သူစိမ်းတွေ
Vol. 32 Ch. 445
"အမေး : အန်လင်းကို မည်သို့ ကယ်တင်ရမည်နည်း။"
တာအို ရှာဖွေခြင်း ကောင်းကင်ဘုံစာအုပ်က အဝါရောင် အလင်းတန်းတစ်ခုနှင့် လင်းလက်လာပြီး သူမ၏ သွေးဖြင့် ရေးထားသော မေးခွန်းကို တဖြည်းဖြည်း စုတ်ယူလိုက်လေ၏။
ထိုနောက် ထိုသည်က အန်လင်း၏ ခန္ဓာကိုယ်မှ အဝေးသို့ လွင့်သွားကာ ဗာလာအဖြစ် လောင်ကျွမ်းသွားလေ၏။
ရွှေရောင်စာလုံးတန်းများက လေထဲတွင် ပေါ်လာပြီး တာအိုရှာဖွေခြင်းကောင်းကင်ဘုံစာအုပ်က ညှို့နွမ်းသွားလေ၏။
စာလုံတစ်ခုစီက တာအို ဆန္ဒနှင့် လိုက်ဖက်ညီနေကာ ကောင်းကင်နှင့် မြေကြီးဆီသို့ ရောနှောသွားပြီး ကောင်းကင်နှင့် မြေကြီးတို့ကို အပြန်အလှန် ပေးဝေနေလေ၏။
"နည်းလမ်း ၁ : ကီအချိန် တစ်ဝက်အတွင်းမှာ အန်လင်းခန္ဓာကိုယ်၏ မြူထူအေးစက်မှုကို သန့်စင်ပေးဖို့ တာအိုပေါင်းစပ်ခြင်းအဆင့် ဖြစ်တည်မှုတစ်ယောက်ရှိခြင်း။"
"နည်းလမ်း ၂ : ကီအချိန်တစ်ဝက်အတွင်းမှာ အန်လင်း၏ ခန္ဓာကိုယ်ထဲသို့ အံ့ဖွယ်ဇာမဏီငှက် သွေးမျိုးဆက် ကူးပြောင်းပေးခြင်း။ မြူထူ အေးစက်မှုများကို ဖယ်ထုတ်ရန် သွေးမျိုးဆက် မီးတောက်၏ အဆီအနှစ်ကို အသုံးပြုပါ။"
"နည်းလမ်း ၃ : ကီအချိန် တစ်ဝက်အတွင်းမှာ အံ့ဖွယ် ပြစ်ချက်မဲ့ သစ်သီးကို ရှာဖွေပြီး အသုံးပြုပါ။ မြူထူအေးစက်မှုများ ပျောက်ကွယ်သွားနိုင်ချေ ၅၀ရာခိုင်နှုန်း ရှိပါသည်။"
လောင်ကျွမ်းနေသော တာအိုရှာဖွေခြင်း ကောင်းကင်ဘုံ စာအုပ်ပေါ်မှ ပုံရိပ်များ စုရှောင်လန်၏ မျက်လုံးများကို အရောင်မှေးမှိန်သွားစေ၏။ သူမက ထိုနည်းလမ်း ၃ခုစလုံးကို ဖတ်ရှုနေလေ၏။ သူမက အထူးပင် အထီးကျန်နေကာ အားနည်းနေဟန်ဖြစ်လေ၏။
ကီအချိန်တစ်ဝက် သို့မဟုတ် ၇ မိနစ်မှ ၈ မိနစ် ဆိုသည်က အလွန်ကိုနည်းပါးလှ၏။ ဤအချိန်တိုလေး ပြည့်သွားပါက အန်လင်းက ဤကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားနိုင်ပေ၏။
တတိယနည်းလမ်းမှာ တိုက်ရိုက်အကျဆုံးဖြစ်၏။ သူမက သူမနှင့် အန်လင်း၏ သိုလေဇာင် လက်စွပ်များထဲသို့ ရှာကြည့်လိုက်သော်လည်း အံ့ဖွယ် ပြစ်ချက်မဲ့ သစ်သီး တစ်ခုမှ မတွေ့ပါချေ။ ထိုသည်က အံ့ဩဖွယ်ရာတော့ မဟုတ်ပါပေ။ အံ့ဖွယ် ပြစ်ချက်မဲ့ သစ်သီးမှာ အဆင့်မြင့် အင်မော်တယ် သစ်သီးဖြစ်ကာ ပျက်ပြယ်ခြင်းအဆင့် ဖြစ်တည်မှုများပင် ရရှိရန် ခက်ခဲလှပေ၏။
ကီ အချိန် တစ်ဝက်အတွင်း အန်လင်း၏ ခန္ဓာကိုယ်ထဲမှ မြူထူအေးစက်မှုများကို တာအိုပေါင်းစပ်ခြင်းအဆင့် ဖြစ်တည်မှုတစ်ဦးက သန့်စင်ပေးရမည်ဟူသော ပထမနည်းလမ်းအတွက်မူ လောလောဆယ်တွင် မဖြစ်နိုင်သည်မှာ အသေအချာပင်ဖြစ်၏။ သူမက လောလောဆယ်တွင် သူမ၏ ဒုတိယဦးလေးကို ဆက်သွယ်၍မရနိုင်သလို ဂိုဏ်းမှ တခြားအကြီးအကဲများကိုလည်း ဆက်သွယ်၍ မရနိုင်ပါပေ။ ကီ အချိန် တစ်ဝက်အတွင်း တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတစ်ချို့ ဤနေရာတွင် ပေါ်လာနိုင်သည့် ဖြစ်နိုင်ချေမှာ သုညနှင့် နီးကပ်နေလေ၏။
နည်းလမ်း ၁နှင့် ၃ကို ထုတ်ပယ်ပြီးနောက် သူမတွင် နည်းလမ်း ၂သာ ကျန်ရစ်ပေတော့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူမက ဤနည်းလမ်းမျိုးနှင့် အကျွမ်းတဝင် ရှိလေ၏...။
သူမက ဆောင်နဂါးဂူတွင် ရှိစဉ္က ရှန့်ယင်၏ အမွေများကို ရရှိခဲ့၏။ သူ့၏ သွေးမျိုးဆက်ကို ရှန့်ယင်ဆီသို့ လွှဲပြောင်းရန် တုန်ဖန်မင်အသုံးပြုသော နည်းလမ်းမှာ ထိုအမွေများထဲတွင် မှတ်တမ်းတင်ထားလေ၏။
ရှန့်ယင်မှာ နဂါးသွေးမျိုးဆက်နှင့် ဇာမဏီသွေးမျိုးဆက် နှစ်ခုလုံး ပိုင်ဆိုင်ထားသော နဂါးမျိုးနွယ်စု၏ အထူးဖြစ်တည်မှုဖြစ်ပြီး သူမက သူမ၏ ဇာမဏီသွေးမျိုးဆက်ကို တုန်မင်ဖန်မသေခင်အချိန်လေးတွင် သူ့ဆီမှ ရရှိခဲ့ခြင်းပင်။
ထိုသူနှစ်ဦးက နှစ်ပေါင်းထောင်ချီကြာသောအခါတွင် နဂါးသွေးမျိုးဆက်နှင့် ဇာမဏီသွေးမျိုးဆက် နှစ်ခုစလုံးပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦးက သူမ၏ အံ့ဖွယ်ဇာမဏီ သွေးမျိုးဆက်ကို တခြား အမျိုးသားတစ်ဦးဆီသို့ ကူးပြောင်းပေးလိမ့်မည်ဟု မည်သည့်အချိန်ကမှ စိတ်ကူးယဉ္ဖူးပေမည် မဟုတ်ပါ။
"အဲဒါက... ဒီလိုမျိုး သွေးမျိုးဆက် ကူးပြောင်းပေးတဲ့နည်းစနစ်က တစ်ဦးတစ်ယောက်ရဲ့ တာအို အခြေခံတွေကို ပျက်ဆီးသွားစေနိုင်တယ်။ ငါ့ရဲ့ စွမ်းအင်တွေက အလျင်အမြန် ခမ်းခြောက်သွားပြီးတော့ ကျင့်ကြံခြင်းကို မပြုလုပ်နိုင်တဲ့ မော်တယ်အမျိုးသမီးတစ်ယောက် ဖြစ်လာမယ်.." စုရှောင်လန်က သူမကိုယ်သူမ ရေရွတ်ရင်း မှန်ဖျော့ဖျော့ ပြုံးလိုက်၏။ ထိုအပြုံး၏ နောက်ကွယ်တွင် ခါးသည်းမှုနှင့် နာကျင်မှုများ ပါဝင်နေလေ၏။
သူမက အန်လင်းကို တင်းတင်းဖက်ကာ သူ့၏ နှင်းလွှမနေသော ခန္ဓာကိုယ်ကို ကြည့်လိုက်လေ၏။ သူမ၏ မျက်နှာထက်တွင် စိတ်ဆုံးဖြတ်ထားသော အမူအရာဖြင့် သူမက ရှေးဟောင်းမန္တန်တစ်ခုကို စတင်ရွတ်ဆိုလိုက်လေ၏။
ထိုမန္တန်က သီချင်းတစ်ပုဒ်ကဲ့သို့ ကဗျာဆန်ပြီး သာယာလှပေ၏။
ရှန့်ယင်က သီချင်းဆိုရသည်ကို နှစ်သက်၏။ သို့ဖြစ်၍ သူမက တုန်မင်ဖန်၏ သွေးမျိုးဆက် လွှဲပြောင်းခြင်း မန္တန်ကို ပြန်လည် ပြုပြင်ထား၏။ ထို သီချင်းကဲ့သို့ မန္တန်တစ်လျောက်တွင် သွေးမျိုးဆက် လွှဲပြောင်းပေးခြင်းက ပို၍ပင် ပြီးပြည့်စုံသွားလေ၏။
ထိုသည်က ပရိသတ်မရှိသော တစ်ကိုယ်တော် ဖျော်ဖြေမှုတစ်ခုပင်။ စုရှောင်လန်၏ အသံက လှပပြီး ဇာမဏီငှက်များ၏ အသံများက နွေးထွေးသော သံစဉ်တွင် ပါဝင်နေလေ၏။ ဤနူးညံ့သောအသံက လူတိုင်း၏ စိတ်ကို အေးချမ်းစေပါသည်။
အကြောင်းအမျိုးမျိုးကြောင့် သူမနှင့် အန်လင်းတို့ မော်တယ်ကမ္ဘာ၏ ဂီတပွဲတစ်ခုတွင် ေဖျာ်ဖြေခဲ့သော ပုံရိပ်တစ်ခုက သူမ၏ စိတ်ထဲတွင် ပြန်ပေါ်လာလေ၏။
ထိုညက သူမစောင်းတီးနေစဉ္တွင် သူမ၏ အဖြူရောင်ဝတ်စုံလေးက လေထဲတွင် တဖျတ်ဖျတ်ခတ်နေလေ၏။
အန်လင်းက သီချင်းဆိုပြီး သူမက နောက်ခံတီးလုံး တီးပေး၏။ သူတို့၏ တွဲဖက်မှုက လုံးဝပင် ပြည့်စုံနေကာ အချိန်အကြာကြီူ လေ့ကျင့်ထားခဲ့သော တွဲဖက်များနှင့်ပင် တူနေပေ၏။
ထိုသည်က သူတို့ အတူတကွ ဖျော်ဖြေခဲ့သော ပထမဆုံး အကြိမ်ဖြစ်ပြီး နောက်ဆုံးအကြိမ်လဲ ဖြစ်သွားနိုင်၏...။
သူနှင့် ငါက အတော်လေး အတွဲညီခဲ့တာ...။ စုရှောင်လန်က ရုတ်တရက် ထိုလှပသော မှတ်ဉာဏ်များထဲတွင် ပျောက်ဆုံးသွားလေ၏။
ထိုညက ကြယ်များသည်လည်း တောက်တောက်ပပ လင်းလက်နေ၏။ ပရိသတ်များ ဝှေ့ယမ်းနေကြသော အလင်းချောင်းများက ပို၍ပင် တောက်ပနေပေသည်။ သူမက အမှန်တကယ်တော့ လူပေါင်းထောင်ချီရှေ့တွင် အန်လင်းနှင့်အတူ ဖျော်ဖြေရမည်ဖြစ်၍ အတော်လေး စိတ်ဖိစီးနေခဲ့သည် ဖြစ်၏။ သူမ၏ စိတ်လှုပ်ရှားမှုကို မပြခဲ့ခြင်းသာ။
သူတို့က စင်မြင့်ကို ခွဲခွာသွားသည့်အချိန်တွင် နွေထွေး လုံခြုံသည့် ခံစားချက်က သူမကိုယ်ကို ပြည့်နှက်နေလေ၏။ ထိုသည်က သူမက အန်လင်း၏ လက်ကို ကိုင်ထားသောကြောင့်ပင်။
ငါက ဘာလို့ အဲ့ဒီ့ အသေးစိတ်တွေကို မှတ်မိနေတာလဲ။ မျှော်လင့်ထားသည့်အတိုင်းပင် ငါက ထိုသည်ကို တန်ဖိုးထားခဲ့ပါသည်...။
သူမ၏ သီချင်းသံက ချိုသာပြီး ငြိမ့်ညောင်းလှကာ သူမ၏ အသံက ဂူထဲတွင် ပဲ့တင်ထပ်နေလေ၏။
ရွှေရောင်မန္တန်ဖွဲ့စည်းခြင်းတစ်ခု့ မြေပြင်ပေါ်တွင် ဖြစ်တည်လာ၏။
ရှုပ်ထွေးသော သွေးကြောပုံစံများက တဖြည်းဖြည်း ကြီးထွားဖြစ်ပေါ်လာပြီး မြေပြင်ပေါ်တွင် ဇာမဏီငှက်ပုံတစ်ခု ဖြစ်ပေါ်လာလေ၏။
စုရှောင်လန်က သူမ၏ လက်ကောက်ဝတ်သွယ်သွယ်လေကို ဖြတ်လိုက်၏။ စီးကျလာသည်က သွေးများမဟူတ်ပါချေ။ ထိုသည်က သူမ၏ မီးတောက်အဆီအနှစ်များကို ပိုင်ဆိုင်ထားသော ရွှေရောင် သွေးများ ဖြစ်ပေ၏။
အန်လင်း၏ လက်ကောက်ဝတ်သည်လည်း လှီးုဖတ်ခြင်းခံလိုက်ရ၏။ စုရှောင်လန်၏ ရွှေရောင်သွေးများက အန်လင်း၏ ဒဏ်ရာဆီသို့ တဖြည်းဖြည်း စီးဝင်သွားလေ၏။ ဇာမဏီငှက်များ၏ နာနာကျင်ကျင် ငိုကြွေးသံကို ကြားနိုင်ပြီး အစွမ်းထက် မီးတောက်အဆီအနှစ်က အန်လင်း၏ ခန္ဓာကိုယ်ထဲရှိ မြူထူ အေးစက်မှုကို ဖယ်ထုတ်လိုက်လေ၏။
ဆောင်း၏ နေရောင် နွေးနွေးလေးကဲ့သို့ ရေခဲနှ့် မြူနှင်းများ အားလုံးက ထိုမီးတောက် အဆီအနှစ်၏ စွမ်းအားအောက်တွင် တဖြည်းဖြည်း အရည်ပျော်သွားလေ၏။
ကံကြမ္မာဆိုးကို ကြုံတွေ့ရသကဲ့သို့ မိုးပြာရောင် မြူနှင်းများက အန်လင်းကိုယ်ထဲမှ လျင်မြန်စွာ ထွက်ပြေးလာကြလေသည်။
သို့သော်လည်း ရွှေရောင်မီးတောက် အဆီအနှစ်က နေရာတိုင်းတွင် ရှိနေ၏။ ထိုသည်က အန်လင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို စီးဝင်ကာ မြူထူစွမ်းအင်များအားလုံးကို သန့်ရှင်းပေး၏။
ရွှေရောင် မီးတောက်အဆီအနှစ်က သူ့၏ သွေး၊ အတွင်းအား ဗဟိုချက်များ၊ အံ့ဖွယ် အာရုံနှင့် သက်ရှိစွမ်းအင် ပင်လယ် စသည်များထဲသို့ ပေါင်းဝင်စပြုလာလေ၏။
ထိုသည်က နူးညံ့သော အလင်းတစ်ခု ဖြာထွက်လာပြီး တဖြည်းဖြည်း အန်လင်း၏ သွေမျိုးဆက် အစိတ်အပိုင်း တစ်ခု ဖြစ်လာ၏။
ဤနွေးထွေးသော စွမ်းအင်က အန်လင်းကို သေမင်းတမန်၏ လက်ထဲမှ ပြန်လည် ဆွဲခေါ်လာကာ သူ့ခန္ဓာကိုယ်၏ နှင်းကိုက်ခြင်းကို ပျောက်ဆုံးသွားစေ၏။
စုရှောင်လန်၏ မျက်နှာက အလွန်အမင်း ဖြူဖျော့နေလေ၏။ သူမက အန်လင်း၏ တောက်ပနေသော မျက်နှာကို ခပ်ဖွဖွ ပွတ်သပ်ရင်း မရယ်ပဲ မနေနိုင်တော့ပါပေ။
သူမ၏ အပြုံးက လှပသော်လည်း ဝေဒနာမျ ပါဝင်နေလေ၏။
သူမက မီးတောက် စုစည်းအဝိုင်းကို အန်လင်း၏ ခန္ဓာကိုယ်ပေါ်သို့ တင်ပေးလိုက်၏။ ထို့နောက် သူမက စာရွက်တစ်ရွက် ထုတ်လိုက်ပြီး ထိုအပေါ်တွင် မှတ်စုတစ်ခုချရေးလိုက်လေ၏။
"မီးတောက် စုစည်းအဝိုင်းကို ဗာမီလီယမ်ငှက်ဂိုဏ်းကို ပြန်ယူသွားပါ။ အလေးအနက် ကျင့်ကြံပြီးတော့ တိုးတက်အောင်လုပ်။ ငါ့ကို မေ့လိုက်ပါ။"
မျက်ရည်စက်တစ်ချို့က မြေပြင်ပေါ်သို့ ကျဆင်းသွားလေ၏။ သူမ မသိလိုက်ခင်မှာပင် သူမ၏ မျက်နှာထက်တွင် မျက်ရည်များ စီးကျနေပြီး ဖြစ်လေ၏။
အတိတ်က သူမက လှပပြီး တောက်ပသော အနာဂတ်မျိုးစုံကို ပုံဖော်ခဲ့ဖူး၏။
ထိုသည်များကို အမှန်ဖြစ်လာစေရန် သူမက ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရ၏။
သူမ မပြုလုပ်ရသေးသော အရာများ အများအပြား ရှိနေသေး၏။ သူမ အကောင်အထည်မဖော်ရသေးသော အိမ်မက်များလဲ အများအပြရှိနေသေး၏။
အမှန်တကယ်တော့ သူမ၏ ဘေးမှ အမျိုးသားနှင့် ကမ္ဘာကြီး၏ အထွတ်အထိပ်ကို ရောက်နိုင်သည့် နေ့တစ်နေ့ကို သူမ စိတ်ကူးယဉ္ခဲ့၏။ ထိုအချိန်ရောက်လာပါက သူတို့က ကမ္ဘာကြီးကို ကန့်သတ်ချက်များနှင့် ဘေးဒုက္ခများ မရှိပဲ လွတ်လပ်စွာ ခရီးသွားနိုင်ပေမည်...။
သို့သော် ယခုတွင် ထိုအရာများအားလုံးက လေထုထဲသို့ အငွေ့ပျံသွားလေပြီ။ ထိုသည်တို့ကို လုပ်ဆောင်နိုင်သော တောင်ပံများက ရိုက်ချိုးခံလိုက်ရလေပြီ...။
သေမျိုးဆက်ကို အတင်းအကြပ် ကူးပြောင်းခံရခြင်းက သူတို့၏ တာအိုအခြေခံများကို ပျက်ဆီးစေပြီး သူတို့၏ သက်ရှိစွမ်းအင်များကို ခြောက်ခမ်းသွားစေ၏။ တဖြည်းဖြည်းနှင့် သူတို့က မော်တယ်လူသားအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
ညင်သာသော ငိုရှိုက်သံက ဂူထဲတွင် ပျံ့နှံ့နေလေ၏။
"ငါက အရမ်း တုံးတာပဲ...။ နင်နဲ့ငါက အခုထိ တာအိုတွဲဘက်တွေတောင် မဖြစ်သေးတာကို ငါက နင့်အတွက် ငါ့ရဲ့ သွေးမျိုးဆက်ကို စတေးလိုက်ပြီ..."
"ငါက အရမ်းတုံးတာပဲ...။ ငါလဲ အမြင့်ကြီးကို ပျံသန်းပြီးတော့ အဝေးကြီးကို ကြည့်ချင်တယ်။ ဘာလို့များ နင့်အတွက် ကျင့်ကြံခြင်းလမ်းကြောင်းကို ပျက်ဆီးခံရတာလဲ။"
"ငါက အရမ်းတုံးတာပဲ...။ ငါက ဘာလုပ်နေတာပါလိမ့်..."
"ငါက အရမ်း၊ အရမ်းကို တုံးတာပဲ.."
ထိုသည်က စုရှောင်လန်က သူမ၏ ဝမ်းနည်းမှုနှင့် နာကျင်မှုများအားလုံးကို ငိုကြွေးပစ်ချင်သကဲ့သို့ပင်။ ထိုသည်က သူမ၏ ယူကျုံးမရဖြစ်မှုနှင့် နောင်တတရားများကို ငိုကြွေးပစ်ချင် သကဲ့သို့ပင်...။
အချိန်တစ်ခု အကြာတွင် သူမ၏ နူးညံ့လှသော နှုတ်ခမ်းများက အန်လင်း၏ နှုတ်ခမ်းများပေါ်သို့ ပြင်းပြင်းရှရှ ထိကပ်လိုက်လေ၏။ သူမ၏ မျက်ရည်များက သူမ၏ အဝတ်များကို စိုစွတ်သွားစေ၏။
ချစ်ခြင်းနှင့် မေတ္တာတရားတို့က သူမ၏ ရင်ထဲတွင် အပြင်းအထန် ရိုက်ခတ်နေသော်လည်း အလွန်အမင်း ချစ်မိသွားသည့်အတွက် ခါးခါးသီးသီး ခံစားလိုက်ရလေ၏။
အရင်က စုရှောင်လန်သည် သူမ၏ ကိုယ်ပိုင် ခံစားချက်များကို ဤမျှထိ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပါပေ။
"အန်လင်း၊ ငါက အရမ်း တုံးတာပဲ။ ဟုတ်တယ်မလား။"
"အဲ့တော့..."
"ဒီငတုံးမကို ခွင့်လွတ်ပါ။ နင့်ကို ထပ်ပြီး မျက်နှာချင်း မဆိုင်နိုင်တော့ဘူး။"
သူမက နှုတ်ဆက်စကားဆိုရင်း ချစ်မြတ်နိုးစွာ ပြောလိုက်၏။
သတိမေ့နေသော အမျိုးသားကို နောက်ဆုံးတစ်ခေါက် ကြည့်ရန်လှည့်လိုက်ပြီးနောက် အမျိုးသမီးက သူမ၏ နဂါးစာကလေးဓားပေါ်သို့တက်ကာ အဝေးသို့ ပျံသန်းသွားလေ၏။
"ငါတို့ကြားက ကံတရားက အဆုံးသတ်ကို ရောက်လာခဲ့ပြီ။ အခုကစပြီး... နင်နဲ့ငါက သူစိမ်းတွေပဲ။"
ထိုအသံက လေထဲတွင် ရစ်ဝဲနေပြီး တဖြည်းဖြည်း တိတ်ဆိတ်သွားလေတော့သည်။ ထိခိုက်လွယ်ပြီး ကျိုးပဲ့နေသော ပုံရိပ်တစ်ခုက တိမ်တိုက်များထဲသို့ ဝင်ရောက်သွားပြီး ဤနယ်မြေထဲမှ ပျောက်ဆုံးသွားလေတော့သည်။
-------------