← Chapters

လက်ရှိခေတ်စစ်ပွဲကို ခံစားခွင့်ပေးလိုက်

Vol. 10 Ch. 137

လက်ရှိခေတ်စစ်ပွဲကို ခံစားခွင့်ပေးလိုက်

Vol. 10 Ch. 137

အနီရောင် မီးခဲလို နေရောင်သည် မီးခိုးဖြင့်ဖုံးအုပ်နေသော မိုးတိမ်တိုက်ထဲ နစ်ဝင်သွားချေပြီ

ညသည် ရောက်လာချေသည်။

လေကလည်း အေးစက်လာသည်။

ဒဏ်ရာရသူများ၏နာကျင်သံတွေသည် အဝေးက သားရဲသံများနဲ့ ရောနှောသွားကြသည်။

ထိုနတ်ဆိုးသားရဲတွေ ထွက်မသွားသေးပေ

သူတို့ စောင့်နေတာပင်

မြို့သည် တိတ်ဆိတ်သွားချေပြီ။ သို့ပေမဲ့ ဘေးကင်းတာတော့ မဟုတ်ပေ

ပိုင်ကျီဟန်သည် နံရံတစ်ခုပေါ်ကို ချဉ်းကပ်သွားပြီး သူ့လက်ထဲမှ သွေးအလိမ်းလိမ်းနဲ့လက်နက်ကို အဝတ်စုတ်နဲ့ ပွတ်နေသည်။

သူ့ချပ်ဝတ်တန်ဆာသည် ချိုင့်ဝင်နေပြီး ညစ်ပတ်နေကာ ပုခုံးတွေလည်း တင်းကျပ်နေသည်။

သူ့ကြွက်သားတွေ နာနေ၏ တချို့နေရာတွေသည်လည်း သံမဏိတွေနဲ့ တိုက်မိတာကြောင့် နံရိုးများ၌ နီညိုရောင် သွေးချီဥ

သုံးခုလောက် ထွက်နေချေပြီ။

(ချီး တကယ်အားနည်းတဲ့ကိုယ်ခန္ဓာပဲ)

သူစဉ်းစားလိုက်မိသည်။ မိနစ်အနည်းငယ်အတွင်းမှာ ဒဏ်ရာပျောက်သွားသည့် သူ့အစစ်အမှန် ကိုယ်ခန္ဓာနဲ့ နှိုင်းယှဉ်ရင် ဒါက ပျော့ညံ့လွန်းနေသည်။

အင်အားလည်း မရှိချေ။ ဒဏ်ရာလည်း ရလွယ်၏ ။ အနာလည်း အကျက် မမြန်ပေ။

ထိုခန္ဓာကိုယ်နဲ့ နတ်ဆိုးသားရဲ အများအပြားကို သတ်နိုင်တာကတော့ အံ့ဩစရာပင်

သူ့ပတ်ဝန်းကျင်မှာတော့ လက်ကျန် အသက်ရှင်သူ အနည်းငယ်က စခန်းချနေကြသည်။

အမိုးတွေ လဲကျသွားသည့်တိုင် နံရံတွေကတော့ ထူပြီး မြင့်မားကြသည်။ နောက်တစ်ဖက်မှာလည်း လမ်းသွယ်သေးသေးတစ်ခု ရှိတာကြောင့် အရေးကြီးချိန်၌ ကာကွယ်ဖို့ လွယ်ကူသည်။

အလယ်မှာတော့ သစ်သားစအပျက်အစီးတွေနဲ့ မီးဖိုလေးတစ်ခု ဖိုထားသည်။

အစောင့်တွေသည် မီးပုံပတ်လည်မှာထိုင်ရင်း ဓားတွေသွေးကြ၊ စကားပြောကြ၊ အနာဆေးထည့်ကြ လုပ်နေကြ၏

အရပ်သားများကတော့ နံရံအစွန်းတွင် ထိုင်နေကြပြီး ပင်ပန်းနွမ်းနယ်နေကြကာ မျက်တွင်းဟောက်ပက်တွေနဲ့သာ ။ သို့ပေမဲ့သူတို့ အသက်ရှင်နေကြသည်။

“တပ်မှူးပိုင်က ကျွန်တော်တို့ကိုကယ်လိုက်တာ ။”

“ကျွန်တော်တို့အားလုံး သေသွားပြီး ထင်နေတာ ။ ဒါပေမဲ့ အခုတော့… တပ်မှုးကြောင့် မျှော်လင့်ချက် တစ်ခုပေါ်လာပြန်ပါပြီ”

အခြားသူများသည်လည်း သဘောတူကြောင်း ညည်းညူကြသည်။

"ဟုတ်တယ် တပ်မှူးမပေါ်လာရင်..."

"သံချေးတက်နေတဲ့ ဓားနဲ့ ကျောရိုးစွယ် အကောင်ကို ပိုင်းဖြတ်သွားတာကို ငါမြင်လိုက်တယ်။"

"တပ်မှူးက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ပဲ”

ပိုင်ကျီဟန် မျက်လုံးပြူးသွားသည်။

သူအား စစ်သူရဲကောင်းလို တီးတိုးပြောနေကြသည်။

သူသည် သူ၏ကိုယ်ခန္ဓာအစစ်အမှန်နှင့် လာပါက နတ်ဘုရားကဲ့သို့ ဆက်ဆံကြမဟု သူထင်မှတ်ခဲ့သည်။ သူတို့ခံစားချက်တွေကို သူ နားမလည်လို့ မဟုတ်ပေ

သူသည် ဤအဆုံးမဲ့ စိတ်ပျက်အားငယ်မှုတွင် မျှော်လင့်ချက် အလင်းရောင်တစ်ခုလို ဖြစ်လာခဲ့သည်။

ဟုန်ထောင် ပြောသလိုဆို ထိုလူတွေကို အမိန့်ပေးသူတွေသည် အဓိကမြို့သို့ ပြေးသွားခဲ့ချေသည်

ကျန်ရစ်သူများသည် ရာထူး သို့မဟုတ် အာဏာမရှိသူများသာ ဖြစ်သည်။ သူတို့ကာကွယ်ဖို့ကြိုးစားသောမြို့သည် စွန့်ပစ်ခံခဲ့ရသည်။

ယခုတွင် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်သည် သူ့၌သာ တည်ရှိနေသည်။

ကယ်တင်ရှင်အဖြစ် ဆက်ဆံခံရသည့် လူကြမ်းတစ်ဦး၏ အဖြစ်သည် ရယ်စရာကောင်းပေသည်

သူ ဟုန်ထောင်ကိုတွေ့ပြီး လှမ်းအော်လိုက်သည်။

"ဟုန်ထောင်”

"ဟုတ်ကဲ့ တပ်မှူး”

သူသည် ချက်ချင်းတုံ့ပြန်ပြီး ပိုင်ကျီဟန်ဆီကို လျှောက်လာသည်။

"ဒီလူတွေရဲ့ အခြေအနေက ဘယ်လိုလဲ။"

ဟုန်ထောင်က အလေးပြုသည်။

"ကျွန်တော်တို့မှာ စုစုပေါင်း လေးဆယ့်ခြောက်ယောက် ရှိပါတယ်၊ ဆယ်နှစ်ယောက်က တကယ့်အစောင့်တွေပါ။ ကျန်တဲ့ လူတွေက အရပ်သားတွေ များပါတယ်။ ဒဏ်ရာရတာလည်း များတယ်။ အတားအဆီး အနည်းငယ် တည်ဆောက်ထားပေမယ့် ရိက္ခာနည်းနေပါပြီ။ စားနပ်ရိက္ခာက တစ်ညထက် မပိုဘူး။ ရေက ပိုဆိုးတယ်။"

ပိုင်ကျီဟန်သည် ခေါင်းညိတ်လိုက်ပြီး စုဝေးနေသော လူတွေဘက်ကို လှည့်ကြည့်လိုက်သည်။

"ကောင်းပြီ နားထောင်ကြပါ”

သူ့အသံက အကျယ်ကြီးမဟုတ်သည့်တိုင် ခိုင်လုံ၏

ပိုးသားကို ဓါးနဲ့ဖြတ်တောက်သလိုပင်

"ငါတို့ ဒီအတိုင်းဆက်နေရင် နောက်နေ့ ရှင်သန်နိုင်မှာမဟုတ်ဘူး။"

တိတ်ဆိတ်ကုန်၏

"ဒါကို ငါတို့ စောင့်နေမှာတော့ မဟုတ်ဘူး။"

လူတိုင်း တင်းမာသွားသည်။

ပိုင်ကျီဟန်မျက်လုံးများသည် စခန်းကို လှည့်ပတ်သွားသည်။ တွက်ချက်နေ၏ အေးစက်စက်နဲ့ အာရုံစိုက်ထားသည်။

"ငါတို့ ပေါင်းစည်းရမယ်။"

သူသည် အနီးနားရှိ တစ်ဝက်တစ်ပျက် အဆောက်အအုံဆီသို့ ညွှန်ပြသည်။

"ဒါက ငါတို့ရဲ့ ခိုလှုံရာ နေရာဖြစ်မယ်။ ဝင်ပေါက်တစ်ခုပဲရှိတယ်။ တိရစ္ဆာန်တွေ ထပ်လာရင် အရပ်သားတွေ ပြန်ဆုတ်ရမယ်။ အစောင့်တွေက ပတ်၀န်းကျင်ကို စောင့်ကြပ်ကု။ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ မရှိရင် ရိုးရှင်းတဲ့ ထောင်ချောက်တွေနဲ့ အကာအရံတွေ ချဖို့ ကူခိုင်းလိုက်”

သူသည် လက်နှစ်ချောင်းကို မြှောက်လိုက်သည်။

"ငါတို့အဖွဲ့တွေခွဲမယ်။ အဖွဲ့တစ်ဖွဲ့က စားနပ်ရိက္ခာတွေကို စီမံပေးရမယ်။ ရေ၊ အစားအသောက်၊ ဆေးဝါးတွေလိုတယ်၊ အဝေးကနေ အသုံးဝင်တဲ့ အရာမှန်သမျှကို ရှာပြီး ပြန်သယ်လာရမယ်။"

"အခြားအဖွဲ့ကတော့ ကယ်ဆယ်ရေးအဖွဲ့ပဲ။အဲ့တာကို ငါ ဦးဆောင်မယ်။ ပုန်းအောင်းနေတဲ့ ဒါမှမဟုတ် ပိတ်မိနေတဲ့သူတွေကို ကယ်တင်ကြရမယ်။"

"ဘယ်သူမှ တစ်ယောက်တည်း မလုပ်ရဘူး။ ဘယ်သူမှ မပြေးရဘူး။ ငါတို့ အဖွဲ့နဲ့လုပ်ရမယ်။ အမိန့်ကို လျစ်လျူရှုရင် နံရံပေါ်ကနေ ငါကိုယ်တိုင် ပစ်ချမယ်။ ရှင်းပြီလား"

ဒါဇင်နဲ့ချီသော အသံတွေ တပြိုင်နက် တုံ့ပြန်ကြ၏

"ဟုတ်ကဲ့ တပ်မှူး”

အရပ်သားတွေတောင် ခေါင်းညိတ်ကြ၏ တစ်ချို့က မဝံ့မရဲဖြစ်နေပြီး တချို့က မျက်လုံးထဲ၌ မီးတောက်နေကြ၏

ဟုန်ထောင်ကတော့ သူ့ဘေးတွင် ပြုံးနေသည်။

"အခု တကယ့် ခေါင်းဆောင်တစ်ယောက်လို ဖြစ်နေပြီ”

ပိုင်ကျီဟန်သည် မတုံ့ပြန်ချေ။ သူ့လက်နှစ်ဖက်ကို ပိုက်ထားလိုက်သည်။

"ဟုန်ထောင်”

"ဟုတ်ကဲ့ တပ်မှုး?"

"မင်းက ထောက်ပံ့ရေး အဖွဲ့ကို ဦးဆောင်ရမယ်။ အခြားလေးယောက်ကို ခေါ်သွား၊ နတ်ဆိုးသားရဲတွေ မရှိမဲ့ နေရာကိုသွား”

"ဟုတ်-ဟုတ်ကဲ့ တပ်မှူး”

ဟုန်ထောင်သည် ချီတုံချတုံဖြစ်နေသော်လည်း သဘောတူလိုက်သည်။ ၎င်းသည်လည်း ပိုင်ကျီဟန် သူ့ကိုလုပ်ဖို့ အမိန့်ပေးခဲ့လို့သာ။

"နောက်တစ်ခုကတော့ ဒါက တစ်မြို့လုံးကို ကယ်တင်နိုင်တဲ့ အရာတစ်ခုပဲ" ဟု ပိုင်ကျီဟန်က ပြောသည်။

ဟုန်ထောင်သည် အံ့ဩတကြီးနဲ့ မျက်လုံးများ ပြူးကျယ်သွားသည်။

မြို့ကို ကယ်တင်နိုင်မည့် အရာတစ်ခုလား။

ဖျက်ဆီးခြင်းခံရသော ပတ်ဝန်းကျင်ကို ပတ်ကြည့်လိုက်၏။ ရှင်သန်ခြင်းသည်ပင် အံ့ဖွယ်တစ်ခု ဖြစ်နေချေပြီ

မြို့ကို ကယ်ဖို့လား

"ပိုတက်စီယမ် နိုက်ထရိတ်ကို သိလား။"

ပိုင်ကျီဟန်က မေးလိုက်သည်။

"ပိုတက်စီယမ်နိုက်ထရိတ်?"

ပိုင်ကျီဟန် ဘာပြောနေမှန်း မသိကြောင်း သူ့အပြောအဆိုအရ ထင်ရှားသည်။

"ဟမ်... မြေသြဇာမှာသုံးတဲ့ အဖြူရောင်ဆားကိုရော မင်းသိလား။"

ပိုင်ကျီဟန်က ထပ်ကြိုးစားပြီး မေးလေ၏

ဟုန်ထောင်သည် တစ်စက္ကန့်လောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဟုတ်.. သိပါတယ် “

"အဲဒါယူလာခဲ့ဖို့ လိုတယ်။ ဖြစ်နိုင်ရင် အဲ့တာကို ရှာရမယ်”

ပိုင်ကျီဟန်က ပြောလေသည်။

သူဘာကြောင့် ပိုတက်စီယမ်နိုက်ထရိတ် လိုအပ်တာလဲ။ အများကြီးတွေးနေစရာ မလိုပေ။

ဖောက်ခွဲရေးပစ္စည်းတွေ လုပ်ချင်တာပင်

ဤစမ်းသပ်မှု မည်မျှကြာမည်ကို သူမသိသော်လည်း နတ်ဆိုးသားရဲတိုင်းကို သတ်ပစ်ဖို့ဆို ရက်သတ္တပတ်များစွာ ကြာနိုင်သည်။ လနဲ့ချီကြာနိုင်၏ တစ်ယောက်တည်းလုပ်တာက ကိုယ့်ကိုကိုယ်သတ်သေတာပင်။

ဖောက်ခွဲရေးပစ္စည်းတွေနဲ့ဆို တခြားသူတွေလည်း တိုက်ခိုက်နိုင်၏

(ခေတ်သစ်စစ်ပွဲ၏ စွမ်းအားကို ခံစားဖူးစေရမယ်)

ထိုသို့ပြောသည့်တိုင် အခြေခံ ဖောက်ခွဲရေးပစ္စည်းလုပ်နည်းကိုသာ သူသိ၏ ၎င်းကလည်း လုံလောက်ပေသည်။

ပိုင်ကျီဟန်သည် ပေါက်ကွဲစေတတ်သော ပစ္စည်းနှစ်ခုဖြစ်သည့် ဆာလဖာနှင့် မီးသွေးကို ရှာဖွေရန် ဟုန်ထောင်အား ဆက်လက်ပြောပြသည်။

ထိုနှစ်ခုသည် ရှင်းပြဖို့နဲ့ ရှာဖို့ လွယ်ကူ၏

ဟုန်ထောင်သည် ပိုင်ကျီဟန်အား မမေးချေ။ သူလုပ်ခဲ့သည့် အကြောင်းအရာအပြီးတွင် မည်သို့မျှ စောဒကမတက်တော့ပေ

ထိုပျက်စီးခြင်းအလယ်တွင် လူ ၅၀လောက် စုဝေးနေသည်။ ၎င်းသည် တကယ့်တပ်မှူးတွေတောင် ဆွဲထုတ်နိုင်သည့် အရာမဟုတ်ပေ

တူညီသော တပ်မှူးများသည် ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည်။ ထို့ကြောင့် ၎င်းသည် တရားမျှတသော နှိုင်းယှဉ်မှု မဟုတ်ပေ။

မည့်သို့ပင်ဖြစ်စေ ပိုင်ကျီဟန်သည် ဟုန်ထောင်အဖို့ အသက်ရှင်ကျန်ရစ်သူ တစ်ဦးသာ မဟုတ်ပေ။

သူသည် ၎င်းတို့၏ ကယ်တင်ရှင်နှင့် ခေါင်းဆောင်ဖြစ်သည်။

မေးခွန်းမထုတ်ဘဲ လိုက်နာထိုက်သူသာ

All Chapters