← Chapters

နံရံများနောက်မှ မီးတောက်

Vol. 10 Ch. 140

နံရံများနောက်မှ မီးတောက်

Vol. 10 Ch. 140

သံမြူနှင်းမြို့၏ အတွင်းပိုင်းမြို့မှာတော့ နယ်နမိတ် အပြင်ဘက်တွင် ဖြစ်ပွားနေသော ဖရိုဖရဲအပျက်အစီးများနှင့် ဆန့်ကျင်ဘက်သာ

အပြင်မြို့နှင့် အလယ်ပိုင်းတို့သည် ပြာများ ၊ သွေးများ၊ ပျက်စီးနေသောအလောင်းများဖြင့် ပြည့်နေသော်လည်း အတွင်းမြို့ကတော့ ၎င်း၏နံရံများတွင် အားဖြည့်မှုများနဲ့အတူ တောက်ပနေသည်။

အခင်းအကျင်းဖွဲ့စည်းပုံသည် မိုးကောင်းကင်ထိ ထိုးဖောက်ထားပြီး သားရဲများ၏ တိုက်ခိုက်မှုကို တစ်ပတ်လောက်ကြာခံနေနိုင်သည့် အမိုးခုံးပုံစံ အတားအဆီးကို ဆောက်လုပ်ထားချေသည်။

အတွင်းမြို့၏ဘဝသည် ပြောင်းလဲမှုတစ်စုံတစ်ခုမှ မရှိသေးပေ။ အပြင်ဘက်မှ လူများ သေသည်ကိုပင် တစ်စက္ကန့်မျှ မတွေးဘဲ အဆင့်အတန်းမြင့် လူအားလုံးတို့က သောက်စားနေကြသည်။

အတွင်းမြို့၏ကာကွယ်သူဟု ခေါ်ကြသူများသည်လည်း ထင်သလောက် မဟုတ်ပေ ။ အများစုသည် အပြင်မြို့နှင့် အလယ်မြို့ ပျက်စီးသွားချိန်တွင် ပြေးလွှားသွားသူများဖြစ်သည်။

သို့သော် မိမိတို့၏ အဆင့်အတန်းမြင့်မားခြင်း သို့မဟုတ် အဆက်အသွယ်ကောင်းခြင်းကြောင့်သာ တခြားပြည်သူများ သေသွားချိန် တံခါးကို ဖြတ်သွားခွင့်ရခဲ့ကြသည်။

ယခုသူတို့သည် စစ်ဝတ်စုံတပ်ဆင်ပြီး နံရံပေါ်တွင် ကင်းလှည့်ကာ သူရဲကောင်းအဖြစ် သရုပ်ဖော်နေကြသည်။

အရာအားလုံး၏ဗဟိုတွင် နီညိုရောင်

နန်းတော်၏ အမြင့်ဆုံးမှာတော့ မင်းသမီး တစ်ပါး ရပ်နေချေသည်။

သူမသည် ကျောက်စိမ်းရောင် လေသာခန်းမတွင် နီညိုရောင်ပိုးဝတ်စုံဝတ်စုံကာ ခြေဗလာဖြင့်ရပ်နေသည်။

အသက်တစ်ဆယ်ခြောက်နှစ်သာ ရှိသော်လည်း နူးညံ့သိမ်မွေ့သောမျက်နှာနှင့် ထက်မြက်သော မျက်လုံးများကြောင့် နိုင်ငံအုပ်ချုပ်သူထက် အလိုလိုက်ခံရသည့် မိသားစုမှ သမီးနဲ့ပိုတူနေသည်။

“မင်းသမီး”

အမတ်သွမ်က ခေါင်းငုံ့ကာ ပြောလေသည်။

သူ၏အသံသည် လေးစားမှု ပြသည့်သဘော ရှိသော်လည်း ယဉ်ကျေးသောအပြုအမူအောက်တွင် အပြုံးတစ်ခုရှိနေချေသည်။

မင်းသမီးသည် နောက်ပြန်မလှည့်ပေ

သူမ၏လက်နှစ်ဖက်သည် ကျောက်စိမ်းကို မြဲမြံစွာဆုပ်ထားပြီး လက်များဖြူဖျော့နေကာ သူမ၏မျက်လုံးများသည် မီးခိုးအနက်တန်းများထွက်ပေါ်နေသည့် နေရာကို မမေ့မလျော့ ကြည့်နေသည်။

ထိုနေရာသည် အိမ်များ၊ ဈေးများ၊ စေတီများရှိခဲ့ဖူးပြီး မီးသွေးအဖြစ် အပျက်အစီးသာ ကျန်ခဲ့သည့် အပြင်မြို့ဖြစ်ပေသည်။

“အမတ်သွမ်။” မင်းသမီးသည် နူးညံ့စွာပြောလိုက်ပြီး သူ့အသံက လေတိုက်သလိုပင် “သေချာသလား… အပြင်ဘက်မှာ ဘယ်သူမှ မကျန်တော့တာလေ။”

အမတ်သွမ်၏ခြေသံသည် သူမနောက်၌ ရပ်သွားသည်။

“သေချာတော့ မပြောနိုင်ပါဘူး မင်းသမီး။” ဟု အမတ်သွမ်က သုံးသပ်မှုပညာနဲ့ ပြောလိုက်သည်။

“ဒါပေမဲ့ ရှင်သန်ရှိနိုင်ခြေ နည်းပါတယ်” ကင်းထောက်တွေ သတင်းအရ နံရံအပြင်ဘက်က အရာအားလုံးကို သားရဲတွေက ဖျက်ဆီးသွားပါပြီ။ အပြင်နံရံပျက်သွားပြီး အလယ်မြို့လည်း ထိခိုက်နေပါပြီ။ ကျွန်တော်တို့ အဆိုးရွားဆုံးအခြေအနေကို တွေးထားဖို့လိုပါတယ်”

ထိုအချိန်မှသာ မင်းသမီးသည် တဖြည်းဖြည်း ပြန်လှည့်လာပြီး သူမ၏မျက်လုံးများတွင် ကြောက်ရွံ့မှုထက် အပြစ်ရှိနေမှုကို မြင်နေရသည်။

"လူတွေက အပြင်မှာ ရှိနေတုန်းပဲ" သူမက ပြောချေ၏ "တံခါးတွေကို အချိန်မီ မရောက်နိုင်တဲ့ မိသားစုတွေ။ စစ်သားတွေ။ ကလေးတွေ။"

မှူးမတ်သွမ်၏ ဦးညွှတ်မှုသည် ပိုနက်ရှိုင်းလာသည့်တိုင် သူ့နှုတ်ခမ်းပေါ်ရှိအပြုံးက ဘယ်သောအခါမှ ပျောက်ကွယ်သွားမည် မဟုတ်ချေ

(အဲ့တော့ရော လူတိုင်းကို မြို့တွင်းထဲကို ခေါ်ဆောင်လာနိုင်မယ်လို့ မင်းထင်လား။ အသုံးမကျတဲ့ လူမိုက်တွေကို ငါတို့ရဲ့ ပိုကြီးမားတဲ့ ရည်ရွယ်ချက်အတွက် သေခွင့်ပေးလိုက်ပါ။)

"ဒါပေမယ့်... နောက်ထပ် အသက်တွေကို သေမင်းဆီ ပို့မှာလား။ နောက်ဆုံးလှိုင်းအတွင်းမှာ ကျွန်တော်မျိုးတို့က မြို့တွင်းနံရံကို ထိန်းထားနိုင်ရုံပဲ ရှိပါသေးတယ်။ အတားအဆီးဖွဲ့စည်းပုံတွေက ပါးလွှာနေပါတယ်။ သားရဲတွေက မြို့တွင်းကို ချိုးဖောက်ခဲ့ရင်—"

"တော်ပါပြီ”

သူမသည် တိုးတိုးလေးပြောပြီး သူမလက်ချောင်းတွေသည် ဘေးနှစ်ဖက်၌ တုန်နေသည်။

"ကျွန်မ သိတယ်။ ကျွန်မ သိပါတယ်။"

(ဒါဆိုရင် သူတို့ကို ကယ်တင်ဖို့ သွားတာကို ရပ်လိုက်လေ။ အဲဒီ နတ်ဆိုးသားရဲတွေက သူတို့ရဲ့ တိုက်ခိုက်မှု စတင်ခဲ့တာ တစ်ပတ်တောင် ရှိပြီ။)

သူမသည် သူ့ကို ကျော်ကာ ခန်းမဆီ လျှောက်သွားပြီး ကြမ်းပြင်ကို ခြေထောက်ဗလာနဲ့နင်းတာတောင် တိတ်ဆိတ်နေ၏

မှူးမတ်တွေသည် ပလ္လင်တော်၏စင်မြင့်တစ်ဝိုက်၌ စက်ဝိုင်းပုံစံနဲ့ အာရုံစိုက်နေကြပြီး အားလုံးရဲ့ မျက်လုံးတွေသည် သူမအား စိုက်ကြည့်နေကြသည်။

သူမသည် အလွန်ငယ်သေးပုံရသည်။

ဆုံးဖြတ်ချက်အများစုကို မှူးမတ်များက ချမှတ်ခဲ့ပြီး မင်းသမီးသည် စစ်မှန်သော အုပ်ချုပ်သူထက် ရုပ်ပြပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ

"ကျွန်မ သူတို့ကို စွန့်ပစ်ချင်တာ မဟုတ်ဘူး" သူမသည် အမတ်များကို မကြည့်ဘဲ မြေပြင်ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်မ အင်အားတွေထပ်ပို့ပြီး အတားအဆီး ပြိုကျသွားရင်... မြို့တွင်းက လူတိုင်းလည်း သေကြရလိမ့်မယ်။"

တိတ်ဆိတ်ငြိမ်သက်သွားသည်။ မည်သူမှ အကြံဉာဏ် မပေးရဲကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး စောင့်နေကြတာပင်။ စောင့်ကြည့်နေကြ၏ တွက်ချက်နေကြ၏

သူမ ခံစားမိနိုင်သည် ။ အာဏာမဲ့ခြင်း၏ မွန်းကြပ်သော ခံစားချက်။

သူမထက် အသက်နှစ်ဆကြီးသော လူများထံမှ တိတ်ဆိတ်သော ဆုံးဖြတ်ချက်။ မြို့တွင်းနံရံများသည် ခိုင်မာသော်လည်း အတွင်းပိုင်းရှိနိုင်ငံရေးသည် ကြမ်းပြင်အောက်ရှိ အပုပ်အသိုးများကဲ့သို့ ကြီးထွားနေဆဲဖြစ်သည်။

ဤကဲ့သို့သော အကျပ်အတည်း၌ပင် လူတိုင်းသည် အမြတ်အစွန်းရရှိရန်နှင့် ကိုယ့်အိတ်ကပ်ကိုယ် ဖြည့်ရန် လုပ်နေကြသည်။ မည်သူမျှ မြေပေါ်ပြိုကျသွားသော မြို့အကြောင်း မတွေးကြချေ။

ထိုကဲ့သို့ ချမ်းသာမှုနဲ့ဆို အခြားမြို့သို့ ထွက်ပြေးပြီး ငြိမ်းချမ်းစွာ နေထိုင်နိုင်သည်။

သို့ပေမဲ့ မလုပ်နိုင်သောသူတွေလည်း အများကြီးရှိ၏ ထိုလူတွေအနေနဲ့ တခြားသူတွေကို ဂရုစိုက်မည်လား။ အခွင့်အရေး မရှိပေ

"နီညိုရောင်မီးတောက်ဂိုဏ်းက ကျွန်မတို့ရဲ့ တောင်းဆိုချက်ကို မတုံ့ပြန်သေးဘူးလား"

မင်းသမီးသည် မျှော်လင့်ချက်အနည်းငယ်နဲ့ မေးလိုက်ပေသည်။ ထိုအင်အားကြီးဂိုဏ်းသာ ပါဝင်ပတ်သက်ခဲ့လျှင် အိပ်မက်ဆိုးကနေ သူတို့ကို သေချာပေါက် ကယ်တင်နိုင်မည် ဒါမှမဟုတ် အနည်းဆုံးတော့ သက်သာမည်ဟု သူမ တွေးလိုက်မိချေသည်။

သို့သော် သူမပို့ခဲ့သော မက်ဆေ့ချ်တွေအားလုံး တိတ်ဆိတ်မှုနဲ့သာ အဆုံးသတ်သွားခဲ့သည်။

"ဘာမှ ပြန်မဖြေသေးပါဘူး။"

အမတ်သွမ်က ပြန်ဖြေသည့်တိုင် သူပိုသိနေ၏

(တောင်းဆိုချက်မပို့ပဲ ဘာပြန်ကြားချက်ရှိမှာလဲ။)

အမတ်သွမ်နဲ့ တာဝန်ရှိသူတွေသည် တောင်းဆိုချက်အား မပို့ခဲ့ကြပေ။ ထိုကြောင့် အကူအညီလည်း လာမည်မဟုတ်ပေ

အကြောင်းရင်းကတော့

(ဒီလောက်ပမာဏနဲ့ အကူအညီရဖို့ ငါတို့ရဲ့ ဘဏ္ဍာအားလုံးကို ပေးရဖို့လား။ အသုံးမဝင်တဲ့ လူအနည်းငယ်ကို ကယ်တင်ဖို့အတွက် ဘာလို့ ငါတို့ရဲ့ ဘဏ္ဍာတိုက်တွေကို ဗလာအဖြစ်ခံမလဲ)

မင်းသမီး၏မြင်ကွင်းသည် အနည်းငယ် မှုန်ဝါးသွားချေသည်။

ထိုကဲ့သို့ ငရဲလိုနေရာတစ်ခုတွင် သူမ အနေနဲ့ မည်သည့်ဖြေရှင်းချက်မှ မရနိုင်ပေ။

(ငါ့မိဘတွေ ထားခဲ့တဲ့ မြို့ ပျက်စီးသွားတာကိုဒီအတိုင်းပဲ ကြည့်ရတော့မှာလား။)

သူမ စိတ်ထဲ၌ ထောင်ပေါင်းများစွာသော အသံတွေ အော်ဟစ်နေကြသည်။ သူမပြည်သူတွေ၏အော်ဟစ်သံတွေ၊ စစ်သားတွေ၏ ငိုကြွေးသံတွေ၊ တစ်ချိန်က ဆူညံနေသော လမ်းများ၏ တိတ်ဆိတ်ငြိမ်သက်မှုတွေ။

သူမ ခေါင်းမော့လိုက်သည်။

"ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ပါ" သူမက ပြောလေ၏

အမတ်သွမ် တောင့်တင်းသွားသည်။

"မင်းသမီး”

"ကျွန်မတို့မှာ အမြန်ဆုံးအဖွဲ့ရှိတယ်။ အလယ်မြို့ရဲ့ အခြေအနေကို စစ်ဆေးဖို့နဲ့ အန္တရာယ်ရဲ့ ပထမဆုံးလက္ခဏာကို မြင်တာနဲ့ ပြန်ဆုတ်ဖို့ သူတို့ကို ပြောလိုက်ပါ။"

အမတ်သွမ်၏ နှုတ်ခမ်းတွေ ပါးလွှာသွားသည့်တိုင် သူ ဦးညွှတ်နေဆဲပင်

"အမိန့်တော်အတိုင်းပါပဲ”

ခန်းမကြီး တဖြည်းဖြည်း တိတ်ဆိတ်သွားသောအခါ မင်းသမီးသည် သူမ၏လသာဆောင်သို့ ပြန်သွားခဲ့သည်။ လေထုက ပိုအေးစက်လာသည်။

သူမသည် အရှေ့ကို တစ်ဖန် ပြန်ကြည့်လိုက်ချေ၏။

အံ့ဩစရာကောင်းတာက ဘုရင်တစ်ပါးဖြစ်လာသည့်အခါ

မည်သူအသက်ရှင်ရမည်၊ မည်သူသေရမည်ကို ရွေးချယ်ရတာပင်

သို့ပေမယ့် မည်သည့်အဖြေမှ ထွက်မလာပေ

နောက်ပိုင်း စင်္ကြန်လမ်း၌

"သူမက အဲဒီပျက်စီးသွားတဲ့ အပြင်ဘက်မြို့ကို အခုထိ လက်မလျှော့သေးဘူး" အမတ်သွမ်သည် ညည်းညူနေ၏

"ဟား ဟား။ သူမက ကလေးတစ်ယောက်ပါပဲ။ သူမကို ချိုသာတဲ့စကားအနည်းငယ်ကျွေးပြီး လှည့်စားလိုက်ပါ။"

အမတ်ရန်က လှောင်ပြောင်လိုက်သည်။

"သူမက မြို့လယ်နဲ့ မြို့ပြင်ကို စစ်ဆေးဖို့ ကင်းထောက်တွေတောင် စေလွှတ်ချင်နေတာ။ ကျွန်တော်တို့ ဒုက္ခပေးသင့်လား"

အမတ်သွမ်သည် ကျိုးကြောင်းဆီလျော်စွာ မေးလိုက်သည်။

"သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မတတ်နိုင်တဲ့သူတချို့ကို စေလွှတ်လိုက်ပါ။ လုံးဝပျက်စီးသွားတဲ့သတင်းတွေ သူတို့ပြန်ယူလာတဲ့အခါ သူမသတိပြန်ဝင်လာနိုင်တယ်။"

အမတ်ရန်က လှောင်ပြောင်စွာ ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် မြို့လယ်က တကယ်ပျက်စီးသွားပြီလား? အသက်ရှင်ကျန်ရစ်သူတွေ ရှိနေနိုင်သေးတယ်"

အမတ်သွမ်သည် သံသယဝင်စွာ ပြောလိုက်သည်။

"သူတို့က သာမန်လူတွေပါ၊ ကျင့်ကြံသူတွေ မဟုတ်ပါဘူး။ တစ်ပတ်လောက် အစားအစာနဲ့ရေမရှိရင် အားလုံး သေသွားလောက်ပြီ။ ကျွန်တော်တို့ ပြင်ဆင်မှုတွေကို အာရုံစိုက်

သင့်တယ် - အဲဒီနတ်ဆိုးသားရဲတွေက အတွင်းမြို့ကို နောက်တစ်ခါ မျက်စိကျလာရင် ကျွန်တော်တို့ ကံဆိုးသွားလိမ့်မယ်။"

All Chapters