← Chapters

ဗားရှင်း ၁.၀ အပ်ဒိတ် (၁)

Vol. 30 Ch. 439

ဗားရှင်း ၁.၀ အပ်ဒိတ် (၁)

Vol. 30 Ch. 439

သင်၏ စုစုပေါင်းအဆင့်သည် ၁၀၀ သို့ ရောက်ရှိသွားပြီဖြစ်သည်။ ဆက်လက် အဆင့်တက်ရန် အဆင့်တက်ခြင်း မစ်ရှင်ကို ပြီးမြောက်အောင်လုပ်ပါ။

[အင်အားကြီးသူ၏ စမ်းသပ်မှု] - သင့်ထက် အဆင့်အတန်း တစ်ဆင့်မြင့်သော ရန်သူကို သတ်ပါ။

မှတ်ချက် - ဤမစ်ရှင်ကို အဖွဲ့ဖြင့် ပြီးမြောက်နိုင်သော်လည်း အဖွဲ့ဝင်များသည် သင့်ထက် အဆင့်အတန်း ပိုမိုမြင့်မား၍ မရပါ။

တိုးတက်မှု: ၀/၁

သေစမ်းပါကွာ... ဟန်ရှောင်း သွားများကို တင်းတင်းကျိတ်လိုက်သည်။ ဤ အဆင့်တက်ခြင်း မစ်ရှင်သည် အခက်ခဲဆုံး မဟုတ်သော်လည်း သူ၏ အဆင့်ကြောင့် အခက်အခဲမှာ အဆပေါင်းများစွာ တိုးလာ၏။

သူသည် အဆင့် ၄၀ တွင် ရှိစဉ်က ဆင်တူသည့် အဆင့်တက်ခြင်း မစ်ရှင်နှင့် ကြုံတွေ့ခဲ့ဖူးသည်။ ၎င်း၏ လိုအပ်ချက်မှာ သူ့ထက် အဆင့် ၅ဆင့် မြင့်သော ပစ်မှတ် သုံးခုကို သတ်ရန် ဖြစ်သည်။ တစ်ဆင့်လုံးနှင့် နှိုင်းယှဉ်ပါက အဆင့် ၅ဆင့်သည် ဘာမှ မဟုတ်ပေ။

ငါ အခု အဆင့် ဘီ (Grade B) မှာ ရှိနေတယ်။ ဆိုလိုတာက ငါ အဆင့် အေ (Grade A) ရန်သူကို သတ်ရမယ် မဟုတ်လား။

TL Note: ဟန်ရှောင်း အဆင့် ၄၀ (Level ၄၀) မှာ ရခဲ့တဲ့မစ်ရှင်က အဆင့် ၄၅ (Level 45) ၃ယောက်ကို သတ်ရမှာ၊ အခုလုပ်ရမယ့် မစ်ရှင်က အဆင့် B (Grade B) မှာ ရှိနေလို့ သူ့ထက် တစ်ဆင့်မြင့်တဲ့ အဆင့် A (Grade A) တစ်ယောက်ကို သတ်ရမှာ။

ဟန်ရှောင်း၏ ပါးစပ် တုန်ရီသွားသည်။ ဤ မစ်ရှင်သည် အဆင့်နိမ့်တွင် ပေါ်လာခဲ့ပါက အနည်းငယ် စိန်ခေါ်မှုသာ ရှိမည်ဖြစ်သော်လည်း အဆင့်များ မြင့်တက်လာသည်နှင့်အမျှ ၎င်း၏ အခက်အခဲမှာ အဆပေါင်းများစွာ တိုးလာသည်။

[အင်အားကြီးသူ၏ စမ်းသပ်မှု] သည် အဆင့် ဘီ မှ အဆင့် အီး (Grade E) အဆင့်တက်ခြင်း မစ်ရှင်များတွင်သာ ပေါ်လာသည်။ အဆင့် အေ တွင် ဤ မစ်ရှင်သည် ဆက်လက် ပေါ်လာတော့မည် မဟုတ်ပေ။ သူသည် အဆင့် ဘီ-ပလပ်စ် (Grade B+) ဖြစ်ပါက ခွန်အား ကွာခြားချက်မှာ ထိုမျှ ကြီးမားမည် မဟုတ်သော်လည်း သူသည် အဆင့် ၁၀၀ သာ ရှိသေးသည်။ အဆင့် ၁၀၀ သည် အများအားဖြင့် အဆင့် ဘီ အနိမ့်ဆုံးမှ အလယ်အလတ် ခွန်အားရှိသည်ဟု ဆိုလိုသည်။ သို့သော် ဤ လိုအပ်ချက်သည် သူ ဤအဆင့်တွင် ရှိနေချိန်၌ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ကံကြမ္မာ နတ်သမီးက သူ့မျက်နှာကို ကန်ကျောက်လိုက်သလို ခံစားရသည်။

အဆင့် အေ (Grade A) သည် ဘာကို ကိုယ်စားပြုတာလဲ။ ၎င်းသည် ထိုသူသည် ဂြိုဟ်တစ်ခုလုံး၏ မျက်နှာပြင်တွင် ဖျက်ဆီးသော ဘေးအန္တရာယ်ကို ဖြစ်စေနိုင်သည်၊ အဆင့် အက်စ် (Grade S) ၏ အောက်လေးတွင်သာရှိသော အင်အားဖြစ်သည်၊ တစ်နေရာကို အုပ်ချုပ်ရန် တစ်ဦးတည်းဖြင့် လုံလောက်သည်ဟု ဆိုလိုသည်။ အဆင့် ဘီ (Grade B) သည် နဂါးငွေ့တန်းရှိ ကျောရိုး အဆင့် စွမ်းအား ဖြစ်ပြီး၊ အဆင့် အေ (Grade A) မှာ အမြင့်ဆုံး စွမ်းအား ဖြစ်သည်။ နဂါးငွေ့တန်းရှိ အဆင့် ဘီ အရေအတွက်သည် အဆင့် အေ ထက် သောင်းပေါင်းများစွာ ပိုများသည်။

ခွန်အား ကွာခြားချက်မှာ အလွန် ကြီးမားလွန်းသည်။

ဟန်ရှောင်း သက်ပြင်းချလိုက်သည်။ မစ်ရှင်ကို ဆုံးဖြတ်ပြီးပြီ ဖြစ်၍ စိတ်တိုနေလည်း အသုံးမဝင်ပေ။ သူသည် ဘယ်နည်းနဲ့မဆို ရာထူးတက်ရမည်ဖြစ်၍ လိုအပ်ချက်ကို ပြည့်မီစေရန် နည်းလမ်းကို စဉ်းစားရမည်သာ ဖြစ်သည်။

အဆင့် အေ စူပါတွေကြားမှာ ခွန်အား ကွာခြားချက်တွေ ကြီးမားတယ်။ ငါ မစ်ရှင်ကို ပြီးမြောက်ချင်ရင် အားနည်းတဲ့သူတွေကို ရွေးချယ်ရမယ်... ဒါပေမဲ့ ဘယ်လောက်အားနည်းအားနည်း အဆင့် အေ သည် ငါ့ထက် အများကြီး ပိုသန်မာနေသေးတယ်။ ငါ မျက်နှာချင်းဆိုင် တိုက်ခိုက်ပါက သေချာပေါက် ရှုံးမှာ၊ အဲတော့ ကြံစည်ရမယ်။ ကံကောင်းတာက တစ်ယောက်ချင်း တိုက်ဖို့မလိုဘဲ မစ်ရှင်ကို ဘယ်လိုပြီးအောင်လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိတာပဲ။

ဟန်ရှောင်း စဉ်းစားနေသည်။

ပထမဆုံး ပစ်မှတ်ကို ရွေးချယ်ပြီး ငါ မှတ်မိတဲ့အထဲက အခွင့်အရေးတွေ ရှာရမယ်။ ပြီးရင် တိုက်ပွဲမတိုင်ခင် ရန်သူကို တတ်နိုင်သမျှ အားနည်းအောင်လို့ အစီအစဉ်တစ်ခု ဆွဲရမယ်၊ မဟုတ်ဘူးဆိုရင် အဆင့် အေ တစ်ယောက်ကို သူတို့ရဲ့ အမြင့်ဆုံး အခြေအနေမှာ သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

သတ်ဖြတ်ရမည့် နည်းလမ်းကို ကန့်သတ်မထားသောကြောင့် သူသည် ပစ်မှတ်ကို သတ်သူ ဖြစ်ရုံသာ လိုသည်။ အကောင်းဆုံး နည်းလမ်းမှာ ခုခံနိုင်စွမ်းမရှိသော အကျဉ်းသားတစ်ဦးကို သတ်ခြင်း ဖြစ်သည်။ ၎င်းသည် အဆင့်နိမ့်တွင် အလုပ်ဖြစ်နိုင်သော်လည်း သူ၏ အဆင့်တွင် မဖြစ်နိုင်ပေ။ အချို့သော အဖွဲ့အစည်းများက အဆင့် အေ အကျဉ်းသားများကို ထောင်ချထားနိုင်သော်လည်း သူတို့သည် ရုတ်တရက် သတ်မည်မဟုတ်သလို အခြားသူကိုလည်း သတ်ခွင့်ပေးမည် မဟုတ်ပေ။ ထို့ကြောင့် မစ်ရှင်ကို ပြီးမြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ တိုက်ပွဲမှတစ်ဆင့်သာ ဖြစ်သည်။

၎င်းသည် အမဲလိုက်ခြင်းနှင့် ဆင်တူသည်။ မုဆိုးသည် အားကြီးသော သားကောင်ကို မျက်စိကျနေသောကြောင့် သူသည် အမှောင်ထဲတွင် ပုန်းနေပြီး သားကောင် ထောင်ချောက်ထဲသို့ ကျလာရန် စောင့်နေသည်။ ၎င်းသည် အလွန် ကြီးမားသော စိတ်ရှည်မှု လိုအပ်သည်။

အဆင့်တက်ခြင်း မစ်ရှင်ကို မကြာမီ ပြီးမြောက်ရန် မဖြစ်နိုင်ပေ။ ဟန်ရှောင်းက သူ အတန်းအစား တိုးမြှင့်ခြင်း မလုပ်ခဲ့သည့်အတွက် ဝမ်းသာမိသည်။ မဟုတ်ပါက သူသည် ပို၍ စိတ်ပျက်နေပေလိမ့်မည်။

ပစ်မှတ်တွေအများကြီးရှိပေမယ့် ဘယ်သူ့ကိုမှ အလွယ်တကူ သွားရှုပ်လို့ မရဘူး။ ဒါက ရေရှည် စီမံကိန်း လိုတယ်...

...

သူ အခြေစိုက်စခန်းသို့ ပြန်လာသောအခါ ကစားသမား အများစု မရှိကြပေ။ ပထမ ပြိုင်ဆိုင်မှု ရာသီ ပြီးဆုံးသွားပြီဖြစ်၍ နောက်ဆက်တွဲ လှုပ်ရှားမှုများစွာ ရှိသည်။ ထို ပရိုကစားသမားများ အွန်လိုင်းတွင် သုံးသည့် အချိန်မှာ သိသာစွာ လျော့ကျသွားသည်။ ဘန်ဟစ်ဒေါ့၊ မေပယ်လ်မွန်းနှင့် အခြား ကစားသမား အနည်းငယ်သာ ကစားချိန်ကို ထိန်းသိမ်းထားကြသည်။ သို့သော် သူတို့သည် စခန်းတွင် မရှိဘဲ အပြင်၌ နေ့စဉ်မစ်ရှင်များ လုပ်ဆောင်နေကြသည်။

ဟန်ရှောင်းသည် ဟားလပ်စ်၊ အာရိုရှီးယားနှင့် အခြားသူများ၏ တံခါးများကို ခေါက်ကြည့်သည်။ သူတို့ အားလုံး အပြင်ထွက်သွားကြပြီး သူတစ်ဦးတည်းသာ အိမ်၌ ရှိနေသည်။

ဧရာမ အခြေစိုက်စခန်းသည် စွန့်ပစ်ထားသလို ခံစားရသည်။

ဟန်ရှောင်း အချိန်ကို ကြည့်လိုက်သည် - ညစာ စားချိန်ဖြစ်သည်။ သူသည် မီးဖိုချောင်မှ တောက်ပသော ငွေရောင် အရက်ကို ထုတ်ယူပြီး သယ်ဆောင်ရလွယ်သော အစားအစာ ဘူးကို အသက်သွင်းလိုက်သည်။ တစ်မိနစ်ကြာပြီးနောက် သံပြားဖြင့် ဖုံးအုပ်ထားသော အစားအစာ ဘူးကို ပြုလုပ်ပြီး ၎င်း၏ အတွင်းတွင် အသားအချို့နှင့် ပဲများကို အနက်ရောင် ဆော့စ်ဖြင့် ထည့်ထားသည်။

ဟန်ရှောင်း အစားအစာနှင့် အရက်ကို ခန်းမ၏ အလယ်ရှိ စားပွဲပေါ် တင်လိုက်ပြီး ဆိုဖာပေါ် ထိုင်ကာ ဖြည်းဖြည်းချင်း စားလိုက်သည်။ ထိုသို့သော ရိုးရှင်းသော အစားအစာသည် သူ၏ ညစာ ဖြစ်သည်။

ခဏကြာ စားပြီးနောက် တံခါး ပွင့်လာပြီး အရာရှိများ အတူတကွ ပြန်ရောက်လာသည်။ ဟားလပ်စ်သည် သူ့သွားများကြားတွင် သွားကြားထိုးတံဖြင့် ရှေ့မှ လျှောက်လာပြီး ဗော်လ်ဂါ ညီအစ်ကို သုံးဦးနှင့် စကားပြောနေသည်။ ဆီလ်ဗီးယားသည် အိတ်များစွာကို သယ်ဆောင်လာပြီး မျက်နှာထား အပြောင်းအလဲမရှိသော အေရိုရှီးယားကို တွယ်ကပ်ကာ စကားကို မရပ်မနား ပြောဆိုနေသည်။ အေရိုရှီးယား၏ ပြန်ဖြေမှုများသည် ငါးလုံးထက် ပိုမနေခဲ့သော်လည်း ဆီလ်ဗီးယားက စိတ်အနှောင့်အယှက် ဖြစ်မနေပေ။ သူမသည် ဟန်ရှောင်း မျှော်လင့်ထားသည်ထက် ပိုမြန်စွာ သူမ၏ အဆိုးမြင်စိတ်မှ ရုန်းထွက်လာခဲ့သည်။ အမှန်ဆိုရသော် သူမ၏ ဖခင်သည် အသက်ရှင်နေဆဲဖြစ်ပြီး၊ ပျောက်ဆုံးသွားမှသာ အရာများသည် တန်ဖိုးထားခံရပေမည်။ သူမသည် ဖခင်၏ ဘဝသစ် ရစေလိုသည့် ရည်ရွယ်ချက်ကို နားလည်ခဲ့သောကြောင့် ထိုသို့ အဆိုးမြင်နေခြင်းကို ဆက်ထိန်းမထားတော့ပေ။

အေရိုရှီးယားသည် ဝတ်စုံအသစ် ဝတ်ဆင်ထားပြီး ဟန်ရှောင်း သူမအကြောင်း သိရှိသလောက် ဆီလ်ဗီးယားက ရွေးချယ်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။ ဟန်ရှောင်း သူ၏ အလုပ်များ လုပ်နေစဉ်တွင် ဤအရာရှိများသည် စျေးဝယ်ထွက်ကြပြီး ညစာကို အတူတကွ စားခဲ့ကြသည်။ မဟုတ်ပါက အေရိုရှီးယားသည် အိမ်၌သာ နေလိုပေလိမ့်မည်။

သူတို့ ဝင်လာသည်နှင့် ဆိုဖာပေါ်တွင် အမြန်စား အစားအစာဘူးကို စားနေသော ဟန်ရှောင်းကို မြင်လိုက်ရသည်။

ဟန်ရှောင်း မော့ကြည့်ပြီး သူတို့ကို တစ်ချက် ကြည့်လိုက်သည်။ “ပြန်ရောက်လာကြပြီလား။”

သူတို့သည် သူတို့၏ အပြုံးများကို အလျင်အမြန် ဖျောက်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ဟားလပ်စ်၊ ဆူနီ ဌာနခွဲရဲ့ မစ်ရှင် အစီရင်ခံစာကို စစ်လိုက်ပါ။ ဗော်လ်ဂါ ညီအစ်ကိုတို့၊ ငါမင်းတို့ကို ပေးထားတဲ့ စက်ယန္တရား အသုတ်ကို မှော်ပညာ ထည့်သွင်းဖို့ သတိရပါ။ အေရိုရှီးယား၊ နောက်နှစ်ရက်အတွင်း ခံတပ်ထဲမှာ အသွင်မပြောင်းပါနဲ့၊ မဟုတ်ရင် သန့်ရှင်းဖို့ အရမ်း ခက်လိမ့်မယ်။” ဟန်ရှောင်း ဇွန်းကိုချလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ စက်ယန္တရား ပြုပြင်မွမ်းမံရေး အခန်းဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။ “ဆီလ်ဗီးယား၊ ငါ့နောက် လိုက်ခဲ့”

ဆီလ်ဗီးယား၏ မျက်နှာတည်သွားပြီး သူမသည် ဟန်ရှောင်း၏ နောက်သို့ အလျင်အမြန် လိုက်ကာ စက်ယန္တရား ပြုပြင်မွမ်းမံရေး အခန်းထဲသို့ ဝင်သွားသည်။ တံခါး ပိတ်သွားသည်။

ဟန်ရှောင်း ကြမ်းပြင်ပေါ်ရှိ အမှိုက် ပစ္စည်းအပိုင်းအစများကို ကန်ထုတ်လိုက်ပြီး သေတ္တာတစ်လုံးကို ရှာကာ ထိုင်လိုက်သည်။ သူသည် ဆီလ်ဗီးယားကို အကဲခတ်လိုက်ပြီး စကားမပြောပေ။

ဆီလ်ဗီးယားသည် သူ့ကို ကြည့်နေခြင်းကြောင့် အလွန် စိတ်မသက်မသာ ဖြစ်နေသည်။ “ကျွန်မကို ဘာကြောင့် ခေါ်တာလဲ သိပါရစေ”

ဟန်ရှောင်း စားပွဲကို ခေါက်လိုက်ပြီး လေးနက်စွာ ပြောသည်။ “ငါ မင်းဆီက ၁၀နှစ် လိုချင်ခဲ့တာ။ မင်းဟာ အခု ငါ့ရဲ့ လက်အောက်ခံ ဖြစ်နေပြီ၊ အားလပ်ရက် ယူနေတာ မဟုတ်ဘူး။ မင်းငါ့ကို ဘယ်လို အသုံးဝင်စေနိုင်မယ်လို့ ထင်သလဲ။”

“ကျွန်မ မသိပါဘူး...” ဆီလ်ဗီးယား ခေါင်းငုံ့လိုက်သည်။ သူမကို ဆယ်နှစ်ကြာ သူ့အတွက် အလုပ်လုပ်စေချင်သည်ကို ဟန်ရှောင်းက ဘာကြောင့်လဲဆိုသည်ကို သူမ နားမလည်ပေ။ ရှင်းနေသည်မှာ သူမသည် ကလေးတစ်ဦးသာ ဖြစ်ပြီး မည်သည့် နည်းဖြင့်မျှ ကူညီနိုင်မည် မဟုတ်ပေ။

“မင်း အခု ဘာမှ အသုံးမဝင်သေးဘူး။ ဒါကြောင့် နောက်လာမယ့် ရက်တွေမှာ ငါမင်းကို ယန္တရားပညာရဲ့ အသိပညာကို သင်ပေးမယ်။ မင်း ပိုသန်မာလာမှပဲ ငါ့အတွက် အသုံးဝင်လိမ့်မယ်။ မင်း သင်ယူဖို့ ငြင်းဆန်ပြီး ငါ့အတွက် အလုပ်မလုပ်ချင်ဘူးဆိုရင် ငါ့ရဲ့ ကြေးစားစစ်သားအဖွဲ့မှာ ပျင်းပျင်းရိရိနေဖို့ ငါခွင့်ပြုမယ်လို့ မထင်နဲ့။ ငါ အလဟသသမားတွေကို မလိုဘူး။” ဟန်ရှောင်းက အလွန် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ခင်... ခင်ဗျားက ကျွန်မကို စူပါ အသိပညာတွေ သင်ပေးချင်တာလား။” ဆီလ်ဗီးယား တောင့်တင်းသွားပြီး စကားကို သေသေချာချာ ပြောနိုင်အောင် ရုန်းကန်လိုက်ရသည်။ “ကျွန်မက ခင်ဗျားက အိမ်ဖော်လိုချင်တယ်လို့ ထင်ခဲ့တာ။”

ဟန်ရှောင်း မျက်မှောင်ကြုတ်ပြီး “ငါက အိမ်ဖော်ကို ဘာလုပ်ဖို့ လိုရမှာလဲ။ မင်းက သန့်ရှင်းရေး စက်ရုပ်တွေထက် ပိုကောင်းအောင် လုပ်နိုင်လို့လား။”

ဆီလ်ဗီးယား၏ မျက်လုံးများ ယိမ်းယိုင်သွားပြီး မရေမရာ ပြောသည်။ “ကျွန်... ကျွန်မ တစ်ခါမှ မစဉ်းစားဖူးဘူး။ စူပါ... ကျွန်မ တကယ် ဖြစ်နိုင်မလား။ ဆိုလိုတာက... ကျွန်မမှာ အရည်အချင်း ရှိရဲ့လား။”

“ငါ့မျက်လုံးတွေက အနာဂတ်ရဲ့ ပုံရိပ်ကို အကြမ်းဖျင်း မြင်နိုင်တယ်၊ ငါမင်းဆီမှာ အလားအလာရှိတာကို မြင်ခဲ့ရတယ်” ဟန်ရှောင်းက တည်ငြိမ်စွာ ပြောခဲ့သည်။ “လန်လေက မင်းကို စူပါနယ်ပယ်ထဲကို ခြေချခွင့် ဘယ်တော့မှ မပေးခဲ့ဘူး၊ ဘယ်လောက် မိုက်မဲလိုက်လဲ။ မင်း မွေးဖွားလာတဲ့အချိန်ကတည်းက စူပါဗီဇက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေပြီး နိုးထဖို့ စောင့်နေခဲ့တာ။ မင်းရဲ့အဖေ လူမိုက်က နှစ်ပေါင်းများစွာ ဖြုန်းတီးခဲ့တာပဲ။”

“ခင်ဗျား သူ့ကို လူမိုက်လို့ မခေါ်ရဘူး” ဆီလ်ဗီးယား မပျော်မရွှင် ပြောသည်။ “သူက ကျွန်မရဲ့ ဖခင်ပဲ။”

“ငါ မှတ်ဉာဏ် မပျောက်သေးဘူး။” ဟန်ရှောင်း မျက်ခုံးပင့်လိုက်သည်။ “သူက သစ္စာဖောက်မှု အပါအဝင် ပြစ်မှုကြီး ၁၇ခုနဲ့ စွပ်စွဲခံထားရတယ်...”

“ကောင်းပြီ၊ သူက လူမိုက်ပဲ။” ဆီလ်ဗီးယား သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။ “ဒါပေမဲ့ ခင်ဗျား သူ့ကို အဲဒီလို မခေါ်နိုင်ဘူး၊ ကျွန်မပဲ ခေါ်နိုင်တယ်။”

“အဓိပ္ပာယ်မရှိတာတွေ ရပ်ပြီး အလုပ်ကို ပြန်သွား။ ငါ မင်းကို သံလိုက်စွမ်းအင် နိုးထအောင် လုပ်ပေးပြီး ယန္တရားပညာရှင် အသိပညာ သင်ပေးမယ်။”

ဆီလ်ဗီးယား မထိန်းချုပ်နိုင်ဘဲ သူမ၏ ကျောကို မတ်မတ်ထားလိုက်သည်။ သူမသည် ကမ္ဘာသစ်ထဲသို့ ဝင်ရောက်တော့မည်ဟု ခံစားရသည်။ သူမသည် မျှော်လင့်နေသော်လည်း စိတ်လှုပ်ရှားနေသည်မှာ သေချာသည်။

“ဒါဆို... ကျွန်မ ဘာလုပ်ရမလဲ။”

ဟန်ရှောင်း ထူထဲပြီး လေးလံသော စာအုပ် လေးအုပ်ကို ထုတ်ယူကာ ပုံလိုက်သည်။ စာအုပ် လေးအုပ် ပေါင်းလိုက်သည်နှင့် အထူ စင်တီမီတာ လေးဆယ်ခန့် ရှိသည်။ ထိုစာအုပ် လေးအုပ်စလုံးသည် ရေးသားသူများ မတူသည့် အခြေခံ စက်ယန္တရား သီအိုရီများ ဖြစ်ကြသည်။ ဂိမ်းမျက်နှာပြင်က သူ့ကို ၎င်းတို့အား ဖတ်ရန်နှင့် လေ့လာရန် မလိုအပ်စေသော်လည်း အခြားသူများအတွက် ထိုမျှအဆင်မပြေပေ။ ယန္တရားပညာရှင် ဖြစ်လာရန် လပေါင်းများစွာနှင့် နှစ်ပေါင်းများစွာ သင်ယူရန် လိုအပ်သည်။ ဆီလ်ဗီးယား အရည်အချင်းရှိသော်လည်း ဤအဆင့်ကို ကျော်၍ မရနိုင်ပေ။

“ပထမဦးဆုံး၊ ဒီစာအုပ် ၄အုပ်ကို အလွတ်ကျက်ပါ။”

ဆီလ်ဗီးယား ပါးစပ်အဟောင်းသားဖြစ်သွားပြီး ထူထဲသော စာအုပ်များကို ကြည့်လိုက်သည်။ ၎င်းသည် သူမ ထင်ထားသည့် ပုံစံနှင့် အလွန် ကွာခြားသည်။ “ဒါက အရမ်းများတယ်...”

သူမ၏ အကြံပြုချက်ကို လျစ်လျူရှုပြီး ဟန်ရှောင်း ဆက်ပြောသည်။ “ငါ မင်းကို ဆယ်ရက် ပေးမယ်။ ဆယ်ရက်ကြာပြီးနောက် စာမေးပွဲ ရှိမယ်။ ကျရင် စာအုပ်တစ်အုပ် ပိုပြီးအလွတ်ကျက်ရမယ်။ အောင်တဲ့အထိ ဒါက ထပ်ခါထပ်ခါ လုပ်ရမယ်။”

ဆီလ်ဗီးယား၏ မျက်နှာ ချက်ချင်းပျက်သွားသည်။ သူမ ပင်ပန်းသည်အထိ ကြိုးစားလျှင်တောင် ဆယ်ရက်အတွင်း ဤမျှလောက် များပြားသည်ကို အလွတ်ကျက်နိုင်မည် မဟုတ်ဟု ခံစားရသည်။ ထို့အပြင် သူမသည် ၎င်းနှင့် ပတ်သက်သော မည်သည့်အရာနှင့်မျှ ထိတွေ့ခဲ့ဖူးခြင်း မရှိပေ။ ထိုစာအုပ်များ၏ အကြောင်းအရာကို သူမ မည်သို့ပင် နားလည်တော့မည်နည်း။

“နားမလည်တာရှိရင် ငါ့ကိုမေးပါ။ မင်း စာမေးပွဲ အောင်တဲ့အခါ ယန္တရားစွမ်းအား နိုးထစေမယ့် နည်းလမ်းကို ငါ သင်ပေးမယ်။”

ဟန်ရှောင်း သူ၏ လက်များကို ဝှေ့ယမ်းလိုက်သည်။ ဆီလ်ဗီးယားသည် စာအုပ်များကို ကိုင်ကာ မျက်နှာငယ်ဖြင့် ထွက်သွားပြီး ဤ စာအုပ်များကို အလွတ်ကျက်ရန် အလျင်အမြန် ထွက်ခွာသွားရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။

ဟန်ရှောင်းသည် ဤသို့ သင်ယူရန် မလိုသော်လည်း အသိပညာသည် သူ၏ ဦးနှောက်ထဲတွင် ရှိနေပြီး သူသည် ၎င်းကို ဖြတ်သန်းခဲ့ဖူးသည်။ အခြားသူတစ်ဦးကို ယန္တရားပညာရှင် အတန်းအစား အသိပညာ သင်ပေးခြင်းမှာ ပြဿနာမရှိသည်မှာ သေချာသည်။

သူမ အသုံးဝင်မည့် အဆင့်အထိ ကြီးထွားဖို့ ဘယ်လောက်ကြာမလဲ မသိဘူး။

ဟန်ရှောင်း ခေါင်းခါလိုက်သည်။

ဤသည်မှာ ရေရှည် ရင်းနှီးမြှုပ်နှံမှုများ၏ သဘောသဘာဝ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရရှိရန် ထိုမျှ လျင်မြန်ခြင်း မရှိပေ။ ကံကောင်းသည်မှာ စိတ်ရှည်မှုသည် သူ လုံးဝ မရှားပါးသောအရာ ဖြစ်သည်။

...

လိဂ်ပွဲ၏ အရသာက ဆက်လက်ကျန်ရှိနေပြီး ကစားသမားများ ပျော်ရွှင်နေကြသည်။ ရက်အနည်းငယ်ကြာပြီးနောက် ဖိုရမ်များတွင် တရားဝင် အပ်ဒိတ် ကြေညာချက်တစ်ခု ရုတ်တရက် ပေါ်လာပြီး ချက်ချင်းပင် ထိပ်တန်းပို့စ် ဖြစ်လာသည်။ ကစားသမားများ တစ်ဖန် အံ့အားသင့်သွားကြသည်။ ၎င်းကို ဘာသာစကားများစွာသို့ ဘာသာပြန်ထားပြီး ဧရိယာ အားလုံးမှ ကစားသမားများ နားလည်နိုင်ခဲ့သည်။ တစ်မိနစ်အတွင်း ပြန်ကြားချက် အရေအတွက်သည် တစ်သောင်းကျော်လွန်သွားပြီး လျင်မြန်စွာ တိုးတက်နေသည်။

အချုပ်ဆိုရသော် ကြေညာချက်၏ အကြောင်းအရာမှာ ဆယ့်နှစ်ရက်ကြာပြီးနောက် ညသန်းခေါင်၌ ဂိမ်းအချိန်တွင် ဗားရှင်း ၁.၀ အပ်ဒိတ်သည် တရားဝင် ပြီးဆုံးမည် ဖြစ်သည်။ ထို အချိန်တွင် အကောင့်များအားလုံး ဝင်ရောက်နိုင်မည် မဟုတ်သောကြောင့် မလိုအပ်သော ထိခိုက်မှုများကို ရှောင်ရှားရန် ကစားသမားများ ကြိုတင် ထွက်ထားရန် အကြံပြုထားသည်။

အပ်ဒိတ်တွင် ဘာအသစ်များ ပါဝင်သည်ကို လုံးဝ ဖော်ပြထားခြင်း မရှိပေ။ ကစားသမားများက ၎င်းသည် အလွန် လျှို့ဝှက်သည်ဟု ထင်ခဲ့ကြသည် - မသိသော ဗားရှင်းအသစ်က ကစားသမားများအား ၎င်းကို ပိုမို မျှော်လင့်စေခဲ့သည်။

အစပျိုးဂြိုဟ်အသီးသီးရှိ ပင်မဇာတ်ကြောင်းများ အားလုံး ပြီးဆုံးခဲ့ပြီဖြစ်သည်၊ ထိုဂြိုဟ်များရှိ ရေပန်းစားသော ဇာတ်ကောင်များသည် သူတို့၏ ဆွဲဆောင်မှုကို ပြသခဲ့ပြီး ပရိသတ်အချို့ ရှိနေသည်။ ပင်မဇာတ်ကြောင်း ပြီးဆုံးပြီးနောက် ကစားသမားများသည် လွတ်လပ်စွာ စူးစမ်းရှာဖွေနေသည့် အဆင့်တွင် ရှိနေကြပြီး စိတ်လှုပ်ရှားနေဆဲပင်။ ဘေးထွက် မစ်ရှင်များပင်လျှင် ဆက်စပ် ဇာတ်လမ်းများစွာ ရှိပြီး အလွန် လက်တွေ့ကျသည်ဟု ခံစားရသည်။ မွန်းစတားများကို တိုက်ခိုက်ခြင်းနှင့် အဆင့်များ ကျော်ဖြတ်ခြင်းနှင့် နှိုင်းယှဉ်ပါက ၎င်းသည် အတွေ့အကြုံများဖြင့် ပြည့်နှက်နေသော ခရီးတစ်ခုနှင့် ပိုတူသည်။ ထို့ကြောင့် ကစားသမားများစွာသည် သူတို့၏ ဂြိုဟ်ပေါ်တွင် မည်သည့် ဇာတ်လမ်းအသစ် ပေါ်ပေါက်လာမည်ကို သိရှိရန် မစောင့်နိုင်ဖြစ်နေကြသည်။ သူတို့သည် ဂြိုဟ်နှင့် ၎င်းရှိ လူများ၏ ကံကြမ္မာအပြင် စကြဝဠာတစ်ခုလုံး၏ ပုံပန်းသဏ္ဌာန်ကိုလည်း စိတ်ဝင်စားနေကြသည်။

နောက်ဗားရှင်း၏ မသိသော အကြောင်းအရာသည် ဂြိုဟ်အားလုံးမှ ကစားသမားများထံမှ ဆွေးနွေးမှုများ၊ မှန်းဆမှုများကို ဖြစ်ပေါ်စေခဲ့သည်။ လူအများအပြားသည် ဗားရှင်း ၁.၀ တွင် ဖြစ်ပျက်ခဲ့သည်များကို ကိုးကား၍ ဘာဆက်ဖြစ်လာမည်ကို ခန့်မှန်းခဲ့ကြပြီး ၎င်းသည် သမိုင်းကို မှတ်တမ်းတင်ထားသည့် ဂြိုဟ်အသီးသီး၏ မှတ်တမ်း ပို့စ်များတွင် အားလုံး မှတ်တမ်းတင်ထားသည်။

ဗားရှင်း ၁.၀ တွင် ပင်မဇာတ်ကြောင်း ဧရိယာ အနှံ့ ပြီးဆုံးသောအခါ ကစားသမားအချို့သည် နောက်ဆုံးတွင် ထိုသို့သော ပို့စ်ကို တင်ရန် အကြံရရှိခဲ့သည်။ ဤသည်မှာ ရေတွက်မရသော ကစားသမားများထံမှ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့ပြီး ထို "ဂြိုဟ်များ၏ မှတ်တမ်း" များ ပေါ်ပေါက်လာခဲ့သည်။

ကစားသမားများ အားလုံး အတူတကွ ပူးပေါင်းပါဝင်ခဲ့ကြပြီး သူတို့ တွေ့ဆုံခဲ့သော မစ်ရှင်များ၊ ဖြစ်ရပ်များ၊ ဇာတ်ကောင်များကို ပို့စ်တင်ကာ ပင်မဇာတ်ကြောင်း သို့မဟုတ် ဘေးထွက် မစ်ရှင်များ ဖြစ်ပါစေ ဂြိုဟ်ပေါ်တွင် ဖြစ်ပျက်ခဲ့သည်များ အားလုံးကို မှတ်တမ်းတင်ရန် ကြိုးစားခဲ့ကြသည်။ သာမန်အကျဆုံးသော ကွန်ပျူတာဇာတ်ကောင်များကိုပင် ကစားသမားအချို့က မှတ်တမ်းတင်ခဲ့သည်။

လူတိုင်း အရာတစ်ခုတည်းကို ပံ့ပိုးပေးခြင်းက ကစားသမားများအား ပျော်ရွှင်မှုများစွာ ရရှိစေခဲ့ပြီး အဖွဲ့နှင့် သက်ဆိုင်သည့် ခံစားချက်မှာ အလွန် ခိုင်မာလာသည်။

ဤသည်မှာ ဂလက်ဆီရှိ ပထမဆုံးသော ဝါရင့် ကစားသမားများ၊ သစ္စာရှိ ကစားသမားများ ဖြစ်ကြသည်။ ဟန်ရှောင်း၏ ယခင်ဘဝတွင် ကစားသမားအချို့သည် အလုပ်များခြင်း သို့မဟုတ် အခြား အကြောင်းပြချက်များကြောင့် ဂလက်ဆီကို ဆက်လက် ကစားနိုင်ခြင်း မရှိသည့်တိုင် ဇာတ်လမ်း မည်သို့ တိုးတက်လာသည်ကို ကြည့်ရှုရန် တစ်ခါတစ်ရံ ဝင်ရောက်နေဆဲပင်။ အကြောင်းအရာများမှာ အလွန်များပြားလွန်း၍ ၎င်းသည် နှိုင်းယှဉ်မရအောင် နစ်မြုပ်စေပြီး လက်တွေ့ကျသည်။ ၎င်းသည် ဂိမ်းနှင့် ဒရာမာ စီးရီး နှစ်မျိုးလုံးနှင့်တူသည်ဟု ခံစားရသည်။

မကြာမီတွင် ဂလက်ဆီတိုင်းမ်သည် မသိသောဗားရှင်းအသစ်အတွက် အပိုင်းတစ်ခုကို ပြုလုပ်ခဲ့ပြီး မှန်းဆမှုများကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။

All Chapters