သံမြူနှင်းမြို့
Vol. 10 Ch. 138
ညတာသည် ရှည်လျားပြီး အနားယူသူလည်းသိပ်မရှိပေ။
တချို့ကတော့ အိပ်ဖို့ကြိုးစားနေ၏
ပိုင်ကျီဟန်ကတော့ တစ်စက္ကန့်မျှ အချိန်မဖြုန်းပေ
သူ့အဖွဲ့ကို အမိန့်ပေးကာ တာဝန်တွေ ချပေးပြီးသည်နဲ့ သတင်းအချက်အလက် စတင် စုဆောင်းမှုလုပ်ခဲ့သည်။ အထူးသဖြင့် သူရှိနေသည့် မြို့နဲ့ ကမ္ဘာအကြောင်း အားလုံးကိုပင်
သူ့အနေနဲ့ ထိုမြို့အကြောင်း မေးမြန်းရာတွင် ထူးဆန်းသလို ဖြစ်နေသည့်အတိုင် ထိန်းမထားတော့ပေ
မီးဖိုဘေး၌ တင်ပျဉ်ခွေထိုင်နေသည့် ဟုန်ထောင်သည် တဖြည်းဖြည်း ရှင်းပြသည်။
သူ တယ်လီပို့ခံရသော မြို့ကို “သံမြူနှင်းမြို့” ဟု ခေါ်ကြသည်။
တစ်ခါက ကုန်သွယ်ရေးမြို့ကြီးတစ်မြို့ ဖြစ်ခဲ့ပြီး မြို့အပြင်ဘက်တွင် ရှိသည့် သံမှိုင်းတူးဖော်ရေး စခန်းကြီးပေါ် အခြေခံပြီး တည်ဆောက်ထားပေသည်။
သံတူးဖော်ရေးဖြစ်သည့်တိုင် အချို့ မြေကြောတွင် အဂ္ဂရိတ် သတ္တုစပ်ပစ္စည်းတွေပါ တွေ့ရတာကြောင့် ကျင့်ကြံသူများနဲ့ ကုန်သည်တွေအထိပါ ဆွဲဆောင်နိုင်ခဲ့သည်။
သာမန် ဂိုဏ်းအသေးအခွဲတစ်ခုပါ တည်ရှိခဲ့ပေမဲ့ တစ်နှစ်အကြာမှာတော့ နောက်တဖက်ကို ရွှေ့သွားခဲ့သည်။
သံမြူနှင်းမြို့ကို အပြင်မြို့၊ အလယ်ပိုင်းနဲ့ အတွင်းမြို့ဟူပြီး အလွှာသုံးလွှာ ခွဲထားသည်။
အပြင်မြို့သည် အကြီးဆုံးဖြစ်ပြီး အလုပ်သမားများ ၊ ကုန်သည်များနဲ့ ပြည်သူများ ပြည့်နေသည့် နေရာပင်။
အလယ်ပိုင်းသည် ပိုချမ်းသာပြီး အလုပ်ရုံများ ၊ ဂိုဏ်းခွဲများနှင့် ကုန်သည်ရုံးခွဲများ နေရာယူထားသည့် နေရာပင်။ နံရံတွေ ပိုခိုင်ခံ့ပြီး တပ်ဖွဲ့တွေသည်လည်း ပိုလေ့ကျင့်ထားသော အဖွဲ့တွေ ဖြစ်၏
ပိုင်ကျီဟန်နဲ့ သူ့အဖွဲ့ရောက်နေတာက ထိုနေရာမှာပင်
သို့ပေမဲ့ အတွင်းမြို့ကတော့ တကယ့် ခံတပ်မြို့တစ်မြို့ပင်။ အထဲတွင် နိုင်ငံအဆင့် အကြီးအကဲများ၊ စွမ်းအင်မြင့် ကျင့်ကြံသူများအပြင် မြို့တော်ဝန် အိမ်တော်ပါ ရှိ၏
အတွင်းမြို့တံခါးပိတ်လိုက်သည်နှင့် မည်သူမျှ အဝင်အထွက် လုပ်မရတော့ပေ
ထိုနေရာရှိ လူများသည် လုံးဝ လုံခြုံပြီး သူတို့ပြင်ပမှလူတွေကတော့ ကိုယ့်ဘဝကို ကိုယ်တိုင် ကယ်တင်နေရချေသည်။
(သံမြူနှင်းမြို့)
သူ ရင်းနှီးသည့် နာမည်တော့ မဟုတ်ချေ။ ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော မြို့တိုင်း နာမည်ကို သူမသိနိုင်ချေ။
ဟုန်ထောင်ကို မည်သည့်နှနှစ်လဲဟု မေးလေ၏
ကောင်းကင်သံသရာရဲ့ နှစ် ၂၃၇။
ဘာကိုဆိုလိုမှန်း ပိုင်ကျီဟန် မသိပေ။
ထိုနှစ်ကိုခြေရာခံဖို့လည်း လက်ရှိစနစ်သည်အဆင်မပြေပေ
၎င်းသည် လွန်ခဲ့သောနှစ်တစ်ထောင်က အသုံးပြုခဲ့သည့် ပြက္ခဒိန်လည်း မဟုတ်ပေ။ ထိုအကြောင်းကို သူသိပေ၏
(ဖြစ်နိုင်တာက နှစ်ပေါင်းထောင်သောင်းမက... မသေမျိုးဧကရာဇ် ဖေးလိန်က လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းနှင့်ချီကတည်းက တည်ရှိခဲ့တာဆိုတော့ ဒါကဖြစ်နိုင်မယ်)
ပိုင်ကျီဟန်သည် သူရောက်ရှိနေသောကမ္ဘာ သို့မဟုတ် အချိန်ကာလသည် မသေမျိုးဧကရာဇ် ဖေးလိန်နှင့်တူသောခေတ် ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့သည်။
ထို့နောက် အနီးနားတွင် ကျင့်ကြံရေးဂိုဏ်း သို့မဟုတ် မျိုးနွယ်စုရှိမရှိ မေးမြန်းခဲ့ရာ အဖြေမှာ အနုတ်လက္ခဏာဆောင်ပေသည်။
မိုင်ပေါင်း သောင်းချီအကွာတွင် တစ်ခုရှိသော်လည်း စစ်ကူရရှိရန် ရက်ပေါင်းများစွာ ကြာပေမည်။
အတွင်းမြို့မှ ကျင့်ကြံသူများနှင့် ဆက်သွယ်ရန် နည်းလမ်းပင် မရှိချေ
တစ်ခုသိထားဖို့က ကျင့်ကြံသူများသည် အလကားအလုပ်မလုပ်ပေ။ သူတို့သည်တန်ကြေးကြီးပေသည်။
မြို့တွင်းရှိလူများသည် ငွေအတွက် ဂိုဏ်းနှင့် ဆက်သွယ်ရန်ပင် စိတ်မ၀င်စားကြပေ။
တစ်နည်းအားဖြင့် အခြေအနေက မျှော်လင့်ချက်မဲ့နေခဲ့သည်။ စစ်ကူများသည် ၎င်းတို့အားကိုးနိုင်သည့် အရာမဟုတ်ပေ။
"ဒါဆို အတွင်းမြို့ရဲ့ အင်အားကကော၊ ဒီနတ်ဆိုးသားရဲတွေကို သူတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား"
လွယ်ကူမည် မဟုတ်သော်လည်း အတွင်းမြို့၌ ပိုမိုအားကောင်းသော ခံစစ်နှင့် ကောင်းမွန်သော လက်နက်များ အများအပြားရှိခြင်းကြောင့် ဟုန်ထောင်အနေနဲ့ ၎င်းတို့လုပ်နိုင်သင့်သည်ဟု ဖြေကြားခဲ့သည်။
ပိုင်ကျီဟန်အနေနဲ့ နတ်ဆိုးသားရဲတွေကို မကိုင်တွယ်နိုင်လျှင် အတွင်းမြို့ရှိ လူတွေ ပူးပေါင်းဖို့ကလွဲပြီး ရွေးချယ်စရာ မရှိပေ။
ကူညီသည်ဖြစ်စေ ပါဝင်သည်ဖြစ်စေ ဒါက သူ့အပေါ်မှာပဲ မူတည်နေ၏
သို့တိုင် ထိုအစီအစဉ်များကို မလုပ်ချင်သေးပေ။ စမ်းသပ်မှု၏ ရည်ရွယ်ချက်သည် အတွင်းမြို့ကို ကာကွယ်ရန် ဖြစ်နိုင်သည်။
သူ့အနေနဲ့ မည်သည့်အခွင့်အရေးမှ မယူနိုင်ပေ။ထို့အပြင် ထိုရွေးချယ်မှုကို အသုံးချရလောက်သည့်အထိ စိတ်ပျက်အားလျော့လို့ မဖြစ်သေးပေ။
နောက်တစ်နေ့တွင် ပိုင်ကျီဟန်သည် အခြားသူများကို ကယ်တင်ရန် အဓိက တာဝန်ယူထားသည့်လူအနည်းငယ်နှင့်အတူ နောက်ထပ် နတ်ဆိုးများကို သတ်ဖို့ စီစဉ်ခဲ့သည်။
ပိုင်ကျီဟန်သည် နတ်ဆိုးသားရဲများရှိရာသို့ လှည့်လည်ရုံသာမက။
သူတို့မှာပါသည့် မြေပုံကိုသုံးပြီး သူသွားမည့်နေရာကို သေချာရွေးလိုက်သည်။
သူသွားမည့် ပထမဆုံးနေရာကတော့ ပိုကောင်းသည့် ပစ္စည်းများ ဝယ်ယူဖို့နဲ့ ပန်းပဲဆရာတောင် ရှိနိုင်သည့် ပန်းပဲဖိုကိုပင်
ပိုင်ကျီဟန်အနေနဲ့ တစ်ခုလောက်ရနိုင်ပင် သေနတ်ထုတ်လုပ်ဖို့ စဉ်းစားထားသည်။
ပန်းပဲဆရာ ရနိုင်ဖို့ကတော့ မသေချာပေ။ အချိန်တိုတိုအတွင်း သေနတ်များ တီထွင်ရန် လိုအပ်သော အရည်အချင်းတွေရှိဖို့ မဆိုထားနှင့်။
လက်နက်များ ကိုင်ဆောင်နိုင်သရွေ့ ခရီးသည် အောင်မြင်မည် ဖြစ်သည်။
ထိုအတောအတွင်း ဟုန်ထောင်သည် ၎င်း၏ အကူလေးယောက်နှင့်အတူ မနေ့က လမ်းကြောင်းအတိုင်း သွားခဲ့ပြီး ပိုင်ကျီဟန်ကတော့ သားရဲအများစုကို သတ်ထားပြီးဖြစ်သည်။
သူတို့အားလုံး နေမ၀င်ခင် နေရာသို့ ပြန်သွားကြသည် ။
အက်ကွဲနေသော ကျောက်တုံးကဲ့သို့ အရေပြားနှင့် ဆာလောင်မွတ်သိပ်နေသည့် မျက်လုံးများရှိသော ခြေလေးချောင်းနဲ့ သတ္တဝါကို ပိုင်ကျီဟန်တို့ ပထမဆုံးတွေ့ခဲ့ကြသည်။
ပိုင်ကျီဟန်ကတော့ တွန့်ဆုတ်မနေပေ
သူသည် ရှေ့သို့ တိုး၍ ဓားဖြင့် တဟုန်ထိုး ခုန်ချလိုက်သည်။ သားရဲသည် နောက်ဆုတ်ပြီး မေးရိုးကို ဟလိုက်သည်။ သို့သော် ကိုက်ရန် အခွင့်အရေး မရခဲ့ပေ။
လှုပ်ရှားရင်း ပိုင်ကျီဟန်သည် ခန္ဓာကိုယ်ကို လိမ်ကာ သူ၏ဓားကို သတ္တဝါလည်ချောင်းထဲသို့ ထိုးချလိုက်သည်။
ရိုက်ခတ်မှုမှ ချီပေါက်ကွဲထွက်လာပြီး သားရဲသည် လဲကျကာ ဦးခေါင်းသည် ဘေးသို့ လိမ့်ကျသွားသည်။
အကူအညီပေးသူများသည် မျက်လုံးပြူးကျယ်ပြီး ခဏမျှ စိုက်ကြည့်နေကြသည်။
"အရမ်းမြန်တယ်..."
"အဲဒီနတ်ဆိုးသားရဲတွေက တပ်မှူးပိုင် သတ်တာခံရမယ့် သားရဲတွေပဲ”
"ငါတို့ဘက်မှာ တပ်မှူးနဲ့ဆို ဘာမှကြောက်စရာမလိုဘူး”
ပိုင်ကျီဟန်ခေါ်လာသော အကူတွေသည် အစွမ်းထက်သော နတ်ဆိုးတစ်ကောင်အား လွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်းပြီးသည်ကို ကြည့်ပြီးနောက် သူ့အပေါ်
ယုံကြည်မှုအပြည့်ရှိလာသည်။
စွန့်ပစ်ထားသော လမ်းကြားများနှင့် ကျိုးပဲ့နေသော အဆောက်အအုံများကို ဖြတ်ကျော်ပြီးနောက် ပြိုလဲနေသော ကင်းမျှော်စင်အပျက်အယွင်းမှ တွားသွားနေသည့် ဓားလိုအမြီးနဲ့ အိမ်မြောင်သားရဲဆီ ရွေ့လျားသွားကြသည်။
သူသည် တုန်လှုပ်ချောက်ချားပြီး အမြီးကို နှင်တံကဲ့သို့ လေထဲသို့ လွှဲကာ အုပ်စုထံ လွှတ်တင်လိုက်သည်။
အခြားသူများ မတုံ့ပြန်မီတွင် ပိုင်ကျီဟန်သည် ၎င်း၏ ဓားနှင့် ဦးခေါင်းကို ချိန်ရွယ်ထားပြီးဖြစ်သည်။
ဘုန်း
ဓားလိုအမြီးနဲ့ အိမ်မြောင်၏ အာရုံသည် ပိုင်ကျီဟန်ဆီကိုမဟုတ်ဘဲ အုပ်စုအပေါ်တွင်သာ အာရုံစိုက်ထားတာကြောင့် သူ၏တိုက်ခိုက်
မှုကို လုံးဝသတိမထားမိပေ။
ရုတ်တရက် တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ အခွင့်အလမ်းမရှိဘဲ လွယ်လွယ်နဲ့ အသတ်ခံခဲ့ရသည်။
အကူအညီပေးသူများသည် အံ့သြထိတ်လန့်စွာ စောင့်ကြည့်ခဲ့ကြပြီး သေဆုံးသွားခဲ့သော သားရဲကိုလည်း အနည်းငယ် သနားမိသည်။
ပိုင်ကျီဟန်က ရပ်နေရင်း အချိန်မဖြုန်းပေ။
စီစဉ်ထားသည့်အတိုင်း သူတို့သည် မြေပုံပေါ်ရှိ လမ်းကြောင်းအတိုင်း လိုက်လာကြပြီး မကြာမီတွင် တူနှင့် မီးတောက်သင်္ကေတကို ချိတ်ထားသည့် ပြိုကျနေသော ဆိုင်ရှေ့ကို ရောက်သွားကြသည်။
ပန်းပဲဆရာ၏ပန်းပဲဖို။
အတွင်းဘက်ရှိ အဆောက်အအုံသည် အံ့သြဖွယ် ကောင်းလောက်အောင် ဟောင်းနွမ်းနေသည်။
သံချေးတက်နေသော ကိရိယာများသည် နံရံများတွင် စီတန်းကာ လက်နက်သေတ္တာများက ပြန့်ကျဲနေသည်။ အများစုသည် အမှိုက်များသာ —သို့သော် အားလုံးမဟုတ်ချေ။
နောက်ဘက်နားရှိ သော့ခတ်ထားသော ဗီရိုကို ပိုင်ကျီဟန်သည် ဖွင့်လိုက်ပြီး လက်နက်အများအပြားကို ထုတ်လိုက်သည်။
အဝါရောင်အဆင့်ရှိသော ရှေးဟောင်းပစ္စည်းများပင် မဟုတ်သော်လည်း သတ္တုစပ်ဓါးများ၊ တင်းပုတ်များ ၊ သပ်သပ်ရပ်ရပ်ရှိသော ဝိညာဉ်ကြိုးများနဲ့ ကောင်းစွာ ဖန်တီးထားသည့် လေးအနည်းငယ်ကိုပင် တွေ့ရသည်။
အနည်းငယ် ပျက်စီးနေသော်လည်း အသုံးပြုလို့ရဆဲဖြစ်ကာ ချပ်ဝတ်တန်ဆာ ဝတ်စုံအချို့ကို တွေ့ရသည်။ မထင်ရှားသော်လည်း အလုပ်ဖြစ်သေးသည်။ တာရှည်ခံ၏ လက်တွေ့သုံးလို့ရသည်။
အရာအားလုံးကိုတော့ သယ်မသွားနိုင်ပေ။
"ငါတို့တတ်နိုင်သလောက်ယူမယ်"ပိုင်ကျီဟန်သည် ဓားတစ်ချောင်းကိုင်ပြီး အလေးချိန်ကို စစ်ဆေးလိုက်သည်။
"တခြားတွေ့တဲ့လူတွေပါ ခေါ်ခဲ့ ။"
"အရပ်သားတွေကိုဆိုလိုတာလား။"
" ဒီလမ်းက သားရဲတွေကို ရှင်းပြီးသွားပြီ။ သူတို့က အုပ်စုလိုက် ရွှေ့မယ်ဆိုရင် ငါသူတို့ကို လုံခြုံအောင် ထိန်းထားနိုင်တယ်။"
သူ့အကူတွေက ခေါင်းညိတ်ကြ၏ သူတို့သည် သဘောကျနေခဲ့ကြသော်လည်း အချိန်မဖြုန်းကြပေ။
မထွက်ခွာမီတွင် အသက်ရှင်ကျန်ရစ်သူ သုံးဦးဖြစ်သည့် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏သားနှစ်ဦးကို ပန်းပဲဖို၏ မြေအောက်ခန်းအောက်၌ ပုန်းအောင်းနေတာ တွေ့ရှိခဲ့ကြသည်။ အားနည်းပေဲ့ အသက်ရှိကြ၏
အဖွဲ့သည် သူတို့အား အစားအသောက်ပေးပြီး လမ်းလျှောက်နိုင်အောင် ကူညီပေးကြသည်။
သို့ပေမဲ့ ပိုင်ကျီဟန်ကို စိတ်ပျက်စေတာက
သူတို့ထဲတွင် ပန်းပဲဆရာတစ်ယောက်မှ မပါတာပင်
သို့တိုင် ကိရိယာများရယူဖို့ သူ၏တာဝန်သည်လည်း ပြီးမြောက်ခဲ့သည်။