နံရံအထဲမှာ
Vol. 10 Ch. 147
အမတ်သွမ်သည် စကားတစ်ခွန်းမှ မပြောပေ။
သူ့နှုတ်ခမ်းသည် ပါးလွှာသော အကြောင်းလေး ပေါ်လာပြီး ဒေါသနဲ့ အရှက်တွေသည် စစ်ဆင်နေသလို ဖြစ်နေ၏
သူ့မျက်လုံးတွေသည် ပိုင်ကျီဟန်အား ကြည့်နေသော်လည်း ပြန်မပြောရဲပေ
အမတ်သွမ်ကို ပိုင်ကျီဟန်သည် တချက်တောင် မကြည့်တော့ပေ။ သူ့အမြင်အရ အမတ်သွမ်သည် အရေးမပါသူတစ်ယောက် ဖြစ်သွားချေပြီ။
ထိုအချိန်၌ ဖေးလိန်သည် ရှေ့ထွက်လာပြီး မျက်နှာတည်တည်နဲ့ စဉ်းစားနေပုံရသည်။
သူမသည် ပိုင်ကျီဟန်ကို ကြည့်ပြီး ပြန်လည် အသက်ရှင်ကျန်ရစ်သူ လူအစုအဝေးကိုလည်း ကြည့်လိုက်ကာ နောက်ဆုံးမှာတော့ အတွင်းမြို့ နံရံကို ကြည့်လိုက်လေ၏
“အခု ဒီနေရာမှာရှိသူအားလုံး သိထားရမှာ ရှိတယ်” သူမသည် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“အတွင်းမြို့ဆိုက အရင်လို လုံခြုံရာအဖြစ် မရှိတော့ဘူး”
တီးတိုးသံများ ပေါ်လာကြသည်။
အပြင်မြို့နဲ့ အလယ်မြို့ လုံးဝပျက်စီးသွားသည့်အခါ အတွင်းမြို့ကို ရောက်နိုင်ဖို့ မျှော်လင့်နေသူတွေ အများကြီးရှိခဲ့သည်။
သူတို့အတွက် အတွင်းမြို့ဆိုတာ ရှင်သန်ခြင်း နေရာတစ်ခု ဖြစ်နေခဲ့သည်။
ဒါပေမဲ့ အခုတော့
တီးတိုးသံများ ဆက်ထွက်မလာခင် ဖေးလိန်က ပြောလေ၏
“အတားအဆီးက အဆင်ပြေနေပါသေးတယ်၊ ဒါပေမဲ့ တိုက်ခိုက်မှုတွေ ပိုများလာနေပြီ။ ပိုသန်မာလာနေပြီ။ အဆင့်၃ရှိတဲ့သားရဲ တစ်ကောင်ကိုတောင် တွေ့နေကြရပြီ။”
သူမသည် သရဲလက်ချောင်းတွေလို မီးခိုးတွေ တက်နေသေးသည့် အရှေ့ဘက် မြို့ပျက်အနီးသို့ လှမ်းကြည့်လိုက်သည်။
“အမြန်ဆုံး လှုပ်ရှားမှု မလုပ်နိုင်ရင် အတွင်းမြို့ကပါ အလယ်မြို့လို ဖြစ်သွားနိုင်တယ်။”
သူမသည် တည်ငြိမ်သောအကြည့်ဖြင့်ကြည့်ရင်း ပြောလိုက်သည်။
၎င်းက သူမလာရသည့် အကြောင်းဖြစ်သည်။ — ကင်းထောက် သတင်းပေးခဲ့သည့်လက်နက်တစ်ခုကို စစ်ဆေးဖို့။ ၎င်းသည်
လည်း သူမမြင်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက်။
“ဂိုဏ်း တွေ ၊ အဖွဲ့ခွဲ့တွေကို အကူအညီမတောင်းဖြစ်ဘူးလား?”
ပိုင်ကျီဟန်က မေးလိုက်သည်။
“တောင်းခဲ့ပါတယ်။ အရေးပေါ်အကူအညီ စာတွေ ပို့ခဲ့တယ်။ ဒါပေမဲ့ တုံ့ပြန်မှု မရှိကြဘူး။ဖြစ်နိုင်တာက ကျွန်မတို့ကို စွန့်ပစ်လိုက်ကြတာထင်တယ်”
ဖေးလိန်သည် စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
သူမ မသိတာက ထိုအကူအညီတောင်းစာများသည် မည်သည့်အခါမှ နီညိုရောင်မီးတောက်ဂိုဏ်းဆီ မရောက်ခဲ့တာပင်။ ထို့ကြောင့်လည်း တုံ့ပြန်မှု မရှိခဲ့တာပင်။
ပိုင်ကျီဟန်သည် ခဏ စဉ်းစားလိုက်သည်။
(တပ်ကူ မရှိဘူးလား။)
သူကတော့ အကြောင်းရင်းအတိအကျကို မသိပေ။
သို့ပေမယ့် သူနားလည်ထားပုံအရဆိုလျှင် ထိုအကျပ်အတည်းမျိုး ပေါ်ပေါက်လာပါက ထိုနယ်မြေကို သူတို့ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားသည့် ဂိုဏ်း ဒါမှမဟုတ် မျိုးနွယ်စုမှ လူတွေအား အကူအညီတောင်းဖို့ စေလွှတ်သင့်သည်။
ထိုသို့ အစွမ်းထက်သော သူတွေအတွက် အဆင့် ၃ နတ်ဆိုးသားရဲသည်ပင် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုသင့်ပေ
အနည်းဆုံးတော့ သူ့ခေတ်မှာ ထိုသို့အလုပ်လုပ်ကြသည်။ ဒါပေမယ့် ယခုခေတ်ခေတ်အကြောင်း သူသေချာမသိပေ
ဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေသည် အားနည်းလွန်းသည် ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်လွန်းတာလည်း ဖြစ်နိုင်သည်။
အကြောင်းပြချက်တွေ အများကြီးရှိနိုင်၏ သို့တိုင် သေချာတာတစ်ခုကတော့ အကူအညီတွေ မလာပေ
ဆိုလိုတာက သူကိုယ်တိုင် သံမြူနှင်းမြို့အား ကယ်တင်ရန် လိုအပ်ပေသည်။ ၎င်းသည် အမှန်တကယ် စမ်းသပ်မှုတစ်ခုဆိုလျှင်တောင် မြို့ကို ကယ်တင်ဖို့က ရည်မှန်းချက်ဖြစ်ရမည်
အဆုံးစွန်အားဖြင့် ထိုငယ်ရွယ်သောမင်းသမီး ဖေးလိန်သည် တစ်နေ့မှာ မသေမျိုး ဧက္ကရာဇ် ဖြစ်လာမည့် ပုဂ္ဂိုလ်နဲ့ အတူတူပင်
ပါဝင်သူတွေသည် သူမကို ကူညီနိုင်မည်လား၊ မြို့ကို ကယ်တင်နိုင်မည်လားဆိုတာ စမ်းသပ်ချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်၏
မည်သို့ပင်ဆိုစေကာမူ သူ့အနေနဲ့ ထိုယူဆချက်နဲ့ ဆက်သွားရမှာသာ
သို့တိုင် အပြောထက် အလုပ်က ပိုခက်သည်။
သေနတ်သည် အဆင့် ၂ သို့မဟုတ် ထိုထက် အားနည်းသော နတ်ဆိုးတွေကို ထိရောက်မှုရှိနိုင်ပေမယ့် အဆင့် ၃ ကိုတော့ ထိရောက်မှုမရှိပေ
အချိန်၊ အရင်းအမြစ်နဲ့ ဂရုတစိုက်စီစဉ်ရမည့် အနက်ရောင်မှုန့်တွေ အများကြီးကို ဖောက်ခွဲနိုင်မှသာ ထိရောက်မှာပင်။
ထို့အပြင် ဝန်ထုပ်ဝန်ပိုးတွေ အများကြီးရှိနေသေး၏ ။ သူသည် အမတ်သွမ်ကို လှမ်းကြည့်လိုက်သည်။
သူ့လိုလူတွေက အသုံးမဝင်ရုံတင်မကပေ ။အတားအဆီးတွေလည်း ဖြစ်သေး၏ အကူအညီပေးမည့်အစား သူတို့ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ဖို့ တခြားသူတွေကို ဆွဲချတတ်ကြသည်။
အမတ်သွမ်သည် ကယ်ဆယ်ရေးတွေ မရောက်လာရသည့် အဓိကအကြောင်းရင်းတွေထဲက တစ်ခုဟု ပိုင်ကျီဟန် သံသယဝင်ခဲ့မိသည်။
မင်းသမီး ဖေးလိန်သည် သူ့လူတွေကို စွန့်ပစ်မည့်သူဟု မထင်ရပေ။ တစ်ဖက်မှာတော့ အမတ်သွမ်က စွန့်ပစ်မှာ သေချာသည်။
သူ့စကားတစ်ခုတည်းကနေ ပိုင်ကျီဟန် ပြောနိုင်တာက အမတ်သွမ်သည် ရတနာတစ်ခုကိုတောင် စွန့်လွှတ်ဖို့ ရည်ရွယ်ချက်မရှိပေ။ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ရင်တောင်မှပေါ့။
တကယ်ကို အောက်တန်းစားပင်
သူ့အလုပ်သာ ဝင်မစွက်ဖက်လျှင် သူ့အနေနဲ့ ထိုလူတွေကို ဂရုမစိုက်ပေ
သူတို့ ဝင်ပါလာလျှင် သူအနေနဲ့ သနားညှာတာနေမည်မဟုတ်ပေ
မြို့ကိုကယ်တင်ဖို့က ရည်မှန်းချက်ဆိုပါက သူတစ်ယောက်တည်းနဲ့ လုပ်လို့မရပေ။ ထိုအားနည်းသောခန္ဓာကိုယ်နဲ့တော့ မလုပ်နိုင်ပေ။
ထို့ကြောင့် အခုအချိန်တွင် သူ့မှာ ဦးစားပေးစရာ သုံးခုရှိသည်။
ပထမဦးစွာ မင်းသမီးဖေးလိန်အား သေနတ်တွေထုတ်လုပ်ဖို့ ကူညီပေးမည်။၎င်းသည် အတွင်းမြို့၏ ကာကွယ်ရေးကို သိသိသာသာတိုးတက်စေနိုင်သည်။
ဒုတိယအနေနဲ့ ထောက်လှမ်းဖို့ပင် ။ ရန်သူအရေအတွက်၊ ခွန်အား၊ လှုပ်ရှားမှုတွေကို နားလည်ဖို့ လိုအပ်ဆပ၏
တတိယအနေနဲ့ မင်းသမီးဖေးလိန်အား မည်သို့ အုပ်ချုပ်ရမည်ကို သင်ပေးရမည်။
အမတ်သွမ်အပြုအမူကသိသာသည်။ ဖေးလိန်သည် မြို့ထဲ၌ စစ်မှန်သော အာဏာမရှိပေ
သူမကို "မင်းသမီး" ဟုခေါ်သည့်တိုင် ဘွဲ့၏နောက်ကွယ်၌ တကယ့်လေးစားမှုမရှိပေ။ အမတ်သွမ်အထက်တွင် သူမရပ်တည်နေရတာမျိုး မရှိပေ
သူမကို အစားထိုးဖို့ ပူးပေါင်းကြံစည်မှုတောင် ရှိနိုင်သည်။
မြို့တစ်မြို့ အကျပ်အတည်းကြုံနေရသည့်အခါ ၎င်းသည် သာမန်နည်းဗျူဟာတစ်ခုသာ ဖြစ်၏ အလွန်အမင်း ရှုပ်ထွေးနေသည့်အခါ သင်္ကေတရုပ်တုကို ဖယ်ရှားပစ်ရသည်။
သူတို့ အစားထိုးဖို့ ကြိုးစားနေသူသည် ဖေးလိန် မဟုတ်လျှင် သူ့အနေနဲ့ တကယ်ဝင်ရောက်
စွက်ဖက်မည် မဟုတ်ပေ
မြို့တွင်းနန်းတော်၏ တံခါးတွေသည် ထင်ရှားနေ၏ မြင့်မားပြီး ကြော့ရှင်းနေသည့်တိုင် ဟောင်းနွမ်းနေသော အက်ကွဲကြောင်းလေးတွေရှိ၏
တစ်ချိန်က သန့်ရှင်းသော အဖြူရောင်နံရံတွေသည် မီးခိုးနဲ့ ဖုန်မှုန့်တွေ ပေကျံနေသည်။ တော်ဝင်မျိုးနွယ်တွေတောင် တဖြည်းဖြည်း ရှုပ်ထွေးလာသည့် အခြေအနေကို မဖြေရှင်းနိုင်ပေ
မင်းသမီးဖေးလိန်သည် အဖွဲ့ကို ဦးဆောင်ကာ သူမ၏မျက်လုံးများသည် တိတ်ဆိတ်ပြီး ခက်ထန်နေ၏
ပိုင်ကျီဟန်သည် ဂရုတစိုက်နဲ့ လှမ်းလာပြီး ကျောက်တုံးတွေက လျှို့ဝှက်ချက်တွေကို တိုးတိုးလေး ပြောနေသလို အရိပ်နဲ့ အက်ကွဲကြောင်းတိုင်းကို လှမ်းကြည့်လိုက်သည်။
အတွင်းပိုင်းမှာတော့ နန်းတော်သည် ခမ်းနားထည်ဝါမှု အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားဆဲဖြစ်သည်၊ မြင့်မားသော မုခ်ဦးများ၊ ရှေးခေတ်တိုက်ပွဲများနှင့် အောင်ပွဲများကို သရုပ်ဖော်ထားသော နူးညံ့သိမ်မွေ့သည့် နံရံပန်းချီများနှင့် ခြေသံတိုင်းကို ပဲ့တင်ထပ်နေစေသည့် ပွတ်တိုက်ထားသော ကျောက်ကြမ်းခင်းများ…
သို့သော် တင်းမာမှုကို ဖုံးကွယ်ထားခြင်းမရှိပေ
ဖြတ်သွားသော အစေခံတိုင်းသည် မျက်လုံးများကို လွှဲထားပြီး ကြောက်ရွံ့မှု သို့မဟုတ် မောပန်းနွမ်းနယ်မှုကြောင့် မျက်နှာများ တင်းမာနေကြသည်။
သွေး၏ သံချေးတက်ခြင်း သို့မဟုတ် ၎င်းတို့၏ အဝတ်အစားများတွင် ကပ်ငြိနေသော ခါးသက်သည့် မီးခိုးငွေ့ကို အပြည့်အဝ မဖုံးကွယ်နိုင်ပေ
"ဒီဘက်”
ဖေးလိန်သည် ယဉ်ကျေးသော်လည်း ဝေးကွာသော အသံဖြင့် ပြောလိုက်ပြီး ပိုင်ကျီဟန်အား လင်းလက်နေသော မီးခွက်များဖြင့် ထွန်းညှိထားသည့် ဘေးစင်္ကြံမှတစ်ဆင့် ခေါ်ဆောင်သွားသည်။
"ဒီတောင်ပံက လုံခြုံနေဆဲပါပဲ။ ခေါင်းဆောင်ပိုင်းရဲ့ ကျန်ရှိနေတဲ့ အရာတွေအတွက် ကွပ်ကဲရေးဌာနနဲ့ နေထိုင်ရာအဖြစ် ပြောင်းလဲထားတာ”
သူမသည် ခြံဝင်းကို မျက်နှာမူထားသော လသာဆောင်သို့ လက်ညှိုးထိုးပြလိုက်သည်။
ဤနေရာမှ စစ်သားများ တူးဖော်နေခြင်း၊ လေးများနဲ့ မြှားများကို ပြုလုပ်နေခြင်း၊ ဒဏ်ရာရရှိသူများအား အလျင်အမြန် ဆောက်လုပ်ထားသော တဲများတွင် ကုသပေးခြင်းတို့ကို မြင်နိုင်သည်။
ပိုင်ကျီဟန် ကနဦးယုံကြည်ခဲ့သည့်အရာနှင့်မတူတာက မြို့တွင်းရှိလူများသည် လိပ်များကဲ့သို့ ပုန်းအောင်းနေခြင်း မဟုတ်တာပင်
အနည်းဆုံးတော့ စစ်သားတချို့သည် နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်နေကြသည်။
"စိတ်ဓာတ်ကတော့ ထိန်းထားနိုင်ဆဲပါ” သူမ တိုးတိုးလေးပြောလိုက်သည် "ဒါပေမယ့် အဆင့် ၃ နတ်ဆိုးသားရဲတွေ ပေါ်လာရင်တော့..."
သူမ အတွေး မဆုံးလိုက်ပေ။ သူမ တွေးဖို့ မလိုပေ
သူတို့သည် ခန်းမတွေကို ဖြတ်သွားကြသည်။ တချို့သည် မြေပုံတွေ၊ အစီရင်ခံစာတွေနဲ့ ပြည့်နေပြီး တချို့ကတော့ ထောက်ပံ့ရေးသေတ္တာတွေနဲ့ ပြည့်နေ၏
နောက်ဆုံးမှာတော့ ငွေရောင်ကြိုးကြာတစ်ကောင်သည် မုန်တိုင်းဒဏ်ခံရသည့် လှိုင်းလုံးတွေပေါ်၌ ပျံဝဲနေပုံ ထွင်းထားသည့် လေးလံသော သစ်သားတံခါးရှေ့တွင် ရပ်လိုက်သည်။
"ဒီမှာ စကားပြောကြမယ်”
သူမက တိုးတိုးလေးပြောလိုက်သည်။
အစောင့်တွေသည် တံခါးဖွင့်ပြီး ဒုတ်ကနဲ ပိတ်ကာ နှစ်ယောက်သားကို ထားခဲ့ကြသည်။
အထဲမှာတော့ အခန်းသည် တော်ဝင်မျိုးနွယ်တွေအတွက် ရိုးရှင်းပေ၏ စာရွက်တွေနဲ့ မင်ကျောက်တွေပါသည့် စားပွဲရှည်ကြီးသည် အခန်းထဲ၌ ကြီးစိုးနေ၏
ဖေးလိန်သည် သူ့ဘက်ကို လှည့်ကြည့်လိုက်သည်။ သူမ၏မျက်လုံးတွေသည် ပိုပြီး ထက်မြက်လာကာ ဖုံးကွယ်ထားတာမျိုး မရှိတော့သလိုပင်
ခဏရပ်ပြီးနောက် သူမသည် "နင်လာလည်တာကို ကျေးဇူးတင်ပါတယ်" "နင် ထင်ထားတာထက်တောင် ပိုသေးတယ်။ အရာအားလုံးက... ပြိုကွဲနေတယ်။"
ပိုင်ကျီဟန်က ချက်ချင်းမပြောပေ
သူမကို သူသေချာလေ့လာနေ၏ သူမပခုံးတွေ အနည်းငယ်လေလံနေပြီး သူမအကြည့်က မောပန်းနေကာ ဝှက်ထားသော ခွန်အားတွေရှိနေ၏
သူမသည် သူထင်ထားသလောက် ရိုးရှင်းပုံမပေါ်ပေ။ သူမ၏ အတွင်းအပြင် ရန်သူတွေအကြောင်း သူမသိရမည်။
"မင်းမှာ တကယ့်အာဏာမရှိဘူး" သူက ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
ဖေးလိန်သည် မျက်တောင်ခတ်လိုက်ပြီး တည့်တည့်မတ်မတ်ပြောတာကို အံ့ဩသွားသည့်တိုင် ရိုးသားစွာ ခေါင်းညိတ်ပြလိုက်သည်။
"ငါ့မှာ တကယ်အာဏာာ မရှိဘူး”
"မင်းက သင်္ကေတတစ်ခုပဲ။ လူတွေ ဆုပ်ကိုင်ထားနိုင်တဲ့ မျှော်လင့်ချက်တစ်ခု။ ဒါပေမယ့် သင်္ကေတတွေက အမိန့်ပေးတာမျိုး မဟုတ်ဘူး။ အခုအချိန်မှာ ဒီမြို့က သင်္ကေတတစ်ခု မလိုအပ်ဘူး။ အုပ်စိုးရှင်တစ်ယောက် လိုအပ်တာ”
ပိုင်ကျီဟန်က ပြောလိုက်သည်။
သူမမျက်နှာအမူအရာတွင် အရိပ်တစ်ခု ဖြတ်သန်းသွားသည်။
"အမတ်သွမ်ကို မြင်တယ်မလား။ သူတစ်ယောက်တည်း မဟုတ်ဘူး။ ကောင်စီရဲ့ တစ်ဝက်လောက်က ကျွန်မကို ငယ်လွန်းတယ်လို့ ထင်ကြတယ်။ စိတ်ကူးယဉ်ဆန်လွန်းတယ်။ ကျွန်မက ဘေးဖယ်နေပြီး သူတို့ကို စီမံခန့်ခွဲခွင့်ပေးသင့်တယ် ထင်ကြတာ။ သူတို့အားလုံးက ကျွန်မကို အစားထိုးဖို့ အခွင့်အရေးကို စောင့်နေကြတယ်ဆိုတာလည်း ကျွန်မသိတယ်။"
"ပြီးတော့ အခြေအနေတွေ ပိုဆိုးလာတဲ့အခါ သူတို့ လုပ်ကြလိမ့်မယ်။"
ပိုင်ကျီဟန်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။
သူမလက်တွေသည် ဘေးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ခဏတာအတွင်းတွင်ပင် သူမဖြစ်လာနိုင်သည့် အုပ်စိုးရှင်နဲ့ အရမ်းတူသွားသည်။
"သူတို့ မလုပ်နိုင်ကြဘူး။ ကျွန်မက စစ်မှန်တဲ့ အုပ်စိုးရှင်တစ်ယောက် ဖြစ်လာရင်တောင် “
ပိုင်ကျီဟန်သည် မိန်းကလေးကို ကြည့်လိုက်သည်။ သူမပခုံးတွေသည် သူမသယ်ဆောင်ထားသည့် အလေးချိန်ထက် အရမ်းသေးငယ်လွန်းပေမဲ့ သူမ ခံနိုင်ရည်ရှိခဲ့သည်။
တစ်ခါတစ်ရံတော့ ဘဝတွင် ကံကြမ္မာသည် အဆင်သင့်ဖြစ်မဖြစ်ကို ဂရုမစိုက်ပေ။ ကိုယ့်ဘာသာ ဆက်လျှောက်ရုံသာ။
မည်သို့ပင် ဖြစ်စေ ဖေးလိန်သည် သူမဆုံးဖြတ်ချက်ကို ချမှတ်ပြီးဖြစ်ကာ ပိုင်ကျီဟန်စီစဉ်ထားသည့်အတိုင်း တွေးနေ၏
"မင်းလုပ်နိုင်တယ်လို့ ထင်လား"
ပိုင်ကျီဟန်က မေးလိုက်သည်။
"အဲဒါကြောင့် ရှင့်ရဲ့အကူအညီကို လိုအပ်တာ" ဖေးလိန်သည် ခိုင်မာစွာပြောလိုက်သည်။
"ရှင့်လိုလူမျိုး ဘေးမှာရှိရင် လုပ်နိုင်တယ်လို့ ယုံကြည်တယ်”
"ထက်မြက်တဲ့ မိန်းကလေးပဲ” ပိုင်ကျီဟန်သည် ပြုံးစိစိနဲ့ပြောလိုက်သည်။
"ဒါဆိုရင် နားထောင်တာကနေ စပါ" ပိုင်ကျီဟန်က ပြောလေ၏
"မင်းက အာဏာအပြည့်အဝရှိတဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်ချင်ရင် လက်နက်တွေ၊ သတင်းအချက်အလက်တွေနဲ့ ထိန်းချုပ်မှုတွေ လိုအပ်တယ်။ ပထမနှစ်ခုကို ငါကူညီနိုင်တယ်။ ဒါပေမယ့် တတိယတစ်ခုက မင်းအပေါ်မှာပဲ မူတည်တယ်။"
ဖေးလိန်သည် ဖြည်းဖြည်းချင်းခေါင်းညိတ်
လိုက်လေသည်။
"ဘာလိုအပ်တာလဲ"