မိကျောင်းကြီးရဲ့ သတင်းကို သိရပြီ
Vol. 18 Ch. 257
လိပ်ကြီးရဲ့ အရှိန်က အရမ်းမြန်လှသည်။
ယန်နိုင်ငံ၏ တောင်တရုတ်ပင်လယ်မှ ရှီနမ်သင်္ဘော တိုက်ခိုက်ခံရတဲ့ ပင်လယ် ဧရိယာကို တစ်ရက် မပြည့်သေးခင် ရောက်လာခဲ့သည်။
“ဒီနေရာပဲ...”
"သခင်ပြောတဲ့ မီတာ ၇၀ ရှည်ပြီး တန်ချိန် ၅၀၀ ကနေ ၆၀၀ အလေးချိန် ရှိသည့် ဧရာမမိကျောင်းကြီးက ဒီအနီးအနားမှာ ရှိမလား မသိဘူး..."
လိပ်ကြီး ထိုသို့တွေးပြီး မိကျောင်းကို ရှာဖွေဖို့ ဒီပင်လယ်ဧရိယာနားမှာ စတင် ရှာဖွေတော့သည်။ အမြင် အာရုံစူ ပါစွမ်းရည် ဖြင့် ဧရိယာကျယ်ကြီးတစ်ခုလုံးကို လိပ်ကြီး ရှင်းလင်းစွာ မြင်ရသည် ။ ဒါက ဧရာမမိကျောင်းကို ရှာဖွေဖို့ လိပ်ကြီး အတွက် အဆင်ပြေစေခဲ့သည်။
တစ်ရက်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ရေမိုင် တစ်ရာ နှစ်ရာ ဧရိယာ ပတ်ဝန်းကျင် ကို လိပ်ကြီး ရှာဖွေခဲ့ပေမဲ့ ဆံပင် တစ်ပင် တောင် မတွေ့ခဲ့ရပဲ ထို ဧရာမမိကျောင်းရဲ့ အရိပ်အယောင် ပင် လုံးဝမရှိခဲ့ပေ။
“သခင်ရေ အဲ့ဒီ့ကောင်က ဒီဧရိယာမှာ ရှိတော့မှာ မဟုတ်ဘူးထင်တယ်... ကျွန်တော် တစ်နေကုန် ရှာနေတာပဲ .... ရေမိုင် တစ်ရာ နှစ်ရာ အချင်းဝက်အတွင်း ရှာခဲ့ပေမဲ့ မတွေ့ခဲ့ရဘူးဗျာ..."
လိပ်ကြီးရဲ့ သတင်းစကားကို လက်ခံရ ရှိပြီးနောက် လျူယောင် နောင်တရစွာဖြင့် ပြန်ဖြေလိုက်သည်။
“အဲ့ကောင်က တကယ် ဒီဧရိယာမှာ မရှိတာ သေချာပုံပဲ.. တခြားနေရာကို သွားနေတာ ဖြစ်နိုင်တယ်...မင်း ပင်ပန်းသွားပြီ... ကောင်းကောင်းနားနေပါ ဗိုက်ပြည့်အောင် စားလိုက် သတင်းရတာနဲ့ မင်းကို ငါ ဆက်သွယ်လိုက်မယ်...”
“ အိုကေဘာ သခင်...”
လိပ်ကြီးက တကယ့်ကို ဗိုက်ဆာနေပြီး ကောင်းကောင်းနားချင်သည်။ သူ သြစတြေးလျဘက် ရေမိုင်ရာနဲ့ချီကို တောက်လျှောက်ရေကူးသွားခဲ့သည်။
ထိုနေရာမှ အပူပိုင်းငါးများကို သူနှစ်သက်သည်လေ။
......
အနောက်ပစိဖိတ် တစ်နေရာ…
ဆိုက်ပန်အရှေ့မြောက်ဘက် ရေမိုင် နှစ်ရာ သုံးရာခန့်အကွာတွင် ကြီးမားတဲ့ ရွက်လှေတစ်စင်း ပင်လယ်ရေပြင်ပေါ်တွင် ရပ်နားထားသည် ။ ရွက်လှေပေါ်ရှိ လူများက ငါးမျှားခြင်း၊ နေပူစာလှုံခြင်း ရေထဲတွင် ရေကူးခြင်းများ ပြုလုပ်နေကြသည်။
သူတို့က M နိုင်ငံမှ ချမ်းသာသူများဖြစ်ပြီး အားလပ်ရက်ခရီးထွက်လာခြင်းဖြစ်ကာ အလွန်ပျော်ရွှင်နေကြသည်။
ပင်လယ်ရေကလည်း အလွန် ကြည်လင် နေသည်။အပူချိန်က သင့်တော်ပြီး ရာသီဥတုကလည်း ကောင်းလှပေသည်။ လူငယ်အချို့ က ရေထဲတွင် ရယ်မော စနောက်နေကြပြီး အချို့မှာ ဘီကီနီနဲ့ အလွန်လှပနေ ကြသည်။
“သီအိုဒိုရီ မင်း အပေါ်တက်သင့်ပြီလို့ ငါ ထင်တယ် ငါးမန်းကောင် ရောက်လာရင် မကောင်းဘူး ...”
သီအိုဒိုရီအမည်ရှိ လူငယ်လေးက စိတ်ဓာတ်တက်ကြွနေတာကြောင့် သူက အပေါ် တက်လိုစိတ်မရှိပဲ ကျယ်လောင်စွာ ကန့်ကွက်လိုက်သည်။
“မတက်ဘူးဗျာ ကျွန်တော် နောက်ထပ် တစ်နာရီလောက် ထပ်ကစားအုံးမယ် ရေထဲမှာနေရတာ တကယ်ကို သက်တော င့်သက်သာရှိတယ်...”
သူ့ရဲ့ အဖော်တစ်ဦးကလည်း သဘောတူကာ ဝင်ပြောလိုက်သည်။
“ဟုတ်တယ် ငါတို့ အခု မတက်ဘူး ခဏ လောက် ထပ်ကစားမယ် ဒီနေရာမှာ ငါးမန်းရှိမှာ မဟုတ်ဘူးဆိုတာ ငါ အာမခံတယ်....”
ရွက်လှေပေါ်ရှိ အလယ်အလတ်အရွယ် အမျိုးသားက ခေါင်းခါပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဒီလူငယ် အများစုက အပေါ်တက်မှာ မဟုတ်ဘူးဆိုတာ သူလည်း သိသည် ။ဒါကြောင့် သူတို့ လုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်ကာ သူက ကုလားထိုင်ပေါ်တွင် လဲလျောင်းပြီး နေပူစာလှုံရန် ပြင်ဆင်လိုက်သည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် ရွက်လှေပေါ်ရှိ လူတစ်ယောက်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည် ။
“ကြည့်စမ်း အဲဒါ ဘာကြီးလဲ...”
လူအများအပြား တစ်ယောက် ပြီးတစ်ယောက် ကြည့်လိုက်ကြရာ အားလုံး ကြောက်လန့်တကြား နဲ့ မျက်နှာများ ဖြူဖျော့သွားကာ ထိတ်လန့်တကြား အော်ဟစ်နေကြသည်။
“အိုး ဘုရားရေ မဟုတ်ဘူး မဟုတ်ဘူး..."
“သီအိုဒိုရီ အပေါ်ကို မြန်မြန်တက် မြန်မြန်...”
သူတို့နဲ့ သိပ်မဝေးတဲ့နေရာတွင် ကြီးမားတဲ့ မိကျောင်းတစ်ကောင်က ရေထဲမှာ ပေါ်နေသည်။
" ဘုရားရေ ဒီလို ဧရာမမိကျောင်းမျိုးကို ငါ့တစ်သက်မှာ တစ်ခါမှ မတွေ့ဘူးဖူး .."
မိကျောင်းက အလွန်ကြီးမားပြီး အရှည် မီတာ ခုနစ်ဆယ်ခန့်ရှိသည်။
"ဒါက တကယ့်ကို ကြောက်မက်ဖွယ် ကောင်းတဲ့ ဘီလူးကြီးပဲ ..."
ပိုကြောက်စရာကောင်းတာက ရေထဲမှ လူငယ်အုပ်စုကို တွေ့သွားတာကြောင့် မိကျောင်းကြီးက ဒီဘက်ကို ကူးလာနေခြင်းပင်။
" အား အမေ့ရေ ကျွန်တော် မသေချင်သေးဘူး...ဝူးဝူး "
" မြန်မြန် မြန်မြန် ကူးပါဟ.."
မူလက စိတ်ဓာတ်တက်ကြွနေတဲ့ လူငယ်မျ ားက ရုတ်တရက်ထိတ်လန့်သွားကြပြီး အော်ဟစ်ငိုယိုကာ ရွက်လှေဆီကို အသက်လု၍ ရေကူးလာကြသည်။
ရွက်လှေပေါ်က လူများကလည်း အော်ဟစ် ပြီး ထိတ်လန့်နေကြသည်။ လူတစ်ယောက် က လှေကား ချပေးပြီး လူငယ်များကို အမြန်တက်လာရန် ပြောလိုက်သည်။
သူတို့က ရွက်လှေနှင့် အတော်လေး အလှမ်းဝေးနေတာကြောင့် စဉ်းစားရုံဖြင့် အပေါ်ကို တက်လာနိုင်မည်မဟုတ်ပဲ တက်လာဖို့က အချိန် လိုအပ်သည်။
ဧရာမမိကျောင်းက သူတို့ထက် အများကြီး ပိုမြန်သည်။ သူတို့နားကို လျင်မြန်စွာ ရောက်လာပြီး ကြီးမားတဲ့ ပါးစပ်ကိုဖွင့်ကာ သီအိုဒိုရီ အပါအဝင် လူငယ်နှစ်ယောက် သုံးယောက်ကို တစ်ကိုက်တည်းနှင့် မျိုချလိုက်သည်။
" အား...ရက်စက်တဲ့ ဘီလူးကောင်ကြီး.."
ရွက်လှေပေါ်က လူများလည်း ကြောက် လန့်တကြား အော်ဟစ်လိုက်ကြသည်။
အချို့လူများမှာ သူတို့မျက်နှာကို ဖုံးအုပ်ကာ ရှိုက်ကြီးတငင်ငိုကြသည် ။ ရေထဲမှ လူများကို ဧရာမမိကျောင်းက မျိုချတာကို သူတို့ ထိတ်လန့်တကြား မြင်ခဲ့ရသည်။
စုစုပေါင်း လူငယ်ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်ရှိသည်။ဒါပေမဲ့ တစ်ယောက်မှ မကျန်ခဲ့ပေ။ ရေထဲတွင် အသက်ကယ်ဖေ ာ့ကွင်း နှစ်ခု သုံးခုသာ ပေါလောပေါ်နေပြီး ပင်လယ်ရေပြင်တောင်အနီရောင်အဖြစ် ပြောင်းလဲကုန်သည်။
“အိုး မဟုတ်ဘူး မဟုတ်ဘူး...”
“သောက်ကျိုးနည်း ဒါကောင်က ငါတို့ ရွက်လှေဆီ လာနေပြီ..."
ရွက်လှေပေါ်ရှိ လူများက အော်ဟစ် နေကြသည်။သူတို့ ထိတ်လန့်နေတဲ့ အကြည့်များအောက်တွင် ဧရာမမိ ကျောင်းက အလွန်လျင်မြန်စွာ ရေကူးလာ နေပြီး သူ့ပစ်မှတ်က ရွက်လှေ ဖြစ်လောက်မည်။
ဒီမိကျောင်းကြီးက လူသားစားခြင်းကို စွဲလမ်းနေပုံရသည်။
“ငါတို့ဘက်ကို လာနေပြီဟ..ဘုရား ဘုရား..”
မိကျောင်းက သူ့ရဲ့ ကြီးမားတဲ့ ပါးစပ် ကိုဖွင့်ပြီး ရွက်လှေကို ကိုက်လိုက်သည်။
ရွက်လှေက အရှည်ပေနှစ်ဆယ်သာရှိပြီး ထိုဧရာမမိကျောင်းရှေ့တွင်တော့ အရုပ် တစ်ခုနှင့်တူနေသည်။
" ဗြောင်း.. ဂျွတ် ဂျွတ်..."
မိကျောင်းကြီးက ရွက်လှေကို တစ်ကိုက် တည်းနှင့် တစ်ဝက်လောက် ကိုက်ဖြတ် လိုက်ရာ အချို့လူများက ပင်လယ်ထဲ ပြုတ်ကျသွားပြီး အချို့လူများမှာ ကြောက်လန့်တကြား ရွက်လှေရဲ့ လက်ရန်း ကို ကိုင်ထားသည်။
အလယ်အလတ်အရွယ် အမျိုးသား တစ်ဦးတည်းသာ ရှိသည်။ ထိုလူက ပစ္စတိုတစ်လက်ကို လှည့်ယူလိုက်ကာ ဧရာမမိကျောင်းကို လှမ်းပစ်လိုက်သည်။
" ဒိုင်း ဒိုင်း ဒိုင်း "
"ကျည်ဆံများက မိကျောင်းရဲ့ ခေါင်းကို ထိကုန်ကာ ကျည်တစ်ကဒ် က အမြန်ကုန်သွားသည်။
ဒါပေမဲ့ ကျည်ဆန်များက ထိုဧရာမ မိကျောင်းအပေါ် အကျိုးသက်ရောက်မူ့ မရှိပဲ ပို တောင် ဒေါသ ထွက်လာသည်။
ထိုမိကျောင်းက အလွန်ကြမ်းတမ်းလာပြီး ကြီးမားတဲ့ အမြီးဖြင့် ရိုက်လိုက်သည် ။
ရွက်လှေမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်ကာ ချက်ချင်း ကွဲကြေသွားသည်။ မိကျောင်းကြီးက ပါးစပ်ကို ဖွင့်ပြီး နောက်တစ်ကြိမ် ကိုက်လိုက်ရာ ရွက်လှေက လုံးဝ တစ်စစီ ဖြစ်သွားသည်။
........
မိသားစုနဲ့အတူ ညစာစားပြီးနောက် လျူယောင် ခုနစ်နာရီသတင်းကို ကြည့်နေသည်။
နိုင်ငံတကာသတင်းများကို ထုတ်လွှင့်ချိန်က အလွန်တိုပေမဲ့ သတင်းတစ်ခုက လျူယောင်ရဲ့ အာရုံကို ဖမ်းစားလိုက်သည်။
သတင်းအရ. ယနေ့ နေ့လယ် ဆိုက်ပန် အရှေ့မြောက်ဘက် ရေမိုင် ၂၄၀ အကွာတွင် ရွက်လှေတစ်စင်းမှာ အမည်မသိလူများရဲ့ တိုက်ခိုက်ခြင်းကို ခံရပြီး လှေပေါ်ရှိ လူ ၂၆ ဦးစလုံး ပျောက်ဆုံးနေသည်။
၎င်းတိုကို ပျောက်ဆုံးနေတယ်ဟု ပြောခြင်းက ယဉ်ကျေးတဲ့ စကားလုံး ဖြစ် လောက် မည်။တကယ်တော့ သူတို့အားလုံး သေဆုံးသွားကြတာပဲ ဖြစ်ဘိမ့်မည်။
သတင်းက စက္ကန့်အနည်းငယ်ကြာ ဗီဒီယို အတို ကိုလည်း ထုတ်လွှင့် ပြသထား သည်။ရွက်လှေရဲ့ အပျက်အစီးအချို့ က ပင်လယ်ပေါ်တွင် ပေါလောပေါ်နေပြီး ဖရိုဖရဲဖြစ်နေတာကို ပြသထားသည်။
လျူယောင် သတင်းကို ကြည့်ပြီးနောက် ဒါက ဧရာမမိကျောင်းတစ်ကောင်က လုပ်ခဲ့တာ လားလို့ တွေးလိုက်မိသည်။ သူတို့မှာပဲ ဒီလိုစွမ်းရည်မျိုး ရှိကြပေသည်။
ရွက်လှေတစ်စင်း ဆိုတာက သူတို့ရှေ့တွင် ဘာမှမဟုတ်ပေ။ သူတို့က သာ ရွက်လှေကို တစ်ကိုက်တည်းနှင့် အစိတ်စိတ်အမွှာမွှာ ကိုက်ဖြတ်နိုင်ကြသည်။
ပို၍ စဉ်းစားလေလေ ထို ဖြစ်နိုင်ချေက ပိုရှိတယ်လို့ လျူယောင် ခံစားရလေလေ ဖြစ်သည်။ လူသတ်သမားက ဒီ ဧရာမမိကျောင်းကြီး နှစ်ကောင်ထဲမှ တစ်ကောင် ဖြစ်နိုင်ဖွယ်ရှိသည်။
ဧည့်ခန်းထဲတွင် ထိုင်ပြီး သတင်းကြည့်ဖို့ သူ စိတ်မပါတော့ပေ။ လျူယောင် စာကြည့် ခန်းကို သွားပြီး ကမ္ဘာ့မြေ ပုံတစ်ခုကို ရှာကာ စားပွဲပေါ်တွင် ဖြန့်ခင်း လိုက်သည်။ ဆိုက်ပန်ကျွန်းရဲ့ အရှေ့ တောင်ဘက် ရေမိုင် နှစ်ရာကျော် ကြားရှိ အကွာအဝေးကို သူ သေချာ ကြည့်လိုက် သည်။
ဒီနေရာက အကွာအဝေး ရေမိုင် နှစ်ထောင် ခန့်ဖြစ်သည်။ ရက်အနည်းငယ်အတွင်းတွင် ထိုမိကျောင်းက ဒီလောက်ဝေးတဲ့ နေရာကို ရေကူးသွားဖို့က ဖြစ်နိုင်လောက်သည်။
“ လိပ်ကြီးရေ လုပ်စရာရှိနေပြီ...”
လိပ်ကြီး ခုချိန်တွင် အစာစားပြီး အနားယူ နေကာ လူမနေတဲ့ ကျွန်းတစ်ကျွန်းပေါ်တွင် ဝမ်းလျားမှောက်ပြီး နေပူစာလှုံနေသည်။
“ဟုတ်ကဲ့ သခင် မိကျောင်းသတင်းများ ရှိလို့လား...”
လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေ လိုက်သည်။
“ဟုတ်တယ် အဲ့ မိကျောင်းတွေထဲက တစ် ကောင်က ဆိုက်ပန်ကျွန်းရဲ့ အရှေ့ မြောက် ဘက် ရေမိုင် နှစ်ရာ သုံးရာ အကွာ လောက် က ရေပြင်မှာ ပေါ်လာ တယ်.... မင်း သွားကြည့်လို့ရတယ် ဒါပေမဲ့ ဘေးကင်း ရေးကို သတိထားရမယ် အဲဒါက မီတာ ၁၀၀ ရှည်တဲ့ ဧရာမမိကျောင်းကြီးဖြစ်ရင်တော့ ယာယီ မတိုက်ဖို့ သတိထားပါ ....”
လိပ်ကြီးက ဂရုမစိုက်ပဲ ပြန်ပြော လိုက် သည်။
“အင်းပါ သခင်ရ ကျွန်တော် ဘယ်လိုတို င်းတာရမလဲ ဆိုတာ သိပါတယ်... အခုပဲ သွားလိုက်မယ် ကျွန်တော့်ရဲ့သတင်းကို စောင့်နေပါ....”
.....
နောက်နေ့ မနက်စောစော....
လိပ်ကြီးက ညဘက် ခရီးရှည်သွားပြီးနောက် ထိုပင်လယ်ဧရိယာကို ရောက်ရှိလာသည်။ ပထမဦးဆုံး သူ ဗိုက်ကို ဖြည့်ဖို့ တစ်ခုခု ရှာပြီး မနက်စာအရင် စားလိုက်သည်။
ပြီးနောက် သူ့ရဲ့ ဧရာမလှံကို ကိုင်ကာ ထိုဧရိယာ တဝိူက်တွင် စတင် ရှာဖွေ တော့သည်။