← Chapters

ဧရာမမိကျောင်းကြီးနဲ့ ထိပ်တိုက် တွေ့ပြီ

Vol. 18 Ch. 258

ဧရာမမိကျောင်းကြီးနဲ့ ထိပ်တိုက် တွေ့ပြီ

Vol. 18 Ch. 258

Fast ကုမ္ပဏီ ကျွန်းပေါ်ရှိ လျှို့ဝှက် အခြေစိုက်စခန်းတစ်ခုတွင်....

“ အကြီးအကဲ ကျွန်တော်တို့ရဲ့ နံပါတ် ၂ က မနေ့ နေ့လယ်က ဆိုက်ပန်ရဲ့ အရှေ့ မြောက်ဘက်ရေပြင်မှာ ရွက်လှေတစ်စင်းကို တိုက်ခိုက်ခဲ့ပြီး လူ ၂၆ ယောက် သေဆုံးခဲ့ပါတယ်....”

စောင့်ကြည့်နေသူ တစ်ယောက်က အစီရင် ခံလိုက်သည်။

အစီရင်ခံစာကို နားထောင်ပြီးနောက် လျှို့ဝှက်အခြေစိုက်စခန်းရဲ့တာဝန်ခံပုဂ္ဂိုလ် ရမ်စကော့က ခပ်ပေါ့ပေါ့ ပြန် ပြောပြောလိုက်သည်။

“ဘာမှမဟုတ်ဘူး. ဒါက သေးမွှားတဲ့ ကိစ္စပဲ...."

သူတို့ရဲ့ မျက်လုံးထဲတွင် လူ့အသက် ၂၀ ကျော် ဆိုတာက ဖော်ပြရန်ပင် မထိုက် တန်ပေ။

Fast ကုမ္ပဏီ ရဲ့အလုပ်အ မှု့ဆောင်များအ ားလုံး နဲ့ ရမ်စကော့ အပါအဝင် က နံပါတ် ၁ နှင့် နံပါတ် ၂ တို့ရဲ့ အခြေအနေကိုသာ စိုးရိမ်ကြသည်။

ရမ်စကော့က စိုးရိမ်စွာ မေးလိုက်သည်။

“ငါ တို့ရဲ့ နံပါတ် ၂ က ရော အခြေအနေ ဘယ်လိုရှိလဲ...."

“နံပါတ် ၂ ပို့လာတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ သီးသန့်စစ်ဆေးခဲ့ ပါ တယ်… အရာအားလုံးက ပုံမှန်ပါပဲခဗျ...”

လက်အောက်ငယ်သားက ပြန်ဖြေ လိုက် သည်။

“ကောင်းပြီ...အရာအားလုံး ပုံမှန်ရှိနေရင် တခြားဘာမှ အရေးမကြီးဘူး... မင်း နံပါတ် ၂ ရဲ့ အခြေအနေကို အနီးကပ် ဂရုစိုက်လိုက် ငါ ထင်တာကတော့ မြောက်ပစိဖိတ်လို နေရာမျိုးမှာ နယ်မြေချဲ့ထွင်ခွင့် ပေးသင့် တယ်လို့ ထင်တယ် .... ”

လက်အောက်ငယ်သားက စိုးရိမ်တကြီး သတိပေးလိုက်သည်။

“အကြီးအကဲ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နံပါတ် ၂ က ဒီလောက်ဝေးတဲ့နေရာကို တစ်ခါမှ မသွားဖူးသေးဘူး ဒါက ရေမိုင်ထောင်ချီ ခရီးရှည်ကြီးဖြစ်လာလိမ့်မယ် မတော် တဆ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...”

ရမ်စကော့ ခဏတာ စဉ်းစားပြီးနောက် ညွှန်ကြားလိုက်သည်။

“ဒါဆို ခဏလောက် ဖြည်းဖြည်းလုပ်ကြ နံပါတ် ၂ က ယာယီအားဖြင့် ဆိုက်ပန်ရဲ့ အရှေ့မြောက်ဘက်ရေပြင်မှာ လှုပ်ရှားနေ ပါစေ... တခြားလူတွေ ရှာတွေ့မှာ ကာကွယ် ဖို့အတွက် လှုပ်ရှားမှု့နယ်ပယ်ကို ဆိုက်ပန်နဲ့ နည်းနည်းဝေးတဲ့ သမုဒ္ဒရာအနီးက ဗဟိုဧရိယာမှာ လှုပ်ရှားစေလို့ရတယ်....”

“ဟုတ်ကဲ့ ကျွန်တော်တို့ နံပါတ် ၂ ကို ညွှန်ကြား ချက် ပေးလိုက်ပါ့မယ်”

လက်အောက်ငယ်သားက ရိုသေစွာ ပြန်ဖြေ သည်။

......

မနက်စောစောကတည်းက ဆိုက်ပန်ရဲ့ အရှေ့မြောက်ဘက်ရေပြင်သို့ လိပ်ကြီး ရောက်ရှိလာခဲ့သည် ။ သူ့ရဲ့ မီတာ ၅၀ ရှည်တဲ့ ဧရာမလှံကို သယ်ဆောင်လာကာ ထိုဧရိယာ ပတ်လည်အတွင်း ပစ်မှတ်များကို ရှာဖွေနေသည်။

လိပ်ကြီးက ရေမျက်နှာပြင်အောက် မီတာ ဆယ်ဂဏန်းသာ နက်တဲ့ နေရာတွင် ရှာ နေသည်။ ထိုမျှ နက်ရှိုင်းတဲ့နေရာတွင် ပင် လယ်ရေက တောက်ပနေပြီး လိပ်ကြီးရဲ့ အမြင်အာရုံက အလွန်ကောင်းသည်။သူက အဝေးမှာရှိနေတဲ့ အကောင်များကို ရှင်း လင်းစွာ မြင်ရသည်။

လိပ်ကြီးက တစ်ခါတစ်ရံ ဦးခေါင်းတစ်ဝက် ကို ပင်လယ်ရေပြင်ပေါ်မှ ဖော်ကာ ပတ်ဝ န်းကျင်ကို ကြည့်ရှု့နေသည်။သူနဲ့ ရေမိုင် ရာနဲ့ချီ ဝေးတဲ့နေရာတွင် အစာရှာနေပြီး ခြောက်မီတာရှည်တဲ့ ဝေလငါးကြီး တစ် ကောင်ပင် မြင်နေရသည်။

မနက်မှ နေ့လယ်အထိ လိပ်ကြီး ရေမိုင် ၁၀၀ အချင်းဝက်ရှိတဲ့ ပင်လယ်ဧရိယာကို အား လုံးနီးပါး ရှာဖွေခဲ့သော်လည်း ပစ်မှတ်ကို ရှာမတွေ့သေးပေ ။ ဒီဧရာမမိကျောင်းရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရပေ။

“ဟူး ဒီကိစ္စကို ငါ ဘယ်လိုလုပ်ရမလဲ...”

လျူယောင်နှင့် ဆက်သွယ်ကာ အခြေ အနေ ကို လိပ်ကြီး ပြောပြလိုက်သည်။

“သခင်ရေ ကျွန်တော် ရေမိုင် ၁၀၀ အချင်းဝက်ရှိတဲ့ ဒီပင်လယ်ဧရိယာကို ရှာခဲ့တယ် ဒါပေမဲ့ ရှာမတွေ့သေးဘူးဗျာ...”

“ဒီလိုလား..."

လျူယောင်က ရုံးခန်းထဲတွင် ရှိနေသည်။

ထိုစကားကို ကြားသောအခါ သူ ထရပ် လိုက်ပြီး ရုံးခန်းနံရံမှာ ကပ်ထားတဲ့ ကမ္ဘာ့မြေပုံဆီကို ကြည့်လိုက်သည်။

"ပထမဦးဆုံး ဆိုက်ပန် အရှေ့ မြောက် ဘက်ရေပြင်ရဲ့ တည်နေရာကို လိပ်ကြီး ရှာဖွေပြီးပြီဆိုတော့ ... "

လျူယောင် မြေပုံရှေ့တွင် ရပ်ကာ စဉ်းစားနေ သည်။

“ဒီမိကျောင်းကြီး ဘယ်ကို သွားမှာလဲ... ဆိုက်ပန်ကျွန်းဘက်ကိုတော့ သွားမှာ မဟုတ်လောက်ဘူး.. အဲဒီမှာ လူတွေရှိတယ်.. သူက အရှေ့မြောက်ဘက်ကို ဆက်သွားဖို့ ဖြစ်နိုင်ချေရှိတယ် ....သူက ဝေးဝေးသွာ းလေလေ... နိုင်ငံတကာရေလမ်းကြောင်းနဲ့ ဝေးလေလေပဲ ဒါက သမုဒ္ဒရာရဲ့ အလယ် ဗဟိုနဲ့ ပိုနီးလေလေပဲ.... ”

အကြာကြီး စဉ်းစားပြီးနောက် လျူယောင် မိကျောင်း သွားနိုင်မဲ့ နေရာများကို စိတ်ထဲတွင် အကြမ်းဖျင်း ခန့်မှန်းပြီးနောက် အမိန့်ပေးလိုက်သည် ။

“လိပ်ကြီးရေ မင်းရဲ့ အတိုင်းအတာကို ချဲ့လိုက်....ဆိုက်ပန်နဲ့ ပိုဝေးတဲ့ အရှေ့ မြောက်ဘက်ရေပြင် ကို အာရုံစိုက် လိုက် ”

“ဟုတ်ကဲ့ပါ သခင် ဒါဆို ကျွန်တော် အရှေ့မြောက်ဘက်ပင်လယ်ကို သွားပြီး ကံစမ်းကြည့်အူံးမယ်...”

လိပ်ကြီးက ပြန်ဖြေပြီး ဧရာမလှံကို ကိုင်ကာအရှေ့မြောက်ဘက်သို့ လျင်မြန်စွာ ကူးခတ်သွားသည်။

သူ ရှေ့ဆက်ကူးခတ်နေစဉ် ရပ်ပြီး တစ် နေရာရာကို ကြည့်လိုက်သည်။

“ဟေး ရှေ့မှာ လူသတ်ဝေလငါးအုပ်စုတစ်စု ရှိနေတယ် ဆယ်ဂဏန်းလောက် ရှိတယ်...”

လိပ်ကြီး ဗိုက်နည်းနည်းဆာနေတယ်လို့ ခံစားရသည် ။ သူ မနက်စောစောကပင် အစာစားခဲ့သည်။

" မနက်ပိုင်းမှာ လက်ဖက်ရည် သောက် ခြင်းက ကောင်းမွန်ပုံရတယ် ဒါကြောင့် ငါ တစ်ကောင် နှစ်ကောင်ကို အရင်ဖမ်းလို က်ပြီး အရသာ ခံလိုက်မယ် လူသတ်ဝေ လငါးတစ်ကောင်က အရသာရှိ လောက် မယ်...ဟီးဟီး "

လူသတ်ဝေလငါးများက လိပ်ကြီး အကြိုက်ဆုံး အဓိက အစားအစာများထဲမှ တစ်မျိုးပင်။

လိပ်ကြီးက အကြီးဆုံး လူသတ်ဝေလငါးကို ရှာတွေ့ခဲ့သည်။ဒီ အကောင်က အရွယ် ရောက်ပြီးတဲ့ အထီးတစ်ကောင် ဖြစ်လေ ာက်မည်။ ဆယ်မီတာ ကျော်ရှည်ပြီး အလေးချိန် အနည်းဆုံး ၆ တန် ၇တန် ရှိသည်။ သူ့ရဲ့သွားကြားထဲတွင် အကောင်းဆုံး မနက်ပိုင်း အဆာပြေစာ ဖြစ်လိမ့်မည်။

လိပ်ကြီး လျင်မြန်စွာ ကူးခတ် သွားလိုက် သည်။နောက်ဆုံးတွင် လူသတ်ဝေလငါးအု ပ်စုက မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧရာမဧည့်သည်ကြီးကို ရှာတွေ့ သွားသည် ။ချက်ခြင်းပဲ လူသတ်ဝေလငါး အုပ်စု တစ်စုလုံး အမြန်ထွက်ပြေးရန် ပြင်လိုက် သည်။

“မင်းတို့ ပြေးနိုင်မှာလား...ဆုတောင်း..”

လိပ်ကြီးက လျင်မြန်စွာ ကူးခတ်လာပြီး ပါးစပ်ကိုဖွင့်ကာ အကြီးဆုံး လူသတ်ဝေ လငါးကို အကိုက်အနည်းငယ်ဖြင့် ဗိုက်ထဲ မျိုချလိုက်သည်။

“ဝိူး ရှယ်ပဲ ဒါကို ဒီမနက်ရဲ့ အဆာ ပြေစာ အဖြစ်ပဲ သဘော ထားလိုက်တော့မယ်...”

သူ့တွင် အရေးကြီးတဲ့ လုပ်ငန်းရှိတာကြောင့် ကျန် အကောင်များကို လိပ်ကြီး ဆက် မလိုက်တော့ပေ။

“ဧရာမမိကျောင်းကရော ဒီဧရိယာမှာ ရှိနေနိုင်မလား....”

လိပ်ကြီး စဉ်းစားနေပြီး ရေမိုင်တစ်ရာ နှစ်ရာ အတိုင်းအတာအတွင်း ရှာဖွေရန် နာရီအ နည်း ငယ်ကြာအောင်တော့ အချိန်ပေးရ လိမ့်မည်။

လိပ်ကြီး နှစ်မိနစ် သုံးမိနစ်ကြာအောင် ရှာပြီးနောက် အလွန်စိတ်ဝင်စားစရာ ကောင်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက် သည်။

ခုနက အသက်လုပြေးနေတဲ့ လူသတ် ဝေလငါးအုပ်စုက ရုတ်တရက် လှည့်ပြီး နောက်ပြန်ပြေးလာကြသည်။

" လခွမ်း ဒီကောင်တွေ ငါ့ဆီ ပြေးလာ တာလား ငါ့ကို မကြောက်ဘူးနဲ့ တူတယ် ..."

မကြာမီမှာပဲ ဒီ လူသတ်ဝေလငါးအုပ်စုက ကြောက်ရွံ့နေဆဲဖြစ်ကြောင်း လိပ်ကြီး သတိပြုမိလိုက်သည်။ တစ်စုံတစ်ရာက သူတို့ နောက်ကို လိုက်ဖမ်းနေသလိုပင်။

လိပ်ကြီး နောက်ဆုံးတော့ ဘာဆိုတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုဝေလငါးအုပ်စုရဲ့ နောက်တွင် ဧရာမမိကျောင်းကြီး တစ်ကောင် ရှိနေသည် ။ သူ့ရဲ့ အမြင် အရ ဒီကောင်က အရှည် မီတာ ၇၀ ခန့်ရှိပြီး အလေးချိန် တန် ၅၀၀ မှ ၆၀၀ ခန့် ရှိလောက်သည်။

ထိုဧရာမမိကျောင်းက လူသတ်ဝေလငါး အုပ်စုကို အရူးအမူး အမဲလိုက်နေသည်။ မိကျောင်းကြီးက တစ်ကောင်ကို အကိုက် အနည်းကိုက်ပြီး မျိုချလိုက်သည်။ထို့နောက် နောက်တစ်ကောင်ကို လမ်းဖမ်းကာ တစ်ကိုက်တည်း မျိုချလိုက်ပြန်သည်။

ဒီမိကျောင်းက လူသတ်ဝေလငါးများရဲ့ အရွယ်ရောက်တာဖြစ်စေ မရောက်တာ ဖြစ်စေ ဂရုမစိုက်ပဲ အထီး ၊ အမကိုလည်း ဂရုမစိုက်ပေ။

အရှည် နှစ်မီတာ သို့မဟုတ် သုံးမီတာရှိသော လူသတ်ဝေလငါးတစ်ကောင်ဟာ သေချာ ပေါက် ကလေး သာသာ ပင်ဖြစ်သည်။ဧရာမ မိကျောင်းက လိုက်ဖမ်းပြီး တစ်ကိုက်တည်း နှင့် မျိုချလိုက်သည်။

ထိုဧရာမမိကျောင်းကို လိပ်ကြီး မြင်တဲ့အခါ တုန်လှုပ်သွားသည်။

“ လခွမ်း တကယ့်ကို ကြီးတာပဲဟ ငါ့ထက် အများကြီး ပိုကြီးတယ် ဒီကောင်က ငါ့ အတွက် တကယ့်ပြိုင်ဘက် ဖြစ်လာလိမ့် မယ် ….”

“သခင်ရေ ကျွန်တော် အဲဒီ့ ဧရာမမိကျောင်း ကို ရှာတွေ့ခဲ့ပြီ...”

လိပ်ကြီးရဲ့ သတင်းစကားကို လက်ခံရရှိပြီ းနောက် လျူယောင် တတိယအမြင်ကို ချက်ချင်းဖွင့်လိုက်ရာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ပင်လယ်ရေအောက် အနက် မီတာ ၅၀ ခန့်တွင် လိပ်ကြီးက တိတ်ဆိတ်စွာ ရှိနေပြီး ရှေ့ကို အာရုံစိုက်ကာ ကြည့်နေသည်။

လိပ်ကြီး၏ အရှေ့မှ မီတာ ၅၀၀ ၊ ၆၀၀ ခန့်အကွာတွင် လူသတ်ဝေလငါးအုပ်စုက သူတို့ အသက်ကိုလုကာ ပြေးနေကြသည်။ သူတို့ရဲ့ နောက်တွင် ကြီးမားတဲ့ မိကျောင်းက တစ်ကောင် လိုက်ဖမ်းနေသည်။

လျူယောင်အတွက်လည်း ဒီဧရာ မမိကျောင် းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ။ သူ စိတ်ထဲတွင် အံ့အားသင့်နေသည် ။

“အိုး ဒါက တကယ်ကို ကြီးတာပဲ...”

ဒီ အကောင်က လိပ်ကြီးထက် အများကြီး ပိုကြီးလွန်းသည်။

"ဒီ မိကျောင်းနဲ့တွေ့ရင် လိပ်ကြီး အနိုင်ရဖို့ အခွင့်အရေး ရှိပါ့မလား..."

ဒီ အခြေအနေတွင် လိပ်ကြီးကို တိတ်တ ဆိတ် ထွက်ပြေးခိုင်းရန် မှာ လက်တွေ့ မကျပေ။ လျူယောင် သူ့ရဲ့ လိပ်ကြီးကို အဆုံးရှုံး မခံနိုင်ပေ။ဒါပေမဲ့ ရန်သူ ဧရာမမိကျောင်းက လိပ်ကြီးကို တွေ့ပြီးသား ဖြစ်နေသည်။

မိကျောင်းကြီးဟာ မူလက လူသတ်ဝေ လငါးများကို လိုက်ဖမ်းနေပေမဲ့ လိပ်ကြီးကို တွေ့တဲ့အခါ ချက်ချင်း လိုက်ဖမ်းခြင်းကို ရပ်လိုက်ပြီး လိပ်ကြီးဆီကို အမြန် ကူးလာနေသည်။

လိပ်ကြီးနဲ့ မီတာ နှစ်ရာ သုံးရာခန့်အကွာ ရောက်မှ မိကျောင်းကြီးက ရပ်လိုက်သည်။

လိပ်ကြီးက ဧရာမကောင်ကြီးကို ကြည့် နေပြီး သူ့ စိတ်ထဲတွင် သိချင်နေပုံရသည်။

"ပင်လယ်ထဲမှာ ဒီလိုကြီးမားတဲ့ အကောင် ဘယ်လိုလုပ်ရှိနိုင်မှာလဲ...."

လိပ်ကြီး က အခု တန် ၂၉၀ ကျော် အလေးချိန် ရှိပြီး သံချပ်ကာဝတ်ထားတဲ့ နဂါးတစ်ကောင်လိုအာဏာစက်ရှိတဲ့ ဘက်ကို ပြသနေသည်။

ဒါပေမဲ့ ဒီမိကျောင်းက လိပ်ကြီးထက် ပိုကြီးပြီး ပို ကြမ်းတမ်းပုံရသည်။

All Chapters