အသက်ဆုံးရှုံးနိုင်သောလိုက်လံရှာဖွေခြင်း
Vol. 32 Ch. 447
ဤသည်က ကီလိုမီတာပေါင်းစွာကို ကျယ်ပြန့်နေသော ခမ်းနားကြီးကျယ်လှသည့် မြို့ရိုးကြီးတစ်ခုဖြစ်လေ၏။ ဤမြို့ရိုးကြီးက မီတာပေါင်းရာချီ မြင့်မားနေပြီး မြို့ရိုးတစ်လျောက်ကိုလည်း သက်ရှိစွမ်းအင် အမြောက်အမျိုးအစားများ အားလုံးကို တပ်ဆင်ထားလေ၏။
အမြှောက်များ ပစ်ခတ်လိုက်သောအခါ အဝေးရှိ မြေပြင်ပေါ်တွင် ကြီးမားသော တွင်းနက်ကြီးများ ထွက်ပေါ်လာလေ၏။ မရေမတွက်နိုင်သည့် ကျူးကျော်ဝင်ရောက်လာသော မြူနှင်းနတ်မိမယ်များက ပေါက်ကွဲမှု၏ လှိုင်းများကြောင့် တစစီ ပေါက်ကွဲထွက်သွားလေ၏။
တစ်ချိန်တည်းမှာပင် မြူနှင်းနတ်မိမယ် သောင်းချီက အရိုးခိုက်အောင်အေးသည့် အထူးအအေးစွမ်းအင်များကို ထုတ်ကာ လေထုကို အေးခဲစေကာ မြူနှင်းများကို ချွန်ထက်သော ဓားသွားများအဖြစ် ပြောင်းသွားစေ၏။ သူတို့က ခမ်းနားသော မြို့ရိုးကြီးဆီသို့ အပြေးနှင်ကာ ခုခံနေသော ကျင့်ကြံသူများကို အညှာအတာမဲ့စွာ တိုက်ခိုက်တော့လေသည်။
မြို့ရိုးနံရံပေါ်တွင် သွေးစွန်းနေသော နှင်းပွင့်များ ဖူးပွင့်လာပေတော့၏။
ဤမြို့တော်မှာ ရှင်းချင်းမြို့ဟုခေါ်ပြီး လေဟာနယ်တိုင်းပြည်၏ အကြီးဆုံး မြို့တော်ဆယ်ခုထဲမှ တစ်ခု ဖြစ်လေ၏။ ထိုအရာ၏ အိမ်နီးချင်းမြို့တော်မှာ မြင့်မြတ်ရေခဲကုန်းမြေများဖြစ်ကာ မြူနှင်းနတ်မိမယ်များနှင့် တိုက်ပွဲငယ်လေးများ မကြာခဏ ဖြစ်ပွားတတ်၏။
တိုက်ပွဲများက မကြာခဏဖြစ်သော်လည်း ထိုသည်များက မြို့၏ အုတ်ရိုးကို ပြိုပျက်စေနိုင်သည်အထိ မပြင်းထန်ပါပေ။
သို့သော် တစ်ချို့သော အကြောင်းပြချက်များကြောင့် မြူနှင်း နတ်မိမယ်များက ဓားစာခံများအတွက် နောင်တမရှိစွာ သူတို့အား အညှာအတာမဲ့ တိုက်ခိုက်လာကြလေ၏။ ထိုသည်က သူတို့က တစ်စုံတစ်ခု၏ လှုံ့ဆော်ခြင်းကို ခံထားရသကဲ့သို့ပင်။ သူတို့က မြို့တော်ကြီးကို အသည်းအသန်တိုက်ခိုက်နေကြသည်မှာ မြို့တော်ကို သိမ်ပိုက် မပြီးသည့်တိုင်အောင် နောက်မဆုတ်တော့မည့်အတိုင်းပင်။
ယခုကဲ့သို့ အညှာအတာမဲ့ တိုက်ခိုက်မှုမျိုးကို တွေ့ကြုံနေရသည်မှာ ဤမြို့တော် တစ်ခုတည်း မဟုတ်ပါပေ။ မြင့်မြတ် ရေခဲ ကုန်းမြေများနှင့် ဆက်ဆိုင်နေကြသော လေဟာနယ်တိုင်းပြည်၏ မြို့တော်များအားလုံးက ထိုကဲ့သို့ ကြမ်းတမ်းသော ကျူးကျော်သူများကို ကြုံတွေ့နေကြရ၏။ တစ်ချို့သော မြို့တော်များက ကျဆုံးသွားပြီဖြစ်သည်။
မရေမတွက်နိုင်သော ရေခဲ ဓားသွားများနှင့် နှင်းမုန်တိုင်းများက ဤမြို့ကြီးဆီသို့ တိုးဝင်လာလေ၏။ ထို့နောက် သူတို့က လောငါကျွမ်းနေသော မီးတောက်တိမ်တိုက်များအဖြစ်သို့ ဖူးပွင့်လာကာ မီးတောက်မြှားများ၊ ကြောက်မက်ဖွယ် တောက်ပနေသော မီးများနှင့် တိုက်ခတ်မိသောအခါ အငွေ့ပျံထွက်သွားလေ၏။ ဤသည်က ညို့ငင်ဖမ်းစားနေသော မြင်ကွင်း ဖြစ်လေ၏။
တဖြည်းဖြည်းနှင့် မြို့ရိုးကြီး၏ အပိုင်းတစ်ခုက ရန်သူလက်ထဲသို့ ကျရောက်စပြုနေလေပြီ။
ရေခဲကျောက် နယ်မြေပိုင်ဆိုင်သော ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် မြူနှင်းနတ်မိမယ် ဗိုလ်ချုပ်တစ်ဦးက အမြှောက်မီးများကျဆင်းနေရာဆီသို့ တိုးဝင်လာကာ မြို့ရိုးကြီးပေါ်သို့ ပစ်ဝင်လိုက်လေ၏။ ထို့နောက် သူမက မရေမတွက်နိုင်သော လူသား ဗိုလ်ချုပ်များ၏ အသက်ကို ယူဆောင်သွားလေ၏။
နံရံက တစ်ခုက ပွင့်ထွက်သွားပြီး ထိုနံရံ၏ အပိုင်းက ရေခဲငရဲတစ်ခုအဖြစ် ပြောင်းလဲခြင်းခံလိုက်ရ၏။
မရေမတွက် နိုင်သော စစ်သားများက ရေခဲရုပ်ထုများအဖြစ် အေးခဲခံလိုက်ရ၏။ သို့မဟုတ်ပါက ချွန်ထက်လှသော ရေခဲဓားသွားများဖြင့် နှစ်ပိုင်း ပိုင်းခြင်းခံလိုက်ရ၏။
"သေချာကိုင်ထားကြ။ မြူနှင်းနတ်မိမယ်တွေရဲ့ တိုးတက်မှုကို နှောင့်နှေးစေလိုက်။ အမိန့်ပေးေစခိုင်းသူက ဒီကို ရောက်လာတော့မယ်။" ကျုံ့ယဲ့ဟုအမည်ရသော ဗိုလ်ချုပ်တစ်ဦးက အစွမ်းကုန် အော်ဟစ်ပြောဆိုလိုက်၏။
ထိုသည်ကို ကြားသည်နှင့် စစ်သားများက အလွန်များပြားလှသော မန္တန်နည်းလမ်းများကို ရွတ်ဆိုလိုက်ပြီး မြို့ရိုးကို တိုးဝင်လာနေသော မြူနှင်းနတ်မိမယ်များဆီသို့ ပစ်လွတ်လိုက်ကြလေတော့သည်။ သို့သော် မြူနှင်းနတ်မိမယ်များ၏ ခံစစ်မှာ အလွန်အစွမ်းထက်နေပြီး သူတို့၏ တိုက်ခိုက်မှုများက သူမကို သက်ရောက်မှုမရှိပါပေ။ ထို့အပြင် သူမက သူမ၏ ဘေးတွင် တိုက်ခိုက်နေကြသော မြူနှင်းနတ်မိမယ်များကိုလည်း ကာကွယ်ပေးလေ၏။ သူမ၏ ရေခဲကျောက်အကာအကွယ်က စစ်သားများ ပစ်လွတ်လိုက်သော မန္တန်နည်းလမ်း အများစုကို ကာကွယ်ပေးထား၏။
ထိုသည်က ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ် စွမ်းအားဖြစ်လေ၏။ တစ်ဦးတည်းကပင် မြို့ရိုးပေါ်ရှိ စစ်သားများကို အပြတ်အသတ်အနိုင်ယူနိုင်လေ၏။ မြို့ရိုးတစ်လျှောက်တွင် သွေးများက ကြက်သွေးရောင် စမ်းကြောင်းတစ်ခုအသွင် စီးဆင်းနေပြီး စစ်သားထောင်ချီက သူတို့၏ အသက်များကို ဆုံးရှုံးသွားလေ၏။
စစ်သားအမြောက်အများ၏ မျက်နှာထက်တွင် စိတ်ပျက်အားငယ်ဟန်များ ဖြစ်ပေါ်လာလေ၏။
သူတို့က စစ်ပွဲထဲတွင် သေဆုံးရမည်ကို မကြောက်လန့်ပါပေ။ သို့သော် ဤမြူနှင်းနတ်မိမယ်နှင့် တိုက်ခိုက်ရခြင်းမှာ အကျိုးမရှိပဲ သေဆုံးခြင်းကို ရှာဆဖွနေသကဲ့သို့ ဖြစ်နေလေ၏။
"တပ်မဆုပ်နဲ့။ ငါတို့က ဆက်တိုက်နေသမျှ ငါတို့က အဲ့ဒီ့ မြူနှင်းနတ်မိမယ်ရဲ့ စွမ်းအင်ကို ကုန်ခမ်းသွားအောင်လုပ်လို့ရတယ်။ အဲ့အချိန်ကျရင် သူမကို သေချာပေါက် သုတ်သင်ပစ်နိုင်မှာပဲ။" ဗိုလ်ချုပ် ကျုံ့ယဲ့က အားပေးအော်ဟစ်နေလေ၏။
ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် မြူနှင်း နတ်မိမယ်က သူမနှင့် မီတာပေါင်းရာချီအဝေးတွင် ရပ်နေသော ကျုံ့ယဲ့ဆီသို့ အကြည့် ရွေ့လိုက်လေ၏။ "နင်က အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ...။" သူမ၏ အသံက အရိုးထိအောင် ခိုက်ခိုက်တုန်နေစေပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေ၏။
ဘုန်း...
မြူနှင်းနတ်မိမယ်၏ အရှိန်က နှစ်ဆပိုမို မြန်ဆန်လာကာ သူတို့ကြားက အကွာအဝေးကို စက္ကန့်အနည်းငယ်အတွင်း ဖုံးကွယ်ပစ်လိုက်လေ၏။ သူမလက်ထဲရှိ ရေခဲဓားက သေဆုံးခြင်း စက်ဝိုင်းတစ်ခု ဆွဲလိုက်လေ၏။
ကျုံ့ယဲ့မှာ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အလတ်အဆင့်သာ ရှိသေး၏။ မြူနှင်းနတ်မိမယ်၏ ကြောက်မက်ဖွယ် အရှိန်ကိုမြင်ကာ သူက သေဆုံးခြင်းမှ မလွတ်မြောက်နိုင်တော့ကြောင်း သိလေ၏။ သို့သော် သူ့၏ အမူအရာက အကြောက်တရာ တစ်ခုတည်း မဟုတ်ပါပေ။ ထိုအစား သူက အံတင်းတင်းကြိတ်ကာ သူမသေဆုံးမီတွင် မြူနှင်းနတ်မိမယ်ကို ဓားနှင့်ထိုးရန် ဆုံးဖြတ်ချက်ချလိုက်လေ၏။
မြူနှင်း နတ်မိမယ်၏ ဓားက ဆင်းသက်လာသော် ကျုံ့ယဲ့၏ ဓားကလည်း ဒေါသတကြီးနှင့် အပေါ်ဆီသို့ ခုတ်ပိုင်းပစ်လိုက်သည်။
ထိုအခိုက်အတန့်လေးတွင် မြူနှင်းနတ်မိမယ်က လှောင်ပြောင် ရယ်မောလိုက်လေ၏။ သူမ၏ တခြားသော လက်တစ်ဖက်က ခပ်ဖွဖွ ရိုက်ချလိုက်ရာ ဖော်မပြတတ်သော စွမ်းအားက ဗိုလ်ချုပ် ကျုံ့ယဲ့၏ ဓားချက်ကို လေထဲတွင် အေးခဲသွားစေေလ၏။
ကျုံ့ယဲ့၏ မျက်နှာက ခါးသီးမှုများနှင့် ပြည့်နှက်နေလေ၏။ ထိုအခိုက်အတန့်၌ သူက သူတို့ကြားရှိ စွမ်းအင် ပမာဏကွာခြားချက်က အလွန်ကြီးမားနေသည်ကို သဘောပေါက်သွားလေ၏။ သူက အသက်ကို စတေးပါလျှင်တောင် ရန်သူ၏ ဆံပင်တစ်ချောင်းကိုပင် ထိခိုက်ဒဏ်ရာရနိုင်မည် မဟုတ်ပါပေ။
မြူနှင်းနတ်မိမယ်၏ ဓားက ခုတ်ပိုင်းပစ်လိုက်၏။ သူ့ကို စောင့်မျှော်နေသည်က သေဆုံးခြင်းသာလျှင် ဖြစ်ပေ၏။
ဤမြို့ရိုးပေါ်တွင် သေဆုံးသည်အထိ တိုက်ပွဲဝင်နိုင်သည်က ကျုံ့ယဲ့အတွက် နောင်တတရားရော စိတ်ပျက်မှုရော မရှိပါပေ။ သူက ဤမြို့ရိုးကြီးက အညှာအတာမဲ့သော ရန်သူ၏ အောက်တွင် ပြိုကျမသွားဖို့ကိုသာ မျှော်လင့်ပါသည်။ ဤမြို့ရိုးသား ခိုင်ခိုင်မာမာရှိနေပါက သူ့သားနှင့် ဇနီးတို့က မြို့ထဲတွင် အေးချမ်းစွာ နေထိုင်နိုင်မည် ဖြစ်၏။
ခွမ်း...
မြူနှင်းနတ်မိမယ်၏ဓားက ကျုံ့ယဲ့၏ မျက်နှာကို ဖြတ်သွားပြီးနောက် ကွဲကြေသွားလေ၏။
မြူနှင်းနတ်မိမယ်ဗိုလ်ချုပ်၏ မျက်လုံးများက အထိတ်တလန့် ပြူးကျယ်သွားလေ၏။ ထိုနေရာတွင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး ရပ်နေပြီး လက်ထဲတွင် ဓားတစ်ချောင်း ကိုင်ထားလေ၏။ ဓားအတွင်းမှ လေဝှေ့လေးတစ်ခုက ပျောက်ကွယ်သွားလေ၏။
"နင်..." သူမက စကားပြောခြင်းကို အဆုံးမသတ်နိုင်ခင်မှာပင်။ ကျုံ့ယဲ့နှင့် စစ်သားများအားလုံးက ဤမြင်ကွင်းကို အံ့ဩ မှင်သက်စွာ ငေးကြည့်နေလေ၏။ ထို ကြောက်မက်ဖွယ် မြူနှင်းနတ်မိမယ်ဗိုလ်ချုပ်က... အဖြူရောင် ဝတ်ရုံနှင့် အမျိုးသား၏ တစ်ချက်တည်းနှင့် သုတ်သင်ခြင်းကို ခံလိုက်ရသည်လား...။
သေဆုံးခြင်း၏ နယ်ပယ်မှ လွတ်မြောက်လာသော ကျုံ့ယဲ့က အသက်ပြင်းပြင်း ရှုလိုက်လေ၏။ သူက အဖြူရောင်ဝတ်အမျိုးသားကိုလေးစားစွာ အရိုအသေပေးလိုက်၏။ "စီနီယာ၊ ကူညီပေးတာ ကျေးဇူးတင်ပါတယ်။ ရှင်းချင်းမြို့တော်ရဲ့ စစ်သားတွေက အသင့်အပေါ်မှာ ထာဝရအကြွေးတင်နေတော့မှာပါ။"
"ငါ့ကို ကျေးဇူးတင်စရာမလိုဘူး။ ဖြေစမ်း။ ဒီနေ့ ကျောက်စိမ်းဝတ်ရုံနဲ့ အမျိုးသမီးတစ်ယောက်က ဒီမြို့ကို ဓားပျံစီးပြီး ဖြတ်သွားသေးလား။"
ထိုအမျိုးသားက အန်လင်းမှ လွဲ၍ တခြားသူမဟုတ်ပါပေ။ သူက ကျုံ့ယဲ့ကို စူးစိုက်ကြည့်လိုက်ကာ ထိုမေးခွန်းကို မေးလိုက်လေ၏။
ကျုံ့ယဲ့က သူ့၏ မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွား၏။ ထို့နောက် သူက အာဂရုတစိုက် အတွေးပြောင်းလိုက်ရ၏။ ခဏကြာပြီးနောက် သူက တောင်းတောင်းပန်ပန်နှင့် ခေါင်းခါပြလိုက်၏။ "ရှင်းချင်းမြို့တော်က မြူနှသ်း နတ်မိမယ်တွေရဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုကို တစ်နေ့လုံး ခုခံနေရတာပါ။ ကျွန်တော်တို့ရဲ့ မြိုါပေါ်ကို ပျံလာတဲ့ အမျိုးသမီး တစ်ယောက်မှ မတွေ့မိပါဘူး။ ဒီတိုက်ပွဲ ပြီးသွားရင် မြို့ရိုးရဲ့ တခြားအပိုင်းက စစ်သားတွေကို မေးကြည့်ပေးရမလား။"
အန်လင်းက ခေါင်းခါပြလိုက်ပြီး "မလိုတော့ဘူး။ အဲ့အတွက် အချိန်မရှိဘူး...။"
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ စုရှောင်လန်၏ ခြေရာများက တဖြည်းဖြည်း ပျောက်ကွယ်သွားပေလိမ့်မည်။ သူက အချိန်အများကြီး ဖြုန်းလိုက်ပါ သူမ၏ လမ်းကြောင်းကို လိုက်ရန် ခက်ခဲသွားပေလိမ့်မည်။
အံ့ဖွယ် အယောင်ဆောင် နည်းစနစ်...
များပြားလွန်းလှသော ကြယ်စုတန်းများက သူ့မျက်လုံးထဲတွင် လင်းလက်လာလေ။။ တြဖည်းဖြည်းနှင့် သူရောက်နေသော နယ်မြေက သူ့မျက်လုံးထဲတွင် လင်းလက်လာလေ၏။
အံ့ဖွယ် အယောင်ဆောင် နည်းစနစ်က အများဆုံး တစ်လတွင် တစ်ကြိမ်အသုံးပြုနိုင်ပေ၏။ သို့မဟုတ်ပါက ထိုသည်က ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပြီး သက်တမ်းကိုပါ ကုန်ဆုံးသွားစေ၏။
သို့သော် အန်လင်းက ထိုသည်ကို အနည်းငယ်မျှပင် စိတ်မပူပါချေ။ သူက တုံ့ဆိုင်းနေရန် အချိန်ပင် မရှိပါပေ။ အချိန်က ရွှေကဲ့သို့ပင်။
ထိုအချိန်မှာပင် အရောင်မဲ့ လှိုင်းတစ်ခုက မိုင်ပေါင်းရာချီသို့ ဖြာထွက်လာလေ၏။
ဤကျယ်ပြန့်လှသော ကောင်းကင်နှင့် မြေကြီး၏ အသေးစိတ်လေးများအားလုံးက သူ့စိတါထဲတွင် ပေါ်လာလေ၏။ အမှန်တရားကို ဆင်ခြင်တွေးတောခြင်းမှာလည်း ဤအချိန်တွင် စတင်မည် ဖြစ်သည်။
ကျုံ့ယဲ့က အန်လင်းကို စိတ်ဝင်တစား စိုက်ကြည့်လိုက်လေ၏။ သူက ဤအမျိုးသားက မည်သည်ကို ပြုလုပ်နေသည်ကို မသိတော့ပါပေ။
သို့သော် သူက အန်လင်း၏ ကျန်းမာပြီး တောက်ပနေသော ဆံပင်တစ်ချို့က အဖြူရောင် ပြောင်းသွားသည်ကို သတိပြုမိလိုက်လေ၏။
"စီနီယာ။ မင်း..." ကျုံ့ယဲ့၏ မျက်လုံးများက အံ့ဩတကြီး ပြူးကျယ်သွားလေ၏။ သူက အန်လင်း၏ အော်ရာက လျှင်မြန်စွာ ညှိုးနွမ်းလာသည်ကို သတိထားမိ၏။
အန်လင်းက ပြန်မဖြေပါပေ။ သူက တစ်ခြားဘက်သို့ အကြည်ပြောင်းလိုက်ပြီး ချက်ချင်းပင် သူ့၏ အုတ်ခဲနက်နှင့် ပျံသန်းသွားလေ၏။
...
ညအမှောင်က တဖြည်းဖြည်း ကျဆင်းလာတော့သည်။
မိုးကြိုးတိုင်းပြည် ယွင်ဒုံမြို့၏ ဆင်ခြေဖုံးတွင် မိုးကြိုးတိမ်တိုက်များက မိုင်ပေါင်းရာချီ ရှည်လျားနေလေ၏။ သက်ရှိစွမ်းအင်များက ပြင်းထန်စွာ ပေါက်ကွဲထွက်နေပြီး ပေါက်ကွဲစေတတ်သော လျှပ်စီးကွေးကြီးများက ဤကောင်းကင်ဘုံနှင့် မြေကြီးကို မတည်မငြိမ်နှင့် တုန်လှုပ်သွားစေလေ၏။
အန်လင်းက ဤဖရိုဖရဲနှင့် လှုပ်ရှားနေသော ကုန်းမြေပေါ်တွင် လမ်းပျောက်နေပေတော့သည်။ စုရှောင်လန်၏ ခြေရာတစ်ခုမှ မကျန်တော့ပါပေ။ သူ့၏ အံ့ဖွယ်အယောင်ဆောင် နည်းပညာကို အသုံးပြုပြီးသည့်တိုင် သူက သူမသွားသည့် ဦးတည်ချက်ကို မဆုံးဖြတ်နိုင်သေးပါပေ။
သို့သော် သာက အရှုံးမပေးပါချေ။ သူက အံ့ဖွယ်အယောင်ဆောင်နည်းစနစ်ကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ရာ အကြိမ်တိုင်း နေရာတစ်ခုစီကို ညွှန်ပြနေလေ၏။ တဖြည်းဖြည်းနှင့် သူက သူမသွားခဲ့သော နေရာကို ဆုံးဖြတ်နိုင်ခဲ့ချေပြီ။
သူက အနန္တကြယ် ကောင်းကင်ဘုံရေကန်ကို ဖြတ်၍ ပျံသန်းလာရာ ထိုအရာ၏ ကြေးမုံကဲ့သို့ မျက်နှာပြင်ပေါ်မှ ကောင်းကင်၏ ပုံရိပ်ကို မြင်လိုက်ရ၏။ ထိုသည်က အလွန်လှပသော မြင်ကွင်းပင်။
သူက နှစ်တစ်ထောင် ချောင်တောင်ကို ကျော်ဖြတ်လာပြီး အမြင့်ပေသောင်းချီကာ ကောင်ူကင်ယံထိ မြင့်မားနေသော တောင်တန်းများကို မြင်တွေ့ခဲ့ရ၏။ သူက ဤတော်ဝင်လှသော နယ်ပယ်မှ ထွက်ပေါ်နေသော ခမ်းနားကြီးကျယ်မှုကို ခံစားနိုင်ပေ၏။
...
နေရောင်ခြည်က ဝင်ရိုးစွန်းကို ဖြတ်သန်းကာ နေ့သစ်တစ်ခုကို ကြေညာလိုက်ပြန်၏။
သူက အစိမ်းရောင် အံ့ဖွယ်ပင်လယ်ကို ဖြတ်သန်းလာပြီး ကျယ်ပြန့်လှသော သစ်တောတစ်ခုကို တွေ့လိုက်ရ၏။ လွင်ပြင်ကျယ်ကြီးက ကီလိုမီတာပေါင်းများစွာ ကျယ်ပြန့်နေပြီး စိမ်းစိုနေသော သစ်ပင်များက ကီလိုမီတာပေါင်းများစွာကို ဖုံးလွှမ်းထားလေ၏။ နူးညံ့ညင်သာသောအစိမ်းရောင် လှုပ်ရှားမှုက မျက်စိတစ်ဆုံး ကျယ်ပြန့်နေလေ၏။ ထိုသည်က ဝင်ရိုးစွန်းအထိ ဖြန့်ကျက်သွားကာ အပင်များ၏ စိမ်းစိုနေသောအရောင်က ကောင်းကင်၏ အပြာဖျော့ဖျော့နှင့် ပနာသင့်နေလေ၏။ ထိုသည်က အသက်ရှုမှားလောက်သည့် မြင်ကွင်းပင် ဖြစ်လေ၏။
သူက အံ့ဖွယ်အယောင်ဆောင်နည်းစနစ်ကို အကြိမ်ကြိမ် ထပ်ခါထပ်ခါ အသုံးပြုနေရာ သူ့ခန္ဓာကိုယ်က တောင့်ခံမထားနိုင်တော့ပါပေ။ သူက စိတ်ဝိညာဉ် ဆေးတောင့်များနှင့် အင်မော်တယ် ဆေးတောင့်များကိုသာ မီခိုပြီး ဆက်သွားနေရ၏။
သူက နောက်ဆုံးတွင် မိုးကြိုးပြည်နယ်ကို စွန့်ခွာလာကာ ကျောက်မျက် ပြည်နယ်သို့ ရောက်လာခဲ့၏။ ဤသည်က ကိုးပြည်ထောင်စုတိုင်းပြည်၏ အနောက်တောင်ထောင့်တွင်ရှိနေသော ပြည်နယ်ကြီးတစ်ခုဖြစ်လေ၏။
ကီလိုမီတာပေါင်းများစွာ ကျယ်ပြန့်သော အရောင်အသွေးစုံလှသည့် ပန်းပင်လယ်၏ အလယ်တွင် အန်လင်းက သူ့၏ အံ့ဖွယ် အယောင်ဆောင်နည်းစနစ်ကို အသုံးပြုလိုက်၏။
သူ့၏ ဆံပင် တစ်ဝက်က အဖြူရောင် ပြောင်းနေလေပြီ။
ကောင်းကင်နှင့် မြေကြီး၏ ပုံရိပ်က အန်လင်း၏ မျက်လုံးထဲတွင် လင်းလက်နေလေ၏။ အံ့ဖွယ်အယောင်ဆောင်နည်းစနစ်ကို အသက်သွင်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်က ခိုက်ခိုက်တုန်နေပြီး နောက်ထပ် သွေးအပြည့် အန်ထုတ်လိုက်လေ၏။
အနီတောက်တောက်သွေးများက ဖြူစင်လှသော ပန်းများပေါ်သို့ စင်သွားလေ၏။ ခြားနားလှသော အရောင်များက ထူးထူးခြားခြား စူးရှနေလေ၏။
သူက ပါးစပ်ကို ပိတ်ထားလိုက်ပြီး အပြင်းအထန် ချောင်းဆိုလိုက်လေ၏။ သူ့၏ ခန္ဓာကိုယ်က အပြင်းအထန် အသုံးပြုခြင်းနှင့် ဝန်ပိခြင်း၏ အောက်တွင် တုန်ယင်နေပေ၏။
သက်ရှိစွမ်းအင် ကုန်ခမ်းနေသည့် အရှိန်၊ ပျံသန်းနေသော ဝတ်မှုန်များ၏ လမ်းကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားသည့် ဖုန်မှုန့်လမ်းကြောင်းများ...
"ရှောင်လန်၊ နင့်ရဲ့ ကျင့်ကြံခြင်း အခြေခဲက စိတ်ဝိညာဉ် ပျိုးထောင်ခြင်း စဦးအဆင့်ကို ကျသွားပြီ။ ဘာလို့ အဲ့လောက် မြန်မြန်ထွက်ပြေးနေရတာလဲ။ ဘာလို့ ငါ့ကို မစောင့်ရတာလဲ။ မင်းနောက်ကို လိုက်ရတာ ဘယ်လောက်တောင် ပင်ပန်းသလဲ နင်တကယ်ပဲ မသိဘူးလား။"
အန်လင်းက အံ့ဖွယ် အယောင်ဆောင် နည်းစနစ်ကို အဆက်မပြတ် အသုံးပြုသည်နှင့်အမျှ ပိုပို၍ ချိနဲ့လာလေ၏။ သူ့၏ ခန္ဓာကိုယ်မှာ ကျဆုံးခြင်း၏ လက္ခဏာများ ပြသနေပြီး ဖြစ်လေ၏။
သူက ညည်းညူနေသော်လည်း ဤသည်က သူ့၏ တခုတည်းသော အခွင့်အရေးဆိုသည်ကို နားလည်လေ၏။ သူက သေချာပေါက်ပင် ဤနေရာ၌ လက်လျော့မည် မဟုတ်ပါပေ။
"နင်က နေရာကူးပြောင်းခြင်း မန္တန်ဖွဲ့စည်းခြင်း တစ်ခုမှ မသုံးတာ ဝမ်းသာတယ်။ အဲ့လိုမှ မဟုတ်ရင် ငါက အတော်လေး ခက်ခဲနေမှာ..."
"ဒါပေမဲ့ ငါလဲ နင်ဘာလို့ ဒီလိုမျိုး ထွက်ပြေးသွားလဲ နားလည်ပါတယ်။"
"ငါနင့်နောက်ကို လိုက်ရင်းနဲ့ လှပတဲ့နေရာတွေ အများကြီးကို ဖြတ်လာရတာ...။ နင်က မော်တယ်အဖြစ် မပြောင်းသွားခင်မှာ ဒီကမ္ဘာကြီးရဲ့ အလှတရားတွေကို ပိုပြီးတော့ မြင်တွေ့သွားချင်တာ။ ငါပြောတာ ဟုတ်ရဲ့လား။ နင်က အရမ်းတုံးတာပဲ...။ နင် ဘယ်သွားချင်လဲဆိုတာ ငါ့ကို ပြောလိုက်လို့ရတာပဲကို။"
အန်လင်းက အဝေးမှ ကောင်းကင်ကို စိုက်ကြည့်လိုက်လေ၏။ သူက သူ့ဘဝတွင် တစ်ကြိမ်မှ ဤမျှအထိ ဆုံးဖြတ်ချက်မခိုင်မာ ဖူးပါချေ။
သူက သူ့နှုတ်ခမ်းထောင့်မှ စိမ့်ထွက်နေသော သွေးများကို သုတ်လိုက်ပြီး သူ့အုတ်ခဲပေါ်သို့ ထပ်မံတက်ကာ ပျံသန်းသွားပေတော့သည်။
--------------