ကင်းထောက်၏ တွေ့ရှိမှု
Vol. 10 Ch. 142
နီညိုရောင် နန်းတော်ကြီး၏ အတွင်းခန်းမ၌ အမတ်များ တီးတိုးပြောဆိုနေပြီး အခုရက်များအတွင်း ပထမဆုံးအကြိမ် လူပြည့်နေ၏
ခုံတိုင်း ပြည့်နေသည်။ အရာရှိကြီးများ၊ အကြံပေးများနှင့် အမတ်များအထိ တက်ရောက်လာကြပြီး ၎င်းတို့၏ မျက်နှာများသည် စူးစမ်းမှုမှသည် သည်းမခံမှုထိ အမျိုးမျိုးဖြစ်နေကြသည်။
ခန်းမ၏ အလယ် ထိုင်ခုံမြင့်ပေါ်မှာတော့ မင်းသမီးသည် ထိုင်နေခေ၏ အနီနှင့် ရွှေရောင် ဝတ်စုံကို ဝတ်ထားပြီး ကြွေရုပ်လေးထုထားသလို ငြိမ်သက်နေ၏
သို့သော် မင်းသမီး၏ လက်များသည် အင်္ကျီအောက်တွင် တင်းတင်းဆုပ်ထားပြီး ဖြူဖျော့နေချေသည်။
သူတို့အားလုံး စုဝေးရခြင်း၏ အကြောင်းအရင်းမှာ ပေးပို့ခဲ့သော ကင်းထောက်သည်နောက်ဆုံးတွင် ပြန်လည်ရောက်လာခြင်းကြောင့် ဖြစ်သည်။
နန်းတော်ဝင်တံခါးနှစ်ခုသည် တုန်ခါသံဖြင့် ပွင့်လာပြီး စစ်သားတစ်ဦး ဝင်လာသည်။ ညစ်ပတ်ပေတေနေသော ချပ်ဝတ်တန်ဆာ၊ အင်္ကျီလက်ပေါ်တွင် သွေးစက်များနှင့် မျက်လုံးများမှာ ပင်ပန်းနွမ်းနယ်နေသော်လည်း အသက်ရှင်နေ၏
သူသည် ပြန်ရောက်လာချင်း အနားမယူပဲ အရေးတကြီးသတင်းပေးဖို့ ရောက်လာခဲ့သည်။
“အမိန့်အတိုင်း သတင်းပေးပို့ပါတယ်”
ဒူးထောက်ရင်း သူက အော်ပြောလေ၏
(သူ့အနေအထားအရ သတင်းက ငါတို့ မျှော်မှန်းထားသလိုပဲ ဖြစ်မယ်)
အမတ်သွမ်နဲ့ အမတ်ရန်တို့သည် ထိုသို့ တွေးနေကြသည်။
“ထပါ” မင်းသမီးသည် ချက်ချင်းပြောလိုက်ပြီး သူ့၏အသံမှာ တည်ငြိမ်နေသည်။ “အလယ်မြို့မှာ ဘာတွေ့ခဲ့လဲ”
တိတ်ဆိတ်သွားပြီး မျက်လုံးအားလုံးသည် ကင်းထောက်အပေါ် ကျရောက်သွားသည်။
သူသည် အသက်ရှူလိုက်သည်။
“အလယ်မြို့… အခုထိ ရပ်တည်နိုင်ပါသေးတယ်”
ထိတ်လန့်သံများနဲ့ စကားသံများသည် လျှပ်စီးလျက်သလိုပင် တစ်ပြိုင်နက် ပျံ့နှံ့သွားသည်။
“ဘာလဲ”
“မဖြစ်နိုင်ဘူး”
အဆိုးဆုံးကို မျှော်လင့်ထားသူ မင်းသမီးသည် မျှော်လင့်ခြင်းဖြင့် မျက်လုံး ပြူးကျယ်သွားသည်။
အမတ်သွမ်၏ မျက်နှာမှာ တင်းကျပ်သွားသည်။ ထိုင်ရာမှ ချက်ချင်း ထလာပြီး ပြောလိုက်သည်။
“အဲ့တာ ဘာကိုဆိုလိုတာလဲ? နောက်ဆုံးပေးပို့တဲ့ သတင်းတွေက”
“ကျွန်တော်တို့ မှားယွင်းခဲ့ကြတာပါ” ကင်းထောက်သည် ဖြတ်ပြောလိုက်သည်။
“ အကာအကွယ်စနစ်ပြိုကျသွားပြီးအထောက်အပံ့တပ်တွေ ရောက်မလာနိုင်တော့ မြို့ပြိုကျသွားပြီးလို့ ကျွန်တော်တို့ ထင်ခဲ့ကြပါတယ် ။ဒါပေမဲ့ အလယ်မြို့ရဲ့ အတွင်းစက်ဝိုင်းမှာ အသက်ရှင်ကျန်ရစ်သူ အုပ်စုကြီးတစ်စု စုဆောင်းထားပြီး ကာကွယ်ရေးပါလုပ်နေကြပါတယ်”
မင်းသမီးသည် စူးရှသောမျက်လုံးများနဲ့ ရှေ့သို့နည်းနည်း စောင်းလိုက်သည်။
“ ခံစစ်လား။ သူတို့က နတ်ဆိုးသားရဲတွေကို ပြန်တိုက်ခိုက်နေတယ်လို့ ပြောချင်တာလား။"
"ဟုတ်ပါတယ် ။ သူတို့ တိုက်ခိုက်ခံနေရဆဲဆိုပေမယ့် သူတို့ရဲ့ နယ်မြေကို ထိန်းထားနိုင်ပါတယ်။ အရပ်သားတွေနဲ့ စစ်သားတွေ အများကြီးက ခံစစ်ကို ဦးဆောင်နေကြပါတယ်။"
မယုံကြည်နိုင်စရာ လှိုင်းလုံးကြီးတစ်ခုသည် ခန်းမတစ်ခုလုံးကို ဖြတ်သန်းသွားချေသည်။
"လေ့ကျင့်မထားတဲ့ အရပ်သားတွေက နတ်ဆိုးသားရဲတွေကို ဘယ်လို ခုခံနိုင်မှာလဲ။ မင်း မမှားဘူးဆိုတာ သေချာလား"
အမတ်သွမ်သည် မျက်မှောင်ကြုတ်ပြီး မေးလိုက်လေ၏
သူတို့ကို အံ့အားသင့်စေတာက အသက်ရှင်ကျန်ရစ်မှုတင်မကဘဲ အရပ်သားတွေ တိုက်ခိုက်နေကြတာပင်။
"အမတ်သွမ် ၊ အဲဒါက အံ့သြစရာကောင်းတဲ့ အပိုင်းပါပဲ”
ကင်းထောက်သည် စိတ်လှုပ်ရှားနေသော မျက်လုံး တောက်တောက်နဲ့ ပြန်ဖြေလိုက်သည်။
"သူတို့မှာ လက်နက်တွေရှိတယ် - တုတ်ရှည်တစ်မျိုးမျိုးလိုပါ။ အဲ့တာက နတ်ဆိုးသားရဲတွေကို ချက်ချင်းသတ်နိုင်တယ်။ တစ်ချက်ဆွဲလိုက်တာနဲ့ သားရဲတွေက နေရာမှာတင် သေသွားတယ်”
"သူတို့ထဲက အယောက် ၂၀ လောက်မှာ အဲ့တာတွေ ရှိပါတယ်။ တစ်ယောက်ဆို နတ်ဆိုးသားရဲ သုံးကောင်ကို သူတို့ အနားမရောက်ခင်မှာတောင် သတ်ပစ်နိုင်တယ်။ မယုံနိုင်စရာပါပဲ”
ဘုန်း
အမတ်ရမ်သည် ဒေါသတကြီးနဲ့ စားပွဲကို ပုတ်ချလိုက်သည်။
"မင်း ငါတို့ကို ဒီလို အဓိပ္ပါယ်မရှိတဲ့ စကားတွေ လာပြောမနေနဲ့”
သူက အော်ချလိုက်သည်။
"ကျွန် ကျွန်တော်ပြောတာတွေက အမှန်တွေပါ”
ကင်းထောက်သည် ထစ်ငေါ့သွားလေ၏ "တခြားကင်းထောက်တွေကိုလည်း မေးလို့ရပါတယ်”
"ဒါက ရယ်စရာကောင်းလိုက်တာ.. အရပ်သားတွေ ကိုင်ဆောင်ထားတဲ့ နတ်ဆိုးသားရဲကို ချက်ချင်းသတ်နိုင်တဲ့ လက်နက်လား။ အဲဒါက ပုံပြင်တစ်ပုဒ်ပဲလိုပါပဲ မင်းသမီးရေ၊ ကျွန်တော်မျိုးတို့ သူ့ကို စစ်ဆေးမေးမြန်းရမယ်—ဇာတ်လမ်းတွေကို လှည့်စားမယ့်အစား အမှန်အတိုင်း ပြောခိုင်းရပါမယ်။"
သူသည် ကင်းထောက်ပြောသည့် စကားတစ်လုံးမှ မယုံပေ ။ သို့မှမဟုတ် သူ မယုံချင်တာလည်း ဖြစ်နိုင်၏
တခြားသူတွေကတော့ သဘောတူသည့်အနေနဲ့ ခေါင်းညိတ်ကြသည်။ မယုံနိုင်လောက်စရာပင်
"ခဏလေး”
မင်းသမီးသည် လက်ကိုမြှောက်လိုက်သည်။
အမတ်တွေနဲ့မတူတာက သူမသည် မျှော်လင့်ချက် ရောင်ခြည်တစ်ခုကို မြင်လိုက်ရချေသည် ။ လိမ်ညာမှုတစ်ခုဆိုလျှင်ပင် သူမ ယုံချင်မိ၏
"ငါ့ကို ထပ်ပြောပြနိုင်မလား?"
ကင်းထောက်သည် ခေါင်းညိတ်ပြီး သူမြင်တွေ့ခဲ့ရသည်ကို ပြန်ပြောပြလေ၏။
သူနဲ့ သူ့အဖွဲ့သည် အလယ်မြို့၏ ကံကြမ္မာကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်ခံလိုက်ရသည်။
အစပိုင်းမှာတော့ သူတို့သည် သေမင်းနယ်မြေဟု ထင်ခဲ့ကြသည်။ နတ်ဆိုးသားရဲတွေ လွှမ်းမိုးထား၏ မည်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ပေ
မျှော်လင့်ထားသည့်အတိုင်း သူတို့စုံစမ်းစစ်ဆေးမှု၏ ပထမနေ့တွင် အပျက်အစီးတွေနဲ့ နတ်ဆိုးသားရဲကလွဲလို့ ဘာမှမရှိပေ။
သူတို့ စုံစမ်းစစ်ဆေးမှု ဒုတိယနေ့ကိုလည်း အတူတူဟု ထင်ခဲ့ကြသည်။
သို့ပေမဲ့ သူတို့ မှားသွားကြသည်။
ဒုတိယနေ့မှာတော့ အသက်ရှင်ကျန်ရစ်သူအုပ်စုတစ်စုကို တွေ့လိုက်ရသည်။
သူတို့ကို အံ့အားသင့်စေတာက ၎င်းတို့ အသက်ရှင်နေတာပင်။ ကောင်းစွာစားသောက်ပြီး ကျန်းမာရေးကောင်းမွန်ပုံလည်း ရ၏
၎င်းတို့၏ အဝတ်အစားနှင့် ပစ္စည်းကိရိယာများအရ ကင်းသမားများနှင့် အရပ်သားများ ရောနှောနေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
ကင်းထောက်များ ၎င်းတို့ကိုမြင်ရချိန်တွင် နတ်ဆိုးသားရဲသုံးကောင်နှင့် ရင်ဆိုင်နေကြသည်။
ထိုအချိန်တွင် ကင်းထောက်များသည် ၎င်းတို့ သေလုမျောပါးဖြစ်မည်ဟု ယုံကြည်ကြသည်။
အထူးကင်းထောက်အဖွဲ့တစ်ဖွဲ့ပင် နတ်ဆိုးသားရဲသုံးကောင်နှင့်ဆို ရုန်းကန်ရမည်ဖြစ်သည်။
သို့ပေမဲ့ ဖြစ်ပျက်ခဲ့ချေသည်။
လူနှစ်ယောက်သည် ထူးဆန်းသော တုတ်ရှည်တွေကို ဆွဲထုတ်လိုက်ကြသည်။ ကင်းထောက်တွေအနေနဲ့ ၎င်းတို့ကို ဘာတွေလဲဆိုတာ လုံးဝမသိပေ။ အစကတော့ နောက်ဆုံးတိုက်ပွဲမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်သည်ဟု ထင်ခဲ့ကြသည်။
သို့ပေမယ့် ချက်ချင်းပဲ မိုးကြိုးပစ်သံနဲ့အတူ နတ်ဆိုးသားရဲနှစ်ကောင် လဲကျသွားသည်။
လန့်ဖျပ်ပြီး ဒေါသထွက်နေသော တခြားလူတစ်ယောက်သည် တတိယမမြောက်တုတ်ကို ချက်ချင်းထုတ်ပစ်လိုက်သည်။
ကင်းထောက်တွေအနေနဲ့ မျက်လုံးတွေကိုတောင် မယုံနိုင်ကြပေ။ အိပ်မက်လားဟု တွေးပြီး ပွတ်သပ်ကြချေ၏
သို့တိုင် သူတို့အားလုံး ထိုသို့သာ မြင်ခဲ့ကြသည်။
သူတို့သည် အဖွဲ့နောက်ကို တိတ်တိတ်လေး လိုက်သွားပြီး အသက်ရှင်ကျန်ရစ်သူ ရာပေါင်းများစွာနဲ့ ပြည့်နှက်နေသော ခံတပ်နယ်မြေတစ်ခုကို တွေ့ခဲ့ကြသည်။ ဘေးဒုက္ခတစ်ခုထဲ
မရောက်ရှိနေသလိုပင် စကားပြောပြီး ရယ်မောနေကြသည်။
ပျော်ရွှင်ပြီး အသက်ရှင်နေကြ၏
သူတို့ထဲက အတော်များများသည် ထိုတုတ်ရှည်တွေကို ကိုင်ဆောင်ထားကြသည်။
ထိုလက်နက်တွေနဲ့သာဆို သူတို့ကိုယ်သူတို့ ကာကွယ်နိုင်တာက ကျိုးကြောင်းဆီလျော်သည်။
မင်းသမီးက တိတ်တိတ်လေး နားထောင်နေ၏
ယုံရခက်ချေသည်။ အသက်ရှင်ကျန်ရစ်သူ ရာပေါင်းများစွာလား။ နတ်ဆိုးသားရဲကို တစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ လက်နက်တွေလား။
ထို့အပြင် ၂၀ ကျော်ရှိသည်လား။
အားလုံးသည် အသန်မာဆုံး ကျင့်ကြံသူ ဒဏ္ဍာရီတွေထက် ပိုပြီး ရယ်စရာကောင်းသည်ဟု ထင်ရပေသည်။
"သူတို့ ခိုလှုံရာတစ်ခု တည်ထောင်ခဲ့တယ်လို့ မင်းပြောတယ်နော်.. သူတို့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲဆိုတာ မင်း သိသွားပြီလား" မင်းသမီးက မေးလေ၏
ကင်းထောက်သည် ခေါင်းညိတ်လိုက်သည်။
"သူက အလယ်မြို့စောင့်တပ်ရဲ့ တပ်မှူးတွေထဲက တစ်ယောက်ပါပဲ ။ သူ့ကို ကျွန်တော်မျိုး သေချာ မမှတ်မိပါဘူး ။ သူက ငယ်ရွယ်တယ် ။ ဒါပေမယ့် အဲဒီကလူတွေက သူ့ကို တော်တော်လေး ယုံကြည်ကြပုံရတယ်။"
တိတ်ဆိတ်မှုသည် ကြာရှည်သွားပြန်သည်။
အမတ်သွမ်နဲ့ အမတ်ရန်တို့သည် ဒေါသထွက်နေကြချေပြီ။ သူတို့သည် စကားတစ်လုံးကိုမှ မယုံကြည်ကြပေ။ သူတို့သည် ကင်းထောက်ကို ထောင်ချပစ်ချင်သည် - ဒါမှမဟုတ် နတ်ဆိုးသားရဲတွေကို အစာကျွေးမွေး ပစ်ချင်သည်။
သို့တိုင် မင်းသမီးသည် နက်နက်ရှိုင်းရှိုင်း စဉ်းစားနေ၏
ခဏရပ်ပြီးနောက် သူမက ပြောလိုက်သည်။
"ဒီခေါင်းဆောင်ကို ဒီကို ခေါ်လာပေးနိုင်မလား။ ငါ သူနဲ့ ကိုယ်တိုင် စကားပြောကြည့်ချင်တယ်။ ပြီးတော့ အဲဒီလက်နက်တွေထဲက တစ်ခုကိုလည်း ယူလာစေချင်တယ်။"
"မင်းပြောတာ မှန်ရင်... သူ ဒါတွေကို ဘယ်လို ပိုလုပ်ရမလဲဆိုတာ သိလိမ့်မယ်။"
သူမ ထရပ်လိုက်သည်။
"ဖြစ်နိုင်လောက်တယ်.. တို့ မြို့ကို ကယ်တင်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိသေးတယ်”