နတ်ဆိုးသားရဲများ ကျူးကျော်ဝင်ရောက်ခြင်း
Vol. 10 Ch. 150
ပိုင်ကျီဟန်နှင့် ဖေးလိန်တို့သည် နံရံဆီသို့ လျှောက်သွားကြသည်။ ထိုနေရာတွင် နတ်ဆိုးသားရဲအုပ်စုကြီးတစ်ခုကို မြင်တွေ့နိုင်သည်။
၎င်းသည် အဆင့် ၁ နှင့် အဆင့် ၂ နတ်ဆိုးသားရဲ ၁၅၀-၂၀၀ ဝန်းကျင်ရှိပြီး ၎င်းတို့ကို အများအားဖြင့် သေနတ်များဖြင့် ကိုင်တွယ်နိုင်သောကြောင့် စိတ်သက်သာရာရခဲ့သည်။
သို့သော် ထိုမြင်ကွင်းသည် ဒုက္ခသည်များအပါအဝင် ၎င်းတို့ကိုမြင်သူတိုင်း၏ လည်ချောင်းထဲသို့ ကြက်သီးများ ထသွားစေလောက်သည်။
သူတို့သည် နတ်ဆိုးသားရဲများစွာနှင့် တိုက်ခိုက်ပြီး သေနတ်များဖြင့် သတ်ဖြတ်ခဲ့သော်လည်း အတူတကွ တိုက်ခိုက်ရန် အသင့်ဖြစ်နေသော နတ်ဆိုးသားရဲအုပ်စုကြီးကို တစ်ခါမှ မမြင်ဖူးပေ
ပိုင်ကျီဟန်သည် ဤထက် ပိုမိုအစွမ်းထက်သော၊ ပိုမိုကြီးမားသော နတ်ဆိုးသားရဲအရေအတွက်ကို မြင်တွေ့ခဲ့ရဖူးသောကြောင့် ၎င်းကို စိတ်မဝင်စားပေ။
ယခုအချိန်၌ သူ အတော်လေး အားနည်းနေပြီး တစ်ယောက်တည်း တိုက်ခိုက်ပါက ထိုနတ်ဆိုးသားရဲအုပ်စုကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်မည် မဟုတ်ပေ
သို့တိုင် သေနတ်အရေအတွက်သည် ၅၀လောက်ရှိပြီး ကျည်ဆန်ထောင်ပေါင်းများစွာက နတ်ဆိုးသားရဲများကို စောင့်ကြိုနေတာကြောင့် တိုက်ခိုက်ဖို့ လိုအပ်သည်ဟု မထင်ပေ
ထိုနတ်ဆိုးသားရဲအုပ်စုသည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်ဟု မထင်ထားပေ
ထို့အပြင် အုပ်စုဖွဲ့ထားတာကြောင့် တစ်ယောက်ချင်းစီကို ဖယ်ရှားပစ်ခြင်းထက် ပိုမိုမြန်ဆန်ပြီး ကောင်းသည်ဟု ခံစားရသည်။
သူတို့ကို ရှာဖွေဖို့ အချိန်ကုန်ခံစရာ မလိုပေ။
(ဒါပေမယ့် ဒီလောက်အဆင်ပြေတဲ့အချိန်...)
အတွင်းမြို့ကိုရောက်ပြီးသည်နှင့် နတ်ဆိုးသားရဲတွေ အပြည့်အဝတိုက်ခိုက်တာသည် တိုက်ဆိုင်မှုတစ်ခုဟု သူမထင်ခဲ့ပေ
ထို့အပြင် နတ်ဆိုးသားရဲတွေသည် တခြားအင်အားကြီး သတ္တဝါတစ်ခုခုမှ ထိန်းချုပ်ထားတာ ဒါမှမဟုတ် ဦးဆောင်တာမဟုတ်လျှင် ထိုသို့ အတူတကွ လုပ်ဆောင်လေ့မရှိပေ
တစ်ဖက်မှာတော့ မင်းသမီးဖေးလိန်သည် အတော်လေး ထိတ်လန့်ပြီး ကြောက်ရွံ့နေခဲ့သည်။
သူမအတွက် ပထမဆုံးအကြိမ် နတ်ဆိုးသားရဲအရေအတွက် အများအပြားကို မြင်တွေ့ခဲ့ရတာပင်
နတ်ဆိုးသားရဲတွေကနေကာကွယ်ပေးထားသည့် အတားအဆီးတစ်ခု ရှိနေသည့်တိုင် ၎င်းတို့သည် တိုက်ခိုက်ပြီး ဖောက်ထွင်းဖို့ ကြိုးစားနေကြသည်။
အတားအဆီးသည် ၎င်းတို့ကို တစ်နာရီလောက် ထိန်းထားနိုင်မည်ဟု မထင်ရသည့်တိုင် သူမ တာဝန်ယူရမည်ကို သိတာကြောင့် ငြိမ်သက်သွားခဲ့သည်။
မင်းသမီးဖေးလိန် အကြည့်သည် ပျက်စီးနေသော နံရံတွေတစ်လျှောက် စုဝေးနေသည့် စစ်သားတွေဆီ ဝေ့ကြည့်လိုက်သည်။
သူတို့မျက်နှာတွေသည့် ကြောက်ရွံ့မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် တင်းမာနေသည့်တိုင် သူမ အသံသည် သံမဏိအားလို ဖြတ်တောက်ပစ်လိုက်သည်။
"နားထောင်.. ဒါက ကျွန်မတို့ ပြင်ဆင်နေတဲ့ အချိန်ပဲ ၊သံမြူနှင်းမြို့ မကျဆုံးဘူးဆိုတာ သက်သေပြဖို့ ကျွန်မတို့ရဲ့ အခွင့်အရေးပဲ”
သူမအသံ အနည်းငယ်တုန်ခါသွားပေမယ့် စကားလုံးတစ် လုံးချင်းစီသည် ပိုပြီး ပြင်းထန်လာချေသည်။
"အဲဒီ နတ်ဆိုးသားရဲတွေက သူတို့ရဲ့ အရေအတွက်နဲ့ ကျွန်မတို့ကို ကြောက်အောင်လုပ်နိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ သူတို့က ကျွန်မတို့ရဲ့ လက်နက်အသစ်ကို မမြင်ရသေးဘူးလေ။"
သူမသည် လက်သီးကို တင်းတင်းဆုပ်ကိုင်ပြီး လက်ကို မြှောက်လိုက်လေ၏
"မင်းတို့ လက်ထဲက သေနတ်လို့ခေါ်တဲ့ ဒီလက်နက်အသစ်တွေက သာမန်တိရစ္ဆာန်တွေလို ပစ်ချနိုင်စွမ်းရှိတယ်။"
စစ်သားတွေသည် တည့်တည့်မတ်မတ်ရပ်လိုက်ကြပြီး တချို့က ခေါင်းညိတ်လိုက်ကြကာ တချို့က သူတို့လက်နက်တွေကို ပိုတင်းတင်းဆုပ်ကိုင်ထားကြသည်။
"မင်းတို့ရဲ့ ရပ်တည်ချက်ကို ဆုပ်ကိုင်ထား..နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်! မင်းတို့ ဘယ်သူ့ကို ကာကွယ်ပေးနေလဲဆိုတာ မမေ့နဲ့ — မင်းတို့ရဲ့ မိသားစုတွေ၊ မင်းတို့ရဲ့ အိမ်တွေ၊ အခုချက်ချင်းပဲ အဲဒီသားရဲတွေအားလုံးကို သတ်ပစ်လိုက်..ငါ မင်းတို့အားလုံးနဲ့အတူ ရပ်တည်နေတယ်”
ဖေးလိန် အသံသည် ယုံကြည်ချက်အပြည့်နဲ့ ထွက်ပေါ်လာပြီး တောမီးလို ရဲစွမ်းသတ္တိကို ဖြန့်ကျက်လိုက်သည်။
ဂျွတ်
သို့တိုင် ရုတ်တရက် နက်ရှိုင်းသော အက်ကွဲသံတစ်ခုသည် မြို့တစ်မြို့လုံးကို ပဲ့တင်ထပ်သွားချေသည်။
အားလုံးအကြည့်တွေသည် အတားအဆီးဆီကို လှည့်ကြည့်နေကြ၏ နတ်ဆိုးလှိုင်းကို ထိန်းထားဖို့ ရည်ရွယ်ထားသော တောက်ပသည့် အလင်းတန်းတစ်ခုသည် ယခုတော့ လင်းလက်နေပြီး မီးပွားနဲ့ စွမ်းအင်တွေသည် ကြောက်စရာကောင်းသော ပေါက်ကွဲမှုနဲ့အတူ ကွဲအက်သွားချေသည်။
မြေပြင်တုန်ခါသွားချေ၏
လူအုပ်ကြားထဲ၌ အသက်ရှူမဝသည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာသည်။
စစ်သားတွေ နောက်ပြန်ဆုတ်သွားကြချေသည် ။ တချို့သည် ထိတ်လန့်တကြားနဲ့ သူတို့လက်နက်တွေကို ပစ်ချလိုက်သည်။
"ဘာ? အတားအဆီး ကျိုးသွားပြီပေါ့”
"သူတို့ ငါတို့ဆီကို ပြေးလာကြပြီ။"
"ပြေးကြ”
လူအများသည် အော်ဟစ်ပြီး ပုန်းအောင်းဖို့ ပြေးလွှားနေကြသည်။
ဖေးလိန်၏ နှလုံးသား တုန်ခါသွားချေပြီ။ သူမသည် လက်သီးဆုပ်ထားပြီး လက်သည်းတွေသည် လက်ဖဝါးထဲမှာ စိုက်ဝင်နေသည်။
"ဘယ်လို... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
သူမသည် မယုံနိုင်စွာ တိုးတိုးလေးပြောလိုက်သည်။
ထိုအတားအဆီးသည် သူတို့၏ နောက်ဆုံးကာကွယ်မှုဖြစ်ရမည်ဟု ယူဆထားပြီး အဆင့် ၃ နတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုအောက်မှာတောင် မပျက်စီးသွားနိုင်ပေ
ဒါပေမယ့် ချက်ချင်းပဲ ပျောက်ကွယ်သွားချေပြီ။
အနည်းဆုံး တစ်နာရီလောက်တော့ ခံနိုင်
မည်ဟု သူမထင်ခဲ့ပေသည်။
သူမမျက်လုံးတွေသည် စစ်သားတွေဆီကို လှည့်ကြည့်လိုက်၏ သူတို့မျက်နှာတွေသည် ထိတ်လန့်တုန်လှုပ်နေပြီး ယိုင်နဲ့နေကြသည်။
(မဟုတ်ဘူး)
သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မုန်တိုင်းအလယ်၌ မတ်တပ်ရပ်ရန် သူမကိုယ် သူမ အားတင်းလိုက်ရသည်။
"စစ်သားတွေ”
သူမသည် မာကျောသောအသံနဲ့ အော်လိုက်သည်။
"ဒါက ရပ်တန့်ဖို့ အချိန်မဟုတ်ဘူး.. ငါတို့ တန်းစီရမယ်။ မင်းတို့ရဲ့တပ်တွေကို ဖွဲ့စည်းရမယ်။ မင်းတို့ရဲ့ဘေးတွေကို သတိထားရမယ်။ နံရံကို ကာကွယ်ရမယ်။"
သူမအသံသည် ရှုပ်ထွေးမှုထဲမှ ကျောက်ဆူးတစ်ခုလိုပင်။ သို့တိုင် ကြောက်ရွံ့မှုကို ဆန့်ကျင်ပြီး လူအများသည်
ဖြောင့်ဖြောင့်တန်းတန်း မတွေးနိုင်ကြပေ
လူအများအနေနဲ့ နတ်ဆိုးသားရဲများကို ပထမဆုံးအကြိမ် ရင်ဆိုင်ရသည်ကို ထည့်မတွက်ပါနဲ့။
သူတို့ ရင်ဆိုင်ခဲ့ရသည်က သူတို့ထုတ်လွှတ်နေသော ပြင်းထန်သည့် အရှိန်အဝါနဲ့ ဆန့်ကျင်သည့် အကူအညီမဲ့မှုသာ
မင်းသမီး ဖေးလိန်အနေနဲ့ ဘာလုပ်ရမည်ကို မသိတော့ဘဲ နတ်ဆိုးသားရဲများသည် မြို့ထဲကို မဝင်ခင် သူတို့ နောက်ဆုံးကာကွယ်မှုဖြစ်သော နံရံကို ရောက်လုနီးပါးဖြစ်နေ၏
ဘုန်း!
သို့တိုင် တစ်ယောက်ယောက်သည် သူတို့ဆီသို့ ပြေးလာသော နတ်ဆိုးသားရဲကို ပစ်ခတ်လိုက်ကာ နံရံကိုတောင် မထိဘဲ သေဆုံးသွားခဲ့ချေသည်
ပစ်လိုက်သူက ပိုင်ကျီဟန်သာ
သူ့မျက်နှာသည် ကြောက်ရွံ့တာထက် စိတ်အနှောင့်အယှက်ဖြစ်နေပုံပေါက်ပြီး "ကြောက်နေရင် သေနတ်ကိုထားခဲ့။ ငါ့ကို မနှောင့်ယှက်နဲ့။ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတဲ့သူတွေ ဒီသားရဲတွေကို သေနတ်နဲ့ ပစ်သတ်
လိုက်"ဟု ပြောလိုက်စည်။
အားပေးစကားတွေ မပါဘဲ အမှန်သာပြောနေ၏
အဲ့တာက ပိုင်ကျီဟန် ပုံစံပင်
သို့တိုင် အနည်းဆုံးတော့ ပိုင်ကျီဟန်သည် သေနတ်နှင့် နတ်ဆိုးသားရဲများကို အလွယ်တကူ ချေမှုန်းနိုင်သည်ကို ပြသလိုက်သည့်အတွက် သူတို့ထဲက အတော်များများ စိတ်ငြိမ်သွားကြသည်။
"ဟုတ်တယ်၊ ဘာကြောက်စရာရှိလို့လဲ။ ငါတို့ သူတို့ထဲက အများကြီးကို သတ်ပြီးသွားပြီ မလား?"
ဟုန်ထောင်က ဒုက္ခသည်အဖွဲ့ကို ပြောလိုက်သည်။
နတ်ဆိုးသားရဲတွေ မြို့ထဲကို ကျူးကျော်ဖို့ အသင့်ဖြစ်နေသည့် သတင်းကို ကြားသည်နှင့် ပိုင်ကျီဟန်အား ကူညီဖို့ ရောက်လာကြသည်။
သူတို့ကို ခွဲခြားဆက်ဆံပြီး စော်ကားသူတွေအား ကယ်တင်ရန်အတွက် အသက်စွန့်ရသည်မှာ တန်သလားဟု လူအများက သံသယဝင်နေကြဆဲပင်
သို့ပေမဲ့ သူတို့ရှေ့တွင် သတ်ရမည့် ရန်သူတွေ ရှိနေတာကြောင့် ၎င်းက အရေးမကြီးပေ
"ဒီတစ်ခါတော့ ကျေနပ်တဲ့အထိ သေနတ်ပစ်လေ့ကျင့်ပါ့မယ်။"
"ဘာပဲဖြစ်ဖြစ် ပျင်းလာပြီ။"
"ဟီးဟီး... ဘယ်သူက နတ်ဆိုးသားရဲတွေကို အများဆုံး နှိမ်နင်းနိုင်မလဲဆိုတာ ကြည့်ဖို့ ပြိုင်ပွဲလေးတစ်ခု လုပ်ကြရအောင်။"
တခြားသူတွေသည်လည်း နတ်ဆိုးသားရဲအုပ်စုကြီးကို ရင်ဆိုင်ရမှာ ကြောက်နေသည့်တိုင် ရဲရင့်ချင်ယောင်ဆောင်ကြသည်။
ဒါပေမယ့် အောင်မြင်တဲ့အထိ ဟန်ဆောင်ကြရန်သာ
ထိုသို့ ရဲရင့်သည့်စကားလုံးများကို တစ်ယောက်ပြီးတစ်ယောက် ပြောပြီးသည့်နောက်မှာတော့ သူတို့၏ ရဲစွမ်းသတ္တိနဲ့ ယုံကြည်မှုတွေ ပြန်လည်ရရှိလာသည်။
ဒုက္ခသည်အုပ်စု၏ ရဲစွမ်းသတ္တိကို မြင်တော့ စစ်သားတွေသည်လည်း ထိတ်လန့်တုန်လှုပ်မှု ရပ်တန့်သွားကာ သူတို့ကာကွယ်ရမည့် လူတွေအကြောင်း စဉ်းစားလာကြသည်။
ထိုတံတိုင်း ပြိုကျသွားပါက အတွင်းမြို့သည် မြို့လယ်နဲ့ မြို့ပြင်လိုပဲ ကံကြမ္မာကို ရင်ဆိုင်ရမည်သာ
"အားလုံးပဲ စုရုံးကြ”
ချက်ချင်းပဲ သူတို့သည် ခံစစ်တန်းတစ်ခုကို ဖွဲ့စည်းကာ နတ်ဆိုးသားရဲတွေအား တိုက်ခိုက်ဖို့ အသင့်ဖြစ်နေ၏
"ပစ်”
ဘန်း ဘန်း ဘန်း
ကျည်ဆန်တွေသည် မိုးစက်တွေလို မြေပြင်ပေါ်ကို ကျရောက်လာပြီး နတ်ဆိုးသားရဲတွေကို ထိမှန်သွားခဲ့သည်။
တစ်လုံးပြီး တစ်လုံးကျပေမယ့် နတ်ဆိုးသားရဲတွေကတော့ မရပ်တန့်ခဲ့ပေ။ နံရံကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ နံရံဆီ ဆက်လက်တိုက်ခိုက်ခဲ့ကြသည်။
ကံမကောင်းစွာပဲ သူတို့အတွက် ကျည်ဆန်များ ဆက်လက်ကျဆင်းနေပြီး သူတို့အရေအတွက်သည် ယင်ကောင်တွေလို လျော့နည်းသွားချေသည်။
"ဟားဟား... ဒီသနားစရာ နတ်ဆိုးသားရဲတွေကို ကြည့်ပါဦး။ ငါ အကြောင်းပြချက်မရှိဘဲ ကြောက်နေခဲ့တာ။"
"ငါ သူတို့ထဲက တစ်ကောင်ကိုတောင် သတ်နိုင်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး၊ ငါ ငါးကောင်ကို သတ်ပြီးသွားပြီ ထင်တယ်။"
တစ်ချိန်က ကြောက်ခဲ့သော စစ်သားတွေသည် အခုတော့ လုံးဝဆန့်ကျင်ဘက်ကို ခံစားလိုက်ရသည်။
သူတို့အနေနဲ့ နတ်ဆိုးသားရဲ ၁၅၀-၂၀၀ ကို ၅၀ လောက်အထိ လျှော့ချရင်း စိတ်လှုပ်ရှားနေကြ၏
သားရဲတွေ နံရံတွေဆီ မရောက်ခင်မှာတောင် သူတို့အရေအတွက်၏ ၇၀% နီးပါး ဆုံးရှုံးသွားချေပြီ။ သို့တိုင် တကယ့်ပြဿနာက အခုမှ စတာပင်
နတ်ဆိုးသားရဲတွေသည် နံရံကို ရောက်လာနေချေပြီ၊ စစ်သားတွေသည် ဓားတွေကို ပြောင်းသုံးနေရပြီး တခြားသူတွေ ပစ်ခတ်နေတုန်း သူတို့ကို ရပ်တန့်ဖို့ အချိန်ရောက်လာခဲ့ချေပြီ။
၎င်းသည် အဝေးကနေ သားရဲတွေကို ပစ်သတ်သလို လွယ်ကူမှာ မဟုတ်ပေ —ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရမှု ကင်းမှာ မဟုတ်ပေ
"သူတို့ကို ထိန်းထား”
ဓားကိုင်ထားသော စစ်သားတွေသည် အကောင်းဆုံး ကြိုးစားခဲ့ကြပေမယ့် အများဆုံး တစ်စက္ကန့် ဒါမှမဟုတ် နှစ်စက္ကန့်လောက်ပဲ နတ်ဆိုးသားရဲတွေကို ထိန်းထားနိုင်သည်။
ဘန်း! ဘန်း!
သို့တိုင် နတ်ဆိုးသားရဲတွေကို အလွယ်တကူကိုင်တွယ်နိုင်သည့် အဖွဲ့တစ်ဖွဲ့တော့ ရှိနေသေးသည်။ အဲဒါကတော့ ဒုက္ခသည်တွေပင်
သူတို့ အတွေ့အကြုံနဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုကြောင့် သားရဲတွေကို ထိရောက်စွာ နှိမ်နင်းနိုင်ခဲ့သည်။
မင်းသမီး ဖေးလိန်ကတော့ ထိခိုက်ဒဏ်ရာရသူတွေကို စိတ်လှုပ်ရှားမှုနဲ့ ဝမ်းနည်းမှု ရောနှောကာ ကြည့်နေခဲ့ပေမဲ့ သူမ စိတ်ငြိမ်ငြိမ်ထားရမည်ကို သိ၏
သို့တိုင် နတ်ဆိုးသားရဲတွေ၏ ကျူးကျော်မှု အဆုံးသတ်တော့မည့်ပုံပေါ်ပြီး သူတို့သည် အောင်နိုင်သူတွေအဖြစ် ရှင်းရှင်းလင်းလင်း ရှိလာခဲ့သည်။
ထိုသို့ တိုက်ပွဲကြောင့် အာရုံပျံ့လွင့်နေချိန်တွင် လူငါးယောက်ပါသော အဖွဲ့တစ်ဖွဲ့ သည် အရိပ်ထဲကနေ ထွက်လာခဲ့သည်။
သူတို့ပစ်မှတ်က ရှင်းရှင်းလင်းလင်းသာ
ဘန်း
သို့တိုင် သူတို့ပေါ်လာသည်နဲ့ သူတို့ထဲက တစ်ယောက်သည် ကျည်ဆန်ကြောင့် ခေါင်းကွဲသွားခဲ့သည်။
"နောက်ဆုံးတော့ ပေါ်လာပြီလား။ စောင့်ရတာ ငြီးငွေ့နေပြီ”
ပိုင်ကျီဟန်သည် လုပ်ကြံသတ်ဖြတ်သူအဖွဲ့ကို ကြည့်ရင်း တိုးတိုးလေးပြောလေ၏
"ဘာ—ဘာလဲ?"
မင်းသမီး ဖေးလိန်သည်လည်း ထိုလူတွေ ရုတ်တရက်ပေါ်လာတော့ အံ့အားသင့်သွားချေသည် ။ သူတို့သည် သူမအား ပစ်မှတ်ထားနေတာ ထင်ရှားသည်။
ဘာကြောင့်လဲ ခန့်မှန်းစရာမလိုပေ
သူတို့ထဲတွင် အမတ်သွမ်၏ အစောင့်တစ်ယောက် ပါဝင်ပြီး ယခင်က ပိုင်ကျီဟန် အနိုင်ယူခဲ့သူဖြစ်ကာ အခုတော့ ဒေါသတကြီးနဲ့ ကြည့်နေသည်။
"မင်းသမီး၊ နောက်မှာနေ”
ပိုင်ကျီဟန်သည် သူ့ဓားကို ဆွဲထုတ်ရင်း အမိန့်ပေးလိုက်သည်။
သေနတ်တွေ အစွမ်းထက်သည့်တိုင် တစ်စုံတစ်ယောက်ကို ကာကွယ်ဖို့ - အထူးသဖြင့် ကျင့်ကြံသူတွေဆီမှ ကာကွယ်ဖို့ မဖြစ်နိုင်ပေ။
ထို့အပြင် လုပ်ကြံသူတွေသည် ကျင့်ကြံသူတွေသာ သို့မဟုတ် အနည်းဆုံးတော့ ကျင့်ကြံမှုတချို့ ရှိကြသည်။
သူတို့ထဲက တစ်ယောက်ကို ရုတ်တရက် တိုက်ခိုက်ခဲ့သည့်တိုင် ၎င်းသည် ပြန်အလုပ်ဖြစ်လိမ့်မည်ဟု မထင်ရပေ
ထို့အပြင် သေနတ်ကို ကျည်ပြန်ဖြည့်ဖို့ အချိန်လိုအပ်သည်။ ၎င်းသည် လုပ်ကြံသူတွေကို တိုက်ခိုက်ဖို့ အခွင့်အရေးပေးသလိုသာ။
မည်သို့ပင် ဆိုစေကာမူ သူတို့လေးယောက်
သည် သူ့အား အနိုင်ယူနိုင်မည်ဟု မထင်ထားပေ
"လာ”