← Chapters

မင်းသမီးဖေးလိန်

Vol. 10 Ch. 145

မင်းသမီးဖေးလိန်

Vol. 10 Ch. 145

ဖေးလိန်

ပိုင်ကျီဟန်အနေနဲ့ ထိုနာမည်ကို မမှတ်မိနိုင်တာ မဖြစ်နိုင်ပေ

၎င်းသည် သူရှိနေသော ပျက်စီးသွားသည့် နေရာ၏ ပိုင်ရှင်နဲ့ တူသည်။ သူမ၏ အမွေရရန် သူဝင်ရောက်လာသော စမ်းသပ်မှုနေရာပင်

(ဒါဆိုရင် ဒါက မသေမျိုး ဧက္ကရာဇ် ဖေးလိန်က ငယ်စဉ်အချိန်ကလား?)

မင်းသမီးကို ပြန်ကြည့်တော့ ပိုင်ကျီဟန်ထင်သည့်အတိုင်း ဝိညာဉ်အကြွင်းအကျန်၏ မရင့်ကျက်သေးသည့်အချိန်ကနဲ့ တူပေသည်။

တကယ်တော့ သူအနည်းငယ် စိတ်သက်သာရာရနေသည်။

ဖေးလိန်အငယ်လေးသည် ထိုစမ်းသပ်မှု၏ ရည်ရွယ်ချက်အား ခန့်မှန်းဖို့ အကြံပေးနိုင်လောက်မည်ဟု ထင်မိသည်။

သူမနှင့်အတူ ထိုနေရာတွင် ရှိနေရခြင်းကို စက်ဆုပ်ရွံရှာနေပုံရသည့် မာနကြီးသောလူတစ်ဦးလည်း ရှိနေသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် သူသည် မာနကိုသာ ဂရုစိုက်ပြီး အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်သောလူစားမျိုး ဖြစ်ကြောင်း သိနိုင်သည်။

ထို့အပြင် လက်အောက်ခံ လေးယောက်လည်း လိုက်ပါလာကာ အတော်လေးသန်မာကြသည်။ အထူးသဖြင့် မာနကြီးသောလူဘေးရှိ မျက်နှာတည်နေသောသူ။

ထိုလူတွင် ကျင့်ကြံမှုရှိနေသည်ကို ပိုင်ကျီဟန် ခံစားမိသည်။

သူ့ကိုယ်ပိုင်ခန္ဓာကိုယ်သည် အားနည်းနေပြီး ချီကိုသိပ်မခံစားမိသည့်တိုင် အနည်းငယ် ခံစားမိနေသည်။

မည်သို့ပင်ဆိုစေကာမူ မင်းသမီးဖေးလိန်သည်

ပိုင်ကျီဟန် မျှော်လင့်ထားသလို မဟုတ်ပေ

မာနကြီးသော သူမဟုတ်ပေ။ သာလွန်ခြင်းမျိုး မရှိပေ

အေးဆေးစွာ ဦးညွတ်ချေသည်။

“ကျေးဇူးတင်ကြောင်း ပြောချင်လို့ လာတာပါ… မင်းက ငါ့ပြည်သူတွေကို ကယ်တင်ပေးခဲ့တာ။ ဒါက ငါ့တာဝန်ဖြစ်သင့်တာပါ။”

ပိုင်ကျီဟန်သည် တုံ့ပြန်ခြင်းမရှိဘဲ သူမကို တိတ်တိတ်လေး အကဲဖြတ်နေသည်။

သူ့ကိုမကြိုက်သော အကြွင်းအကျန်ဝိညာဉ်၏ ငယ်စဉ်အရွယ်သည် သူ့အား ကျေးဇူးတင်ကြောင်း ကြားခဲ့လျှင် မည်သို့များဖြစ်မည်နည်းဟု သူတွေးနေမိသည်။

ဖေးလိန်သည် တစ်ဝက်တစ်ပျက်ပြင်နေသော အဆောက်အအုံတစ်ချို့၊ကင်းစင်များနှင့် တော်တော်များများကို ကြည့်လိုက်ပြီး လူတွေ သက်ရှင်နေတာကို လေ့လာနေ၏

သူမ သက်ပြင်းချလိုက်သည်။

ထိုနေရာသည် သူမ စွန့်လွှတ်ခဲ့သော နေရာဖြစ်တာကြောင့် အပြစ်ရှိသလို ခံစားရသည်။

စူးစမ်းမှုဖြစ်ဖြစ်၊ မုန်းတီးမှုဖြစ်ဖြစ်—အမျိုးမျိုးသော မျက်လုံးများကို သူမ မကြည့်နိုင်ဟု ခံစားရသည်။

သူမအနေနဲ့လည်း ၎င်းကို မှားသည်ဟု မခံစားရပေ ။သူတို့ကို ကာကွယ်ဖို့ တာဝန်ရှိသူသည် သူတို့ကို စွန့်ပစ်ခဲ့သည်။

ဒါပေမဲ့ ထူးခြားတာတစ်ခုကတော့ သူမထင်ထားသလို မဟုတ်ဘဲ ထိုနေရာ၏ကယ်တင်သူ ပိုင်ကျီဟန်သည် သူမကို မုန်းတီးတာမျိုး မရှိပေ

သူမအား မုန်းတာမျိုး မဟုတ်ချေ။

ကြောက်တာမျိုး မရှိသလို လေးစားတာမျိုးလည်း မရှိပေ

ယင်းအစား သူမသည် မင်းသမီးတစ်ပါးဖြစ်သော်လည်း သူမအထက်တွင်ရှိနေသူတစ်ဦးကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သော မာနနဲ့ပင်

၎င်းသည် မျှော်လင့်ထားရမည့်အရာဖြစ်သည်။ သူမသည် ပျမ်းမျှအရွယ်အစားသာ ရှိသော မြို့တစ်မြို့တည်းကို အုပ်ချုပ်ရသည့် မင်းသမီးတစ်ပါးဖြစ်သည်။

တစ်ဖက်တွင် ပိုင်ကျီဟန်သည် သံမြူနှင်းမြို့နှင့်ဆင်တူသော မြို့ရာပေါင်းများစွာကို ထိန်းချုပ်ထားသည့် မျိုးနွယ်စု၏ အမွေဆက်ခံသူ မင်းသားတစ်ပါးသာ

"ဒီနေရာက သေမင်းဇုန်ဖြစ်ရမယ်”ဟု သူမ တိုးတိုးလေးပြောလိုက်သည်။

"ဒါပေမယ့်... မင်းက အဲဒါကို မျှော်လင့်ချက်အဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ မင်းက လူရာပေါင်းများစွာကို ကယ်တင်ပြီး ကူညီပေးနိုင်ခဲ့တယ်။"

သူမဘေးရှိ မာနကြီးသောလူက လှောင်ပြောင်လိုက်သည်။

"မျှော်လင့်ချက်လား။ ဘာအတွက်လဲ။ ပေါက်ကွဲထွက်တော့မဲ့ အရုပ်တွေလို အပျက်အစီးတွေနဲ့ အင်းဆက်တွေကိုလား”

ပိုင်ကျီဟန်၏ အကြည့်သည် သူ့ထံသို့ လှည့်ကြည့်လိုက်သည် ။ ထုံမှိုင်းပြီး မကျေနပ်သည့်ပုံနှင့်ပင်

ကြမ်းတမ်းသောပုံပေါက်သော အစောင့်သည် ရှေ့သို့တိုးလာပြီး နှစ်ယောက်ကြား ခြေလှမ်းတစ်ဝက်ခန့်အကွာတွင် ရပ်နေလိုက်သည် ။

ဖေးလိန်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း အမတ်သွမ်အား စောဒက မတက်ခဲ့ပေ။ ယင်းအစား သူမသည် ပိုင်ကျီဟန်ဘက်သို့ ပြန်လှည့်လိုက်သည်။

"ငါ မင်းရဲ့အချိန်တွေကို မဖြုန်းတီးချင်ပါဘူး။ မင်းရဲ့အကူအညီကို ငါလိုအပ်လို့ ငါလာတာပါ။ မြို့အတွက်ပါ။"

"ကျွန်တော်လုပ်ထားတဲ့ လက်နက်ကို လိုချင်တာလား"

ပိုင်ကျီဟန်သည် ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

သူ့အနေဲ့ သူတို့ကို သေနတ်တွေပေးတာ ဒါမှမဟုတ် နောက်ထပ်ဖန်တီးခွင့်ပေးတာအပေါ် ဂရုမစိုက်ပေ။ သို့ပေမဲ့ စမ်းသပ်မှုအတွက် သူလုပ်ရမည့်အရာက အဲဒါတင်လား။

ထိုကဲ့သို့ ရိုးရှင်းသည်လား။

သူ မထင်ချေ။

အလယ်မြို့ဖျက်ဆီးခံရတာက ပြသနာဆိုပါက အဓိက စစ်တပ်သည် ၎င်းကို မကိုင်တွယ်နိုင်စရာအကြောင်းမရှိဟု ပိုင်ကျီဟန် ထင်မိသည်။

မာနကြီးသောလူကို ကာကွယ်ပေးနေသည့် ထိုအစောင့်လို လူဆယ်ယောက်ရှိလျှင် မြို့ကို မကောင်းဆိုးဝါးသားရဲတွေဆီကနေ အလွယ်တကူ ကယ်တင်နိုင်မည်ဟု သူ ယူဆမိသည်။

မင်းသမီး ဖေးလိန်က ရိုးသားစွာ ခေါင်းညိတ်လိုက်၏

"ငါ အဲ့တာရဲ့စွမ်းရည်တွေအကြောင်း ကြားတော့ ငါတို့မှာရှိတဲ့ ပန်းပဲဆရာတွေကို အသုံးပြုပြီး နောက်ထပ်ဖန်တီးချင်မိတယ်။ မင်းရဲ့ပံ့ပိုးမှုအတွက် သင့်တော်တဲ့ တန်ကြေးလည်း ပေးပါမယ်။"

"ကျွန်တော်ကို ဘာပေးနိုင်မလဲ။"

ပိုင်ကျီဟန်က သိပ်စိတ်မဝင်စားပေ။ ထိုလှည့်စားမှုကနေ တစ်ခုခုကို လက်တွေ့ဘဝထဲ ပြန်ယူလာနိုင်ဖို့ မသေချာပေ

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မေးလိုက်လေ၏ သူမ၏ သိတတ်မှုကို မြင်ချင်ခဲ့သည်။

"ဘဏ္ဍာတိုက်ကနေ လိုချင်တာ ဘာမဆို”

မင်းသမီး ဖေးလိန်သည် တွန့်ဆုတ်ခြင်းမရှိဘဲ ကမ်းလှမ်းခဲ့သည်။

ထိပ်တန်းကမ်းလှမ်းမှုတစ်ခု - သူမအနေနဲ့ သူလိုချင်တာ ဘာမဆိုယူနိုင်သည်ဟု ပြောနေတာပင်

"မင်းသမီး”

မာနကြီးသောလူသည် ဒေါသထွက်ပြီး အော်လိုက်သည်။

ဘဏ္ဍာတိုက်မှ မင်းသမီးပေးချင်သည့် အရာများကြောင့် သူတကယ်ဒေါသထွက်နေပုံရသည်။

အမတ်သွမ်သည် ဘဏ္ဍာတိုက်ထဲရှိ ရတနာတွေအပါအဝင် မြို့တွင်းမှာရှိသော အရာအားလုံးကို သူ့ဥစ္စာဟု ထင်နေ၏

ထိုကြောင့် သူတွေးထားတာတွေ ပေးခံရသည့်အခါ ဒေါသထွက်မှာ အသေအချာပင်

"ဒီလူကို ဘာမှပေးလို့မရဘူး..ကင်းထောက်တွေပြောသလို ဒီအရာတွေက အလုပ်ဖြစ်မဖြစ် ဘယ်သူသိနိုင်မှာလဲ။ ကျွန်တော်မျိုးတို့ရဲ့ဘဏ္ဍာတိုက်က ပစ္စည်းကို လိမ်လည်ဖို့ ဖြစ်နိုင်ပါတယ်”

မင်းသမီးသည် တုံ့ဆိုင်းသွားပြီး ပိုင်ကျီဟန်ဘက် လှည့်လိုက်သည်။

"မင်းရဲ့လက်နက်ကို သရုပ်ပြပေးနိုင်မလား"

သူမက မေးလိုက်၏

သူမတွင် မြင့်မားသော အဆင့်အတန်းရှိပေမဲ့ သူမ ထိုသို့ မပြုမူခဲ့ပေ

"ရတာပေါ့”

ပိုင်ကျီဟန်က ပြန်ဖြေလိုက်သည်။

လေ့ကျင့်ရေးကွင်းမှာတော့

အသက်ရှင်ကျန်ရစ်သူတွေသည် ထိုနေရာကို သေနတ်တွေနဲ့ လေ့ကျင့်ဖို့ ယာယီနေရာအဖြစ် အသုံးပြုနေကြသည်။ ၎င်းသည် ပိုင်ကျီဟန် ပထမဆုံး အနက်ရောင်မှုန့်ကို စမ်းသပ်ခဲ့သည့် နေရာလည်း ဖြစ်ပေသည်။

မင်းသမီး ဖေးလိန်အဖွဲ့သည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ပေမယ့် အားလုံးက စိတ်ရှည်ရှည်နဲ့တော့ မဟုတ်ပေ။

မာနကြီးသောသူသည် လက်ပိုက်ပြီး ခြေထောက်ကို ပုတ်နေခဲ့သည်။ ဆင်းရဲသားရပ်ကွက်၏လေထုသည် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသလိုပင်

မကြာခင်မှာပဲ အသက်ရှင်ကျန်ရစ်သူအဖွဲ့တစ်ဖွဲ့သညိ သေနတ်ကိုင်ဆောင်ပြီး ပေါ်လာခဲ့သည်။

သူတို့သည် လေ့ကျင့်ရေးကွင်းဆီကိုလျှောက်သွားခဲ့ကြပြီး အဝေးကနံရံတွင် သစ်သားရုပ်တွေ စီတန်းထားကြသည်။

"ပစ်”

ပိုင်ကျီဟန်က အမိန့်ပေးခဲ့သည်။

လက်ချောင်းတွေကို ပေါ့ပေါ့ပါးပါး လှုပ်ယမ်းပြီး အမိန့်ပေးသည့်အတိုင်း ပစ်ခတ်ခဲ့သည်။

ဘုန်း…ခြံထဲ၌ မိုးကြိုးပစ်သံလို ကြည်လင်ပြတ်သားသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အဝေးဆုံး အရုပ်သည်လည်း ၎င်း၏ သံချပ်ကာကို ဖောက်ထွင်းခံလိုက်ရသည်။

ကျယ်လောင်သော အသံကြောင့် မာနထောင်လွှားသော လူသည် လန့်ဖျပ်သွားပြီး တုန်လှုပ်သွားသည်။

ပျက်စီးနေသော အပျက်အစီးများကို စိုက်ကြည့်ရင်း ဖေးလိန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူမ၏ ကင်းထောက်များ လိမ်ညာသည်ဟု မထင်ထားသည့်တိုင် ထိုဇာတ်လမ်းက လုံးဝယုံကြည်ဖို့ ထူးဆန်းလွန်းသည်ဟု ထင်ခဲ့သည်။

သို့ပေမဲ့ အခု သူမကိုယ်တိုင် မြင်တွေ့လိုက်ရတာကြောင့် သူမမှာ ယုံဖို့ပဲ ရှိတော့သည်။

ပိုင်ကျီဟန်က မျက်တောင်တောင် မခတ်ပေ

"နောက်ထပ် သရုပ်ပြရအုံးမလား"

သူက ယဉ်ကျေးတဲ့ပုံစံနဲ့ မေးလိုက်၏

မင်းသမီး ဖေးလိန်သည် နှုတ်ခမ်းတွေ တွန့်ကွေးပြီး ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။

" ရပါပြီ”

မာနကြီးသောလူသည် အရင်ဆုံး ဒေါသတကြီး ထွက်သွားလိုက်၏

"ဟွန်း..ဒါဆိုရင်ရော ဘာဖြစ်လဲ။ လေးထက် နည်းနည်းပိုပြင်းထန်ရုံပဲကို။ ငါတို့ရဲ့ အခြေအနေကို တကယ်ပြောင်းလဲနိုင်လို့လား။ ငါတော့ သံသယရှိတယ်။"

ပစ်ခတ်သံကြောင့် ကြောက်လန့်ပြီး ခုန်ချသွားပေမယ့်လည်း…

ပိုင်ကျီဟန်အနေနဲ့ ဘာမှ ပြန်မပြောချေ။ သေနတ်တွေသည် အကောင်းဆုံးလက်နက်လားဆိုတာ သက်သေပြစရာ မလိုပေ။

သူတို့ မလိုချင်ဘူးဆိုလျှင် ၎င်းက သူတို့ဆုံးရှုံးမှုသာ

တကယ်တော့ မေးခွန်းသည် ထိုလက်နက် လုပ်နည်းကို သူမအား ပေးချင်လားဆိုတာပင်

All Chapters