← Chapters

လျှို့ဝှက် နယ်ပယ်အဆင့်

Vol. 10 Ch. 138

လျှို့ဝှက် နယ်ပယ်အဆင့်

Vol. 10 Ch. 138

အခန်း (၁၃၈) : လျှို့ဝှက် နယ်ပယ်အဆင့်

ကျန့်ယုံက သူ့မျိုးနွယ်၏ အနာဂတ်အတွက် မျှော်လင့်ချက်ကို မြင်လိုက်ရသည့်အတွက် စိတ်ကောင်းဝင်နေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူ့အတွက် အရမ်းစိတ်ဖိစီးခဲ့ရပြီး ဝမ်ဝေ့က စစ်တပ်များ စေလွှတ်ကာ သူ့မိသားစုဝင်များအားလုံးကို သတ်ပစ်မလားဆိုတာကို တွေးရင်း အချိန်ကုန်ဆုံးခဲ့သည်။

ကျန့်ယုံက လက်ထဲရှိ အမှတ်အသားပြားကို စိုက်ကြည့်ရင်း ပြုံးကာ နောက်ထပ်ခြေလှမ်းအတွက် စဉ်းစားနေသည်။

ဤကမ္ဘာတွင် အာကာပြင်နှင့် ဆက်စပ်နေသည့် အရာနှစ်ခု ရှိသည်။ ထိုအရာက သိုလှောင်လက်စွပ်နှင့် လျှို့ဝှက် နယ်ပယ်အဆင့်များ ဖြစ်သည်။

သိုလှောင်လက်စွပ်များကို ကောင်းကင်သတ္တုဟု ခေါ်သည့် ဝိညာဉ်ပစ္စည်းမှတစ်ဆင့် အနည်းငယ် ရှားပါးသော ပြုပြင်မွမ်းမံသူများကသာ လုပ်နိုင်သည်။ ကျင့်ကြံသူအများစုက ထိုပစ္စည်းဖြင့် ပို့ဆောင်ရေး အစီအရင်များ ဖန်တီးရန် ကြိုးစားခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဘယ်သူမှ မအောင်မြင်ခဲ့ပေ။

လှိုဏ်ခေါင်းနယ်ပယ်ဟုခေါ်သည့် လျှို့ဝှက်နယ်ပယ်ဆိုသည်မှာ ကောင်းကင်နှင့် မြေကမ္ဘာကြားတွင် စိတ်ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေသော သေးငယ်သည့် နေရာလွတ် ဖြစ်သည်။ ထို့ကြောင့် လျှို့ဝှက်နယ်ပယ်က ကျင့်ကြံသူများအတွက် ကောင်းချီးပေးသော နေရာတစ်ခုသဖွယ် ဖြစ်လာသည်။

ကျန့်မျိုးနွယ်တွင် ကိုယ်ပိုင် လျှို့ဝှက်နယ်ပယ် ရှိခဲ့သည့်အတွက် မိသားစုတစ်ခုအတွက် လျှို့ဝှက်နယ်ပယ်က ဘယ်လောက်ထိ အရေးပါလဲဆိုတာကို ကျန့်ယုံသိသည်။ ကံမကောင်းစွာဖြင့် နှစ်ပေါင်းများစွာ အသုံးပြုပြီးနောက် လျှို့ဝှက်နယ်ပယ်က ဖျက်ဆီးခံလိုက်ရသည်။

ထို့အပြင် သူ ရရှိထားသော အချက်အလက်အရ ထိုလျှို့ဝှက်နယ်ပယ်က ရှေးဟောင်းစွမ်းအားမှ ထားခဲ့သည့် အမွေအနှစ်တစ်ခုဖြစ်ကြောင်း ကျန့်ယုံ ခန့်မှန်းမိသည်။

ခဏတာ တွေဝေပြီးနောက် ကျန့်မိသားစု၏ အံ့ဖွယ်ပလ္လင် ကျင့်ကြံသူများထဲမှ တစ်ယောက်ကို ဆက်သွယ်လိုက်ပြီး လျှို့ဝှက်နယ်ပယ်ကို သွားပြီး စစ်ဆေးစေသည်။

အံ့ဖွယ်ပလ္လင် ကျင့်ကြံသူတစ်ယောက်က ဘယ်သူ့ကိုမှ သတိမပေးဘဲ မြို့တော်မှ တိတ်တဆိတ် ထွက်ခွာကာ လျှို့ဝှက်နယ်ပယ် ရှာတွေ့သော တောင်ထဲသို့ ဦးတည်သွားလိုက်သည်။ သူ ပေးသော အမှတ်အသားပြားကို အသုံးပြုပြီး အထဲသို့ ပို့ဆောင်ခံလိုက်ရသည်။

သို့သော် သူ အထဲသို့ ဝင်ပြီးပြီးချင်း ရုပ်သေးရုပ်တစ်ခု၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ရုပ်သေးရုပ်၏ အမြုတေကို ထုတ်ကာ မလှုပ်ရှားနိုင်အောင် လုပ်ဖို့အတွက် နာရီအနည်းငယ်လောက် အချိန်ယူ တိုက်ခိုက်ပြီးမှ မလှုပ်နိုင်အောင် လုပ်လိုက်နိုင်သည်။

ထို့နောက် ကျင့်ကြံသူက လျှို့ဝှက်နယ်ပယ်၏ အတွင်းပိုင်း မီတာအနည်းငယ်သို့ ဝင်ရောက်လာသည့်အခါ အင်မတန်ဆွဲဆောင်မှုရှိသော ရနံ့ကို ခံစားလိုက်မိသည်။ သူ၏ အတွေ့အကြုံများကြောင့် ထိုဆေးလုံးများက အနည်းဆုံး အဆင့်မြင့် နက်နဲအဆင့် ရှိနိုင်ပြီး မြေကမ္ဘာအဆင့်ထိပင် ရောက်ရှိနိုင်သည်ဟု ထင်မြင်မိသည်။

ထိုအကြောင်းကို စဉ်းစားမိပြီး ကျင့်ကြံသူက ထိုဆေးလုံးများ ရှိသည့်နေရာကို အလျင်အမြန် သွားလိုက်ချင်သော်လည်း မရေတွက်နိုင်သော ရုပ်သေးရုပ်များ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူက တစ်ယောက်ကို သတ်ဖို့ပင် အများကြီး အားထုတ်လိုက်ရသည့်အတွက် အများနှင့် မယှဉ်နိုင်မှန်းသိသည့်အတွက် ခေါင်းဆောင်ကို အစီအရင်ခံရန် လျှို့ဝှက်နယ်မြေထဲမှ ထွက်သွားလိုက်သည်။

လျှို့ဝှက်နယ်ပယ်၏ အကာအကွယ်က ထင်ထားသည်ထက် ပိုမိုအားကောင်းနေသည့်အတွက် ကျန့်ယုံက မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော် ထိုအရာကပဲ လျှို့ဝှက်နယ်မြေထဲမှာ ရှိသည့်အရာက သူ ထင်ထားသည်ထက်ပိုပြီး တန်ဖိုးရှိကြောင်း သက်သေပြပေးလိုက်သလို ဖြစ်သွားသည်။

ထို့ကြောင့် ကျန့်ယုံက သူတို့ ကျန့်မိသားစု၏ လူသားသာလွန်အဆင့် ဘိုးဘေးကို ဆက်သွယ်ပြီး လျှို့ဝှက်နယ်ပယ်ကို စစ်ဆေးခဲ့သည်။

ကျန့်မိသားစု၏ ဘိုးဘေးက ထိုလျှို့ဝှက်နယ်ပယ်သည် သူတို့၏ မျိုးနွယ်အတွက် ဘယ်လောက်အရေးပါကြောင်း နားလည်သည့်အတွက် ထိုကဲ့သို့ လုပ်ဖို့ ပျော်နေသည်။

သူမ ဝင်သွားပြီးနောက် ရုပ်သေးရုပ်အားလုံးက သေချာလေ့ကျင့်ထားသော စစ်တပ်ကဲ့သို့ တန်းစီထားသည်ကို သတိထားလိုက်မိသည်။ သူမက အားလုံးကို လျစ်လျူရှုပြီး လေထဲမှ ပျံသန်းပြီး ဖြတ်ကျော်သွားသည်။ တစ်ခြားတစ်ခုထဲသို့ ထပ်ဝင်သွားပြီးနောက် ကျန့်မျိုးနွယ်၏ ဘိုးဘေးက သူမ၏ ပျံသန်းခြင်း စွမ်းရည်ကို တားမြစ်ခံလိုက်ရကြောင်း သိလိုက်ရသည်။

သို့သော် သူမ ပတ်လည်တွင်ရှိနေသော ကြွယ်ဝမှုနှင့် ဆေးလုံးပုလင်းများအားလုံးကို သတိထားမိသည်။ သူမ အနံ့ခံကြည့်ရန် အဖုံးတစ်ခုကို ဖွင့်လိုက်သည်။ သူမ ရှူသွင်းလိုက်သည့် ပမာဏအနည်းငယ်က သူမ၏ မူလအဆီအနှစ် အနည်းငယ် မြင့်တက်သွားသည့်အတွက် မြေကမ္ဘာအဆင့် ဆေးလုံးမှန်း သူမ ချက်ချင်း သတိထားမိသွားသည်။

သူမက နောက်ထပ် ပုလင်းအနည်းငယ်ကို ထပ်မံစစ်ဆေးကြည့်လိုက်သည့်အါ တူညီသော အရည်အသွေးဖြစ်နေကြောင်း သတိထားလိုက်မိသည်။ ထို့နောက် သူမက ရွှေရောင် စာအုပ်တစ်အုပ်ရှိနေသည့် ပလ္လင်ပေါ်သို့ သွားလိုက်သည်။

ထိုနေရာတွင် အစီအရင်များ ရှိနေသည်ကို သိပြီးသား ဖြစ်သည့်အတွက် စာအုပ်အနောက်သို့ လိုက်သွားရမည့်အစား ဆေးလုံးပုလင်းအနည်းငယ်ကို လက်ထဲရှိ သေးငယ်သော သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

ကံမကောင်းစွာဖြင့် သူမ သိမ်းဖို့ လုပ်လိုက်သည့်အချိန်တွင် အခန်းထဲရှိ အစီအရင် အသက်ဝင်လာကာ သူမကို တားမြစ်လိုက်သည်။ ထို့နောက် မရေတွက်နိုင်သော ရုပ်သေးရုပ်များက အသက်ဝင်လာကာ သူမကို တိုက်ခိုက်တော့သည်။

သို့သော် သူမ မကြောက်ရွံ့ခဲ့ပေ။

လူသားသာလွန်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်တဲ့သူမက ဘယ်လိုလုပ်ပြီးတော့ ရုပ်သေးရုပ် အနည်းငယ်ကို ကြောက်နေရမှာလဲ။ ကံမကောင်းစွာနဲ့ သူမက အရမ်းမောက်မာပြီးတော့ သူမရဲ့ စွမ်းရည်ကို အရမ်းမြင့်မြင့် မှန်းထားတာပဲ

သူမက ရုပ်သေးရုပ် တစ်ရုပ်ထက် ပိုပြီး စွမ်းအားကြီးသော်လည်း သူတို့အားလုံး အတူတူပေါင်းလိုက်သည့်အါ သူမ သူတို့ကို မယှဉ်နိုင်တော့ပေ။ ထို ရုပ်သေးရုပ်များက တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေသလိုမျိုး အလုပ်လုပ်နိုင်နေသည့်အတွက် ပိုဆိုးသည်။

နောက်ဆုံးရလဒ်အနေဖြင့် ကျန့်မိသားစု၏ ဘိုးဘေးလည်း ရွေးချယ်စရာမရှိတော့ဘဲ လျှို့ဝှက်နယ်ပယ်မှ ထွက်ပြေးရတော့သည်။ ခဏအကြာတွင် သူမက မြို့တော်သို့ တိတ်တဆိတ် ပြန်လာပြီး သူမ၏ အတွေ့အကြုံအကြောင်း ပြောပြလိုက်သည့်အခါ ကျန့်ယုံက မကျေမနပ်ဖြစ်သွားသည်။

“ဘိုးဘေးကျန့် မိသားစုမှာ ရှိတဲ့ လျှို့ဝှက်အင်အားတွေ အကုန်ထုတ်သုံးလိုက်မယ်ဆိုရင် လျှို့ဝှက်နယ်ပယ်ကို ဖမ်းဆုပ်နိုင်မှာလား” ကျန့်ယုံက မေးလိုက်သည်။

ကံမကောင်းစွာဖြင့် ခေါင်းဆောင်ကျန့်က သူ့မေးခွန်းအတွက် မကောင်းသော အဖြေကို ရရှိခဲ့သည်။ ခဏတာ အနည်းငယ် တွေဝေပြီးနောက် ကျန့်ယုံ၏ အကြည့်ထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ဖြတ်ပြေးသွားသည်။

ထိုနေ့ညတွင် ထောက်လှမ်းရေး တားမြစ်အစီအရင်များဖြင့် ပြည့်နှက်နေသော ကျန့်စံအိမ်တော်၏ လျှို့ဝှက်အခန်းထဲတွင် အစည်းအဝေးတစ်ခုကို ကျင်းပနေသည်။

“ ဒီနေ့ဆွေးနွေးမဲ့ အကြောင်းအရာကို မပြောခင် ဒီဝိညာဉ်စာချုပ်မှာ လက်မှတ်ထိုးဖို့ လိုလိမ့်မယ်။ ဒီနေ့ည ဆွေးနွေးမဲ့ အကြောင်းအရာထဲက နည်းနည်းလေးဖြစ်ဖြစ် အပြင်ကို ပေါက်ကြားသွားရင် တိုက်ရိုက်မျိုးဆက်ဖြစ်ဖြစ် သွယ်ဝိုက်မျိုးဆက်တွေဖြစ်ဖြစ် အားလုံး ကောင်းကင်ရဲ့ မိုးကြိုးအပြစ်ပေးခြင်းကို ခံရမယ်”

“ ကျန့်ယုံ ဒီလောက်ထိ သတိထားနေဖို့ လိုအပ်လို့လား” ချန်းလျူက မေးလိုက်သည်။

“ အဘိုးကြီးကျန့် ဘာလို့များ ဒီလောက်ထိ လေးနက်နေရတာလဲ” လန်ကျန့်က မေးလိုက်သည်။

“ မင်းတို့နှစ်ယောက် လက်မှတ်ထိုးမှာလား၊ မထိုးဘူးလား” အေးစက်ပြီး လျစ်လျူရှုသောအသံဖြင့် တုံ့ပြန်လိုက်သည်။

ကျန့်ယုံ၏ တုံ့ပြန်မှုကို မြင်ပြီးနောက် သူတို့နှစ်ယောက်က အခြေအနေပြင်းထန်မှုကို သတိထားမိပြီး ခဏစဉ်းစားပြီးနောက် လက်မှတ်ထိုးဖို့ ဆုံးဖြတ်လိုက်ကြသည်။

မိနစ်အနည်းငယ်အကြာတွင် လန်ကျန့်က အော်ပြောလိုက်သည်

“ ဘာ… လျှို့ဝှက်နယ်ပယ်ကို ရှာတွေ့ခဲ့တယ် ဟုတ်လား”

“ မအော်နဲ့ ငတုံးရဲ့” ချန်းလျူက အော်ငေါက်လိုက်သည့်အတွက် လန်ကျန့်က သံသယအကြည့်ဖြင့် ဘေးပတ်လည်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူတို့သုံးယောက်ထဲသာ အခန်းထဲမှာ ရှိနေမှန်းသိပြီး စိတ်သက်ရာရပြီး သက်ပြင်းချလိုက်မိသည်။

ခဏအတွင်းမှာပင် လန်ကျန့်က သူတို့မိသားစု၏ မျှော်လင့်ချက်ကြောင့် စိတ်လှုပ်ရှားလာမိသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က သူတို့၏ လန်မိသားစုအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်နေခဲ့သည်။ စည်းစိမ်ပိုင်ဆိုင်မှုများကို ဝမ်ဝေ့က လက်လွှဲယူလိုက်သည်။

သူတို့မိသားစုက ယခင်တိုင်းပြည်တွင် ရှိနေသည့် အာဏာအားလုံးကို ဆုံးရှုံးခဲ့ရသည်။ သူတို့က ဥပဒေကို လိုက်နာဖို့ ဖိအားပေးခံခဲ့ရပြီး သူတို့အမှားနည်းနည်းလေး လုပ်သည်နှင့်တစ်ပြိုင်နက် အပြစ်ပေးခံရမည် ဖြစ်သည်။ သူ လွန်ခဲ့သော နှစ် ၂၅၀ အတွင်း ဒီလောက်ထိ နှိပ်စက်ညှဉ်းပန်းခံရတာမျိုး မရှိခဲ့ပေ။ သို့သော် သူက ယခု သူ့မိသားစု အနာဂတ် မျှော်လင့်ချက်ကို မြင်လာရပြီ ဖြစ်သည်။

လန်ကျန့်က သူ့မျိုးနွယ်စု၏ ပျော်ရွှင်သော အနာဂတ်အကြောင်းကို တွေးတောနေစဉ်  ကျန့်ယုံက ပိုမိုတည်ငြိမ်ပြီး သူ့ထက် ခေါင်းတစ်လုံး မြင့်နေသည်။ ထို့ကြောင့် သူက မေးလိုက်သည်

“ အဘိုးကြီးကျန့် ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းရအောင်။ လျှို့ဝှက်နယ်ပယ်အကြောင်း ဘာလို့ ကျုပ်တို့မိသားစုကို မပြောခဲ့တာလဲ။ ဒီလိုကောင်းတဲ့အရာကို ခင်ဗျားတို့မျိုးနွယ်စုအတွက်ပဲ သိမ်းမထားသင့်ဘူးမလား”

ထိုစကားကို ကြားပြီးနောက် လန်ကျန့်လည်း စိတ်ကူးယဉ်မှုမှ နိုးထလာကာ ကျန့်ယုံကို သံသယစိတ်ဖြင့် စိုက်ကြည့်လိုက်မိသည်။

ကျန့်ယုံက လိမ်ညာချင်သော်လည်း အခက်အခဲရှိချိန်တွင် သူတို့မျိုးနွယ်နှစ်စု၏ ပူးပေါင်းမှုကို လိုအပ်သည်ဟု တွေးခဲ့ကြောင်း ပြောလိုက်သည်။ သို့သော် ထိုမျိုးနွယ်စုနှစ်ခုက တစ်ခါတစ်ရံ အလျင်စလို လုပ်တတ်သည်ကို သိသော်လည်း သူတို့က ရူးနှမ်းသည်။ သို့သော် ဘယ်ငတုံးမှ သူတို့လိုမျိုး မျိုးနွယ်ခေါင်းဆောင်ရာထူးကို အကြာကြီး ထိန်းသိမ်းထားနိုင်သည့် ငတုံးမရှိပေ။

ထိုကဲ့သို့အရာများ ရှိသည်ဟု ပြောလိုက်လျှင်လည်း ထိုလူများက သူ့ကို ယုံကြည်လိမ့်မည် မဟုတ်ပေ။ မျိုးနွယ်စုသုံးခုက နှစ်ပေါင်းများစွာ မဟာမိတ်ဖြစ်လာကြပြီး မျိုးဆက်များစွာ ထိမ်းမြားလာသော်လည်း လိုအပ်သော တန်ကြေးသာ ရပါက သစ္စာဖောက်ဖို့ ဝန်းမလေးကြပေ။

ထို့ကြောင့် သူ အမှန်အတိုင်း ပြောခဲ့သည်။ လျှို့ဝှက်နယ်ပယ်ထဲရှိ အခက်အခဲများကို သူတို့ဘိုးဘေးက တစ်ယောက်ထဲ မဖြေရှင်းနိုင်ကြောင်းနှင့် သူတို့မျိုးနွယ်စုများ၏ အင်အားကို လိုအပ်ကြောင်း ပြောခဲ့သည်။

တခြား မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်က အခြေအနေတစ်ခုလုံးကို နားလည်ပြီးနောက် ခေါင်းညိတ်ပြကာ လျှို့ဝှက်နယ်ပယ်ထဲရှိ ကြွယ်ဝမှုကို ဘယ်လိုမျိုး သေချာခွဲခြမ်းရမလဲဆိုတာ ဆွေးနွေးနေသည်။ အကျိုးအမြတ်နှင့် ပတ်သက်လာသည့်အခါ သူငယ်ချင်းဆက်ဆံရေးကို လုံးဝ မေ့သွားပြီး တောအုပ်ထဲတွင် သားကောင်ကို အမဲလိုက်နေသည့် သားရဲများကဲ့သို့ ဖြစ်လာသည်။

နောက်တစ်နေ့တွင် မျိုးနွယ်စု သုံးခုလုံး ကျေနပ်စေမည့် သဘောတူညီချက်တစ်ခု ရလာပြီးနောက် လူသားသာလွန်အဆင့် ကျင့်ကြံသူတစ်ယောက်ချင်းစီတိုင်းက စုစည်းပြီး လျှို့ဝှက်နယ်ပယ်အတွင်းရှိ ရုပ်သေးရုပ်များအားလုံးကို အနိုင်ယူနိုင်မည့် နည်းလမ်းအ‌ကြောင်း ဆွေးနွေးနေကြသည်။ ကျန့်မျိုးနွယ်စုဘိုးဘေးဆီမှ ရရှိသော အချက်အလက်ကို အခြေခံပြီး ဖြစ်နိုင်ချေရှိသော အကြံအစည်တစ်ခု ပြုလုပ်ကာ သူတို့သုံးယောက်လုံး အထဲသို့ ဝင်သွားကြသည်။

သူတို့အတွက် ကံမကောင်းစွာဖြင့် သူတို့ လျှို့ဝှက်နယ်ပယ်ထဲ ဝင်ပြီးပြီးချင်း သူတို့ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပေါ်လာသည်။

All Chapters