တာအိုများကို ပြန်လည်ပြုပြင်ရန် နည်းလမ်းရှာခြင်း
Vol. 33 Ch. 453
"အစ်ကိုကြီး အန်၊ နင်နဲ့ စုရှောင်လန် ပျောက်သွားတယ်လို့ ကြားတော့ ငါအရမ်းလန့်သွားတာ။ ဝုတ်..."
"ဗာမီလီယမ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်က ပြောတာက သူတို့က အယောင်ဆောင် မန္တန်နည်းစနစ်ကို သုံးကြည့်လိုက်တော့ နင်နဲ့ စုရှောင်လန်က မြင့်မြတ် နန်းတော်ခေါင်းဆောင် ငါးယောက်ကို ထပ်တိုက်ရင်ဆိုင်ရပြီးတော့ နင်က မြင့်မြတ်မီးတောက်နဲ့ ထိတွေ့ပြီးပြီဆိုပြီး ငါကြားတာပဲ။ ဒါပေမဲ့ အကြီးအကဲပြောတာကတော့ နင်အသက်ရှင်နိုင်ဖို့က ၁၀ ရာခိုင်နှုန်းထက်တောင် နည်းတယ်ဆို။"
"မြင့်မြတ် နန်းတော် ခေါင်းဆောင် ငါးယောက်ကို သတ်ပြီးတော့ မြင့်မြတ်မီးတောက်ကို မယူခင်မှာ ဆန်းကြယ်တဲ့ ခွန်အားကြီး ပုဂ္ဂိုလ်တစ်ယောက်လဲ ပေါ်လာသေးတယ်လို့ သူတို့က ပြောတယ်။" တပိုင်၏ ဒေါသ အသံက တစ်ခြားတစ်ဖက်မှ ထွက်လာလေ၏။ သူ
အန်လင်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားလေ၏။ အဲ့ဒီအယောင်ဆောင် မန္တန်နည်းစနစ်က ဘာလဲဟ။ အဲ့တာက အတုကြီးများလား။
သို့သော်လည်း ထိုအကြောင်းတွေးကြည့်ပါက သူတို့ပေးနိုင်သော တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်သည့် ရှင်းလင်းချက်မှာ ထိုတစ်ခုတည်းသာဖြစ်၏။
အယောင်ဆောင်ခြင်းဟူသော စကားကို ကြာူသောအခါ သူက ရုတ်တရက် သူ့၏ အံ့ဖွယ် အယောင်ဆောင်ခြင်းနည်းစနစ်ကို တွေးမိသွား၏။ သူ့၏ အောင်မြင်သော အံ့ဖွယ် အယောင်ဆောင်ခြင်း နည်းစနစ် လုပ်ငန်းစဉ်အတွင်း သူ့၏ သက်တမ်းမည်မျှ သုံးခဲ့မိသည်ကိုပင် မသိတော့ပါချေ။ သို့သော်လည်း ထိုသည်က သူ့ဆံပင်များအားလုံးကို ဖြူသွားသည်အထိ များပြားပေ၏။ သူက သူ့ခန္ဓာကိုယ်ကို အားဖြည့်ရန်အတွက် သက်ရှိစွမ်းအား ပြန်လည်သိုလှောင်ရေး ဆေးတောင့်တစ်ချို့ သောက်ရန် သတိပြုရပေမည်။
အန်လင်းက အတန်ကြာ ရပ်တန်ကာ ထပ်မံပြောလိုက်လေ၏။ "ကိစ္စနှစ်ခုရှိတယ်။ နံပါတ် ၁ က ဒါကို လျှို့ဝှက်ထားပြီး ဘယ်သူ့မှ မပြောနဲ့။ နံပါတ် ၂ က ဗာမီလီယမ်ဂိုဏ်းကနေ ထွက်လာဖို့ ဆင်ခြေတစ်ခုရှာပြီးတော့ စုရှမြို့ကို လာခဲ့။ ငါစောင့်နေမယ်။"
"ပြဿနာမရှိပါဘူး။ ငါတို့ ၂ရက်အတွင်း အရောက်လာခဲ့မယ်။" တပိုင်က အသံကူးပြောင်းခြင်းကို မဖြတ်တောက်မီ ပြန်ဖြေသွားလေ၏။
အန်လင်းက သက်ပြင်းတစ်ချက်ချလိုက်လေ၏။ သူက မီးတောက် စုဆောင်း အဝိုင်းကို ဗာမီလီယမ်ငှက်ဂိုဏ်းသို့ ပြန်ပို့ရန် အခွင့်အရေးတစ်ခု ရှာရပေမည်။ ထိုသည်က သူ့၏ စိတ်ဝိညာဉ် သားရဲအဖွဲ့ကို ပေးအပ်ထားသော မစ်ရှင်ပင် ဖြစ်လေ၏။
ထို့နောက် စုရှောင်လန်၏ တာအိုအခြေခံကို ပြန်ရယူရန် ကြိုးစားရမည်။ ပြန်ကောင်းနိုင်သည့်အခွင့်အရေးက အလွန်နည်းပါးသော်လည်း အန်လင်းက လက်လျော့ရန် ငြင်းဆန်ပါသည်။ သူက ပြန်လည်ကောင်းမွန်မည့် နည်းလမ်း ရှာတွေ့နိုင်မှာ အရာအားလုံး လုပ်မည်ဖြစ်၏။
အန်လင်းက ခွန်အားကြီး ပုဂ္ဂိုလ်အများကြီးနှင့် မသိပါပေ။ သူတွေ့ဖူးသော တာအိုသခင် လွီယ မှလွဲ၍ သူက ဒုကျောင်းအုပ်ကြီး ယွီဟွား၊ လစန္ဒာ နန်းတော်မှ ချန်အာနှင့် တုန်ရွှာနန်းတော်မှ ယီရှီတို့သာ ရင်းနှီးလေ၏။
ထိုသုံးဦးတွင် ချန်အယ်က ကောင်းကင်ဘုံ ခုံရုံး၏ နံပါတ်၁ ဆေးဖော်စပ်သူဖြစ်၏။ သာမက ပျက်ပြယ်ခြင်း နောက်ဆုံးအဆင့်သာ ရှိသေးသော်လည်း သူမ၏ ဆေးဖော်စပ်ြခင်း စွမ်းရည်များမှာ တာအိုပေါင်းစပ်ခြင်း အထူးပုဂ္ဂိုလ်ထက်ပင် ကောင်းမွန်လေ၏။
အန်လင်းက ချန်အယ်ကို မဆက်သွယ်မီ အတန်ကြာအောင် တွေးတောနေလိုက်၏။
သူ ပျောက်ကွဟ်သွားသည့်အချိန်အတွင်း ချန်အယ်က သူ့ကို့ အကြိမ်ပေါင်းများစွာ ဆက်သွယ်ရန် ကြိုးစားခဲ့သည်ကိုလည်း သိရှိသွားလေ၏။ ထိုသည်က သူမက သူ့ကို သူငယ်ချင်းအဖြစ် ယူဆသည် ဆိုသည်ကို ပြနေကာ ထိုသည်ကပင် သူမကို ဆက်သွယ်ရန်အတွက် အလွန်စိတ်အေးသွားစေပါတော့သည်။
"အန်လင်း..." ချန်အယ်၏ အသံက လျင်မြန်စွာ ထွက်ပေါ်လာလေ၏။
အန်လင်း : "ဟုတ်တယ်။ ငါပါ။ နေကောင်းရဲ့လား အမ ချန်အယ်။"
ချန်အယ်က ညင်သွာစွာ ရယ်မောလိုက်၏။ "အဲဒါ နင့်ကို မေးရမှာလေ။ နင် သေသွားပြီလို့ ငါကြားတယ်။"
အန်လင်း : "... အင်း...။ နင် မြင်တဲ့အတိုင်းပဲ။ အဲဒါတွေအကုန်လုံးက အလိမ်တွေပဲ။ ဒါပေမဲ့ ငါအသက်ရှင်နေသေးတယ်ဆိုတာ လျှို့ဝှက်ထားဖို့ တောင်းဆိုပါရစေ။"
"ဟုတ်ပြီ။ ငါလုပ်နိုင်ပါတယ်။တခြား ဘာလိုသေးလဲ။" ချန်အယ်က ပြန်ပြောလိုက်၏။
အန်လင်းက မပြောပြမီ အတန်ကြာအောင် ရပ်တန့်နေလေ၏။ "တာအိုအခြေခံက ပျက်စီးသွားတဲ့ လူတစ်ယောက်က နောက်ထပ်ကျင့်ကြံလို့ ရနိုင်မဲ့ နည်းလမ်းတစ်ခုခုများ နင်သိလား။ တာအိုအခြေခံ ပျက်စီးရတဲ့အကြောင်းအရင်းက သွေးမျိုးဆက်ကို ကူးပြောင်းပေးလိုက်လို့ပဲ။ ပြီးတော့ အဲ့လူက အခု မော်တယ် ဖြစ်သွားပြီ။"
ချန်အယ်က အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလာခဲ့၏။
"ကိုးပြည်ထောင်စု နိုင်ငံတော်ထဲမှာတော့ တာအိုအခြေခံ ပျက်စီးသွားပြီး ထပ်ကျင့်ကြံလို့ ရတဲ့လူတစ်ယောက်မှ မကြားဖူးသေးဘူး။" ချန်အယ်က ပြန်ဖြေလိုက်၏။
ထိုသည်ကကြားသော အခါ အန်လင်းက အလွန်စိတ်ပျက်သွားလေ၏။
"ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ဘူးလို့တော့ ပြောတာမဟုတ်ဘူးလေ။" ချန်အယ်က ထပ်ပေါင်းပြောလိုက်၏။
အန်လင်း၏ နှလုံးသားက တုန်ယင်သွားပြီး သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြန်ပေါ်လာလေ၏။
"ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ်ရမလဲတော့ ငါမသိဘူး။" ချန်အယ်က နိဂုံးချုပ်လိုက်လေ၏။
အန်လင်း : "..."
"နင်က ကျေးဇူးပြုပြီး အကုန်လုံးကို တစ်ခါတည်း ပြောချလိုက်လို့ မရဘူးလား။ ငါ့နှလုံးသားက နင်အဲ့လို နည်းနည်းချင်းစီပြောနေတာကို သည်းမခံနိုင်တော့ဘူး..." အန်လင်းက ရင်ဘက်ပေါ်တွင်လက်တင်ကာ သက်ပြင်းချလိုက်လေ၏။
"တာအို အခြေခံ ပျက်စီးခြင်းက ဝိညာဉ်ပျောက်ဆုံးသွားတာနဲ့ တူတယ်။ ပြန်ကောင်းဖို့နည်းလမ်းမရှိဘူး။ တာအိုအခြေခံတစ်ခု ပြန်ပြီး တည်ဆောက်ဖို့ ကြိုးစားတယ်ဆိုတာက ပျောက်ဆုံးသွားတဲ့ ဝိညာဉ်ကိုပြန်ရှာရတာထက်ကို ခက်သေးတာ...။ အဲဒါက နင်က နတ်ဘုရားလောက်ထိ စွမ်းအားမထက်ဘူးဆိုရင် မဖြစ်နိုင်ဘူး။ နင့်ကို စိတ်ဓာတ်ပျက်အောင် ပြောတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ နင်က ကောင်းကင်အရှင်သခင်ကို တောင်းဆိုရင်တောင်မှ သူလဲ ဘာမှ မလုပ်ပေးနိုင်လောက်ဘူး။ အဲ့အပြင် ဒီနယ်ပယ်မှာ ငါက သူ့ထက်ပိုပြီးကျွမ်းကျင်တယ်။" ချန်အာက မျှော်လင့်ချက်မဲ့ သက်ပြင်းတစ်ခုနှင့် ဆိုလိုက်၏။
အန်လင်းက ထိုသည်ကိုကြားပြီး အလွန်ပင် စိတ်ပျက်သွားရ၏။
သူက တခြားရွေးချယ်စရာ မရှိတော့ပါက ဧကရာဇ် ကျိဝေကို အကူအညီတောင်းကာ ထို့နောက် လင်းကျွင်းကျွင်းမှတစ်ဆင့် ကောင်းကင် အရှင်သခင်ကို ဆက်သွယ်ရန် ကြိုးစားမည်ဟု တွေးနေခြင်းဖြစ်သည်။ သို့သော် ချန်အယ်၏ စကားများက ထိုမျှော်လင့်ချက်များကို ချက်ချင်းပင် ပျက်ပြယ်သွားစေ၏။ နောက်ထပ် ဖြစ်နိုင်သော လမ်းကြောင်းများအတွက် သူ့၏ ဦးနှောက်ကို ညှင်းပမ်းနေရပေ၏။
"နင်ပြောနေတာ စုရှောင်လန် အကြောင်းမလား။ ငါပြောတာ ဟုတ်တယ်မလား။" ချန်အယ်က ရုတ်တရက်မေးလာလေ၏။
အန်လင်းက တိတ်ဆိတ်သွားလေ၏။
"စိတ်မပူပါနဲ့။ ငါက ငါကြားထားတဲ့ ကောလဟာလတွေနဲ့ နင်ငါ့ကိုမေးနေတဲ့ဟာတွေကနေပြီးတော့ ခန့်မှန်းလိုက်တာပါ။" ချန်အယ်၏ အေးစက်စက် အသံက ရုတ်တရက် နူးညံ့ညင်သာလာကာ ပြောလိုက်၏။ "သူက မိန်းမကောင်းလေးပါ။ သူ့ကို စိတ်မပျက်စေနဲ့။"
"ငါ လက်မလျော့ဘူး... ငါဘာတန်ဖိုးပဲ ပေးရပေးရ။" အန်လင်းက စိတ်ဆုံးဖြတ်ထားသောအသံနှင့် ပြောလိုက်ကာ လက်သီးဆုတ်ထားလိုက်လေ၏။
"ဟုတ်ပါပြီ ငါဒါကို လျှို့ဝှက်ထားပေးပါမယ်။ ငါ နင့်ကိုကူညီနိုင်တဲ့ သတင်းတွေရှိနေမလားလို့လဲ လိုက်မေးပေးပါမယ်။ တစ်ခုခု အသုံးဝင်တာကြားရင် နင့်ကို ပြန်ပြောပေးမယ်လေ။" ချန်အယ်က ဆက်ပြောလိုက်လေ၏။
"ကျေးဇူးအများကြီး တင်ပါတယ်။" အန်လင်းက သူမ၏ အမူအရာကြောင့် အလွန်ပင် စိတ်လှုပ်ရှားသွားလေ၏။ ချန်အယ်က ကုန်းမြေကြီးပေါ်မှ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်များနှင့် အဆက်အသွယ်ရှိလေ၏။ သို့ဖြစ်၍ သူမ၏ အဆက်အသွယ်များကို စုံစမ်းပေးပါက အန်လင်းအတွက် အလွန်ပင် အသုံးဝင်ပေလိမ့်မည်။
ချန်အယ်မှာ အလွန်ပင် သီးသန့်ဆန်လှသော်လည်း သူမ၏ ဆေးဖော်စပ်သည့် စွမ်းရည်မှာထိပ်တန်းဖြစ်လေ၏။ သူမကို ဆေးဖော်ရရန် အကူအညီတောင်းကြသော တာအိုပေါင်းစပ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်မျ အများအပြားရှိလေ၏။ သို့ဖြစ်၍ အများအပြား သူ့ကို အကြွေးတင်နေကြသည် ဖြစ်၏။ သူမက အမှန်တကယ် မေးကြည့်ပါက လျှို့ဝှက်ချက်တစ်ချို့ကို ဖော်ထုတ်နိုင်ပေလိမ့်မည် ဖြစ်သည်။
အန်လင်းက ချန်အယ်ကို ကျေးဇူးတင်ကြောင်း အမြောက်အများ ပြောဆိုပြီးနောက် အသံကူးပြောင်းခြင်းကို အဆုံးသတ်လိုက်လေ၏။
ထို့နောက် သူက ဒုကျောင်းအုပ်ကြီး ယွီဟွားကို ဆက်သွယ်လိုက်လေ၏။
ဒုကျောင်းအုပ်ကြီး ယွီဟွားက အန်လင်း၏ အသံကူးပြောင်းခြင်းကြောသ့် အလွန် စိတ်လှုပ်ရှားသွားသော်လည်း ပြန်လည် တည်ငြိမ်သွားစေပြီး အန်လင်းသူ့ကိုမေးသော မေးခွန်းကို တွေးတောနေပေတော့သည်။
အဆုံးတွင်တော့ သူက တာအိုအခြေခံကို ပြုပြင်ရန်အတွက် မည်သည့်နည်းလမ်းကိုမှ မသိပါချေ။ သို့သော် သူက ကျောင်းအုပ်ကြီးနှင့် ဆက်သွယ်ရန်ကြိုးစားကာ ထိုကိစ္စအပေါ် ထပ်မံစုံစမ်းပေးမည်ဖြစ်သည်။
အန်လင်းက ကျေးဇူးတင်ကြောင်းပြောလိုက်ကာ ယီရှီကို ဆက်သွယ်လိုက်၏။
"စောက်ကျိုးနည်း... သခင်လေး အန်လင်း၊ မင်း ပြာတွေကနေ ပြန်ပြီးမွေးလာတာလား။" ယီရှီက အံ့ဩတကြီး ပြောဆိုလာ၏။
အန်လင်း၏ နှုတ်ခမ်းများက ရှုံ့တွသွားလေ၏။ "ဟုတ်တယ်။ ငါက ပြန်မွေးဖွားလာတာလေ။ ဒါပေမဲ့ သွေးမျိုးဆက် ကူးပြောင်းပေးခြင်းကနေပြီးတော့ တာအို အခြေခံက ပြိုပျက်သွားတယ်...။ အဲဒါကို ဘယ်လို ပြင်လို့ရမလဲ သိလား။"
"ငါ့ကို ငတုံးလို့ထင်နေလား။ မင်းရဲ့ တာအိုအခြေခံက ပျက်စီးသွားရင် ငါ့ကို အသံကူးပြောင်း အစီအရင်ကနေ ဆက်သွယ်လို့ ဘယ်လိုလုပ်ရမလဲ။" ယီရှီက အေးစက်စွာ ရယ်မောလိုက်၏။
"ဟင်... ကြည့်ရတာ အစ်ကိုက တကယ် အကူအညီမရနိုင်ဘူးထင်တယ်။ အဲ့အခြေအနေဖြစ်နေတာ ငါ့ရဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ကုသဖို့အတွက် နည်းလေးဘာလေးရှိလား။ အစ်ကို့မှာ ရှိတဲ့ အခြေအနေတွေအကုန်လုံးကို ပြောပြ ကျွန်တော်အသက်ပေးရမယ်ဆိုရင်တောင် ဖြစ်အောင်လုပ်ပေးမယ်။" အန်လင်းက ဆက်ပြောလိုက်၏။
ယီရှီက အတန်ကြာ တိတ်ဆိတ်နေကာ ပြန်ဖြေလာ၏။ "မင်းက အရမ်းစိတ်ပိုင်းဖြတ်ထားတာ ငါမြင်ရပါတယ်။ ငါ့ရဲ့ သခင်က ထိုက်ချူကုန်းမြေကြီးကို ပြန်ရောက်ခါစပဲရှိသေးတာ။ သူ့မှာ အဖြေရှိမလား ငါမေးပေးမယ်။ တကယ်လို့ ရှိခဲ့ရင် မင်းဆီကို အမြန်ဆုံး ပြန်ဆက်သွယ်ပေးမယ်။"
အန်လင်းက အသက်ပြင်းပြင်း ရှုလိုက်ကာ သူ့မျက်ဝနများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားလေ၏။
ယီရှီ၏ သခင်မှာ တာအိုသုံးပွင့်ဆိုင်အဖွဲ့ကြီး၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော အရှင်လောင်ဇီမှလွဲ၍ တခြားသူမဟုတ်ပါပေ။
အရှင်လောင်ဇီမှာ ထူးချွန်တာအို ဘိုးဘေး အကြီးအကဲ ဘွဲ့အမည်လည်းရှိ၏။ သူက ကောင်းကင် အရှင်သခင်ထက်ပင် အဆင့်မြင့်ပြီး သူ့၏ ကျင့်ကြံခြင်းနှင့် တာအို၏ နားလည်နိုင်မှုမှာ ပြိုင်ဘက်ကင်းပင်ဖြစ်၏။ သူက တာအိုအခြေခံ ပျက်စီးခြင်းကဲ့သို့သော အရာများနှင့်ပတ်သတ်၍ မေးမြန်းရန် အသင့်တော်ဆုံးသူ ဖြစ်လေ၏။
သို့သော်လည်း သူက တစ်ခါတစ်ရန် နယ်မြေအမျိုးမျိုးကို ခရီးလှည့်လည်သွားနေပြီး အန်လင်းအတွက် လက်လှမ်းမီရန် ဝေးကွားလွန်းလှသော တစ်စုံတစ်ယောက်ပင်ဖြစ်လေ၏။
အန်လင်းက ယီရှီက သူ့အတွက်နှင့် သူ့သခင်နှင့် ဆွေးနွေးရန် ဆန္ဒရှိသည်ကို အလွန်ပင် ခံစာူမိသွား၏။
အန်လင်းက ယီရှီကိုအထူးကျေးဇူးတင်လိုက်ပြီးနောက် သူ့၏ အသံကူးပြောင်းခြင်းကို ဖြတ်တောက်လိုက်၏။
ယီရှီ၏ ကတိစကား ရရှိပြီးနောက် အန်လင်းမှာ စိတ်ခံစားချက်ပိုကောင်းသွားပေတော့သည်။ သူက တစ်ကိုယ်တည်း သီချင်းညည်းနေလေ၏။
ဒေါက် ဒေါက် ဒေါက်...
ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က ရုတ်တရက် သူ့၏ တံခါးကို လာခေါက်လေ၏။
"ဝင်ခဲ့ပါ။" အန်လင်းက အပြုံးလေးနှင့် ပြောလိုက်၏။
သူက ထိုသည်မှာ စုရှောင်လန်ဟု ထင်လိုက်သော်လည်း ထိုအစား ရေပူဇလုံလေးကိုင်ထားသော အစိမ်းရောင် ဝတ်ရုံနှင့် အမျိုးသမီးငယ်လေးတစ်ဦး ဖြစ်လေ၏။
"သခင်လေး၊ မျက်နှာသစ်ဖို့ ရေနည်းနည်း ပြင်ဆင်လာပါတယ်။" အမျိုးသမီးငယ်လေးက ရှက်သွေးဖြာနေပြီး အတော်လေး စိတ်လှုပ်ရှားနေပုံ ရလေ၏။
အန်လင်းက ခေတ္တကြောင်နေပြီးမှ ထိုအမျိုးသမီးငယ်လေးက ချွန်လေးဟုအမည်ရသော အစေခံဖြစ်သည်ကို မှတ်မိသွားလေ၏။
"ကျေးဇူးပါ ချွန်လေး။ အဲ့ ဇလုံကို အဲ့မှာထားခဲ့လိုက်။" အန်လင်းက သူ့၏ အမည်အသစ် "သခင်လေး"ဆိုသည်ကို အလွန်အမင်း သဘောကျနေပြီး နွေးထွေးသောအသံဖြင့် ပြန်ဖြေလိုက်လေ၏။
"ဟုတ်ကဲ့။" ချွန်လေးက နာနာခံခံ ခေါင်းငြိမ့်ပြလိုက်ပြီး အန်လင်းကို လေးစားလွန်းသော အကြည့်ဖြင့် ခိုးကြည့်ကာ ထွက်ခွာသွားလေ၏။
သူမက အန်လင်း၏ ဟင်းချက်စွမ်းရည်များကို လေးစားနေခဲ့ပြီး သူ့ကို ပြုစုပေးရန် သူမကိုယ်တိုင် ကျေကျေနပ်နပ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။ သူမက အစပိုင်းတွင် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူမ၏ နှလုံးသားက အန်လင်း၏ နွေးထွေးပြီး လက်ခံနိုင်သော ကိုယ်နှုတ်အမူအရာများကြောင့် စိတ်သက်သာရာရသွားလေ၏။
တစ်ချိန်တည်းမှာပင် သူမက သူတို့ရင်းနှီးသွားသောအခါ အန်လင်းက သူမကို ဟင်းချက်စွမ်းရည်များကို သင်ပေးရန် မျှော်လင့်နေပေ၏။ သူမက အန်လင်းကဲ့သို့ စားဖိုမှုးအကျော်အမော်တစ်ဦးက သူမကို နည်းလမ်းတစ်ချို့ သင်ပေးပါက အပျော်လွန်နေမည် ဖြစ်ပေ၏။
အန်လင်းက သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်လိုက်ပြီး အဝတ်အစားအသစ်လဲလိုက်ကာ စုရှောင်လန်၏ အခန်းဆီသို့ ထွက်လာခဲ့၏။
---------