← Chapters

နင်က ကမ္ဘာအဆုံးထိ ထွက်ပြေးရင်လဲ ငါကတော့ ရှာနေအုံးမှာပဲ

Vol. 32 Ch. 446

နင်က ကမ္ဘာအဆုံးထိ ထွက်ပြေးရင်လဲ ငါကတော့ ရှာနေအုံးမှာပဲ

Vol. 32 Ch. 446

အန်လင်းက အိပ်မက်တစ်ခု မက်ခဲ့၏။ သူက မြူနှင်းနှင့် ရေခဲ၏ အဆုံးမဲ့ ကမ္ဘာကြီးတစ်ခုတည်းတွင် ၁ယောက်တည်း လျှောက်သွားနေရသည်ဟု အိပ်မက်မက်ခဲ့၏။ သူက အတွင်းခံ တစ်ထည်တည်းသာ ဝတ်ဆင်ထားပြီး လေနှင့် နှင်းတို့၏ ဒဏ်ရာများကြောင့် တပိုင်အဖြစ်သို့ ပြောင်းသွားလေ၏။

အေးလိုက်တာ...

နာကျင်မှုနှင့် ပြင်းထန်လှသော ဝေဒနာက သူ့၏ အရိုးများထဲထိ စိမ့်ကာ သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်နေလေ၏။

ပြင်းထန်သော အေးစက်မှုက သူ့ကိုယ်ပေါ်ကို ဝန်ပိနေစေပြီး သူ့၏ ခြေလှမ်းများက ပို၍ လေးလံကာ နှေးကွေးလာတော့သည်။ တဖြည်းဖြည်းနှင့် သူက ရေခဲရုပ်ထုတစ်ခုအဖြစ် အေးခဲသွားလေ၏။

အေးစက်လွန်းလှသော အအေးဓာတ်က သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ စိမ့်ဝင်လာပြီး အေးခဲတောင့်တင်းသွားစေ၏။ အဆုံးတွင် သူ့၏ စိတ်ကပင် အေးခဲစပြုလာလေ၏။

အရာအားလုံးမှာ မှေးမှိန် မှုန်ရီလာတော့သည်မှာ သူက ထာဝရအမှောင်ထုထဲတွင် နစ်မြုပ်သွားတော့မလိုပင်။

သို့သော် ထိုအချိန်မှာပင် သူက ရုတ်တရက် အလင်းလေးတစ်ခုကို မြင်လိုက်ရ၏။ ထိုအလင်းလေးက အရမ်းစူးရှမနေပါပေ။ ထိုအလင်းလေးက အထူးသဖြင့် ဆွဲမက်ဖွယ်ကောင်းလွန်းလှ၏။

တောက်ပနေသော အမျိုးသမီးတစ်ဦးက သူ့ဆီသို့လျှောက်လာလေ၏။

သူမ၏ သွင်ပြင်မှာ တောက်ပပြီး သူမ၏ အပြုံးလေးကပင် ရင်ကို နွေးထွေစေသော စွမ်းအင် ပိုင်ဆိုင်ထား၏။

"အန်လင်း၊ အေးနေလား။" သူမ၏ စိုးရိမ်တကြီး အသံက လှပစွာ၊ မက်မောလှစွာ ထွက်ပေါ်လာလေ၏။

အန်လင်းက အမှန်တကယ်ပင် အေးစက်နေကြောင်း ပြန်ဖြေချင်လှ၏။ သို့သော် သူက စကားတစ်ခွန်းမှပင် မထုတ်ပြောနိုင်ပါချေ။

သူက ရေခဲ ရုပ်ထုအဖြစ် ခဲသွားပြီးပြီလား။ သာက ဘယ်လိုလုပ်ပြီး စကားမပြောနိုင်တော့တာလဲ။

ဟင်...။ ဒီမြင်ကွင်းက ရင်းနှီးနေပါတယ်။

ထိုသည်က သူမက ဇွန်ဘီနတ်ဘုရားမကို အနမ်းပေးရန် ငြင်းဆန်ပြီးနောက် စနစ်က သူအား အေခဲရုပ်ထုအဖြစ် အေးခဲပစ်လိုက်သည့် အချိန်ပင်။

အဲ့တုန်းက ဒီလိုမျိုးကြီး မဟုတ်ပါဘူး။

သူက ရေခဲ ရုပ်ထုကြီးတစ်ခုအဖြစ် အေးခဲသွားပြီး စကားမပြောနိုင်တော့ပေ။

ထိုအချိန်က သူစကားမပြောနိုင်သော်လည်း စုရှောင်လန်က ညပေါင်းများစွာ သူ့ဘေးတွင် ရှိနေပေး၏။ ထို့အပြင် သူမက ရေခဲတုံးကြီးထဲသို့ သူမ၏ မီးတောက်စွမ်းအင်များကို ဆက်တိုက် ထည့်သွင်းနေပေး၏။ ထိုသည်က သူ့၏ ခန္ဓာကိုယ်နှင့် နှလုံးသားကို နွေးထွေးသွားစေ၏။

ထိုမြင်ကွင်းမှာ အတိတ်ကို ပြန်လည် သတိရစေသော်လည်း ကွဲပြားမှုများ အနည်းငယ် ရှိနေလေ၏။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ စုရှောင်လန်က အန်လင်းကို ပိတ်လှောင်ထားသည့် ရေခဲများကို တိုက်ရိုက် အရည်ပျော်သွားစေခဲ့၏။ သူမ၏ အပြုအမူများက တိုက်ရိုက်ဆန်ပြီး ကြမ်းတမ်းလှသည်။

ထို့အပြင် စုရှောင်လန်က သူ့ကို နူးညံ့စွာ ပွေ့ဖက်ထားပေ၏။ သူမ ခန္ဓာကိုယ်၏ အနွေးဓာတ်က သူ့တစ်ကိုယ်လုံးကို နွေးထွေးစေ၏။

ဤပျော်ရွှင်မှုက အလွန်ပင် ရုတ်ချည်းရောက်လာခဲ့ပြီး အန်လင်းက အိပ်မက်မက်နေသည်ဟု ခံစားလိုက်ရ၏။

"ဟင့်... ရှောင်လန်၊ နင်ရှိနေတာ အရမ်းကောင်းတာပဲ။ အရမ်းနွေးတယ်..."

နွေးထွေးမှုက သူ့တစ်ကိုယ်လုံးကို ဖြတ်စီးသွားကာ သူ့အား သက်တောင့်သက်သာနှင့် ​ငြိမ်းချမ်းသွားစေ၏။

ဤသည်က မဖော်ပြနိုင်သော နွေးထွေးမှုတစ်မျိုးဖြစ်၏။ အရိုးထိခိုက်နေသော အအေးဓာတ်က သူ့ခန္ဓာကိုယ်မှ လုံးဝပင် ပျောက်ကွယ်သွားလေပြီ။

...

နှင်တောင်၏ တစ်နေရာတွင် ရှိနေသော လှိုင်ဂူတစ်ခုထဲတွင် အိပ်ပျော်နေသော အမျိုးသားက လက်ရှိတွင် "ကောင်းကင်နတ်သမီး ရှောင်လန်"၊ "နွေးလိုက်တာ" ဆိုသော စကားများကို ရေရွတ်နေလေ၏။

သူက နာရီပေါင်းများစွာ ကြာပြီးသည့်အချိန်မှသာ သူ့၏ နှစ်ခြိုက်စွာ အိပ်စက်ခြင်းမှ နိုးထလာခဲ့လေ၏။

သူ့မျက်လုံးများကို ဖွင့်လိုက်သည်နှင့် အန်လင်းက မညီမညာဖြစ်နေသော ကျောက်သားနံရံကြီး တစ်ခုကို တွေ့လိုက်ရ၏။

ဤနေရာတွင် အထူးတိတ်ဆိတ်နေပြီး သူက အပြင်မှ နှင်းများ လေတိုးနေသံကိုပင် ရှင်းရှင်းလင်းလင်း ကြားနေရ၏။

"ဟင်...။ ရှောင်လန်...။"

သူက စုရှောင်လန်၏ ပုံရိပ်ကို မတွေ့၍ ခေါ်သံပေးလိုက်လေ၏။

တုန်ပြန်ခြင်းမရှိပါပေ။

"သူမက တစ်ခုခုလုပ်ဖို့ အပြင်ထွက်သွားတာများလား။" အန်လင်းက အနည်းငယ် စိတ်ရှုပ်ထွေးနေလေ၏။

သို့သော် သူက ရုတ်တရက် တစ်စုံတစ်ခုက မူမမှန်သည်ကို သတိထားမိသွား၏။

"မဟုတ်သေးပါဘူး။ ငါက ချင်လီရဲ့ လက်ကျန် စွမ်းအားကြောင့် အပြင်းအထန် ဒဏ်ရာရသွားတာကို မှတ်မိပါတယ်။ အခုက ဘယ်လိုလုပ်ပြီး အရမ်းတက်ကြွပြီး လန်းဆန်းနေတာပါလိမ့်။ ငါက လုံးဝ ပြန်ကောင်းသွားတဲ့အတိုင်းပဲ။"

အန်လင်းက ဖြည်းညင်းစွာ ထထိုင်လိုက်ပြီး သူဒဏ်ရာရထားသော နေရာကို ထိလိုက်လေ၏။ အနာဖေးတစ်ခု ဖြစ်ပေါ်နေပြီး ဖြစ်လေသည်။

သူ့ပေါင်ပေါ်မှ တစ်ခုခုက ပြုတ်ကျသွားလေ၏။ စာရွက်အဖြူ တစ်ရွက်လဲ ရှိနေ၏။

အန်လင်းက အရာဝတ္ထုကို မြင်ပြီး အနည်းငယ် ကြောင်သွားရ၏။

မီးတောက်စုစည်းအဝိုင်း...။

ငါ စုရှောင်လန်ကို မီးတောက်စုစည်းအဝိုင်း မပေးလိုက်ဘူးလား။ ဘာလို့ ငါ့ပေါ်ရောက်နေတာလဲ။

သူက မီးတောက်စုစည်းအဝိုင်းနှင့် စာရွက်ဖြူလေးကို ကောက်လိုက်လေ၏။ စာရွက်အဖြူလေးပေါ်တွင် လှပသော လက်ရေးလေးတစ်ခု ရေးထားလေ၏။

"မီးတောက် စုစည်းအဝိုင်းကို ဗာမီလီယမ်ငှက်ဂိုဏ်းကို ပြန်ယူသွားပါ။ အလေးအနက် ကျင့်ကြံပြီးတော့ တိုးတက်အောင်လုပ်။ ငါ့ကို မေ့လိုက်ပါ။"

အန်လင်း၏ လက်များက တုန်ယင်စပြုလာလေ၏။ သူ့၏ နှလုံးသားက ဗလာကျင်းသွားသလို ခံစားလိုက်ရ၏။

ဒါက ဘာကိုဆိုလိုတာလဲ။ ဒီမှတ်စုက ဘာကို ဆိုလိုနေတာလဲ။

သူမက ဘာလို့ ငါ့ကို မီးတောက်စုစည်းအဝိုင်းကို ဗာမီလီယမ်ငှက်ဂိုဏ်းဆီကို ပြန်ယူသွားစေချင်တာလဲ။ သူမကရော။

သူမက ပြန်မလိုက်ဘူးလား။

သူမက ဘာလို့ သူ့မကို မေ့ပစ်ဖို့ ပြောနေတာလဲ။

စာရွက်ပေါ်မှ အစွန်းလေးကို မြင်လိုက်ပြီးသောအခါ သူ့အတွေးထဲသို့ ကြောက်မက်ဖွယ် အတွေးတစ်ခု ဝင်လာတော့။

သူက သူ့ခန္ဓာကိုယ်တွင်းရှိ ထူးဆန်းမှုများကို သတိထားမိလာလေ၏။ များပြားလွန်းလှသော ထိုမီးတောက်အဆီအနှစ်၊ သူ့၏ သွေးမျိုးဆက်ထဲတွင်ပေါင်းစပ်နေသော ထိုထာဝရမီးတောက်စွမ်းအား... ဤအရာများအားလုံးက အလွန်ထူးဆန်းနေ၏။ သူက အဘယ်ကြောင့် ဤစွမ်းအင်များကို ပိုင်ဆိုင်နေရသနည်း။

"ရှောင်လန်၊ မင်းဘာလုပ်လိုက်တာလဲ။ ဘယ်ကို ထွက်သွားတာလဲ။"

သူက ကြောက်လန့်ကာ လမ်းပျောက်နေလေ၏။ ထိုသည်က သူ့နှလုံးသားကို လက်ကြီးတစ်စုံက ဆုတ်ကိုင်ထားသကဲ့သို့ပင်။ ထိုသည်က သူက အလွန်ပင် ကြောက်မက်ဖွယ် တစ်စုံတစ်ရာကို ကြုံတွေ့ရတော့မည် သကဲ့သို့ပင်။

အန်လင်းက သူ့၏ အသံကူးပြောင်းအစီအရင်ကို ထုတ်လိုက်ပြီး စုရှောင်လန်ကို ဆက်သွယ်ရန် ကြိုးစားလိုက်၏။ သို့သော် သူမ၏ အော်ရာက ဖျက်ထားခြင်း ခံလိုက်ရသည်ကို တွေ့လိုက်ရ၏။

တခြားတစ်နည်းဆိုရပါက သူက ဘလက်လစ်ထဲအသွင်း ခံလိုက်ရလေပြီ။(phတွေမှာ blacklist လုပ်သလိုမျိုးပါ)

"နည်းတစ်ခုခုတော့ ရှိလောက်မှာပါ... သေချာပေါက်ကို တခြားတစ်နည်းနည်း ရှိလောက်မှာပါ..."

မြေပြင်ပေါ်မှ ​ကျောက်တုံးများက အန်လင်း၏ ဒေါသကြောင့် ဖျက်ဆီးခြင်း ခံလိုက်ရ၏။ သူ့စိတ်ထဲတွင် အတွေးပေါင်း များစွာ ပေါ်လာလေတော့သည်။

သူက ရုတ်တရက် ခေါင်းမော့လိုက်၏။ သူ့မျက်လုံးထဲတွင် အရောင် အနည်းငယ်လက်နေလေ၏။

ငါသိပြီ။ ငါက အံ့ဖွယ်အယောင်ဆောင်ခြင်း နည်းစနစ်ကို သုံးလို့ရတာပဲ။

ီထိုသည်က ပျက်ပြယ်ခြင်းအဆင့် ရန်သူနှစ်ဦးကို အနိုင်ယူရနန လိုအပ်သော မစ်ရှင်ကို ပြီးမြောက်စေပြီးနောက် စနစ်မှ ရရှိခဲ့သော နည်းလမ်းဖြစ်လေ၏။ သူက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဆွဲယူကာ ပတ်ဝန်းကျင်တွင် ကျန်ရစ်ခဲ့သော အမှတ်အသားများ၊ သဲလွန်စများနှင့် အမှန်တရားကို ရှာဖွေနိုင်ပေမည်။

ထိုကဲ့သို့သော မန္တန်နည်းစနစ်မှာ ကောင်းကင်ဘုံကို လွန်ဆန်နေ၏။ သို့သော် ထိုသည်က အလွန်အမင်း စိတ်ပင်ပန်းစေပြီး အချိန်တိုလေးအတွင်း၌ အကြိမ်များစွာ အသုံးမပြုနိုင်ပါပေ။

အန်လင်းက အနည်းငယ်မျှပင် မတုံ့ဆိုင်းနေပါ။ သူက ချက်ချင်းပင် အံ့ဖွယ် အယောင်ဆောင် နည်းစနစ်ကို အသက်သွင်းလိုက်လေ၏။

အဆုံးမရှိသော ကြယ်စုတန်းများက သူ့မျက်လုံးထဲတွင် လင်းလက်လာ၏။ တဖြည်းဖြည်းနှင့် နယ်မြေမှည သူ့မျက်လုံးထဲသို့ လင်းလက်လာခဲ့၏။

ထိုအခိုက်မှာပင် အရောင်မဲ့ လှိုင်းငယ်ကလေးများက ကီလိုမီတာပေါင်းများစွာကို ဖြာထွက်လာလေ၏။

အချက်အလက် အမြောက်အများက သူ့စိတ်ထဲသို့ စီးဝင်လာ၏။ ဤကောင်းကင်ဘုံနှင့် မြေကြီး၏ ရာသီဥတုကဲ့သို့ ကိစ္စကြီးများမှ နှင့်ပွင့်တစ်ခုစီတိုင်း၏ လမ်းကြောင်း၊ လက်ရှိလေစီးကြောင်းနှင့် သက်ရှိတိုင်း၏ သဘာဝ စသည်တို့ကဲ့သို့ အသေးအမွှားလေးများအထိပင်။ သူ့ပတ်ဝန်ကျင်မှ အရာအားလုံးက ရှင်းလင်းလာပေတော့သည်။ အန်လင်းက ဤသတင်းများကို အသုံးပြုကာ အမှန်တရားကို ကောက်ချက်ချလိုက်လေ၏။

သူက ဤလှိုင်ဂူ၏ အောက်တွင် သွေးများကို တွေ့လိုက်၏။ ထိုသွေးများက သူ့၏ သွေးများမဟုတ်ပါချေ။ သူက စာရွက်ဖြူလေးပေါ်တွင် မျက်ရည်များတွေ့လိုက်၏။ သူက သူ့၏ လောလောလတ်လတ်ဖြတ်တောက်ခြင်းခံရပြီး ကုသပေးခံခဲ့ရသော လက်ကောက်ဝတ်မှ ဆဲလ်အသစ်များကိုပင် တွေ့ရှိလိုက်လေ၏။ သူက သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော စွမ်းအားကိုပင် သိရှိသွားလေ၏။ ထိုသည်က အံ့ဖွယ်ဇာမဏီ သွေးမျိုးဆက်၏ စွမ်းအားပင်ဖြစ်၏...။

ချင်လီ၏ မြူနှင်းအဆိပ်နှင့် အံ့ဖွယ် ဇာမဏီသွေးမျိုးဆက်၏ စွမ်းအားတို့က တစ်စုံတစ်ဦး၏ တာအိုအခြေခံထဲတွင် ပျက်ဆီးနေလေ၏။

အန်လင်း၏ စိတ်ထဲ၌ အဖြစ်အပျက်များက ပို၍ပင် ရှင်းလင်းလာခဲ့၏။ သူ့၏ အမှန်တရားကို  ဖော်ထုတ်နိုင်သောစွမ်းအားတို့မှာ သူ့အား ဖြစ်ပွားခဲ့သည်များကို နားလည်စေလေ၏။ သူက မထိန်းချုပ်နိုင်အောင် တုန်ခါလာပြီး တစ်စုံတစ်ယောက်က သူ့နှလုံးသားကို တစ်စစီ ဆုတ်ဖြဲပစ်သည်ဟု ခံစားလိုက်ရ၏။

"နင့်ရဲ့ စတေးမှုနဲ့ ထိုက်တန်အောင် ငါက ဘာတွေများ လုပ်ပေးလို့လဲ။ ငါက မတန်ပါဘူး..."

"နင်က ရူးမိုက်လိုက်တာ...။ မိန်းကလေးတွေက ဘာလို့ နင်လိုမျိုး တုံးနေရတာလဲ။"

အန်လင်းက သွားများစေ့ကာ အံ့တင်းတင်းကြိတ်လိုက်လေ၏။ သူ့မျက်လုံးထဲတွင် မတွေမဝေသော စိတ်ဆုံးဖြတ်မှုများ ရှိနေလေ၏။

"​ေရှာင်လန်၊ နင်းက လွတ်မြောက်ဖို့ ကြိုးစားနေတာ။ ဟုတ်လား။"

"ငါနင့်ကို ရှာမယ်။ နင်ဘယ်ကိုပဲ သွားသွား ကိစ္စမရှိဘူး။ နင့်ကို တွေ့အောင်ရှာမယ်။"

"နောက်ဆုံးကျမှ တာအို တွဲဘက်တစ်ယောက်ကို လိုချင်နေပြီဆိုမှ နင့်က ငါ့ကို ဒီလိုမျိုး တန်ဖိုးမရှိသလို ပစ်သွားရင် ရှက်စရာမကောင်းဘူးလား။"

အန်လင်းက အသက်ပြင်းပြင်းရှုကာ မီးတောက်စုဆောင်း အဝိုင်းနှင့် မှတ်စုလေးကို  ဂရုတစိုက် ချထားလိုက်၏။ ထို့နောက် သူက ဘာမှမရှိသော ဂူထဲမှ ထွက်လာလိုက်၏။

မြင်လိုက်ရသော မြင်ကွင်းက အဆုံးမရှိသော အဖြူရောင်ကြီးတစ်ခုပင်။

အံ့ဖွယ်အယောင်​ဆောင်နည်းစနစ်က အရာအားလုံး၏ အမှန်တရားကို သိရှိနိုင်၏။ ဤအရာမျအားလုံးက သဘာဝအားဖြင် စုရှောင်လန် ထွက်ပြေးခြင်း၏ သဲလွန်စများ ပါဝင်နေပေ၏...။

အန်လင်းက ကောင်းကင်နှင့် မြေကြီး ဆုံတွေ့ရာ အဝေးဆီသို့ လှည်းကြည့်လိုက်၏။ ထိုသည်က လေဟာနယ်ပြည်ထောင်စု၏ ဦးတည်ချက်ဖြစ်ပြီး ထိုသည်က မြင့်မြတ်ရေခဲကုန်းမြေများကို တားဆီးထားသော ကိုးပြည်ထောင်စု၏ ပြည်နယ်လေးဖြစ်လေ၏။ ထိုသည်က စုရှောင်လန် ပျံသန်းသွားရာ ဦးတည်ချက်ပင်ဖြစ်၏။

အန်လင်းက သူ့၏ အုတ်ခဲနက်ပေါ်သို့ တက်ကာ အဆုံးမဲ့ အဖြူရောင် ကမ္ဘာထဲသို့ ပျံသန်းသွားလေ၏။

"စုရှောင်လန်၊ နင် ငါ့ကို ဒီလိုမျိုး ရှောင်ပုန်းနေလို့မရဘူး။ နင်က ကမ္ဘာအဆုံးထိ ရှောင်ပြေးမယ်ဆိုလဲ ငါကတော့ ရှာနေအုံးမှာပဲ။"

--------------

All Chapters