← Chapters

ဆုံတွေ့ခြင်း

Vol. 32 Ch. 448

ဆုံတွေ့ခြင်း

Vol. 32 Ch. 448

စုရှမြို့တော် ကျောက်မျက်တိုင်းပြည်...။

ဤသည်က လှပလွန်းသော ရှေးဟောင်းမြို့တော်တစ်ခုဖြစ်လေ၏။

ဤရှေးဟောင်မြို့တော်က ကုန်းမြေမြင့်ပေါ်တွင် တည်ရှိနေပြီး ကောင်းကင်က အထူးကြည်လင်သန့်စင်နေလေ၏။ ဤနေရာတွင် စစ်ပွဲလုံးဝ မရှိပါပေ။ ရိုးရာဓလေ့ထုံးစံများက ရိုးရှင်းလှပြီး သဘာဝကျလှပေ၏။ ဤမြို့က မကြီးမားသော်လည်း အထူး အေးချမ်းသာယာလျှက်ရှိနေလေ၏။

မြို့တော်၏ အနောက်ဘက်တွင် အဆုံးမဲ့ သဲဖြူဖြူ ကန္တာရကျယ်တစ်ခု တည်ရှိနေလေ၏။ မြောက်ဘက်တွင် စိတ်ဝိညာဉ် ဆေးပင်များ ပေါက်ရောက်ရာ လွယ်ပြင်ကျယ်ကြီးတစ်ခုရှိလေ၏။ ဤစိတ်ဝိညာဉ် ဆေးပင် လယ်ကွင်းကြီးက စိတ်ဝိညာဉ် စွမ်းအင်များ အဆက်အပြတ် ထုတ်လွှင့်ပေးနေပြီး ပတ်ဝန်းကျင်ကို တိုးတက်လာစေ၏။

ထို့အပြင် ထွက်ခါစနေရောင်ကြောင့် ဖြစ်ပေါ်လာသော အရောင်အသွေးစုံလင်လှသည့် တိမ်တိုက်များကို အာရုံဦး ညတိုင်းတွင် မြင်နိုင်ပေ၏။

စုရှောင်လန်က ဤရှေးဟောင်း မြို့ကြီး၏ လမ်းမများပေါ်တွင် လှည့်လည်သွားလာနေ၏။ သူမက သူမဘဝ၏ ကျန်ရစ်သော နှစ်များကို ဤလှပသော ရှေးဟောင်းမြို့တော်တွင် ကုန်ဆုံးရန် ရွေးချယ်လိုက်လေ၏။

ညအမှောင်ရောက်လာသောအခါ သူမက အနောက်ဘက် မြို့ရိုးပေါ်တွင် ရပ်နေပြီး အရောင်စုံလှသော နေဝင်ချိန်ကို ငေးကြည့်နေပေ၏။

သူမက ကောင်းကင်ဘုံခုံရုံးတွင် နေ့တိုင်း နေဝင်ချိန်ကို မည်မျှအထိ သဘောကျခဲ့ကြောင်းကို ပြန်သတိရလာပြီး သူမနှင့် အန်လင်းက နူးညံ့သော တိမ်တိုက်များပေါ်တွင် ထိုင်ကာ ပျော်ရွှင် ရယ်မောခဲ့ကြသည်ကို သတိရလာ၏။ သူတို့က ကတိတစ်ခုပြုခဲ့၏။ ထိုသည်က သူတို့က ယုံတမ်းစကားထဲတွင် ပါဝင်သော သက်တန့်ရောင် တောက်နေသော တိမ်တိုက်များ ပေါ်လာပါက အတူ ဓာတ်ပုံရိုက်ကြမည် ဟူ၍ပင်။

ထို ပျော်ရွှင် ကြောင့်ကျမဲ့သော နေ့ရက်များက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏...။

သူမ မသိလိုက်ခင်မှာပင် မျက်ရည်များက ကောင်ကင်ရှိ တိမ်တောက်တောက်များကို ဝေဝါးသွားစေတော့၏။

စုရှောင်လန်က မြို့ရိုး၏ အနောက်ဘက်တွင် ရပ်ကာ နေမင်းကြီး ဝင်ရိုးစွန်းအောက် နစ်မြုပ်သွားသည်အထိ ငေးကြည့်နေခဲ့လေသည်။ ထိုအခါမှသာ သူမက နားခိုရန် နေရာရှာလိုက်လေ၏။

...

ည၏တိတ်ဆိတ်ငြိမ်သက်မှုထဲတွင် ဖယောင်တိုင်မီးက တဖြတ်ဖြတ်ခတ်နေလေ၏။ စုရှောင်လန်က သူမလက်ထဲရှိ ခမ်းနားလှသော အင်မော်တယ် လက်နက် နဂါးစာကလေးဓားကို ခပ်ဖွဖွ ပွတ်သတ်နေလေ၏။

သူမ၏ ကျင့်ကြံခြင်းအခြေခံက တာအိုခန္ဓာ အဆင့် ၇သို့ ကျဆင်းသွားပြီး ဖြစ်သည်။ ဤနှုန်းနှင့် ဆိုပါက သူမက အချိန် နှစ်ရက်အတွင်း မကျင့်ကြံနိုင်သော သာမန်မော်တယ် လူသားတစ်ဦး ဖြး်လာတော့မည် ဖြစ်၏။

စုရှောင်လန်က ရုတ်တရက် ပြဿနာတစ်ခုကို တွေးမိသွား၏။ သူမက မော်တယ် လူသားတစ်ဦးဖြစ်လာခဲ့ပါက သိုလှောင်လက်စွပ်ကို ထပ်မံ အသုံးပြု၍ရမည် မဟုတ်တော့ပါပေ။ ထိုအတွင်းထဲမှ ပစ္စည်းများကို သူမက ဘာလုပ်ရမည်နည်း။ သူမက နဂါးစာကလေးဓားနှင့် ဘာလုပ်ရတော့မည်နည်း။

"ငါက အရမ်းတုံးတာပဲ...။ ငါက နဂါးစာကလေးဓားနဲ့ သိုလှောင်လက်စွပ်ကို အန်လင်းနဲ့ ထာူခဲ့သင့်တာ။ ငါသိမ်းထားလဲ အပိုပဲဟာကို။"

စုရှောင်လန်၏ မျက်နှာထက်တွင် နောင်တရဟန်များ ရှိနေလေ၏။ ခဏကြာပြီးနောက် သာမက ခေါင်းခါလိုက်ကာ အတွေးများကို ထုတ်ပစ်လိုက်လေ၏။ သူမက ကိုယ်ကိုကိုဟ် စိတ်ထဲတွင် ဆူပူလိုက်၏။ ငါက ဘာလို့ အရမ်းအားနည်းနေရတာလဲ။ အခုအချိန်ထိအောင် အဲ့အမျိုးသားကို တွေးနေသေးတယ်...။

သူမက ထိုင်ကာ တရားထိုင်ချင်ပါသော်လည်း ကောင်းကင်နှင့် မြေကြီး၏ သက်ရှိစွွမ်းအင်ကို မထုတ်နိုင်ဟု သဘောပေါက်သွားလေ၏။ သူမက ရုတ်တရက် သတိပြန်ဝင်လာလေ၏။ သူမက နောက်ထပ် ကျင့်ကြံ၍ မရတော့ပါပေ။

စုရှောင်လန်က ခါးသက်စွာ ပြုံးလိုက်ပြီး ဖယောင်တိုင်မီးကို ငြိမ်းသက်ကာ အိပ်ယာထက်တွင် လှဲလိုက်လေ၏။

...

သူမက ရှည်လျားပြီး အိပ်စက်မဲ့ ညတစ်ခု ရှိခဲ့လေ၏။ သူမက အရာအများအပြားကို စဉ္းစား ချင့်ချိန်လိုက်၏။ သူမက သူမ၏ အနာဂတ်ကို တွေးတောမိပြီး သူမ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို ဘာလုပ်သင့်သည်ကို တွေးတောနေလေ၏...။

နောက်တစ်နေ့မနက်တွင် စုရှောင်လန်က စိတ်ဝိညာဉ် ကျောက်တုံးများကို အသုံးပြုကာ ကောင်းမွန်သော ခြံကျယ်ကြီးတစ်ခုနှင့် အိမ်ကို ဝယ်လိုက်လေ၏။ သူမက အစေခံများလဲ ငှာူလိုက်လေသည်။

သူမက ပိုက်ဆံ မချွေတာပါပေ။ သူမ၏ သိုလှောင်လက်စွပ်ထဲရှိ စိတ်ဝိညာဉ် ကျောက်တုံး သန်းချီက သူမ၏ ကျန်ရစ်သော သက်တမ်းတစ်လျှောက် ဇိမ်ခံပြီး နေထိုင်ရနိ တတ်နိုင်ပေ၏။

သူမက အထီးကျန်လာသောအခါ သူမက သင့်တော်သောကောင်ချောလေးတစ်ဦးကို ရှာပြီး လက်ထပ်နိုင်သေး၏။ သူမက သူမဘဝ၏ ကျန်ရစ်သော သက်တမ်းကို မော်တယ်အမျိုးသမီး တစ်ယောက်အနေနှင့် ကုန်ဆုံးနိုင်ပေသည်...။

မဟုတ်ဘူး...။

ထို အတွေးများ သူမ၏ စိတ်ထဲတွင် ပေါ်လာသောအခါ စုရှောင်လန်က သူမ၏ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်၏။

အကြောင်းပြချက်တစ်ချို့ကြောင့် သူမက ဤကဲ့သို့ ဘဝမျိုးကို ဝမ်းနည်းမိပါသည်။ သူမက ဘဝတွင် တခြားအမျိုးသားတစ်ယောက်ကို လက်မခံနိုင်ပါပေ။ သူမ၏ ကျန်ရစ်သော ဘဝ သက်တမ်းတစ်လျှောက် တစ်ယောက်တည်း ဖြတ်သန်းသည်က ပိုကောင်းပေလိမ့်မည်...။

စုရှောင်လန်က သူမ၏ သိုလှောသ် လက်စွပ်ထဲမှ စိတ်ဝိညာဉ် ကျောက်တုံးများကို ထုတ်လိုက်ကာ သူမ၏ ခြံဝန်းထဲရှိ ကျောက်တုံး အခန်းတစ်ခုထဲတွင် ထားလိုက်လေ၏။ သိုလှောင်လက်စွပ်ထဲမှ တခြားသော အရာဝတ္ထုများ အတွက်မူ သူမက အနာဂတ်တွင် နည်းလမ်းတစ်ခုရှာမည် ဖြစ်၏။

သူမက လမ်းမများပေါ်တွင် တဖြည်းဖြည်း လျှောက်သွားပြီး ဖြတ်သန်းသွားသူများက သူမကာ ငေးကြည့်သွားကြ၏။ သူတို့၏ မျက်လုံးထဲတွင် သိလိုစိတ်နှင့် အံ့ဩမှုများ ပြည့်နေလေ၏။

လှပ၊ ကျော့ရှင်းလှသော အမျိုးသမီးလေး သူမက ရုတ်တရက် ရှေးဟောင်းမြို့တော်တွင် ပေါ်လာလေ၏။ လူများက သူမကို အာရုံစိုက်နေသည်မှာ သာမန်ပင် ဖြစ်လေ၏။

စုရှောင်လန်မှာ ဤအာရုံစိုက်မှုနှင့် နေသကျနေပြီး ဖြစ်၏။ သူမက ထိုသည်ကို မမုန်းပါပေ။ သူမက လက်ရှိတွင် သူမအတွက် အသက်မွေးဝမ​်းကြောင်း တစ်ခုကို ထူထောင်ရန် တွေးနေခြင်းဖြစ်၏။ သူမက ချမ်းသားလှသော်လည်း ဘာအလုပ်မှ မလုပ်ပဲ သေဆုံးရန် စောင့်မျှော်နေခြင်းက မည်သည့် ပျော်ရွှင်မှုကိာ ရစေမည်နည်း။

သူမက ဘာလုပ်ရမလဲဆိုသည်ကို လျင်မြန်စွာပင် ဆုံးဖြတ်လိုက်လေ၏။ သူမက ဆေးကုသရေးစင်တာတစ်ခုသို့ သွားမည်ဖြစ်သည်။

စုရှောင်လန်မှာ ထူးချွန်သော ဝိညာဉ် ဖန်းတီးခြင်းအဆင့် ဆေးဖော်စပ်သူ တစ်ဦးဖြစ်၏။ သူမ၏ ဆေးပညာဗဟုသုတများက ကျွမ်းကျင်အဆင့်ဟု ပြောနိုင်ပေ၏။ သူမက သက်ရှိစွမ်းအင်ကို အသုံးမပြုနိုင်ပင်လျှင်တောင်မှ လူနာများကို ဆေးကုသပြီး သူမ၏ ကျန်းမာရေး ဗဟုသုတများအပေါ် အခြေခံကာ ညွှန်ကြားချက်များ ပေးနိုင်ပေ၏။ သူမက ဤမြို့ထဲရှိ လိုအပ်နေသော လူအများအပြားကို ကူညီနိုင်ပေမည်။

ရှီရှမြို့၏ မြောက်ဘက်မှ ကီလိုမီတာ ထောင်ချီတွင် ကျယ်ပြန့်နေသော အပင်စိုက်ခင်းထဲတွင် ဆေးပင်များ အလွန်ပေါများလေ၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမက ပျင်းရီစဉ္က ရှာဖွေမှုအနည်းငယ် ပြုလုပ်ခဲ့၏။ ထိုနည်းဖြင့် သူမ၏ ဘဝက အဓိပ္ပာယ်မဲ့ မဖြစ်နိုင်တော့ပါပေ။

ဤအသက်မွေးဝမ်းကြောင်းကို ရွေးချယ်ရသည့် တခြားသော အကြောင်းပြချက်လဲ ရှိသေး၏။ ထိုသည်က သူမ၏ ကျွမ်းကျင်သော ဆေးပညာအစွမ်းဖြင့် ကျော်ကြားမှုအနည်းငယ် ရနိုင်ပေ၏။ ထိုနည်းဖြင့် သူမက တခြားသော အဖျားအနာစွမ်းအားများနှင့် အားအင်များ၏ ပစ်မှတ်ထားခြင်း မခံရတော့ပါပေ။

သူမက လက်ရှိ အခြေအနေကို အလွန်ကောင်စွာ သဘောပေါက်ပေ၏။ သူမက ဗာမီလီယမ်ငှင်ဂိုဏ်း၏ ထူးချွန်သူ မဟုတ်တော့ပါချေ။

လက်ရှိတွင် သူမက သာမန် လှပသောမော်တယ် အမျိုးသမီးတစ်ဦးပင် ဖြစ်၏။ သူမက ပြင်ပစွမ်းအားများကို မခုခံနိုင်သော မော်တယ်အမျိုးသမီးတစ်ဦးပင်...။ ထိုကဲ့သို့ အခြေအနေများအောက်တွင် သူမက သူမကိုယ်သူမ ကာကွယ်ရန် သင်ယူထားသင့်ပေသည်။

ဤရှေးဟောင်းမြို့လေးထဲတွင် ဆေးကုသရေး စင်တာတစ်ခု ဖွင့်ခြင်းဖြင့် သူမကလူအများကို ကူညီနိုင်ပေလိမ့်မည်။ တခြား ရှုထောင့်မှ ကြည့်ရှုပါက သူမကူညီပေးခဲ့သော လူများက သူမကို ပြင်ပဘေးဒုက္ခများမှ ကာကွယ်ပေးမည့် ဒိုင်းအကာများ ဖြစ်လာနိုင်ပေ၏။

စုရှောင်လန်၏ ကျင့်ကြံရေး အခြေခံမှာ တာအိုခန္ဓာ အဆင့် ၂သို့ ကျသွားပြီးဖြစ်၏။ သူမ၏ ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းမှာလည်း တဖြည်းဖြည်း မှေးမှိန်လာပေတော့သည်။

ယခင်က ရှင်းလင်းခဲ့သော ပုံရိပ်များက ယခုတွင်တော့ ဝေဝါးလာခဲ့လေပြီ။

သူမ၏ တက်ကြွပြီး လူငယ်ဆန်သော ခန္ဓာကိုယ်က အားနည်း ချိနဲ့လာပေ၏။

ဤနောက်ဆက်တွဲ အကျိုးသက်ရောက်မှုများက သူမ၏ သက်ရှိ စွမ်းအင်ကို ခမ်း​ေခြာက်သွားစေကာ အချိန်ကြာပြီးနောက် နေသားကျသွားခြင်း ဖြစ်နိုင်ပေ၏။

ဟင်... ငါက သေချာပေါက်ကို အဲ့ဟာနဲ့ အသားကျသွားမှာပါ။

စုရှောင်လန်က ဆိုင်ခန်းအကြီးကြီးတစ်ခုကို ဝယ်ယူလိုက်ပြီး ထိုသည်ကို ဆေးကုသရေး အဆောင်အဖြစ် ပြောင်းပစ်လိုက်လေ၏။

မြို့ထဲမှ လူများက အမျိုးသမီးဆရာဝန်က အဓိကလမ်းမကြီး၏ လူစည်ကားသောနေရာတွင် ဆေးကုသရေးစင်တာတစ်ခု ဖွင့်လစ်တော့မည်ကို အလျင်အမြန်ပင် သိရှိသွားကြ၏။ ပြောစကားများအရ သူမက မြို့ကြီးမှ လာ ကျွမ်းကျင်ပြီး ဗဟုသုတရှိသော ဆရာဝန်တစ်ဦးဖြစ်သည်ဟု ဆိုလေ၏။

သူမ၏ ဆေးကုသရေးစင်တာနှင့် ပတ်သတ်သော ကိစ္စများကို ဆောင်ရွက်ပြီးနောက် ညအချိန် ရောက်လာလေပြီ။ ကောင်းကင်မှာ နေဝင်ချိန်၏ လှပသောအရောင်အသွေးများနဲ့ ပြည့်နှက်နေလေ၏။

စုရှောင်လန်က ထိုလှပသော မြင်ကွင်းကို ကြည့်ရှုရန်အတွက် အနောက်ဘက် မြို့ရိုးကို မသွားခဲ့ပါပေ။ အဘယ့်ကြောင့်ဆိုသော် သူမ၏ နှလုံးသားက နေဝင်ချိန်၏ လှပသော မြင်ကွင်းကို ကြည့်ရှုသည့်အခါတိုင်း နာကျင်နေဆဲ ဖြစ်နေသည်မို့ပင်။

ဤကဲ့သို့ ခံစားချက်များက အချိန်ကြာလာသည်နှင့် အမျှ တဖြည်းဖြည်း ​ပျောက်ကွယ်သွားလိမ့်မည်ဟု ယုံကြည်ပေ၏။

သူမက ဤမြို့ထဲတွင် မော်တယ် လူသားတစ်ဦး၏ ပျော်ရွှင်ဖွယ် ဘဝနှင့် နေထိုင်သွားမည် ဖြစ်သည်။

...

နောက်ထပ်တစ်ရက်က ကုန်ဆုံးသွား ပြန်လေပြီ။

စုရှောင်လန်က သူမ၏ အိပ်စက်ခြင်းမှ နိုးထလာလေ၏။

နေခြည်တန်းများက ပြတင်းပေါက်များကို ဖြတ်သန်းကာ သူမ၏ အခန်းထဲသို့ ထွန်းလင်းလာပေ၏။ ထိုရောင်ခြည်တန်းများက နွေးထွေးမှုများကိုပါ ယူဆောင်လာလေ၏။

သူမက အိပ်ယာပေါ်တွင် ထထိုင်ရန် ရုန်းကန်လိုက်ရ၏။ သူမ၏ လက်ချောင်းသွယ်လေးများက လက်သီးဆုပ်ကလေးအဖြစ် ဆုတ်ထားပြီး​နောက် ဖြည်းဖြည်းချင်း ပြန်ဖြန့်လိုက်၏။ ထိုဆုပ်ကိုင်မှု၏နောက်တွင် မည်သည့်အားအင်မှ မရှိပါချေ။ ထိုသည်က အားနည်းလွန်းကာ ချိနဲ့နေလေ၏။

"သာမန်လူသားတစ်ယောက် ဖြစ်လာပြီးနောက် သူမက ဤကဲ့သို့ ခံစားရမည်ဟု မည်သူက သိပါမည်နည်း..."

စုရှောင်လန်က ခါးသီးစွာ ရယ်လိုက်မိ၏။ သူမ၏ မျက်လုံးထဲမှ အရောင်အသွေးများက တဖြည်းဖြည်း မှေးမှိန်ကာ ပျောက်ကွယ်သွားလေ၏။

သူမက ဆေးကုသရေး စင်တာသိုလ လမ်းလျှောက်သွားလိုက်၏။ သူမက သူမ၏ အစေခံများကို အမိန့်ပေးလိုက်ပြီး ဆေးနှင့်ဆိုင်ရာ ပါဝင်ပစ္စည်းများကို လိုက်လံ ဝယ်ယူစုဆောင်းလိုက်လေ၏။

ရာသီဥတုက မပူပါပေ။ သူမက ခက်ခက်ခဲခဲ အလုပ်များလဲ မလုပ်ရသေးပါပေ။ သို့သော် သူမ၏ အလုပ်က သူမကို ချွေးများရွဲစိုစေကာ လုံးဝ မောပန်းနေစေ၏။

ဆေးပစ္စည်းများ စုဆောင်းခြင်းက တစ်နေ့တာအထိ ကြာမြင့်ခဲ့လေ၏။ နေမင်းက တဖြည်းဖြည်း အနေက်ဘက်သို့ နစ်မြုပ်သွားလေ၏။

အနီရောင်နှင့် ခရမ်းရောင်များက နေမင်းကြီး ဆင်းသက်သွားသည်နှင့်အမျှ ပနံသင့်နေလေ၏။

စုရှောင်လန်က သူမ၏ မောပန်းနေသော ခန္ဓာကိုယ်တစ်ခုလုံးကို ခြံဝန်းအိမ်ကြီးသို့ ဆွဲခေါ်သွားလေ၏။ နေရောင်ခြည်က သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေသည်မို့ အရိပ်ရှည်ကြီးတစ်ခုက သူမ၏ နောက်တွင် ဖြစ်ပေါ်နေလေ၏။

သူမက မနက်ဖြန်အတွက် အချိန်ဇယားကို အသေးစိတ် တွေးတောနေဆဲ ဖြစ်လေ၏။

သူမက ယခုတွင် အလုပ်များသောသူတစ်ဦးဖြစ်နေလေပြီ။ သူမက စိတ်ကိုလေးလံစေသည့် တခြားသော ကိစ္စများကို တွေးတောရန် အချိန်မရှိပါပေ။ သူမက ဘဝကို လွမ်းဆွတ်ပူဆွေးနေရန် အချိန်မရှိပါပေ။

သူမက ရှေးဟောင်းမြို့ကြီး၏ ကျောက်ခင်းလမ်းလေးတစ်လျှောက် လျှောက်လာရင်းနှင့် ဝေးကွာလွန်လှသော ကောင်းကင်ကြီးကို ငေးကြည့်လိုက်လေ၏။ အရောင်အသွေးစုံသော တိမ်တိုက်များက လှပလွန်လှသော ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။

"လှလိုက်တာ..."

သူမက ခပ်ဖွဖွ ရေရွတ်လိုက်သည်။ အာရုဏ်ဦး၏ ဝါဖျော့ဖျော့နေရောင်က သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံနေသည်မို့ အထူးအထီးကျန်နေပုံရလေ၏။

မြင်ကွင်းက လှပလွန်းနေသော်လည်း သူမက နှစ်ခြိုက်ရန် ခံစားချက်မရှိနေပါပေ။

စုရှောင်လန်က ကျောက်ခင်းလမ်းမလေးဆီသို့ အကြည့်ပြန်ပို့လိုက်၏။ သူမနှင့် သိပ်မဝေးသောနေရာတွင် ရပ်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်လေ၏။

သူမက ချက်ချင်းပင် ရပ်တန့်လိုက်၏။ သူမက အိပ်မွေ့ချခံလိုက်ရသကဲ့သို့ အမျိုးသားကို စိုက်ကြည့်လိုက်၏။

သူ့၏ အရိပ်က သူနဲ့ ဆင်တူလှ၏...။ သို့သော် သူ့၏ ဆံပင်များအားလုံးက ဖြူဖွေးနေလေ၏။

သူမက သူ့ကို အရမ်းလွမ်းနေသည်မို့ အမြင်မှားနေသည်ဟု ခံစားလိုက်ရ၏။ သူမက ခါးခါးသီးသီးရယ်မောကာ ခေါင်းခါလိုက်၏။ ထို့နောက် သူမက ဆက်လျှောက်သွားလေ၏။

အမျိုးသားက ကျောက်ခင်းလမ်းမလေးပေါ်တွင် တိတ်တဆိတ်ရပ်နေရင်း ကျောက်စိမ်းဝတ်ရုံနှင့် အမျိုးသမီးကိာ စိုက်ကြည့်နေ၏။

စုရှောင်လန်က နောက်ဆုံးတွင် ထိုအမျိုးသား၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သာမက ထပ်မံ တုံ့ဆိုင်းသွားပြန်၏။ သူမက နောက်တစ်လှမ်း မလှမ်းနိုင်တော့ပါပေ။

ထို ရင်းနှီးလှသော မျက်နှာ...။ သူမ မေ့ရန် ကြိုးစားနေသော ပုံရိပ်က အခုချိန်ထိတိုင်အောင် သူမ၏ စိတ်ထဲမှ ဖျောက်ဖျက်လို့ မရသေးပါပေ...။

သူတို့နှစ်ဦးက ရှေးဟောင်မြို့လေး၏ ကျောက်ခင်းလမ်းလေးပေါ်တွင် ရပ်နေရင်း တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြ၏။

သူတို့က ရက်ပေါင်းများစွာ မတွေ့ခဲ့ရပါပေ။

ယခုတွင်တော့ သူတို့က ထပ်မံ တွေ့ဆုံကြလေပြီ။

တစ်ဦးက မော်တယ်လူသားဖြစ်လာပြီး တခြားတစ်ဦးက ဆံပင်နက်များအားလုံး အဖြူသို့ပြောင်းသွားခဲ့၏။

-------------

All Chapters