← Chapters

ရဲရင့်သူသာ အနိုင်ရမည်

Vol. 18 Ch. 259

ရဲရင့်သူသာ အနိုင်ရမည်

Vol. 18 Ch. 259

လိပ်ကြီး အချိန်အတန်ကြာ ငြိမ်သက်ကာ တည်ငြိမ်စွာပင် ရင်ဆိုင်နေသည်။

ရိုးရိုးသားသားပြောရရင် သူ ဒီလို ကြီးမား တဲ့သတ္တဝါမျိုးနဲ့တစ်ခါမျှ မကြုံဖူးပေ။ သူ ကြုံဖူးတဲ့ အကြီးဆုံး ကောင်က ဧရာမ ခြေသည်းကြီးတစ်စုံနှင့် အလေးချိန် တန် ၃၀၀ ခန့်သာရှိသည်။

သို့သော် ယခု သူ့ ရှေ့မှာ ရှိတဲ့ ဧရာမမိ ကျောင်းကြီးက ယခင်ကြုံခဲ့တဲ့ ဧရာမ မိ ကျောင်းကြီးထက် နှစ်ဆကျော် ပိုမို ကြီးမားနေသည်။

အဓိကအချက်မှာ ဒီဧရာမမိကျောင်းကြီး ကအလွန်ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းနေခြင်းပင် ဖြစ်သည်။

ဒါ့ကြောင့် လျူယောင်က စစ်ဘုရင်တို့ရဲ့ တိုက်ပွဲကို အနှောင့်အယှက်ဖြစ်စေမှာ စိုးရိမ်ခဲ့သည်။

မိနစ်အတန်ကြာအထိ ရင်ဆိုင် နေပြီး နောက်တွင် ဧရာမမိကျောင်းကြီးက စတင်လှုပ်ရှားလာသည်။လိပ်ကြီးထံ ဖြည်းဖြည်းချင်း ကူးလာကာ အကွာ အဝေးကို တဖြည်းဖြည်းချင်း လျှော့ ချလာသည်။

သူ့ ရည်ရွယ်ချက်က ရှင်းနေသည် ။ ​လိပ်ကြီးအား ကိုက်နိုင်တဲ့ အကွာအဝေးအ တွင်း ရောက်အောင် ကြိုးစားနေခြင်း ဖြစ် သည်။

လိုအပ်တဲ့ အကွာအဝေးကိုရောက်တာနှင့် တစ်ပြိုင်နက် ဒီကောင်က လိပ်ကြီးအား လျှပ်စီးလို လျင်မြန်စွာ ကိုက်လိမ့်မည်။

လိပ်ကြီးကလည်း မမိုက်မဲပေ။ သူ ချက်ချင်းပင် တစ်ဖက်က ရည်ရွယ်ချက်ကို ရိပ်မိသွားကာ အာရုံစူးစိုက်ပြီး မိကျောင်း ကြီး တဖြည်းဖြည်းနီးကပ်လာတဲ့ အကွာအဝေးကို စောင့်ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် လိပ်ကြီး စတင် လှုပ်ရှားလိုက်သည်။

ဧရာမမိကျောင်းကြီးက လိပ်ကြီးရဲ့ တိုက်ခိုက်နိုင်တဲ့အကွာအဝေးအတွင်း လုံးဝရောက်ရှိနေပြီဖြစ်သည်။

ဒါဆို ဘာကြောင့် စောင့်နေဦးမည်နည်း။ ရန်သူကို အရင်တိုက်ခိုက်ခွင့်ပေးမဲ့အစား မိမိကပင် အရင်ဦးအောင် တိုက်ခိုက်ခြင်းက အကျိုးအရှိဆုံးဖြစ်သည်။လိပ်ကြီးက အရင် ဦးအောင် တိုက်ခိုက်လိုက်သည်။

သူ အလွန်လျင်မြန်စွာပင် ဧရာမ လှံချွန် ကြီးကို ဧရာမမိကျောင်းကြီးရဲ့ ဘေးဘက်ကို တိုက်ရိုက်ချိန်ပြီး ထိုးလိုက်သည်။

" ဗြုန်း..."

အလွန်မြန်တာကြောင့် ဧရာမမိကျောင်းကြီး ရဲ့ တုံ့ပြန်မှု့မှာ အကန့်အသတ်သာ ရှိသည်။ လှံချွန်က ဧရာမမိကျောင်းကြီးကို တိတိ ကျကျ ထိုးမိပြီး တိုးညှင်းတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး မိကျောင်းကြီးက လိပ်ကြီး ကျောခွံကို ပြင်းထန်စွာ ကိုက်ချလိုက်သည်။

အမြင့်ဆုံးကိုက်အားအောက်တွင် လိပ်ကြီး ဖိအားကြီးမားစွာ ခံစားလိုက်ရသည်။ သူ အပိုင်းပိုင်း အစအစဖြစ်တော့မှာလို့ပင် ခံစားလိုက်ရသည်။

ဧရာမမိကျောင်းကြီးရဲ့ ကိုက်အားက အလွန်အားပြင်းသည်။ တကယ်လို့ တတိယအဆင့် လိပ်ခွံကျင့်စဉ်သာ မရှိခဲ့ရင် သူ့လိပ်ခွံများ ကြေမွသွားမယ်လို့ ထင်ရသည်။

ဧရာမမိကျောင်းကြီးက ကိုက်ပြီးနောက် သူ့ရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း လူးလှိမ့် တဲ့နည်းဖြင့် သတ်ရန်ကြိုးစားလိုက်သည်။ ဒါက ဧရာမမိကျောင်းရဲ့ နည်းစနစ် တစ်ခုပင် ဖြစ်သည်။

ထိုမိကျောင်းကြီးက လိပ်ကြီးကို ကြိတ်ချေဖို့ ကြိုးစားနေတာ သိသာသည်။ သူ အစွမ်းကုန် ကြိုးစားပေမဲ့ လိပ်ခွံက အလွန်မာကျော တာကြောင့် အနည်းငယ်မျှပင် မလှုပ်ပေ။

လိပ်ကြီး က ဧရာမမိကျောင်းကြီးရဲ့ ပြင်းထန်တဲ့ကိုက်အားအောက်တွင် ဖိအားကိုသာ ခံစားလိုက်ရပြီး လိပ်ခွံမှာမူ ပျက်စီးခြင်းမရှိတာကိုမြင်တဲ့အခါ လျူယောင် သက်ပြင်းချလိုက်သည်။

" ဟူး တော်ပါသေးရဲ့... "

သူ့ လက်ထဲမှ ဧရာမလှံချွန်ကိုလည်း အလကားမနေဘဲ မိကျောင်းကြီးထံ ပြင်းထန်စွာ ထိုးသွင်းလိုက်သည်။ အကွာအဝေးမှာ အလွန်နီးကပ်တာကြောင့် လှံထိုးချက်မှာ တိကျလွန်းနေသည်။

'ဗြုန်း'

ဧရာမလှံချွန်က မိကျောင်းကြီးရဲ့ ခန္ဓာကိုယ် ကို တိတိကျကျပင် ထိုးမိသွား၏။

အကွာအဝေးက နီးပြီး အားကန့် သတ်ထား ပေမဲ့ မာကျောတဲ့ အရေပြားကို ထိုးဖောက် သွားသည်။ဒါပေမဲ့ အသားထဲ ထိုးဖောက် ဝင်ရောက်မှု့မှာ အကန့်အ သတ်သာရှိသည်။ ဒီလောက်နဲ့ပင် မိကျောင်းကြီးအတွက် လုံလောက်တဲ့ဒဏ်ရာ ရခဲ့သည်။

" ဗြုန်း ဗြုန်း ဗြုန်း.."

လိပ်ကြီး ဧရာမလှံဖြင့် မိကျောင်းကြီးကို အကြိမ်ကြိမ်ထပ် ထိုးနေချိန် မိကျောင်း ကြီးက ခေါင်းကိုလှည့်ကာ ပါးစပ်ကြီးဖွင့်ပြီး ကိုက်လိုက်သည်။

မူလက ဧရာမမိကျောင်းကြီးမှာ လိပ်ကြီး အခွံကို ကြိတ်ချေဖို့ ကိုက်ခြင်းဖြစ်သည်။ မမျှော်လင့်ဘဲ လိပ်ကြီးထံမှ လှံဖြင့် အကြိမ်အနည်းငယ် ထိုးခံခဲ့ရပြီး နောက် လွတ် မြောက်သွားသည်။

မိကျောင်းကြီး လွတ်မြောက်ပြီးနောက် အရှိန်အဟုန်ပြင်းစွာ ဆုတ်ခွာသွားသည်။ အကွာအဝေး မီတာရာနှင့်ချီ ဆုတ်ခွာပြီး နောက် ရပ်တန့်ခဲ့သည်။

တစ်မိနစ်၊ နှစ်မိနစ်ခန့်ကြာပြီးနောက် လိပ်ကြီးက ရှေ့ကို ဖြည်းဖြည်းချင်း ကူးလာသည်။

သူ့ရဲ့ လက်သီးကျွမ်းကျင်မှု့ကို အသက်သွ င်းပြီး နီးကပ်လာတဲ့အခါ မိကျောင်းကြီးထံ ပြေးဝင်သွားကာ တစ်ချက် ထိုးသွင်း လိုက် သည်။မိကျောင်းကြီးက လိပ်ကြီး ချဉ်းကပ်လာတာကိုမြင်တဲ့အခါ လိပ်ကြီး အား ကြောက်ရွံ့စေရန် ဟိန်းဟောက်ကာ သတိပေးလိုက်သည်။

ယခုအချိန်တွင် လိပ်ကြီး က မိကျောင်း ရဲ့ အကြောင်းကိုသိနေပြီဖြစ်တာကြောင့် မကြောက်တော့ပေ။ သူ ဆက်လက်ပြီး ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

မိကျောင်းကြီးမှာ သူ့ရဲ့ သတိပေးချက်နှင့် စွမ်းရည်ပြသမှု့ အချည်းနှီးဖြစ် နေတာကို မြင်တဲ့အခါ ခေါင်းကိုလှည့်ပြီး အရှိန်အ ဟုန်ပြင်းစွာ ကူးခတ်ထွက် ပြေးသွား တော့သည်။

မိကျောင်းကြီး ထွက်ပြေးသွားတာကိုမြင်တဲ့ အခါ လိပ်ကြီး နောက်ကနေ လိုက်ဖို့ ပြင်နေစဥ် -

"မလိုက်နှင့်တော့ သွားပါစေ" ဆိုတဲ့ သခင်ရဲ့အသံ ကို ကြားလိုက်ရတာကြောင့် သူ ဆက်မလိုက်တော့ပေ။

လိပ်ကြီး အနေဖြင့် ထိုဧရာမမိ ကျောင်းကြီး ကို သတ်ပစ်ရန် အလွန်ခက်ခဲပေမည်။ တကယ်လို့ အောင်မြင်ခဲ့ရင်ပင် ပေးဆပ်ရမဲ့ အဖိုးအခက သေချာပေါက် မနည်းလှပေ။

ဒါ့အပြင် ပိုကြီးတဲ့ မိကျောင်းကြီး ပေါ် မလာသေးတာကို လျူယောင် စိုးရိမ် ခဲ့သည်။ ပိုကြီးသောမိကျောင်းကြီးက တန် တစ်ထောင်ခန့် အလေးချိန်ရှိပြီး သူ့ရဲ့ ရှေ့တွင် လိပ်ကြီးက ဘာမှတတ် နိုင်မည် မဟုတ်ပေ။

ဒီမိကျောင်းက သတင်းပို့ပြီး ပိုကြီးတဲ့ မိကျောင်းကြီးကို ခေါ်လာခဲ့ရင် ဘယ်လိုလု ပ်မည်နည်း။အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ နည်းလမ်းမှာ လိုက်မဖမ်းဘဲ ထားလိုက် ခြင်းပင် ဖြစ်သည်။

လပေါင်းများစွာကြာရင် ထိုမိကျောင်း နှစ်ကောင်ရဲ့ ကြီးထွားနှုန်းကို လိပ် ကြီးယှဉ်နိုင်လိမ့်မယ်ဆိုတာလျူယောင် ယုံကြည်သည်။ နှစ်လ သုံးလအတွင်းတွင် လိပ်ကြီးက တန် ၄၀၀ မှ ၅၀၀ အထိ သေချာပေါက် ကြီးထွားလာလိမ့်မည်။

တကယ်လို့ တန် ၄၀၀ ၅၀၀ အထိ ကြီး ထွားရန် မလုံလောက်သေးပါက နောက် ထပ်လအနည်းငယ် စောင့်ဆိုင်း ရဦး မည်။ လိပ်ကြီးက တန် ၈၀၀ ၉၀၀ အထိ ကြီးထွား လာတဲ့အခါ ဒီမိကျောင်း နှစ်ကောင် ကို သေချာပေါက် ဆော်ပလော်တီး နိုင်မယ်လို့ လျူယောင် ယုံကြည်သည်။

လျူယောင် စိုးရိမ်စွာ သတိ ပေးလိုက် သည်။

"မင်းလည်း ပြန်သွားပြီး နားပါ.. အဲဒီပိုကြီး တဲ့ မိကျောင်းနဲ့တွေ့ရင် သေချာပေါက် ရှောင်နေအူံး.....မင်းက အခု သူ့ရန်သူ မဟုတ်သေးဘူး.."

ပိုသေးငယ်တဲ့ မိကျောင်းကြီးကိုသာ အသာစီးရနေပြီး ပိုကြီးတဲ့ မိကျောင်းကြီးနှ င့်ဆိုရင် အနိုင်ရရန် လိပ်ကြီးအတွက် အခွင့်အရေး လုံးဝ ရှိမည် မဟုတ်ပေ။

" အိုကေဘာ သခင်"

လိက်ကြီး ဒီနေရာတွင် နောက်ထပ်မနေ တော့ဘဲ တဖြည်းဖြည်း ထွက်ခွာ သွားတော့ သည်။

လိပ်ကြီးနဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီး ပြင်ပအမြင်ကို လျူယောင် ပိတ်လိုက် သည်။

ပြီးနောက် လျူယောင် စိတ်ထဲကနေ တွေးလိုက် မိသည်။

" လိပ်ကြီး က အခု နည်းနည်း သေးနေ သေးတယ်ကွာ..​ဒီ့ထက် ကြီးလာရင် ကောင်းမှာပဲ..."

ရေအောက်လျှို့ဝှက်အခြေစိုက်စခန်းမှ Fast ကုမ္ပဏီတွင် ရမ်စကော့ ဖုန်းပြောပြီးတဲ့အခါ ရုံးခန်းတံခါးကို ဖွင့်နေစဥ် သူ့ရဲ့အ ရေး ကြီးဆုံး လက်အောက်ငယ်သားများထဲမှ တစ်ဦးဖြစ်တဲ့ အိုဒင်က အသည်းအသန် ပြေးလာနေသည်။

All Chapters