← Chapters

နီညိုရောင်နန်းတော်မှ မင်းသမီးရောက်လာသည်

Vol. 10 Ch. 144

နီညိုရောင်နန်းတော်မှ မင်းသမီးရောက်လာသည်

Vol. 10 Ch. 144

ကျင့်ကြံမှုကမ္ဘာတွင် သေနတ်များ ပေါ်လာခဲ့ချေပြီ

ထိုအချိန်ကတည်းက အရာအားလုံး ပြောင်းလဲသွားတာပင်။

နောက်တစ်ခါ သားရဲတွေ ပြန်လာသည့်အခါ ခက်ခဲမှုမရှိသော နယ်မြေတစ်ခုကို ပြန်လာသည်ဟု ထင်ခဲ့ကြပေမဲ့ ကြောက်လန့်နေသော အရပ်သားများကို မတွေ့ရပေ။

သူတို့ ကျည်ဆန်များကိုသာ တွေ့ခဲ့ရသည်။

၎င်းသည် ပထမတစ်ကြိမ် လှည့်ပတ်ရုံနဲ့သာ

ပိုင်ကျီဟန်သည် ဦးဆောင်ပြီး စစ်ပွဲနတ်ဘုရားလက်နက်လို သေနတ်ကို သူ့ပုခုံးပေါ်မှာ ထမ်းထားသည်။

ဟုန်ထောင်နဲ့ လောင်ရှန်သည်လည်း နောက်ကနေ လိုက်လာကြပြီး အသစ်တင်ထုတ်ထားသည့် သေနတ်တွေကို ကိုင်ဆောင်လာကြလေ၏

သူတို့အလုပ်သည် အကွာအဝေးနဲ့ တိကျမှုကို စမ်းသပ်ဖို့သာ

သို့ပေမဲ့ သူတို့ ချောင်းမြောင်း တိုက်ခိုက်ခံရချေသည်။

မျက်လုံးလေးလုံးနဲ့ ခွေးအုပ်စုတစ်စုသည်

သွေးဆာသလို အော်ဟစ်နေပြီး ပျက်စီးနေသော အဆောက်အအုံတစ်ခု၏ အရိပ်များမှ ထွက်ပေါ်လာခဲ့သည်။

ယခင်က ၎င်းသည် ပြဿနာတစ်ခုဖြစ်ခဲ့သည်။ ငရဲခွေးများသည် မြန်ဆန်ပြီး ၎င်းတို့၏ အရေခွံများသည် မာကျောသည်။

ပုံမှန်အားဖြင့် ကံကောင်းပါက တစ်ကောင်ကို ဖမ်းမိဖို့ပင် အထူးစစ်သားအဖွဲ့တစ်ဖွဲ့ လိုအပ်သည် ။

ဒါပေမယ့် ဒီတစ်ခါတော့

ဘုန်း ဘုန်း ဘုန်း

သုံးချက်ပစ်လိုက်ချေသည်။ အလောင်းသုံးလောင်းဖြစ်သွား၏

ခွေးများသည် ၎င်းတို့ထံ မရောက်ရှိခဲ့ပေ။ ၎င်းတို့၏ မြန်နှုန်းမှာ ကျည်ဆန်တစ်တောင့်၏ မြန်နှုန်းနဲ့ ယှဉ်ပါက ဘာမှ မဟုတ်ပေ

ပိုင်ကျီဟန်သည် သေနတ်ကို ချလိုက်ပြီး မျက်နှာတည်ငြိမ်သွားသည်။

လောင်ရှန်သည် မျက်တောင်ခတ်လိုက်သည်။

"ဒါပဲလား?"

ဟုန်ထောင်သည် မီးခိုးထွက်နေသော သားရဲများ၏ အပျက်အစီးများကို စိုက်ကြည့်နေသည်။

"သူတို့ အနားတောင် မရောက်ခဲ့ပါလား”

သေနတ်သည် အစွမ်းထက်သော လက်နက်တစ်ခုဖြစ်ကြောင်း သိသော်လည်း ၎င်းကို လျှော့တွက်ထားပုံရသည်။

တစ်ချိန်က ရူးသွပ်သော အမြန်နှုန်းနဲ့ ခြိမ်းခြောက်ခဲ့သည့် မျက်လုံးလေးလုံးငရဲခွေးများသည် ဘာမှမတတ်နိုင်ဘဲ သေဆုံးသွားခဲ့ကြသည်။

လောင်ရှန်နဲ့ ဟုန်ထောင်တို့သည်လည်း သူတို့၏ပထမဆုံး နတ်ဆိုးသားရဲသတ်ဖြတ်မှုအတွက် စိတ်လှုပ်ရှားနေကြသည်။

ပုံမှန်အားဖြင့် သူတို့လို အားနည်းသော သာမန်လူတွေအဖို့ နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ဖို့ဆိုတာ အိပ်မက်တစ်ခုထက် မပိုပေ

ယခုတော့ သေနတ်တစ်လက်နဲ့ပင် အောင်မြင်ခဲ့သည်။ ပြီးတော့ အလွယ်တကူပင်။

သူတို့သည် စမ်းသပ်မှုတွေ လုပ်ခဲ့ကြသည်။ ခဏကြာတော့ ပျော်စရာကောင်းလာသလိုပင်။ ခိုလှုံရာကို ပြန်မရောက်ခင်မှာပင် နတ်ဆိုးသားရဲ နှစ်ဆယ်နီးပါးကို သတ်ပြီးသွားချေပြီ။

၎င်းသည် နတ်ဆိုးသားရဲကို တစ်ခါမှ မသတ်ဖူးသည့် နှစ်ယောက်ပါသော သုံးယောက်အဖွဲ့အတွက် ရူးသွပ်စရာအရေအတွက်သာ

ထို့အပြင် ပိုင်ကျီဟန်သည် သတ်ဖြတ်မှုအများစုတွင်ပင်

မပါဝင်ခဲ့ပေ

ပြန်လာသည့်အခါ ဟုန်ထောင်သည် ခိုလှုံရာရှိ တခြားလူတွေရှေ့တွင် သူ့၏အောင်မြင်မှုအကြောင်း ကြွားဝါပြောဆိုခဲ့သည့်တိုင် သူလုပ်ခဲ့တာက သေနတ်ပစ်ရုံသာ

တခြားလူတွေသည့် အံ့သြတကြီးနဲ့ နားထောင်နေကြပြီး လိုအပ်သည့်အချိန်တွင် ထိုလက်နက်မျိုး တီထွင်နိုင်ခဲ့သည့်အတွက် ပိုင်ကျီဟန်အား ချီးကျူးဂုဏ်ပြုနေကြ၏

သေနတ်ကို စမ်းသုံးကြည့်ဖို့ နောက်ထပ် လူငါးယောက်အား ရွေးချယ်ခဲ့ရသည်။ သူတို့ပထမဆုံး စမ်းသုံးကြည့်ပြီးနောက် အားလုံး အံ့အားသင့်ပြီး စိတ်လှုပ်ရှားခဲ့ကြရသည်။

ထိုလက်နက်တွေနဲ့ သာဆို သူတို့ပိုင်ဆိုင်ခဲ့ဖူးသောအရာတွေကို ပြန်လည်ရယူနိုင်မည်ဟု မျှော်လင့်ကြ၏

သံမြူနှင်း၏ ပြန်လည်ရယူခြင်း စတင်ခဲ့ချေပြီ။

၎င်းသည် ရက်စက်ကြမ်းကြုတ်လွန်းသည်။

ထိရောက်မှုလည်း ရှိချေ၏ တစ်ဖက်သတ်လိုပင်

တစ်ချိန်က ကြောက်ရွံ့မှုကို လှုံ့ဆော်ပေးခဲ့သည့် သားရဲတွေသည် လေ့ကျင့်ရေးပစ်မှတ်တွေ ဖြစ်လာခဲ့သည်။

ပိုင်ကျီဟန် ဦးဆောင်သော လက်နက်ကိုင်သည့် ကင်းလှည့်တပ်ဖွဲ့များသည့် အနက်ရောင်မှုန့်နှင့် တိုးပွားလာသော သေနတ်လက်နက်တိုက်၏ ထောက်ပံ့မှုဖြင့် အပျက်အစီးများကို သန့်စင်ပေးသည့် မီးလျှံကဲ့သို့ ဖြတ်သန်းသွားခဲ့ကြသည်။

ယခင်က ပိတ်ဆို့မှုတစ်ခုကို ရှင်းလင်းရန် နေ့တစ်ဝက်ခန့် ကြာနိုင်သည်။ ယခုကမူ?

ဆယ်မိနစ်သာ ကြာနိုင်၏

ဒုန်း ။ ပြန်လည်ဖြည့်တင်း.. ဒုန်း။ ဆက်လက်ချီတက်။

ရက်စက်ကြမ်းကြုတ်လှ၏

အချို့က ရှောင်တိမ်းရန် ကြိုးစားခဲ့ကြသည်။ အချို့က မျက်စိစုံမှိတ်၍ ပြေးဝင်သွားကြသည်။

မည်သို့ပင်ဖြစ်စေ အရေးမကြီးပေ

ထိုကလစ်သံကြားသည်နှင့် ၎င်းတို့သည် သေဆုံးသွားကြသည်။

၎င်းတို့၏ အရေခွံများသည် ဓားများကို ခံနိုင်ရည်ရှိနိုင်သည်။ ခြေသည်းများသည် ဒိုင်းများကို ချိုးဖဲ့နိုင်သည်။

သို့သော် ၎င်းတို့ထဲမှ မည်သူမျှ အသံနှင့် မီးထက်မြန်သော ကျည်ဆန်ကို ရပ်တန့်နိုင်ခြင်း မရှိပေ။

ခုခံအားကောင်းသော နတ်ဆိုးသားရဲများပင် ဦးခေါင်းခွံကို ကျည်ဆန်ထိမှန်နိုင်သည့် ဖျက်ဆီးနိုင်စွမ်းနှင့် မယှဉ်နိုင်ပေ

ထို့ကြောင့် အရေပြားပိုထူပါက

ကျည်ဆန်တစ်တောင့်နဲ့ဆို အသက်ရှင်နိုင်သော်လည်း ဆယ်တောင့်သာဆို အသက်ရှင်နိုင်ပါမည်လော

ခုခံကာကွယ်မှုတွင်သာ ကျွမ်းကျင်သူများသည် တန်ပြန်တိုက်ခိုက်မှုနည်းလမ်းမရှိဘဲ ခုခံမှုပျက်စီးပြီး ကျည်ဆန်သည် ၎င်းတို့၏ ဦးနှောက်ကို ထိုးဖောက်ဝင်ရောက်သည်အထိ အချိန်အတော်ကြာ ရပ်တန့်နေခဲ့ကြရသည်။

၎င်း တို့သည် ထိုင်နေသောဘဲတွေလိုပင်။

၎င်းတို့ကိုသတ်ဖို့ ကျည်ဆန်တစ်တောင့်သာ ပိုလိုသည်။

သို့ပေမဲ့ ပိုင်ကျီဟန်၏သေနတ်သည် အဆင့်နိမ့်နတ်ဆိုးများကို ထိရောက်စွာတိုက်ခိုက်နိုင်သည့်တိုင် အဆင့်မြင့် နတ်ဆိုးတွေကိုတော့ ထိရောက်မှာမဟုတ်ကြောင်း နားလည်ရပေသည်။

အဆင့် ၂ နတ်ဆိုးတစ်ကောင်ကို သတ်ဖို့ ကျည်ဆန်အများကြီးနဲ့ ကျွမ်းကျင်သောအကာအကွယ် အများကြီးလိုအပ်သည်။ စစ်သားနဲ့ အရပ်သားမျာရအဖို့ပင် မဖြစ်နိုင်ပေ

အဆင့် ၃ နတ်ဆိုးနဲ့အထက်အားရင်ဆိုင်ရပါက ၎င်းသည် အသုံးမဝင်ကြောင်း သဘောပေါက်ခဲ့သည်။

ဒါကိုလည်း သူကြိုသိပြီးသားပင်။

သူ့တကယ့်ခန္ဓာကိုယ်တောင် ကျည်ဆန်နဲ့ ပစ်လို့ရမှာ မဟုတ်ပေ ။ သေနတ်များသည် အဆင့်နိမ့်နတ်ဆိုးများနဲ့ ရင်ဆိုင်နေရတာကြောင့် ထိရောက်တာပင်။

မည်သို့ပင်ဖြစ်စေ သူတို့အခြေအနေအရ သေနတ်သည်သာ သူတို့ပိုင်ဆိုင်နိုင်သော အကောင်းဆုံးလက်နက်ပင်

ခိုလှုံရာနေရာကို လမ်းတစ်ခုပြီးတစ်ခု ရှင်းလင်းကာ အပြင်ဘက်ကို ချဲ့ထွင်ခဲ့သည်။

ပြိုကျသွားသော အဆောက်အအုံများကို ကင်းမျှော်စင်နှင့် ကင်းစခန်းအဖြစ် ပြန်လည်အသုံးပြုခဲ့ကြသည်။

မြို့၏အစိတ်အပိုင်းထဲတွင် ပိတ်မိနေသော အသက်ရှင်ကျန်ရစ်သူတွေကို အုပ်စုလိုက် ကယ်တင်ခဲ့ကြသည်။ တစ်ကြိမ်ကို ရာနဲ့ချီ ရှိ၏

အကြိမ်တိုင်းတွင် သူတို့အား ကြောက်လန့်နေသည့် စစ်သားတွေမှ ကြိုဆိုနေတာမဟုတ်ဘဲ မီးခိုးငွေ့တွေနဲ့ အေးစက်သော သံမဏိတွေကိုင်ဆောင်ထားသည့် မျက်နှာတင်းမာနေသော စစ်သည်တွေက ကြိုဆိုကြတာပင်။

ကယ်တင်ခံရသူတွေအဖို့ ပိုင်ကျီဟန်သည် လုံးဝကွဲပြားသော တစ်စုံတစ်ခု ဖြစ်လာခဲ့သည်။

လူတစ်ယောက် မဟုတ်ပေ

သူရဲကောင်းတောင် မဟုတ်ပေ

လူ့အရေပြားနဲ့ ကျင့်ကြံသူ၊ မီးခိုးနဲ့သွေးတွေကို သရဖူအဖြစ်ဝတ်ဆင်ထားသည်။

သူသည် အနားမယူပေ။ သိပ်မပြုံးချေ။ စကားတောင် ပြောခဲသည်။

သို့တိုင် ပြေးလွှားနေသည့် သားရဲတွေရှေ့၌ ရပ်နေသည့်အခါ သူတို့ကို ခုခံဖို့ အခွင့်အရေးပင် မပေးဘဲ အားလုံးကို သတ်ပစ်ခဲ့သည်။

သေနတ်တွေကို တီထွင်ပြီး ဖြန့်ဝေထားပေမယ့် ပိုင်ကျီဟန်ကတော့ သိပ်မသုံးပေ ။ သူသည် ဓားကို ပိုနှစ်သက်နေဆဲသာ

ခိုလှုံရာအိမ်ထဲ၌လည်း အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ကလေးတွေသည် သစ်သားရိုင်ဖယ်တွေနဲ့ ကစားကြပြီး သေနတ်သံတွေကို အတုယူကာ ပိုင်ကျီဟန်အဖြစ် ဟန်ဆောင်ကြသည်။

စစ်သားတွေအနေနဲ့ နေ့ရောညပါ လေ့ကျင့်နေကြပြီး သူတို့၏လက်တွေသည်လည်း လေ့ကျင့်ခန်းတွေကြောင့် ရောင်ရမ်းနေချေသည်။

သေနတ်တွေသည် ရှားပါးနေဆဲဖြစ်သည့်တိုင် ထုတ်လုပ်မှု မြင့်တက်လာနေပြီး လောင်ရှန်သည် သေနတ်များကို တတ်နိုင်သလောက် များများထုတ်ဖို့ ဦးစားပေးနေချေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ထိုငရဲတွင်းမှ လွတ်မြောက်ဖို့ သူတို့၏ မျှော်လင့်ချက်ဖြစ်ကြောင်း သိနေလို့ပင်

အသစ်တိုင်းကို မွေးကင်းစကလေးတစ်ယောက်လို ကြိုဆိုကြသည်။

ကျည်ဆန်တိုင်းကို ရေတွက်သည်။ ခြေရာခံသည်။ ဂုဏ်ပြုကြသည်။

အဘယ်ကြောင့်ဆိုသော် ကျည်ဆန်တိုင်းသည် အသက်တစ်ချောင်းလို တန်ဖိုးရှိလို့ပင်

ဒါမှမဟုတ် သေခြင်းတရားတစ်ခုအဖြစ် တန်ဖိုးရှိ၏

လောင်ရှန်၏ ပန်းပဲဆိုင်သည်လည်း ဘယ်တော့မှ မနားပေ။

အနက်ရောင်မှုန့်တွေကို အားဖြည့်ထားသည့် အခန်းတွေထဲ၌ သိမ်းဆည်းထားသည်။

သို့ပေမဲ့ ပိုင်ကျီဟန်ကတော့ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေသည်။

ထိုစမ်းသပ်မှု ပြီးမြောက်ဖို့ အချိန် မည်မျှကြာမယ်ကို သူမသိချေ။

စမ်းသပ်မှုစတင်ခဲ့တာ တစ်ပတ်ရှိပြီဖြစ်ပြီး အဆုံးမရှိဘူးဟု ထင်ရသည်။

မည်မျှပင် နတ်ဆိုးတွေကို သတ်ခဲ့ပါစေ၊ လူဘယ်နှစ်ယောက်ကို ကယ်တင်ခဲ့ပါစေ၊ နယ်မြေဘယ်လောက်ပြန်ရယူခဲ့ပါစေ၊ ထိုစမ်းသပ်မှုက ဘာအကြောင်းလဲဆိုတာ သူလုံးဝမသိခဲ့သေးပေ

(ဒီစမ်းသပ်မှုက ဘာအကြောင်းလဲ။)

ပိုင်ကျီဟန် တွေးနေမိချေသည်။

ယခုအချိန်တွင် သူ့အနေနဲ့ အကြံဥာဏ်တစ်ခု ရခဲ့ဟု ထင်ခဲ့သည်။ သို့သော် သူမြင်လိုက်ရသည်မှာ ဤကြီးမားသော မြို့ကြီးရှိ အဆုံးမဲ့ ဖျက်ဆီးခြင်းသာဖြစ်ပြီး အခြားဘာမှ မရှိပေ

(မသေမျိုး ဧကရာဇ် ဖေးလိန်က ဒီစမ်းသပ်မှုမှကနေ ဘာကိုလိုချင်တာလဲ)

သူ လုံးဝ မသိခဲ့ပေ

သူ အတွင်းမြို့ကို ကြည့်လိုက်သည်။

(ရည်ရွယ်ချက်က အတွင်းမြို့ထဲမှာလား။ ငါ အဲဒီကို သွားသင့်လား။)

ပိုင်ကျီဟန်သည် မြို့တွင်းသို့ ဝင်ရောက်ရန် စဉ်းစားခဲ့သည်။

မြို့တွင်းကို အတားအဆီးတစ်ခုဖြင့် ကာကွယ်ထားပုံရသော်လည်း ပိုင်ကျီဟန်အဖို့တော့ ၎င်းသည် ဂိုဏ်း၏ အားအနည်းဆုံးသူများပင် အသုံးမပြုသော အဆင့်နိမ့် အကာအကွယ်တစ်ခုသာ ဖြစ်ကြောင်း ပြောပြနိုင်သည်။

သို့တိုင် လူသားတွေအတွက်တော့ ၎င်းကို

ထိုးဖောက်လို့မရသော အတားအဆီးတစ်ခုအဖြစ် ယူဆကြသည်။

သူ့အနေနဲ့ကတော့ ချွေးထွက်စရာမလိုဘဲ အလွယ်တကူ ခိုးဝင်နိုင်သည်။

သို့တိုင် အထဲ၌ ဘာရှိသည်ကို မည်သူသိမည်နည်း

အခုချိန်ထိ သူ့အဖို့ လွယ်ကူလွန်းသည့်တိုင် ထိုနေရာကို လျှော့တွက်တာမျိုး မရှိပေ

ထိုအချိန်မှာပဲ အဖွဲ့တစ်ဖွဲ့သည် နတ်ဆိုးသားရဲများ အမဲလိုက်ရာကနေ ပြန်လာပြီး မျက်နှာတွင် အပြုံးများနဲ့သာ

သို့ပေမဲ့ ပိုင်ကျီဟန်ကတော့ သူတို့နောက်ကို တစ်ယောက်ယောက် လိုက်နေသည်ဟု ခံစားလိုက်ရသည်။

ပိုင်ကျီဟန်သည် မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။

သူအနေနဲ့ အတော်ဝေးသည့်နေရာမှ ပုံရိပ်အနည်းငယ်ကို မြင်နိုင်သည်။

သူတို့သည် အကွာအဝေးကို ထိန်းသိမ်းထားပြီး သူတို့ရှိနေခြင်းကို ဖုံးကွယ်ရာ၌ ကျွမ်းကျင်ပုံရသည့်တိုင် ပိုင်ကျီဟန်အဖို့တော့ ၎င်းက အလုပ်မဖြစ်ပေ

သူ ဘာမှ မသိသလို ဟန်ဆောင်နေရုံသာ

အချိန်အတော်ကြာပြီးနောက် ၎င်းတို့သည် လူသတ်သမား ဒါမှမဟုတ် ရန်သူ မဟုတ်ကြောင်း ပိုင်ကျီဟန် ကောက်ချက်ချလိုက်နိုင်သည်။

တခြား အသက်ရှင်ကျန်ရစ်သူတွေ၏ ခိုလှုံရာနေရာမှ လာတာ ဒါမှမဟုတ် ပိုဖြစ်နိုင်တာက မြို့တွင်းကနေ လာတာဟု ထင်ခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူတို့ ပျောက်ကွယ်သွားကြသည်။

ရက်အနည်းငယ်ကြာသည့်အထိ သူ့ဆီ ထပ်ရောက်မလာဘဲ နောက်ဆုံးတွင် ကိုယ်တိုင်ရောက်လာကြပြီး မြို့တွင်းက လာကြောင်း သူသိလိုက်ရသည်။

သူတို့၏ တာဝန်ကို ရှင်းပြပြီး သေနတ်တွေက ဘယ်လောက်ကောင်းပြီး မြို့ကို ဘယ်လိုတောင် ကယ်တင်နိုင်မည်ကို ဆွေးနွေးကြ၏

ထို့နောက် ပိုင်ကျီဟန်အား သူတို့နဲ့အတူ လိုက်ခဲ့ဖို့ တောင်းဆိုကြပြီး မင်းသမီးအမိန့်ကြောင့်ဟု ပြောကြသည်။

ပိုင်ကျီဟန်က ချက်ချင်းငြင်းလိုက်သည်။ သူတွေ့ရမည့်သူသည် မဟာမိတ်လား၊ ရန်သူလားဆိုတာ မည်သူမှ မပြောနိုင်ပေ

အလယ်မြို့နဲ့ အပြင်မြို့ကို စွန့်ခွာသွားတာကြောင့် ဒုတိယအချက်ကိုသာ သူ ထင်မိသွားသည်။

" တပ်မှူးပိုင် နီညိုရောင်နန်းတော်ရဲ့ မင်းသမီးက မင်းနဲ့ ကိုယ်တိုင် စကားပြောချင်နေပါတယ်။ အချိန်နည်းနည်းလောက် မပေးနိုင်ဘူးလား"

ကင်းထောက်ခေါင်းဆောင်သည် ပိုင်ကျီဟန်အား နားချဖို့ ကြိုးစားလေသည်။

သူငြင်းဆန်ရသည့် အကြောင်းရင်းကတော့ အသက်ရှင်ကျန်ရစ်သူတွေကို ဂရုစိုက်ပြီး သူတို့ကိုကြည့်ရှုဖို့ ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။

"မင်းသမီးကိုယ်တိုင်ဆိုတောင် ကျွန်တော့်ဆီက တစ်ခုခုလိုချင်ရင် ကိုယ်တိုင် လာသင့်တာပေါ့၊ ကျွန်တော်တော့ မလာနိုင်ဘူး။"

ကင်းထောက်ခေါင်းဆောင်အနေနဲ့ ပိုင်ကျီဟန်သည် မင်းသမီးကို သဘောမကျဘူးဟု ထင်ပြီး ထပ်မေးလိုက်သည်။

"အမတ်တွေကလည်း မင်းနဲ့ စကားပြောချင်ကြတယ်။"

ကင်းထောက်ခေါင်းဆောင်သည် ပိုင်ကျီဟန်အား သူနဲ့အတူ လိုက်လာဖို့ လိမ်ပြောလိုက်ချေသည်။

(မင်းသမီးရဲ့ ခေါ်ဆိုမှုကိုတောင် ငါမလိုက်တာ အမတ်တွေကြောင့် ဘာလို့ လိုက်လာရမှာလဲ။)

သို့တိုင် ပိုင်ကျီဟန်သည် ၎င်းကို မြန်မြန်ဆန်ဆန် သဘောပေါက်သွားသည်။ နေရာတိုင်းတွင် နိုင်ငံရေးပြသနာများ ရှိနေပြီး ထိုမြို့သည်လည်း မခြားနားပေ။ အာဏာကို ပိုင်းခြားထား၏

သူသည် အလားတူ တုံ့ပြန်မှုကို ပေးခဲ့ပြီး မည်သူဖြစ်စေ သူ့ဆီက တစ်ခုခု လိုချင်ပါက လာရမည်ဟူ၍သာ

ကင်းထောက်ခေါင်းဆောင်သည် သေနတ်တစ်လက် ယူသွားဖို့ တောင်းဆိုခဲ့ပေမယ့် ပိုင်ကျီဟန်က ငြင်းဆိုခဲ့သည်။

သူတို့၏ တကယ့်ရည်ရွယ်ချက်သည် လက်နက်ကို ရယူဖို့ ဖြစ်နိုင်ချေရှိ၏ သူတို့ လက်ထဲ ရောက်သွားလျှင် မင်းသမီး ဒါမှမဟုတ် အမတ်တွေကို ဘယ်သောအခါမှ မတွေ့နိုင်တော့ချေ။

စမ်းသပ်မှု၏ ရည်ရွယ်ချက်ကို နားလည်ဖို့အတွက် နောက်ဆုံးမှာ သူတို့နဲ့ တွေ့ဆုံရမည်ကို သူသိသည် ။ သို့တိုင် သူ့အားသာချက်ရှိသောနေရာ၌သာတွေ့မည်ပင်

ပိုင်ကျီဟန်အနေနဲ့ မင်းသမီးကိုယ်တိုင်မလာလောက်ဘူးဟု ထင်ခဲ့သည်။ ၎င်းက အတော်လေး အန္တရာယ်များလွန်းသည်။

သို့ပေမဲ့ မည်သူခန့်မှန်းနိုင်မည်နည်း။

ကင်းထောက်ခေါင်းဆောင်နဲ့ စကားပြောပြီး နာရီအနည်းငယ်အကြာမှာတော့

မင်းသမီးသည် သူတို့ခိုလှုံရာဆီကို တကယ်ရောက်လာခဲ့သည်။

"မင်္ဂလာပါ၊ ကျွန်မက မင်းသမီး ဖေးလိန်ပါ။ ကျွန်မနဲ့ စကားပြောလို့ရမလား။"

All Chapters