အမည် မသိ ရေနက်ပိုင်းတွင် လိပ်ကြီးက ဧရာမအဖြူရောင် ထူဆန်းငါးဖြူနှင့် သရဲဆံပင်ငါးနဲ့ တန် ၃၀၀ ရှိတဲ့ ဧရာမမိကျောင်းကြီးတစ်ကောင်ကိုပင် တွေ့ခဲ့ဖူးသည်။

ဒီနေရာက အဆုံးမဲ့ချောက်ဟု လူသိများတဲ့ တုံဂါရေနက်ပိုင်းဖြစ်သည်။ အမြင့်ဆုံး ရေအနက်မီတာ ၁၀၀၀၀ ကျော်ရှိပြီး ယခင်က အမည်မသိချောက်နှင့် နှိုင်းယှဉ်လို့ မရပေ။

လိပ်ကြီးက တောင်းဆိုလိုက်သည်။

"ဟုတ် ကျွန်တော် ဂရုစိုက်ပါ့မယ် သခင်ရေ ကျွန်တော် ပိုပြီးနက်တဲ့နေရာကို သွားကြည့်တော့မယ်.."

"ကောင်းပြီ မင်း သွားကြည့်နိုင်တယ်"

လိပ်ကြီးက ပိုမိုနက်ရှိုင်းတဲ့နေရာကို ဆက်လ က်ကူးခတ်သွားပြီး မီတာ ၃၀၀၀ အနက် တွင် အရွယ်အစားအမျိုးမျိုးရှိကာ ထူး ဆန်းတဲ့ ပင်လယ်သတ္တဝါများ ပိုများပြား လာသည်။

သူ့ရဲ့ အာရုံခံနိုင်စွမ်း နယ်ပယ်အတွင်းတွင် ဧရာမသတ္တဝါကြီးအချို့ကိုလည်း တွေ့ရှိရသည်။ ၎င်းတို့က သရဲ ဆံပင်ဆံပင်ရေခူအနည်းငယ် ဖြစ်သည်။

အကြီးဆုံးမှာ အချင်း ၁၅ မီတာခန့်ရှိနိုင်ပြီး လက်တံများရဲ့အရှည်ကမီတာ ၂၀၀ နီးပါးရှိသည်။

ထိုအကောင်က ကြီးမားပေမဲ့ လိပ်ကြီးက လုံးဝမကြောက်ပေ။

လက်ရှိလိပ်ကြီးမှာ ယခင်က လိပ်ကြီး မဟုတ်တော့ပေ။ယခင် ရေခူနှင့် တိုက်ခိုက်နေစဉ်က တန် ၁၀၀ ကျော်သာ ရှိပေမဲ့ ယခု တန် ၃၀၀ နီးပါးအထိ ကြီးထွားလာခဲ့ပြီဖြစ်သည်။

လိပ်ကြီးက သူတို့ကို စိန်ခေါ်ရန်မရည်ရွယ်ဘဲ ဖြည်းဖြည်းချင်း ပိုမိုနက်ရှိုင်းတဲ့နေရာကို ဆက်လက်ကူးခတ်သွားသည်။

လိပ်ကြီးက မီတာ ၄၀၀၀ အနက်ကို ရောက်ရှိလာပြီး ပင်လယ်ရေဖိအားကို စတင်ခံစားလာရသည်။

တုံဂါရေနက်ပိုင်းအတွင်းသို့ လိပ်ကြီး ဝင်ရောက် ခြင်းရဲ့ ရည်ရွယ်ချက်မှာ သူ အနက် ဘယ်လောက်ကို ရောက်နိုင်မလဲ ဆိုတာ စမ်းသပ်ရန်ဖြစ်သည်။

ဖြည်းဖြည်းချင်း လိပ်ကြီး ရောက်လာတဲ့ အနက်က မီတာ ၄၅၀၀ ကျော်လွန်သွားပြီး ဆက်လက် အောက်ကို ဆင်းလာခဲ့သည်။ မီတာ ၅၀၀၀ အနက် နီးပါးတွင် လိပ်ကြီး ရပ်လိုက်ပြီး ဆက်မသွားရဲတော့ပေ။

ဒီအနက်တွင် ကြီးမားတဲ့ဖိအားကို ခံစား နေရပြီး လိပ်ကြီး ဆက်လက်၍ ခံနိုင်ရည် မရှိတော့ပေ။

ဒီအချိန်တွင် သူ ယခင်က တစ်ခါမှ မမြင် ဖူးတဲ့ ပင်လယ် သတ္တဝါကြီးတစ်ကောင်ကို တွေ့ရှိလိုက်ရသဖြင့် လိပ်ကြီး အံ့အားသင့် သွားခဲ့သည်။

All Chapters