← Chapters

အဆင့် ၃ နတ်ဆိုးသားရဲ

Vol. 10 Ch. 151

အဆင့် ၃ နတ်ဆိုးသားရဲ

Vol. 10 Ch. 151

ပိုင်ကျီဟန်သည် ယုံကြည်မှု အပြည့်နဲ့ လုပ်ကြံသူလေးယောက်ကို ဒေါသထွက်အောင် စိန်ခေါ်လိုက်သည်

ထို့အပြင် သူတို့၏ မိတ်ဆွေတစ်ဦးကို ပစ်သတ်လိုက်သေးသည်

အမတ်သွမ် အစောင့်တစ်ဦးသည် ဒေါသထွက်သွားသည်။

“မာနကြီးလိုက်တာ”

သူထင်ထားသည်က ပိုင်ကျီဟန်သာ သူ့အမှန်တကယ် စွမ်းအားကို သိသွားပါကကြောက်လန့်နေမည်ဟုသာ ။ ဒါပေမဲ့ ဘိုင်ဇီဟန်ကတော့ ထုံးစံအတိုင်း မာနကြီးဆဲသာ

“ငါကို တစ်ခါအနိုင်ယူဖူးတာနဲ့ ဒီတစ်ခါလည်း အနိုင်ယူနိုင်မယ်ထင်နေတာလား?”

ပိုင်ကျီဟန် ဘာကြောင့်ယုံကြည်မှုရှိနေကြောင်း သူသိသည်။ဒါကလည်း သူ ဘာကိုရင်ဆိုင်နေမှန်း နားမလည်တာကြောင့်သာ

“အရင်တုန်းက ချီကို အသုံးမပြုနိုင်တုန်းမှာ ငါ့ကို အနိုင်ယူနိုင်ခဲ့တာက မင်းအတွက် ကံကောင်းတာပဲ။ ဒါပေမဲ့ အခုတော့ အဲဒီ ကန့်သတ်ချက် မရှိတော့ဘူး။ မင်းလုပ်ခဲ့သမျှအတွက် နောင်တရဖို့ပဲရှိတော့တယ်”

ယခင်က ချီကို အသုံးမပြုခြင်းသည် ဖုံးကွယ်ထားခြင်းကြောင့် မဟုတ်ဘဲ သူမရှုံးဘူးထင်တာကြောင့်ပင်

သို့တိုင် သူသည် ပိုင်ကျီဟန်ကို ချက်ချင်းရှုံးနိမ့်ခဲ့ပြီး သူ့မာနကို ထိခိုက်ကာ လုံးဝ အရှက်ရခဲ့သည်။

အမတ်သွမ်၏ အဆုံးမရှိစော်ကားမှုတွေ ခံရတာကိုပင် ထည့်မတွက်ထားပေ

သူ့တာဝန်သည် မင်းသမီး ဖေးလိန်ကိုသတ်ဖို့ဖြစ်သည့်တိုင် ပိုင်ကျီဟန်အား သတ်ဖို့က သူ့အတွက် ပိုအရေးကြီးသည်။

ကံကောင်းထောက်မစွာပဲ ပိုင်ကျီဟန်သည် မင်းသမီးကို ကာကွယ်ပေးနေပြီး မင်းသမီးဆီကိုမရောက်ခင် သူ့ကိုသတ်ရမှာပင်

သူမပျော်ဘဲ မနေနိုင်ပေ

ချီကိုသုံးနိုင်တာကြောင့် ပိုင်ကျီဟန်အား ဖြေရှင်းနိုင်မည်ဟု မထင်ထားပေ။ အဘယ်ကြောင့်ဆိုသော် ချီ မသုံးနိုင်သောအချိန်ထက် ၁၀ ဆပိုအားကောင်းနေ၏

သူ့အပေါင်းအဖော်တွေကို အချက်ပြလိုက်ကာ အားလုံး တိုက်ခိုက်ရမည့်အချိန်ရောက်ကြောင်း အသိပေးလိုက်သည်။

ရွှမ်!

လုပ်ကြံသူတွေသည် တွန့်ဆုတ်ခြင်းမရှိဘဲ ခွဲထွက်ကာ ပိုင်ကျီဟန်ကို အရပ်မျက်နှာအားလုံးကနေ ဝိုင်းရံထားသည် ။ ရှေ့ကနေနှစ်ယောက်၊ ဘေးကနေနှစ်ယောက်ပင်။

ယုံကြည်မှုလွန်ကဲနေသည့်တိုင် သူတို့သည် သားကောင်ကို လျှော့တွက်ပြီး လွတ်အောင်လုပ်တာမျိုး မရှိပေ

"သေလိုက်”

သူတို့အော်သံများသည် သွေးဆာမှုနဲ့ ပြည့်နှက်နေပြီး တစ်ယောက်ချင်းစီသည် အရေးကြီးသည့် နေရာတစ်ခုစီဖြစ်သော နှလုံး၊ လည်ချောင်းနဲ့ ကျောရိုးတို့ကို ချိန်ရွယ်နေကြသည်။

မင်းသမီး ဖေးလိန်သည်လည်း အချိန်မီ မကယ်တင်နိုင်မှန်း သိသည့်တိုင် သူမဓားကို အလိုလို လှမ်းယူလိုက်သည်။

ဓားသွားတွေ ပိုနီးကပ်လာသည်ကို သူမ ကြည့်နေရုံပဲ တတ်နိုင်၏ သူတို့၏ အေးစက်နေသော အလင်းရောင်က သေအောင် သတ်မှာ သေချာ၏

"မလုပ်နဲ့”

တစ်ချိန်တည်းမှာပဲ စစ်သားတွေသည် အပြင်းအထန် တိုက်ခိုက်နေကြပြီး နတ်ဆိုးသားရဲတွေကို ဝေးဝေးမှာ ထိန်းထားနိုင်နေကြပေသည်။

နတ်ဆိုးသားရဲတွေ၏ အရေအတွက် လျော့နည်းလာသည်နဲ့အမျှ စစ်သားတွေအတွက် အန္တရာယ် သိပ်မရှိတော့ပေ

ထိုအချိန်မှာပဲ သူတို့သည် မင်းသမီးအား ပစ်မှတ်ထားသည့် လုပ်ကြံသတ်ဖြတ်သူ အုပ်စုကို တွေ့သွားကြသည်။

"လူတိုင်း၊ ငါတို့ မင်းသမီးက အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်။မင်းသမီးကို ကာကွယ်ဖို့ ငါနဲ့အတူ ချက်ချင်း လိုက်လာခဲ့”

စစ်သားတွေသည် မင်းသမီးအား ကာကွယ်ဖို့ အသင့်ဖြစ်နေချေပြီ။

ယခင်က သူတို့ အတော်များများသည် မင်းသမီးအား မကျေနပ်သူ စာရင်းထဲတွင် ပါဝင်ခဲ့ကြသည်။

မရင့်ကျက်တဲ့အပြင် အရည်အချင်းမပြည့်မီဘူး

သူတို့ထင်တာက ထိုသို့သာ

သူမသည် မှန်ကန်သောဆုံးဖြတ်ချက် မချခဲ့တာကြောင့် သူတို့၏ ရဲဘော်ရဲဘက်တွေ အများကြီး အသက်ဆုံးရှုံးခဲ့ရသည်။

မင်းသမီးအနေနဲ့ နတ်ဆိုးသားရဲများနဲ့ပတ်သက်ပြီး ဘာမှလုပ်လို့မရသည့်တိုင် တစ်ခုခုလုပ်ခဲ့ပါက ပိုကောင်းမည့်အရာတွေ ရှိနေသေးကြောင်း သူတို့ နားလည်လာကြသည်။

သူမသည် အခြားမြို့များ၏ မဟာမိတ်ဖြစ်ပြီး ၎င်းတို့ကြုံတွေ့နေရသော အခြေအနေကို အခွင့်ကောင်းယူကာ မြို့ကို သိမ်းပိုက်ရန် ကူညီပေးသည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်ခဲ့သည်။

သို့သော် ယနေ့တွင် သူတို့သည် အမှန်တရားကို မြင်တွေ့ခဲ့ကြချေပြီ။

နတ်ဆိုးသားရဲများကို ရင်ဆိုင်ရန် စွမ်းအားပေးသည့် လက်နက်များ

နတ်ဆိုးသားရဲများစွာကို သတ်ဖြတ်ခြင်းဖြင့် ၎င်းတို့အား ကူညီပေးခဲ့သော ဒုက္ခသည်များ။

ဆုံးဖြတ်ချက်တိုင်းသည် အောင်ပွဲဆီသို့ ဦးတည်နေပုံရသည်။

ထို့ကြောင့် ၎င်းတို့သည် သူမကို အဆုံးရှုံးမခံနိုင်ပေ

သို့သော် မင်းသမီးထံသို့ သွားရန် ပြင်နေစဉ်တွင် အစွမ်းထက်သော အရှိန်အဝါတစ်ခုသည် စစ်မြေပြင်တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။

ရူးး ... အပျက်အစီးများကြားတွင် ကျောက်တုံးကဲ့သို့သော အကြေးခွံများဖြင့် ဖုံးအုပ်ထားသော ဧရာမသားရဲတစ်ကောင် ရပ်နေပြီး သံမဏိကဲ့သို့ မာကျောနေသည်။ ၎င်း၏ ကြီးမားသောပုံသဏ္ဌာန်သည် အခြားသတ္တဝါများထက် မြင့်မားပြီး အောက်ဘက်ရှိ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးသားရဲများ၏ အရွယ်အစား သုံးဆခန့်ရှိသည်။

၎င်းရှိနေခြင်းသည် လေထုကို လေးလံစေသည်။

အမှားအယွင်းမရှိပါက ၎င်းသည် တတိယအဆင့် နတ်ဆိုးသားရဲဖြစ်သည်။

ဘန်း! ဘန်း!

"သေ သေနတ်တွေက အလုပ်မဖြစ်ဘူး”

ကျည်ဆန်များစွာသည် ၎င်း၏အရေခွံကို ထိမှန်ပြီး အန္တရာယ်မရှိဘဲ ပြန်ကန်ထွက်သွားကာ ခြစ်ရာအနည်းငယ်သာ ကျန်ရှိခဲ့သည်။

အဆင့် ၁ နတ်ဆိုးသားရဲများကို သတ်ရန် ကျည်ဆန်တစ်တောင့်မှ သုံးတောင့်ခန့် လိုအပ်ပြီ ၎င်းသည် မည်သည့်နတ်ဆိုးသားရဲအမျိုးအစားဖြစ်သည်နှင့် မည်သည့်နေရာကို ထိမှန်သည်ပေါ် မူတည်သည်။

အဆင့် ၂ နတ်ဆိုးသားရဲများ၏ အားနည်းချက်ကို ထိမှန်ဖို့ ကျည်ဆန် ၁၀ တောင့်ခန့် ကုန်နိုင်သည်။

သေနတ်နှင့် ကျည်ဆန်ကန့်သတ်ချက်သည် အဆင့် ၂ နှင့် ထိုထက်နိမ့်သောသတ္တဝါများကို ကိုင်တွယ်ဖြေရှင်းရန် အတွက်သာဖြစ်သည်ဟု ပိုင်ကျီဟန်သည် ယူဆထားပြီးဖြစ်သည်။

ထို့ထက်ပိုမိုအားကောင်းပါက ၎င်းသည် အသုံးမဝင်သလောက်သာ

သေနတ်နှင့် ကျည်ဆန်များကို အထူးပစ္စည်းများဖြင့် ပြုလုပ်ထားပြီး သန့်စင်ထားလျှင်တော့ ဖြစ်နိုင်၏။

သို့တိုင် မြူနှင်းမြို့တွင် ထိုသေနတ်တွေ ဖန်တီးရန် အရင်းအမြစ်ရော၊ စွမ်းရည်ပါ မရှိပေ။

ယခုအချိန်မှာတော့ သူတို့မှာရှိသည့် သေနတ်နဲ့အားနည်းသည့်အပိုင်းကို ထိမှန်ရင်တောင်

အသုံးမဝင်သလောက်သာ

ပုရွက်ဆိတ်တစ်ကောင်က သူ့ကိုရိုက်သလို လျစ်လျူရှုထားနိုင်၏

သားရဲသည် ရှေ့ကို တိုးဝှေ့သွားပြီး ခုခံကာကွယ်သူ အုပ်စုတစ်စုအား သူ့၏ခြေသည်းနဲ့ ချေမှုန်းလိုက်သည်။

သူ့နောက်မှာတော့ နတ်ဆိုးသားရဲ ဒါဇင်ပေါင်းများစွာသည် ဖောက်ထွင်းဝင်ရောက်လာပြီး လှိုင်းလုံးကြီးတစ်ခုလို စီးဝင်လာ၏

ထိတ်လန့်တုန်လှုပ်မှုတွေ ပေါ်ပေါက်လာချေသည်။

နံရံပေါ်ရှိ ခုခံကာကွယ်သူတွေသည် မင်းသမီးအား ကာကွယ်ရန် အပြေးအလွှားသွားဖို့နဲ့ လာနေသောလှိုင်းကို ရပ်တန့်ဖို့ ကြိုးစားရင်း ရှုပ်ထွေးနေကြသည်။

ဒါပေမယ့် သူတို့သည် မင်းသမီးနဲ့ အရမ်းဝေးလွန်းသည်။

ရွေးချယ်မှုက ရှင်းသည်

သူတို့သည် အဆင့် ၃ နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်ရမှာသာ

မဟုတ်ပါက အဆင့် ၃ သားရဲသာဖြတ်ကျော်သွားပါက မင်းသမီးဆီ တန်းရောက်သွားမည်ပင်

ထို့ကြောင့် အဆင့် ၃ နတ်ဆိုးသားရဲနဲ့ မတိုက်ခိုက်ဘဲ မင်းသမီးအား ကယ်တင်ဖို့ အသုံးမဝင်ပေ

ပိုင်ကျီဟန်သည် ထိုနေရာ၌ရှိနေပြီး သူမအား ကာကွယ်ပေးနိုင်မည်ဟု မျှော်လင့်ခဲ့ကြတာလည်းပါ၏

ခုခံကာကွယ်သူအများစုသည် သူတို့အတွက် အားနည်းချက်တစ်ခု ဖြစ်လာနိုင်သည့် အဆင့် ၃ နတ်ဆိုးသားရဲကိုသာ အာရုံစိုက်နေသည်။

သူတို့၏အကောင်းဆုံးလက်နက်ဖြစ်သော သေနတ်တွေသည် အသုံးမဝင်ပေ။

ဓားတွေလား။

အဆင့် ၃ နတ်ဆိုးသားရဲတွေ၏ သတ်ဖြတ်မှု မခံရခင်ပင် သူ့ကိုတောင် မထိနိုင်တာကြောင့် ပိုပြီး အသုံးမဝင်ပေ။

တစ်ယောက်ပဲဖြစ်ဖြစ်၊ ဆယ်ယောက်ပဲဖြစ်ဖြစ်၊ အဆင့် ၃ နတ်ဆိုးသားရဲတွေအဖို့တော့ သူတို့ကို မသတ်ခင်မှာ သူ့ခြေသည်းကို ဝှေ့ယမ်းလိုက်ရုံသာ

"ဒီလိုအရာမျိုးကို ငါတို့ ဘာလုပ်နိုင်မှာလဲ။"

အခြေအနေက မျှော်လင့်ချက်မဲ့သွားသည့်အခါ လူအများစုသည် ကြောက်ရွံ့မှု တစ်ဖန်ပြန်လည် လွှမ်းမိုးလာခဲ့ကြသည်။

သို့တိုင် အားလုံးက လက်မလျှော့ကြပေ

"ကျွန်တော်မှာ အကြံတစ်ခုရှိတယ်”

ဟုန်ထောင်သည် ဒုက္ခသည်အုပ်စုကို ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

ဟုန်ထောင်အနေနဲ့ သူ့အကြံအစည် ဒါမှမဟုတ် ပိုတိတိကျကျပြောရလျှင် ပိုင်ကျီဟန် သူ့အား တစ်ချိန်က မျှဝေခဲ့သည့် အကြံအစည်ကို ရှင်းပြခဲ့သည်။

သေနတ်တွေ ဖန်တီးသည့်အခါ လူတိုင်းသည် ပြိုင်ဘက်ကင်းပြီဟု ထင်ကာ နတ်ဆိုးသားရဲတွေအား စိတ်ပူစရာမလိုဘူးဟု ထင်ခဲ့ကြသည်။

သို့ပေမဲ့ ပိုင်ကျီဟန်ကတော့ ထိုသို့မဟုတ်ပေ

သူ့အနေနဲ့ ၎င်းသည်စွမ်းအားနည်းပြီး အဆင့် ၂ နတ်ဆိုးသားရဲတွေကို သတ်ဖို့တောင် အချိန်အရမ်းကြာသည်ဟု ပြောသည်။

အဆင့် ၃ နတ်ဆိုးသားရဲတွေနဲ့ ကြုံတွေ့ရလျှင် သူတို့သေနတ်က အသုံးမဝင်တော့ဘူးဟု သူပြောခဲ့သည်။

ဟုန်ထောင်သည် စပ်စုချင်သည်တိုင် အဆင့် ၃ နတ်ဆိုးသားရဲတွေကို မတွေ့ရသေးသည့်အတွက် စိုးရိမ်စရာမရှိဘူးဟု ထင်ခဲ့သည်။

သို့တိုင် အဆင့် ၃ နတ်ဆိုးသားရဲများနဲ့ ကြုံတွေ့ရလျှင် ဘာလုပ်နိုင်မည်ကို မေးခဲ့သည်။

ပိုင်ကျီဟန်သည် တိကျသော အဖြေမပေးခဲ့ပေမယ့် အကောင်းဆုံးအခြေအနေမှာတောင် အဆင့် ၃ နတ်ဆိုးသားရဲကို တိုက်ခိုက်နိုင်သောနည်းလမ်းရှိကြောင်း ပြောခဲ့၏

ဆိုလိုတာက ကျည်ဆန်ထဲရှိ အနက်ရောင်မှုန့်သည် ပမာဏနည်းလွန်းတာကြောင့် စွမ်းအားတိုးချင်လျှင် အနက်ရောင်မှုန့်ပမာဏတိုးဖို့ပဲ အဖြေရှိ၏

အဆင့်၃နတ်ဆိုးသားရဲတွေတောင် ချက်ချင်း သေသွားလောက်အောင် အနက်ရောင်မှုန့်အများကြီးကို မီးရှို့လို့ရသည်။

အနက်ရောင်မှုန့်အများကြီးထည့်ထားသော နေရာကို မိစ္ဆာအား ဆွဲဆောင်ပြီး တစ်ယောက်ယောက်က အနက်ရောင်မှုန့်ကို မီးရှို့ရမည်။

လူတစ်ယောက်တွင် အသက်ဆယ်ခုရှိတောင် ၎င်းကို အကောင်အထည်ဖော်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်

ဒါပေမယ့် ဟောင်တောင်သည် မဖြစ်နိုင်တာကို လုပ်ဖို့ ဆန္ဒရှိခဲ့၏

"မင်း ဒါကို လုပ်ချင်တယ်ဆိုတာ သေချာလား။ မင်း သေသွားနိုင်တယ်”

သူတို့ထဲက တစ်ယောက်က ပြောလေသည်။

သို့တိုင် ဟုန်ထောင်ကတော့ စိတ်ပိုင်းဖြတ်ထားသည်၊

"ဘာပဲဖြစ်ဖြစ် ငါ တပ်မှူးနဲ့ မတွေ့ခဲ့ရင် သေသွားမှာပဲ။ ငါ ဒါကိုတောင် မလုပ်နိုင်ခဲ့ရင် ငါ့ဘဝက အသုံးမဝင်တော့ဘူး"

ဟုန်ထောင်က ပြောလေ၏

သူဆုံးဖြတ်ပြီးကတည်းက နောက်ထပ်ပြောစရာ မလိုတော့ပေ

သူတို့လုပ်နိုင်တာက သူတို့ အခန်းကဏ္ဍကို ဖြည့်ဆည်းပြီး အစီအစဉ် အောင်မြင်အောင် လုပ်ရုံသာ

မင်းသမီးဘက်မှာတော့ လုပ်ကြံသတ်ဖြတ်သူတွေအားလုံးသည် ပိုင်ကျီဟန် ထွက်ပြေးလို့မရအောင် တိုက်ခိုက်ခဲ့ကြသည်။

ခဏတာတော့ သူ ပြီးသွားပြီဟု ထင်ရသည်

ဓားတွေ ခုတ်ချလိုက်၏

ကလန်!

ထက်မြက်သော သတ္တုတစ်ခုသည် လေကို ခွဲထွက်သွားသည်။

ငွေရောင်စက်ဝိုင်းတစ်ခုသည် နံရံကို မိုးကြိုးလို ဖြတ်သွားပြီး ချီလှိုင်းတစ်ခု လိုက်ပါလာ၏။

လုပ်ကြံသူများ၏ မျက်နှာများသည် မယုံနိုင်စွာ တွန့်လိမ်သွားကြသည်။

"ချီ”

"ဒါ မဖြစ်နိုင်ဘူး”

"သူ ဘာမှ လေ့ကျင့်ခွင့် မရှိဘူးလေ”

ထိုစကားတွေ သူတို့ပါးစပ်မှ ထွက်သွားချိန်မှာတော့ နောက်ကျသွားချေပြီ။

ရှူးးးးးးးးးး!

ပိုင်ကျီဟန်ဓားသည် ပထမဆုံးလုပ်ကြံသူ၏ ဝမ်းဗိုက်ကို ဖြတ်သွားပြီး သွေးများသည် ရေကန်လို ပေါက်ကွဲထွက်လာကာ တုန်ရီနေသော အပိုင်းနှစ်ပိုင်းအဖြစ် လဲကျသွားခဲ့သည်။

သူက မရပ်ပေ

ပိုင်ကျီဟန်သည် ခြေထောက်တစ်ဖက်နဲ့ လှည့်ပြီး ဓားသည် တောက်ပသော ပုံရိပ်ကို ချန်ထားခဲ့သည်။

ဒုတိယတိုက်ခိုက်သူသည် သူ့ဓားနဲ့ ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပေမယ့် ချီဓာတ်ပါဝင်သော ဓား၏ ပြင်းထန်သော အရှိန်အောက်တွင် ကြွပ်ဆတ်သော ဖန်ခွက်လို ကွဲအက်သွားချေသည်။

ထောင့်ဖြတ် ဓားချက်တစ်ခုသည် သူ့ကို ပခုံးကနေ တင်ပါးအထိ ပွင့်သွားစေခဲ့သည်။

နောက်တစ်ယောက်သည် နောက်ကနေ ပြေးဝင်လာပြီး ဓားနဲ့ ပိုင်ကျီဟန်ကျောရိုးကို တည့်တည့်ချိန်လိုက်၏ နောက်ဆုံးစက္ကန့်မှာ ပိုင်ကျီဟန် တွန့်လိမ်သွားသည်။

သူ့လက်ဖဝါးမှ ချီဓာတ် ပေါက်ကွဲထွက်ပြီး နောက်ပြန်ရိုက်ခတ်လိုက်သည်။

ဂျွတ်

သူ့တိုက်ခိုက်မှုကနေ လှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး တိုက်ခိုက်သူ၏ ဒူးခေါင်းကို ပြင်းထန်သော တုန်ခါမှုနဲ့ ကွဲကြေသွားစေခဲ့သည်။

ထိုလူသည် အော်ဟစ်ပြီး ဒူးတစ်ဖက် လဲကျသွားခဲ့သည်။ ပိုင်ကျီဟန်သည် လှည့်ပတ်ကာ ဓားကို ကြည်လင်သော လမ်းကြောင်းတစ်ခုဖြင့် ဆွဲချပြီး ချက်ချင်းပင် သူ့အသက်ကို အဆုံးသတ်လိုက်သည်။

နောက်ဆုံးတစ်ယောက်ဖြစ်သည့် အမတ်သွမ်၏ အစောင့်သည် အေးခဲနေပြီး မျက်လုံးပြူးကျယ်ကာ တုန်ရီနေသည်။

“မင်း… မင်းက သာမန်လူတစ်ယောက်ပဲ ဖြစ်ရမယ်..ဒါ မဖြစ်နိုင်ဘူး။ ဒီဓားရဲ့ အရှိန်အဝါ—ဒီချီ၊ မင်းလိမ်နေတာ”

ပိုင်ကျီဟန်သည် သူ့ပခုံးပေါ်တွင် ဓားကို ပေါ့ပေါ့တန်တန် တင်ထားပြီး သူ့ဘက်ကို လှည့်လိုက်၏

ဓားကနေ သွေးတွေ စီးကျလာသည်။

သူ့ခန္ဓာကိုယ်သည် ပထမဆုံးရောက်လာချိန်တုန်းက လူသားတစ်ယောက်လိုသာ။ သို့ပေမဲ့ သူလေ့ကျင့်လို့မရဘူးလို့တော့ မဆိုလိုပေ

သူသည် ပထမနေ့ကတည်းက လေ့ကျင့်နေခဲ့၏ ထိုခန္ဓာကိုယ်က သိပ်အရည်အချင်းမရှိသည့်တိုင် သူ့၏အတွေ့အကြုံနဲ့

ကျင့်ကြံမှုထဲကို ပထမဆုံးခြေလှမ်း လှမ်းနိုင်ခဲ့သည်။

သူသည် ချီသန့်စင်မှုအဆင့်မှာပဲ ရှိသေး၏ လေ့ကျင့်မှု၏ ပထမအဆင့်.. ကြွားစရာဘာမှ မရှိပေ

ဒါပေမယ့် ချီကို အသုံးနည်းပြီး ချီသန့်စင်မှုအဆင့်ကိုတောင် မရောက်သေးသော လုပ်ကြံသတ်ဖြတ်သူတွေကိုတော့ သတ်ဖို့ လုံလောက်၏

မည်သို့ပင်ဖြစ်စေ သူလေ့ကျင့်ခဲ့တာ ကောင်း၏ မဟုတ်ပါက ထိုလုပ်ကြံသတ်ဖြတ်သူအားလုံးကို ကိုင်တွယ်ဖို့ နည်းနည်းခက်ခဲသွားလိမ့်မည်။

သူသည် ရှေ့ကို ခြေလှမ်းတစ်လှမ်းတိုးလာပြီး သူ့ရှိနေခြင်းက ပိုလေးလံလာစေသည်။

ထိုလူက ကြောက်ရွံ့မှုကြောင့် နောက်ပြန်ဆုတ်သွားသည်။

"ဝေးဝေးနေ..မင်းနားမလည်ဘူး။ ငါ့ကိုသတ်ရင် နောက်မှာ အမတ်သွမ်ဂိုဏ်းတစ်ခုလုံး ပါလာလိမ့်မယ်”

"အို မဟုတ်ဘူး" ပိုင်ကျီဟန်သည် လှောင်ပြောင်စွာပြောပြီး သူ့အပြုံးက ပိုကျယ်လာ၏

"ငါကြောက်တယ်၊ အမတ်သွမ် ငါ့ကို သတ်လိမ့်မယ်။"

ပိုင်ကျီဟန်သည် မိန်းကလေးငယ်လို အသံနဲ့ လှောင်ပြောင်လိုက်သည်။

ထိုလူ ပြန်မဖြေနိုင်ခင်မှာပဲ

ရွှမ်

ပိုင်ကျီဟန်သည် မှုန်ဝါးသွားပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွား၏

ခဏအကြာတွင် လူသတ်သမား၏ လည်ပင်း၌ အနီရောင်မျဉ်းတစ်ကြောင်း ပေါ်လာသည်။

သူသည် ထိုနေရာ၌ ရပ်နေပြီး မျက်လုံးတွေ ပြူးကျယ်ကာ ပါးစပ်သည် တုန်နေ၏ သူ့ခေါင်းသည် ပခုံးပေါ်ကနေ လျှောကျပြီး ဒေါသနဲ့ မြေပြင်ပေါ် လဲကျသွားချေသည်။

ပိုင်ကျီဟန်သည် အသက်ရှူထုတ်ပြီး သူ့ဓားကို ဝှေ့ယမ်းလိုက်သည့်အခါ သွေးတွေ ပြန့်ကျဲသွားလေ၏

မင်းသမီး ဖေးလိန်သည် သူ့အား တစ္ဆေတစ်ကောင်ကို မြင်နေရသလိုမျိုး စိုက်ကြည့်နေသည်။

"ရှင် ရှင်က သာမန်လူ မဟုတ်ဘူး... ရှင်က ကျင့်ကြံသူပဲ”

မင်းသမီး ဖေးလိန်သည် ချီ ဒါမှမဟုတ် မည်သည့်အရာကိုမှ မခံစားနိုင်သည့်တိုင် သူပြသခဲ့သော စွမ်းအားအရ သံမြူနှင်း၏ သာမန်နိုင်ငံသားတစ်ယောက်ဟု ထင်ခဲ့သောသူသည် တကယ်တော့ ကျင့်ကြံသူပဲဆိုတာ သူမ နားလည်လိုက်၏

သူတို့အတွက် ကျင့်ကြံသူတွေသည် လုံးဝကွဲပြားသော မျိုးစိတ်တွေလိုပင်။ သူတို့ လေးစားရသည့်သူတစ်ယောက်သာ

ပိုင်ကျီဟန်ရှင်းပြချင်သည့်တိုင် ထိုအတွက် အချိန်မရှိပေ

သူသည် သွေးစွန်းနေသောဓားကို နံရံအား ကုတ်ခြစ်နေဆဲ အဆင့် ၃ နတ်ဆိုးသားရဲဆီ ချိန်လိုက်၏

" စလိုက်ရအောင်။ ဒါကို သန့်ရှင်းရေးလုပ်ကြရအောင်”

All Chapters