← Chapters

ကမ္ဘာ၏ အလယ်ဗဟိုချက်

Vol. 10 Ch. 140

ကမ္ဘာ၏ အလယ်ဗဟိုချက်

Vol. 10 Ch. 140

အခန်း (၁၄၀) : ကမ္ဘာ၏ အလယ်ဗဟိုချက်

ဝမ်ဝေ့က နဂါးပလ္လင်ပေါ်တွင် ထိုင်နေရင်း တိုင်းပြည်နှင့် ပတ်သက်သော အကြောင်းအရာများကို စစ်ဆေးနေသည်။ ဖန်းအံ့ဖွယ်တိုင်းပြည်က ရုတ်တရက် တစ်ခြားတစ်ယောက်ဆီမှ အကူအညီရရှိခဲ့သည့်အတွက် လီကျွင်းက သူ၏ သိမ်းပိုက်မှုနှင့် ပတ်သက်ပြီး ဘယ်လိုမျိုး ဒုက္ခရောက်နေရလဲဆိုသည့် အကြောင်းအရင်းကို ဖတ်နေသည်။

သူလည်း လီကျွင်းကို ကူညီရန် ယန်းလီလင်းကို စေလွှတ်ခဲ့သော်လည်း တိုက်ပွဲ၏ အရှိန်က သူ့အကြိုက်နှင့် ယှဉ်လျှင် အရမ်းနှေးနေသည့်အတွက် အရှိန်မြှင့်တင်ပေးရန်အတွက် သူကိုယ်တိုင် ပါဝင် သင့်၊မသင့်ကို ဆုံးဖြတ်နေသည်။

သို့သော် သူ ချီကံကောင်းမှုကို လေ့လာနေခြင်းက အရေးကြီးသော လမ်းဆုံသို့ ရောက်နေပြီဖြစ်သည့်အတွက် ထိုနေရာတွင် သူ့အချိန်နှင့် စွမ်းအင်ကို အသုံးပြုဖို့ လိုအပ်သည်။ ကံကောင်းမှုကို စုပ်ယူနိုင်သည့် စွမ်းရည်မရှိလျှင် စစ်ဆေးမှုအားလုံး အဓိပ္ပာယ်မဲ့သွားလိမ့်မည်။

ချီကံကောင်းမှု စဉ်းစားရင်း ဝမ်ဝေ့၏ စိတ်ထဲတွင် နောက်ထပ်အတွေးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ဝိညာဉ်လှုပ်ခတ်မှုမှတစ်ဆင့် သုံ့လီဖန်းက သူမ မရှိသင့်သော ခံစားချက်များ သူ့အပေါ် ရှိလာသည်ဟု သူ သတိထားမိလိုက်သည်။

သူမကို ဘယ်သူက အပြစ်တင်နိုင်မှာလဲ။ ဝမ်ဝေ့ကလည်း အရမ်းချောမောပြီးတော့ ဩဇာတိက္ကမ ရှိတဲ့သူပဲလေ။ ကံမကောင်းစွာနဲ့ သူမက သူ့ရဲ့ တာအိုလက်တွဲဖော်ဖြစ်ဖို့ လိုအပ်ချက်နဲ့ မကိုက်ညီဘူးလို့ ပြောခဲ့တုန်းက ညာခဲ့တာတော့ မဟုတ်ဘူး

ထို့အပြင် သူမနှင့် အချိန်အကြာကြီး ကုန်ဆုံးပြီးသွားသော်လည်း သူမအပေါ် ဘာခံစားချက်မှ မရှိပေ။ ထို့ကြောင့် သူမ မျှော်လင့်ချက် မရှိစေရန်နှင့် စိတ်ပျက်သွားစေရန် ထိုသနားစရာမိန်းကလေးကို သတိပေးဖို့ ဆုံးဖြတ်လိုက်သည်။

ဝမ်ဝေ့က ကိုယ့်ဘာသာစိတ်ကြီးဝင်သော အတွေးများ တွေးနေစဉ် တော်ဝင်အစောင့်က သူနှင့်တွေ့ဖို့ လူတစ်ယောက်ကို ပလ္လင်ရှိရာ အခန်းထဲသို့ ခေါ်လာသည်။ ထိုသူက ကျန့်မျိုးနွယ်၏ ကျန့်ယုံ ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။

ကျန့်ယုံက အရှင်မင်းမြတ်ကို တွေ့ဆုံသည့်အခါ သေချာအရိုအသေပေးကာ ပြောလိုက်သည်

“အမတ်ကျန့်ယုံက အရှင်မင်းမြတ်ကို လာရောက်ခစားပါတယ်”

“ ထလို့ရပါပြီ” ဝမ်ဝေ့က ကျန့်ယုံကို သေချာစိုက်ကြည့်လိုက်သည်။

သို့သော် ကျန့်ယုံက မျက်နှာထား တည်ငြိမ်ပုံပေါ်သော်လည်း ကျောတွင် ချွေးစေးပျံနေသည်။

ယနေ့က သူ အရှင်မင်းမြတ်ကို ပထမဆုံးအကြိမ် လူချင်းတွေ့ဖူးခြင်း ဖြစ်သည်။ ဝမ်ဝေ့က မဟာရှားကလူများဆီ မိန့်ခွန်းပြောစဉ်က ပုံရိပ်အစီအရင်မှ တစ်ဆင့် မြင်ဖူးခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း သူက အရှင်မင်းမြတ်နှင့် နိုင်ငံရေးပဟေဠိများ ကစားခဲ့သော်လည်း ယခုက သူတို့၏ ပထမဆုံး တရားဝင်တွေ့ဆုံမှု ဖြစ်သည်။

ထို့အပြင် ကျန့်ယုံက အင်မတန် လေးလံသော ဖိအားကို ခံစားနေရသည်။ ထိုနက်နဲသော ခဲဖြူရောင်မျက်လုံးများက သူ၏ စိတ်၊ ဝိညာဉ်နှင့် လျှို့ဝှက်ချက်များအားလုံးကို ထိုးဖောက်မြင်နေရသလိုမျိုး ခံစားရသည်။ ထို့အပြင် သူ့လည်ပင်းကို ရစ်ပတ်နေသည့် ကြိုးတစ်ချောင်းကို အရှင်မင်းမြတ်က ကိုင်ထားကာ သူ့ကံကြမ္မာကို ဆုံးဖြတ်ပေးနေသည်ဟု သူ တစ်နည်းနည်းဖြင့် ခံစားနေရသည်။

သို့သော် ကျန့်ယုံက သူ့အတွေးများကို မျက်နှာပေါ်တွင် ပြသခြင်းမရှိသလို ဘာစကားမှလည်း မပြောဘဲ မွန်းကြပ်စွာဖြင့် တိတ်ဆိတ်စွာ စောင့်နေသည်။

ထိုအချိန်တွင် ဝမ်ဝေ့က ကျန့်မျိုးနွယ်စု၏ ဉာဏ်များသော မြေခွေးအိုကြီးကို လေ့လာသည့်နေရာတွင် အချိန်ပိုယူခဲ့သည်။

ပထမဆုံး သတိထားမိလိုက်သည့်အရာက ထိုလူက သူ၏ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားကြောင်း သိလိုက်ရသည်။ အပြင်ပန်းအရ ကြည့်လိုက်လျှင် အံ့ဖွယ်ပလ္လင် နယ်ပယ်အဆင့် ရောက်ခါလူ တစ်ယောက်ကဲ့သို့ ထင်ရပြီး အမှန်တော့ သူက အံ့ဖွယ်သွေးကြော ၂၇၀ ရှိနေပြီး သဘာဝလွန်နယ်ပယ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းလောက်သာ လိုတော့သည်။

သူ့လိုမျိုး အသက် ၃၀၀ နား နီးနေသော သူတစ်ယောက်အတွက် ယခုလိုမျိုး ကမ္ဘာငယ်လေးတွေင် အတော်လေး ထူးခြားလွန်ကဲသော အရည်အချင်းဟု ပြောနိုင်သည်။

ဝိညာဉ်လှုပ်ခတ်ခြင်းကြောင့် ထိုမျိုးနွယ်စုခေါင်းဆောင်က ယခုလက်ရှိ သူ့ကို ကြောက်ရွံ့စိတ်နှင့် သတိထားပြီး စောင့်ကြည့်နေသောစိတ်တို့ ဖြစ်ပေါ်နေသည်ကို သတိထားလိုက်မိသည်။ သို့သော် သူက သူ့ကိုယ်သူထိန်းချုပ်ထားပြီး မျက်နှာမှာမပေါ်အောင် ထိန်းထားသည်။

ဝမ်ဝေ့က လေ့လာမှုပြီးသွားသည့်အခါ ပြောလိုက်သည်

“ မြို့တော်ထဲမှာ ပျံ့နှံ့နေတဲ့ ကောလဟာလတွေကို ခင်ဗျားကြားပြီးပြီလို့ ထင်တယ်”

“ ဟုတ်ကဲ့ ကြားပြီးပါပြီ”

“ ခင်ဗျားအတွက် ခင်ဗျား ဘာပြောစရာ ရှိလဲ”

“ အရှင်မင်းမြတ် ကျုပ် ပြောနိုင်တာကတော့ ဒီကောလဟာလတွေအားလုံးက အမှားတွေလို့ပဲ ပြောနိုင်ပါတယ်။ အဲဒီကောလဟာလတွေ ဖြန့်တဲ့သူကို တတ်နိုင်သမျှ မြန်မြန်ဖမ်းဆီးပြီးတော့ ဥပဒေအရ အရေးယူသင့်ပါတယ်”

“ အဲလိုလား” ယခုတစ်ခေါက် ဝမ်ဝေ့က ပြန်မေးလိုက်ပြီး ကိုယ်ပိုင်အရှိန်အဝါကိုပါ ထုတ်လွှတ်လိုက်သည်။

ထို့ကြောင့် မျိုးနွယ်စုခေါင်းဆောင် ကျန့်ယုံက သူ့အပေါ်ဖိထားသည့် ပြင်းထန်သောဖိအားကို ခံစားလိုက်ရသည်။ ပိုပြီးဆိုးသည့်အချက်က ဖိအားက သဘာဝအရသာ လေးနေခြင်းမဟုတ်ဘဲ သူ့ဝိညာဉ်အထိပါ ဦးတည်နေသည်။

သူ့စိတ်၊ စိတ်ဝိညာဉ်နှင့် ဝိညာဉ်တို့ အချိန်မရွေး ပေါက်ကွဲသွားစေနိုင်သည်။ သို့သော် ကျန့်ယုံက အံကြိတ်ထားပြီး နှာခေါင်းမှ သွေးများ ဖြည်းဖြည်းချင်း စီးကျနေရင်း ပြောလိုက်သည်

“ ကျုပ် မလိမ်ဘူးဆိုတာကို ကျိန်ပြောရဲပါတယ်”

ထိုစကားကို ကြားပြီးနောက် ဝမ်ဝေ့က အရှိန်အဝါကို ဖယ်ပေးလိုက်ပြီး တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်

“ အဲလိုလား။ ကြည့်ရတာ ကံကြမ္မာအရိပ်အစောင့်တွေ အလုပ်လုပ်တာ ပေါ့ဆသွားတာ ဖြစ်မယ်ထင်တယ်။ ကောလဟာလဆိုရင်တော့လည်း မျိုးနွယ်စုခေါင်းဆောင်ကျန့် ထွက်သွားလို့ရပါပြီ”

အရှိန်အဝါ ဖယ်ရှားခံလိုက်ရပြီးနောက် ကျန့်ယုံက စတင်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ သို့သော် အရှင်မင်းမြတ်၏ မျက်နှာပေါ်မှ အပြုံးကို မြင်ပြီး သူ နည်းနည်းလေးတောင် မပျော်နိုင် ဖြစ်သွားသည်။ ကိစ္စများက သူထင်ထားသလောက် မလွယ်ဘူးဟု ခံစားလာရသလို ဒီထက်ပိုပြီးအရေးကြီးသည်က ကိစ္စများက သူ ထိန်းချုပ်နိုင်သည့်၊ နားလည်နိုင်သည့် ပြင်ပသို့ ရောက်ရှိသွားပုံပေါ်သည်။

ကျန့်ယုံအတွက် ဒီထက်ပိုပြီး ကြောက်စရာကောင်းသည့်အရာ မရှိနိုင်တော့ပေ။ ယနေ့ သူ နန်းတော်သို့ လျှို့ဝှက်နယ်ပယ်အတွက် အမှတ်အသားပြား ရှိနေသည့် သတင်းကို မထုတ်ဖော်ဘဲ သေသွားမည်ဆိုသော ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်း ဖြစ်သည်။

သူ၏ သေဆုံးဖြင်းမှတစ်ဆင့် အရှင်မင်းမြတ် ဝမ်ဝေ့က သူ့ကို သတ်ကာ လျှို့ဝှက်နယ်ပယ်အကြောင်းကို သိရှိသွားပြီး ကမ္ဘာကြီး၏ အာရုံစိုက်မှုကို ကျန့်မျိုးနွယ်မှ တော်ဝင်မိသားစုဆီသို့ ပြောင်းပစ်နိုင်ဖို့ မျှော်လင့်ခဲ့သည်။

ကံမကောင်းစွာဖြင့် သူ့အစီအစဉ် ကျရှုံးသွားသည်။

ထို့ကြောင့် ကျန့်ယုံက သွေးထွက်နေသော နှာခေါင်းနှင့်အတူ မျက်မှောင်ကြုတ်ကာ နန်းတော်ထဲမှ ထွက်သွားသည်။

ဖန်းအံ့ဖွယ်တိုင်းပြည်၏ တော်ဝင်နန်းတော်၌…

ဖန်းလီကျွမ်းက နဂါးဇာမဏီပလ္လင်ပေါ် ထိုင်နေရင်း ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပျက်နေသည့် ကိစ္စများကို ဆွေးနွေးနေသည်။

“ အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်တဲ့လား” ဖန်းလီကျွမ်းက လှောင်ရယ်ရင်း ပြောလိုက်သည်

“ အဲလိုမျိုး ကမ္ဘာငယ်လေးမှာ ငါတို့ရဲ့ အသင်္ချေအင်ပါယာကမ္ဘာက ကျင့်ကြံသူတွေ ခေတ်ပေါင်းများစွာ လိုက်ရှာနေခဲ့တဲ့ အသက်ရှည်ခြင်း လျှို့ဝှက်ချက် ရှိနိုင်လို့လား”

“ ကျွန်မတို့ရဲ စုံစမ်းမှုအရ အဲဒီလျှို့ဝှက်နယ်ပယ်ထဲမှာ မရေတွက်နိုင်တဲ့ မြေကမ္ဘာအဆင့် ဆေးလုံးတွေ ပါဝင်တယ်လို့ ပြောတယ်” စစ်သေနာပတိချုပ်ဟု ပြောလိုက်သည်။

“ အဲဒီတော့ ဘာဖြစ်လဲ။ ငါက အဲဒီအဆင့်နိမ့် မြေကမ္ဘာအဆင့်ဆေးလုံးတွေကို ဂရုစိုက်မယ်ထင်နေလား”

စစ်သေနာပတိချုပ်က ထိုစကားကို ကြားပြီး တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ပုံမှန်အားဖြင့် အရှင်မက မောက်မာသော်လည်း အတော်လေး ပါးနပ်သူတစ်ယောက် ဖြစ်သည်။ သို့သော် နယ်နိမိတ်မှ သူမ၏ ရှုံးနိမ့်မှုက သူမကို စိတ်လွတ်သွားစေသည်။

ထို့ကြောင့် စစ်သေနာပတိချုပ်က ဆက်ပြီး ရှင်းပြလိုက်သည်

“ဒီကမ္ဘာမှာ မြေကမ္ဘာအဆင့်ဆေးလုံး ပြုလုပ်နိုင်တဲ့ ဆေးပညာရှင်က အရမ်းကို နည်းပါးတယ်။ ဒါပေမဲ့  အောင်မြင်မှု ရာခိုင်နှုန်းက အရမ်းကိုနည်းတယ်။ အဲဒါကြောင့် သူတို့အတွက် ဆေးလုံးတွေ အများကြီး လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“ အဲဒါကြောင့် ဒီလျှို့ဝှက်နယ်ပယ်က ရှေးခေတ်တုန်းက ကျန်ခဲ့တဲ့တစ်ခုလို့ မှတ်ယူလို့ရပါတယ်”

ဖန်းလီကျွမ်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်

“ ပြောချင်တာက ဘာလဲ”

“ ဒီကမ္ဘာမှာကလည်း မူလလမ်းစဉ်ကို ကျင့်ကြံတယ်ဆိုတော့ အသင်္ချေအင်ပါယာကမ္ဘာက စီနီယာတစ်ယောက် ဒီကမ္ဘာကို လာသွားပြီး တာအိုကို ဖြန့်ကျက်ပြီး ထွက်မသွားခင် စွမ်းအားကြီးတဲ့ အမွေအနှစ်ကို ထားခဲ့တယ်လို့လည်း ယုံလို့ရပါတယ်” စစ်သေနာပတိချုပ်က လီကျွင်းကို တိတ်တဆိတ် ကျိန်ဆဲရင်း ပြန်ဖြေလိုက်သည်။

အသင်္ချေအင်ပါယာကမ္ဘာ၏ ပတ်လည်ရှိ အသိုင်းအဝိုင်းထဲတွင် ကမ္ဘာအများစုက မူလကျင့်စဉ်ကို ကျင့်ကြံကြသည့်အတွက် ထိုအငြင်းပွားမှုတွင် ပြဿနာများစွာ ရှိနေနိုင်သည်။ ထို့ကြောင့် တခြားကမ္ဘာမှ တစ်စုံတစ်ယောက်က အမွေအနှစ် ချန်ထားခဲ့တာမျိုး ဖြစ်နိုင်သည်။

ထို့ကြောင့် စစ်သေနာပတိချုပ်က ဆက်ပြောလိုက်သည်။

“ လျှို့ဝှက်နယ်ပယ်ထဲမှာ အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက် တကယ်ရှိလားဆိုတာ အရေးမကြီးဘူး။ ဒါပေမဲ့ တည်နေရာက အရေးကြီးတယ်”

“ မဟာရှားလား” တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံပေါ်သည့် ဖန်းလီကျွမ်းက ရေရွတ်လိုက်သည်။

“ ဟုတ်တယ် မဟာရှား၏ အမွေခံသားတော် ဝမ်ဝေ့ကို ပြိုင်ပွဲဝင်တွေထဲမှာ ကြောက်စရာအကောင်းဆုံးသူလို့ သတ်မှတ်ထားတာ။ အဲလိုမျိုး သတ်မှတ်ခံထားရတာက ကောင်းတဲ့အရာတော့ မဟုတ်ဘူး”

“ ကောင်းကင်ရွေးချယ်ခံတွေထဲက ဘယ်သူကများ ဂုဏ်မမောက်လို့လဲ။ အဲဒါကြောင့် သူတို့က သူ့ကို မတွေ့ရသေးပေမဲ့လည်း အဲလိုမျိုး ချီးကျူးမှုတွေကို အလွယ်တကူ လက်ခံကြမှာ မဟုတ်ဘူး။ အဲဒါကြောင့် အဲဒီကောလဟာလနဲ့အတူ သူ ဘာတွေ လုပ်နိုင်လဲ၊ သူ့ခြိမ်းခြောက်မှု အဆင့် ဘယ်လောက်ရှိလဲဆိုတာကို သူတို့ တွေ့မြင်နိုင်တဲ့ ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ။

သူက သူတို့ရဲ့ အကြီးအကဲတွေ ပြောသလိုမျိုး ခြိမ်းခြောက်နိုင်တဲ့သူဖြစ်ရင် လျှို့ဝှက်နယ်ပယ်က မဟာမိတ်ဖွဲ့ပြီးတော့ သူ့ကို သတ်နိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ကို ဒီစစ်ဆေးမှုကနေ ထုတ်ပစ်လို့ ရတာပေါ့”

“ အဲဒီလျှို့ဝှက်နယ်ပယ်မှာ အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက် ရှိနေနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေအကြောင်း ထည့်ပြောစရာတောင် မလိုတော့ဘူးလေ။ အဲဒါကြောင့် တခြားသူတွေက ဘယ်လိုလုပ်ပြီးတော့ မဟာရှားကလူတွေ အဲလိုပစ္စည်း ပိုင်ဆိုင်သွားမှာကို ခွင့်ပြုနိုင်မှာလဲ”

ထိုစကားလုံးများကို ကြားပြီးနောက် ဖန်းလီကျွမ်းက စတင်စဉ်းစားလိုက်သည်။ သူမက စိတ်ငြိမ်အောင် လုပ်ကာ အခြေအနေကို သေချာနက်နဲစွာ စဉ်းစားနေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူမ ပြောလိုက်သည်

“ဟွမ်မင်ရဲ့ ပရိယာယ်များတဲ့ စိတ်နဲ့ဆိုရင် သူ့စွမ်းအားတိုးတက်လာမဲ့ အခွင့်အရေးကို လုံးဝ လက်လွှတ်ခံမှာ မဟုတ်ဘူး။ အဲဒါကြောင့် လျှို့ဝှက်နယ်ပယ်ထဲဝင်ဖို့ လူလွှတ်မှာပဲ”

“ကယ်တင်ရှင်မဟာမိတ်အဖွဲ့အစည်းက လူတွေလည်း မျှော်လင့်ချက်ကုန်ဆုံးနေတော့ သူတို့လည်း ပါဝင်နိုင်တယ်”

“ အလယ်ပိုင်းဒေသအတွက်တော့ တိုင်းပြည်သုံးခုထဲမှာ နှစ်ခုတော့ ပါဝင်လာမယ်လို့ ခန့်မှန်းမိတယ်။ စွင်းဝမ်ရဲ့ မဟာဝူတိုင်းပြည်က မဟာကျိုးတိုင်းပြည်နဲ့ တိုက်ခိုက်ပြီးတော့ ပြိုလဲခါနီးဖြစ်နေပြီ။ ဒီလျှို့ဝှက်နယ်ပယ်က သူ အသက်ရှင်ဖို့ လိုအပ်တဲ့ ကောက်ရိုးတစ်မျှင် ဖြစ်လာနိုင်တယ်”

“ စိတ်ဝိညာဉ်ခရီးလမ်းမှာ ဝမ်ဝေ့နဲ့ ပြဿနာတတ်ထားတဲ့ ကျီစုန့်ကလည်း ဒီလိုအခြေအနေကို လက်လွှတ်ခံမှာ မဟုတ်ဘူး။ မသေချာတာကတော့ မဟာရှုတိုင်းပြည်ကလူပဲ။ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ အပြုအမူတွေ အားလုံးက အရမ်းဆန်းကြယ်လွန်းတယ်”

All Chapters