မင်းက ငါ့ရဲ့ ထာဝရ တာအိုတွဲဖက်ပါ
Vol. 32 Ch. 449
စုရှ မြို့တော်...။
နေဝင်ချိန်၏ အရောင်အသွေးများက ပို၍ နက်မှောင်လာကာ တက်ကြွလာလေ၏။
နေဝင်ချိန် နေမင်းကြီး၏ ပျံ့ကျဲနေသော နေရောင်ခြည်များက ဖန်တီးနေသော အနီရောင်နှင့် ခရမ်းရောင်များက အစစ်အမှန်ဟု ထင်ရသော်လည်း စိတ်ကူးယဉ် ဆန်နေသေးပေ၏။
ထိုလှပသည့် အရောင်များက တဖြည်းဖြည်းနှင့် နေဝင်ချိန်၏ အဝါရောင် ဖျော့ဖျော့သို့ ပြောင်းလဲသွားလေ၏။ လမ်းမပေါ်မှ ပုံရိပ်လေးနှစ်ခုက ပျောက်ကွယ်လုဆဲဆဲ အဝါရောင်အလင်း၏ အောက်တွင် နစ်မြုပ်နေကြ၏။ ဤမြင်ကွင်းက ရှေးဟောင်း စိတ်လှုပ်ရှားဖွယ် ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာသော တစ်စုံတစ်ခု ကဲ့သို့ပင်။
အန်လင်းက သူ့ရှေ့မှ ကျောက်စိမ်းဝတ်စုံနှင့် အမျိုးသမီးကို ငေးကြည့်နေလိုက်၏။ သူမ၏ ပျော့ပျောင်းပြီး ကျက်သရေရှိလှသော ပုံရိပ်၊ သူမ၏ လှပ သန့်စင်သော အလှ၊ သူမ၏ တောက်ပ ကြည်လင်နေသော မျက်လုံးများ၊ သူမ၏ ညင်သာပြီး ပတ္တမြားရောင် နှုတ်ခမ်းများ... ထိုအရာများ အားလုံးက အလွန် ပြီးပြည့်စုံပြီး လှပနေလေ၏...။
သို့သော် တစ်ချိန်က သူမဆီမှ ဖြာထွက်နေတတ်သော မာနအရှိန်အဝါက ပျောက်ကွယ် သွားပြီ ဖြစ်လေသည်။ သူ့၏ အသက်ကို ကယ်တင်ရန်အတွက် သူ့ရှေ့မှ အမျိုးသမီးက မော်တယ်လူသားဖြစ်လာလေ၏။ သူမက ဘဝင်မြင့်ရန်အတွက် အခွင့်အရေး မရှိတော့ပါပေ။ သူမက... နောက်ထပ် မက်င့်ကြံနိုင်တော့သော မော်တယ် လူသားတစ်ဦးဖြစ်လာလေပြီ။
အန်လင်းက နောက်ကွယ်မှ အမှန်တရားများ အားလုံးကို သူ့၏ အံ့ဖွယ်အယောင်ဆောင် နည်းစနစ်ကို အသုံးပြုကာ ဆင်ခြင်ထားပြီး ဖြစ်သော်လည်း စုရှောင်လန်၏ အထီးကျန်နေသော ပုံရိပ်ကို မြင်သောအခါ သူ့စိတ်က ဗလာကျင်းနေဆဲ ဖြစ်လေ၏။ သူက သူ့နှလုံးသား တစ်စစီ ဆွဲဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
သူက စကားပြောရန် ကြိုးစားလိုက်သော်လည်း တစ်စုံတစ်ခုက သူ့လည်ချောင်းထဲတွင် တစ်ဆို့နေသည်ဟု ခံစားလိုက်ရ၏။
စုရှောင်လန်က သူမရှေ့မှ အမျိုးသားကို ငေးမောစွာ စိုက်ကြည့်နေလေ၏။ အမျိုးသား၏ ဆံပင်ဖြူများက သူမ၏ ကြည်လင်နေသော မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေလေ၏။ သူမက စွွမ်းအင်များကို ဆုံးရှုံးလိုက်ရသော်လည်း၊ သူမက မော်တယ် လူသားတစ်ဦးဖြစ်လာသော်လည်း မပြောင်းလဲသွားသော အရာတစ်ခုရှိနေသေး၏။ ထိုသည်က သူ့အပေါ် ခံစားချက်များပင်။
သူမက မမေးပဲ မနေနိုင်တော့ပါပေ။ "အန်လင်း၊ နင့်ရဲ့ ဆံပင်တွေက ဘာဖြစ်တာလဲ။ နင် အဆင်ပြေရဲ့လား။"
အန်လင်းက စုရှောင်လန်ကို တမ်းတမ်းတတကြည့်ကာ ခေါင်းခါပြလိုက်လေ၏။ "နင်က ငါ့ကိုထားခဲ့ပြီးနောက် ငါတော့ ဘာမှကို မတွေးနိုင်တော့ဘူး။" သူက အသံတုန်တုန်နှင့် ပြောလိုက်၏။ "ငါ့ရဲ့ တစ်ခုတည်းသော အတွေးက နင့်နောက်ကို လိုက်ပြီးတော့ ရှာဖို့ပဲ။ ဲ့အချိန်တုန်းက ငါအရမ်းကြောက်နေခဲ့တာ။ နင် ငါ့ရဲ့ ဘဝထဲက ဒီအတိုင်း ပျောက်ကွယ်သွားမှာကို အရမ်းကြောက်နေခဲ့တာ။ ငါက နင့်ကို ခြေရာခံဖို့ ငါ့ရဲ့ အံ့ဖွယ်အယောင်ဆောင် နည်းစနစ်ကို အသုံးပြုခဲ့တာ။ ဒါပေမဲ့ နင်က အရမ်းကို အပြေးမြန်တယ်။ ငါက အချိန်ကုန်သွားပြီးတော့ နင့်ကို မျက်ခြေပြတ်သွားမှာ အရမ်းစိုးရိမ်နေခဲ့တာ။ အဲဒါမို့ ငါက ငါ့ရဲ့ အံ့ဖွယ် အယောင်ဆောင်နည်းစနစ်ကို ခဏခဏ ပြန်ပြီး အသက်သွင်းဖို့ပဲ တတ်နိုင်တော့တယ်..."
"ငါက မရေမတွက်နိုင်တဲ့ တောင်တွေကို ဖြတ်လာခဲ့တာ။ ငါက မြင့်မြတ်ရေခဲကုန်းမြေတွေကနေ ကိုးပြည်ထောင်စု နိုင်ငံတော်အထိ နင့်နောက်ကို လိုက်လာခဲ့ရတာ။ ငါက စစ်မှန်နဂါး လျှပ်စီးရေအိုင်ကို ဖြတ်ပြီးတော့ အနန္တကြယ် ကောင်းကင်ဘုံရေကန်ကို ဖြစ်ခဲ့တာ။ ငါက နှစ်တစ်ထောင် ချောင်တောင်ကြီးကိုဖြတ်ပြီး နတ်ဆိုးပန်းခင်းကိုလဲ ဖြတ်လာခဲ့ရတာ...။ ငါက နင်ဖြတ်ခဲ့တဲ့ နေရာတိုင်းကို ဖြတ်လာခဲ့တာ။ ပြီးတော့ နင် ကြုံတွေခဲ့ရတဲ့ လှပလွန်းတဲ့ မြင်ကွင်းတွေ အားလုံးကို ကြုံတွေ့ခဲ့ရတာ။
"ဘာပဲဖြစ်ဖြစ် အဆုံးမှာတော့ အံ့ဖွယ်အယောင်ဆောင် နည်းစနစ်ကို ထပ်ပြီး မသုံးနိုင်တော့ဘူးဆိုတာကို ငါသိသွားတာ...။ ငါအဲဒါကို သုံးဖို့ ကြိုးစားလိုက်တိုင်း ငါ့နှလုံးသားက နာကျင်လာပြီးတော့ သွေးစိမ်းရှင်ရှင် ထွက်လာတော့တာပဲ။ ငါ မေ့လဲတော့မလိုဖြစ်သွားတဲ့ အချိန်တွေတောင် ရှိတယ်။ ငါက အဲ့အချိန်တုန်းက အရမ်း တုန်လှုပ်ပြီးတော့ ကြောက်နေခဲ့တာ။ ငါနင့်ရဲ့ သဲလွန်စတွေနောက်ကို တစ်စိုက်မတ်မတ်လိုက်ခဲ့တာ။ ငါသာ နင့်ကို ဆုံးရှုံးဘိုက်ရရင် ဘယ်လိုနေမလဲဆိုတာကို စိတ်ကူးကြည့်လို့တောင်မရဘူး။ ငါက အဲ့လို ဖြစ်ခွင့် ပြုမှာမဟုတ်ဘူး။"
"နင် ပြဿနာတွေနဲ့ကြုံရပြီးတော့ တစ်ယောက်မှ နင့်ကို မကူညီရင် ဘယ်လိုလုပ်မလဲ။ နင်က အထီးကျန်နေပြီး အဖော်ပြုပေးမဲ့လူ တစ်ယောက်မှ မရှိရင် ဘယ်လိုလုပ်မလဲ။ တစ်ချို့ အရူးတွေက နင့်ကို အမြတ်ထုတ်ဖို့ ကြိုးစားရင်ဘယ်လိုလုပ်မလဲ။ ငါက အမြန်ပဲ နင့်ဘေးကို ရောက်ချင်ခဲ့တာ။ ငါက နောက်ထပ် တစ်စက္ကန့်တောင် ထပ်မစောင့်နိုင်တော့ဘူး။"
"ကောင်းကင်ဘုံက ကြင်နာတတ်တာပဲ ကျေးဇူးအထူးတင်မိတယ်။ ငါတို့က အရမ်းကြီးမကြာခင်မှာပဲ ပြန်ဆုံရတယ်...။"
အန်လင်း၏ အဖြူရောင် ဆံပင်များက သူ့ကို နားလည်ရခက်သော ပုံစံဖြစ်စေသော်လည်း သူ့မျက်လုံးများမှာ နီရဲနေလေ၏။ သူက ခေါင်းမာသည့် ကလေးကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေလေ၏။
"စုရှောင်လန်၊ ငါ နင်မရှိပဲ မနေနိုင်တော့ဘူး။ ငါ့စိတ်ထဲမှာတော့ နင်က ငါ့ရဲ့ ထာဝရ တာအိုတွဲဖက်ပဲ။"
အရုဏ်ဦး အဝါရောင် ဖျော့ဖျော့ထွန်းလင်းနေသော လမ်းမပေါ်တွင် ရပ်နေကာ အားနည်းနေသော ကျောက်စိမ်းဝတ်ရုံနှင့် အမျိုးသမီးက မထိန်းချုပ်နိုင်အောင် ငိုကြွေးနေလေ၏။
လေပြည်လေးတစ်ခုက တိုက်ခတ်သွားလေ၏။
စုရှောင်လန်၏ နူးညံ့ပြီး သွယ်လျသော ခန္ဓာကိုယ်က ခပ်တင်းတင်း ဆွဲဖက်ခံလိုက်ရ၏။
"ရှောင်လန်၊ ငါနင့်ကို ကြိုက်တယ်။" အန်လင်းက နူးညံ့စွာ ပြောလိုက်၏။ "ငါနင့်ကို ကြိုက်နေတာ အတော်ကြာပြီ...။ အဲ့တော့ ကျေးဇူးပြီး ငါ့ကို လက်ခံပေးပါ။ ငါ့ရဲ့ တာအိုတွဲဖက် ဖြစ်လာပေးပါ။"
စုရှောင်လန်၏ ခန္ဓာကိုယ်သွယ်သွယ်လေးက အနည်းငယ် တုန်ယင်နေလေ၏။ "ငါ မဖြစ်နိုင်ဘူး။" သူမက ငိုကြွေးရင်း ခေါင်းခါလိုက်၏။ "ငါကအခု သာမန်မော်တယ်တစ်ယောက်ဖြစ်သွားပြီ။ နင်နဲ့ငါက မတူညီတဲ့ ကမ္ဘာနှစ်ခုမှာ နေထိုင်နေကြတာ...။ ငါက အရမ်းကို မြန်မြန် အသက်ကြီးလာပြီးတော့ ငါ့မျက်နှာကလည်း အရေးအကြောင်းတွေ အပြည့်နဲ့ ဖြစ်လာမှာ။ ငါ့ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ ပိုပြီးတော့ အားနည်းနည်းလာမှာ။ နောက်ဆုံးကျရင် ငါက နင့် မျက်စိရှေ့မှာပဲ ဖုန်မှုန့်လေးတစ်ခုအဖြစ် ပြောင်းသွားလောက်မှာ။ ငါ... ငါက နင်နဲ့ မတန်ပါဘူး..."
အန်လင်းက သူ့လက်မောင်းထဲမှ အမျိုးသမီး၏ ရနံ့လေးကို ရှုရှိုက်လိုက်လေ၏။ သူမျက်လုံးများထဲတွင် နွေးထွေးမှုနှင့် ညင်သာမှုများသာ ရှိလေ၏။ "နင်က အရမ်းတုံးတာပဲ။ အဲ့ မော်တယ်တွေ အင်မော်တယ်တွေက မတူညီတဲ့ ကမ္ဘာနှစ်ခုမှာ ရှိနေတယ်လို့ပြောတာက ပေါက်ကရတွေပဲ။ ဘာလိုပဲ ဖြစ်ဖြစ် တကယ်လို့ ငါတို့က ဘယ်သူ့ရဲ့ ဆံပင်က အရင်ဖြူမလဲပြိုင်မယ်ဆိုရင် ငါက နိုင်ပြီးနေပြီ။"
စုရှောင်လန်က ထိုသည်ကိုကြားပြီး တုံ့ဆိုင်းသွားလေ၏။ သူမက အန်လင်း၏ ပခုံးတွင် ခေါင်းအပ်လိုက်၏။ "နင် မလာခဲ့သင့်ဘူး...။" သူမ၏ အသံက အပြစ်ရှိခြင်းနှင့် အပြစ်တင်မှုများ ရောယှက်နေလေ၏။ "နင်က ငါ့နောက်ကို လိုက်ဖို့အတွက်အာကို အများကြီး မစတေးသင့်ဘူး။ ငါက နင့်ကို မေ့ပစ်ပြီးတော့ ဘဝအသစ်စဖို့ ဆုံးဖြတ်ပြီးသွားပြီ...။ အခုကစပြီး ငါကဘာမှ မဟုတ်တော့ဘူး။ ပြီးတော့ ငါက ဘာမှလဲမသိဘူး။ ဘာလို့ ငါ့နောက်ကို လိုက်လာတာလဲ။ အဲဒါက ငါနဲ့ မတန်ပါဘူး။"
" 'မတန်ဘူး' တို့ 'မထိုက်တန်ပါဘူး'ဆိုတဲ့ စကားတွေ ပြောတာ ရပ်ပါတော့။ ဟုတ်ပြီလား။ နင့်ကြောင့်သာမဟုတ်ရင် ငါကသေနေလောက်ပြီ။ ငါ့ဘဝမှာ အမျိုးသမီးတွေအများကြီး ကြုံဖူးပါတယ်။ ချန်အယ်တို့ စုချန်းရန်တို့ အများကြီးပဲ။ သူတို့က နင့်ထက်လှပေမဲ့..."
ထိုအချိန်မှာပင် အန်လင်းက ရုတ်တရက် နောက်ကျောက တင်းတင်းဆုပ်ခံလိုက်ရသည်ကိည ခံစားလိုက်ရ၏။ သူက ချက်ချင်းပင် အလျင်အမြန် ထပ်ပေါင်းပြောလိုက်လေ၏။ "ငါကသေချာပေါက် နင်တို့တွေ ရေကန်ထဲကို တစ်ချိန်ထဲကျသွားမယ်ဆိုရင် နင့်ကိုပဲ အရင်ဆုံးကယ်မှာ။ ဘာလို့လဲဆိုတော့ ငါ့စိတ်ထဲမှာ သူတို့က နင့်ရဲ့ ဆံပင်တစ်ချာင်းကိုတောင် မမီပါဘူး။ အဲ့အပြင် နင့်ရဲ့ ပင်ကိုယ်စရိုက်က သူတို့ထက် အများကြီး ပိုကောင်းတယ်။ ဟင်... အဲဒါက အန်လင်းရဲ့ တာအိုတွဲဖက်အတွက် သီးသန့်ဖြစ်နေတဲ့ ပင်ကိုယ်စရိုက်မျိုးဟာ။"
စုရှောင်လန်က သူမ၏ နူးညံ့ညင်သာသော နှာခေါင်းလေးကို ခပ်ဖွဖွ ရှုံ့လိုက်လေ၏။ "နင်က ဒီလိုအခြေအနေမှာတောင် နောက်ပြောင်နေနို်သေးတယ်..." သူမက တီးတိုးဆိုလိုက်၏။
"ငါက ပိုပြီး အလေးနက်ဖြစ်တဲ့ တစ်ခုခုကို ပြောလို့ရတယ်။ ငါတို့ ဘယ်တော့ လက်ထပ်ကြမလဲ။"
စုရှောင်လန် : "..."
သူမက အန်လင်းကို အဝေးသို့ ညင်သာစွာ တွန်းလွှတ်လိုက်ပြီး သူမမျက်နှာမှ မျက်ရည်မျကို သုတ်လိုက်လေ၏။ သူမ၏ မျက်လုံးများက မျက်ရည်များနှင့် တောက်ပနေဆဲဖြစ်ကာ သူမက စိတ်လှုပ်ရှားနေဟန် ပေါ်လေ၏။ နေဝင်ချိန်၏ မှိန်ဖျော့ဖျော့အလင်းအောက်တွင် သူမ၏ ထိခိုက်လွယ်သာ ပုံရိပ်လေးက ချစ်ခြင်းနှင့် ဂရုစိုက်ခြင်းကို အထူးလိုအပ်နေပုံရလေ၏။
"နင်က မော်တယ်လူသားတစ်ယောက် ဖြစ်တော့ရော ဘာဖြစ်လဲ။ ငါက နင်နဲ့အတူေနမယ်။ နင်နဲ့ အတူ အသက်ကြီးမယ်။ ငါက နင်သွားချင်တဲ့ နေရာတိုင်းကို ခေါ်သွားပေးမယ်။ ပြီးတော့ ဒီကမ္ဘာပေါ်က စားကောင်းသောက်ဖွယ်တွေ အကုန်လုံးကို မြည်းစမ်းကြည့်မယ်..." အန်လင်းက အနည်းငယ် ကြောက်လန့် တုန်လှုအ်နေပုံရ၏
သူက သူမကို သူ့ဘေးတွင်ထားရန် အကောင်းဆုံးကြိုးစားနေလေ၏။
"ပြီးတော့လဲ နင့်ရဲ့ တာအိုအခြေခံကို လုံးဝ ကုစားလို့မရတော့တာမျိုးတော့ မဟုတ်ပါဘူး။ မျှော်လင့်ချက်တော့ ရှိပါသေးတယ်..."
စုရှောင်လန်က ဝမ်းနည်းစွာ ခေါင်းခါပြလိုက်၏။ "မဖြစ်နိုင်ဘူး။ ပျက်စီးနေတဲ့ တာအိုအခြေခံကို ကုသပေးနိုင်တဲ့သူ တစ်ယောက်မှကို မကြားဖူးသေးဘူး။ စိတ်ဝိညာဉ် ရင်းမြစ် ခမ်းခြောက်သွားတာ ဒါမှမဟုတ် သက်ရှိစွမ်းအင်ပင်လယ် ခမ်းခြောက်သွားတာတောင်မှ တာအိုအေခြခံ ပြိုကျသွားတာလောင် မပြင်းထန်ဘူး။"
"ကမ္ဘာပေါ်မှာ မဖြစ်ဘူးဆိုနိုင်တာ မရှိပါဘူး။ ငါ့ကို မယုံဘူးလား။" အန်လင်းက စုရှောင်လန်ကို စိုက်ကြည့်လိုက်၏။ သူ့၏ အမူအရာက အလွန်ပင် စိတ်ပိုင်းဖြတ်ထားလေ၏။ "ငါ့တို့က ပျက်ပြယ်ခြင်းအဆင့် မြူနှင်းနတ်မိမယ်တွေနဲ့ တိုက်ခိုက်ရတုန်းက ငါတို့ အသက်ရှင်လောက်မယ်လို့ နင်ထင်လို့လား။ နင်ငါ့ကို ချန်ထားခဲ့တုန်းက ငါနင့်ကို ရှာနိုင်လိမ့်မယ်လို့ နင်ထင်လို့လား။"
စုရှောင်လန်က အန်လင်းကို မော့ကြည့်လိုက်၏။ သူမ၏ နှုတ်ခမ်းများက လှုပ်ရှားသွားသည့်တိုင် စကားပြန်ပြောရန် မတွေးနိုင်ပါချေ။
"အဲ့တော့၊ ရှင်းနေတာက... ငါက အံ့ဖွယ်တွေလုပ်နိုင်တဲ့ အမျိုးသားဆိုတာလေ။"
စုရှောင်လန်က အနည်းငယ် ပြောစရာမဲ့နေလေ၏။ အန်လင်းက အမှန်တကယ် အံ့ဖွယ်များ လုပ်ဆောင်နို်င်သည်ကို သူမသိပေ၏။ အကယ်၍... သူမက ကောင်းကင်ထက်တွင် ထပ်မံပျံသန်းနိုင်သည့် နည်းလမ်းတစ်ခု အမှန်တကယ် ရှိနေရင်ရော။ သူမက ထိုကဲ့သို့ အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပါပေ။
စုရှောင်လန်၏ အမူအရာပြောင်းသွားသည်ကို မြင်ကာ အန်လင်း၏ မအေးချမ်းသော စိတ်အစုံတွင် မျှော်လင့်ချက်ရောင်ခြည်လေး ပေါ်လာလေ၏။
"အဲ့လို ပြောမှပဲ... ငါတို့ မဖြေရှင်းသေးတာ တစ်ခု ရှိတယ်။" အန်လင်းက ရုတ်တရက် ပြောလိုက်လေ၏။
စိတ်ရှုပ်ထွေးကာ စူးစမ်းလိုသော အမူအရာတစ်ခုက စုရှောင်လန်၏ မျက်နှာထက်တွင် ပျံ့နှံ့သွားလေ၏။
အန်လင်းက သူ့ရှေ့မှ မိန်းမလှလေးကို ငေးကြည့်ကာ အတည်ပေါက်နှင့် မေးလိုက်၏။ "စုရှောင်လန်၊ မင်းက ကိုယ့်ရဲ့ တာအို တွဲဘက်ဖြစ်လာဖို့ ဆန္ဒရှိပါသလား။ ကိုယ့်ရဲ့ ကျင့်ကြံရေး လမ်းကြောင်းကို မင်းနဲ့အတူ လျှောက်လှမ်းချင်တယ်။"
သူတို့နှစ်ဦးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တိတ်ဆိတ်သွားပြန်လေ၏။ နေဝင်ရီတရောအချိန်၏ နောက်ဆုံးအလင်း၊ လွင့်မြောနေသော မြူခိုး မြူမှုန်များ၊ ရှေးဟောင်းမြို့လေး၏ ကျောက်ခင်းလမ်း၊ ရံဖန်ရံခါ လင်းယုန်ငှက်အော်သံများ… ထိုအရာများအားလုံးသည် သူတို့၏ ကျယ်လောင်လှသော နှလုံးခုန်သံကို ဖုံးကွယ်ထား၍မရပါပေ။
စုရှောင်လန်က ပြုံးလိုက်၏။ ထိုအခိုက်ရှိ သူမ၏ အလှက ရောင်စုံကောင်းကင်ကြီးကို မှေးမှိန်၊ မွဲခြောက်သွားစေ၏။ သူမ၏ အပြုံးက ဤကမ္ဘာပေါ်ရှိ အရာရာတိုင်းကို ကိုယ်စားပြုနေလေ၏။
အန်လင်းက သူ့ရှေ့မှ အမျိုးသမီးကို တုံးအစွာ ငေးကြည့်နေလေ၏။ သူက ဤအပြုံးလေးကို တစ်သက်တာ မမေ့နိုင်ပေဟု ခံစားလိုက်ရ၏။ ၁၀နှစ်ကြာသည့်တိုင်၊ နှစ်တစ်ရာကြာသည့်တိုင်၊ နှစ်ပေါင်း ထောင်ချီကြာသည့်တိုင်အောင်ပင်...။
ကျောက်စိမ်းဝတ်ရုံနှု့် အမျိုးသမီးက အမျိုးသားဆီသို့ မကြွတကြွ လှမ်းလာလေ၏။ သူမက ခြေဖျားလေးထောက်ကာ အပြစ်အနာအဆာမရှိသော မျက်နှာလေးကို မော့လိုက်၏။ ထို့နောက် သူမက မျက်လုံးများကို မှိတ်လိုက်ပြီး ချစ်ခြင်းအနမ်းတစ်ပင် စိုက်ပျိုးလိုက်လေ၏။
သူတို့၏ နူးညံ့သော နှုတ်ခမ်းများ ထိကပ်သွားသည်နှင့် သူတို့နှစ်ဦးက ထပ်မံ ပွေ့ဖက်လိုက်ကြပြန်၏။
ထိုအခိုက်အတန့်တွင် ဤမြင်ကွင်းက ထာဝရဖြစ်တည်လာတော့သည်။
------------