အမတ်သွမ်ကို ထိန်းချုပ်ခြင်း
Vol. 10 Ch. 146
“မင်းကို သံသယဝင်မိတဲ့ အတွက် တောင်းပန်ပါတယ်။ မင်းရဲ့ လက်နက်က တကယ် စွမ်းအားကြီးတာပဲ… မင်းအကူအညီကို လိုချင်ပါတယ်။”
မင်းသမီးဖေးလိန်က ပြောလိုက်သည်။
“မင်းရဲ့ လက်နက်နဲ့ဆိုရင် ဒီမြို့ကို ဝင်ရောက်ဖျက်ဆီးနေတဲ့ သားရဲတွေကို အဆုံးသတ်ပြီး မြို့ကို ကာကွယ်နိုင်မှာပဲ။”
ပိုင်ကျီဟန်သည်လည်း သဘောတူခဲ့ပြီး သူ့အတွက်ပါ အကျိုးရှိသည်ကို သိလေ၏
ထို့အပြင် စမ်းသပ်မှု၏ အဓိက ရည်ရွယ်ချက်သည်လည်း မင်းသမီးဖေးလိန်နဲ့တစ်ခုခု လုပ်ရမည်ဟု ထင်မိသည်။
ထိုကြောင့် ပိုင်ကျီဟန်သည် သူမနဲ့အတူ သွားဖို့ဆုံးဖြတ်ခဲ့သည်။သို့ပေမဲ့ သူတစ်ယောက်တည်းတော့ မဟုတ်ပေ
အသက်ရှင်ကျန်ရစ်သူများကိုလည်း အတွင်းမြို့သို့ ခေါ်သွားရန် စီစဉ်ထားသည်။
မင်းသမီးအနေနဲ့ ပိုင်ကျီဟန်သည် သူတို့အကြောင်း စိတ်ပူနိုင်သည်ဟု ထင်နေသည် ။ အခုသူတို့ကို အတွင်းမြို့သို့ ခေါ်သွားတာက ကယ်တင်တာဖြစ်သည်။
အတွင်းမြို့သို့သွားခြင်းသည် ကယ်တင်ခြင်းနဲ့ တူပေသည်။
အလယ်မြို့မှာ ရှိနေခြင်းသည် သေနိုင်မည့်အခြေအနေလိုပင်
လက်နက်တွေကြောင့် အပျက်အစီး မရှိခဲ့ပေမဲ့ အသက်ရှင်ကျန်သူတွေသည် လုံခြုံရာနေရာဖြစ်သော အတွင်းမြို့ကို သွားချင်နေကြသည်။
လက်နက်ပြုလုပ်ရသောကြောင့် မျက်နှာပေါ်တွင် မီးခိုးများ၊ ပျက်စီးနေသော အဝတ်အစားများနှင့် ပင်ပန်းနေသော လူအုပ်ဆီသို့ ပိုင်ကျီဟန် လှည့်ကြည့်လိုက်သည်။
အချို့က တစ်ဦးနဲ့ တစ်ဦး ကြည့်နေပြီး အချို့က မြေပြင်ကို ငြိမ်ငြိမ်လေးကြည့်နေကြသည်။
“ကျွန်တော်တို့ အတွင်းမြို့ကို သွားကြမယ်။” သူက ကြေညာလိုက်သည်။
အသံက မကျယ်ပေမဲ့ တိတ်ဆိတ်သည့် လေထဲကို ဓါးနဲ့လှီးသလိုပင်
“မင်းတို့အားလုံးကိုလည်း ခေါ်သွားမယ်။”
အစကတော့ မည်သူမျှ စကား မပြောပေ
ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် မျက်နှာပေါ်တွင် မျှော်လင့်ချက်တွေ ပေါ်လာသည်။
“တကယ်လား?”
တစ်ယောက်က တီးတိုးလေး ပြောလိုက်သည်။
“မင်းသမီးက ကိုယ်တိုင် ကတိပြုထားပြီးပြီပဲ။ ဒါကြောင့် လိမ်ညာတယ်လို့ မထင်ဘူး။”
တစ်ယောက်က ရယ်လိုက်၏ — ခဏတာဆိုပေမဲ့ ပြိုကျသွားသော အသံမျိုး၊ သို့ပေမဲ့ အကုန် ပြန်ပြီး တည်ဆောက်မည့် စတင်မှုဟု ထင်ရသည်။
တိုးတိုးတိတ်တိတ် ကျေးဇူးတင်ကြောင်း အော်ဟစ်သံတွေ ထွက်ပေါ်လာသည်။ တချို့က ခေါင်းငုံ့ထားကြသည်။ လူအနည်းငယ်က ဒူးထောက်ကြပေမဲ့ ပိုင်ကျီဟန်က ဘာမှမဟုတ်သလို လက်ပြနှုတ်ဆက်ခဲ့သည်။
သူသည် ဟုန်ထောင်အား ခေါ်ပြီး လူတိုင်းအား စုဝေးပြီး ပြောင်းရွှေ့ဖို့ ပြောခဲ့သည်။
သူတို့ နေရာကနေ ထွက်သွားဖို့ အသင့်ပြင်တာက အချိန်သိပ်မကြာလိုက်ပေ
သဘောတူညီချက်ကို လက်ခံတာကနေ အသက်ရှင်ကျန်ရစ်သူတွေကို ခေါ်ဖို့ ဆုံးဖြတ်တာအထိ လုပ်ငန်းစဉ်တစ်လျှောက်လုံးကို အမတ်သွမ်က ကန့်ကွက်ခဲ့သည်။
"မင်းသမီး၊ အသက်ရှင်ကျန်ရစ်သူတွေကို ခေါ်ရင် ကျွန်တော်တို့ရဲ့ အစားအစာတွေ ဒုက္ခရောက်လိမ့်မယ်။ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကျွန်တော်တို့အားလုံး သေသွားနိုင်တယ်။"
အမတ်သွမ်သည် သူ့၏စကားတွေနဲ့ မင်းသမီးကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့သည့်တိုင် သူမ၏ကောင်းမွန်သော ကိုယ်ကျင့်တရားနဲ့ ဆန့်ကျင်ပြီး လူတွေအား ကယ်တင်ခြင်းအပေါ် တားဆီးဖို့ စကားလုံးတစ်လုံးမှ လုံလောက်ပေ
အသက်ရှင်ကျန်ရစ်သူတွေသည် အမတ်သွမ်ရဲ့ စကားတွေအပေါ် မကျေမနပ်ဖြစ်ခဲ့ကြရသည်။ သူတို့က အသက်မဲ့နေသလိုပင်။
သူတို့အမြင်မှာတော့ အမတ်သွမ်နဲ့ အမတ်ဟု ခေါ်သောသူများသာ အလုပ်ကို တကယ်လုပ်ခဲ့လျှင် အလယ်မြို့သည် အစကတည်းက ကျဆုံးမည် မဟုတ်ပေ
သို့တိုင် သူတို့ကျိန်ဆဲချင်ပေမဲ့ အမတ်သွမ်အား ဆန့်ကျင်လျှင် မြို့တွင်းကို ဝင်ခွင့်မရမည်ကို စိုးရိမ်သောကြောင့် တိတ်ဆိတ်နေခဲ့ကြသည်။
အမတ်သွမ်အနေနဲ့ အမြဲတမ်း ဝင်ရောက် စွက်ဖက်ဖို့ ကြိုးစားနေတာကြောင့် ပိုင်ကျီဟန်လည်း စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရသည်။
"အစေခံက ဘာလို့ ဒီလောက် မာနကြီးနေတာလဲ။ မင်းသမီး မင်းသမီးရဲ့ခွေးကို ကောင်းကောင်း ကြိုးချည်ထားဖို့ လိုတယ်။"
ပိုင်ကျီဟန်က ပြောလေသည်။
အမတ်သွမ်သည် ရာထူးမြင့်မားသည်ကို သူ ရှင်းရှင်း နားလည်ပေသည်။ သူ့၏ အပြုအမူကို ကြည့်လျှင် မင်းသမီးထက်တောင် ပိုကြီးမားနိုင်သည်။
သို့တိုင် အမတ်သွမ်သည် မင်းသမီးအတွက် အလုပ်လုပ်ပေးနေသူဟု သူ့ကိုယ်သူ ပုံဖော်နေတာကြောင့် ပိုင်ကျီဟန်သည် သူ့အား ထိုသို့ဆက်ဆံရန် ဆုံးဖြတ်လိုက်သည်။
အမတ်သွမ်သည် ပိုင်ကျီဟန်၏ စော်ကားမှုကြောင့် မျက်နှာ မည်းမှောင်သွားချေသည်။ထိုသို့ အရှက်ခွဲခံရခြင်းသည် ပထမဆုံးအကြိမ်ပင်
နောက်ဆုံးတော့ သံမြူနှင်းမြို့တွင် မည်သူက သူ့အား စော်ကားရဲမည်နည်း
မင်းသမီး ဖေးလိန်တောင် သူ့ကို ထိုသို့ မဆက်ဆံပေ
"မင်းလို ရိုးရိုးတပ်မှူးတစ်ယောက်က ငါ့ကို ဒီလိုပြောရဲတာလား"
အမတ်သွမ်သည် အော်ဟစ်လိုက်ချေသည်။
"ဟမ်!ခင်ဗျားကို ခင်ဗျား ဘယ်သူလို့ ထင်နေတာလဲ။ ဘာလို့ မင်းသမီးလို ဟန်ဆောင်နေတာလဲ။ ကိုယ့်ရဲ့နေရာကို သိပြီး ကိုယ့်သခင်ကို စိတ်အနှောင့်အယှက်ဖြစ်စေမဲ့အစား သူမရဲ့ဆန္ဒနဲ့ ကူညီပေးသင့်တယ်။"
ပိုင်ကျီဟန်က ပြန်ပြောလိုက်သည်။
အမတ်သွမ် ပြန်မဖြေခင်မှာပဲ လက် တစ်ဖက်က သူ့ကို ရပ်တန့်လိုက်ချေသည်။
"တော်ပြီ၊အမတ်သွမ်”
သူမအသံသည် မကျယ်လောင်သည့်တိုင် လေးလံနေသည်။ ဆင်ခြေတွေကို ငြီးငွေ့လာသောသူတစ်ယောက် ထမ်းထားသည့် ဝန်ထုပ်ဝန်ပိုးလိုမျိုးသာ
"ကျွန်မ ဆုံးဖြတ်ပြီးပြီ။ ဒီလူတွေကို ကျွန်မတို့ ချန်ထားခဲ့မှာ မဟုတ်ဘူး။"
သူမသည် မောပန်းနွမ်းနယ်ပြီး ဖုန်တွေဖုံးနေသည့် အသက်ရှင်ကျန်ရစ်သူ လူအုပ်စုကို မျက်နှာချင်းဆိုင်ဖို့ လှည့်လိုက်သည်။
နတ်ဆိုးသားရဲတွေအား တွန်းလှန်ပြီး အသက်
ရှင်ကျန်ရစ်ခဲ့သည့် အမျိုးသား၊ အမျိုးသမီးတွေပင်
"ကျွန်မ သူတို့ကို ကယ်တင်ဖို့ မအောင်မြင်ခဲ့ဘူး။ နောက်တစ်ခါ ထပ်မကျရှုံးချင်တော့ဖူး”
အသက်ရှင်ကျန်ရစ်သူတွေသည် မျှော်လင့်ချက်နှင့် မသေချာမရေရာမှုရောထွေးနေသည့် မျက်နှာတွေနဲ့ သူမကို ကြည့်နေကြသည်။
အမတ်သွမ်သည် လျစ်လျူရှုခံရသည်ကို သိသိသာသာ စိတ်တိုနေပြီး အသက်ရှူမဝဘဲ တိုးတိုးလေး ပြောလိုက်သည်။
"ဒါဆို အားလုံး ငတ်မွတ်ခေါင်းပါးပြီး သေသွားတဲ့အခါ ကျွန်တော်မျိုးကို အပြစ်မတင်ပါနဲ့”
"ငတ်ဖို့လား?"
ပိုင်ကျီဟန်သည် နောက်ဆုံးတော့ ဝင်ပြောလိုက်ပြီး အမတ်သွမ်ကို သူ့ဖိနပ်အောက်ခြေ၌ တစ်ခုခု ကပ်နေသလို ကြည့်လိုက်သည်။
"ခင်ဗျားက ရက်အတော်ကြာ ကောင်းကောင်း မစားခဲ့သလို ပြောနေတာ၊ ဒါပေမယ့် ခင်ဗျားရဲ့ ဗိုက်ဖောင်းဖောင်းကို ကြည့်ရင် နောက်ငါးနှစ်အတွက် လုံလောက်အောင် စားပြီးသွားပြီဆိုတာ ဘယ်သူမဆို ပြောနိုင်တယ်။"
အမတ်သွမ်မျက်နှာသည် ပိုင်ကျီဟန်၏ စော်ကားမှုနဲ့ သူ၏ဒေါသကြောင့် နီရဲသွားသည်။
အမတ်သွမ်က လှောင်ပြောင်လိုက်ချေသည်။
"မင်းလို လူရိုင်းတစ်ယောက်က ဘာသိမှာလဲ။ ငါပြောနေတာက ထောက်ပံ့ပို့ဆောင်ရေးအကြောင်း။ ရေရှည်စီမံကိန်းအကြောင်း”
"မင်းရဲ့ ဖင်အကြောင်းနဲ့ ပိုတူနေတာပါ”
ဒါက သူ့ကို ပါးစပ်ပိတ်သွားစေသည်။ ပိုင်ကျီဟန်သည် လက်တွေကို ကျောနောက်မှာထားပြီး ဖြည်းဖြည်းချင်း ရှေ့ကို တိုးလာ၏ သူ့အသံက တည်ငြိမ်နေသည့်တိုင် အေးစက်နေသည်။
"ခင်ဗျားက သူမနားထဲကို ဟောင်နေသလိုပဲ။ အစားအစာနဲ့ စည်းမျဉ်းတွေအကြောင်း ပြောပြီး သူမကို ခြောက်လှန့်ဖို့ မျှော်လင့်နေတယ်။ ဒါပေမယ့် ဒီမှာ တကယ်ပဲ လုပ်ကြရအောင်။"
သူသည် အမတ်သွမ်၏ကိုယ်ပိုင်နေရာနဲ့ မနီးမဝေးမှာ ရပ်လိုက်၏ အမတ်သွမ်ဘေးက အစောင့်သည် အလိုလို ဝင်လာချေသည်။ သို့တိုင် ပိုင်ကျီဟန်က သူ့ကို မကြည့်ပေ
"ခင်ဗျားက ခင်ဗျားရဲ့ကိုယ်ပိုင်ကောင်းကျိုးကိုပဲ တွေးနေတာ။ ဒါကြောင့် တခြားသူတွေကို ဂရုစိုက်သလို ဟန်ဆောင်မနေပါနဲ့။ တစ်ချက်ကြည့်လိုက်တာနဲ့ ဘယ်သူမဆို သိနိုင်တယ်—အခြေအနေတွေ ပိုဆိုးလာရင် ခင်ဗျားက ပထမဆုံး ထွက်ပြေးမှာပဲလေ”
အမတ်သွမ်သည် ပြန်စိုက်ကြည့်ဖို့ ကြိုးစားပေမဲ့ ပိုင်ကျီဟန်အကြည့်သည် သူ့ကျောရိုးကို ယားယံသွားစေသည်။
"ခင်ဗျားထက် ကျောရိုးပိုများတဲ့ ကြွက်တွေကို ငါမြင်ဖူးတယ်" ပိုင်ကျီဟန်သည် အေးစက်စက်နဲ့ ပြောလိုက်ချေသည်။
"အနည်းဆုံးတော့ သူတို့ဂရုစိုက်တာက အစအနတွေကို စုဆောင်းရုံပဲ။ အဲ့အချိန်မှာ အသက်ကယ်နေတယ်လို့ ဟန်ဆောင်မနေကြဘူး။"
ဖေးလိန်သည် ဝင်မစွက်ဖက်ခဲ့ပေ ။ သူမ တိတ်တိတ်လေးပဲ ကြည့်နေခဲ့သည်။
အမတ်သွမ်သည် ပေါက်ကွဲသွားသည်။
"မင်းက ရိုင်းစိုင်းတဲ့ကောင်ပဲ”
ထိုအချိန်တွင် ပိုင်ကျီဟန်သည် ပြုံးလိုက်သည် ။ တည်ငြိမ်ပြီး ဒေါသထွက်နေသော အပြုံးတစ်ခုသည် အမတ်သွမ်ကို အံ့ကြိတ်သွားစေသည်။
"မင်းသမီး" သူသည် အမတ်သွမ်ကို လှည့်မကြည့်ဘဲ "ခွေးကို ပိုကောင်းအောင် ချည်နှောင်သင့်တယ်" ဟု ပြောလိုက်၏
"မင်း”
"တကယ်ပြောတာ" ပိုင်ကျီဟန် မျက်လုံးတွေအေးစက်သွားပြီး ထပ်ပြောလိုက်သည်။
"သူဆက်ဟောင်နေရင် ကျွန်တော်တစ်ခုခုကို ချိုးပစ်သွားနိုင်တယ်"
အမတ်သွမ်၏မျက်နှာသည် ဒေါသတကြီးနဲ့ ရှုံ့မဲ့သွားသည်။
"အစောင့်တွေ..ဒီရိုင်းစိုင်းတဲ့ ကောင်လေးကို သင်ခန်းစာပေးလိုက်—အခုပဲ”
ကြမ်းတမ်းသော အစောင့်သည် ရှေ့ကိုပြေးသွားပြီး ကြွက်သားတွေတင်းမာလာကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေချေပြီ။
သို့တိုင် သူမထိုးနှက်ခင် ပိုင်ကျီဟန်က အရိပ်လို ရွေ့လျားသွားသည်။ မြန်ဆန်ပြီး ခန့်မှန်းရခက်၏
သူ့လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်သည့်အခါ ပိုင်ကျီဟန်သည် အစောင့်၏ လက်သီးကို ဖမ်းပြီး သူ့ကျောနောက်ကို လိမ်လိုက်သည်။
အစောင့်သည် အသက်ရှူမဝဘဲ ခဏလောက် ရုန်းကန်လိုက်ပြီးနောက် ပိုင်ကျီဟန်သည် သူ့အားမြေပြင်ပေါ်ကို အလွယ်တကူ လဲကျသွားစေသည်။
အံ့အားသင့်နေသည့် အစောင့်သည့် နေရာတွင် လဲလျောင်းနေပြီး မောပန်းနွမ်းနယ်နေကာ ပိုင်ကျီဟန်ကတော့ သူ့အပေါ်၌ အောင်ပွဲခံရပ်နေ၏
သူသည် အစောင့်ကိုတောင် မကြည့်ဘဲ အမတ်သွမ်ကို စိုက်ကြည့်နေလိုက်သည်။
ပိုင်ကျီဟန်သည် ဖြည်းဖြည်းချင်း တစ်လှမ်းချင်းတိုးလိုက်ပြီး နောက်တစ်လှမ်းဆုတ်လိုက်၏ သူတို့ကြားက အကွာအဝေးကို နီးလာစေပြီး လေထုသည် ပိုလေးလံလာသည်။
"နောက်ဆုတ်”
အမတ်သွမ်သည် အနည်းငယ်တုန်ယင်စွာ အော်ဟစ်လိုက်ချေ၏
"ဒါမှမဟုတ်”
စကားမဆုံးခင်မှာပဲ သူ့ခြေထောက်သည် လွတ်နေသော ကျောက်တုံးတစ်တုံးပေါ် ယိုင်ထိုးသွားသည်။ သူ နောက်ပြန်လဲကျလုနီးပါးဖြစ်သွားကာ မျက်နှာသညိလည်း ကြောက်ရွံ့မှုနဲ့ မယုံကြည်မှုတွေ ရောနှောပြီး ဖြူဖျော့နေသည်။
အသက်ရှင်ကျန်ရစ်သူတချို့သည် တိုးတိုးလေး ရယ်မောလိုက်ကြသည်။
ရလဒ်က မျှော်လင့်ထားသည့်အတိုင်းပင် ။ သေနတ်မပါဘဲနဲ့တောင် ပိုင်ကျီဟန်သည် နတ်ဆိုးသားရဲတွေကို သတ်နိုင်လောက်အောင် အစွမ်းထက်ပေသည်။
သူတို့၏အနာဂတ်က မသေချာသည့်တိုင် ပိုင်ကျီဟန်နဲ့ဆို အဆင်ပြေမည်ဟု အားလုံး ခံစားလိုက်ရသည်။
ဖေးလိန်သည် သက်ပြင်းချလိုက်သည့်တိုင် သူမနှုတ်ခမ်းတွင် ရယ်စရာအရိပ်အယောင်လေးတွေ ရှိနေသည်။
အမတ်သွမ်သည် မျက်နှာနီရဲပြီး ဒေါသထွက်နေပေမယ့် ကြောက်ရွံ့မှုကြောင့် ဘာမှထပ်မပြောခဲ့ချေ။
သူ့တွင် အစောင့်အကြပ်မရှိပါက အစွမ်းမဲ့သွားချေပြီ။ သူ့အစောင့်အား အလွယ်တကူအနိုင်ယူနိုင်သည့် ပိုင်ကျီဟန်ကို ယှဉ်လို့မရကြောင်း သူသိ၏
ပိုင်ကျီဟန်သည် နောက်ပြန်လှည့်လိုက်ပြီး ဖေးလိန်ကြည့်နေသည့် နေရာကို ပခုံးပေါ်ကနေ ပြန်ကြည့်လိုက်သည်။
"သူ့လိုလူတွေကို နာခံမှုရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးစေချင်လား”