← Chapters

အခန်း (၄၈)

Vol. 6 Ch. 48

အခန်း (၄၈)

Vol. 6 Ch. 48

"အန်တီ... ကြည့်ပါဦး၊ ကြည့်ပါဦး!"

ဆောင်းဦးရာသီ၏အအေးဓာတ်ကြောင့် နန်ယု တစ်ခါတစ်ရံ ဥယျာဉ်ထဲ၌ လမ်းလျှောက်ခြင်း၊ ပုခက်ကုလားထိုင်ပေါ်တွင် လှဲလျောင်း အနားယူတတ်သည်။

တစ်နေ့တွင် သူမ ပုခက်ကုလားထိုင်ပေါ်၌ မှေးစက်နေစဉ် ဖေးယွင်ကျင့်၏ရွှင်လန်းသော အသံအား ကြားလိုက်ရသည်။

နောက်တစ်ခဏတွင် ထိုကလေးငယ်မှာ သူမထံသို့ ပြေးလာခဲ့သည်။ နန်ယု၏ တည်ငြိမ်သော အကြည့်အောက်၌လက်သီး ဆုပ်အား မြှောက်ပြ၍ ရုတ်တရက် ဖွင့်ပြလိုက်လေရာ၊ စိမ်းပြာရောင် ပိုးလောင်းကောင် တစ်ကောင်ပေါ်လာခဲ့သည်။

နန်ယု: "..."

"အန်တီ၊ ချစ်စရာမကောင်းဘူးလား? ဥယျာဉ်မှူးက ဒါလေးက လိပ်ပြာလှလှလေးဖြစ်လာမယ်တဲ့! အန်တီ့အတွက်လက် ဆောင်ပါ"

နန်ယု ပြုံးလိုက်သည်။

"ကျေးဇူးပဲ ရှောင်ကျင်း၊ ချစ်ဖို့တော့ ကောင်းပါတယ် ပြီးရင်တော့ လက်သေချာဆေးနော်"

ကလေးများမှာ အသက်အရွယ်တစ်ခုသို့ ရောက်ရှိလာပါက ကိုယ့်ဘာသာ ကိုယ် ကမ္ဘာကြီးအား စူးစမ်းရှာဖွေရသည်ကို နှစ်သက်ကြဟန်တူသည်။ ဖေးယွင်ကျင့်သည်လည်း မကြာသေးမီက သူ ရှာတွေ့သမျှကို နန်ယုအား လက်ဆောင်ပေးရခြင်းကိုစွဲလမ်းနေခဲ့သည်။

မပြည့်စုံသေးသော စာရင်းများအရ နန်ယု မတူညီသောပိုး လောင်းကောင်မျိုးစုံ၊ ကျိုင်းကောင်တစ်ကောင်၊ ပိုးတောင်မာ နှစ်ကောင် စသည်တို့ကို လက်ခံရရှိထားခဲ့သည်။

သူမ ဥယျာဉ်မှာ သတ္တဝါမျိုးစိတ်များနှင့် ဤမျှလောက်ကြွယ် ဝနေမှန်း သူ မသိခဲ့ပေ။ အင်းဆက်ပြတိုက်တစ်ခုပင် ဖွင့်နိုင်တော့မည်။

သို့သော် စျေးဝယ်စင်တာမှ စကားပြောဆိုမှုပြီးနောက် ဖေးယွင်ကျင့် စရိုက်မှာတကယ်ပင် ပြောင်းလဲသွားခဲ့သည်။ မကြိုက်သော ဟင်းလျာနှင့်တွေ့လျှင် ဦးလေးကျိုးနှင့် ဆွေးနွေးပြီး အနည်းငယ်သာစားခြင်း သို့မဟုတ် လုံးဝမစားတော့ခြင်းမျိုး ပြုလုပ်လာသည်။

သူ နှစ်သက်သော အင်းဆက်ပိုးကောင်များအား မွေးမြူထားလို၍ ဦးလေးကျိုးအား ချစ်စဖွယ်ကောင်းအောင်ပြောဆိုတတ်လာသည်။

တစ်ခါတစ်ရံ စနေ၊ တနင်္ဂနွေ မနက်ခင်းများတွင် အိပ်ရာမှ မထဘဲ ဦးလေးကျိုးအား ကိုယ်တိုင် သွားရောက်တူးဖော်ခိုင်းတတ် သည်။ ဖေးယွင်ကျင်း အိပ်ရာနောက်ကျမှထ၍ရသော ကလေး ဖြစ်သော်လည်း ကလေးများ၏အစာအိမ်အတွက် အချိန်မှန် နံနက်စာ စားသုံးရန် လိုအပ်ပေသည်။

ဦးလေးကျိုး၏ Support ပေးမှုအား ကျေးဇူးတင်ရမည်။

နန်ယု ဦးလေးကျိုးအား လစာတိုးပေးရန် အခွင့်အရေးရှာဖို့ တိတ်တဆိတ် တွေးလိုက်သော်လည်း ဖေးယွင်ကျင်း၏ပြောင်း လဲလာမှုကို မြင်တွေ့ရ၍ ဝမ်းမြောက်ရသည်။ ဤသည်မှာ ကလေးတစ်ယောက် ဖြစ်သင့်သောပုံစံပင်။

"ရီပိုင် ဘာလို့ သိပ်လာမကစားတော့တာလဲ?"

ဖေးယွင်ကျင်း ထပ်မံပြေးထွက်သွားရန် ပြင်ဆင်နေစဉ် နန်ယု အချိန်မီ တားလိုက်သည်။ ထိုအင်းဆက်ပိုးကောင်လေးများအား သူမ မကြောက်သော်လည်း ဤသို့သော လက်ဆောင်မျိုးကိုမူ ထပ်မံမယူလိုပေ။

"သားတို့ ရန်ဖြစ်ထားကြတာလား ?"

သူမ မေးခွန်းထုတ်ရန် မစဉ်းစားမီကပင် ရီပိုင်သည် နှစ်ရက် သုံးရက်ခန့် ပျောက်ကွယ်နေခဲ့ရာ၊ နေ့စဉ်လိုလို လာရောက်တတ်သော သူ့အတွက်မူ ၎င်းမှာ ရှားပါးသောဖြစ်ရပ်ဖြစ် သည်။

ဖေးယွင်ကျင်း ခေါင်းယမ်းလိုက်၏။

"မဟုတ်ပါဘူး၊ ရှောင်ပိုင် အလုပ်များနေတာ"

"ဘာများ အလုပ်များနေတာလဲ ?"

နန်ယု ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်သည်။ လီယွမ်မိုပင် ဤမျှ အလုပ်များနေသည်ဖြစ်ရာ လေးနှစ်သားလေး လီရီပိုင်သည်လည်း တစ်ခါတစ်ရံ ပင်ပန်းနိုင်သည်ဟု ယူဆရသည်။ နန်ယု လီရီပိုင်အား ချစ်ခင်သဖြင့် စိုးရိမ်စိတ် ပြသခြင်းမှာသဘာဝ ကျသည်။

ဖေးယွင်ကျင်း ခေါင်းခါပြန်သည်။

"ရှောင်ပိုင် မပြောချင်ရင် သားလည်း မမေးဘူးလေ"

သူသည် ငယ်ရွယ်သော်လည်း အရင်းနှီးဆုံး သူငယ်ချင်းတွင်ပင် အခြားသူများ မသိစေချင်သောကိစ္စများ ရှိသည်အား သိ၏။

သို့သော် နန်ယု ဤအကြောင်းအား မေးမြန်းသောအခါ ဖေးယွင်ကျင်း အပြုံးမှာ မှေးမှိန်သွားပြီး လူကြီးတစ်ယောက်ကဲ့သို့ သက်ပြင်းချလိုက်သည်။

"ရှောင်ပိုင် မနေ့ကလည်း ကျောင်းမလာဘူး၊ သူ့အိမ်ကို သွားရှာတော့ လုံခြုံရေးဦးလေးက အိမ်မှာမရှိဘူးတဲ့"

"အန်တီ၊ ကျွန်တော် နည်းနည်းစိုးရိမ်နေမိတယ်"

"ဒါဆို သွားရှာလိုက်"

လီရီပိုင် မွေးနေ့တွင် လီယွမ်မိုရရှိခဲ့သော ရှင်းပြ၍မရသည့် ဒဏ်ရာအားသတိရ၍ နန်ယု ထရပ်လိုက်သည်။

"ရီပိုင်က သားသူငယ်ချင်းပဲလေ၊ တစ်ခါတစ်လေ ဒီလောက် စည်းကမ်းကြီးနေစရာ မလိုပါဘူး"

တွန့်ဆုတ်မနေဘဲ ဖေးယွင်ကျင်းအားဘေးရှိ ဗီလာသို့ ခေါ်ဆောင်သွားသည်။ တံခါးဝရှိ လုံခြုံရေးမှာ သူတို့အား သိနှင့်ပြီးသားဖြစ်သည်။

သူတို့နှစ်ဦး ချဉ်းကပ်လာသည်ကို မြင်သောအခါ လီရီပိုင်အား ရှာနေမှန်း သူသိသဖြင့် ရှေ့သို့ တက်လာပြီးပြောလိုက်သည်။

"မစ်နန်၊ သခင်လေးယွင်ကျင်း တောင်းပန်ပါတယ်၊ သခင်လေး အခု အိမ်မှာမရှိဘူး"

— ဒါမှမဟုတ် သူ မရှိတာလား ?

နန်ယု မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

"လီယွမ်မိုရော ?"

လုံခြုံရေးအစောင့် ခေါင်းခါလိုက်သည်။

"အကြီးဆုံး သခင်လေးလည်း အိမ်မှာမရှိပါဘူး"

"သူတို့ ဘယ်သွားတယ်ဆိုတာ ရှင် သိလား?"

နန်ယု၏ မေးခွန်းအား လုံခြုံရေး အကူအညီမဲ့စွာပြုံးပြလိုက်သည်။

"မစ်နန်၊ ကျွန်တော်က သာမန်လုံခြုံရေးပါ၊ ပိုင်ရှင်ရဲ့ မိသားစုအကြောင်းကို ကျွန်တော် ဘယ်လိုလုပ်သိနိုင်မှာလဲ?"

သူ စကားမဆုံးမီ အနီးနားမှ ကားသံကို ကြားလိုက်ရပြီး ထိုကားမှာ နန်ယုနှင့် အခြားသူများ၏ ရှေ့တွင်လျင်မြန်စွာရပ် တန့်သွားသည်။

လက်ထောက်ရှု အလျင်အမြန်ဆင်းလာခဲ့သည်။

"မစ်နန် ? သခင်လေးယွင်ကျင်း ?"

လက်ထောက်ရှု စိုးရိမ်နေသောအမူအရာဖြင့် ပြောလိုက်လေသည်။

"သခင်လေးကို ရှာနေတာလား? တောင်းပန်ပါတယ်၊ သူ အခု အိမ်မှာမရှိဘူး၊ နှစ်ရက်နေမှ ပြန်လာခဲ့ပါနော်"

ထိုစကားအား ကြားသောအခါ နန်ယု ဖေးယွင်ကျင်းနှင့်အတူ ချက်ချင်းပြန်မသွားခဲ့ချေ။ သူမ ကားထဲမှ ဆင်းလာသော လက်ထောက်ရှု၏ စိုးရိမ်ပူပန်နေသည့် မျက်နှာကိုသတိထားမိခဲ့သောကြောင့် ဖြစ်သည်။ လီမိသားစုတွင် တစ်စုံတစ်ခုဖြစ် ပွားနေသည်မှာ သေချာပေသည်။

ဖေးယွင်ကျင်းပင်လျှင် မကောင်းသော အငွေ့အသက်အား ခံစားမိနေသည်။ သူ့လက်သေးလေးများမှာ နန်ယု ဘောင်းဘီအား ဆုပ်ကိုင်ထားမိပြီး ပြန်ရန် တွန့်ဆုတ်နေသည်မှာ ထင်ရှားသည်။

"ဒီနေရာမှာ စကားပြောလို့ မကောင်းဘူးဆိုရင် အထဲဝင်ပြီး ပြောကြစို့" နန်ယု အသံကို လျှော့ပြောလိုက်သည်။

"ငါ ကူညီနိုင်ကောင်း ကူညီနိုင်လိမ့်မယ်"

လက်ထောက်ရှု တအံ့တသြဖြစ်သွားသည်။ သူ ငြင်းဆိုရန် ပြင်လိုက်သော်လည်း နန်ယု၏ မိသားစု နောက်ခံအားတွေးလိုက်မိသည်။...

သူမ မိုပိုင်အား တကယ် "ကယ်တင်" ပေးနိုင်ပေလိမ့်မည်။

"လီယွမ်မိုက ပုဂ္ဂလိကဆေးရုံမှာ ဒဏ်ရာအပြင်းထန်ရထားတယ်လို့ ပြောနေတာလား?"

လီယွမ်မို၏ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်လူများအတွက် သူ့အား ထိခိုက်ဒဏ်ရာရစေရန် ခက်ခဲလှသည်။ သို့သော် အကြံအဖန်လုပ်လိုသူများ၏ ပရိယာယ်ကိုမူ သူ ရှောင်လွှဲနိုင်ခြင်းမရှိပေ။

သုံးရက်အကြာ၊ ဖောက်သည်တစ်ဦးနှင့် ညစာ စားပြီးနောက် သူ ဟိုတယ်မှ ထွက်ကာ ကားပေါ် တက်၍ အိမ်သို့ ပြန်လာစဉ် ကားတာယာပေါက်ပြီး မောင်းနေရင်းရပ်တန့်သွားခဲ့သည်။ ယာဉ်မောင်းတာယာလဲနေစဉ် လီယွမ်မို လေညင်းခံရန်အပြင်ထွက်ခဲ့ရာ အရက်သောက်ထားသော အမျိုးသားတစ်စုနှင့် ရင်ဆိုင်တွေ့ခဲ့ရသည်။

ထိုသူများမှာ အစက ဝေးဝေးမှနေခဲ့ကြသော်လည်း လီယွမ်မို အနီးသို့ ရောက်ရှိလာသောအခါ ရုတ်တရက် တုတ်၊ ဓားရှည်များနှင့် အခြား လက်နက်များကို ထုတ်ကာ သူ့အား တိုက်ခိုက်ခဲ့ကြသည်။

လူဆယ်ယောက်ကျော်မျှ ရှိပြီး၊ လက်နက်မဲ့ကာ ယာဉ်မောင်းကိုပါ အကာအကွယ်ပေးနေရသော လီယွမ်မိုအား တုတ်များစွာနှင့် ဓားနှစ်ချက်ဖြင့် ခုတ်ခဲ့ကြသည်။ ခုတ်ရာများထဲမှ တစ်ချက်သည် ရင်ဘတ်အားထိုးခွဲသွားခဲ့ရာ နက်ရှိုင်းပြီး အန္တရာယ်ရှိသော ဒဏ်ရာကိုချန်ထားခဲ့သည်။

သို့သော် ထိုသူများမှာ လူသတ်ရန် ရည်ရွယ်ပုံမရပေ။ လီယွမ်မို၏အခြေအနေကိုမြင်သောအခါ အလျင်အမြန်ပင် ထွက်ပြေး သွားကြသည်။

ရဲများမှ ၎င်းတို့အား နောက်ပိုင်းတွင် ဖမ်းမိသောအခါ အရက် မူး၍ လီယွမ်မိုကဲ့သို့သော သူဌေးတစ်ဦးအပေါ် ဒေါသထွက်မိကြောင်းသာ အကြောင်းပြချက်ပေးခဲ့သည်။

ထိုသူများတွင် ရာဇ၀တ်မှုမှတ်တမ်းများရှိသောကြောင့် ထောင် ဒဏ်နှစ်အနည်းငယ်ကို ဂရုမစိုက်ကြပေ။ သို့သော် လီယွမ်မို၏ ဒဏ်ရာမှာ တစ်လနှစ်လခန့် ကြာသည်အထိ ပျောက်ကင်းလိမ့်မည်မဟုတ်ပေ။

မူလက လီယွမ်မို ထိုအခြေအနေအား လီရီပိုင်ထံမှ လျှို့ဝှက်ထားရန် စီစဉ်ခဲ့သည်။ ထို့ကြောင့် အခြားလက်ထောက်တစ်ဦး ပစ္စည်းလာယူစဉ် လက်ထောက်ရှုနှင့် စကားပြောခဲ့ပြီး၊ ပစ္စည်းတစ်ခု ရှာဖွေပေးရန်နှင့် ထိုအချိန်အတွင်း လီရီပိုင်အား စောင့် ရှောက်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် လီရီပိုင် ထိုစကားပြောဆိုမှုများကို ကြားလိုက်ရသည့် အတွက် လီယွမ်မို၌ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက် ချင်းသိလိုက်ရသည်။ သူ့အစ်ကိုက ပြောပြမည်မဟုတ်သည့် အတွက် လီရီပိုင် မသိဟန်ဆောင်ပြီး နောက်တစ်နေ့တွင် ပုံမှန်အတိုင်း မူကြိုသို့သွားခဲ့သော်လည်း စိုးရိမ်စိတ်မှာ မပြေလျော့သွားခဲ့ပေ။

တစ်နေ့လုံး တွေးပြီးနောက် စိုးရိမ်စိတ်များ ရှိနေဆဲဖြစ်သော လီရီပိုင် ဖေးယွင်ကျင်းအားပြောပြခဲ့ရာ ထိုကလေးငယ်လေးသည် ထိုနေ့ ကျောင်းဆင်းပြီးနောက် ကလေးထိန်းနှင့် လုံခြုံ ရေးမှမမြင်စေရန် ခိုးကြောင်ခိုးဝှက်နှင့် ဆေးရုံသို့သွားခဲ့သည်။

လီရီပိုင် လက်ထောက်နှစ်ဦး၏စကားပြောဆိုမှုမှဆေးရုံအမည် ကို မှတ်မိထားပြီး တက္ကစီပေါ် ရောက်သောအခါ လိပ်စာအား တိုက်ရိုက်ပေးခဲ့သည်။

ကားခ မလုံလောက်မည်ကို စိုးရိမ်စရာမလိုပေ၊ သူ့ဖုန်းနာရီမှာ လီယွမ်မို၏ဒုတိယကတ်နှင့် ချိတ်ဆက်ထားသဖြင့် နေ့စဉ် သတ်မှတ်ချက် ရှိသော်လည်း ကားခအားသေချာပေါက်ပေး ချေနိုင်ခဲ့သည်။

လီရီပိုင် ဆေးရုံသို့ ဘေးကင်းစွာ ရောက်ရှိခဲ့သော်လည်း လီယွမ်မို မည်သည့် အခန်းတွင်ရှိသည်ကို မသိခဲ့ပေ။ စိုးရိမ်တ ကြီးနှင့် သူနာပြုအား မေးမြန်းရန် ကြိုးစားနေစဉ် အောက်ထပ်သို့ဆင်းလာသော လက်ထောက်တစ်ဦး၏မြင်ကွင်းထဲသို့ ရောက်ရှိသွားခဲ့သည်။

သူ အိမ်ပြန်ရန် ငြင်းဆိုခဲ့ပြီး၊ လီယွမ်မို တစ်ဦးတည်း နေထိုင်သည့် ဇိမ်ခံခန်း (Deluxe Room) ထဲတွင် ရှိနေသောကြောင့် ထိုနေရာ၌ပင် ဆက်လက်နေထိုင်ခဲ့သည်။

လက်ထောက်ရှု မေ့ကျန်ခဲ့သော ပစ္စည်းအချို့အား သွားယူရန် ရောက်လာခြင်းဖြစ်ပြီး မမျှော်လင့်ဘဲ နန်ယုနှင့် ဖေးယွင်ကျင်းတို့နှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။

"လီရီပိုင်၏ စွန့်စားခန်း" အကြောင်း နားထောင်ပြီးနောက် နန်ယု: "...

ဆိုရိုးစကားအတိုင်းပင်၊ နွားပေါက်ကလေးမှာ မကြောက်တတ်ပေ။ လီရီပိုင်သည် အလွန်ရဲရင့်သည်။

အဓိကအချက်မှာ ထိုကလေးငယ်သည် စောင့်ကြည့်ကင်မရာ အမြောက်အမြားအား ရှောင်တိမ်း၍ လီမိသားစု၏ အိမ်မှ "ထွက်ပြေး" နိုင်ခဲ့ခြင်းပင်။ သူ့အရည်အချင်းမှာ ထူးခြားလှသည်။ ယခင်ကလည်း ဤကဲ့သို့သော အတွေ့အကြုံမျိုး ရှိဖူးပေလိမ့်မည်။

လက်ထောက်ရှု နန်ယုကူညီနိုင်သည်ဟု တွေးခြင်းမှာ လီယွမ်မို၏ ဒဏ်ရာအား ရည်ညွှန်းခြင်း မဟုတ်ချေ။ နန်ယုသည် ဆရာဝန် မဟုတ်ပါ။ အမှန်စင်စစ် လီယွမ်မို ဒဏ်ရာရထားခြင်းကိုအခွင့်ကောင်းယူ၍ တစ်စုံတစ်ဦးမှာ မော့ပိုင်အား ပြဿနာ ရှာနေခြင်းဖြစ်သည်။

မကြာမီပင် နန်ယုနှင့် ဖေးယွင်ကျင်း လက်ထောက်ရှု၏ ကားပေါ် တက်ကာ လီယွမ်မို တက်နေသည့် ဆေးရုံအခန်းသို့ ရောက်ရှိလာကြသည်။

တံခါးဖွင့်လိုက်သည်နှင့် လီရီပိုင် မအော်ဘဲ မနေနိုင်ပေ။

"ရှောင်ကျင်း! နန်ကျဲ! ဘယ်လိုဖြစ်လို့ ဒီရောက်လာကြတာလဲ?"

"ရှောင်ပိုင်! မင်းကို ငါ အရမ်းစိတ်ပူနေခဲ့တာ!"

ဖေးယွင်ကျင်း လီရီပိုင်ထံသို့ အလျင်အမြန်ပြေးသွားခဲ့သည်။

"အန်တီက မင်းကိုလာတွေ့ဖို့ ငါ့ကို ခေါ်လာတာ"

ကလေးနှစ်ဦး စကားပြောဆို နှုတ်ဆက်နေကြစဉ် နန်ယု အကြည့်မှာ လီယွမ်မိုထံသို့ ရောက်ရှိသွားသည်။

ရိုးရိုးသားသားဆိုရလျှင် သူ အတော်အတန်ပင်ပန်းနွမ်းနယ်နေဟန် ရသည်။

သူ့မျက်နှာပေါ်တွင် ထင်ရှားသော ပွန်းပဲ့ဒဏ်ရာများစွာ ဖုံးလွှမ်းနေပြီး နဖူး၌လည်း ပတ်တီးစည်းထားသည်။ လက်ထောက်ရှု ပြောပြခဲ့သော အကြောင်းအရာအရ ထိုလူများသည် ဓားများဖြင့် တိုက်ခိုက်ခဲ့ကြသဖြင့် မမြင်ရသော ခန္ဓာကိုယ်အစိတ်အ ပိုင်းများတွင်လည်း ဒဏ်ရာများစွာ ရှိနေပေလိမ့်မည်။

"ကျွန်မ အလျင်စလိုရောက်လာခဲ့လို့ သစ်သီးခြင်းတောင်းတောင် မေ့ခဲ့တယ်၊ အဆင်ပြေရဲ့လား?"

နန်ယု လီယွမ်မို၏ ကုတင်ရှေ့မှ ထိုင်ခုံတွင် တန်း၍ဝင်ထိုင်လိုက်သည်။ သူမနှင့် လီယွမ်မိုမှာ အနည်းငယ် ရင်းနှီးပြီးသား ဖြစ်နေသည့်အပြင် ဖေးယွင်ကျင်းနှင့် အခြားသူများအား ကယ်တင်စဉ်က သူမ၏ပြင်းထန်သော သဘောသဘာဝကိုလည်း ဖော်ထုတ်ခဲ့ပြီးဖြစ်သောကြောင့် နန်ယု ယဉ်ကျေးစွာ ပြောဆိုရန် မကြိုးစားတော့ပေ။

လီယွမ်မိုသည်လည်း ယဉ်ကျေးစွာပြောဆိုရန် ရည်ရွယ်ခြင်း မရှိသည်မှာ ထင်ရှားသည်။

"ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အဆင်မပြေပေမဲ့ အသက်ရှင်နေပါသေးတယ်"

— ဒီ့လူမှာ ဟာသဉာဏ်ရှိမှန်း ငါ မသိခဲ့ဘူးပဲ။

"အသက်ရှင်နေတာ ကောင်းပါတယ်"

နန်ယု လီယွမ်မို မည်သူ့အား စော်ကားခဲ့သည်ကို မသိသော် လည်း လက်ရှိ အခြေအနေအရ ထိုသူများသည် လီယွမ်မိုအား သတ်ပစ်ရန် အမှန်တကယ် စွန့်စားခဲ့ကြပါက ယခုအခန်းတွင် သူ့အား မြင်တွေ့ရနိုင်ချေမရှိပေ။

လီယွမ်မို ထိုစကားအား ထောက်ခံကြောင်း ထင်ရှားသည်။ ထို့နောက် သူ လက်ထောက်ရှု ကြည့်၍ ခွင့်ပြုချက်မယူဘဲ နန်ယုနှင့် အခြားသူများကို ခေါ်ဆောင်လာခြင်းအတွက် အပြစ်မတင်ပေ။

"ကလေးနှစ်ယောက်ကို ဘေးအခန်းကို ခေါ်သွားလိုက်"

၎င်း၏အဓိပ္ပာယ်မှာ သူနှင့် နန်ယုတို့ ဆွေးနွေးစရာများရှိကြောင်းပင်။

လက်ထောက်ရှု သဘောပေါက်လွယ်ပြီး ကလေးနှစ်ဦးသည်လည်း ဆူပူခြင်းမရှိဘဲ သူ့နောက်သို့ နာခံစွာ လိုက်ပါသွားကြသည်။

တံခါးပိတ်သွားပြီ ဖြစ်ကြောင်း သေချာစေပြီးနောက် လီယွမ်မို ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။

"ကျွန်တော့်ကို တိုက်ခိုက်တဲ့အဖွဲ့ကို ကျားဟွာက အမိန့်ပေးခဲ့တာ သေချာတယ်"

ကျားဟွာမှာ ပေထန်မိသားစု၏လုပ်ငန်းခွဲတစ်ခု ဖြစ်သည်။

နန်ယု မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ နန်ကျီ သဘောတူထားသည့် နှစ်လကန့်သတ်ကာလမှာ ကုန်လုနီးပြီဖြစ်သော်လည်း ပေ့ထန်မိသားစုသည် ခေါင်းမာစွာ ဆက်လက် ခုခံနေဆဲ ဖြစ်သည်။

သူမ၏တစ်ဦးတည်းသော အစ်ကိုအရင်းအား အတင်းအကျပ် သေစေခြင်းမှ ရှောင်ရှားရန်အတွက် နန်ယု ဤအချိန်အတွင်း ဖိအားမပေးခဲ့ပေ။

ပေ့ထန်မိသားစုမှ လီယွမ်မိုအားလိုက်လံတိုက်ခိုက်ရန် အချိန်ပေးမည်ဟု မျှော်လင့်မထားခဲ့ပေ။

နန်ယု: "မိုပိုင် ကြောင့်လား?"

လီယွမ်မို ခေါင်းညိတ်လိုက်သည်။ "ကျားဟွာက မိုပိုင်ကို ဝယ်ချင်နေတာ ဒါပေမဲ့ ကျွန်တော် သဘောမတူဘူး"

မိုပိုင်မှာ ခြောက်လသာရှိသေးသော်လည်း ၎င်း၏ အလားအ လာကို လူများစွာမှအသိအမှတ်ပြုထားကြသည်။ လီယွမ်မိုနှင့် သူ့အဖွဲ့သည် Angel Fund နှင့် Series A ရန်ပုံငွေများကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီး Series B အတွက် ဆွေးနွေးနေကြသည်။ အားလုံး အဆင်ပြေပါက တစ်နှစ် နှစ်နှစ်အတွင်းအများ ပိုင် ကုမ္ပဏီအဖြစ်သို့ ရောက်ရှိနိုင်ပေသည်။

ဟုတ်ပါတယ်၊ အရာအားလုံး အဆင်ပြေမယ်ဆိုရင်ပေါ့။

ကျားဟွာ၏ နည်းဗျူဟာသည် ရန်ပုံငွေထောက်ပံ့ခြင်းဖြင့် မိုပိုင်အား သိမ်းယူရန် မဟုတ်ဘဲ ၎င်းတို့ပိုင်ဆိုင်မှုအဖြစ် လုံးလုံး လျားလျား ပြုလုပ်ရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

"ဒါဆို ရှင် ဒီတစ်ခါ ဒဏ်ရာရတာက...?"

နန်ယု မျက်ခုံးပင့်လိုက်သည်။ ကျားဟွာက မိုပိုင်အား သိမ်းယူရန်ရည်ရွယ်နေကြောင်း သိလျက်နှင့် လီယွမ်မိုကြိုတင်ပြင် ဆင်မှုများ မပြုလုပ်ဘဲ ဤမျှ ပေါ့ဆနိုင်သည်ဟု သူမ မယုံ ကြည်ပေ။

လီယွမ်မို တစ်စက္ကန့်ခန့် တိတ်ဆိတ်နေပြီးမှ "ကျွန်တော် တမင် လုပ်ခဲ့တာ"

မော့ပိုင် စတင်တည်ထောင်စဉ်က ကနဦးအရင်းအနှီး အားလုံးကို လီယွမ်မို ပံ့ပိုးပေးခဲ့ပြီး၊ နည်းပညာဖြင့် ရင်းနှီးမြှုပ်နှံခဲ့သော သူ့လုပ်ဖော်ကိုင်ဖက်များ အားလုံး ပေါင်း၍ပင် ၂၀% အောက်သာ ရှိခဲ့သည်။

ရန်ပုံငွေ အကြိမ်ကြိမ် ရှာဖွေပြီးနောက်တွင်ပင် လီယွမ်မို မိုပိုင် ၏အဓိကစိတ်ဝိညာဉ်အဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး အကြွင်းမဲ့ အခွင့်အာဏာအား ချုပ်ကိုင်ထားသည်။

လေယာဉ်ပျက်ကျမှုမှာ မတော်တဆမှု မဟုတ်ကြောင်း နန်ယု ပိုမိုယုံကြည်လာခဲ့သည်။

ဖေးယီကျန့်နှင့် လီယွမ်မို နှစ်ဦးစလုံးအား ဖယ်ရှားခြင်းဖြင့် ပေ့ထန်မိသားစု အကျိုးအမြတ်အများဆုံးရရှိမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ပေ့ထန်မိသားစု နောင်တွင် အဘယ်ကြောင့်အင်အားဆုတ် ယုတ်သွားသည်ကို သူမ မသိသော်လည်း လီယွမ်မို ပစ်မှတ်ထားခံနေရသည်ကို နန်ယု သိရှိလိုက်သည်။

"ဒါဆို ရှင် အခု ဘာလုပ်ချင်လဲ ?"

လီယွမ်မို ဒဏ်ရာအား သတိပြုမိထားသည့်အတွက် အစီအစဉ်အားလုံးကို ပြင်ဆင်ထားပြီး ဖြစ်လိမ့်မည်ဟု နန်ယု ယူဆလိုက်သည်။

သို့သော် ထိုအစီအစဉ်များမှာ နန်ယု စိတ်ကူးထားသည့်အတိုင်း မဟုတ်ခဲ့ပေ။

"ပိုက်ဆံချေးချင်တယ်"

"နှစ်ဘီလီယံ၊ အဆင်ပြေမလား ?"

လီယွမ်မို အေးဆေးတည်ငြိမ်သောအသံဖြင့် နှိမ့်ချသောစကား လုံးများကို ပြောလိုက်လေသည်။

All Chapters