← Chapters

အခန်း (၅၀)

Vol. 6 Ch. 50

အခန်း (၅၀)

Vol. 6 Ch. 50

ကြောင်ကလေးရောက်လာပြီးနောက် ပိုးမွှားများအပေါ် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့၏အာရုံစူးစိုက်မှုမှာ ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် "အဟောင်းကို ငြီးငွေ့၍ အသစ်ကိုနှစ်သက်ခြင်း" ဟူသော စကားပုံ၏အကောင်းဆုံး ဥပမာပင်။

ယခုရက်များတွင် ထိုကလေးငယ်နှစ်ဦး ကျောင်းဆင်းသည်နှင့် ကြောင်အိပ်တန်းဆီသို့အပြေးသွားကာ ကြောင်ကလေးအား စူးစူးစိုက်စိုက် ကြည့်ပြီး ချစ်စဖွယ်အသံများပြုလုပ်ကြသည်။

လီရီပိုင်: "အရမ်းသေးတာပဲ! အစာနည်းနည်းပဲ စားတာလား?"

"မဟုတ်ဘူး၊ အဘိုးကျိုးက ဒါလေးက ငယ်သေးလို့နည်းနည်းလေးပဲ စားနိုင်သေးတယ်လို့ပြောတယ် ဒါပေမဲ့ သူ ဘယ်တော့ မျက်လုံးဖွင့်မလဲ ?"

ဖေးယွင်ကျင်း လီရီပိုင်နှင့် စကားပြောနေသော်လည်း သူ့မျက် လုံးများမှာ ကြောင်ကလေးဆီမှ တစ်စက္ကန့်မျှမခွာပေ။ ကြောင် ကလေး လှိမ့်လိုက်ရုံနှင့်ပင် အားပေးသံများထွက်ပေါ်လာသည်။

လီရီပိုင် သဘောတူလိုက်သည်။

"မသိဘူး၊ သူ့အမွေးတွေကိုကြည့်ပါဦး၊ အဝါရောင်ပဲ!"

တကယ်တော့ ဇွဲရှိရှိ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ဤကြောင်က လေးဟာ ဒဏ္ဍာရီလာ လိမ္မော်ရောင်ကြောင်ကြီး ဖြစ်သည်။ "ဆယ်ကောင်လျှင် ကိုးကောင်ဝပြီး ကျန်တစ်ကောင်ကတော့ အိပ်ရာကို ပြိုလဲစေနိုင်သည်" ဟူသော ဆိုရိုးစကားအတိုင်းပင်။

"ဝုတ်! ဝုတ်!"

အနီးနားတွင် ရပ်နေသော ရှောင်းယွမ် သူ့သခင်လေးနှစ်ဦးအား ခွဲထုတ်ရန် ရွှင်လန်းစွာ ကြိုးစားသည်။ ယခု ခြောက်လသားအရွယ်တွင် သူသည် ဖေးယွင်ကျင်းတို့၏ အရပ်အမြင့်အထိ ရပ်နိုင်နေပြီး အတက်ကြွဆုံးနှင့် အသက်ဝင်ဆုံး အချိန်တွင် ရှိနေသည်။

ရာသီဥတု သာယာသောအခါ လီရီပိုင်နှင့် ဖေးယွင်ကျင်းတို့ ရှောင်းယွမ်အား ဥယျာဉ်ထဲ လမ်းလျှောက်ခေါ်သွားလေ့ရှိသော်လည်း ယခုအခါ...

"ရှောင်ယွမ်၊ အော်မနေနဲ့၊ ကြောင်ကလေး ကြောက်သွားလိမ့်မယ်!"

ရှောင်ယွမ်: "ဝူးးး—"

သူ နာကျင်ရသလို ခံစားရပြီး ဆူပူရန်ပြင်ဆင်နေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဖေးယွင်ကျင်းလှည့်လာပြီး ရှောင်ယွမ်၏ခေါင်းအား ပွတ်သပ်ပေးသည်။

"ရှောင်ယွမ်၊ ဒါက မင်းရဲ့ ညီလေးပဲ၊ သူ့ကို သေချာဂရုစိုက်ပေးနော်"

ညီလေး ?

ပါးနပ်သော Border Collie ခွေးပင်လျှင် ထိုစကား၏ အဓိပ္ပာယ်အား ချက်ချင်းနားမလည်နိုင်ခဲ့သော်လည်း ဖေးယွင်ကျင်း အမူအရာမှာ သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

ထို့ကြောင့် ယခုအခါ သူတို့နှစ်ဦးနှင့် ခွေးမှာကြောင်အိပ်တန်း ၏အစွန်းတွင် လဲလျောင်းကာ ကြောင်ကလေးအား ကြည့်ရှု ပွတ်သပ်ပေးနေကြသည်။

ကြောင်ကလေးမှာ ငယ်လွန်းသောကြောင့် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ ထိခိုက်မိမည်ကို ကြောက်ရွံ့၍ မကိုင်ရဲကြပေ။

"သူက ညီလေးလား ? မိန်းကလေး ဖြစ်နေရင်ရော ?"

"တကယ်လား ? အန်တီကိုမေးကြည့်၊ သူ သေချာပေါက်သိလိမ့်မယ်!"

အခန်းတစ်ဖက်ရှိ ဖုန်းကစားနေသော နန်ယု "မသိဘူး၊ ငါ မသိဘူး" ဟု ပြောလိုက်သည်။

သူမသည် စွယ်စုံကျမ်း မဟုတ်သလို၊ ယခင်က ကြောင်မမွေးဖူးသောကြောင့် ကြောင်၏ ကျား/မကို မည်သို့ ခွဲခြားရမည်အား သူ တကယ်မသိပေ။

ကျားဖြစ်စေ၊ မဖြစ်စေ အရေးမကြီးပေ။ ဖေးယွင်ကျင်းနှင့် သူ့မိသားစုမှာ နောင်တွင် ကြောင်ချစ်သူများဖြစ်လာမည့် အလား အလာရှိသော "အညစ်အကြေးကျုံးသူများ" ဖြစ်နေပြီဖြစ် သည်။

သို့သော် ထိုလိမ္မော်ရောင်ကြောင်...

ဖေးယွင်ကျင်းတွင်လည်း သူ့ ယခင်ဘဝ၌ လိမ္မော်ရောင်ကြောင်ရှိခဲ့ဖူးသည်။

သူ ခုနစ်နှစ်သားအရွယ်၊ ဖေးယီကျန့် သေဆုံးပြီးနောက် ဖြစ်မည်။ ဖေးမိသားစု ဂယက်ရိုက်ခဲ့ပြီး လူတိုင်းသည် အကျိုးအ မြတ် တစ်စိတ်တစ်ပိုင်းအား သိမ်းပိုက်လိုကြသည်။

မည်သို့ပင်ဆိုစေ၊ ၎င်းသည် ဖေးမိသားစုပင်!

ယခု ပိုကြိုးစားပါက နောက်ထပ်မျိုးဆက်သုံးဆက်အထိ ဇိမ်ခံဘဝဖြင့် နေထိုင်နိုင်ပေမည်။

သို့သော် သစ္စာရှိသော ဖေးမိသားစုမှ သက်ကြီးရွယ်အိုများ သည် မိသားစု ပြိုကွဲသည်အား ဘေးတွင် ရပ်ကြည့်နေမည် မဟုတ်ပေ။ ထို့ကြောင့် နှစ်ချီကြာမြင့်သော၊ ပေါ်ပေါ်တင်တင်နှင့် လျှို့ဝှက်သော တိုက်ပွဲတစ်ခု အုပ်စုနှစ်စုကြား ဖြစ်ပွားခဲ့သည်။

ဖေးမိသားစုတစ်ခုလုံးတွင် အဆင်းရဲဆုံး ကျန်ခဲ့သူနှစ်ဦးမှာ နန်ယုနှင့် ဖေးယွင်ကျင်းတို့ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုအချိန်တွင် နန်ယုသည် "အရူးမ" ဖြစ်လာသည့် အဆင့်တွင် ရှိနေသည်။ သူမ ဖေးယွင်ကျင်းအား ဆိုးဆိုးရွားရွားဆက်ဆံခဲ့သည်။ ဥပမာ- အစာ ဖြတ်ခြင်း၊ အေးစက်စိုစွတ်ပြီး မှောင်မိုက် သော အခန်းထဲတွင် ရက်ပေါင်းများစွာချုပ်နှောင်ထားခြင်း စသည်တို့ ပြုလုပ်ခဲ့သော်လည်း၊ သူမသည် နောက်ပိုင်းတွင် တွေ့ကြုံခဲ့ရသော ထင်ရှားသောစိတ်ဖောက်ပြန်မှု အဆင့်သို့မရောက်သေးပေ။

ထို့အပြင် ဖေးယွင်ကျင်းသည်လည်း ငယ်စဉ်ကတည်းက ခံစားခဲ့ရသော အနိုင်ကျင့်မှုများကြောင့် ထိုသို့သောဘဝသည် သူ့အတွက် သာမန်မျှသာဖြစ်သည်ဟု ခံစားခဲ့ရသည်။

သူ မည်သည့် မျှော်လင့်ချက်မှ မထားခဲ့ပေ။ ကလေးထိန်းများ ၏အနိုင်ကျင့်ခြင်းခံရခြင်းမှာ နန်ယု၏ အနိုင်ကျင့်ခြင်းခံရခြင်းနှင့် မတူညီပေ။

ထိုကာလအတွင်း သေးငယ်သော်လည်း သူ့အနီးသို့ အမြဲချဉ်း ကပ်လာသော လိမ္မော်ရောင်ကြောင်ကလေး ပေါ်လာခဲ့သည်။

ဖေးယွင်ကျင်း၏ မှောင်မိုက်သော လောကတွင် ထိုမျှ နူးညံ့သိမ်မွေ့သော သတ္တဝါမျိုးနှင့် ပထမဆုံး တွေ့ဆုံခြင်းဖြစ်ပြီး၊ ထိုသတ္တဝါတစ်ကောင်က သူ့အား ပထမဆုံးချစ်ခင်ခြင်းခံရခြင်းလည်း ဖြစ်သည်။

ထိုလိမ္မော်ရောင် ကြောင်ကလေးမှာ သူ့ခေါင်းအား ပွတ်သပ်သောအခါ ချိုသာစွာ "မြောင်" ဟု အော်တတ်ပြီး၊ ဖေးယွင်ကျင်း မှောင်မိုက်သော အခန်းထဲတွင် အအေးဒဏ်ကြောင့် တုန်ရီနေသောအခါ သူ့လက်ထဲသို့ လာရောက် အိပ်စက်ကာ နှစ်ဦးသား ပွေ့ဖက်၍ နွေးထွေးမှုယူကြသည်။

ဖေးယွင်ကျင်းသည်လည်း သူ၏နည်းပါးလှသော အစားအစာများကို လိမ္မော်ရောင် ကြောင်ကလေးနှင့် ဝေမျှစားသည်။ သူ ထမင်းငတ်သွားရင်တောင်မှပေါ့။ ကြောင်ကလေး ဗိုက်ပြည့်နေသည်ကို မြင်ရခြင်းမှာ သူ့အား ပို၍ ပျော်ရွှင်စေသည်။

သို့သော် ဖေးယွင်ကျင်း ထိုလိမ္မော်ရောင် ကြောင်ကလေးကို ဖွက်ထားရသည်။ သို့မဟုတ်ပါက အခြားသူများ သိရှိသွားလျှင် သူ့အား မွေးခွင့်ပြုမည် မဟုတ်ပေ။

ထို့ကြောင့် သူတို့နှစ်ဦးတည်း ပိုင်ဆိုင်သော ဤလျှို့ဝှက်ချက်လေးအား ဂရုတစိုက် ထိန်းသိမ်းကာ ကြောင်ကလေးနှင့်အတူ နှစ်လကျော်နေထိုင်ခဲ့ကြသည်။

ထိုလိမ္မော်ရောင် ကြောင်ကလေး—အိုး၊ ရှောင်မီဟု ခေါ်သင့်သလား? ၎င်းမှာ ဖေးယွင်ကျင်းပေးခဲ့သော နာမည်ဖြစ်သည်။

ရှောင်မီ ကြီးပြင်းလာသောအခါ ဖေးယွင်ကျင်း သူ့အစားအစာများအတွက် စိုးရိမ်စရာ မလိုတော့ပေ။ ၎င်း၏ လျင်မြန်သော ပုံစံမှာ ဖေးမိသားစု၏ အခြားနေရာများမှ အစားအစာများကို "ခိုးယူ" ပြီး သူ့ဗိုက်သူ ပြည့်စေရုံသာမက တစ်ခါတစ်ရံ သူ့အား အသားတစ်ပိုင်း သို့မဟုတ် ငါးသေးသေးလေး တစ်ကောင်ပင် ယူလာပေးတတ်သည်။

ဖေးယွင်ကျင်း တန်ဖိုးထားသည့်အနေဖြင့် တစ်ကိုက်သာ စားသော်လည်း ရှောင်မီ၏အမူအရာမှာ အခြားသော အရသာရှိသည့် အရာများထက် သူ့အားပိုပျော်ရွှင်စေသည်။

သို့သော် ထိုရှားပါးသော ပျော်ရွှင်မှု အခိုက်အတန့်များမှာကြာ ရှည်မခံခဲ့ပေ။ ရှောင်မီ ရုတ်တရက် ပျောက်ကွယ်သွားသည်။

ဖေးယွင်ကျင်း နေရာများစွာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် အစေခံတစ်ဦး၏ မျက်နှာပေါ်၌ ကြောင်ခြစ်ရာများနှင့်တူ သော အရာများကို တွေ့ရှိခဲ့သည်။ သူ ထိုအစေခံနောက် တိတ် တဆိတ်လိုက်သွားပြီး အခန်းထဲတွင် ဝင်ကြည့်သောအခါ... သူ့ရှောင်မီ၏ခန္ဓာကိုယ်တစ်ဝက်သာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။

ထိုပွင့်နေသော မျက်လုံးများမှာ မသေမီတွင် ပြင်းထန်သော နာကျင်မှုခံစားခဲ့ရမည်မှာ သေချာသည်။

သူ၏တစ်ချိန်ကပြောင်လက်နေသော အမွေးများမှာ သွေးများဖြင့် စွန်းထင်းနေပြီး ယခင်က ပုံစံအား လုံးဝမတွေ့ရတော့ပေ။

"ငါ့ရဲ့ ရှောင်မီလေး၊ ဘာလို့ မင်းပြုံးနေတာလဲ ? ငါ့မှာ ရှိတဲ့ တစ်ခုတည်းသောအရာကို မင်း ဘာလို့ ယူသွားရတာလဲ!"

ဖေးယွင်ကျင်း အခန်းထဲသို့ အတင်းဝင်ကာ အစေခံနှင့် ရန်ဖြစ်ခဲ့သည်။ သို့သော် သူ အသက် ဘယ်လောက်ရှိပြီလဲ? အာဟာရချို့တဲ့မှုနှင့် သေးငယ်သော အရပ်အမောင်းကြောင့် သူသည် အစေခံ၏ လက်အား အားကုန်ကိုက်လိုက်လျှင်ပင် များစွာ ထိခိုက်မှုမဖြစ်စေနိုင်ပေ။

အစေခံသာ သူ့အား ဖေးမိသားစု၏သခင်လေးအဖြစ် မစဉ်း စားခဲ့ပါက ဖေးယွင်ကျင်း ကိုယ်တိုင်ထွက်ပြေးနိုင်မည် မဟုတ်ပေ။

ထိုဆူညံသံသည် အခြားသူများအာရုံကိုဆွဲဆောင်ခဲ့သည်။ ထိုကိစ္စအား အိမ်တော်ထိန်းကျိုး၏အာရုံစိုက်မှုကို ရောက်ရှိခဲ့ပြီး သူက ၎င်းကို အရေးမပါသော ကိစ္စအဖြစ်ပယ်ချခဲ့သည်။ ကြောင်သတ်ခြင်းသည် ဘာမှမဟုတ်ပေ။ ချမ်းသာသူများမှာ အမျိုးမျိုးသော ထူးခြားသည့် တိရစ္ဆာန်များကိုပင် စားသုံးကြသည်ကို ထည့်သွင်းစဉ်းစားကြည့်ပါ။

သဘာဝကျစွာပင် အစေခံသည် အပြစ်ပေးခံရခြင်းမရှိပေ။

ထိခိုက်နစ်နာခဲ့သူ တစ်ဦးတည်းမှာ ဖေးယွင်ကျင်း ဖြစ်သည်။

ဖေးယွင်ကျင်း၏မှောင်မိုက်သော လမ်းကြောင်းသို့ ကူးပြောင်းခြင်း အစ ရှိခဲ့လျှင် ၎င်းမှာ ရှောင်မီ၏သေဆုံးမှုကြောင့် သေချာပေါက် ဖြစ်သည်။

ထို့နောက် သူ အိမ်မွေးတိရစ္ဆာန်ကို တစ်ခါမျှ ထပ်မမွေးတော့ဘဲ သူ့စရိုက်မှာ ပိုမိုခန့်မှန်းရခက်လာသည်။

ထိုဖြစ်ရပ်မှာ နောက်ပိုင်းတွင် ဖေးမိသားစုပျက်စီးခြင်းအတွက် အခြေခံအုတ်မြစ်ကိုလည်း ချပေးခဲ့သည်။ ဤမျှ စက်ဆုပ်ဖွယ်ကောင်းသော မိသားစုရှိနေရန် ဘာလိုအပ်သနည်း ?

အစေခံ၏ ကံကြမ္မာကို မူရင်းဝတ္ထုတွင် ဖော်ပြထားခြင်းမရှိသော်လည်း ဖေးယွင်ကျင်း၏လက်စားချေတတ်သော သဘောသဘာဝကို ထည့်သွင်းစဉ်းစားပါက၊ သူ မသေသေးပါက နှစ်ပေါင်းများစွာကြာပြီးနောက်တွင်ပင် ကြောက်မက်ဖွယ် ကံကြမ္မာအား ခံစားရမည်မှာသေချာသည်။

နန်ယု စဉ်းစားရင်း ခေတ္တရပ်သွားသည်။

ထိုအစေခံမှာ သူမ ဖေးမိသားစုသို့ ပထမဆုံး ရောက်ရှိလာစဉ်က ရဲများ ခေါ်ဆောင်သွားခဲ့သောသူ ဖြစ်သည်။ သူသည် တိရစ္ဆာန်ငယ်များအား ညှဉ်းပန်းနှိပ်စက်သူဖြစ်သည်။

ယေဘုယျအားဖြင့် ကြောင်နှင့်ခွေးကဲ့သို့သော တိရစ္ဆာန်ငယ်များအား ညှဉ်းပန်းနှိပ်စက်ခြင်းအတွက် ထောင်ဒဏ် သို့မဟုတ် ကြီးကြီးမားမား ပြစ်ဒဏ် ချမှတ်ရန် ခက်ခဲသော်လည်း သူ့အခန်းတွင် အခြားတိရစ္ဆာန်များ၏အကြွင်းအကျန်များကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် အချို့မှာ နိုင်ငံတော်မှ ကာကွယ်ထားသော မျိုးစိတ်များအဖြစ် သတ်မှတ်ခြင်းခံရသည်။

သူ မည်သည့်နေရာမှ ရခဲ့သည်ဖြစ်စေ သူသည် ထောင်ထဲတွင် နှစ်အနည်းငယ်ကြာ သူ့လုပ်ရပ်များအားပြန်လည် ဆင်ခြင်သင့်သည်။

"ရှောင်ကျင်း၊ ကြောင်ကို နာမည်ပေးလိုက်ပါလား? ရှောင်းယွမ်က ငါ ရွေးထားတဲ့ နာမည်ဆိုတော့ မင်း ကြောင်ကို ရွေးလို့ရပြီ"

လီရီပိုင်၏ အသံမှာ နန်ယု အမှတ်တရများအား ဖြတ်တောက်လိုက်သည်။ ဖေးယွင်ကျင်း မျက်မှောင်ကြုံ့ကာ အသည်းအ သန် စဉ်းစားနေသည်ကိုမြင်သောအခါ သူ ပြုံးမနေနိုင်ပေ။

ဒီကလေး နာမည် ဘယ်လိုပေးမလဲ ?

"ရှောင်မီ" ဖေးယွင်ကျင်း ပြောလိုက်သည်။

"သူ ခုနက 'မီ' လို့ အော်သွားတာ၊ ရှောင်ပိုင် ဘယ်လိုထင်လဲ ?"

နန်ယု တုန်လှုပ်သွားသည်။ ရှောင်မီ ??

ဒါ တိုက်ဆိုင်မှုလား... ဒါမှမဟုတ်...

ဒါပေမဲ့ မူလက ဖေးမိသားစု အိမ်တော်က ကြောင်တစ်ကောင်က ဒီကိုရောက်လာစရာလမ်းမရှိဘူး မဟုတ်လား?

၎င်းမှာ တိုက်ဆိုင်မှုသာဖြစ်ရမည်။

"ရှောင်မီ ? ရှောင်မီ~"

လီရီပိုင် တိုးတိုးလေး ခေါ်လိုက်သည်။ "ကောင်းပြီ၊ ရှောင်မီ၊ ရှောင်းယွမ်၊ ငါတို့ သူငယ်ချင်းကောင်းတွေပဲ~"

သူမ ဘယ်လိုလုပ် သတိမထားမိဘဲ နေနိုင်မှာလဲ?

နန်ယု အတွင်းစိတ်မှ ကျေနပ်မှုမရှိသောကြောင့် တစ်ခုခုမှား ယွင်းနေသည်ဟု ခံစားရခြင်းကို သူမ မေ့သွားစေသည်။ ဤနေရာတွင် ကြောင်ညှဉ်းပန်းနှိပ်စက်သူများ မရှိတော့သလို၊ ဖေးယွင်ကျင်းလည်း အစာငတ်ခြင်း သို့မဟုတ် အိပ်ရေးပျက်ခြင်းမျိုး မရှိတော့ပေ။ ထို့ကြောင့် အရာအားလုံးမှာ ပြောင်းလဲနေခဲ့ပြီဖြစ်သည်။

အတိတ်ဘဝ၏ ဖြစ်ရပ်များမှာ "နန်ယု" ပျောက်ကွယ်သွားခြင်းနှင့်အတူ ပျောက်ကွယ်သွားသင့်သည်။

နောက်ဆုံးတွင် ဝါသနာပါရာ အတန်းအား ကလေးနှစ်ယောက် ၏တောင်းဆိုချက်အရ အပြီးသတ်ဆုံးဖြတ်ခဲ့သည်။

သူတို့နှစ်ဦးလုံး ဂိုကို သင်ယူချင်ကြသည်။ အဘိုးကြီးကျင်း၏ လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်။

သဘာဝကျစွာပင် နန်ယု သဘောတူလိုက်သည်။ ဂိုမှာ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုဖြစ်ပြီး တစ်ဦး၏ တွေးခေါ်မှုနှင့် တွက်ချက်နိုင်စွမ်းအား အလွန် အားကောင်းစေသည်။ ၎င်းမှာ ဖေးယွင်ကျင်းနှင့် သူ့သူငယ်ချင်းများနှင့် ကိုက်ညီသည်ဟု သူမ ခံစားရသည်။

အချက်တစ်ချက်တော့ ရှိသည်...

"ကောင်းပြီ၊ တခြားကလေးတွေနဲ့ အတူတူ အတန်းတက်စေချင်တယ်၊ မင်းတို့ ဆန္ဒရှိလား?"

နန်ယု၏ငွေကြေးအင်အားနှင့် ကျော်ကြားမှုအရ နိုင်ငံတော်ချန်ပီယံတစ်ဦးအား ငှားရမ်းခြင်းမှာ ပြဿနာမရှိသော်လည်း ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ သူတို့၏ရွယ်တူကလေးများနှင့် အချိန်ပိုမိုကုန်ဆုံးနိုင်မည်ဟု သူမ မျှော်လင့်သည်။

သူတို့သည် ဂိုကစားသမားများ ဖြစ်ပါက အတော်လေးတိတ် ဆိတ်ပြီး ဉာဏ်ရည်ထက်မြက်သူများဖြစ်ကြမည် မဟုတ်ပါလား ?

နန်ယုတွင် ထိုဂိမ်းနှင့်ပတ်သက်၍ အတွေ့အကြုံမရှိခဲ့ခြင်းကို ခွင့်လွှတ်ပါ။ သူမသည် ဝါသနာရှင်တစ်ဦး၏အမြင်မျိုးသာ ရရှိထားခဲ့သည်။

"ဟုတ်ကဲ့"

နန်ယုတွင် ထိုဂိမ်းနှင့်ပတ်သက်၍ အတွေ့အကြုံမရှိခဲ့ခြင်းကို ခွင့်လွှတ်ပါ။ သူမသည် ဝါသနာရှင်တစ်ဦး၏အမြင်မျိုးသာ ရရှိထားခဲ့သည်။

ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။ သူတို့သည် အထီးကျန်ပြီး လူမှုဆက်ဆံရေးမလိုချင်ကြခြင်း မဟုတ်ဘဲ၊ ယခုရက်ပိုင်း သူငယ်တန်းမှ ကလေးများနှင့် အဆက်အသွယ်မရနိုင်ခြင်းသာ။

နန်ယု သူ ကလေးနှစ်ယောက်အတွက် သာမန် ဂိုအတန်းကိုမရွေးချယ်ခဲ့ပေ။ ၎င်းမှာ ဆက်သွယ်မှုမရှိဘဲ ဝင်ရောက်နိုင်မည် မဟုတ်သော ထိပ်တန်း၊ ဈေးကြီးပြီး လူနည်းသောအတန်း ဖြစ်သည်။ ဤအတန်းထဲသို့ ဝင်ရောက်ရန် ငွေကြေးတစ်ခုတည်းနှင့် မလုံလောက်ဘဲ ကလေးများအရည်အချင်း ပြည့်မီရန်လိုအပ်သည်။

မည်သို့ပင်ဆိုစေ၊ ဤ အငြိမ်းစား နိုင်ငံတော်ချန်ပီယံတွင် မြင့်မားသော စံနှုန်းများရှိသည်။ သူ ပြောသည့်အတိုင်းပင်

"ငါ လူအ တွေကို မသင်ဘူး!"

နန်ယု ဦးလေးကျိုးအား ရှာဖွေခိုင်းရာ နိုင်ငံတော်ချန်ပီယံတွင် လက်ရှိတွင် ကျောင်းသား သုံးဦးသာ ရှိပြီး အားလုံးသည် ခြောက်နှစ်အောက်များဖြစ်သည်ကို တွေ့ရှိရသည်။

ဖေးယွင်ကျင်းနှင့် အခြားသူများ ဝင်ရောက်နိုင်ပါက မျိုးဆက်ကွာဟမှုများစွာမရှိသင့်ပေ။ ယနေ့စနေနေ့သည် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ စာမေးပွဲ ဖြေဆိုရမည့်နေ့ ဖြစ်သည်။

သဘာဝကျစွာပင် နန်ယု သူတို့နှင့်အတူလိုက်ပါမည်။

နိုင်ငံတော်ချန်ပီယံ၏နေအိမ်မှာ နန်ယု ဗီလာနှင့် မဝေးပါ။ ကားမောင်းလျှင် နာရီဝက်ခန့်သာ ကြာသည်။

အသက်ကြီးသူတစ်ဦးအနေဖြင့် နိုင်ငံတော်ချန်ပီယံသည် တိတ်ဆိတ်သောနေရာများအား ပိုနှစ်သက်ပြီး မြို့တော်ရှိ ဤဧရိယာမှာ ချမ်းသာကြွယ်ဝသည်ဟု သတ်မှတ်ခံရသော်လည်း နှိုင်းယှဉ်ချက်အရ တိတ်ဆိတ်သည်။

သူတို့၏ရည်ရွယ်ချက်အား ရှင်းပြပြီး သက်သေခံကတ်ပြားများကို ပြသပြီးနောက် နန်ယုနှင့် ဖေးယွင်ကျင်းတို့ အိမ်ထိန်း ၏ နောက်သို့ လိုက်ကာ ရှေးဟောင်းပန်းခြံသို့ ဝင်ရောက်လာသည်။ မဝင်မီ အိမ်ထိန်းမှရပ်တန့်လိုက်သည်။

"မစ္စတာဖန်က သူငယ်ချင်းတစ်ဦးနဲ့ စစ်တုရင် ကစားနေပါတယ်၊ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါခင်ဗျ"

နန်ယု အိမ်ထိန်း ထွက်ခွာသွားသည်ကို ကြည့်နေသည်။ လှည့်လိုက်သောအခါ ကလေးနှစ်ယောက်သည် ထောင့်ဖြတ်ရှေ့ရှိ မဏ္ဍပ်တစ်ခုအား ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

အတွင်း၌ ကလေးနှစ်ယောက်၊ ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးမှာ စစ်တုရင်ခုံအား လေ့လာနေပုံရသည်။

"အန်တီ၊ ကျွန်တော်တို့ သူတို့လို ဖြစ်လာမှာလား ?"

လီရီပိုင် အသံထွက် မပြောသော်လည်း သူ့မျက်လုံးများ၌ တူညီသော သံသယများထင်ရှားသည်။

သူတို့သည် ဆရာတစ်ဦးမှ သင်ကြားပေးနေသည့် အတန်းများအား စိတ်ကူးယဉ်ခဲ့ကြပြီး သူတို့ စိတ်အားထက်သန်စွာလေ့ လာကြမည်ဟု ထင်ထားခဲ့သည်။ မဏ္ဍပ်ရှိကိုယ်တိုင် လမ်းညွှန်သော သင်ယူမှုပုံစံမှာ သူတို့အတွက် အသစ်အဆန်းဖြစ်သည်။

"ဒီလိုလား ?"

နန်ယု မသေချာပေ။ အဘိုးကြီးမှ သူတို့အား စတင်လမ်းညွှန်ပေးနိုင်သော်လည်း ၎င်းမှာ သူတို့၏ကိုယ်ပိုင် နားလည်မှုအ ပေါ် မူတည်ပေလိမ့်မည်။

"ဟွန့်၊ မင်းတို့ အိပ်မက်စောမက်နေတာပဲ! ဆရာက မင်းတို့ကို လက်ခံချင်မှလက်ခံဦးမှာ"

ကျန်တစ်ဦးမှာ ပြတင်းစင်္ကြန်၏ထောင့်မှထွက်ပေါ်လာပြီး သေးငယ်သော ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့အားမျက်လုံးလှန်ကြည့်သည်။

"ငါ လေးနှစ်သားတုန်းက ဂို စသင်ခဲ့တာ၊ ခြောက်နှစ်မှာ မစ္စတာဖန်ရဲ့တပည့် ဖြစ်လာတယ်၊ မင်းတို့နှစ်ယောက် အသက်ဘယ် လောက်ရှိပြီလဲ?"

ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ မကူညီနိုင်ဘဲ မျက်မှောင်ကြုံ့သွားကြသည်။ ထိုကလေး၏လေသံတွင် မထီမဲ့မြင်ပြုခြင်းအား သူတို့ပင် သတိပြုမိနိုင်သည်။

ဘေးတွင်ရပ်နေသော နန်ယု ရုတ်တရက် ရန်စလာခြင်းကို ချက်ချင်းဝင်ရောက်မဖြေရှင်းပေ။ ဖေးယွင်ကျင်းနှင့် အခြားသူများ မစ္စတာဖန်၏အောက်တွင် ဆက်လက် သင်ယူမည်ဆိုပါက ထိုကလေးစုတ်နှင့်အတူ ကျောင်းသားများဖြစ်လာမည်မှာ မလွဲမသွေဖြစ်ပြီး လူမှုဆက်ဆံရေးအား စီမံခန့်ခွဲခြင်းသည် သူ့အလိုလို ကျွမ်းကျင်မှုတစ်ခုဖြစ်လာသည်။

နန်ယု ထိုနှစ်ဦးအားပြင်ပလူများနှင့် ပိုမိုဆက်ဆံစေလိုသော ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ခေါ်လာခြင်းဖြစ်သည်။

ထို့အပြင်!

ဖေးယွင်ကျင်းမှာ အဓိကဇာတ်လိုက်ဖြစ်သည်။

၎င်းအား ဝတ္ထုတစ်ပုဒ်ထဲတွင် ထည့်သွင်းပါက ၎င်းမှာ ပုံမှန် မျက်နှာဖြတ်ရိုက်ခြင်း (Face-slapping) အခန်းဖြစ်ပေလိမ့် မည်။

နန်ယု ဝတ္ထုများ ဖတ်သည့်အခါ ဤကဲ့သို့သော မြင်ကွင်းမျိုးအား အများဆုံး ကြိုက်နှစ်သက်သည်ဟု ပြောခဲ့သည်၊ အဓိက ဇာတ်ဆောင်ယောက်ျားလေးသည် လေးနှစ်သားသာဖြစ်နေသော်လည်း....

မျက်နှာဖြတ်ရိုက်ခြင်းမှာ အသက်အပေါ် မူတည်သည်မဟုတ်ပေ။

All Chapters