မီးမွှေးခြင်း
Vol. 10 Ch. 149
ရက်အနည်းငယ်အကြာတွင်
လုပ်ငန်းများက စတင်လည်ပတ်နေချေပြီ။
မင်းသမီး ဖေးလိန်၏ အပြည့်အဝထောက်ခံမှုဖြင့် ပိုင်ကျီဟန်သည် အချိန်မဖြုန်းတီးတော့ပေ
သူသည် လောင်ရှန်အား သေနတ်များနှင့် ကျည်ဆန်များပြုလုပ်ရန် အပြည့်အဝအာဏာပေးခဲ့ပြီး မြို့တွင်းမှ ပန်းပဲသမားများအား တစ်နေ့လျှင် သေနတ် ၁၀၀ ထုတ်လုပ်ရန် ပိုင်ကျီဟန် မျှော်လင့်ခဲ့သည်။
အစပိုင်းတွင် နှေးကွေးနိုင်သော်လည်း ၎င်းတို့၏ကျွမ်းကျင်မှုဖြင့် အိပ်ချိန်ကို ထိခိုက်စေသည့်တိုင် လုံးဝအောင်မြင်နိုင်သည်ဟု သူယုံကြည်ခဲ့သည်။
ပန်းပဲဖိုများသည် နေ့ရောညပါ အနီရောင်တောက်ပနေပြီး သတ္တု၏ တဒုန်းဒုန်းမြည်သံသည် ဒုက္ခရောက်နေသူများအတွက် တေးသွားတစ်ပုဒ်ဖြစ်လာခဲ့သည်။
ကျည်ဆန်များကို ထုပ်ပိုးထားပြီး လက်နက်များကို စစ်သားများနှင့် အကူအညီပေးသူများထံ တိတ်တဆိတ်ဖြန့်ဝေပေးခဲ့၏
၎င်းတို့၏ဗိုက်များ ဗလာဖြစ်နေပြီး စိတ်ဓာတ်များ ဆိုးရွားနေချိန်တွင်ပင် တိုက်ခိုက်ရန် ဆန္ဒရှိနေသေးသူများရှိပေ၏
မင်းသမီးသည် အလုပ်ရုံများသို့ ကိုယ်တိုင် သွားရောက်လည်ပတ်ခဲ့သည်။ သူမသည် ဒုက္ခသည်များနှင့် စကားပြောခဲ့သည်။
သူမသည် ပျက်စီးနေသော နံရံများပေါ်တွင် ရပ်ပြီး နားထောင်မည့်သူတိုင်းကို မိန့်ခွန်းပြောကြားခဲ့သည်။
သူမ၏အသံသည် အက်ကွဲရနေချေ၏ သူမ၏စကားများသည် ချောမွေ့ခြင်းမရှိသော်လည်း ၎င်းတို့သည် အစစ်အမှန်ဖြစ်သည်။
တစ်ခါတစ်ရံတော့ ၎င်းသည်ပင် လုံလောက်ပေသည်။
အနည်းဆုံးတော့ မင်းသမီးသည် တခြားလူတွေနဲ့ မတူဘဲ သူတို့ကို တကယ် ဂရုစိုက်သည်ဟု ခံစားမိသည်။
မင်းသမီးသည် ပိုင်ကျီဟန် တောင်းဆိုချက်အရ နတ်ဆိုးသားရဲတွေအကြောင်း သိရဖို့ ကင်းထောက်တွေကို စေလွှတ်ခဲ့သည်။
သို့တိုင် ပိုင်ကျီဟန်နဲ့ ဖေးလိန်တို့ တစ်ခုခုတည်ဆောက်နေချိန်မှာတော့ ရန်သူများက ဖြိုဖျက်ရန် ကြိုးစားခဲ့ကြသည်။
ကောလာဟလတွေသည် အစပိုင်း၌ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
ပြီးတော့ ရေကြီးရေလျှံမှုလိုပင်
"ဒုက္ခသည်တွေက မြောက်ပိုင်းက သူလျှိုတွေ သူတို့က ငါတို့မြို့ကို သိမ်းပိုက်ဖို့ ရောက်လာကြတာ.. မင်းသမီးက ဒီအကြံအစည်ကို အပြည့်အဝ ထောက်ခံနေတယ်။"
"မင်းသမီးက သူ့ထောက်ခံသူတွေကို ကျွေးမွေးဖို့ ရိက္ခာတွေကို ဝှက်ထားနေတယ်။ ကြည့်ပါဦး၊ သူမ သူတို့ကို ခေါ်လာပြီးကတည်းက ငါတို့မှာ အစားအစာ နည်းသွားတယ်။"
"သံမြူနှင်းရဲ့ အတွင်းပိုင်းမြို့ထဲကို အပြင်ဘက်နဲ့ အလယ်မြို့လို နတ်ဆိုးသားရဲတွေကိုဖျက်ဆီးစေချင်ပုံရတယ်။"
ထိုအရာတစ်ခုမျှ မမှန်ပေ ။သို့တိုင် ထိုစကားလုံးတွေ ပဲ့တင်ထပ်လာသည်နှင့်အမျှ လူတွေသည် မှန်ကန်သည်ဟု ယုံကြည်လာကြသည်။
ပိုဆိုးတာက အမတ်ရန်သည် လိုအပ်နေသူများအား အစားအစာထောက်ပံ့တာ ရပ်တန့်လိုက်ပြီး အစားအစာအများစုကို မင်းသမီးသည် သူ့လူများအတွက် သိမ်းယူထားကာ ကျန်သောသူတွေကို စွန့်ပစ်ထားသည်ဟု ထင်စေခဲ့သည်။
လူတွေသည် အမှန်တရားကို ဂရုမစိုက်ကြပေ။
သူတို့ဒုက္ခတွေသည် နတ်ဆိုးသားရဲတွေကြောင့်ဆိုတာ သိကြသည့်တိုင် ဘာမျှမတတ်နိုင်သည့်အတွက် ဒေါသကို တခြားနေရာဆီ လွှဲချလိုက်ကြသည်။
အရင်တုန်းကတော့ သူတို့ကို မကယ်တင်ခဲ့တာကြောင့် မင်းသမီးအား အပြစ်တင်ခဲ့ကြသည်။
အမတ်ရန်သည် မြို့၏အရင်းအမြစ်တွေကို တာဝန်ယူထားရသူဆိုတာ အားလုံးသိကြသည်။ ထို့အပြင် အမတ်ရန်သည် ရက်စက်ကြမ်းကြုတ်ပြီး သူ့ကို ဆန့်ကျင်ရဲသည့် မည်သူ့ကိုမဆို နှိပ်စက်ခဲ့သည်။
တစ်ဖက်မှာတော့ မင်းသမီး ဖေးလိန်သည် အလွယ်တကူ ပစ်မှတ်ထားခံရချေသည်။
မကျေနပ်မှုတွေ ပေါ်ပေါက်လာသည်နှင့်အမျှ အပြစ်တင်ခြင်းသည် သိပ်မကြာလိုက်ပေ
စိတ်ရော ကိုယ်ပါနှစ်ပြီး အလုပ်လုပ်နေကာ ဗိုက်ဆာလွန်းတောင် ရူးသွပ်မသွားအောင် အစားအစာအလုံအလောက် ရှိသူတွေအဖို့တော့ ၎င်းက ဘာလဲဆိုတာ သိကြသည်။
ဒါက အစီအစဉ်တစ်ခုသာ..မင်းသမီးကို ဆန့်ကျင်သော အစီအစဉ်သာ
သို့တိုင် ထက်မြက်သောသူတွေက မပြောကြပေ
လူသိရှင်ကြား မလုပ်ကြပေ ။ ရန်သူကို ကာကွယ်သည့်အတွက် ရိုက်နှက်ခံရနိုင်တာ ဒါမှမဟုတ် ပိုဆိုးတာမျိုးပင် ဖြစ်နိုင်သည်
ထိုကြောင့် တိတ်ဆိတ်မှုသည် ကြီးစိုးနေ၏။
ထိုတိတ်ဆိတ်မှုထဲသို့ အဆိပ်တွေ လောင်းချလာချေသည်။
မကျေနပ်ချက်များအား ပြောဆိုရုံသာမက
အရေးယူဆောင်ရွက်သူများလည်း ရှိလာသည်။
ဒုက္ခသည်များကို တိုက်ခိုက်ခဲ့ကြလေ၏
မြို့တွင်းနေထိုင်သူများနဲ့ ဒုက္ခသည်များအကြား တင်းမာမှုတွေ တိုးပွါးလာခဲ့ပေသည်။
ဒုက္ခသည်များအတွက် ယာယီနားခိုရာအဖြစ် ပြောင်းလဲထားသော ပျက်စီးနေသည့် ခြံဝင်းတစ်ခုထဲတွင် လေထုသည် တင်းမာမှုနဲ့ထူထပ်နေချေသည်။
ဒုက္ခသည်များသည် စက်ဝိုင်းပုံစံဖြင့် ထိုင်နေခဲ့ကြသည်။ သူတို့၏ မျက်နှာတွေသည် စိတ်ပျက်လက်ပျက်ဖြစ်နေ၏
အများစုသည် ဓားများ သို့မဟုတ် ယာယီလက်နက်များကို လက်လှမ်းမီသည့် နေရာ၌ ကိုင်ဆောင်ထားကြသည်။
နတ်ဆိုးသားရဲများကြောင့် မဟုတ်ဘဲ မြို့၏ပြည်သူတွေကြောင့်ပင်
"ဒါက ဆိုးတာပဲ ဟုန်ထောင်၊ အနည်းဆုံးတော့ ခိုလှုံရာမှာဆို နတ်ဆိုးသားရဲတွေအတွက်ပဲ စိတ်ပူရတယ်။ အခု ဒီမှာ ကျွန်တော်တို့ မလုပ်ခဲ့တဲ့အရာတွေအတွက် စွပ်စွဲခံနေရပြီ”
"သူတို့ရဲ့ အစားအစာတွေကို ယူသွားတာလား? ကျွန်တော်တို့ သူတို့ဆီကနေ ဆန်တစ်စေ့တောင် မယူခဲ့ဘူး။ သူတို့က ကျွန်တော်တို့ကို အကူအညီမဲ့ပြီး ငတ်မွတ်နေတဲ့ ဒုက္ခသည်တွေလို့ ထင်နေကြတာလား။ အလယ်မြို့မှာ စုဆောင်းထားတဲ့ ပစ္စည်းတွေ ကျွန်တော်တို့မှာ ရှိနေတုန်းပဲ။"
"ပြီးတော့ ကျွန်တော်တို့က ဘယ်လို သူလျှိုတွေ ဖြစ်လာတာလဲ။ ကျွန်တော်တို့က သူလျှိုတွေမလို့ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ တကယ်ထင်ကြလား။ ဘယ်လို မိုက်မဲတဲ့ စွပ်စွဲချက်မျိုးလဲ။"
"သူတို့က ကျွန်တော်တို့ အများကြီးကို ဒဏ်ရာရစေခဲ့ပြီးပြီ။ ကျွန်တော်တို့ တစ်ခုခု မလုပ်ရင် အဲဒီလူတွေက ကျွန်တော်တို့ထဲက တစ်ယောက်ယောက်ကိုတောင် သတ်ပစ်နိုင်တယ်။"
ဒုက္ခသည်များအနေနဲ့ ခွဲခြားဆက်ဆံခံရပြီးနောက် မကျေမနပ်ဖြစ်နေကြသည့်တိုင် မြို့တစ်မြို့တည်းက ဖြစ်တာကြောင့်အကျပ်အတည်းတစ်ခုကို ခံစားနေရသည်။
တကယ်တော့ သူတို့အခြေအနေက ပိုဆိုးပေသည်။
အိမ်များ ပျက်စီးသွားသည်ကို မြင်တွေ့ခဲ့ရပြီး နတ်ဆိုးများ၏ တိုက်ရိုက်တိုက်ခိုက်မှုကနေ အသက်လုကာ လွတ်မြောက်လာခဲ့ရသည်။
အခုတော့ ထိုအရှက်ရစရာမျိုးကို သူတို့ ခံစားခဲ့ရချေပြီ။
"ကျွန်တော်တို့ ပြန်သွားသင့်ပါပြီ။ ကျွန်တော်တို့ တစ်ခါက အသက်ရှင်ကျန်ရစ်ခဲ့ပြီးပြီပဲ.. နောက်တစ်ခါ ထပ်လုပ်နိုင်ပါတယ်။ အခု ကျွန်တော်တို့မှာ သေနတ်တွေရှိတော့ တကယ့်အန္တရာယ် မရှိတော့ဘူးလေ”
သူတို့ထဲက တစ်ယောက်သည် အကြံပြုလိုက်သည်။
လူအများသည် သူတို့သဘောတူညီချက်ကို တီးတိုးပြောဆိုကြလေ၏
သံမြူနှင်း၏ နိုင်ငံသားတွေအစား ညစ်ပတ်သော ကြွက်တွေလို ဆက်ဆံခံရသည့်အတွက် သူတို့ ဘယ်လောက်မုန်းတီးနေသည်ကို ပြသနေချသည်။
သူတို့တစ်ချိန်က ကောင်းကင်ဘုံဟုထင်ခဲ့သော နေရာသည် ငရဲဖြစ်သွားချေပြီ။ ယခင်က သူတို့အတွက်ငရဲသည် အခုတော့ ကောင်းကင်ဘုံလို ပိုခံစားရစေသည်။
အနည်းဆုံးတော့ ခိုလှုံရာနေရာတွင် သူတို့အားလုံး ရှင်သန်ရပ်တည်ရေး ရည်ရွယ်ချက်တစ်ခုတည်းအတွက် အတူတကွ လုပ်ဆောင်ကြပြီး တစ်ယောက်ကိုတစ်ယောက် လေးစားကြသည်
သူတို့ ခိုလှုံရာကို ပြန်သင့်ပြီဟု ခံစားလာရသည်။
လက်ပိုက်ပြီး မေးစေ့ကို တင်းတင်းစိထားသော ဟုန်ထောင်ဆီသို့ အားလုံး အကြည့်တွေ ရောက်လာသည်။
သူသည် လူတိုင်းအား ဂရုစိုက်ဖို့ ပိုင်ကျီဟန် ခန့်အပ်ထားသောသူပင် ။ ပိုင်ကျီဟန်မရှိသည့်အချိန်၌ ခက်ခဲသော ဆုံးဖြတ်ချက်တွေချရန် တာဝန်ပေးအပ်ထားသည့် ယာယီ
ခေါင်းဆောင်တစ်ယောက် ဖြစ်၏
"ငါတို့ စောင့်ရမယ်”
ဟုန်ထောင်အသံသည် တိုးသည့်တိုင် ခိုင်မာနေ၏
"တပ်မှူးပိုင်က မင်းသမီးနဲ့အတူ အလုပ်လုပ်နေတယ်။ သူက သံမြူနှင်းကို ကယ်တင်နိုင်မယ့် တစ်ခုခုကို လုပ်နေတာ။ အခုအချိန်မှာ ငါတို့ သူ့ကို မနှောင့်ယှက်သင့်ဘူး။"
လူအနည်းငယ်သည် တိတ်တဆိတ် လှောင်ပြောင်ကြပေမဲ့ မည်သူမှ သူ့ကို တိုက်ရိုက်စိန်ခေါ်ခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ သူသည် ပိုင်ကျီဟန် ရွေးချယ်ထားသော ကိုယ်စားလှယ်သာ။ သူတို့အား ကယ်တင်ပြီး နတ်ဆိုးတွေကို ပြန်လည်တိုက်ခိုက်ဖို့ ခွန်အားပေးခဲ့သည့် ပိုင်ကျီဟန်ပင်
သူတို့အနေနဲ့ သူ့ကို မင်းသမီး ဒါမှမဟုတ် တခြားအမတ်တွေထက်တောင် လေးစားကြဆဲ၊ ယုံကြည်ကြဆဲပင်။
ထို့ကြောင့် ရက်အနည်းငယ်လောက် အရှက်ရစရာတွေကို ခံရလျှင်ပင် ပိုင်ကျီဟန်အတွက် လုပ်ပေးဖို့ ဆန္ဒရှိကြသည်။
သို့တိုင် အရာအားလုံး၌ ကန့်သတ်ချက်ရှိသည်ကို ဟုန်ထောင် သိ၏
ထိုသို့ဆက်ဖြစ်နေပါက သူတို့ထဲက တချို့ ထွက်သွားနိုင်သည်။
ပိုင်ကျီဟန်အနေနဲ့ ထိုအရာများ မဖြစ်မီ တစ်ခုခု လုပ်ဆောင်နိုင်မည်ဟု သူမျှော်လင့်ခဲ့သည်။
မင်းသမီး ဖေးလိန်ကတော့ သတင်းဆိုးတွေသာ ပိုပိုပြီး လက်ခံရရှိနေခဲ့သည်။
ကောလာဟလတွေသည် တောမီးလို ပျံ့နှံ့နေပြီး ဒုက္ခသည်နဲ့ မြို့တွင်းနေထိုင်သူတွေကြား တင်းမာမှုတွေသည်လည်း ကြီးထွားလာခဲ့သည်။
သူမနာမည်ကိုလည်း ရွှံ့ထဲထိ ဆွဲချနေသည်။
ဒီနှုန်းထားနဲ့ဆို လူအုပ်ကြီးသည် နန်းတော်ကို ဝင်စီးပြီး သူမခေါင်းကို ဖြတ်ဖို့ ကြိုးစားလျှင်ပင် အံ့သြစရာ မဟုတ်တော့ပေ
ဒါတွေအားလုံးနောက်ကွယ်၌ မည်သူရှိကြောင်း သူမအနေနဲ့ စုံစမ်းစစ်ဆေးဖို့ပင် မလိုအပ်ပေ
အမတ်ရန်ကလွဲပြီး မြို့တွင်းကို စားနပ်ရိက္ခာထောက်ပံ့မှုတွေကို မည်သူဖြတ်တောက်နိုင်မည်နည်း
အဓိကရုဏ်းတွေဖြစ်ပွားပြီး အပြစ်မဲ့ပြည်သူတွေ တိုက်ခိုက်ခံရသည့်အချိန်၌ ဘာကြောင့် အစောင့်တွေက ရပ်ကြည့်နေသနည်း
အမတ်သွမ်သည် ၎င်းတို့ကို အမိန့်ပေးခဲ့တာ ဖြစ်နိုင်သည်။
ထိုလူတွေ နောက်ကွယ်တွင် ကြိုးကိုင်နေချိန်၌ သူမသည် အပြစ်တင်ခံရသူ ဖြစ်ခဲ့၏
သူမသည် အစည်းအဝေးခေါ်ဖို့ ကြိုးစားခဲ့သေးသည်။ အစားအစာဝေငှမှုပြန်လုပ်ရန်နှင့် သူ့၏အလုပ်ကို လုပ်ဖို့ တိုက်တွန်းရန် ကြိုးစားခဲ့သည်။
သို့တိုင် သူနဲ့ တခြားသူတွေသည် တိုင်းပြည်၏ အရေးကြီးကိစ္စများနဲ့ အလုပ်များလွန်းနေသည်ဟု ငြင်းဆန်ခဲ့ကြသည်။
သူမ၌ အာဏာမရှိတာကြောင့် ကောင်စီတစ်ခုလုံးက ပုန်ကန်ဖို့ ရွေးချယ်လျှင်ပင် သူမ ဘာလုပ်နိုင်မည်နည်း
" သူတို့ နောက်ဆုံးတော့ လှုပ်ရှားကြပြီ"
သူမက မျက်ခုံးတွန့်ပြီး တိုးတိုးလေးပြောလိုက်၏
ဘာကြောင့်လဲဆိုတာ သူမသိချေသည်။
သူတို့သည် ပိုင်ကျီဟန်၏ ခြိမ်းခြောက်မှုကို ခံစားရတာကြောင့်ပင်
သူမ မမျှော်လင့်ထားတာ ဒါမှမဟုတ် မယုံကြည်ချင်တာက သူတို့သည် အပြစ်မဲ့သူတွေကို အသုံးချပြီး သူမအား တိုက်ခိုက်တာကိုပင်
သူမလက်သီးတွေကို ဆုပ်လိုက်၏
ထို့နောက် ခါးသီးစွာ ရယ်မောလိုက်သည်။
"သူတို့က ကျွန်မဆီကို တိုက်ရိုက်မလာပါဘူး။ ဒါပေမယ့် လူတွေက သူတို့အတွက် လုပ်ပေးမယ်ဆိုတာ သူတို့သိနေတယ်။"
ပိုင်ကျီဟန်သည် သူမအာဏာကို ပြန်လည်ရရှိအောင် လူတွေအား စုစည်းဖို့ စီစဉ်ထားသည့်တိုင် သူမရန်သူတွေသည်လည်း ထိုသို့ တွေးနေပုံရသည်။
သူတို့သည် လူတွေကို အသုံးပြုပြီး သူမအား ဆန့်ကျင်နေကြသည်။
ပိုင်ကျီဟန်သာ မြန်မြန်လှုပ်ရှားမည်ဆိုပါကအောင်မြင်နိုင်သည်။
"တပ်မှူးပိုင် ၊ ကျွန်မတို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ"
မင်းသမီး ဖေးလိန်သည် ထိုကိစ္စအားလုံး၏ တစ်ဦးတည်းသော မဟာမိတ်ကို မေးလိုက်၏။
ပိုင်ကျီဟန်ကတော့ ယေဘုယျအခြေအနေကို သိသည့်တိုင် အဓိကပြဿနာတစ်ခုအဖြစ် မမြင်ပေ
ကောလာဟလတွေ မည်မျှ ပျံ့နှံ့နေပါစေ၊ မည်သို့ပင် ပြဿနာတွေ ပေါ်ပေါက်နေပါစေ၊ ဘာမှ အရေးမကြီးချေ။ နတ်ဆိုးသားရဲတွေကို ပြန်လည်တိုက်ခိုက်ပြီး ဆုံးရှုံးသွားသည့် နယ်မြေကို ပြန်လည်ရယူနိုင်သရွေ့ အဆင်ပြေ၏
သို့ပေမဲ့ ရန်သူတွေက သူတို့ကို ထိုအခွင့်အရေး မပေးချေ။
သူ တွေးနေတုန်းမှာပဲ အစောင့်တစ်ယောက်သည့် မျက်နှာဖြူဖျော့ပြီး အရေးတကြီးဖြစ်နေပုံနဲ့ အခန်းထဲကို ပြေးဝင်လာချေသည်။
"တစ်ခုခု ဖြစ်လို့လား"
မင်းသမီး ဖေးလိန်သည် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
အရေးပေါ်အခြေအနေမဟုတ်ပါက အစောင့်တစ်ယောက်အနေနဲ့ ထိုသို့ မဝင်ပေ။ သူ့မျက်နှာအမူအရာအရ ၎င်းသည်…
"ဟုတ်ကဲ့ပါ မင်းသမီး ..နတ်ဆိုးအုပ်စုကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။ သူတို့က မြို့တွင်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပုံပါပဲ”