← Chapters

တာအို တွဲဖက် အစမ်းကာလ (ပြီးစေ...စောက်ကျိုးနည်းကို ပြီးပါတော့။)

Vol. 32 Ch. 450

တာအို တွဲဖက် အစမ်းကာလ (ပြီးစေ...စောက်ကျိုးနည်းကို ပြီးပါတော့။)

Vol. 32 Ch. 450

သူတို့၏ အရိပ်များက ပျောက်ကွယ်နေသော အလင်းတန်းများ၏ ဆွဲဆန့်ခြင်းကို ခံလိုက်ရ၏။

စုရှောင်လန်၏ နူးညံ့ညင်သာသော နှုတ်ခမ်းက သူ့ပေါ်သို့ ဖိကပ်လာသောအခါ အန်လင်း၏ နှလုံးသားထဲတွင် ပျော်ရွှင်ခြင်းများ ဖြစ်တည်လာတော့၏။

ဤသည်က သူတို့၏ ပထမဆုံး အနမ်းဖြစ်ပြီး သူတို့၏ နှုတ်ခမ်းများ ရှက်ရွံ့ကြီးစွာ ပြန်လည် မခွဲခွာမီ အချိန်သိပ်မကြာလိုက်ပါပေ။

စုရှောင်လန်၏ ရှက်ရွံ့နေသော မျက်နှာထက်တွင် ရှက်သွေးဖျော့ဖျော့ဖြာထွက်နေပြီး ရောင်စုံ နေဝင်ချိန်ထက်ပင် သူမက ပိုမိုလှပနေလေ၏။

"ရှောင်လန်၊ ဒါတွေ အကုန်လုံးက အိပ်မက်လိုပဲ ခံစားရတယ်။ နင်က ငါ့ရဲ့ တာအို တွဲဖက်ဖြစ်လာဖို့ သဘောတူတာကို ငါမယုံနိုင်သေးဘူး။ ငါအရင်ဘဝတုန်းက ကမ္ဘာကြီးကို ကယ်တင်ထားတာဖြစ်မယ်။" အမျိုးသမီး၏ လှပသော မျက်နှာက အန်လင်း၏ မျက်လုံးများထဲတွင် ထင်ဟပ်နေကာ သူက ပျော်ရွှင်စွာ ရယ်မောလိုက်၏။

"တာအို တွဲဘက်။ ဘာတာအို တွဲဘက်လဲ။" စုရှောင်လန်က လှောင်ရယ်ဟန်ဖြင့် သူမ၏ မျက်လုံးတောက်တောက်ကြီးမျကို တဖြတ်ဖြတ်ခတ်လိုက်လေ၏။

အန်လင်းက တုံ့ဆိုင်းသွားလေ၏။ "န-နင်က ခုဏကပဲ ငါ့ကို နမ်းလိုက်ပြီးတော့..." သူက ထစ်ထစ်ငေါ့ငေါ့ဆိုလိုက်လေ၏။ "အဲဒါက သဘောတူတဲ့ လက္ခဏာပဲ မဟုတ်ဘူးလား။"

စုရှောင်လန်က သူမ၏ ခေါင်းကို အလေးအနက်ခါပြလိုက်၏။ "မဟုတ်ပါဘူး။ အဲဒါက ဒီအတိုင်း... ငါအတွင် နင့်ခံစားချက်တွေကို ဆုချတာ။"

ဘုန်း...

သူက လျှပ်စီးကြောင်းကြီးတစ်ခုနှင့် အပစ်ခံလိုက်ရသကဲ့သို့ အန်လင်းက နေရာတွင် ထုံထိုင်းသွားလေ၏။ ထိုသည်က ကောင်းကင်ကြီးက သူ့အပေါ်သို့ ပြိုကျလာသကဲ့သို့ပင်။

ငါက အငြင်းခံလိုက်ရတာလား။

သူက နောက်ဆုံးတွင်မှ ဖွင့်ပြောရန် သတ္တိအလုံးအလောက် ရှိလာပြီဖြစ်သော်လည်း တပိုင်နှင့် "ခွေးစာ" လုရန် လိုအပ်နေသေးသည်လား။

စုရှောင်လန်က အန်လင်း၏ မူးဝေကာ စိတ်ဓာတ်ကျသွားသော အမူအရာကို မြင်ပြီးနောက် နှုတ်ခမ်းကိုက်လိုက်လေ၏။ "သူများတွေက ဖွင့်ပြောရင် လက်စွပ်တွေ ပန်းတွေ လက်ဆောင်ပေးကြတယ်လေ။ ခွန်အားကြီး အင်မော်တယ် ကျင့်ကြံသူတစ်ယောက်အနေနဲ့ နင်က တာအိုတွဲဖက်ကို ချစ်ခွင့်ပန်တာကို တကယ်ပဲ လက်ဗလာနဲ့လာတာလား။ နင်က နင်ပိုင်တာ တစ်ခုမှ မစွန့်ပဲ တစ်ခုခုကို ရဖို့ မျှော်လင့်နေတာလား။"

အန်လင်း၏ မျက်လုံးများက အရောင်တောက်လာလေ၏။ သို့ဖြစ်၍ သူမှားနေသည်က ထိုသည်ပေါ့။

သူက ချက်ချင်းပင် သူ့၏ သိုလှောင်လက်စွပ်ထဲက အဖိုတန် ပစ္စည်းများကို ထုတ်လိုက်လေ၏။ "ရှောင်လန်၊ ဒီဟာက နယ်မြေထိုးဖောက် လက်သည်းလို့ခေါ်တဲ့ အင်မော်တယ် ပစ္စည်းတစ်ခုလေ။" သူက စိတ်အား ထက်သန်စွာ ပြောလိုက်လေ၏။ "ဒီဟာက ကာကွယ်ရေး ပစ္စည်း အောင်မြင်မှု ကတိပြု ဒိုင်းအကာ။ ဒီဟာက ရှေးဟောင်း အသုံးအဆောင် သမုဒ္ဒရာရဲ့ နှလုံးသား။ အဲဒါက နင်နဲ့ အတော်လေး လိုက်မှာ။ ဒီဟာကတော့ အဆင့် ၁ အင်မော်တယ် မြက်ခင်း ကြည်လင်မှုရရှိရေး မြက်ခင်း။ အဲဒါက အလှအမ ကုသရေး ပစ္စည်းအဖြစ်သုံးလို့ရတယ်။"

အန်လင်းက အတန်ကြာ တွေးတောနေလေ၏။ ထို့နောက် သူက သူ့၏ အထူးအကြော်ဒယ်အိုးကို ထုတ်လိုက်လေ၏။ "ဒီအကြော်ဒယ်အိုးထဲမှာ ချက်တဲ့ အစားအသောက်တွေက အရမ်းကောင်းတာ။ ဒီမှာ ဒီဟာလဲ နင့်ကို လက်ဆောင်ပေးမယ်လေ။"

စုရှောင်လန် : "..."

သူမက ခေါင်းကို ခပ်ဖွဖွ ခါပြလိုက်၏။ "တကယ်တော့ ငါက နင့်ကို စနေတာပါ...။"

အန်လင်းက စုရှောင်လန်ကို အမူအရာမဲ့ ငေးကြည့်နေလိုက်၏။ ထိပ်လန့်မှုနှင့် စိတ်ပျက်မူများက သူ့နှလုံးသားထဲတွင် ဖြစ်ပေါ်လာတော့သည်။ ထိုသည်က တခြားသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ ထိုးနှင်ချက်တစ်ခု ကြုံလိုက်ရသကဲ့သို့ပင်။

သူမရှေ့မှ စိတ်ပျက်လက်ပျက် ဖြစ်နေသော အမျိုးသားကို စိုက်ကြည့်နေရင်း စုရှောင်လန်၏ မျက်လုံးထဲတွင် ပျော်ရွှင်ဟန်များ တောက်ပနေလေ၏။ "ငါက နင့်ကို ငြင်းနေတာ မဟုတ်ပါဘူး။" သူမက အသံချိုချိုလေးနှင့် ဆက်မပြောမီ ရယ်မောလိုက်၏။ "ငါပြောချင်တာက... ငါတို့အတွက် တာအိုတွဲဖက်တွေ ဖြစ်လာဖို့ဆိုတာက အရမ်းစောနေသေးတယ်မလား။ အစမ်းကာလ လိုအပ်တယ်...။ အင်း... ရှန့်ယင်နဲ့ တုန်ဖန်မင်လိုမျိုး နှစ်တစ်ရာလောက်ပေါ့။ ငါတို့က နှစ်၁၀၀ကြာပြီးလို့ ဆက်ချစ်နေကြသေးတယ်ဆိုရင် တာအို တွဲဖက်တွေ လုပ်ကြတာပေါ့။"

သူမ၏ ချိုလွင်သာယာသော အသံက လမ်းမထက်တွင်ပျံ့လွင့်နေကာ အန်လင်း၏ နှလုံးသားထဲသို့ စီးဝင်လာလေ၏။

အန်လင်းမှာ စက္ကန့်အနည်းငယ်မျှ ကြောင်အသွားရ၏။ ထို့နောက် သူက ပီတိအပြည့်နှင့် ပြုံးလာခဲ့၏။ "သေချာတာပေါ့။ အဲဒါဆိုလဲ နှစ်၁၀၀ပေါ့။ နင်ကျေနပ်မယ်ဆိုရင် 'စမ်းသပ်စာရွက်'ကို သေချာပေါက်ပေးမယ်လေ။"

စုရှောင်လန်၏ မျက်နှာထက်တွင် လှပသော အပြုံးလေးတစ်ပွင့် ဖူးပွင့်လာခဲ့၏။ "ဟမ်... ငါနင့်ကို ယုံပါတယ်။" သူမက ညင်သာစွာ ခေါင်းငြိမ့်ပြကာ ပြောလိုက်၏။

အန်လင်းက စုရှောင်လန်၏ တကဟ့်အတွေးများကို မည်သို့ မသိပဲ နေမည်နည်း။ မော်တယ် လူသားများ၏ အများဆုံးသက်တမ်းမှာ နှစ်တစ်ရာပတ်လည်သာဖြစ်၏။ ဤနှစ်တစ်ရာအချိန် ပြီးဆုံးသွားပါက စုရှောင်လန်အတွက် ဖြစ်နိုင်ချေ နှစ်ခုသာရှိလေ၏။ သူမက ဆက်လက်အသက်ကြီးပြီး နောက်ဆုံးတွင် သေဆုံးသွားမည်လား သို့မဟုတ် ကျင့်ကြံနိုင်သည့် စွမ်းရည်ကို ပြန်လည်ရရှိကာ အန်လင်းနှင့် ပျော်ရွှင်စွာ အိုတွဲဖက်ဖြစ်လာနိုင်မည်လား။

အန်လင်းက ဤကိစ္စအပေါ်တွင် စုရှောင်လန်၏ အဖြေကို စိတ်မခုခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် ဤနှစ်တစ်ရာအတွင် မည်သည်ပဲ ဖြစ်လာပါစေ သူက သူမ၏ ဘေးတွင် တစ်ချိန်လုံး ကပ်နေမည် ဖြစ်၍ပင်။

နေမင်းက ဝင်ရိုးစွန်းအောက်သို့ ဝင်သွားပြီ ဖြစ်ကာ နောက်ဆုံး နေခြည်လေးအနည်းငယ်သာ ကျန်ပေတော့သည်။ ညကောင်းကင်ယံကို ကြယ်များက အရောင်ခြယ်ပြီး တောက်ပသော အလင်းပျောက်လေးများနှင့် အလှဆင်ထား၏။ နေနှင့် ညကူးပြောင်းခြင်းက အထူး လှပလေ၏။

သူမက ဤနေရာသို့ ရောင်နေသည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်သော်လည်း စုရှောင်လန်က ဤလှပသောမြင်ကွင်းကို  အပြည့်အဝ မခံစားနိုင်သေးပါပေ။

ယခုတော့ သူမက စုရှမြို့လေး၏ အလှတရကို ခံစာနိုင်သည့် စိတ်ခံစားချက်သို့ နောက်ဆုံးတွင် ရောက်လာခဲ့လေ၏။ သူမက ပူဆွေးဝမ်းနည်းမနေပဲ မြင်ကွင်းကို ငေးကြည့်နေလေ၏။ ထို့အပြင် သူမက ထိုထဲတွင် ဇျာန်ဝင်စားနေလေ၏။ ထိုကဲ့သို့ စိတ်နှင့်ဆိုပါက မြင်ကွင်းမှာ အမှန်တကယ်ပင် လွှမ်းမောဖွယ်ရာ ဖြစ်လာလေ၏။

အန်လင်း၏ လက်ကို ကိုင်ကာ သူမ၏ ခြံဝန်းကျယ်နှင့်အိမ်ကို ပြန်ရာလမ်း၌ သူမ၏ခြေလှမ်းအောက်တွင် စပရင်တစ်ခု ရှိနေသကဲ့လိုပင်။

သူ့လက်မှ နွေးထွေးမှုက သူမ၏ နှလုံးသားထဲသို့ စီးဝင်သွားလေ၏။

စုရှောင်လန်၏ နှုတ်လမ်းထောင့်လေးတွင် အပြုံးလေးတစ်ခုက တွဲခိုနေပြီး လှပသော ညကောင်းကင်ယံကို ငေးကြည့်နေလေ၏။

သူမက နောက်ဆုံးတွင် ဤရှေးဟောင်းမြို့လေးကို ချစ်မိသွားလေပြီ။ အဘယ့်ကြောင့်ဆိုသော် အရေးအကြီးဆုံး လူသားက ဒီမြို့လေးထဲတွင် ပြန်ပေါ်လာသောကြောင့်ပင်။

...

အန်လင်းက စုရှောင်လန်၏ မကြာသေးမီက ဝယ်ယူထားသော ခြံဝန်းကျယ်နှင့် အိမ်ကြီးကို ရောက်လာလေ၏။ ထိုသည်က အတော် သာယာလှ၏။

အဓိကဝင်ပေါက်ကြီး၏ အပေါ်တွင် "လင်းလန် အိမ်ယာ" ဟူသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်ကို သတိပြုမိလေ၏။ ထိုသည်က တပ်ဆင်ထားသည်မှာ မကြားသေးဟန်ပင်။

အန်လင်း အကြည့်၏ ဦးတည်ချက်ကို မြင်ပြီးနောက် စုရှောင်လန်၏ မျက်နှာက နီရဲသွား၏။ သူမက သူ့ကို နောက်ဘက်ခြံထဲသို့ ဆွဲခေါ်လာလိုက်၏။

"သခင်၊ ပြန်လာပြီလား။ ဒီက နိမ့်ကျတဲ့အစေခံက ဟင်းပွဲ၄မျိုးပြင်ဆင်းပြီးပါပြီ။ အာ... ဧည့်သည်လဲ ပါလာတာပဲ။ ကျွန်မ နည်းနည်း ထပ်ပြီးပြင်လိုက်ရအုံးမလားဟင်။" ကောင်းမွန် နူးညံ့သော သွင်ပြင်နှင့် အမျိုးသမီး တစ်ဦးက သူတို့ဆီသို့ မဝံ့မရဲ တိုးလာခဲ့၏။ သူမက စုရှောင်လန်နှင့် အန်လင်းတို့လက်ကိုင်ထားသည်ကို သတိပြုမိသောအခါ အနည်းငယ် တုံ့ဆိုင်းသွားလေ၏။

"ရတယ် ချူလေး။" စုရှောင်လန်က ပြုံးကာ လက်ယမ်းပြလိုက်၏။

ထိုသည်ကို မြင်သောအခါ အမျိုးသမီးငယ်လေးက ထပ်မံကာ ငေးမိုင်သွားပြန်၏။ ထို့နောက် သူမက ခေါင်းငြိမ့်ကာ ခပ်ရို့ရို့ အရိုအသေပေးလိုက်လေ၏။ "အမိန့်အတိုင်းပါပဲ သခင်။"

သူမ၏ တာဝန်များ ပြီးမြောက်ပြီးနောက် အမျိုးသမီးငယ်လေးက ခြံဝန်းအိမ်ကြီးထဲမ စင်္ကြန်တစ်ခုဆီသို့ လျှောက်သွားကာ ကျန်သော အစေခံသုံးဦးနှင့် ပြန်လည်ပေါင်းဆုံလိုက်၏။

စုရှောင်လန်က အစေခံလေးဦး ငှားထားပြီး ဖြစ်၏။ သူတို့၏ ပျမ်းမျှ အသက်မှာ ၁၆နှစ် ဝန်းကျင်ဖြစ်ပြီး သူတို့အားလုံးက ဆင်းရဲသော မိသားစုများမှ ဖြစ်၏။ သူတို့၏ သွင်ပြင်နှင့် စရိုက်လက္ခဏာများက အတော်လေး ရည်မွန်လှပေ၏။

သူမက အန်လင်းဆီမှ အကျင့်များကူးလာသည်ဖြစ်နိုင်၏။ အစေခံလေးဦးအတွက် စုရှောင်လန်၏ အမည်များက အလွန်သာမန်ဆန်လှ၏။ သူတို့ကို ချွန်လေး၊ ရှလေး၊ ချူလေးနှင့် ဒုံလေးဟု ခေါ်လေ၏။ သို့သော် ဤအမည်များက အစေခံများ၏ မူလက အမည်များထက်တော့ ပို၍သာပေ၏။

မည်သို့ဖြစ်စေ သူတို့၏ မူလအမည်များဖြစ်သော လျှိုချွန်နိုင်းနှင့် မဒုံမေးတို့မှာ အလွန်ပင် ရှေးကျပြီး ခေတ်လွန်နေလေပြီ။

သူမက ကျန်ရစ်သော အစေခံသုံးဦးဆီသို့ လျှောင်လာစဉ္တွင် ချူလေး၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့် အံ့ဩမှုများ ရှိနေလေ၏။

"ချူလေး၊ အဲ့အမျိုးသားက ဘယ်သူလဲ။ သူနဲ့ သခင်နဲ့က ဘယ်လို ပတ်သတ်နေတာလဲ။ သူ့က ချောလိုက်တာ။ ပြီးတော့ သူ့ဆံပင်ကလည်း လေထဲမှာ စီးဆင်းနေတာ။ သူက အစွမ်းထက်တဲ့သူတစ်ယောက်ဆိုတာ ရှင်းနေတာပဲ။"

သူမ စကားပြောနေစဉ္တွင် ချွန်လေး၏ မျက်လုံးထဲ၌ ကြယ်များတောက်ပနေလေ၏။

ချူလေးက ခေါင်းခါပြလိုက်၏။ "ငါလဲ မသိဘူး။ ဒါပေမဲ့ သူတို့ ဘယ်လောင်နီးစပ်သလဆိုတာကနေ အကဲဖြတ်ကြည့်ရရင်တော့ သူက သူမရဲ့ တွဲဖက်ဖြစ်လောက်မယ် ထင်တယ်။"

ရှလေးသည်လည်း စိတ်လှုပ်ရှားနေလေ၏။ "ငါလဲ အဲ့လိုထင်တယ်။ သခင်က ဒီနှစ်ရက်မှာ မှိုင်ထွေနေတာ။ ဒါ​ေပမဲ့ သူမက အဲ့ဒီ့လူငယ်သခင်လေးပေါ်လာတော့မှပဲ တက်ကြွ အသက်ဝင်လာတော့တယ်။ ဒီဟာက သခင်ပြုံးတာကို ငါပထမဆုံးအကြိမ် မြင်ဖူးတာပဲ။"

"သခင်က အရမ်းလှတာ။ ဒီလိုမျိုးအနေအထားနဲ့ အမျိုးသားတစ်ယောက်ကပဲ သူမနဲ့ အတူရှိနေဖို့ ထိုက်တန်တယ်။" ဒုံလေးက ခေါင်းငြိမ့်ကာ ပြောလိုက်၏။

ရှလေးက အန်လင်းက ခြံဝန်းထောင့်ချိုးတစ်ခုသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်အထိ ကြည့်ကာ ရုတ်တရက် အတွေးဝင်လာလေ၏။ "လေလွင့်နေတဲ့ ဆံပင်ဖြူတွေ၊ ကျက်သရေရှိပြီး ပြေပြစ်လွန်းတယ်...။ အား... သူက ခရမ်းကြယ်စင်ပြည်နယ်က ကျန်းရန်အန်မဟုတ်ဘူးလား။"

ထိုသည်ကို ကြားသည်နှင့် တစ်ခြားသော အစေခံသုံးဦးသည်လည်း ငေးကြည့်နေကြ၏။

သူတို့အားလုံးမှာ ဆင်းရဲသော မိသားစုတွင် မွေးဖွားလာကြပြီး သူတို့၏ ဝါသနာမှာ "ကိုးပြည်ထောင် မဂ္ဂဇင်း"ဖတ်ခြင်းဖြစ်၏။ သူတို့က စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းများနှင့် ဂန္တဝင်ပုဂ္ဂိုလ်များအကြောင်း ဖတ်ရှုခြင်းကို နှစ်သက်ကြပြီး “Nine States Magazine” ၏ အတွဲတိုင်းကို ဝယ်ယူခဲ့ကြသည်။ သို့ဖြစ်၍ သူတို့သည် ဒဏ္ဍာရီလာ ကျန်းယန်အန် နှင့် သဘာဝအတိုင်းပင် ရင်းနှီးနေကြလေ၏။

"မဖြစ်နိုင်ပါဘူး။ သခင်က လူကောင်းတစ်ယောက်ဆိုတာ သိပါတယ် ဒါပေမဲ့ ကျန်းရန်အန်က ခရမ်းကြယ်စင် ပြည်နယ်ရဲ့ နံပါတ်တစ် ဓားအ​ကျော်အမော်လေ။ သူက ကိုးပြည်ထောင်တစ်လွှားကို ကျော်ကြားတာကို။ သူက ဒီလိုဝေးလံ ခေါင်ဖျားတဲ့နေရာကို ဘာမှ မထူးခြားတဲ့ မော်တယ်လူသားတစ်ယောက်နဲ့ ရှိနေဖို့အတွက် ဘာလို့လာမှာလဲ။" ချွန်လေးက ခေါင်းခါလိုက်၏။ သူမက ထိုမှန်းဆချက်ကို လုံးဝ သဘောမတူပါပေ။

"အဲဒါပြောတာ။ ဆံပင်ဖြူတွေ၊ သာမန်မဟုတ်တဲ့ စိတ်အနေအထားတွေနဲ့ အမျိုးသားကိုမြင်တိုင်း ကျန်းယန်အန်လို့မထင်နဲ့လေ။ အဲ့လိုမျိုး ဒဏ္ဍရီလာ ဓားအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ လွယ်တယ်များထင်နေလား။" ချူလေးက ရှလေးအား အော်ဟစ်လိုက်လေ၏။

ရှလေးက နှုတ်ခမ်းများကို ကိုက်လိုက်ပြီး "သူက ကျနရန်အန် မဟုတ်ရင်တောင်မှ အစွမ်းထက် ပုဂ္ဂိုလ်ပဲလေ။ သူ့ရဲ့ ကျက်သရေရှိပြီး လှပခန့်ညားတဲ့ ပုံစံတွေကို ကြည့်ပါအုံး။ သူက လမ်းလျှောက်လိုက်ရင် အရမ်းချောတာပဲ။ သူက သေချာပေါက်ကို အထင်ကြီးအင်မော်တယ်တစ်ယောက် ဖြစ်လောက်တယ်...။"

"ဟင်၊ ငါတို့ ညစာစားတဲ့အခန်းထဲကို သွားပြီးတော့ အဲ့ဒီ့ သခင်ငယ်လေးက ဘယ်သူလဲဆိုတာ သွားကြည့် ကြရအောင်လေ။ ဘာပဲဖြစ်ဖြစ် တခြားသူတွေကို ညစားစားတဲ့အခန်းထဲမှာ စောင့်ရတာကလဲ ငါတို့ တာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ လေ။" ဒုံလေး၏ မျက်နှာထက်တွင် သိလိုစိတ်များနှင့် ပြည့်နှက်နေလေ၏။

ဤအကြံပြုချက်တွင် သူတို့အားလုံး၏ မျက်လုံးများက တောက်ပသွားပြီး သူတို့က ချက်ချင်းပင် ညစာအခန်းဆီသို့  ဦးတည်သွားကြလေ၏။

-----------

All Chapters