သတင်းပေါက်ကြားခြင်း
Vol. 10 Ch. 139
အခန်း (၁၃၉) : သတင်းပေါက်ကြားခြင်း
လျှို့ဝှက်နယ်ပယ်ထဲသို့ ဝင်ပြီးနောက် သူတို့လေထဲမှာ မပျံသန်းနိုင်ဖြစ်သွားသည့်အတွက် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူတို့သုံးယောက်လုံး သတိထားလိုက်မိသည်။ ယခင်က ရရှိထားသော အချက်အလက်အရ ကျန့်မျိုးနွယ်စု၏ ဘိုးဘေးက လျှို့ဝှက်နယ်ပယ်၏ အတွင်းပိုင်းအထိ ပျံသန်းသွားနိုင်ကြောင်း သိထားသည်။
သို့သော် ယခု အရာအားလုံး မတူညီတော့သည့်အတွက် သူတို့စီစဉ်ထားသည့် အစီအစဉ်ကို အသုံးမဝင် ဖြစ်သွားစေသည်။ သို့သော် ရုတ်တရက် ပြောင်းလဲသွားသော်လည်း သူတို့သုံးယောက်က ရွေ့လျားခြင်းကို မရပ်တန့်ဘဲ ဆေးလုံးနှင့် အမွေအနှစ်များရှိသည့်နေရာသို့ ဆက်သွားနေသည်။
သို့သော် ထိုဘိုးဘေးများ နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းပြီးပြီးချင်း မရေတွက်နိုင်သော ရုပ်သေးရုပ်များက သူတို့ကို စတင်တိုက်ခိုက်တော့သည်။ ထို့ကြောင့် သူတို့က သူတို့၏ ပြင်းထန်သော ခွန်အားနှင့်အတူ ပြန်လည်တိုက်ခိုက်လိုက်သည်။
ကံမကောင်းစွာဖြင့် ထို ရုပ်သေးရုပ်များ၏ ခွန်အားကလည်း လျှော့တွက်လို့မရပေ။ ဒီထက်ပိုပြီးအရေးကြီးသည်က သူတို့ဘက်မှ အရေအတွက် အရမ်းများနေခြင်း ဖြစ်သည်။
“ ခင်ဗျား ပြောတော့ ရုပ်သေးရုပ်တွေ ပထမတစ်သုတ်က ကျော်ဖြတ်ဖို့ အရမ်းလွယ်ကူတယ်ဆို” လန်မျိုးနွယ်၏ ဘိုးဘေးက မေးလိုက်သည်။
“ အဲလိုမျိုး ဖြစ်သင့်တာ။ အရင်တစ်ခါတုန်းက အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့် ကျင့်ကြံသူတောင် အဲဒီလှိုင်းကို အလွယ်တကူ ကျော်ဖြတ်ပြီးတော့ အတွင်းပိုင်းအလွှာထဲ ရောက်ခဲ့တာ” ကျန့်မျိုးနွယ်၏ ဘိုးဘေးက ပြောလိုက်သည်။
“ ဒါဆိုရင် တစ်ခုပဲ ရှိတော့တယ်” ချန်းမျိုးနွယ်၏ ဘိုးဘေးက ပြောလိုက်သည်။
“ နောက်ဆုံးလာတဲ့ အခေါက်ပြီးသွားတော့ လျှို့ဝှက်နယ်ပယ်ရဲ့ အစီအရင်တွေအားလုံးကို အပြည့်အဝ အသက်သွင်းလိုက်တာ ဖြစ်မယ်”
ကျန်နှစ်ယောက်က ထိုစကားကို ကြားပြီး ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ထိုအရာက သူတို့၏ လက်ရှိအခြေအနေကို ပြောင်းလဲသွားစေခြင်းမျိုး မရှိပေ။ သူတို့၏ စွမ်းအားကြီး ဂါထာနှင့် တိုက်ခိုက်မှုများကို အသုံးပြုပြီး ရုပ်သေးရုပ် အနည်းငယ်ကိုသာ ဖျက်ဆီးနိုင်ခဲ့သည်။
ပိုပြီးဆိုးရွားသည်က ရုပ်သေးရုပ်တစ်ရုပ် ဖျက်ဆီးခံရလျှင် ကျန်ရှိနေသောသူများလည်း မြေပြင်မှ ချက်ချင်းပျောက်ကွယ်သွားသည်။ ထို့နောက် မိနစ်အနည်းငယ်ကြာသွားသည့်အခါ ယခင်ရုပ်ကြွင်းများမှ ရုပ်သေးရုပ်အသစ်များ ပြန်လည်ထွက်ပေါ်လာသည်။
ထိုကဲ့သို့ ဖြစ်နေသည့်အရာကို ဟန့်တားရန် တစ်ခုတည်းသော နည်းလမ်းက ရုပ်သေးရုပ်များ၏ အမြုတေကို ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် ထို ရုပ်သေးရုပ်များက သူတို့၏ အမြုတေကို ရှာဖွေရခက်ခဲစေရန် နေရာရွှေ့လို့ ရနေသည်။
“ ကျုပ်တို့ တာအိုမီးတောက်ကို အသုံးပြုသင့်လား” ဘိုးဘေးထဲမှတစ်ယောက်က မေးမြန်းလိုက်သည်။ သို့သော် ဘယ်သူမှ သူ့ကို ပြန်ဖြေခြင်း မရှိပေ။ ယခင်တုန်းကလိုသာဆိုလျှင် သူတို့အားလုံး သဘောတူညီကြလိမ့်မည် ဖြစ်သည်။
သို့သော် တာအိုမီးတောက်ကို အသုံးပြုခြင်းက သူတို့၏ အနာဂတ်ကို ဖျက်ဆီးလိုက်ခြင်းနှင့် ဆင်တူကြောင်း နယ်ခြားနတ်ဆိုးများဆီမှ သင်ယူခဲ့ရသည်။ ဤကမ္ဘာ၏ အမြင့်ဆုံး နယ်ပယ်အဆင့်ထဲမှ တစ်ခု ဖြစ်သည့်အလျောက် ထိုဘိုးဘေးများက သူတို့၏ မိသားစုနှင့် ပိုမိုမြင့်သော နယ်ပယ်အဆင့်များသို့ ရောက်ရှိခြင်း စသည်ကိုသာ ဂရုစိုက်သည်။
ကံမကောင်းစွာဖြင့် သူတို့၏ မျိုးနွယ်စုအစား သူတို့၏ ကိုယ်ပိုင်ခွန်အားကို ပိုပြီး ဂရုစိုက်နေမိသည်။ ထို့ကြောင့် သူတို့၏ မိသားစုအတွက် သူတို့၏ အနာဂတ်များကို စတေးမည် မဟုတ်ပေ။
“ ကျုပ်တို့ မိသားစုလက်ရွေးစင်တွေရဲ့ ခွန်အားကို အသုံးပြုပြီးတော့ ဒီ ရုပ်သေးရုပ်တွေကို ဖြည်းဖြည်းချင်း ရှင်းထုတ်ရင်ရော ဘယ်လိုလဲ။ လူတွေများရင် လုပ်ရမှာက ပိုပြီး ရိုးရှင်းသွားတယ်” ကျန့်မျိုးနွယ်၏ ဘိုးဘေးက ပြောလိုက်သည်။
ထိုအကြံအစည်ကို အားလုံးက သဘောတူလိုက်ကြသည်။ ခဏအကြာတွင် သူတို့သုံးယောက် လျှို့ဝှက်နယ်ပယ်ထဲမှ အမြန်ပြေးထွက်လာကြသည်။ ကျန့်မျိုးနွယ်၏ ဘိုးဘေးက မြို့တော်သို့ အမြန်ပျံသန်းသွားနေစဉ် ကျန်နှစ်ယောက်က မတူသော ဦးတည်ဖက်သို့ ပျံသန်းသွားကြသည်။
ကျန့်မျိုးနွယ်၏ စံအိမ်သို့ တိတ်တဆိတ် ပြန်လာပြီးနောက် ကျန့်ဘိုးဘေးက အခြေအနေတစ်ခုလုံးကို မျိုးနွယ်ခေါင်းဆောင်ကျန့်ယုံအား ရှင်းပြခဲ့သည်။
“ ဘိုးဘေး နောက်ထပ် တခြားနည်းလမ်းက တကယ်ပဲ မရှိတော့ဘူးလား” ကျန့်ယုံက မေးလိုက်သော်လည်း သူ့ဘိုးဘေးက ခေါင်းယမ်းပြသည်။
“ ဒါပေမဲ့ အရှင်ဝမ်ဝေ့ရဲ့ မျက်စိရှေ့မှာ ခင်ဗျားတို့သုံးယောက်ကို လျှို့ဝှက်နယ်ပယ်ထဲ တိတ်တဆိတ် ဝင်ခွင့်ပြုလိုက်တာက အရမ်းခက်ခဲပြီးတော့ စွန့်စားထားရတာ။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ လက်ရွေးစင်တွေ အများကြီးကို ဘယ်လိုမျိုး ဝင်ခိုင်းရမှာလဲ။ အထူးသဖြင့် ကျွန်တော်တို့မှာ ချန်လှပ်ထားတဲ့ အင်အားစု မရှိဘူးလို့ အရှင်ကို ပြောပြပြီးနောက်မှာပေါ့”
ကျန့်မျိုးနွယ်ဘိုးဘေးက ထိုစကားကို ကြားပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်
“မျိုးနွယ်စုခေါင်းဆောင် ကျုပ်တို့ လျှို့ဝှက်နယ်ပယ်ရဲ့ အကျိုးအမြတ်တွေကို မခံစားနိုင်ခင် အရှင်မင်းမြတ် ဒီကမ္ဘာက ထွက်သွားတဲ့အထိ စောင့်နေရမှာကို စိုးရိမ်မိတယ်”
ကျန့်ယုံက ထိုစကားကိုကြားပြီး မကျေမနပ်ဖြစ်သွားသည်။ ထို့နောက် သူက တခြားဖြစ်နိုင်ချေရှိသော ဖြေရှင်းချက်များကို စတင်စဉ်းစားကြည့်သော်လည်း သူတို့ လုပ်နေသည့်အရာအားလုံးကို တော်ဝင်မိသားစုက ရှာဖွေတွေ့ရှိပြီး အဆုံးသတ်သွားနိုင်သည်။ ထို့ကြောင့် သူလည်း သက်ပြင်းချကာ ဘိုးဘေး ပြောတာကို သဘောတူလိုက်သည်။
သည်လိုနှင့် တစ်လကျော် ကုန်ဆုံးသွားသည်။ မျိုးနွယ်စုခေါင်းဆောင် ကျန့်ယုံက လျှို့ဝှက်နယ်ပယ်နှင့် ပတ်သက်သည့် ကိစ္စများကို ဖြည်းဖြည်းချင်း လုပ်ဆောင်ဖို့ သဘောတူထားသော်လည်း တခြားအကြံဉာဏ်များအကြောင်း စဉ်းစားနေတာကို မရပ်တန့်နိုင်ပေ။
ရုတ်တရက် သူ၏ အစေခံခေါင်းဆောင်က စာဖတ်ခန်းထဲသို့ အမြန်ပြေးဝင်လာကာ အသက်မြန်မြန်ရှူရင်း ပြောလိုက်သည်
“ခေါင်းဆောင် သတင်းဆိုး…သတင်းဆိုး… လျှို့ဝှက်နယ်ပယ်အကြောင်း သတင်းထွက်သွားပြီ”
“ ဘာ…” ကျန့်ယုံက အံ့ဩထိတ်လန့်သွားသည်။
“ ဒါ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ သတင်းပေါက်ကြားသွားတယ်ဆိုတာ ဘယ်လိုသိလဲ”
“ မြို့ထဲမှာတော့ ကျန့်မျိုးနွယ်က ထာဝရအသက်ရှည်ခြင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်နယ်ပယ်ကို ရှာတွေ့တယ်ဆိုပြီးတော့ သတင်းပြန့်နေတာပဲ”
ထိုစကားကိုကြားပြီး ကျန့်ယုံ၏ မျက်နှာထား မကျေမနပ်ဖြစ်သွားသော်လည်း အစေခံခေါင်းဆောင်က ပြောလို့ မပြီးသေးပေ။
“ ပြီးတော့ သေချာစုံစမ်းကြည့်လိုက်တဲ့အခါ မဟာရှားပိုင်နက်ကို ကျော်လွန်ပြီးပျံ့နှံ့သွားပြီ”
“ ကောလဟာလက ဘယ်လောက်ထိ ပျံ့နှံ့သွားပြီလဲ”
“ မျိုးနွယ်ရဲ့ လျှို့ဝှက်သူလျှိုတွေ စကားအရတော့ ကောလဟာလက အလယ်ပိုင်းဒေသအထိ ရောက်သွားပြီလို့ ပြောပါတယ်”
မျိုးနွယ်စုခေါင်းဆောင်ကျန့်ယုံက သူ၏ အစေခံခေါင်းဆောင်ကို ချက်ချင်း ရိုက်လိုက်သည့်အတွက် အဝေးသို့ လွင့်ထွက်သွားကာ နံရံကို ဝင်တိုက်မိသွားသည်။ ထို့နောက် သူ့ကို ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါဖြင့် စိုက်ကြည့်လိုက်သည်။
“ လျှို့ဝှက်နယ်ပယ်အကြောင်းကို သိတဲ့သူက နည်းနည်းလေးပဲ ရှိတာ။ တခြား မျိုးနွယ်စုခေါင်းဆောင်တွေကလည်း ဝိညာဉ်စာချုပ်မှာ လက်မှတ်ထိုးထားလို့ ဘာမှပြောရဲမှာ မဟုတ်ဘူး။ ကျွန်တော်တို့မိသားစုရဲ့ ဘိုးဘေးတွေကိုလည်း စာချုပ်နဲ့ ချုပ်နှောင်ထားတယ်။ အချက်အလက်ကို ပေါက်ကြားအောင် လုပ်နိုင်တာဆိုလို့ မင်းနဲ့ငါပဲ ကျန်တော့တယ်။
ငါကတော့ ဘယ်သူ့ကိုမှ မပြောခဲ့ဖူးဘူး။ ဒါဆို ရွှမ်းဟွေ့ မင်းဆီမှာ ငါ့ကို ပြောစရာစကား မရှိဘူးလား”
“မျိုးနွယ်စုခေါင်းဆောင် ကျွန်တော် ဘယ်သူ့ကိုမှ မပြောခဲ့ဘူးဆိုတာ ကျိန်ဆိုရဲပါတယ်။ ကျွန်တော်တို့မိသားစုက ကျန့်မျိုးနွယ်ကို မျိုးဆက်ပေါင်းများစွာ အမှုထမ်းလာပြီးတော့ အတူတူ ကြီးပြင်းလာတာလေ။ ကျွန်တော်ရဲ့ သစ္စာရှိမှုကို သံသယမဝင်ပါနဲ့”
ကျန့်ယုံက အသက်ပြင်းပြင်းရှူကာ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ပြန်ဖြေလိုက်သည်
“ မင်း အမှုထမ်းလာတဲ့ နှစ်တွေကြောင့် ငါ မင်းကို ချက်ချင်း မသတ်လိုက်တာ။ မင်း ဘယ်သူ့ကို ပြောပြလိုက်လဲဆိုတာ ချက်ချင်းဝန်ခံရင် မနာကျင်စေဘဲ မြန်မြန်သတ်ပေးမယ်”
ရွှမ်းဟွေ့က မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပြောလိုက်သည်
“ မျိုးနွယ်စုခေါင်းဆောင် ကျွန်တော်သာ သတင်းပေါက်ကြားအောင် လုပ်တဲ့သူဖြစ်ရင် အခုအချိန် ဒီနေရာမှာ ရှိနေပါဦးမလား။ ဒါပေမဲ့ ကျွန်တော်ပြောတာက အရေးမကြီးပါဘူး။ ကျွန်တော်ရဲ့ သေဆုံးခြင်းက ကျန့်မိသားစုအပေါ် သစ္စာရှိမှုကို သက်သေပြနိုင်မယ်ဆိုရင် သေခြင်းတရားကို ဝမ်းသာစွာနဲ့ လက်ခံပါမယ်”
ကျန့်ယုံက ထိုစကားကို ကြားပြီး ကိုယ့်ကိုယ်ကို စိတ်ငြိမ်အောင် လုပ်ရန် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ အစေခံက မှန်ကန်ကြောင်း သတိပြုလိုက်မိသည်။ သူသာ လျှို့ဝှက်နယ်ပယ်အကြောင်းသာ ထုတ်ဖော်ခဲ့သူဖြစ်ပါက သူ တန်ရာတန်ကြေးတစ်ခုကို ခံစားနေလောက်ပြီဖြစ်သည်။ ထို့ကြောင့် ရွှမ်းဟွေ့က သတင်းကို ရောင်းစားပြီး ရရှိသောဆုလာဘ်နှင့်အတူ ထွက်ပြေးသွားတာ ကြာလောက်ပြီ ဖြစ်သည်။
ထို့နောက် လျှို့ဝှက်နယ်ပယ်အကြောင်း ထုတ်ဖော်လိုက်သူက ထိုနေရာကို တွေ့ရှိခဲ့သည့် ပထမဆုံးလူ ဖြစ်နိုင်ကြောင်း ကျန့်ယုံ စတင်စဉ်းစားမိသွားသည်။ သူ မလုပ်ခင် တစ်ခြားတစ်ယောက်ကို ပြောပြခဲ့တာ ဖြစ်နိုင်သည်။
သို့သော်လည်း ကျန့်ယုံက လွန်ခဲ့သည့်တစ်လကျော်က သတင်းကို သိပြီးပြီးချင်း သူ၏ အစေခံခေါင်းဆောင်ကို မသတ်ခဲ့သည့်အတွက် နောင်တရနေဆဲ ဖြစ်သည်။ သို့သော် ယခု အရမ်းနောက်ကျသွားပြီဖြစ်သည်။ အနှစ်ချုပ်ပြောရလျှင် ဘာမှ အသုံးမဝင်တော့ပေ။
ကျန့်ယုံက သတင်း ဘယ်နေရာမှ ပေါက်ကြားသွားလဲဆိုတာ ရှာတွေ့လျှင်ပင် သတင်းက အရမ်းပျံ့နှံ့သွားပြီဖြစ်သည့်အတွက် သူ လုပ်နိုင်တာ ဘာမှမရှိပေ။
ထိုအရာကို သတိထားမိပြီး ကျန့်ယုံ၏ သတ်ဖြတ်ခြင်းအရှိန်အဝါ ပျောက်ဆုံးသွားသည်။ ထို့နောက် သူက ပြန်လည်တုံ့ပြန်မှုအကြောင်း စတင် တွေးတောလိုက်သည်။ ယခု အချက်အလက် ပေါက်ကြားသွားပြီဖြစ်သည့်အတွက် သူ့မျိုးနွယ်၏ လုံခြုံမှုကို သေချာစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားဖို့ လိုအပ်သည်။
မဟာရှားမြို့တော်က ဧကရာဇ်၏ ခြေကုပ်နေရာဖြစ်သည့်အတွက် အကောင်းဆုံး လုပ်ရပ်က ထွက်ပြေးခြင်း ဖြစ်လေသည်။ ကျန့်မိသားစုက သုံ့တော်ဝင်မိသားစု အရှေ့ဘက်မိုးတိုင်းပြည်ကို မတည်ထောင်ခင်ကတည်းက ဤမြေပေါ်မှာ နေထိုင်လာခဲ့သည်။
ထို့ကြောင့် မိသားစုအနေဖြင့် အန္တရာယ်ကျရောက်မည့် အခြေအနေတွင် တတ်နိုင်သမျှမြန်မြန် ထွက်ပြေးနိုင်ရန်အတွက် လျှို့ဝှက်လမ်းကြောင်းများစွာ ဖန်တီးထားခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကံကြမ္မာအရိပ်အစောင့်များက လမ်းကြောင်းအနည်းငယ်ကို ရှာတွေ့ခဲ့ပြီး အကုန်လုံးကိုတော့ မရှာနိုင်ခဲ့ပေ။
ကျန့်ယုံသာ လျင်မြန်စွာ လှုပ်ရှားပြီး အဓိကဂိုဏ်းမှ မျိုးဆက်အချို့ကို ခေါ်ဆောင်ကာ တိတ်တဆိတ် ထွက်သွားနိုင်ခဲ့ပါက ကျန့်မျိုးနွယ်အတွက် မျှော်လင့်ချက် ရှိလာလိမ့်မည်။
ထို့အပြင် လျှို့ဝှက်နယ်ပယ်ထဲသို့ ဝင်ရန်အတွက် အသုံးပြုသည့် အမှတ်အသားပြားကလည်း ကျန့်ယုံ၏ လက်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ ထိုနယ်ခြားနတ်ဆိုးများ စစ်ဆေးမှုပြုလုပ်ပြီး ကမ္ဘာမှ ထွက်သွားသည့်အချိန်အထိ ပုန်းနိုင်ပါက သူ၏ ကျန့်မျိုးနွယ်စုက တစ်ခါထပ်မံ မြင့်တက်လာနိုင်သည်။ ကျန်ရှိနေသော မျိုးနွယ်စုဝင်များအတွက်မူ တချို့က အဖမ်းခံရကာ ထွက်ပြေးသွားသူများကို ခြေရာခံဖို့ အသုံးချလိမ့်မည်ဟု ကျန့်ယုံ ခန့်မှန်းမိသည်။
သို့သော် ဖြစ်နိုင်ချေအရှိဆုံးက သူတို့အားလုံး အသတ်ခံရနိုင်သည်။ ထိုရလဒ်က ကျန့်ယုံအတွက် ဝမ်းနည်းစရာကောင်းသော်လည်း ယခုခက်ခဲသည့် အခြေအနေအတွက် လိုအပ်သော စတေးမှုဖြစ်ကြောင်း သူ သိသည်။
အစီအစဉ်တစ်ခု ပြုလုပ်ပြီးနောက် ကျန့်ယုံက တတ်နိုင်သမျှ မြန်မြန် လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။ ကံမကောင်းစွာဖြင့် သူ အမိန့်ပေးဖို့ အချိန်မရသေးခင်မှာပင် နောက်ထပ် အစေခံတစ်ယောက်က သူ၏ စာဖတ်ခန်းထဲသို့ အလျင်စလို ပြေးဝင်လာသည်။
“ခေါင်းဆောင် အပြင်မှာ နန်းတော်ကို ဆင့်ခေါ်စာနဲ့အတူ ကုန်းကုန်းတစ်ယောက် ရောက်နေတယ်။ ပြီး…ပြီး…ပြီးတော့ တော်ဝင်အစောင့်တွေကလည်း ကျွန်တော်တို့ရဲ့ စံအိမ်တော်ကို ဝန်းရံထားပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုသလို ထွက်သွားခွင့်လည်း မပြုတော့ဘူး”
သူ လုပ်ဆောင်ဖို့ နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ကျန့်ယုံ၏မျက်နှာက ပိုပြီး မကျေမနပ်ဖြစ်လာသည်။ သက်ပြင်းချပြီးနောက် အဝတ်အစားများကို ကြည့်ကောင်းအောင် ပြန်လည်ပြင်ဆင်ကာ ဆင့်ခေါ်စာကို လက်ခံရန် အပြင် ထွက်လာလိုက်သည်။