← Chapters

စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်း

Vol. 32 Ch. 451

စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်း

Vol. 32 Ch. 451

အမျိုးသမီး အစေခံ လေးဦးက အခန်းထဲသို့ ဝင်သွားလိုက်ပြီး တံခါးဘေးတွင် တိတ်ဆိတ်စွာ ရပ်နေကာ အခန်းထဲရှိ လူနှစ်ဦးကို ချောင်းကြည့်လိုက်လေ၏။

အန်လင်းနှင့် စုရှောင်လန်တို့က စားပွဲသေးသေးလေးတစ်ခုတွင် မျက်နှာချင်းဆိုင်ထိုင်နေကြပြီး အစေခံလေးဦးကို လျစ်လျူထားလိုက်၏။

"နင်က ဒီလောက်အဝေးကြီး လာခဲ့ရတာ ပင်ပန်းနေမှာပဲနော်။ ဒီမှာ အစားနည်းနည်းစားလိုက်။" စုရှောင်လန်က စားပွဲပေါ်မှ ဟင်းများကို အပြုံးတစ်ခုနှင့် ကြည့်လိုက်၏။

အန်လင်းက စားပွဲပေါ်မှ အစားအစာများကို မြင်ပြီးနောက် သတိပြန်ဝင်လာကာ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာလေ၏။ "ဘာလို့ အဲ့လိုဟာတွေ စားနေတာလဲ။ ငါ နင့်အတွက် ခေါက်ဆွဲ ချက်ပေးမယ်။"

စုရှောင်လန်က ပထမတွင် အနည်းငယ် ကြောင်အသွားပြီးနောက် ညင်သာသော အပြုံးလေးနှင့် ခေါင်းငြိမ့်ပြလိုက်လေ၏။ "ဟုတ်ပြီ။"

အန်လင်းက အခန်းထဲမှ အစေခံတစ်ယောက်ဆီသို့ လျှောက်သွားလိုက်၏။ "ချူလေး၊ စားပွဲကို ရှင်းလိုက်။"

"ဟင်...။" အစေခံလေးက သူ့ကို ပြန်မဖြေမီ အနည်းငယ် ကြောင်အသွား၏။ "အို... ဟုတ်ကဲ့။"

ချူလေးက စားပွဲပေါ်မှ ဟင်းပွဲများကိုရှင်းကာ အန်လင်းက ခေါက်ဆွဲ ချက်ပေးမယ်ဟု ပြောလာသောအခါ မည်သည်ကိုဆိုလိုသည်ကို တွေးတောနေလေ၏။ သူက တကယ်ပဲ မီးဖိုချောင်ထဲကိုသွားပြီးတော့ ခေါက်ဆွဲလုပ်ပေးမှာလား။ အဲ့အစား ဘာလို့ စားပွဲပေါ်က အစားအသောက်တွေပဲ မစားလိုက်ရတာလဲ။

ချက်ပြုတ်ခြင်းကို တာဝန်ယူရသော ချွန်လေးက ဟင်းပွဲများအားလုံး ရှင်းပစ်သည်ကို အမူအရာမဲ့ ငေးကြည့်နေလေ၏။ ထိုသည်များကို သူမချက်ထားရသည်ဖြစ်၏။ ထိုသည်များက သူမ၏ သွေး၊ ချွေး၊ မျက်ရည်များ၏ ရလာဒ်ပင်။ ထိုကဲ့သို့ ရှင်းပစ်လိုက်သည်က သူမ၏ ကြိုးစားအားထုတ်မှုများက ဖြုန်းတီးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

အစေခံများထဲတွင် အကြီးဆုံး ဖြစ်သော ဒုံလေးကမူ ခေါက်ဆွဲချကပေးခြင်းက အန်လင်းက သူ့၏ ချစ်ခြင်းမေတ္တာကို ဖော်ပြရန်အတွက် အသုံးပြုသော နည်းလမ်းတစ်ခုဟု ခံစားလိုက်ရ၏။

ရှလေးက မျက်တောင်ခတ်ကာ မီးဖိုချောင် မီးဖနုပေါ်တွင် မီးမွှေးသင့်ပြီလားဟု တွေးနေလေ၏။

ထို့နောက် သူတို့က ဆံပင်ဖြူနှင့် အမျိုးသားက ဟင်းခတ်အမွှေးအကြိုင်များနှင့်အတူ အကြော်ဒယ်အိုးတစ်ခုကို ထုတ်လိုက်သည်ကို မြင်လိုက်ရပြီး သူက ဤနေရာ၌ပင် ခေါက်ဆွဲကို ချက်ပြုတ်တော့မလို ထင်ရလေ၏။

ရာသီဥတုလေးခု : "..."

မြေကြီးပေါ်မှာကို တိုက်ရိုက် ခေါက်ဆွဲချက်မှာ။ သူတို့က အမြင်မှားနေကြသည်ဟုပင် ခံစားလိုက်ရ၏။

"ချူလေး၊ ခေါက်ဆွဲနည်းနည်းနဲ့ ကြက်ဥတွေ ယူလာခဲ့။" အန်လင်းက ညွှန်ကြားလိုက်၏။

"ဟင်...။ အိုး...။" ချူလေးက မီးဖိုချောင်ထဲသို့ပြေးသွားလိုက်၏။

အန်လင်းက မန္တန်နည်းစနစ်တစ်ခုကို အသုံးပြုကာ ရေအနည်းငယ်ပြုလုပ်လိုက်ပြီး သူ့၏ အံ့ဖွယ်မီးတောက်နှင့် ဆူပွက်စေလိုက်၏။ သူက ခေါက်ဆွဲနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်လိုက်လေသည်။ ထို့နောက် ကြက်ဥနှစ်လုံးဖောက်ထည့်ကာ ခေါက်ဆွဲကို မွှေလိုက်လေ၏...။ အရာအားလုံးက လုံးဝပင် အတူရောမွှေထားသည့်ပုံ ရနေ၏။

ဥတုလေးခုက အံ့ဩတကြီး ကြည့်နေကြ၏။

"အနည်းဆုံးတော့ စားလို့ရပါတယ်..." ရှလေးက သက်ပြင်းချကာ ရေရွတ်လိုက်၏။

"အေး။ အဲဒါက ကျက်တယ်ဆိုရင် စားလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် သခင်ကြိုက်တယ်ဆို ပြီးတာပါပဲ။" ဒုံလေးက ကြောင်အနေသော အမူအရာဖြင့် ပြန်ဖြေလိုက်၏။

"ဝါး... သခင်ရဲ့နှလုံးသားထဲမှာ ငါ ကြိုးကြိုးစားစား ပြင်ဆင်ထားရတဲ့ ဟင်းတွေက အဲ့ဒီခေါက်ဆွဲတွေနဲ့ ယှဉ္လို့မရဘူးဆိုတာ မယုံနိုင်သေးဘူး..." ဘေးချခံထားရသော ဟင်းပွဲများကို ကြည့်ရင်း ချွန်လေး၏ မျက်လုံးထဲတွင် မျက်ရည်များ ဖြစ်တည်လာကာ သူမ၏ နှလုံးသားက အပ်များနှင့် ထိုးခံရသလို ခံစားလိုက်ရ၏။

ခေါက်ဆွဲပြုတ်မှ အဖြူရောင် အငွေ့များ မြင့်တက်လာကာ အခန်းတစ်လျှောက် ပျံ့နှံ့သွားလေ၏။

ထိုအချိန်မှသာ ဥတုလေးယောက်က သူတို့မှားသွားသည် ဆိုသည်ကို သိရှိသွားလေ၏။

"ဘုရား​ေရ... ဒီအနံ့က..." ရှလေးက လေထဲမှ ရနံ့ကို စိတ်အားထက်သန်စွာ ရှုရိုက်လိုက်ပြီး အံ့ဩ ဝမ်းသာသော အမူအရာက သူမမျက်နှာပေါ်တွင် ပေါ်လာလေ၏။

"အဲ့အနံ့က ခေါက်ဆွဲတွေကနေ လာနေတာလား။ သူက ဒီအတိုင်း အရာအားလုံးကို ပစ်ထည့်လိုက်တာနဲ့တူတာကို ဘာလို့ အနံ့က အရမ်းကောင်းနေရတာလဲ။" ဒုံလေးက မယုံနိုင်သော အမူအရာဆင်မြန်းထားလေ၏။

ချူလေးက လေထဲမှ မငြင်းဆန်နိုင်သော ရနံ့ကို ရူရှိုက်ကာ အဘယ့်ကြောင့် သူမက ဟင်းပွဲများကို ရှင်းပစ်ရန် အမိန့်ပေးခံရသလဲဆိုသည်ကို နားလည်သွားလေပြီ။

ချွန်လေး၏ မျက်နှာထက်တွင် ရှက်ရွံ့ရိုသေသော အမူအရာတစ်ခု ပေါ်လာလေ၏။ သူမက ထိုခေါက်ဆွဲများကို လက်မြှောက်အရှုံးပေးလိုက်ရသည်ကို ရှက်ရွံ့ကာ ထိုအမျိုးသား၏ ဟင်းထျက်လက်ရာများကို ရိုသေလေးစားမိလေ၏...။ သူမက ဆံပင်ဖြူနှင့် အမျိုးသားသားကို တောက်တောက်ပပ ငေးကြည့်လိုက်လေ၏။

ထိုသည်က ကောင်းကင်ဘုံတာအိုသို့ ရောက်နေသော တစ်စုံတစ်ဦး၏ ဒဏ္ဍာရီလာ ဟင်းချက်လက်ရာဟု ခံစားလိုက်ရ၏။

သူ့၏ အမူအရာများက ရိုးရှင်းပြီး သမရိုးကျ ဖြစ်ဟန်ရသော်လည်း တာအိုအဆီအနှစ်များ အပြည့်ပါဝင်နေလေ၏။

ခေါက်ဆွဲမျမှ ထွက်ပေါ်လာသော ရနံ့က ငြင်ူဆန်ရန် ခက်ခဲလှပေသည်။ ဥတုလေးခုက ခေါက်ဆွဲကို စိုက်ကြည့်ကာ အကြော်ဒယ်အိုးပေါ်သို့ ခုန်အုပ်ချင်စိတ်ကို ထိန်းထားရ၏။

ဘဝတွက် အနာကျင်ရဆုံးအရာမှာ မျက်စိရှေ့တွင် ကောင်းမွန်လှသော အစားအသောက်ရှိနေပြီး အနံ့သာခံခွင့်ရကာ မစားရခြင်း ဖြစ်လေ၏။

ခေါက်ဆွဲက မကြာခင်မှာပင် လုံးဝ ကျက်သွားလေပြီ။ သူက စုရှောင်လန်အတွက် ပန်းကန်အကြီးကြီးတစ်ခုနှင့် ထည့်ပေးကာ သူမရှေ့သို့ထားလိုက်၏။ ထို့နောက် သူ့အတွက်လဲ အပြုံးလေးနှင့် တစ်ပန်းကန်ထည့်လိုက်လေ၏။ "စားလေ။ ဒီခေါက်ဆွဲတွေက သေချာပေါက်ကို ကမ္ဘာပေါ်မှာ အကောင်းဆုံးနော်။ ပူနေတုန်းလေး စားလိုက်။"

စုရှောင်လန်က အပြုံးဖျော့​ေဖျာ့လေးနှင့် ခေါင်းငြိမ့်ပြလေ၏။

ကြက်ဥ၏ပြင်ပက အလွန်အမင်း တောက်ပနေကာ အကာများက ခေါက်ဆွဲပြုတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာကာ ကြက်ဥအနှစ်များက ခေါက်ဆွဲများထဲတွင် စိမ့်ဝင်နေလေ၏။ ထိုသည်က ခေါက်ဆွဲပြုတ်ကို ရွှေရောင်အဆင်းပေးကာ သွင်ပြင်နှင့် အနေအထားတို့အားလုံးကို ဤလောကကြီး၏ အပြင်ဘက်ကဟု ပုံပေါက်နေစေ၏။

သူတို့နှစ်ဦးသည် ရွှင်မြူးပြီး သဟဇာတရှိသော အခြေအနေတွင် စကားစမြည်ပြောနေကြ၏။ သူတို့က ကောင်းကင်ဘုံတရားရုံးမှ စိတ်ဝင်စားဖွယ်ကောင်းသော ဇာတ်လမ်းအချို့နှင့် စုရှမြို့တော်တည်ဆောက်ရေးအစီအစဥ်များအကြောင်း ဆွေးနွေးနေကြကာ ကာလအတန်ကြာ အတူနေခဲ့ကြသော အိမ်ထောင်သည်စုံတွဲများကဲ့သို့ ပုံပေါ်သည်။

သနားစရာ အစေခံများသည်ကတော့ မလွန်ဆန်နိုင်သော ခေါက်ဆွဲရနံ့ကို ရှုရှိုက်ကာ ဘေးတွင်ထွက်ပြီး မတ်တပ်ရပ်နေပြီး သူတို့၏ တံတွေးဂလင်းများကို အချိန်ပိုလုပ်ရန် ဖြစ်စေလေ၏။

ဂွီ...

ချူလေး၏ အစာအိမ်က စတင် အသံမြည်လာပြီး သူမက ဘေးမှ အမျိုးသမီးကို သနားစဖွဟ် အမူအရာဖြင့်ကြည့်လိုက်လေ၏။ "အစ်မဒုံ၊ ဗိုက်ဆာတယ်..."

ဒုံလေးက သူမကို ညင်သာသောအသံလေးနှင့် နှစ်သိမ့်ပေးလိုက်၏။ "ဟုတ်ပါပြီ။ ဒယ်အိုထဲမှာ လေးယောက်စာ ကျန်နေပါသေးတယ်။ သခင်တို့စားလို့ပြီးသွားတာနဲ့ ကျန်တာတွေ ငါတို့စားလို့ရပါတယ်။"

ထိုသည်ကို ကြားသောအခါ ချွန်လေးနှင့် ရှလေးတို့၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်သွားလေ၏။ သူတို့က ဘဝ၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်များကို ပြန်လည်တွေ့ရှိသွား သကဲ့သို့ပင်။

ထိုအချိန်မှာပင် အန်လင်းနှင့် စုရှောင်လန်တို့က စားသောက်ပြီးစီးသွားကြလေ၏။

ထို့နောက် အန်လင်းက အကြော်ဒယ်အိုးဆီသို့ သွားကာ သူတို့၏ ပန်းကန်များကို ထပ်ဖြည့်လိုက်ကာ အကြော်ဒယ်အိုးများထဲမှ စွတ်ပြုတ်များအားလုံးကို အကုန်ခပ်လိုက်လေ၏။

အကြော်ဒယ်အိုးက လုံးဝ ဗလာကျင်းသွားလေပြီ။

ဥတုလေးခု : "..."

အန်လင်းက စုရှောင်လန်ဘက်သို့ လှည့်လိုက်၏။ "ထပ်စားနိုင်သေးလား။"

စုရှောင်လန်၏ မျက်နှာထက်တွင် အပြုံးလေးတစ်ခု ပေါ်လာလေ၏။ "နင်လုပ်တာဆိုရင် ငါအကုန်စားနိုင်ပါတယ်။ ပြီးတော့ အရသာကလဲ တကယ်ကို ကောင်းတာပဲ။"

"ဟားဟား... နင်ကြိုက်ရင် နေ့တိုင်း ဟင်းအသစ်တစ်ခွက် ချက်​ကျွေးမယ်လေ။"

အန်လင်းက စုရှောင်လန်၏ ချီးကျူးစကားကို ကြားပြီးနောက် အဘိုးအိုကြီးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်လေ၏။

သို့ဖြစ်၍ သူတို့က ခေါက်ဆွဲစားရင်း တစ်ဦးနှင့်တစ်ဦး စနောက်နေကြလေ၏။

ဥတု​ေယောက်သည်တော့ မျက်ရည်များ ကျလာပေတော့သည်။ ဘာတွေ ဖြစ်နေကြတာလဲ။

"သခင်က ပုံမှန်ဆို ထမင်းတစ်ပန်းကန်ပဲစားနိုင်တာလားလို့။ ရုတ်တရက်ကြီး ခေါက်ဆွဲပြုတ် ပန်းကန်ကြီး ၂ပန်းကန်တောင် စားနိုင်သွားရတာလဲ။" ချူလေးက နှုတ်ခမ်းကိုက်လိုက်ကာ မျက်ရည်များ စီးကျနေလေ၏။

"အဲဒါက အစားအသောက်ရဲ့ စွမ်းအားပဲ...။ အရသာရှိတဲ့ အစားအသောက်က အစားစားနိုင်စွမ်းကို တိုးလာစေတယ်။" ချွန်လေးက ဗလာကျင်းနေသော အကြော်ဒယ်အိုးကို ငေးကြည့်နေလေ၏။ သူမက အရသာ မည်သို့ရျသည်ကို သိရန် ဒယ်အိုးကို လျက်ပစ်ချင်နေသကဲ့သို့ပင်။

"အဲဒါက အချစ်ရဲ့ စွမ်းအားပါ။" ဒုံလေးက တည်ကြည်သောအမူအရာဖြင့် ပြင်​ပေးလိုက်၏။

တခြားသော အစေခံသုံးဦးက ချက်ချင်းပင် ခေါင်းငြိမ့်ပြလိုက်လေ၏။

ခေါက်ဆွဲ၏ ကောင်းမွန်လှသော ရနံ့က လေထုထဲတွင် ပျံ့နှံ့နေဆဲဖြစ်ကာ ဥတုလေးယောက်စလုံးအတွက် သည်းခံရန် ခက်ခဲလှပေ၏။

သူတို့၏ အစာအိမ်က လုံးဝ ပြောင်ရှင်းနေသည်ဟု ခံစားရသည်သာမက သူတို့၏ နှလုံးသားများသည်လည်း ဗလာကျင်းနေသည်ဟု ခံစားနေရပေ၏။

သူတို့က ဘဝတွင် အနာကျင်ရဆုံးအရာအတွက် အမြင်အသစ်တစ်ခု ရသွားလေပြီ။

ထိုသည်က ကောင်းမွန်လှသော အစားအစာက မျက်ရှိရှေ့တွင် ရှိနေပြီး မစားသုံးရသည် မဟုတ်ပါ။

ထိုအစား... ထိုသည်က ချစ်ခင်နေကြသော အတွဲ၏ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရခြင်းက နှစ်ဆဖြစ်လေ၏။

ဥတုလေးယောက်က ဘဝတွင် ဤမျှအထိ နှိပ်စက်မခံရဖူးပါပေ။ သူတို့က စိတ်ဓာတ်ကျစပြုလာလေပြီ။

အန်လင်းနှင့် စုရှောင်လန်တို့က တဖြည်းဖြည်း သူတို့၏ ပန်းကန်များကို အဆုံးသတ်လိုက်လေ၏။

သူတို့က မျက်လုံးချင်းဆုံလိုက်ပြီးနောက် သဟဇာတဖြစ်မှုနှင့် ပျော်ရွှင်မှုက လေထုထဲတွင် ပျံ့နှံ့နေပေ၏။

စုရှောင်လန်က အန်လင်းကို စိုက်ကြည့်ကာ လက်ချောင်းသွယ်လေးကို ဆန့်ထုတ်လိုက်ပြ သူ့၏ ဆံပင်ဖြူများကို ဖွပေးလိုက်လေ၏။ သူမ၏ မျက်နှာထက်တွင် အမူအရာမဲ့နေလေ၏။ "နင်က ငတုံးလေးပဲ။ နင့်လောက်တုံးတဲ့ ယောက်ျားလေး တစ်ခါမှကို မမြင်ဖူးဘူး။"

အန်လင်းက နွေးထွေးသော အပြုံးလေးနှင့် စုရှောင်လန်၏ ပါးလေးကို ဖျစ်ညစ်လိုက်၏။ "ပြီးတော့ ငါလဲ နင့်လို တုံးတဲ့ ကောင်မလေးမျိုး မမြင်ဘူးသေးဘူး။ ငါတို့နှစ်ယောက်လုံးက ငတုံးတွေဆိုတော့ ငါတို့က ပြီးပြည့်စုံတဲ့ အတွဲတွေ ဖြစ်သွားတာပေါ့။"

စုရှောင်လန်က သူ့စကားများကို ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ "နင်က အရှက်မရှိဘူးလား။"

အန်လင်းက စိတ်ခံစားချက်အပြည့်နှင့် ပြုံးလိုက်လေ၏။ "ငါတို့က စိတ်ထိခိုက်နေတဲ့ လင်မယားပေါ့။"

စုရှောင်လန်၏ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ပေါ်လာလေ၏။ "ငါ့ပါးစပ်ကနေ ထုတ်ပြောရအောင် မလုပ်စမ်းပါနဲ့။ ငါတို့က လင်မယားလို့ ဘယ်သူကပြောတာလဲ။"

အန်လင်းက သဘောတူညီမှုနှင့် ခေါင်းငြိမ့်ပြပြီး အမှန်ပြန်ပြင်လိုက်၏။ "ငါမှာသွားလို့ ငါတို့က စိတ်ထိခိုက်နေတဲ့ တာအိုတွဲဖက်တွေလေ။"

စုရှောင်လန် : "..."

ဥတုလေးယောက် : "...ဟွန့်..."

စာစဉ် ၃၂ ပြီး၏။

-------------

All Chapters