← Chapters

ကောင်းကင်ရွေးချယ်ခံတို့၏ တိုက်ပွဲ

Vol. 10 Ch. 135

ကောင်းကင်ရွေးချယ်ခံတို့၏ တိုက်ပွဲ

Vol. 10 Ch. 135

အခန်း (၁၃၅) : ကောင်းကင်ရွေးချယ်ခံတို့၏ တိုက်ပွဲ

ဖန်းလီကျွမ်း၏ တိုက်ခိုက်မှုကို မြင်လိုက်ရသည့်အခါ လီကျွင်း၏ မျက်နှာ မသာမယာဖြစ်သွားသည်။ သေရေးရှင်ရေး အခြေအနေဖြစ်လာမှသာ ထုတ်သုံးသည့် မျိုးရိုးလျှို့ဝှက်ကျင့်စဉ် ဖြစ်ကြောင်း သူ သတိထားမိသည်။

အသန့်စင်ဆုံးမျိုးရိုးကို ပိုင်ဆိုင်ထားသည့်သူ တစ်ယောက်တည်းကသာ ထိုလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုနိုင်ကြောင်း သူ သိသလို တန်ရာတန်ကြေး ပြန်ပေးရမည်ဖြစ်ကြောင်းကိုလည်း သိသည်။

ကံမကောင်းစွာဖြင့် ထိုအရာအားလုံးကို သိနေလည်း လီကျွင်းအတွက် ဘာမှ အထောက်အကူ မဖြစ်ပေ။ ချဉ်းကပ်လာသော သလင်းကျောက်များကြောင့် ထွက်ပြေးရန် ကြိုးစားသော်လည်း သူက ထိုမျှအထိ မမြန်ဆန်ပေ။

ရုတ်တရက် သူ့ခြေထောက် သလင်းကျောက်ဖြစ်သွားသည်ကို သတိထားလိုက်မိသည်။ ထို့နောက် စက္ကန့်အနည်းငယ်အတွင်းမှာပင် သွေးများ၊ ကြွက်သားများနှင့် ခြေထောက်အရိုးများအားလုံး သလင်းကျောက် ဖြစ်သွားသည်။

သူက ထိုဖြစ်စဉ်ကို တားမြစ်ဖို့အတွက် မူလချီအားလုံးကို စုစည်းလိုက်သော်လည်း သူ့ မူလချီများလည်း စတင်ခဲသွားသည်ကို သိလိုက်ရသည့်အတွက် ကြောက်လန့်သွားမိသည်။ ပြန်လည်ခုခံနေသော အချိန်ခဏအတွင်းမှာပင် ပုံဆောင်ခဲ ဖြစ်ခြင်းက လီကျွင်း၏ အံ့ဖွယ်ပင်လယ်သို့ ရောက်ရှိနေကြောင်း သတိထားလိုက်မိသည်။

သူ့ခန္ဓာကိုယ်ထဲရှိ မူလချီအားလုံး အစိမ်းရောင်သို့ စတင်ပြောင်းလဲနေသည်။ ထို့ကြောင့် လီကျွင်းတွင် ဖြေရှင်းနည်းကို စဉ်းစားရန် အချိန်မရှိပေ။

ထို့ကြောင့် တွေဝေခြင်းမရှိဘဲ အံ့ဖွယ်သွေးကြောအားလုံးကို အသက်သွင်းကာ ကောင်းကင်မြေကမ္ဘာ၏ စိတ်ဝိညာဉ်ချီကို အလျင်အမြန် စုပ်ယူလိုက်သည်။

ထိုနည်းလမ်းက အံ့ဖွယ်ပင်လယ် ခဲခြင်းကို လျှော့ချပေးနိုင်သည့် အကျိုးသက်ရောက်မှုလေး ရှိသည်။

ထိုနည်းလမ်း အလုပ်ဖြစ်ရခြင်းကလည်း သူ၏ ပြီးပြည့်စုံနေသော တာအိုအုတ်မြစ်ကြောင့် ဖြစ်ကြောင်း လီကျွင်းသိသည်။ ထို့ကြောင့် သူက တိုက်ပွဲမျှော်စင်နှင့် တူသော အံ့ဖွယ်ပလ္လင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

သူနှင့် ယန်းလီလင်းတို့ ပြီးပြည့်စုံသော တာအိုအုတ်မြစ်ကို ရရှိနိုင်ခြင်းက ဝမ်ဝေ့ကြောင့် ဖြစ်သည်။ ပြီးပြည့်စုံသော တာအိုအုတ်မြစ်တစ်ခုကို ရရှိရန်အတွက် လိုအပ်သည့်အရာ နှစ်ခုရှိသည်။ ထိုအရာများက လုံလောက်သော အရည်အချင်းနှင့် မူလချီထိန်းချုပ်နိုင်သည့် မြင့်မားသော အဆင့်တို့ ဖြစ်သည်။

ပြီးပြည့်စုံသော တာအိုအုတ်မြစ်ကို ရရှိရန်အတွက် ကျင့်ကြံသူတစ်ယောက်အနေဖြင့် အံ့ဖွယ်သွေးကြောများကို ပလ္လင်တွင် ပြီးပြည့်စုံစွာ ထွင်းနိုင်ရမည် ဖြစ်သည်။ သို့သော် အံ့ဖွယ်သွေးကြောများက သေးငယ်ပြီး ရှုပ်ထွေးသည့်အတွက် မူလချီကို တိတိကျကျ ထိန်းချုပ်နိုင်ရန် အင်မတန် ခက်ခဲလှသည်။

သူ့မှာ ထိုကဲ့သို့ စွမ်းရည်မရှိကြောင်းကို လီကျွင်း သိသော်လည်း သူ့အစ်ကိုကြီးက သူ့ကို ထိုအဆင့်သို့ ရောက်ရှိအောင် လုပ်ပေးခဲ့သည်။

ဝမ်ဝေ့က ကျင့်ကြံသူတစ်ယောက်အား မူလချီကို ကုဗတုံးပုံစံ မူလအသုံးအဆောင်ပစ္စည်းထဲသို့ ထိုးသွင်းစေသည့် သူတို့၏ မူလချီကို ထိန်းချုပ်ခြင်း ဆိုသည့် ကစားပွဲလေးတစ်ခုကို ဖန်တီးခဲ့သည်။ ပထမဆုံး အဆင့်များတွင် ကျင့်ကြံသူအား ပုံမှန် ပုံစံဖြစ်သည့် လေးထောင့်၊ တြိဂံ စသည်ပုံစံများ ပြုလုပ်ခိုင်းသည်။

ပိုမြင့်သော အဆင့်တွင် ကျင့်ကြံသူများအနေဖြင့် သူတို့၏ မူလချီကို ပုစဉ်းရင်ကွဲ၏ တောင်ပံကဲ့သို့ ပါးလာစေပြီး မီလီမီတာ အနည်းငယ်လောက်သာ ရှိသည့် ကြိုးများကဲ့သို့ သေးသွားအောင် ထိန်းချုပ်ရသည်။ ထို့နောက် ထိုကဲ့သို့ အဆင့်မျိုး ရောက်ရှိသွားသည့်အခါ သူတို့အနေဖြင့် အချင်းချင်း ဆက်နွယ်နေသော ထူးဆန်းပြီး ရှုပ်ထွေးသည့်  ပုံစံဆန်းများကို ပြုလုပ်ရမည် ဖြစ်သည်။

ထိုကစားပွဲက ဘယ်လောက်ထိ ဆိုးခဲ့လဲဆိုတာကို လီကျွင်း မှတ်မိသည်။ ကစားပွဲမှ လိုအပ်သည့် ထိန်းချုပ်နိုင်စွမ်းကို မရောက်နိုင်ဘဲ ကျရှုံးတိုင်း ဖန်သားမျက်နှာပြင်ပေါ်တွင် “ မင်းက တကယ့်အရှုံးသမားပဲ”ဆိုသော စာကြောင်း ထွက်ပေါ်လာကာ စွမ်းအားကြီးသော မိုးကြိုးဖြင့် ပစ်ခံရသည်။

မိုးကြိုးကြောင့် နာတာကို မေ့ထားလို့ ရသော်လည်း ထိုကစားပွဲက သူ့ကို အရှုံးသမားဟုခေါ်ကာ လှောင်ပြောင်နေသည်ဟု လီကျွင်း အမြဲတမ်း ခံစားနေခဲ့ရသည်။ ကစားပွဲက ထိုကဲ့သို့ ပြုလုပ်ရန် ပုံဖော်ရေးဆွဲထားသည်ကို သိသော်လည်း ထိုကစားပွဲမှ အာရုံခံနိုင်သည့် အဆင့်တစ်ခု ရှိလာပြီး သူ့ကို ပုဂ္ဂိုလ်ရေးအရ လှောင်ပြောင်နေသည်ဟု ခံစားရသည်။

ထို့ကြောင့် သူ ရှုံးနိမ့်တိုင်း ထိုအရာကို မြေပေါ် လွှင့်ပစ်သော်လည်း သူက အရှုံးသမား မဟုတ်ကြောင်း သက်သေပြဖို့ ချက်ချင်း ပြန်ကောက်ယူလေ့ရှိသည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ ကျင့်ကြံပြီးသွားသည့်အခါ လီကျွင်းက ပြီးပြည့်စုံသော တာအိုအုတ်မြစ်တစ်ခုကို ပြုလုပ်ရန် လိုအပ်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုအရာက ဘယ်လောက်ထိ တန်ဖိုးရှိလဲဆိုတာကို သူ သိနေဆဲ ဖြစ်၏။ ထိုအရာက လူအများကို ပြီးပြည့်စုံသော အုတ်မြစ်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ကြားပေးသည့် ကစားပွဲတစ်ခု ဖြစ်သည်။ ထိုကဲ့သို့ မြင့်သော အဆင့်ထိ မရောက်ဖူးသူဆိုလျှင်ပင် မူလချီကို ထိန်းချုပ်နိုင်အောင် လေ့ကျင့်ပေးသည့်အတွက် ဂိုဏ်းအတွက် အဖိုးမဖြတ်နိုင်သည့် အရာတစ်ခု ဖြစ်သွားသည်။

ထို့ကြောင့် ဝမ်ဝေ့ ထိုအရာကို ဖန်တီးခဲ့သည့်အခါ ဂိုဏ်း၏ ကျင့်ကြံဆင့်မြင့်သူအားလုံးက ဘယ်လိုမျိုး သေချာအသုံးပြုရမလဲဆိုသည့်အရာနှင့် ပတ်သက်ပြီး အငြင်းပွားမှုအနည်းငယ် ဖြစ်ပွားခဲ့သေးသည်။ ထိုကစားပွဲမတိုင်ခင်က ဂိုဏ်းရှိ လူများက သတ်မှတ်ထားသော အရည်အချင်းရှိသူများသာလျှင် ပြီးပြည့်စုံသော တာအိုအုတ်မြစ်ကို ရရှိနိုင်ကြောင်း ယုံကြည်ထားသည်။

သို့သော် ထိုကစားပွဲမှ အရည်အချင်း လုံးဝ မလိုကြောင်း သက်သေပြသွားသည်။ အခွင့်အရေးတစ်ခု ရရှိပါက ထိုကြိုးစားမှုနှင့် ဇွဲရှိခြင်းက မြင့်မားသော အောင်မြင်မှုကို ပေးစွမ်းနိုင်သည်။

ထို့ကြောင့် လူအများစုက ထိုနည်းလမ်းကို တပည့်များ ထိန်းကျောင်းရန် အသုံးပြုချင်ခဲ့သည်။ ကျန်သည့် အုပ်စုသုံးခုက သူတို့ကို ဖိအားပေးသော်လည်း ဝမ်မိသားစုက ထိုကဲ့သို့ တန်ဖိုးရှိသည့်အရာကို အလွယ်တကူ လက်မလွှတ်နိုင်ပေ။

အဆုံးသတ်တွင် ဝမ်ဝေ့၏ ကြားတွင် တားဆီးခြင်းကြောင့် ဝမ်မိသားစုမှ တခြားအုပ်စုများအတွက် ကစားပွဲကို ပြုလုပ်ပေးခဲ့သော်လည်း ပြုလုပ်နည်းက ဝမ်မိသားစု၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။

တခြားမိသားစုများ ကိုယ်တိုင် တူညီသော အရာကို လုပ်ဖို့ ကြိုးစားလျှင် ရလဒ်က ဝမ်ဝေ့ကိုယ်တိုင် လုပ်ထားတာလောက် မကောင်းမွန်သည့်အတွက် သူတို့လည်း ထိုအခြေအနေကို လက်ခံလိုက်တော့သည်။

လီကျွင်းက လက်ရှိအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အာရုံမစိုက်ခင် စိတ်ထဲတွင် ထိုအတွေးများအားလုံး ဝင်ရောက်လာသည်။ သူ၏ ပြီးပြည့်စုံသော တာအိုအုတ်မြစ်က အံ့ဖွယ်ပင်လယ် ပုံဆောင်ခဲဖြစ်သွားခြင်းကို လျှော့ချပေးသော်လည်း လီကျွင်း၏ ကိုယ်တွင်းအင်္ဂါအတွက်တော့ အတူတူ ဖြစ်လိမ့်မည်ဟု ပြောလို့မရပေ။

အချိန်ခဏအတွင်းမှာပင် အူများ၊ အစာအိမ်နှင့် ကျောက်ကပ်များ သလင်းကျောက်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ သွေးအန်ရမည့်အစား ပါးစပ်ထဲမှ အစိမ်းရောင် သလင်းကျောက်များ ထွက်ကျလာသည်။

လီကျွင်းက တွေဝေခြင်းမရှိ ထိုပုံဆောင်ခဲဖြစ်ခြင်း ဖြစ်စဉ်ကို တိုက်ခိုက်ရန် သတ်ဖြတ်ခြင်းအရှိန်အဝါကို စုစည်းခဲ့ပြီး ထိုနည်းလမ်းကလည်း အလုပ်ဖြစ်ခဲ့သည်။ သို့သော် ထိုနည်းလမ်းကလည်း ဖြစ်စဉ်ကို နှေးကွေးသွားအောင် လုပ်နိုင်သည့် အရာတစ်ခုလေးသာ ဖြစ်ခဲ့သည်။

ထို့ကြောင့် လီကျွင်းက သတ်ဖြတ်ခြင်း အရှိန်အဝါကို အသုံးပြုကာ အစိမ်းရောင်သလင်းကျောက်များကို တိုက်ခိုက်ဖို့ စတင် အသုံးပြုလိုက်သည်။ သူက တတ်နိုင်သမျှ ခွန်အားများကို စုစည်းရန်အတွက် စိတ်ဝိညာဉ်အပေါ် အာရုံစိုက်ထားလိုက်သည်။

ကံမကောင်းစွာဖြင့် အသုံးမဝင်ဆဲ ဖြစ်နေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ပုံဆောင်ခဲဖြစ်ခြင်းက အဆုတ်၊ သရက်ရွက်နှင့် နှလုံးသားအထိ ရောက်သွားသည်။ အပြင်ဘက်မှကြည့်လျှင် လီကျွင်း၏ ခေါင်းမှလွဲ၍ ခန္ဓာကိုယ်တစ်ခုလုံး အစိမ်းရောင် သလင်းကျောက်အဖြစ်သို့ ပြောင်းလဲနေသည့်အတွက် သူ့ကို ကြည့်ရတာ လှပသော ရုပ်ထုတစ်ခုသဖွယ် ဖြစ်နေသည်။

လီကျွင်းက သေသွားနိုင်သော အခြေအနေသို့ ရောက်ရှိနေသော်လည်း ကြောက်ရွံ့တုန်လှုပ်ခြင်းမျိုး မရှိပေ။ ထိုအစား ဖြေရှင်းနည်းတစ်ခုကို အမြန်ရှာနိုင်ရန်အတွက် စဉ်းစားနေသည်။

ရုတ်တရက် သူက တောင့်တင်းနေသော ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။ မီတာထောင်ချီကွာဝေးသောနေရာတစ်ခုတွင် လီကျွင်းက မဟာရှားတိုင်းပြည် စစ်တပ်နှင့် ဖန်းအံ့ဖွယ်တိုင်းပြည်၏ စစ်တပ်တို့ တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည့်အခါ အကြံတစ်ခု ရသွားသည်။

သူ ပါးစပ်ဟကာ မျိုချသည့်ပုံစံ လုပ်လိုက်သည်။ ရုတ်တရက် စစ်တပ်ဆီမှ မရေတွက်နိုင်သော အနီရောင်အလင်းတန်းများက လီကျွင်းဆီ ဦးတည်လာနေသည်။ ထိုအနီရောင် အလင်းတန်းများက မဟာရှား၏ စစ်သားများနှင့် ဖန်းအံ့ဖွယ်တိုင်းပြည်၏ စစ်တပ်များဆီမှ လာခြင်း ဖြစ်သည်။

ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထားသော ဖန်းလီကျွမ်းက ထိုအနီရောင်အလင်းတန်းများကို မြင်လိုက်ရသည့်အခါ သူမ၏ ဖျော့တော့သော မျက်နှာပေါ်တွင် သေသပ်သော အပြုံးတစ်ခု ဖယ်ရှားပြီးသား ဖြစ်သွားသည်။ သူမ၏ အသိစိတ်တွင် မကောင်းသည့်အရာ တစ်ခု ဖြစ်လာတော့မည်ဖြစ်ကြောင်း ထိုအရာကို သူမ ရပ်တန့်သင့်ကြောင်း ပြောနေသည်။

ထို့ကြောင့် သူမ မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်သော်လည်း ခွန်အား မရှိတော့ပေ။ သူမက မူလချီကို စုစည်းဖို့ ကြိုးစားသော်လည်း အံ့ဖွယ်ပင်လယ်က လုံးဝ လစ်ဟာနေသည်။ သူမ၏ မျိုးရိုးလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုပြီးနောက် သေမျိုးတစ်ယောက်ကဲ့သို့ အားနည်းလာသည်ကို သူမ သတိထားလိုက်မိသည်။

ထို့ကြောင့် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး သူမ၏ ပြိုင်ဘက် ဘာမှမလုပ်နိုင်ခင် မြန်မြန်ကုစားနိုင်ဖို့ မျှော်လင့်နေမိသည်။

စက္ကန့်အနည်းငယ်အကြာတွင် တိုက်ပွဲကွင်းပြင်မှ အလင်းအားလုံးက လီကျွင်းရှေ့သို့ ရောက်ရှိလာသည်။ ထိုအနီရောင်အလင်းများက စစ်ပွဲတစ်လျှောက်လုံး စစ်သားများ စုဆောင်းထားသည့် သတ်ဖြတ်ခြင်းချီများ ဖြစ်ကြသည်။

လီကျွင်းက သတ်ဖြတ်ခြင်းချီအားလုံးကို ထိန်းချုပ်ကာ သူ၏ ကိုယ်ပိုင်သတ်ဖြတ်ခြင်း အရှိန်အဝါနှင့် ပေါင်းစပ်လိုက်သည်။ အနီရောင်အလင်းတန်းက လီကျွင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားကာ သူ့ မျက်လုံးများက ကြောက်စရာကောင်းသော အနီရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ရုတ်တရက် လီကျွင်းက မြင်ကွင်းထဲရှိ အရာအားလုံးကို သတ်ချင်စိတ် ဖြစ်ပေါ်လာသည်။ သူက ထိုစစ်သားများ သတ်ခဲ့သည့် ယောက်ျား၊ မိန်းမ၊ ကလေး ဘယ်သူဖြစ်ဖြစ် အရာအားလုံးကို စတင် မြင်ယောင်လာသည်။

မဟာရှားစစ်သားများတွင် လက်နက်မရှိသော အားနည်းသည့် ပြည်သူများကို မသတ်ရဘူးဆိုသည့် စစ်စည်းမျဉ်းရှိသည့်အတွက် ဖန်းအံ့ဖွယ်တိုင်းပြည်ဘက်မှ လူများ ကလေးနှင့်အမျိုးသမီးများကို သတ်သည့် မှတ်ဉာဏ်များကို လီကျွင်းခန့်မှန်းနေသည်။

လီကျွင်းက ပြန်လည်ကြည်လင်ပြတ်သားလာရန် လျှာဖျားကို ကိုက်လိုက်သည်။ ထို့နောက် မျှော်နန်းဆောင်စစ်ဆေးမှုထဲတွင် သတ်ဖြတ်ခြင်းချီ ထိန်းချုပ်သည့် အားကောင်းသည့် စွမ်းအားကို အသုံးပြုလိုက်သည်။

ထိုသတ်ဖြတ်ခြင်းချီကို သူ၏ ဝိညာဉ်နှင့် အောင်မြင်စွာ ပေါင်းစပ်ပြီးတော့ လီကျွင်း၏ နောက်တွင် ဧရာမ မျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်။ ဧရာမမျက်နှာကြီးက သုံးဖက်ပါ မျက်နှာဖုံးတစ်ခု တပ်ထားပြီး တစ်ဖက်ချင်းစီတိုင်းတွင် မျက်နှာတစ်ခုစီ ရှိနေသည်။

ဧရာမမျက်နှာကြီးက မျက်နှာဖုံး တပ်ထားသော်လည်း မျက်လုံးများ၏ လီကျွင်း၏ သဘာဝ မဆန်သော မျက်လုံးများနှင့် တူနေသည်။

ထို့နောက် ရှေ့မှာ ရှိနေသော မျက်နှာက ပါးစပ်ကိုဖွင့်ကာ အော်ဟစ်လိုက်သည်။ ထို့နောက် အားကောင်းသော ဆန္ဒက ရုတ်တရက် လီကျွင်း၏ ခန္ဓာကိုယ်ထဲသို့ အားပြင်းစွာ ဝင်ရောက်လာပြီး နေရာယူထားသည့် ပုံဆောင်ခဲဖြစ်စဉ်ကို ဖျက်ဆီးလိုက်သည်။

စက္ကန့်အနည်းငယ်အတွင်း လီကျွင်း၏ ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင် သလင်းကျောက်အားလုံး အတွင်းနှင့်အပြင်ရှိအားလုံး ဖျက်ဆီးခံလိုက်ရသည်။

ထို့နောက် လီကျွင်းက စတင်ပြီး ချောင်းဆိုးတော့သည်။ ပါးစပ်ထဲမှ အစိမ်းရောင် သလင်းကျောက်များ ထွက်လာပြီး သွေးများလည်း ပါလာသည်။ သူက အသက်ပြင်းပြင်းရှူပြီးနောက် သူ့နောက်မှာ ရှိနေသော သုံးမျက်နှာ မျက်နှာဖုံးပုံရိပ်ကို ကြည့်ပြီးနောက် ပြုံးရွှင်သောမျက်နှာ ဖြစ်ပေါ်လာသည်။

လက်ယမ်းလိုက်သည့်အခါ သုံးမျက်နှာ မျက်နှာဖုံးက အနီရင့်ရောင်လှံတံအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် လီကျွင်းက အားကုန်သုံးကာ ဖန်းလီကျွမ်းဆီသို့ ပစ်လိုက်သည်။

လှံတံက လေကို အလျင်အမြန် ဖြိုခွင်းကာ ဖန်းလီကျွမ်းဆီသို့ သွားစိုက်သည်။ သူမအတွက် ကံကောင်းစွာဖြင့် အထိုးစိုက်မခံရခင် သိုလှောင်လက်စွပ်ထဲမှ အဆောင်တစ်ခုကို ထုတ်ကာ အကာအကွယ်တစ်ခု လုပ်လိုက်သည်။

သို့သော် သူမက လှံတံ၏ အရှိန်ကြောင့် အဝေးသို့ လွင့်ထွက်သွားသည်။ ထိုအချိန်တွင် လီကျွင်းက သူ့လှံတံမှ ဖန်းလီကျွမ်းကို မြင်ကွင်းမှ ပျောက်သည်အထိ သယ်ဆောင်သွားသည်ကို ကြည့်နေလိုက်သည်။

လီကျွင်းက နောက်ထပ်တစ်ခါ သွေးအန်ရင်း ကိုယ်တွင်းအင်္ဂါ အပိုင်းအစများပါ ပါလာသည်။ ထိုအရာကို မြင်ပြီးနောက် သူ ချက်ချင်း တင်ပျဉ်ခွေထိုင်ကာ ပါးစပ်ထဲ ဆေးလုံးများ ပစ်ထည့်လိုက်သည်။

All Chapters