← Chapters

လျှို့ဝှက် နယ်ပယ်အဆင့်

Vol. 10 Ch. 137

လျှို့ဝှက် နယ်ပယ်အဆင့်

Vol. 10 Ch. 137

အခန်း (၁၃၇) : လျှို့ဝှက် နယ်ပယ်အဆင့်

တောင်တစ်လုံး၏ အတွင်းပိုင်းရှိ လူလုပ်ဂူထဲတွင် မိန်းမလှတစ်ယောက်က သူမ၏ သလင်းကျောက် မျက်လုံးများကို ဖွင့်ပြီး အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ သူမတွင် ဖျော့တော့သော အသားအရည် ရှိနေသော်လည်း ထိုအချက်က သူမ၏ အထွတ်အမြတ် အံ့ဖွယ်သဘောထားကို ယုတ်လျော့စေတာမျိုး မရှိပေ။

ထိုအမျိုးသမီးက လီကျွင်း၏ လက်ထဲတွင် ရှုံးနိမ့်ပြီးနောက် ဒဏ်ရာများကို လျှို့ဝှက်စွာ ကုသနေသည့် ဖန်းလီကျွမ်း ဖြစ်သည်။

သူမသာ စွမ်းအားကြီးအဆောင်ကို ထုတ်သုံးပြီး မကာကွယ်လိုက်ပါက နောက်ဆုံးလှံပစ်ချက်ကြောင့် သေသွားနိုင်သည်။ သို့သော် သူမ သေခါနီးဆဲဆဲတွင် သူမ၏ မျိုးရိုးက သူ့ဘာသာသူ အသက်ဝင်လာပြီး သူမ၏ အသက်ကို ကယ်တင်ပေးလိုက်သည်။

သို့သော် ထိုအရာက ဖန်းလီကျွမ်း၏ ဒဏ်ရာကို ပိုမိုဆိုးရွားလာစေသည်။ ရလဒ်အနေဖြင့် သူမက မျိုးရိုးစွမ်းအားများကို အသုံးမပြုနိုင်တော့ပေ။ သူမသာ ထိုကိစ္စကို လေးနက်စွာ အာရုံမစိုက်ပါက သူမ၏ မျိုးရိုး ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေမိသည်။

သူမ အရမ်းဒုက္ခရောက်နေခြင်းကြောင့် သက်ပြင်းချလိုက်ပြီးနောက် မတ်တပ်ရပ်ကာ အမှတ်အသားပြားတစ်ခုကို ထုတ်ကာ ဂူထဲတွင် ထားရှိထားသော အစီအရင်များကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

ထို့နောက် သူမ ဘယ်နေရာသို့ ရောက်နေလဲဆိုတာကို စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးနောက် ဖန်းအံ့ဖွယ်တိုင်းပြည်၏ မြို့တော်ဆီ ပြန်သွားလိုက်သည်။

တော်ဝင်နန်းတော်ထဲတွင် ဖန်းလီကျွမ်းက စိတ်လှုပ်ရှားနေသော သူမ၏ အမှုထမ်းများ မျက်နှာကို ကြည့်ရင်း နဂါးဇာမဏီပလ္လင်ပေါ်တွင် ထိုင်နေသည်။

“ နတ်ဘုရားအရှင်မကို ပြန်တွေ့ရတာ အရမ်းကောင်းတာပဲ” ဘယ်ဘက်မှ အမတ်ချုပ်က ချိုသာသောအသံဖြင့် ပြောလိုက်သည်။

ဖန်းလီကျွမ်း ခေါင်းညိတ်ပြပြီးနောက် တိုက်ရိုက်မေးမြန်းလိုက်သည်

“ ဒီနတ်ဘုရားမ သွားနေတဲ့အချိန်အတွင်းမှာ ဘာတွေ ဖြစ်ခဲ့သေးလဲ”

ထိုမေးခွန်းကို ကြားပြီးနောက် အခန်းက ချက်ချင်းတိတ်ဆိတ်သွားသည်။ ထို့ကြောင့် ဖန်းလီကျွမ်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

“ ညာဘက်က အမတ်ချုပ် ပြောပြပါလား”

“ နတ်ဘုရားဘုရင်မ ထွက်သွားတာ ရက်သတ္တပတ်အနည်းငယ်လောက် ရှိသွားပြီဆိုတော့ အဲဒီအချိန်အတွင်းမှာပဲ ကျွန်မတို့ပိုင်နက်ရဲ့ နောက်ထပ်လေးပုံတစ်ပုံကို ထပ်ပြီး ဆုံးရှုံးလိုက်ရပါတယ်”

ဖန်းလီကျွမ်က ထိုစကားကို ကြားပြီး ပိုမိုမျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ ပိုင်နက် လေးပုံတစ်ပုံကို ဆုံးရှုံးသွားခြင်းကြောင့် မဟုတ်ဘဲ အရေအတွက်က ထင်ထားသည်ထက် ပိုပြီး နည်းနေသောကြောင့် ဖြစ်သည်။ လီကျွင်း ရှိနေသည့်အတွက် မဟာရှားစစ်တပ်က ယခု မြို့တော်သို့ ရောက်နေသင့်ပြီဖြစ်သည်။

“ မဟာရှားစစ်တပ်ရဲ့ တိုးတက်လာမှုကို ဘယ်လိုမျိုး လျှော့ချနိုင်ခဲ့တာလဲ” ဖန်းလီကျွမ်းက မေးလိုက်သည်”

“ ကျွန်မတို့ စတေးရေးတပ်ဖွဲ့ကို အသုံးပြုခဲ့တာပါ” ဖန်းလီကျွမ်းမှ ဤကမ္ဘာသို့ ခေါ်ဆောင်လာသောသူ တစ်ယောက် ဖြစ်သည့် စစ်သေနာပတိချုပ်က ပြန်လည်တုံ့ပြန်လိုက်သည်။ လီကျွင်းကဲ့သို့ သူမ ကလေးဘဝကတည်းက အရွယ်ရောက်သည်အထိ ဖန်းလီကျွမ်းကို ခစားနေခဲ့သည်။

"စတေးရေးတပ်ဖွဲ့ ဟုတ်လား"

“ ပေါက်ကွဲစေတဲ့ အဆောင်ကို စစ်သားတွေ ကြားမှာထားပြီးတော့ သူတို့ကို စစ်သူကြီးလီကျွင်းနဲ့ ဆန့်ကျင်ပြီး သတ်သေအောင် လုပ်တာပါ။ အဲဒါဆိုရင် သူ တိုက်ပွဲထဲ ဝင်ပြီးနှောင့်ယှက်လို့မရအောင် ဟန့်တားပေးလို့ရတယ်”

“ ဒါပေမဲ့ အဲဒါကြောင့် ကျွန်မတို့တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေအနေက အတော်လေး အန္တရာယ်ရှိရှိ ကျဆင်းနေပါတယ်”

ထိုအရာက ကောင်းမွန်သော နည်းလမ်းဆိုတာကို သိသွားပြီးနောက် ဖန်းလီကျွမ်း၏ အကြည့်တို့ တောက်ပသွားရသည်။ ထိုအရာက ခဏတာ ဖြေရှင်းချက်တစ်ခုသာ ဖြစ်သော်လည်း ထိုအခြေအနေတွင် သူတို့လုပ်နိုင်သည့် အကောင်းဆုံးအရာ ဖြစ်သည်။

“ တိုင်းပြည်ရဲ့ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာမလိုပါဘူး။ ငါတို့ရဲ့ နယ်မြေတွေကို ပြန်ယူနိုင်ရင် ချမ်းသာမှုတွေ ရောက်လာမှာပဲ။ ငါတို့ရဲ့ ဒဏ်ရာရ စစ်သားတွေရော အခြေအနေဘယ်လိုလဲ”

“ ဒဏ်ရာရတာ အရမ်းများပေမဲ့ သူတို့က ဧကရီအတွက်ဆို သေပေးရတာ ပျော်ပါတယ်” စစ်သေနာပတိချုပ်က ပြန်ဖြေခဲ့သည်။

ဖန်းလီကျွမ်းက ခေါင်းညိတ်ပြကာ တိုင်းပြည်၏ ကိစ္စရေးရာများကို စတင်ဆွေးနွေးပြီးနောက်မှ အမှုထမ်းအားလုံးကို ပြန်ခွင့်ပေးလိုက်သည်။

ထို့နောက် သူမက နတ်ဘုရားအမည်စာရင်းနှင့် တော်ဝင်စည်းတံဆိပ်ကို ထုတ်ပြီး တိုင်းပြည်၏ ချီကံကောင်းမှုနှင့် ချိတ်ဆက်လိုက်သည်။

ဖန်းလီကျွမ်းက တိုင်းပြည်၏ ချီနဂါး ဘယ်လိုမျိုး တွားသွားကာ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို လျှာဖြင့် လျက်နေလဲဆိုတာ လေ့လာနေသည်။ အနီးကပ်လေ့လာပြီးနောက် နဂါးက ဦးချိုမဲ့နဂါးအဖြစ်သို့ ပြန်လည်ပြောင်းသွားတော့မည်ဆိုတာကို သူမ သတိထားလိုက်မိသည်။

ဖန်းလီကျွမ်းက ထိုအရာကို မြင်ပြီးနောက် သက်ပြင်းချကာ မျက်နှာပေါ်တွင် ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်တို့ ထွက်ပေါ်လာသည်။ သူမက နန်းတော်၏ လျှို့ဝှက်အခန်းထဲသို့ ဝင်သွားကာ အစီအရင်ကို အသက်သွင်းလိုက်သည်။

ခဏအကြာတွင် သေရည်ခရားကို ကိုင်ဆောင်ထားသည့် ချောမောသော အမျိုးသားတစ်ယောက် သူမရှေ့တွင် ထွက်ပေါ်လာသည်။ ထိုလူငယ်လေးဆီတွင် နှစ်ပေါင်းများစွာ မအိပ်စက်ရသေးသကဲ့သို့ ပင်ပန်းနွမ်းနယ်သော မျက်လုံးများ ရှိနေသော်လည်း အင်မတန် ချောမောနေဆဲဖြစ်သည်။

“ အော် အချစ်လေး ကျွမ်းအာ ဒီနေ့ ဘာလို့ ခေါ်လိုက်ရတာလဲ” ချောမောသော အမျိုးသားက ပြုံးရင်း မေးလိုက်သည်။

“ဟွမ်မင် … ဒီနတ်ဘုရားမကို ကျွမ်အာလို့ မခေါ်ပါနဲ့။ ကျွန်မတို့က အဲလောက်ထိ မရင်းနှီးဘူးလေ” ဖန်းလီကျွမ်းက ရွံရှာသောအကြည့်ဖြင့် ပြောလိုက်သည်။

“ အင်း နည်းလမ်းတကျ ပြောရမယ်ဆိုရင်တော့ မင်းက ကိုယ်နဲ့ စေ့စပ်ထားတဲ့သူလေ”

“ အဲဒါက ကျွန်မတို့ အံ့ဖွယ်မျိုးနွယ်တွေရဲ့ ဆုံးဖြတ်ချက်ပဲလေ။ ဒီနတ်ဘုရားမက အဲဒီစေ့စပ်မှုကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူး”

“ ဟား…ဟား…ဟား…တရားမျှတပါတယ်။ ဘာလို့ ကိုယ့်ကို ခေါ်လိုက်တာလဲ” ဟွမ်မင်က ကရားထဲမှ တစ်ငုံသောက်လိုက်သည်။

“ မဟာမိတ်ဖွဲ့ဖို့အတွက် ခေါ်လိုက်တာပါ” ဖန်းလီကျွမ်းက အသက်ပြင်းပြင်းရှူပြီးနောက် ပြန်ဖြေလိုက်သည်။

“ မင်း လီမိသားစုရဲ့ ဆက်ခံသူ လက်ထဲမှာ ရှုံးနိမ့်ခဲ့တယ်လို့ ကြားတယ်။ အဲဒါ အမှန်ပဲလား”

“ ရှင်က ဒီနတ်ဘုရားမကို လှောင်ဖို့ ကြိုးစားနေတာလား”

“ မဟုတ်ရပါဘူးကွာ။ ကိုယ်တို့တိုင်းပြည် မဟာမိတ်နဲ့ ပတ်သက်ပြီး မင်း စိတ်ပြောင်းသွားရတဲ့ အကြောင်းလေးကို သိချင်ရုံတင်ပါ”

“ ဟုတ်လား မဟုတ်ဘူးလားပဲ ဖြေပါ” ဖန်းလီကျွမ်းက အံကြိတ်ကာ ပြောလိုက်သည်။

“ မဟာမိတ်ဖွဲ့တာနဲ့ ပတ်သက်ပြီးတော့ ဘာပြဿနာမှ မရှိပေမဲ့ ကိုယ်တို့ရဲ့ စေ့စပ်မှုနဲ့ ပတ်သက်ရင်တော့…”

ဖန်းလီကျွမ်းက ထိုစကားကို ကြားသည့်အခါ လှောင်ရယ်လိုက်ပြီး ဆုံးဖြတ်ချက် ပြတ်သားစွာ ဖြေဆိုလိုက်သည်

“ အခု ဒီအခြေအနေကို အသုံးပြုပြီးတော့ စေ့စပ်မှုကို သဘောတူလာအောင် လုပ်လို့ရမယ် ထင်နေရင် ရှင် စိတ်ကူးယဉ်တာ များသွားပြီ”

“ ဒီနတ်ဘုရားက စစ်ဆေးမှုမှာ ကျရှုံးသွားတယ်ဆိုရင်တောင် ဖန်းအံ့ဖွယ်မျိုးနွယ်က နောက်ထပ်အုပ်ချုပ်ဖို့ နောက်ထပ် ကမ္ဘာငယ်တစ်ခုဆီ ပို့ပေးနိုင်သေးတယ်။ အခြေအနေ ပိုဆိုးလာခဲ့မယ်ဆိုရင် ခရမ်းရွှေရောင် ချီကံကောင်းမှုကို ရဖို့အတွက် ကံကောင်းခြင်းကျောက်တုံးကိုပဲ အသုံးပြုလိုက်မယ်”

ထိုစကားကို ပြောပြီးနောက် ဖန်းလီကျွမ်းက တိတ်တဆိတ် လက်သီးဆုပ်လိုက်မိသည်။ သူမအနေနှင့် သူမ ထိုနည်းလမ်းများကို အသုံးမပြုချင်ပေ။

ပထမနည်းလမ်းကို အသုံးပြုလိုက်လျှင် သူမ အချိန်ဖြုန်းရာကျသည်။ သူမနှင့် သင့်တော်မည့် ကမ္ဘာငယ်ကို ရှာရမည့် ကြာချိန်ရှိသည့်အပြင် ကမ္ဘာအားလုံးကလည်း ချီကံကောင်းမှု စုဆောင်းရန် အသုံးမပြုနိုင်ပေ။

သူတို့ ရှာနိုင်ခဲ့လျှင်ပင် ထိုနေရာကို သိမ်းပိုက်နိုင်ဖို့ အချိန်အများကြီး အသုံးပြုဖို့ လိုအပ်သည်။ သူမက တိုက်ပွဲတိုင်းပြည်ကမ္ဘာတွင် အသုံးပြုသည့်အချိန်က ဆယ်နှစ်ကျော်နေပြီ ဖြစ်သည်။ သူမ တခြားကမ္ဘာကို အုပ်ချုပ်ရမည်ဆိုပါက အသုံးပြုရမည့်အချိန်သည် သုံးဆကျော်သွားနိုင်သည်။

အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့်သို့ ရောက်ရှိနေပြီး သက်တမ်းတစ်ထောင်ကျော်ရှိကာ သူမ၏ မျိုးရိုးမှ ထောက်ပံ့ထားသော သက်တမ်းအပိုရှိသည့် သူမလို လူအတွက် နှစ်ပေါင်း ၃၀ က ဘာမှ မပြောပလောက်ပေ။

ကံမကောင်းစွာဖြင့် ကောင်းကင်ရွေးချယ်ခံအားလုံး အရှိန်အဟုန်ဖြင့် တိုးတက်နေသော ခေတ်တွင် ဆယ်စုနှစ် သုံးခုစာ  ဖြုန်းတီးလိုက်ခြင်းက သူမနှင့် တခြားသူများကြားတွင် ကြီးမားသော ကွာဟမှုတစ်ခု ဖြစ်ပေါ်သွားစေနိုင်သည်။

ဖန်းလီကျွမ်း မျှော်လင့်ချက်ကုန်ဆုံးသည့်အချိန် မရောက်သေးသရွေ့ ကံကောင်းမှု တိုးလာစေရန် ကံကောင်းမှုကျောက်တုံးကို အသုံးပြုမည် မဟုတ်ပေ။

ဖန်းလီကျွမ်း၏ တုံ့ပြန်မှုကို ကြားသည့်အခါ ဟွမ်မင်က ရယ်လိုက်ပြီး ပြုံးရင်း ပြောလိုက်သည်

“ ကျွမ်းအာ ကိုယ်က နောက်နေတာပါ။ မင်းနဲ့ မဟာမိတ်ဖွဲ့ဖို့ဆို ပျော်ပြီးသားပါ။ အသေးစိတ် အချက်အလက်တွေ ဆွေးနွေးဖို့အတွက် ကိုယ်စားလှယ်ကိုသာ လွှတ်လိုက်ပါ”

ဖန်းလီကျွမ်းက ခေါင်းညိတ်ပြကာ ဆက်သွယ်ရေးအစီအရင်ကို တွေဝေခြင်းမရှိ ဖြတ်တောက်လိုက်သည်။

ဖန်းအံ့ဖွယ်တိုင်းပြည်၏ အနောက်ဘက်ရှိ ဟွမ်အံ့ဖွယ်တိုင်းပြည်၌…

တော်ဝင်နန်းတော်ထဲတွင် ဆက်သွယ်ရေး အစီအရင်ပိတ်ပြီးနောက် ဟွမ်မင်၏ အပြုံးတို့ ပျောက်ကွယ်သွားသည်။

“ မိန်းမပျက် သိပ်မကြာခင် မင်း ငါ့ရဲ့ ပေါင်ကြားထဲ ရောက်လာတော့မှာပါ” ဟွမ်မင်က ယုတ်မာသော အကြည့်ဖြင့် ရေရွတ်လိုက်သည်။

“ တစ်ခုခု ပြောလိုက်သေးလား အရှင်” ဆွဲဆောင်မှုအပြည့်ပါနေသော အသံဖြင့် ပြောလိုက်သည်။

ဟွမ်မင်က သူ့ဘေးတွင် ဖော်ချွတ်သော အဝတ်အစားများနှင့် ကနေသည့် မိန်းမအားလုံးကို ကြည့်ကာ ထွက်သွားဖို့ လက်ယမ်းပြလိုက်သည်။

ထို့နောက် တိုက်ပွဲတိုင်းပြည်ကမ္ဘာ၏ မြေပုံကို ထုတ်ယူကာ စိုက်ကြည့်ရင်း စဉ်းစားနေသည်။

မြေပုံက နယ်မြေငါးခုအဖြစ် ပိုင်းခြားထားသည်။ အရှေ့ဘက်ဒေသတွင် မဟာရှားတိုင်းပြည်နှင့်အတူ ဖန်းအံ့ဖွယ်တိုင်းပြည် တည်ရှိသည်။ အနောက်ဘက်တွင် ဟွမ်အံ့ဖွယ်တိုင်းပြည် ရှိပြီး အရှေ့ဘက်တွင် ဖန်းအံ့ဖွယ်တိုင်းပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

အနောက်ဖက်ခြမ်းတွင် ဤကမ္ဘာရှိ နယ်ခံတိုင်းပြည်များဖြင့် ဖွဲ့စည်းထားသော ကယ်တင်ရှင်မဟာမိတ်အဖွဲ့အစည်း ဟူသော တိုင်းပြည်တစ်ခု ရှိသည်။ သူတို့က ဤကမ္ဘာကို ကျူးကျော်လာသော နယ်ခြားနတ်ဆိုးများလက်မှ ကာကွယ်ပေးဖို့ လိုအပ်သည်ဆိုသော စကားအရ ပေါင်းစည်းသွားကြခြင်း ဖြစ်သည်။

မဟာမိတ်ဖွဲ့ဖို့ ဟွမ်မင် သဘောတူလိုက်ရခြင်းအကြောင်းက သူကိုယ်တိုင်လည်း ကယ်တင်ရှင်မဟာမိတ် အဖွဲ့အစည်းနှင့် ပြဿနာ တက်နေသည့်အတွက် ဖြစ်သည်။ အရှင်းဆုံးပြောရလျှင် သူတို့၏ ခေါင်းဆောင်နှင့် ပြဿနာတက်နေခြင်းဖြစ်သည်။

ထိုလူက ပိုးဟပ်လိုလူမျိုး ဖြစ်သည်။ ဟွမ်မင် သူ့ကို တွေ့တိုင်း သတ်ပစ်လုနီးပါးအထိ အနိုင်ယူတိုက်ခဲ့သည်။ သို့သော် သူက ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်း လွတ်မြောက်သွားလေ့ ရှိသည်။ ထို့အပြင် ထိုလူက သူနှင့် ထပ်ခါထပ်ခါ တိုက်ခိုက်လေ့ ရှိသည်။

ထိုလူက အနိုင်ယူဖို့ ပိုမိုခက်ခဲလာသည်ကို ဟွမ်မင် သတိထားမိသည်။ နောက်ဆုံးတိုက်ပွဲတွင် ပြိုင်ဖက်ကို အနိုင်ယူဖို့အတွက် မျိုးရိုးကို အသက်သွင်းဖို့ပင် ဖိအားပေးခံလိုက်ရသည်။

သို့သော် ဟွမ်မင်က ကယ်တင်ရှင်မဟာမိတ် အဖွဲ့အစည်းနှင့် ပတ်သက်ပြီး ဂရုမစိုက်ပေ။ သူ့ကို အစိုးရိမ်ဆုံးဖြစ်သွားစေသည်က အဖွဲ့အစည်း၏ အနောက်ဖက်ရှိ နယ်မြေအများစုကို ပိုင်ဆိုင်ထားသော တိုင်းပြည်သုံးခု ရှိသည့် အလယ်ပိုင်းဒေသ ဖြစ်သည်။

ဟွမ်မင်က သူ့ကိုယ်သူ ကောင်းကောင်းသိပြီး အလယ်ပိုင်းတိုင်းပြည်ရှိလူများ သို့မဟုတ် မဟာရှား၏ ကောင်းကင်ရွေးချယ်ခံနှင့် တစ်ယောက်တည်း မတိုက်ခိုက်နိုင်မှန်း သူ သတိထားမိသည်။ ထို့ကြောင့် ထိုလူများကို တိုက်ခိုက်ရန် ဖန်းလီကျွမ်း၏ မဟာမိတ်ဖွဲ့မှုကို လက်ခံထားခြင်း ဖြစ်သည်။

ဟွမ်မင်က ယခုထက်ပိုကောင်းသော ရွေးချယ်မှုများ ရှိ၊ မရှိ သိနိုင်ရန်အတွက် မြေပုံကို ဆက်လက် စိုက်ကြည့်နေသည်။ မြောက်ဘက်ဒေသတွင် အေးခဲနေသည့် နယ်မြေများ ရှိသည်။ သို့သော် ဆိုးရွားလှသော အပူချိန်ကြောင့် လူအနည်းငယ်သာ ထိုနေရာတွင် ရှင်သန်နိုင်သည်။

တောင်ဘက်ဒေသတွင် နတ်ဆိုးသားရဲအများစု နေထိုင်သော တောအုပ် ရှိသည်။ ထိုနေရာက နတ်ဆိုးသားရဲများ၏ ပိုင်နက်ဖြစ်သည့်အတွက် လူသားများအတွက် နေစရာမရှိပေ။

အနောက်ဘက်ဒေသက ကျယ်ပြန့်သော ကန္တာရ ဖြစ်သည်။ ထိုနေရာတွင် ကန္တာရတိုင်းပြည်များစွာ ရှိသောလည်း အရင်းအမြစ်က နည်းပါးသည်။ ထို့ကြောင့် ထိုနေရာတွင် နေထိုင်ရသည့်အခြေအနေက အေးခဲသည့် မြောက်ဘက်ဒေသထက်ပင် ပိုပြီး ဆိုးနေနိုင်သည်။

ထို့ကြောင့် ထိုနေရာရှိ ကျင့်ကြံသူများက အင်မတန် အားနည်းကြသည်။ ဟွမ်မင် သတိထားမိသလောက် အနောက်ဘက်ဒေသကို စတင်မှတ်အဖြစ် ရွေးချယ်သည့် ကောင်းကင်ရွေးချယ်ခံ သိပ်ပြီး မရှိနိုင်ပေ။

ထိုအကြောင်းကို စဉ်းစားပြီးနောက် ဟွမ်မင်က သက်ပြင်းချကာ မြေပုံကို အဝေးသို့ထားလိုက်သည်။ ထို့နောက် ဆက်သောက်နေရင်း အနာဂတ်အကြောင်းကို တွေးတောနေသည်။

…………..

ထိုအချိန်တွင် မဟာရှားပိုင်နက်ထဲရှိ မြို့တစ်မြို့၌ လူတစ်ယောက်က သောက်လို့ ပြီးသွားသည့်အတွက် အိမ်သို့ လမ်းလျှောက်ပြန်နေသည်။ လမ်းလျှောက်တာက ဒယီးဒယိုင်ဖြစ်နေပြီး အိမ်ပြန်လမ်းကို စမ်းတဝါးဝါး ဖြစ်နေသည်။

ရုတ်တရက် မီးခိုးရောင်အလင်းတန်းက မျက်လုံးထဲတွင် လင်းလက်သွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသည်။

သူ နိုးထလာသည့်အချိန်တွင် အင်မတန် ခေါင်းကိုက်နေသည့်အတွက် ရေရွတ်လိုက်သည်

“ မနေ့ညက ဒီလောက်တောင် သောက်မိသွားတာလား”

သို့သော် သူ ဘယ်ရောက်နေမှန်း မသိပေ။ ထို့ကြောင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ရုပ်ထုများစွာ ပတ်လည်ရှိနေသည့် မှိန်ပျပျ အခန်းထဲသို့ ရောက်ရှိနေသည်ကို သိလိုက်ရသည်။

ထိုလူက ရုတ်တရက် အမူးပြေသွားကာ ရုတ်တရက် ဖြစ်လာနိုင်သော လှုပ်ရှားမှုအတွက် သတိဖြင့် နေလိုက်သည်။ ဘာမှမဖြစ်လာသည်ကို သတိထားမိပြီးနောက် သူ ရဲတင်းလာကာ ထိုရုပ်ထုများကို စတင်လေ့လာတော့သည်။

ထိုအရာက ရုပ်ထုများ မဟုတ်ဘဲ ရုပ်သေးရုပ်များနှင့် ပိုပြီးတူနေကြောင်း သတိထားလိုက်မိသည်။ ထိုလူက ယခင်ကတည်းက ကျင့်ကြံသူများ၏ ရုပ်သေးရုပ်နှင့် အထိအတွေ့ရှိဖူးသည့်အတွက် မှတ်မိနိုင်ခြင်း ဖြစ်သည်။ ထိုရုပ်သေးရုပ်များက အန္တရာယ်ရှိသည်ကို သူ သတိထားမိသည့်အတွက် ထိုနေရာမှ အတတ်နိုင်ဆုံးမြန်မြန် ထွက်သွားရန် ဆုံးဖြတ်ချက် ချလိုက်သည်။

သို့သော် သူက အရမ်းနှစ်သက်ဖို့ကောင်းသော အနံ့တစ်ခုကို ရလိုက်သည်။ ထိုအနံ့လာရာကို ကြည့်လိုက်သည့်အခါ ထွက်ပေါက်နှင့် ဆန့်ကျင်ဖက်နေရာမှ လာနေခြင်း ဖြစ်သည်။

သူ့နှလုံးသားက ထွက်သွားဖို့ ပြောနေသော်လည်း သူ့လောဘက သူ့ကို ကြီးမားသော အခွင့်အရေးက စောင့်နေကြောင်း ပြောလိုက်သည့်အတွက် ဆွဲဆောင်နေသည့် အနံ့အနောက်သို့ လိုက်သွားသည်။

ထို့နောက် ထိုလူက ရွှေ၊ ငွေ၊ မူလကျောက်တုံးနှင့် မရေတွက်နိုင်သော ဆေးလုံးများ ပြည့်နှက်နေသည့် ပုလင်းများ ရှိသော အခန်းတစ်ခန်းထဲသို့ ဝင်ရောက်သွားသည်။ သူ တစ်ခုကို ဖွင့်ကြည့်လိုက်သည့်အခါ အနံ့ ဘယ်က‌နေ ရောက်လာလဲဆိုတာကို သိသွားသည်။

သူ့ဘဝကို ပြောင်းလဲသွားစေနိုင်သည့် စွန့်စားမှုတစ်ခုမှန်း သိလိုက်ရသည့်အခါ သူ ချက်ချင်း စိတ်လှုပ်ရှားလာမိသည်။ အခန်း၏ အလယ်ရှိ ရွှေရောင်စာအုပ်ကို ရုတ်တရက်  သတိထားလိုက်မိသည်။

ထိုစာအုပ်က ဤအခန်းထဲတွင် အရေးပါဆုံးပစ္စည်း ဖြစ်နိုင်သည်ဟု သတိထားမိသွားသည့်အခါ ထိုစာအုပ်ရှိရာသို့ အမြန်သွားလိုက်သည်။ သူ့အတွက် ကံမကောင်းစွာဖြင့် သူ ထိုစာအုပ်အနား မီတာအနည်းငယ်ကပ်သွားသည့်အခါ စာအုပ်၏ ဘေးပတ်လည်တွင် မရေတွက်နိုင်သော သင်္ကေတများ ထွက်ပေါ်လာပြီး အခန်းတစ်ခန်းလုံးသို့ ပျံ့နှံ့သွားသည်။

ထိုလူက တောက်ပနေသော စာအုပ်ကို လိုချင်တပ်မက်စိတ်ဖြင့် စိုက်ကြည့်နေသည်။ သူက စာအုပ်တစ်အုပ်လုံး၏ ခေါင်းစဉ်ကို မမြင်ရသော်လည်း အသက်ရှည်ခြင်း ကျင့်စဉ် ဆိုသည့် စာလုံးအချို့ကိုတော့ မြင်လိုက်သည်။

ထိုစာအုပ်ကို ယူဖို့ ကြိုးစားကြည့်ရမလားဆိုတာ တွေဝေခဲ့သော်လည်း အသက်ဝင်တော့မည့် အစီအရင်ကို တွေ့လိုက်သည့်အခါ မလုပ်ခဲ့ပေ။ သို့သော် အနီးအနားရှိ အမှတ်အသားပြားတစ်ခုကို ယူပြီး ထွက်ပြေးလိုက်သည်။

ထွက်ပြေးနေစဉ်အတွင်း ရုပ်သေးရုပ်များ အသက်ဝင်လာသည်ကို မြင်သည့်အတွက် ထွက်ပေါက်သို့ အမြန်ရောက်အောင် ပြေးလိုက်ရသည်။ ထူးဆန်းသော နေရာမှ ထွက်လာပြီးနောက် ထိုလူက သက်ပြင်းချကာ တောင်မှ ထွက်လာခဲ့သည်။

………….

ထိုအဖြစ်အပျက်အပြီး ရက်အနည်းငယ်အကြာတွင် မဟာရှားမြို့တော်၏ ကျန်းမိသားစု စံအိမ်တော်ထဲ၌

ကျန့်ယုံက စိတ်လှုပ်ရှားစွာဖြင့် အမှတ်အသားပြားကို ကိုင်ထားပြီး သူ့အစေခံကို ပြောလိုက်သည်

“ အဲဒါက လျှို့ဝှက်နယ်ပယ်ဆိုတာ သေချာလို့လား”

“ ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ အစေခံတစ်ယောက်က လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အရမ်းအသောက်လွန်ပြီးတော့ ရှာတွေ့ခဲ့တာ”

ကျန်းယုံက ခေါင်းညိတ်ပြီး ထပ်မေးလိုက်သည်

“ ဒီအကြောင်းကို ဘယ်သူတွေသိထားသေးလဲ”

“ အခုလက်ရှိတော့ ကျွန်တော်နဲ့ ခေါင်းဆောင်ပါပဲ”

ကျန့်ယုံက ခေါင်းညိတ်ပြကာ သူ့အစေခံကို ထွက်သွားရန် လက်ယမ်းပြလိုက်သည်။ ထို့နောက် လက်ထဲရှိ အမှတ်အသားပြားကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်လိုက်သည်။ သူ နောက်ဆုံးတော့ မိသားစု မြင့်တက်လာစေမည့် နည်းလမ်းကို ရှာတွေ့သွားပြီ ဖြစ်၏။

All Chapters