← Chapters

ဒီည လသာနေတာ အရမ်းလှတယ်

Vol. 33 Ch. 452

ဒီည လသာနေတာ အရမ်းလှတယ်

Vol. 33 Ch. 452

အန်လင်းနှင့် စုရှောင်လန်တို့က အစာစားပြီးနောက် နောက်ဖေးခြံထဲသို့ စိတ်ကျေနပ်သော အမူအရာများဖြင့် ဝင်သွားကြလေ၏။

ဥတုလေးယောက်က ချက်ချင်းပင် မြင်ကွင်းမှထွက်ပြေးသွားကြပြီး သို့မှသာ သူတို့က နောက်ထပ် နှိပ်စက်ခြင်း မခံရတော့မည်ဖြစ်သည်။

"အစ်မ ဒုံ၊ ကြည့်ရတာ ဆရာငယ်လေးက တကယ်ပဲ သခင့်ရဲ့ တာအိုတွဲဖက်နဲ့တူတယ်။" ချူလေးက မနာလိုမှုလေးအနည်းငယ်နှင့် ပြောလိုက်၏။

စိတ်ခံစားချက် အထူးပြုသူတစ်ဦးအနေနှင့် ဒုံလေးက ခေါင်းငြိမ့်ပြလိုက်၏။ ထို့နောက် သူမက ခေါင်းခါလိုက်ကာ သူမ၏ ခွဲခြမ်းစိတ်ဖြာမှုကို ​ပြောပြလာလေ၏။ "သူတို့က တာအိုတွဲဖက် ဖြစ်လာတော့မှာ။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ ဆက်ဆံရေးကို အတိအကျ မကြေညာရသေးဘူး။"

"ရှုပ်မည့်ပုံပဲနော်။ ဘာပဲဖြစ်ဖြစ် အဲ့အမျိုးသားက အခုကနေစပြီး ဒီမှာနေတော့မှာမလား။" ရှလေးက နှုတ်ခမ်းဆူလိုက်လေ၏။

သူမက စုရှောင်လန်ကိုသာ အမှုထမ်းချင်တာဖြစ်ပြီး အိမ်တွင် အမျိုးသားတစ်ဦးရှိနေမည်ကို သူမက သဘောမကျလှပါပေ။

"အဲဒါဆို ဆရာငယ်လေးကလဲ အခုကနေစပြီး ငါတို့ရဲ့ သခင်ဖြစ်လာတော့မှာပေါ့။" ချွန်လေးက အူသံတိုးတိုးနှင့် ရှက်သွေးဖြာနေကာ ပြောလိုက်၏။ "သူတို့ပြောနေတာ ငါကြားတာတော့ သူတို့နှစ်ယောက်လုံးက ကောင်းကင်ဘုံ ခုံရုံးက တပည့်တွေတဲ့...။ အရမ်းမိုက်တာပဲ။ ငါတို့သခင်ကလည်း အစွမ်းထက် ကျင့်ကြံသူလို့ ဘဟ်သူကထင်မှာလဲ...။ ငါတို့ သခင်လေးရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းနေတာ မအံ့ဩတော့ပါဘူး...။ သူက အင်မော်တယ်တစ်ယောက်ပဲ။"

"ဟွန့်... အင်မော်တယ်တွေမှာတောင် အဆင့်တွေ သတ်မှတ်ချက်တွေ ရှိတယ်။ တာအို ခန္ဓာအဆင့်တို့ ဘာတို့လိုမျိုးလေ။ သူက ဘယ်အဆင့် ဖြစ်နိုင်လဲ။" ရှလေးက သူမ၏ နှုတ်ခမ်းများကို ကိုက်လိုက်၏။

"ကောင်းကင်ဘုံခုံရုံးမှာ ကျောင်းသားတစ်ယောက်အနေနံ့ တက်ခွင့်ရဖို့ဆိုရင် သူက အနည်းဆုံး အဆင့် ၆ မဟုတ်ရင် အဆင့် ၇လောက် ဖြစ်ရမယ်။" ဒုံလေးက တွက်ချက်ပြောဆိုလိုက်၏။

"ဟေး... သခင်က သူ့ကို အန်လင်းလို့ခေါ်တာ ကြားကြတယ်မလား။ အဲဒါက ကိုးပြည်ထောင်စု နိုင်ငံတော် မဂ္ဂဇင်းက အန်လင်းဖြစ်နိုင်လား။" ချူလေးက အသံတိုးတိုးနှင့် ပြောလိုက်၏။

ထိုအခိုက်တွင် အစေခံ၄ဦးစလုံးက တိတ်ဆိတ်သွားလေ၏။

သူတို့က လွန်ခဲ့သည့် မိနစ်ပိုင်းကို ပြန်တွေးကြည့်လိုက်ကာ သူတို့၏ သခင်မလေးက သူ့ကို အန်လင်းဟု ခေါ်သည်ကို ပြန်သတိရသွားလေ၏။ သို့သော် ကိုးပြည်ထောင်စု နိုင်ငံတော် မဂ္ဂဇင်းထဲမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များက သူတို့အတွက် အလွန်ပင် ဝေးကွာနေသောကြောင့် ထိုအချိန်က မည်သူကမျှ ဆက်စပ်မတွေးမိခဲ့ပါပေ။ အန်လင်း၏ ဆံပင်ဖြူများကြောင့်မဟုတ်ပါက သူတို့က ကျင်းယန်အန်နှင့် သာကို ဆက်စပ်မိမည် မဟုတ်ပါပေ။

ယခုပြန်တွေးကြည့်ပါက သူတို့နှစ်ဦးစလုံးက အန်းလင်ဟု အမည်ကပြီး ကောင်းကင်ဘုံ ခုံရုံး၏ တပည့်များ ဖြစ်ကြ၏...။ ကြောက်မက်ဖွယ် သင်္ကေတပင်။

"အဲ့တော့ သူက အင်အားကြီးလေးရပ် တာအိုဖလှယ်ပွဲ ညီလာခံမှာ အနိုင်ရသွားတဲ့ အန်လင်းလို့ ဆိုလိုတာလား။" ရှလေးက အံ့ဩတကြီး အသက်ပြင်းပြင်းရှုလိုက်လေ၏။

"နင်ပြောချင်တာက စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်ကြီးရဲ့ နံပါတ်၁ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်လို့လား။" ချွန်လေးက အံ့ဩတကြီး ဖြစ်နေလေ၏။

"မဖြစ်နိုင်ပါဘူး။ ငါကြားတာက အန်လင်းဆိုတာ ခွေးစီးရတာကြိုက်တဲ့ ဆံပင်အနက်နဲ့ အမျိုးသားဆို။ သူနဲ့အတူ ခွေးလဲ မရှိဘူးပြီးတော့ သူ့ဆံပင်တွေကလဲ အဖြူရောင်တွေလေ။" ဒုံလေးက ထပ်မံ၍ အကြောင်းပြချက်ကို ထုတ်ပြောလာခဲ့၏။

"နင်က ငတုံးလား။ ဆံပင်ဖြူက အခု အင်မော်တယ်တွေကြားမှာ ခေတ်စားနေတဲ့ ဖက်ရှင်လေ။ အဲဒါက အရမ်းကို သာမန်ပဲ။" ချွန်လေးက စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်၏။ သူမ၏ ရိုသေလေးစားမှုများက ကိုးကွယ်လိုမှုများအပြည့်နှင့် တောက်ပနေလေ၏။

ရှလေးနှင့် ချူလေးတို့က တစ်ပြိုင်နက်တည်း ခေါင်းညိမ့်ပြကာ နောက်ဖေးခြံထံရှိ လူနှစ်ယောက်ကို ခိုးကြည့်လိုက်ပြီး အံ့ဩလေးစားမှုများက သူတို့မျက်နှာထက်တွင် ပြည့်နှက်နေလေ၏။

အန်လင်းနှင့် စုရှောင်လန်တို့က သစ်သားခုံးလေးပေါ်တွင် ဘေးချင်ယှဉ်ထိုင်နေကာ လမင်းကို ကြည့်နေကြ၏။

"နင်က တကယ်ပဲ ဗာမီလီယမ်ငှက်ဂိုဏ်းကိုမပြန်တော့ဘူးလား။ နင့်မှာ တာအို ပေါင်းစပ်ခြင်း အဆင့် ဦးလေးနဲ့ တာအိုပေါင်းစပ်ခြင်းအဆင့်ကို ရောက်နေတာ နှစ်တွေအကြာကြီး ရှိနေတဲ့ အကြီးအကဲ စစ်တုဖန်လဲရှိတာကို။ သူတို့ရဲ့အကူအညီနဲ့ဆို အခွင့်အရေးရှိနိုင်တယ်နော်။" အန်လင်းက သူ့ဘေးမှ အမျိုးသမီးဘက်သို့ လှည့်လိုက်၏။ သူမက လရောင်ဖျော့ဖျော့အောက်တွင် အထူလှပပြီး ဆွဲဆောင်မှုရှိနေလေ၏။

စုရှောင်လန်က ခိုင်မာစွာ ခေါင်းခါပြလိုက်လေ၏။ "ရှန့်ယင်က တာအို ပေါင်းစပ်ခြင်ူအဆင့်နဲ့ ယှဉ်နိုင်တဲ့ ခွန်အားကြီး ပုဂ္ဂိုလ်တစ်ယောက်လေ။ ပြီးတော့ သူမက ဒီကမ္ဘာပေါ်မှာ ဆသွးမျိုးဆက် သွင်းခြင်းဆိုတဲ့ ခေါင်းစည်းမှာ ဗဟုသုတအရှိဆုံး လူဖြစ်နိုင်တယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူမထက် ဘယ်သူကမှ ပိုပြီးတော့ ဗဟုသုတမရှိနိုင်ဘူး။ ငါက သူမရဲ့ဗဟုသုတတွေ အကုန်လုံးကို အမွေရပြီးပြီ။ အဲ့တော့ ငါ့အခြေအနေက ပြန်ပြင်လို့မရဘူးဆိုတာ ငါသိတယ်။"

"ငါ့ဦးလေးနဲ့ အကြီးအကဲက ငါ့ကိုပြန်ကောင်ူအောင် လုပ်ရမဲ့ နည်းတစ်ချို့ သိလောက်မယ်ဆိုတာ ငါသိတာပေါ့။ ဒါပေမဲ့ သူတို့ပေးရမဲ့ တန်ဖိုးက စဉ်းစားဖို့တောင် မဖြစ်နိုင်ဘူး..."

သူမက အန်လင်းဆီသို့ လှည့်လိုက်၏။ "တစ်ဆယာက်ယောက်ရဲ့ တာအို အခြေခံ ပြိုလဲခြင်းက အဲ့လူရဲ့ကျင့်ကြံခြင်း လမ်းစဉ် အဆုံးသတ်သွားစေတာပဲ...။ အဲဒါက သေဆုံးခြင်းနဲ့ ဆင်တူပြီးတော့ ပြန်ပြောင်းလို့ မရနိုင်ဘူး။ ငါ့ရဲ့ တာအိုအခြေခံ ပြန်ကောင်းလာဖို့အတွက်လေးနဲ့ သူတို့ရဲ့ အသက်တွေကို စွန့်စားမလို့လား။ ငါ့ဦးလေးက ငါ့မိဘတွေကို ​အကြွေးတွေအများကြီးတင်နေတာ။ အဲဒါမို့သူက ငါတောင်းဆိုရင် သူ့ရဲ့အသက်ကို စတေးမှာ အသေအချာပဲ။ ဒါပေမဲ့ ငါက အဲ့လိုမဟုတ်ချင်ဘူး...။ သူတို့ ငါ့အတွက်နဲ့ အရမ်းကြီး မကြိုးစားစေချင်ဘူး။ တခြားဘယ်သူ့ကိုမှ ငါ့ရဲ့ လက်ရှိအခြေအနေကို မသိစေချင်ဘူး။ အဲ့တော့ အဲဒါတွေ လုံးဝ မလိုအပ်ဘူး...။"

အန်လင်းက သူမ၏ စကားများကြားပြီးနောက် တိတ်ဆိတ်သွားကာ သူမကို သူ့ဘေးဆီသို့ ဖက်ထားလိုက်လေ၏။

စုရှောင်လန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသော်လည်း မငြင်းဆန်ခဲ့ပါပေ။ သူမက အန်လင်း၏ ပခုံးပေါ်တွင် ခေါင်းလေးမီလိုက်ပြီး မျက်ရည်များ ကျဆင်းလာတော့၏။ "ငါ့ကို နားလည်ရခက်တယ်လို့ နင်ထင်လား။"

အန်လင်းက ခေါင်းခါပြလိုက်၏။ "မထင်ပါဘူး။ ငါဆိုလဲ နင့်လို့ပဲ လုပ်မှာပဲ..."

"အဲဒါက ငါတို့နှစ်ယောက်လုံးက အရူးတွေမို့လား။" စုရှောင်လန်က မေးလိုက်၏။

အန်လင်း : "..."

သူက သူ့ဘေးမှ ဆွဲဆောင်မှုအပြည့်နှင့် အမျိုးသမီးကို ငုံ့ကြည့်လိုက်ကာ အသံတိုးတိုးနှင့် ပြောလိုက်၏။ "ဒီည လက လှလိုက်တာ။"

"ဟုတ်တယ်... လက အတော်လေး လှတယ်။ ဒါပေမဲ့ ဘာလို့ နင့် ပါးစပ်က ငါ့နားတိုးလာရတာလဲ။"

စုရှောင်လန်က စိတ်ရှုပ်ထွေးဟန်ဖြင့် အန်လင်း၏ ခေါင်းကို အဝေးသို့ တွန်းပစ်လိုက်လေ၏။

အန်လင်းက ​ပြောစရာ စကားမရှိကာ ဒေါသထွက်ဟန်ဖြင့် မျက်တောင်ခတ်လိုက်၏။

သူက အချိန်မှားမှာ အခွင့်ကောင်းယူမိပြီလား။

အခု သူက ဘာလုပ်ရမလဲဆိုတာ ဘယ်သူပြောပြပေးနိုင်မလဲ။

"အဟမ်း... အင်... နင့်ရဲ့ ဆေးခန်းအကြောင်း ပြောရအောင်လေ။ မြို့ထဲက ရက်ကွက်တွေအားလုံးမှာ ငါတို့ ဆေးခန်းဖွင့်လို့ရတယ်။ နင်က သီအိုရီပိုင်း ဗဟုသုတတွေ ကျွမ်းကျင်ပြီးတော့ ငါက နင့်ရဲ့ ညွှန်ကြားမှုနဲ့ ဆေးတောင့်နည်းနည်း ဖော်ပေးလို့ရတယ်။ အဲ့ရဲ့ ဆေးဖော်တဲ့ စွမ်းရည်တွေ တိုးတက်လာပြီး နင့်ရဲ့ စီးပွားရေးလဲ ကြီးလာလိမ့်မယ်။ ငါတို့ ခဲတစ်လုံးနှင့် ငှက်နှသ်ကောင် ပစ်လို့ရတယ်..." အန်လင်းက အကြံပေးလိုက်၏။

အန်လင်းက နှစ်ယောက်တစ်ဘဝကို စီစဉ်နေသည်မို့ စုရှောင်လန်က အန်လင်းကို စီးဆင်းနေသော ရေကဲ့သို့ ညင်သာသော အမူအရာဖြင့် ကြည့်လိုက်၏။

ညလေးက အေးချမ်းလှသော လေထု၏ အောက်တွင် ကုန်ဆုံးသွားလေ၏။

...

နောက်တစ်နေ့ နံနက် အန်လင်းနိုးလာပြီး သူ့၏ အသံကူးပြောင်းအစီအရင်ကို ကောက်ကိုင်လိုက်သောအခါ လွဲချော်သွားသော အသံကူးပြောင်းခြင်းများ တစ်ရာကျော်နှင့် ဖြစ်နေလေ၏။

သူတို့ အသိမိတ်ဆွေ စားရင်းထဲရှိ လူတိုင်းနီးပါးက သူ့ကို ဆက်သွယ်ထားကြ၏။

သူက စုရှောင်လန်နောက်သို့ လိုက်ရန် အရာရာကို ပစ်ချထားခဲ့ခြင်းဖြစ်သည်။

သူ့ကို စိတ်ပူနေသော သူများ အလွန်များသည်ကို ယခုမှ တွေ့ရှိပြီး အနည်းငယ် ခံစားမိသွားရလေ၏။

စုရှောင်လန်က မည်သူ့ကိုမှ စကားမပြောချင်သည်မို့ သူမ၏ အသံကူးပြောင်းခြင်း အစီအရင်ကို မီးလောင်သွားပြီဖြစ်လေ၏။

အန်လင်းက စုရှောင်လန် ဖြတ်သန်းရသည်များကို နားလည်ပါ၏။ သို့ဖြစ်၍ သူက သူမ၏ အခြေအနေကို သူ့၏ စိတ်ဝိညာဉ် သားရဲများမှလွဲ၍ လူတိုင်းဆီမှ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားလိုက်၏။

သူက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် တပိုင်ဆီသို့ ပထမဆုံး ဆက်သွယ်လိုက်လေ၏။

တပိုင်က ချက်ချင်း ကိုင်ကာ အန်လင်းကို ငိုကြွေးရင်း နှုတ်ဆက်လေ၏။ "ဝါး... အစ်ကိုကြီးအန်ရဲ့ အသံကူးပြောင်းခြင်း အစီအရင်ကို ပြန်ကောင်းအောင်လုပ်ပေးတာ ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ဘယ်သူက သတ်လိုက်သလဲဆိုတာ ပြောပြပေးပါ။ အဲဒါမှ ငါ့ရဲ့လက်တွေနဲ့ သူ့အတွင် ကိုယ်တိုင် လက်စားချေပးနိုင်မှာ။ ဝုတ်။"

အန်လင်းက အနည်းငယ် ရင်ထဲတွင် ထိသွားပြီး ပြန်ဖြေလိုက်၏။ "တပိုင်၊ အသံကူးပြောင်းခြင်း အစီအရင်တွေက ပိုင်ရှင်မဟုတ်ရင် တခြားသူတွေ သုံးလို့မရဘူး။"

သူက ထိတ်လန့်သွားသကဲ့သို့ တပိုင်က တိတ်ဆိတ်သွားလေ၏။

ထို့နောက်တွင်တော့ စိတ်လှုပ်ရှားနေသော ဟောင်သံတစ်ခုက ထွက်ပေါ်လာလေ၏။ "ဝုတ် ဝုတ် ဝုတ်။ အစ်ကိုကြီး အန်၊ ဝါးးး... အစ်ကိုကြီးအန် မသေဘူးပေါ့။ ဝုတ်... ဝုတ်..."

ထို့နောက် ရှောင်ချောင်နှင့် ရှောင်ဟုန်တို့၏ အသံထွက်လာလေ၏။

"ဝါးး... အစ်ကိုကြီး အန် မသေလောက်ဘူးလို့ ငါမပြောဘူးလား...။ သူ့ရဲ့ အစွမ်းထက် ပိုးဟပ်လို အသက်စွမ်းအားက မြူနှင်းနတ်မိမယ် တစ်ချို့လောက်နဲ့ ဘယ်လိုလုပ်ပြီး ကုန်သွားနိုင်မှာလဲ။" ရှောင်ချောင်က ငိုကြွေးနေလေ၏။

"နေမင်းဆီပို့တဲ့ ငါ့ရဲ့ဆုတောင်းတွေက အလုပ်ဖြစ်သားပဲ။ ငါတို့က အခုဆိုရင် တပိုင်ရဲ့ လစ်လျူရှုခြင်းခံရတဲ့ ပေါက်စီတွေကို ထပ်စားလို့ရပြီပေါ့။" ရှောင်ဟုန်က အသံချိုချိုလေးနှင့် အောင်ပွဲခံလိုက်လေ၏။

"ကြက်ဥ ထမင်းကြော်ရောပဲ" တပိုင်က ထပ်ပေါင်းပြောလိုက်၏။

"ပြီးတော့ တခြား ဟင်းပွဲ အသစ်တွေရော..." ရှောင်ချောင်က ဝင်ပြောလိုက်လေ၏။

"ယေးး..." ​ေရှာင်ဟုန်က တက်ကြွနေပေ၏။

အန်လင်း : "..."

ဆိုတော့ကာ သူတို့က ငါ့ကို စိတ်ပူနေတာ လုံးဝ မဟုတ်ဘူးပေါ့...။

-----------------

All Chapters