ဖိတ်ခေါ်မှုကို ငြင်းဆိုခြင်း
Vol. 10 Ch. 143
“မင်းသမီး”
အမတ်ရန်၏ အသံသည် လေးစားမှုမရှိတော့ဘဲ စူးရှနေ၏
“ကင်းထောက်တစ်ဦးရဲ့ ယုတ္ထိမရှိတဲ့ စကားကိုတော့ မယုံဘူးမလား။ တစ်ချက်တည်းနဲ့ နတ်ဆိုးတွေကို သတ်နိုင်တဲ့ လက်နက်လား? ပြည်သူအများက ပြန်တိုက်ခိုက်တယ်တဲ့လား? သူက သွေးလေချောက်ခြညးနေတာပဲ”
အခြားအမတ်အချို့သည်လည်း သဘောတူသလို ခေါင်းညိတ်ကြသည်။
မင်းသမီးသည် ကင်းထောက်စကားကို တကယ် ယုံမိပြီး မကြာသေးခင်ကလို အလယ်မြို့ကို ကယ်တင်မယ်မည်ဟု တဖန် ပြန်လည်တက်ကြွလာမည်ကို မလိုချင်ပေ။
အရင်းအမြစ်တွေကို သေသွားလည်း မထူးသည့် ပြည်သူတွေအပေါ် အဘယ်ကြောင့် သုံးစွဲမည်နည်း။
၎င်းအစား သားရဲတွေ ထွက်သွားသည့်အထိ အရင်းအမြစ်များကို ထိန်းသိမ်းထားသင့်သည်။
“ကျွန်မယုံမိတယ်လို့တော့ မပြောခဲ့ပါဘူး။” မင်းသမီးက သဘောရိုးနဲ့ ပြောသည် “ ဒါပေမဲ့ အဲ့တာ ဟုတ်မဟုတ်ကိုတော့ သိချင်တယ်။”
“ကင်းထောက်က သူတို့ခိုလှုံနေရာအကြီးအကဲနဲ့ သေနတ်ကို တကယ် ခေါ်ယူလာနိုင်သလားဆိုတာစောင့်ကြည့်ရအောင် ။ အဲ့အချိန်မှ တကယ်မှန်မမှန် သိမှာပဲ။”
ငါးနာရီကြာပြီးနောက်…
နီညိုရောင်နန်းတော်၏ မြင့်မားလှပသော မျှော်စင်နောက်ကွယ်ကို နေကျဆင်းချိန်မှာတော့ နန်းတော်၏ အဓိက တံခါးနှစ်ချပ်သည် ပွင့်သွားချေသည်။
လူတိုင်းမျက်လုံးသည် ယခင်လို သွေးနီရောင် လွှမ်းနေပြီး ချပ်ဝတ်တန်ဆာတွေ ညစ်ပတ်နေသည့် ကင်းထောက်အပေါ် ကျရောက်သွားသည်။ သူ ဝင်ရောက်လာချေသည်။
တစ်ဦးတည်းဖြစ်နေခဲ့သည်။
ထပ်ပြီးတော့
ခိုလှုံနေရာအကြီးအကဲ မပါပေ
သေနတ်လည်း မပါ
သူတစ်ယောက်ထဲသာ
ခန်းမတစ်လုံးလုံး အသံတိတ်သွားသည်။လေးလံပြီး စပ်စုနေမှု..
ခန်းမအလယ် ခုံပေါ်တွင် ထိုင်နေဆဲ မင်းသမီးသည် တဖြည်းဖြည်းချင်း ထလာပြီး သူမ၏ နီညိုရောင်နဲ့ရွှေရောင်ဝတ်စုံသည် နူးညံ့စွာ လွင့်မျောနေသည်။
မင်းသမီး၏အကြည့်သည် ပိုမိုစူးရှလာသည်။
“သူဘယ်မှာလဲ။ ခိုလှုံရာ နေရာရဲ့ အကြီးအကဲရော”
ကင်းထောက်သည် ခန်းမအလယ်တွင် ရပ်ပြီး ခေါင်းငုံ့ထားသည်။
“ဘုရင်မ၊ သူ... သူ ကျွန်တော်မျိုးတို့နဲ့အတူ မလိုက်လာပါဘူး။"
တီးတိုးစကားတွေသည် ချက်ချင်းပဲ ပေါက်ကွဲထွက်လာ၏ ဒေါသ၊ မထီမဲ့မြင်ပြုမှုနဲ့ မယုံကြည်နိုင်မှု။
"သူလိမ်ခဲ့တာ.. ဘယ်တုန်းကမှ လက်နက်မရှိဘူး! အသက်ရှင်ကျန်ရစ်သူအုပ်စုတစ်စု ရှိမယ်လို့လည်း ငါတို့မထင်ဘူး။"
"ဟုတ်တယ်..ငါတို့ သိသင့်တယ်။ သူ့မှာ အကြံအစည်တစ်ခုခု ရှိရမယ်။ မင်းသမီး သူ့ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရမယ်။"
"ဒီဟာသကို ဘာလို့ ငါတို့က ဖျော်ဖြေခဲ့တာလဲ။ ဒီလူအတွက် ငါ့တို့ရဲ့ အဖိုးတန်အချိန်တွေကို အလဟဿ ဖြုန်းတီးနေတာလား။"
အမတ်ရန်သည် သူ့လက်ဖဝါးနဲ့ သူ့ထိုင်ခုံရှေ့ရှိ စကျင်ကျောက်လက်ရန်းကို ထုလိုက်၏
"လက်ချည်းပြန်လာပြီး ငါ တို့အားလုံးကို စော်ကားလိုက်တာ.. နီညိုရောင်တရားရုံးကို အရူးလို့ မင်းယူဆတာလား”
"ဂရုတစိုက်ဖြေပါ" အမတ်သွမ်သည် အေးစက်စက်နဲ့ ထပ်ပြောသည်။ "ဘာလို့လဲဆိုတော့ သက်သေအထောက်အထားမရှိရင် မင်းရဲ့ထွက်ဆိုချက်က အဓိပ္ပါယ်မရှိဘူး—ပြီးတော့ စစ်ပွဲအတွင်း မမှန်ကန်တဲ့ မျှော်လင့်ချက်တွေ ဖြန့်ဝေတာက သေဒဏ်ချမှတ်နိုင်တဲ့ ရာဇဝတ်မှုတစ်ခုပဲ။"
ကင်းထောက်သည် လက်သီးကို ဆုပ်လိုက်ပြီး အနည်းငယ်တုန်နေ၏ သို့တိုင် သူပြောသည့်အခါ သူ့အသံက ကြည်လင်နေသည်။
"ကျွန်တော် အမှန်အတိုင်းပြောခဲ့တာပါ”
ကင်းထောက်က မြန်မြန်ပြန်ဖြေ၏
"ဒါဆို ဒီခေါင်းဆောင်လို့ ခေါ်တဲ့သူက ဘယ်မှာလဲ။ နတ်ဆိုးသားရဲတွေကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်လို့ ယူဆရတဲ့ လက်နက်ကရော ဘယ်မှာလဲ။"
အမတ်ရန်က ခပ်ဆတ်ဆတ်ပြောလိုက်သည်။
ကင်းထောက်သည် မေးရိုးတင်းတင်းနဲ့ မော့ကြည့်လိုက်သည်။
"သူ- သူ လိုက်မလာပါဘူး။"
မင်းသမီးသည် အံ့အားသင့်စွာနဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ကျွန်မရဲ့ တောင်းဆိုချက်လို့ သူ့ကို ပြောပြပြီးပြီလား။"
"ဟုတ်ကဲ့ ”
ကင်းထောက်သည် ခေါင်းညိတ်ပြလိုက်ပြီး စိတ်မသက်မသာ ဖြစ်နေပုံရသည်။
"နီညိုရောင် နန်းတော်ရဲ့မင်းသမီးက သူနဲ့ ကိုယ်တိုင် စကားပြောချင်တယ်လို့ ကျွန်တော်မျိုး သူ့ကို ပြောလိုက်ပါတယ်။"
အခန်းထဲတွင် တိတ်ဆိတ်သွားသည်။
"ပြီးတော့ သူက" ကင်းထောက်သည် ဆက်ပြောလေသည်၊ "မင်းသမီးကိုယ်တိုင် ဖြစ်ခဲ့ရင်တောင်... သူ့ဆီက တစ်ခုခု လိုချင်ရင် သူ့ဆီ လာသင့်တယ်လို့ ပြောလိုက်ပါတယ်။"
သက်ပြင်းချသံ ။ ဒေါသထွက်သံ။ အံ့အားသင့်ဖွယ် တိတ်ဆိတ်မှုသည် လျင်မြန်စွာ ရှုပ်ထွေးမှုအဖြစ် ပေါက်ကွဲသွားသည်။
"စော်ကားလိုက်တာ”
"သူ ဘယ်လိုတောင် ပြောရဲတာလဲ”
“ အဲ့ဒီခေါင်းဆောင်လို့ခေါ်တဲ့သူက မလေးမစားလုပ်တဲ့ ရိုင်းစိုင်းတဲ့သူပဲ”
"အရပ်သားတစ်ယောက်က မင်းမျိုးမင်းနွယ်တွေကို အမိန့်ပေးရဲတယ်”
ထိုအရာတွေကို ပြောနေတုန်းမှာပဲ လူအများသည် မင်းသမီး၏အဆင့်အတန်း မည်မျှထိ ကျဆင်းသွားသည်ကို မြင်ပြီး ရယ်မောနေကြသည်။
"ဒါဆိုရင် ကျွန်တော်တို့ဘက်က ဖိတ်ကြားချက် ပို့ဖို့ လိုကောင်းလိုလိမ့်မယ်။"
အမတ်ရန်အဖို့ ခိုလှုံရာ၏ ခေါင်းဆောင်သည် အမတ်ထောက်ခံသူ ဖြစ်နိုင်ပြီး သူ့၏ ဆင့်ခေါ်စာကို လက်ခံလိမ့်မည်ဟု ထင်ကာ ပြောလိုက်သည်။
"တောင်းပန်ပါတယ်။ ခိုလှုံရာရဲ့ ခေါင်းဆောင်ဖြစ်က ဘယ်သူပဲဖြစ်ဖြစ်၊ သူနဲ့ စကားပြောချင်ရင် သူ့ဆီ ကိုယ်တိုင် လာရလိမ့်မယ်လို့ ပြောပါသေးတယ်။"
ကင်းထောက်သည် ပွင့်ပွင့်လင်းလင်း ပြောလိုက်ပေ၏
ကင်းထောက်သည်လည်း တခြားသူတွေလိုပင် တော်ဝင်မိသားစုအား မုန်းတီးပြီး အမတ်များအနေနဲ့ ကိုယ်စား တောင်းဆိုပေးနိုင်သည့် ဖြစ်နိုင်ခြေအား စဉ်းစားခဲ့ပုံရသော်လည်း ငြင်းပယ်ခံခဲ့ရပြန်၏
သူနဲ့ စကားပြောချင်လျှင် သူ့ဆီ သွားရမည်။ သူတော့မလာနိုင်ပေ
အမတ်ရန်သည် ဒေါသတကြီးနဲ့ တုန်ရီနေကာ ထိုင်ခုံကနေ ထလိုက်သည်။
"ဘုရင်မ ၊ ကျွန်တော်မျိုးတို့ တစ်ယောက် စေလွှတ်သင့်ပါတယ် ။ ချက်ချင်းပဲ အဲ့ဒီလူကို သစ္စာဖောက်မှုနဲ့ ဖမ်းဆီးရပါမယ်”
တခြားသူတွေသည်လည်း သဘောတူကြသည်။
သာမန်လူတွေဆီမှ ထိုသို့ မာနထောင်လွှားသည့် အပြုအမူကို ဘယ်တုန်းက သည်းခံဖူးသနည်း
သို့ပေမဲ့ မင်းသမီးက လက်တစ်ဖက်မြှောက်လိုက်တော့ ခန်းမတစ်ခုလုံး ငြိမ်သက်သွားသည်။
"သူက လက်နက်တစ်ခုမှ မပေးဘူးလား?"
ကင်းထောက်သည် ခေါင်းခါလိုက်သည်။
"မပေးပါဘူး မင်းသမီး။ ကျွန်တော် တစ်ခုယူလာပေးဖို့ တောင်းဆိုခဲ့ပေမယ့် သူက ငြင်းဆိုခဲ့ပါတယ်။ သူတို့မှာ ထောက်ပံ့ရေးပစ္စည်းက အကန့်အသတ်နဲ့မလို့ တစ်ခုမှ မပေးနိုင်ဘူးလို့ ပြောတယ်"
အမတ်တချို့က လှောင်ပြောင်ကြလေသည်။
" ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တဲ့အကွက်တွေ”
မင်းသမီး၏မျက်နှာအမူအရာသည် ခန့်မှန်းရခက်နေ၏ သူမ လက်တွေကို အင်္ကျီလက်ထဲမှာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပေမယ့် သူမရဲ့ အသံက တည်ငြိမ်နေသည်။
"သူ ဘာပြောသေးလဲ။ သူ့မှာ တောင်းဆိုချက်တွေ ရှိလား။ မြို့တွင်းကို လာဖို့ စိတ်ဝင်စားလား။"
သူမ တွေးနေတာက ထိုလူသည် သဘောတူညီချက်တစ်ခု လိုချင်နေတာဖြစ်နိုင်၏ လာဘ်ထိုးမှု။ အကာအကွယ်။ သူ့ကိုယ်သူ ကယ်တင်ပြီး ချမ်းသာကြွယ်ဝဖို့ တစ်ကိုယ်ကောင်းဆန်သော ကုန်သွယ်မှုတစ်ခု။
ဒါက လောဘကြီးတာမှန်သည့်တိုင် သူမအနေနဲ့ သူ့ကို တကယ်ပဲ အပြစ်တင်နိုင်မည်လော။
သူမပင် နန်းတော်နံရံတွေအတွင်း၌သာ ကာကွယ်ခံထားရပြီး အလယ်မြို့ ဒါမှမဟုတ် အပြင်မြို့ကို ကယ်တင်ဖို့ အင်အားမရှိခဲ့ပေ။
သူမအနေအထားနဲ့ တစ်စုံတစ်ယောက်ကို အပြင်တင်လို့မရပေ
ကင်းထောက်သည် ခေါင်းညှိတ်လိုက်သည်။
“သူက အဲ့တာတွေလည်း စိတ်မဝင်စားပါဘူး။ အမှန်တော့… သူက သားရဲတွေကိုတောင် မကြောက်ဘူးထင်ပါတယ်။ သူက ကျွန်တော်တို့ကိုတောင် ကဲ့ရဲ့ပါသေးတယ်။ မပြည့်စုံတဲ့လူတွေက အဲ့လို အားနည်းတဲ့ သားရဲတွေဆီကနေ မြို့တစ်မြို့ကို မကာကွယ်နိုင်ကြဘူးလို့ ပြောလိုက်ပါတယ်။”
နောက်ထပ် တစ်ကြိမ် ထပ်ပြီး ဆူညံသံ ထွက် ပေါ်လာသည်။
ဝန်ကြီးများသည် တစ်ဦးနဲ့တစ်ဦး မေးမြန်းကာ အပြစ်တင်ကြသည်။ တချို့သည် ပြစ်ဒဏ်တောင်းဆိုကြသလို တချို့က အစောင့်တပ်သားကို လိမ်လည်သူဟု ဆိုကြကာ ခေါင်းဆောင်ကို သစ္စာဖောက်သူဟု ပြောကြသည်။
စစ်တပ်အရေးယူမှု လုပ်မည့် အသံသည် ခန်းမအတွင်း လှိုင်းတစ်လှိုင်းလို ပျံ့သွားသည်။
သို့ပေမဲ့ မင်းသမီးသည် မျက်လုံးများကို တစ်
ခဏ ပိတ်လိုက်သည်။
ပြီးတော့ ဖြည်းဖြည်း ပြန်ဖွင့်လိုက်သည်။
“လုံလောက်ပြီ”
သူမပြောသည့်သံက နူးညံ့သော်လည်း ဓားနဲ့ ဖြတ်လိုက်သလို ခံစားရသည်။
အမတ်များ ရပ်တန့်သွားသည်။
( ခေါင်းဆောင်က ဘေးဒုက္ခကို မကြောက်နိုင်အောင် မာနကြီးသူဖြစ်နေပြီလား။ သူတို့နားက သားရဲတွေကို မကြောက်ရအောင်အထိ လက်နက်တွေ အရမ်း အားကောင်းနေပြီလား)
မင်းသမီးက ထိုသို့ စဉ်းစားသည်။
သူမ သိတာကတော့ အလယ်မြို့၏ အသက်ရှင်ကျန်ရစ်သူတွေကို ဦးဆောင်နေသူဟာ အလွန်မာနကြီးတဲ့သူပင်။ ဆင်ခြင်တုံတရားထက် ရဲရင့်တဲ့သူပင်။
သို့ပေမယ့်... ကင်းထောက်ပြောသည့်အတိုင်းသာ တကယ်ဆို မာနကြီးထိုက်သူပင်။
"ဒါဆို" သူမက တိုးတိုးလေးပြောလေ၏၊ "ငါ သူ့ဆီသွားရင် ငါနဲ့တွေ့ဖို့ ဆန္ဒရှိလား...?"
"ရှိပုံရပါတယ် ၊ ဘုရင်မ”
"အင်း... ဒီလူကို ကျွန်မတို့ ယုံကြည်နိုင်မယ်လို့ ထင်လား"
"ယုံလို့ရပါတယ် ၊ ဘုရင်မ”
ကင်းထောက်က ခိုင်မာစွာ ပြန်ဖြေ၏
"အသက်ရှင်ကျန်ရစ်သူတိုင်းက သူ့ကို ယုံကြည်ကြပါတယ်။ ဒဏ်ရာရသူဖြစ်စေ၊ အသုံးဝင်သူဖြစ်စေ ၊ မဝင်သူဖြစ်စေ
အားလုံးကို သူကူညီပေးခဲ့ပါတယ်။"
ထိုလူသည် မင်းသမီး၏ အခွင့်အာဏာကို ထိုသို့ပေါ့ပေါ့တန်တန် လျစ်လျူရှုခဲ့တာကို မယုံနိုင်သေးပေ။ သူ့ဆီပင် လာတွေ့ခိုင်းချေ၏
ကတိတွေ၊ ရာထူးတိုးမှုတွေ၊ ချမ်းသာကြွယ်ဝမှုတွေနဲ့ သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့သည့်တိုင် ထိုလူက မတုန်မလှုပ်ပင်။
သို့ပေမဲ့ သူက လက်နက်ကို စမ်းသပ်ခဲ့သည်။
ကိုယ်တိုင်မြင်တွေ့ခဲ့ရသလောက် အတော်လေး အစွမ်းထက်တာကိုပင်
သူသိတာက မင်းသမီးနဲ့ အထက်လူကြီးတွေအဖို့ "သေနတ်" ဟုခေါ်သော ထိုအရာ၏ စွမ်းအားကို မြင်တွေ့ဖို့လို၏
သူတို့လုပ်နိုင်ခဲ့လျှင် ဖြစ်နိုင်၏ မည်သူ့ကိုမှ မှီခိုစရာမလိုဘဲ မြို့ကို ကာကွယ်နိုင်လိမ့်မည်။
"...ကောင်းပြီ”
မင်းသမီးသည် နောက်ဆုံးတော့ တည်ငြိမ်သည့်အသံနဲ့ ပြောလိုက်သည်။
"ငါ ဆုံးဖြတ်ချက်ချပြီးပါပြီ။ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ခေါင်းဆောင်နဲ့ သွားတွေ့မယ်။ ငါနဲ့အတူ လိုက်ချင်တဲ့သူတွေက လိုက်လို့ရတယ်”