← Chapters

ချင်လီ၏ လက်ကျန် စွမ်းအား

Vol. 32 Ch. 444

ချင်လီ၏ လက်ကျန် စွမ်းအား

Vol. 32 Ch. 444

ရဲရဲတောက်နတ်ဘုရားမြှားက ချင်လီကို ထိမှန်ပြီးနောက် အန်လင်းက သူ့လက်များနှင့် အချက်ပြကာ မီးတောက်စုစည်းအဝိုင်းနှင့် သူမ၏ သိုလှောင်လက်စွပ်ကို ဆွဲယူလိုက်၏။ ခို့နောက် သူက ထိုသည်များကို သူ့၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်ရန် ကြိုးစားလိုက်လေ၏။

သို့သော် သူမထင်မှတ်ထားသည်မှာ မီးတောက်စုစည်းအဝိုင်းမှာ အသက်စွမ်းအား ပိုင်ဆိုင်နေခြင်းပင်။ ရလာဒ်အနေဖြင့်  သူက ထိုသည်ကို သူ့၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်၍မရခဲ့ပါချေ။

မြင့်မြတ်ဗာမီလီယမ်မီးတောက်မှာလည်း ထိတွေ့ခံစားနိုင်သော အရာတစ်ခုအဖြစ် မှတ်ယူ၍ ရနိုင်သည်လား။ မြူနှင်းနတ်မိမယ်က ထိုသည်ကို သူမ၏ လက်ထဲတွင် ကိုင်ထားသည်က အံ့ဩစရာ မရှိတော့ပါပေ။

သူက ဤရှာဖွေတွေ့ရှိချက်ကို အနည်းငယ် အံ့အားသင့်သွားရ၏။ ထို့နောက် သူက အလွန်ဒဏ်ရာရနေသော မြူနှင်းနတ်မိမယ်၏ မျက်နှာဆီသို့ လှည့်လိုက်လေ၏။

ထိုမြူနှင်း နတ်မိမယ်မှာ သူမ၏ အသက်က ထိုအပေါ်တွင် မီတညိနေသကဲ့သို့ ပြေးနေသော်လည်း သူမက အန်လင်း၏ ၅၀ကီလိုမီတာအဝေးသို့သာ ရောက်နိုင်သေးပေ၏။ ထိုသည်က သူမက မည်မျှ အပြင်းအထန် ဒဏ်ရာရနေသလဲဆိုသည်ကို ပြသရန် လုံလောက်သော အထောက်အထားပင်ဖြစ်၏။

အန်လင်းက ပြုံးလိုက်လေ၏။ သူက ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကီလိုမီတာပေါင်းများစွာ ကျော်လာကာ မြူနှင်းနတ်မိမယ်၏ရှေ့သို့ ခဏအတွင်းမှာပင် ရောက်ရှိလာလေ၏။

သူမ၏ ရှေ့တွင် အန်လင်းက ပေါ်လာသည်ကို မြင်ပြီးနောက် မြူနှင်းနတ်မိမယ်၏ မျက်နှာက ဖြူဖျော့သွားလေ၏။ သူမက သရဲတစ်ကောင် တွေ့သကဲ့သို့ပင် နေရာမှာပင် အလန့်တကြား ရပ်နေလေ၏။ သူမ၏ နှလုံးသားကို အကြောက်တရားများ ပြည့်နှက်နေကာ မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်တော့ပါပေ။

"ဘာလဲ။ ငါ့ကို ပြန်မတိုက်တော့ဘူးလား။" အန်လင်းက မြူနှင်း နတ်မိမယ်ကိုကြည့်ကာ ထူးထူးဆန်းဆန်း ပြုံးပြလိုက်၏။ "အရင်တုန်းကဆိုရင် နင်က အပြင်းအထန် ဒဏ်ရာ ရနေတာတောင်မှ စုရှောင်လန်နဲ့ ငါ့ကို သေအောင် လက်သီးနဲ့ဆင့်ထိုးခဲ့တာမလား။ အခုကျ ဘာလို့ ရုတ်တရက်ကြီး ဒီလောက်ကြောက်တတ်သွားရတာလဲ။"

မြူနှင်းနတ်သမီးက အသည်းအသန် ခေါင်းခါပြလိုက်၏။ "ကျေး-ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ။" သူမက ဆိုလေ၏။ "ပျက်ပြယ်ခြင်း အဆင့်ထိရောက်ဖို့အတွက် ငါက နှစ်ပေါင်း တစ်သောင်းလောက်ကို ကျင့်ကြံခဲ့ရတာ။ ငါ ဒီလိုမျိုး မသေချင်ဘူး..."

မျက်ရည်များက သူမ၏ ဖြူဖျော့ဖျောါ ပါးထက်တွင် စီးကျနေကာ အပြင်းအထန် တောင်းပန်နေလေ၏။

"ငါ-ငါနင်နဲ့ အစေခံ စာချုပ် ချုပ်နိုင်ပါတယ်။ ငါတောင်းပန်ပါတယ်။ ကျေးဇူးပြုပြီူ ငါ့ကို မသတ်ပါနဲ့..."

အန်လင်းက မျက်မှောင် ကြုတ်လိုက်လေ၏။ မြင့်မြတ်နန်းတော်၏ နန်းတော်ခေါင်းဆောင်က သူမ၏ ဂုဏ်သိက္ခာကို ဘေးချိတ်ကာ အရှက်မဲ့စွာ ပြုမူနေပြီး တုန်ရီနေကာ သူမ၏ အသက်အတွက် တောင်းဆိုနေလေ၏။

"ဒါပဲလား။"

"ငါ-ငါတောင်းပန်ပါတယ်။ နင်ခိုင်းတာ ဘာမဆိုလုပ်ပါမယ်..." မြူနှင်းနတ်မိမယ်က ဆိုလိုက်၏။

"ဘာမဆိုလား..."

"အဲဒါဆို သွားသေလိုက်။"

အန်လင်း၏ ဓားက ခုတ်ပိုင်းပစ်လိုက်လေ၏။

အနက်ရောင် အရိပ်တစ်ခုက လေထုကို ဖြတ်သန်းကာ မြူနှင်းနတ်မိမယ်၏ ခန္ဓာကိုယ်ကိုလွှမ်းခြုံသွားလေ၏။

အန်လင်းက အစပိုင်းတွင် ဤမြူနှင်းနတ်မိမယ်ကို အနည်းငယ် ထပ်၍အနိုင်ကျင့်ချင်သေး၏။ သို့သော် သူက သူမ၏ အခြေအနေဆိုးဆိုးဝါးဝါးကို မြင်ရပြီးနောက် စိတ်ဝင်စားမှုများ ပျောက်ဆုံးသွားပေတော့သည်။ သူက သူမ၏ ပြုတ်ကျနေသော သိုလှောင်လက်စွပ်ကို ကောက်လိုက်ကာ ပြန်လှည့်လာခဲ့လိုက်၏။

ဤတိုက်ပွဲထဲတွင် သူက မြင့်မြတ်နန်းတော်ခေါင်းဆောင် ငါးဦး၏ သိုလှောင်လက်စွပ်များကို ရရှိခဲ့၏။ ထို့အပြင် အံ့ဖွယ် အယောင်ဆောင်နည်းစနစ်အတွက် မစ်ရှင်လည်း ပြီးမြောက်သွားပြီ ဖြစ်ကာ အထင်ကြီးဖွယ် မန္တန်နည်းစနစ်ကိုလည်း ရရှိမည်ဖြစ်၏။ အမှန်တကယ်တော့ ဤတိုက်ပွဲက အတော်ပင် အကျိုးရှိပေ၏။

သူက စုရှောင်လန်၏ဘက်သို့ ပြန်လာခဲ့လိုက်၏။

စုရှောင်လန်က အရည်ပျော်နေသော နှင်းကွက်တစ်ခုပေါ်တွင် ရပ်နေပြီး အန်လင်းကိုကြည့်ကာ ခပ်ဖွဖွ ပြုံးပြလိုက်၏။ "သူတို့နဲ့ အဝေတည့်ခဲ့ပြီလား။" သူမက ညင်သာစွာ ​မေးလိုက်၏။

"ငါအကုန်လုံးကို သတ်လိုက်ပြီ။ ဒါက ငါတို့ဂိုဏ်းရဲ့ မီးတောက်စုဆောင်းအဝိုင်းပဲ။ ဂရုတစိုက်သိမ်းထားလိုက်။" အန်လင်းက မီးတောက် စုဆောင်းအဝိုင်းကို စုရှောင်လန်ကို ပေးလိုက်ကာ ပြုံးပြလိုက်လေ၏။

စုရှောင်လန်က အနည်းငယ် တုန့်ဆိုင်းသွားလေ၏။ ထို့နောက် သူမက အပြင်းအထန် ခေါင်းငြိမ့်ပြကာ မီးတောက်စုဆောင်းအဝိုင်းကို သူမ၏ ပေါင်ပေါ်တွင် တင်ထားလိုက်လေ၏။

"ငါက ခဏလေးတော့ အားနည်းနေအုံးမှာ။ ငါ့ကို စောင့်ရှောက်ပေးဖို့ စိတ်မရှိဘူးမလား။"

အန်လင်းက သူခန္ဓာကိုယ်မှ စွမ်းအင်များ စီးထွက်နေသည်ကို ခံစားမိနေ၏။

"ငါ့တာဝန်သာထားပါ။" စုရှောင်လန်က ပြုံးပြလိုက်၏။

မကြာခင်မှာပင် အန်လင်း၏ ခန္ဓာကိုယ်မှာ စွမ်းအင်အားလုံး ကုန်ခမ်းသွားလေ၏။ မူးနောက်၊ ချည့်နဲ့ခြင်း ခံစားချက်တစ်ခုက သူ့တစ်ကိုယ်လုံးကို လဲကျသွားလေ၏။

စုရှောင်လန်က ချက်ချင်းပင် အပြေးလာရောက်ကာ သူ့အား ဂရုတစိုက် ပွေ့ထားပေးလိုက်၏။

အန်လင်းက သူမနှင့် ထိတွေ့မိသွားသောအခါ နွေးထွေးမှုကို ခံစားလိုက်ရ၏။ ထိုသည်က အလွန်အမင်း ကောင်းမွန်လှသော ခံစားချက်တစ်ခုဖြစ်ကာ သူ့နှလုံးသားကို လှိုင်းထန်လာစေ၏။

"ငါ့ရဲ့ အသံကူးပြောင်းရေး အစီအရင်က မြူနှင်းနတ်မိမယ်တွေရဲ့ ဖျက်ဆီးတာကို ခံလိုက်ရပြီ။" စုရှောင်လန်က ပြောလိုက်၏။ "ငါ့ရဲ့ သက်ရှိစွမ်းအင် ပြန်ပြီး အားပြည့်လာတာနဲ့ အနီးနားက အကြီးအကဲတွေကို ရွှေရောင်ဇာမဏီငိုကြွေးသံကို သုံးပြီး ဆက်သွယ်ဖို့ ကြိုးစားကြည့်မယ်။"

အန်လင်းက ခေါင်းငြိမ့်ပြလိုက်၏။ "အဲဒါဆို အခု ဘာလုပ်မလဲ။"

စုရှောင်လန်က အတန်ကြာအောင် တွေးတောနေလေ၏။

သူမက စကားပြောတော့မည့်အချိန်တွင် ကီလိုမီတာပေါင်းများစွာ အဝေးတွင် လင်းလက်နေသော မိုးပြာရောင် အလင်းတစ်ခုကို လှမ်းမြင်လိုက်လေ၏။

စုရှောင်လန်က အဝေးကို လှမ်းကြည့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးသွားလေ၏။ ထို့နောက် သူမ၏ မျက်လုံးအိမ်များက ကျုံ့သွားပြီး တုန့်ဆိုင်းခြင်းမရှိပဲ အန်လင်းကို အနောက်မှကာကွယ်ပေးလိုက်၏။

ထို့နောက်တွင် မိုးပြာရောင် အလင်းက ​ပျောက်ကွယ်သွားလေ၏။

စုရှောင်လန်က သူ့ပတ်လည်မှ အပူချိန်ကျ ထိုးကျသွားပြီး မြူထူထူအေးမြမှုက သူမ၏ နှလုံးသားကို ဆုတ်ကိုင်လိုက်သည်ဟု ခံစားလိုက်ရ၏။

သူမက ချက်ချင်းပင် ထိတ်ထိတ်ပြာပြာနှင့် လှည့်ကြည့်လိုက်၏။ "အန်လင်း..."

အစိမ်းရောင် ရေခဲပန်းဆွဲတစ်ခုက အန်လင်း၏ ရင်ဘတ်ကို ထိုးဖောက်နေပြီး နမိတ်မကောင်းလှစွာ တောက္ပနေလေ၏။ သေစေနိုင်လောက်သည့် အေးစိမ့်မှုက သူကိုယ်တစ်လျှောက် ပျံ့နှံ့သွားလေ၏။

စုရှောင်လန်က ရေခဲပန်းဆွဲကို သူမ၏လက်များဖြင့် ချက်ချင်းပင် ဖယ်ရှားလိုက်ပြီး မြေပြင်ပေါ်သို့ ပစ်ချလိုက်လေ၏။

နိုးဆော်မှုတစ်ခု ရရှိလိုက်သကဲ့သို့ အစိမ်းရောင် ရေခဲပန်းဆွဲမှာ ဖန်ဘောလုံးကဲ့သို့ အရာဝတ္ထုတစ်ခုအဖြစ် ကွေးညွတ်သွားလေ၏။ ထိုအရာ၏ အရောင်က မှေးမှိန်နေသည်မှာ စွမ်းအင်အားလုံးသုံစွဲသွားပြီး သကဲ့သို့ပင်။

စုရှောင်လန်က တုန့်ဆိုင်းမနေပဲ ချက်ချင်းပင် ဘောလုံးကဲ့သို့ အရာဝတ္ထုကို သူမ၏ မီးတောက်များနှင့် ဖျက်ဆီးပစ်လိုက်၏။ သူမက ထိုသည်က သူတို့ကို ထပ်မံတိုက်ခိုက်လာမည်ကို မစွန့်စားချင်ပါပေ။

သူမက အန်လင်း၏ ခန္ဓာကိုယ်ကို တင်းတင်းဖက်ထားလိုက်၏။ "အန်လင်း၊ အဆင်ပြေရဲ့လား။" သူမက အထိတ်တလန့် မေးလိုက်လေ၏။

"အေးတယ်..." အန်လင်း၏ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်အောင် တုန်ယင်နေလေ၏။ ရေခဲပန်းဆွဲက ချန်ရစ်ထားခဲ့သော ဒဏ်ရာက မြူနှင်းများနှင့် ဖုံးကွယ်ထားပြီး သူ့ခန္ဓာကိုယ်တစ်လျှောက်လုံးကို ဆက်လာခဲ့လေ၏။

စုရှောင်လန်က သူမ၏ မီးတောက်စွမ်းအင်များကို အန်လင်း၏ ခန္ဓာကိုယ်ထဲသို့ လောင်းထည့်လိုက်လေ၏။ ထို့နောက် သူမက အနီးနားရှိ ဂူတစ်ခုအတွင်းသို့ သယ်ဆောင်လာပြီး နောက်ထပ် တိုက်ခိုက်လာနိုင်သောရန်သူများထံမှ ဖုံးကွယ်ထားလိုက်၏။

"အန်လင်း၊ နင်ဘယ်လိုနေသေးလဲ။" စုရှောင်လန်က သူမ၏ မီးတောက်စွမ်းအင်မှာ အထူးရေခဲစွမ်းအင်ဘောလုံး၏ အပြည့်အဝ ဝါးမျိုခြင်းကို ခံလိုက်ရသည်ကို ရှာဖွေတွေ့ရှိသွားလေ၏။ သူမက အန်လင်း၏ ခန္ဓာကိုယ်မှ ထွက်လာနေသော မြူထူထူ အေးစက်ခြင်းကို မတာူဆီးနိုင်ပါပေ။

အန်လင်းက မထိန်းချုပ်နိုင်စွာ တုန်ခါနေလေ၏။ သူက စကားပင် မပြောနိုင်တော့ပါချေ။

မြူထူထူ အေးခဲခြင်းက အလွန်အမင်း ကြောက်မက်ဖွယ်ရာဖြစ်၏။ ထိုသည်က သူ့၏ အသားများနှင့် အတွင်းအားဗဟိုချက်များကို အေးခဲသွားစေရုံသာမက သူ့၏ သက်ရှိစွမ်းအင်နှင့် အံ့ဖွယ် အာရုံများကိုပင် အေးခဲသွားစေနိုင်၏။ ပို၍ဆိုးဝါးသည်မှာ ဤအေးစက်မှုက ဖျက်ဆီးစေတတ်သော စွမ်းအားကိုလည်း ပိုင်ဆိုင်ထား၏။

ဤစွမ်းအားမှာ ချီလင်၏ အံ့ဖွယ်မိုးပြာရောင်ငှက်၏ စွမ်းအားနှင့် အလွန်ဆင်တူလှပေ၏။ ထိုစွမ်းအားနှစ်ခုစလုံးက သူတို့၏ ပစ်မှတ်များကို အေးခဲသွားစေကာ ပုတ်သိုး ဖျက်ဆီးပစ်ပေ၏။

ငါက အရမ်း သတိလက်လွတ်ဖြစ်သွားတာ...။ အဲဒါက ချင်လီရဲ့ လက်ကျန် စွမ်းအားဖြစ်နိုင်တယ်။ ငါက နောက်ဆုံကျမှ စပရိုက် ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...။

အန်လင်း၏ အမြင်အာရုံများက ဝေဝါးလာကာ တဖြည်းဖြည်းနှင့် သတိလက်လွတ် ဖြစ်သွားလေ၏။

"အန်လင်း၊ အန်လင်း..." စုရှောင်လန်က ထိတ်ထိတ်ပြာပြာ ငိုကြွေးနေကာ အန်လင်း၏ ခန္ဓာကိုယ်ထဲသို့ မီးတောက်စွမ်းအင်များ လောင်းထည့်နေလေ၏။ သို့သော်လည်း ထိုသည်က အချည်းအနှီးပင် ဖြစ်လေ၏။

သူမက လုံးဝပင် တုန်ဟင်နေပြီဖြစ်၏။ အကြောက်တရားနှင့် စိုးရိမ်ပူပန်ခြင်းက သူမ၏ စိတ်ထဲတွင် နေရာယူပြီးနေလေပြီ။

အန်လင်း၏ အရေပြားပေါ်တွင် မြူနှင်းပါးပါူတစ်လွှာက ဖုံးအုပ်ထားပြီး ဖြစ်၏။

ငါ ဘာလုပ်ရမလဲ...။

ဟုတ်ပြီ။ ငါ့မှာ အဆင့်၁ ရွှေရောင်ဇာမဏီ အင်မော်တယ်အသီး ရှိတာပဲ။

သူမက ထိုသည်ကို သူမ၏ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်သို့ ထိုးဖောက်မည့်အချိန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်၏။ ထိုသည်တွင် အွန်အစွမ်းထက်သော မီးတောက်စွမ်းအင် ပါဝင်ပြီး မြူနှင်းအဆိပ်၏ ပျံ့နှံ့ခြင်းကို တားဆီးပေးနိုင်လောက်ပေ၏။

စုရှောင်လန်က ရွှေရောင်ဇာမဏီအင်မော်တယ် သစ်သီးကို သူမ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်၏။ အပူလှိုင်းတစ်ခုက ပတ်ဝန်းကျင်သို့ ချက်ချင်း ပျံ့နှံ့သွားကာ ဂူထဲရှိ အေးစက်မှုကို နွေးထွေးမှုနှင့် အစားထိုးလိုက်လေ၏။

သူမက အနည်းငယ်မျှပင် မတုံ့ဆိုင်းနေပဲ ချက်ချင်းပင် မန္တန်နည်းစနစ်တစ်ခုကို အသုံးပြုကာ အင်မော်တယ် သစ်သီးထဲရှိ စွမ်းအင်များကို အန်လင်း၏ ခန္ဓာကိုယ်ထဲသို့ ပြောင်းလဲပေးလိုက်၏။

သန့်စင်ပြီး အဆုံးမရှိ မီးတောက်စွမ်းအင်များက အန်လင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာလေ၏။ ထို အင်မော်တယ်သစ်သီးသည်လည်း စွမ်းအင်အမျိုးအစားတစ်ခုဖြစ်သော ဇာမဏီငှက်၏ စွမ်းအားများ ပါဝင်နေကာ ရေခဲစွမ်းအင်နှင့် မြူခိုးအဆိပ်များ အားလုံးကို ပျက်ပြယ်စေနိုင်၏။ ထိုသည်က အန်လင်းကို ကယ်တင်နိုင်လောက်ပါပေ၏။

အန်လင်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲလွှာက အရည်ပျော်စပြုလာလေ၏။ သူ့၏ မျက်နှာထက်တွင်လည်း ကျန်းမာသော သွေးရောင် ပြန်လွှမ်းလာလေ၏။

စုရှောင်လန်က သက်ပြင်းချလိုက်ကာ အပြုံးဖျော့ဖျော့တစ်ခုကို ဆင်မြန်းလိုက်လေ၏။

အင်မော်တယ် သစ်သီး၏ စွမ်းအင်ကို အပြည့်အဝ စုတ်ယူပြီးသည့်အခါ သူမက အန်လင်း၏ ထုတ်ချင်းပေါက်ဒဏ်ရာဆီသို့ လက်လှမ်းလိုက်လေ၏။ ထိုသည်မှ သွေးများ စိမ့်ထွက်နေဆဲပင် ဖြစ်၏။

ထို့နောက် သွေးများက ရုတ်တရက် အေးခဲသွားလေ၏။ ထို့နောက် ချက်ချင်းပင် အန်လင်း၏ ခန္ဓာကိုယ်ကို ဖြတ်၍ မိုးပြာရောင် အလင်းတစ်ခုက မြင့်တက်လာပြီး အအေးဓာတ်များ ချန်ရစ်ထားခဲ့လေ၏။ အချိန်အတော်ကြာသည်အထိ ချုပ်ထိန်းထားခံရပြီးနောက် ဤစွမ်းအင်တန်းကြီးက ပေါက်ကွဲထွက်သွားဟန် ရလေ၏။

အန်လင်း၏ ခန္ဓာကိုယ်မှာ သွေးကြောသဏ္ဍန် မိုးပြာရောင် ချည်များနှင့် ဖုံးလွှမ်းနေလေ၏။ အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည့် အရိပ်အမြွက်ဖြင့် ထိုချည်များက အရိုးထိအေးခဲစေသော အအေးဓာတ်ကို ထုတ်လွတ်နေလေ၏။

စုရှောင်လန်က ခိုက်ခိုက်တုန်နေလေ၏။ ကြည့်ရသည်မှာ သူမက မျှော်လင့်ချက်မဲ့သော အခြေအနေအောက်တွင် ပြိုကွဲတော့မလိုပင်။ သူမက အန်လင်းကို တင်းတင်းဖက်ကာ ရေရွတ်နေလေ၏။ "မဖြစ်နိုင်ဘူး...။ နင် မသေရဘူး...။ သေချာပေါက်ကို နည်းလမ်း တစ်ခုခုရှိရမယ်...။"

သူမက ရုတ်တရက် ဗာမီလီယမ်ငှက်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော သူမ၏ ဒုတိယဦးလေး ကျူစုဇွယ် ပေးထားသော အသက်ကယ် ရတနာကို သတိရသွားလေ၏။

သူမက မဖြစ်နိုင်သော ပဟေဠိတစ်ခုနှင့် ကြုံလာပါက ဤရတနာဆီမှ အဖြေတစ်ခု ရှာနိုင်မည်ဖြစ်သည်။

ဤသည်က တာအို ပေါင်းစပ်ခြင်းအဆင့် စစ်မှန်နတ်ဘုရားများပင် အဆင့်မြင့်တာအိုရှာဖွေခြင်း ကောင်းကင်ဘုံစာအုပ်ဟု သတ်မှတ်ထားသော ရတနာတစ်ခု ဖြစ်လေ၏။

စုရှောင်လန်က ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချကာ ရတနာကို ထုတ်လိုက်လေ၏။ ထိုသည်က အဝါရောင် စာရွက်တစ်ရွက် ဖြစ်လေ၏။

ချက်ချင်းပင် မမြင်နိုင်သော အော်ရာတစ်ခုက နေရာလပ်ကို ဖြတ်သန်းထွက်ပေါ်လာ၏။ ဤအော်ရာတွင် ကြီးမြတ်တာအို စိတ်ဆန္ဒနယ်ပယ်၏ အထူးအဓိပ္ပာယ်ပါဝင်လေ၏။

စုရှောင်လန်က တာအို ရှာဖွေခြင်း ကောင်းကင်ဘုံစာအုပ်ကို အန်လင်း၏ ခေါင်းပေါ်သို့ တင်လိုက်ပြီး သူမ၏ အံ့ဖွယ်အာရုံနှင့် အသက်သွင်းလိုက်လေ၏။ သူမက သူမ၏ သွေးကို အသုံးပြုကာ အဖြေတစ်ခုရှာလိုက်ပြီး အနီတောက်တောက် စကားလုံးများ ရေးလိုက်လေ၏။

"အမေး : အန်လင်းကို မည်သို့ ကယ်တင်ရမည်နည်း။"

-----------------

All Chapters