← Chapters

ငါ တာအိုဖြစ်လာရင်

Vol. 139 Ch. 1783

ငါ တာအိုဖြစ်လာရင်

Vol. 139 Ch. 1783

သခင်လေးသုံးလင်းရှောင်က ခံစားချက်မရှိသော မျက်နှာအမူအရာဖြင့် သူ၏ ညာလက်မောင်းကို ဆန့်တန်းလိုက်သည်။

သူ၏ ညာလက်မောင်းမှာ ချင်မူ၏ တာအိုအစီအရင်သံချောင်းများဖြင့် ရိုက်သွင်း၍ တာအိုအသုဘခေါင်းတလားထဲ၌ ပိတ်လှောင်ခံခဲ့ရရာ လွတ်မြောက်ရန်အတွက် ဖြတ်တောက်ခံခဲ့ရသည်။ ယခုတွင်မူ ပြန်ပေါက်လာခဲ့ပြီဖြစ်သည်။

ချင်မူက မဆိုစလောက် ပြုံးလိုက်၏။ လင်းရှောင်သည် ညာလက်မောင်းကို ဖြတ်တောက်ပြီးနောက် လက်ပြတ်ဒုက္ခိတ ဖြစ်သွားမည်ဟု သူ မတွေးခဲ့ပါချေ။

သူ ထိုသို့ ခနဲ့လိုက်ခြင်းက သခင်လေးသုံးလင်းရှောင်၏ ယုံကြည်မှုကို ထိုးနှက်ရန်သာ ဖြစ်သည်။

သခင်လေးသုံးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ချင်မူ၏ အဆုံးသတ်မြို့ပျက်ကြာပန်းနှင့် လောကသစ်ပင်တို့သည် ဖရိုဖရဲမြစ်ထဲတွင် အမြစ်တွယ်ထားပြီး ရွှေသင်္ဘောဘေးနှစ်ဖက်တွင် ကာကွယ်စောင့်ရှောက်နေသည်ကို သတိထားမိလိုက်သည်။

ထိုရတနာနှစ်ပါးကား ယခုအခါတွင် ပိုပို၍ ထူးခြားဆန်းကြယ်လာခဲ့ချေပြီ။ အဆုံးသတ်မြို့ပျက်ကြာပန်း၏ တတိယအလွှာ ကြာပလ္လင်သည် ပေါ်ထွက်လာခဲ့ပြီဖြစ်သည်သာမက လောကသစ်ပင်မှာလည်း ပိုမိုကြီးမားမြင့်မားလာကာ အကိုင်းအခက်နှင့် သစ်ရွက်များဖြင့် ဝေဆာနေ၏။

သခင်လေးသုံး မျက်မှောင်ကြုတ်လိုက်သည်။

အဆုံးသတ်မြို့ပျက်ကြာပန်း၏ ပြောင်းလဲမှုက မထင်ထားသည့်အရာတော့ မဟုတ်။

ချင်မူသည် အဆုံးသတ်မြို့ပျက်ကြာပန်းအား ပွင့်လန်းလာစေခဲ့သော်လည်း ဖရိုဖရဲမြစ်ထဲသို့ ခြေမချခဲ့ပေ။ သို့သော် လောကသစ်ပင်အောက်တွင် အနန္တအဘိုးအိုနှင့် ရင်ဆိုင်ရသည့်အခါ အနန္တအဘိုးအို၏ တိုက်ကွက်များအား ခုခံနိုင်ရန်အလို့ငှာ ချင်မူမှာ အဆုံးသတ်မြို့ပျက်ကြာပန်းအား ၁၆ စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် အမြစ်တွယ်စေခဲ့ရသည်။ ထိုအခါမှ အဆုံးသတ်မြို့ပျက်ကြာပန်းကား ကြာပလ္လင်အဖြစ်သို့ ဖွဲ့တည်သွားသည်သာမက တစ်ခါတည်းဖြင့် နှစ်လွှာကြာပလ္လင်အဖြစ် ပေါ်လွင်လာခဲ့၏။

အနန္တအဘိုးအိုကြောင့် ချင်မူက အဆုံးသတ်မြို့ပျက်တာအို၏ ကျင့်စဉ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆပေါင်းများစွာ တိုးတက်လာခဲ့ခြင်းပင်။

ထိုမျှသာမက အနန္တအဘိုးအိုသည် လောကသစ်ပင်၏ စွမ်းအားကို မည်သို့ထိန်းချုပ်၍ လောကသစ်ပင်အား မည်သို့ကျင့်ကြံရမည်ကိုပင် ချင်မူ့အား “သင်ကြား”ပေးခဲ့သေးသည်။

ထို့ကြောင့် ချင်မူကား အချိန်တိုအတွင်း အံ့ဩဖွယ်ကောင်းလောက်အောင် တိုးတက်လာခဲ့ခြင်းပင်။

အတိတ်တုန်းက ချင်မူမှာ သတ်၍ မသေနိုင်ရုံသာ ရှိခဲ့သော်လည်း ယခုအခါတွင်‌တော့ သခင်လေးများနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ချေပြီ။ ဤသည်မှာ အနန္တအဘိုးအို၏ ကျေးဇူးပင်ဖြစ်၏။

“အနန္တက သိပ် မောက်မာလွန်းတယ်”

သခင်လေးသုံးလင်းရှောင်က မှင်သေသေ‌ ပြောလိုက်သည်။ “သူက အရင်က ဆရာ့ကို ထိန်းချုပ်နိုင်တယ် ထင်ခဲ့တယ်… နောက်ပိုင်းမှာ မီလော့နန်းတော်က သခင်လေးတွေကို ထိန်းချုပ်နိုင်တယ်လို့ ထင်ပြန်တယ်… ဒါပေမဲ့ အကြိမ်ကြိမ် မအောင်မြင်ခဲ့ဘူး… အခု သူက မင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေပြန်ပြီ… ရလဒ်အနေနဲ့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတယ်… အခုထိ မင်းကို သူ ဘယ်လောက်အထိ သင်ကြားပေးခဲ့လဲဆိုတာ မသိလောက်သေးဘူး”

သူ၏စကားများတွင် အားကျသော လေသံတို့ဖြင့် ထင်ဟပ်နေသည်။

ချင်မူမှာ ဤစကားကို ကြားသည်နှင့် နွေဦးလေပြေလေး တိုက်ခတ်လာသကဲ့သို့ ခံစားလိုက်ရပြီး အလွန်ကျေနပ်သွားသည်။

သခင်လေးသုံးလင်းရှောင်က စကားလမ်းကြောင်း လွှဲလိုက်သည်။ “ဒါဆိုရင် ခုနစ်၊ မင်းက အနန္တအဘိုးအိုရဲ့ အဲ့ဒီလောကသစ်ပင်ငယ်ကို သန့်စင်ပြီးပြီပေါ့”

ချင်မူ ခေါင်းခါလိုက်ရင်း အံ့ဩစွာ မေးလိုက်သည်။ “အစ်ကိုသုံး ဘာလို့ ဒီလိုပြောရတာလဲ… ကျွန်တော့်ရဲ့ ဖရိုဖရဲခန်းမကို အစ်ကိုလည်း မသိတာ မဟုတ်ဘဲနဲ့… သိပ်အန္တရာယ်များတာလေ… ကျွန်တော်သာ အထဲ ခြေချလိုက်ရင် သေချာပေါက် မဟာပျက်စီးခြင်းကပ်ဘေးထဲ ပြုတ်ကျသွားလိမ့်မယ်… ဘယ်လိုလုပ်ဝင်ရဲမှာလဲဗျာ”

“တော်ပြီ ခုနစ်… မင်းက ပုံမှန်ဆို ငါ့ကို ခင်ဗျား ဘညာနဲ့ စကားပြောတာ … အစ်ကိုသုံးလို့ ပြောင်းခေါ်လိုက်တာနဲ့ မင်း လိမ်နေမှန်း ငါသိလိုက်ပြီ… စိတ်ထဲမှာ ‌အကောက်ကြံနေတတ်တဲ့သူတွေသာ ရန်သူကို ကြင်ကြင်နာနာ ဆက်ဆံတတ်တာ”

သခင်လေးသုံးလင်းရှောင်က မှင်သေသေ ဆက်ပြောသည်။ “မင်းမှာ အဆုံးသတ်မြို့ပျက်ကြာပလ္လင် ရှိတယ်… ဆိုတော့ ဖရိုဖရဲမြစ်ပေါ်မှာ မြောလွင့်နိုင်တာပဲ… အထဲ ပြုတ်ကျသွားမှာ စိုးရိမ်စရာ မလိုဘူး… မင်းရဲ့ ဖရိုဖရဲခန်းမထဲမှာ ချုပ်နှောင်ထားတဲ့ လောကသစ်ပင်ငယ်ကို ပြန်ယူဖို့က လက်ဖဝါးလှန်လိုက်သလို လွယ်တယ်…. မင်းရဲ့ စွမ်းဆောင်ရည်နဲ့ သူ့ရဲ့ လောကသစ်ပင်ငယ်ကို သန့်စင်ဖို့က မခက်ခဲတော့ဘူး”

သူက ဂုဏ်ယူစွာ ပြုံးလိုက်ပြီး လက်နောက်ပစ်လိုက်သည်။ “မင်း အနန္တအဘိုးအိုကို သန့်စင်ပြီး ကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုက်ရင်တောင်မှ ငါ့ရဲ့ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး… မင်း ဗျပ်စောင်းကြိုးနဲ့ လေး,ကို ခြိမ်းခြောက်လို့ရပေမယ့် ငါ့ကို ခြိမ်းခြောက်လို့မရဘူး… ဟောင်ရဲ့ သေခြင်းရှင်ခြင်းက ငါနဲ့ ဘာမှမဆိုင်ဘူးလေ…”

ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်စဉ် သူ၏ တတိယမျက်လုံး ပွင့်လာသည်။ သူ၏အကြည့်က သခင်လေးသုံး၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ “ဒါကြောင့် ကျွန်တော်က ဟောင်ရဲ့ အသက်နဲ့ ခင်ဗျားကို မခြိမ်းခြောက်ခဲ့တာပေါ့” သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားပြီး ရွံရှာသော မျက်နှာအမူအရာကိုယ်စီ ဖြစ်သွားကြသည်။ ဟန်ပင် မဆောင်ကြပေ။

ဤအခိုက်အတန့်တွင် သူတို့နှစ်ယောက်လုံးသည် တစ်ဖက်သား၏ မောက်မာလွန်းသော အမူအရာက အလွန်ရွံရှာဖွယ်ကောင်းသည်ဟု ခံစားနေကြရသည်။

“မင်းက ဆရာနဲ့ တွေ့ဖို့ လာတာ… ငါ မင်းကို မတားခဲ့သင့်ဘူး... ဒါပေမဲ့ ခုနစ်၊ မင်း မင်းရဲ့ ကလေးကို ခေါ်မလာခဲ့သင့်ဘူး”

သခင်လေးသုံးလင်းရှောင်သည် အဆုံးသတ်မြို့ပျက်ကြာပန်းနှင့် လောကသစ်ပင်ပေါ်မှ တာအိုအလင်းတန်းများ ရွှေသင်္ဘောပေါ်ရှိ ရွှေရောင်ခန်းမဆီသို့ ပျံဝင်သွားသည်ကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံး‌ထောင့်စွန်းများ တဆတ်ဆတ် လှုပ်သွားပြီး သူက ပြောလိုက်သည်။ “မင်းရဲ့ကလေးက ဒီလောက်ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို မခံယူနိုင်ဘူး… မင်းနဲ့တင် အကျိုးကျေးဇူးတွေ မနည်းမနော ရထားပြီးပြီ… အခု ပြန်သွားရင် ငါ မင်းကို လွှတ်ပေးလိုက်မယ်… ငါတို့က ဘာပဲဖြစ်ဖြစ် ဆရာတူညီအစ်ကိုတွေပဲ မဟုတ်လား…. မင်းသာ တစ်ဇွတ်ထိုး လုပ်မယ်ဆိုရင် ဒီဖရိုဖရဲမြစ်က မင်းမိန်းမနဲ့ ကလေး သေဆုံးမယ့်နေရာ ဖြစ်သွားလိမ့်မယ်… မင်း အတိတ်ကို ပြန်သွားရမယ့်နေရာလည်း ဖြစ်သွားလိမ့်မယ်”

“ဟားဟားဟား” ချင်မူ ပါးစပ်ဟ၍ ရယ်မောလိုက်သော်လည်း မျက်နှာတွင် ခံစားချက်ကင်းမဲ့နေ၏။

သခင်လေးသုံးက မျက်မှောင်ကြုတ်သွားသော်လည်း စိတ်ရှည်စွာ ဖျောင်းဖျသည်။ “မင်းရဲ့ ကလေးက ၁၇ စင်းမြောက် စကြဝဠာမှာ ကောင်းကောင်းအသက်ရှင်နိုင်တယ်… ဒီရှုပ်ထွေးတဲ့ကိစ္စထဲ ၀င်ပါဖို့ မလိုအပ်ဘူး… မင်း သူ့ကို အတိတ်ခေါ်သွားရင် ဒီဖရိုဖရဲမြစ်တွေပေါ်မှာ လူဘယ်နှယောက်က သူ့ကို ချောင်းမြောင်းနေလဲ မင်းသိလား… သူ့ရဲ့ ခွန်အားကို ချောင်းမြောင်းပြီး ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ဖို့ ကြံစည်နေကြတာ”

“ဟားဟား” ချင်မူက မှင်သေသေ ရယ်မောလိုက်၏။

သခင်လေးသုံး၏ မျက်ခုံးများ တွန့်ချိုးသွားပြီး တည်ကြည်လေးနက်စွာ သတိပေးသည်။ “အတိတ်လောကက အနန္တအဘိုးအို၊ တျန်းတုက ကောင်းကင်ဖွင့်လှစ်သူတွေ၊ ပြီးတော့ တခြားအင်အားစုအမျိုးမျိုးက ဒီကလေး မွေးဖွားလာတာကို ခွင့်ပြုမှာမဟုတ်ဘူး…. မင်းရဲ့ ဆရာတူအစ်ကိုယောက်အနေနဲ့ ငါ မင်းကို ပြောနိုင်တာက စကြဝဠာ ၁၆ စင်းရဲ့ မဟာပျက်စီးခြင်းကပ်ဘေးစွမ်းအင်ကို စုစည်းထားတဲ့ ကလေးတစ်ယောက် မွေးဖွားလာတာက ကောင်းတဲ့ ကိစ္စတစ်ခု လုံး၀ မဟုတ်ဘူး…. ဒီကလေး တခြားသူတွေလက်ထဲ ရောက်သွားပြီး အနာဂတ်မှာ မဟာကပ်ဘေးကြီး မဖြစ်ပေါ်လာအောင် ကာကွယ်ဖို့အတွက် မီလော့နန်းတော်အနေနဲ့ သူ့ကို ဖျက်ဆီးပစ်ရုံပဲ ရှိတော့တယ်”

ချင်မူက ရယ်သည်။ “ဟားဟား”

“မင်းက သေရမှာကို မသိသေးဘူးပဲ”

သခင်လေးသုံးလင်းရှောင်၏ မျက်နှာအမူအရာက တင်းမာအေးစက်သွားသည်။ ရုတ်တရက် တာအိုသစ်ပင်တစ်ပင်က ဖရိုဖရဲမြစ်ထဲမှ ဝုန်းခနဲ မြင့်တက်လာကာ လောကပေါင်းကူးရွှေသင်္ဘောကို လေထဲသို့ မြှောက်တင်လိုက်၏။

သခင်လေးသုံးလင်းရှောင်၏ တာအိုသစ်ပင်ပေါ်မှ တာအိုသစ်သီးများ လည်ပတ်သွားကြသည်။ ၎င်းတို့က သင်္ဘောအောက်တွင် ရှိနေသော်လည်း တာအိုသစ်သီးများထဲတွင် ပါဝင်သော တာအိုအဆင့်တစ်ခုချင်းစီက ရုတ်တရက် ပေါက်ကွဲထွက်လာချေပြီ။

သခင်လေးသုံး၏ တာအိုသစ်သီးတစ်လုံးစီထဲတွင် ကောင်းကင်ဘုံ ၄၀ ကိန်းဝပ်နေသည်။ သူ့တွင် စုစုပေါင်း တာအိုသစ်သီးရှစ်လုံး ရှိပြီး တာအိုသစ်သီးတစ်လုံးချင်းစီတွင် မတူညီသော မဟာတာအိုများ ကိန်းအောင်းတည်ရှိနေသည်။ ထို့အပြင် အားလုံးမှာ အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံခံထားရသည်။

ကောင်းကင်ဘုံများ ကျယ်ပြန့်လာပြီး မျက်စိတစ်မှိတ်အတွင်း ရွှေသင်္ဘောပေါ်တွင် နတ်ဘုရားတစ်သောင်း ထွက်ပေါ်လာကြသည်။ မရေမတွက်နိုင်သော နတ်ဘုရားများက ကောင်းကင်ဘုံတစ်ဘုံချင်းစီတွင် ရပ်လျက် ရှိနေပြီး ကောင်းကင်ဘုံသုံးရာ့နှစ်ဆယ်နှင့် မရေမတွက်နိုင်သော နတ်ဘုရားများ တစ်ပြိုင်နက် ဖိနှိပ်ကျဆင်းလာတော့သည်။

ချင်မူက လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက်ကြာပန်းကို အသက်သွင်းလိုက်ရာ အမြစ်တစ်ခုချင်းစီက ဖရိုဖရဲမြစ်ထဲတွင် အမြစ်တွယ်သွားကြသည်။ အဆုံးသတ်မြို့ပျက်ကြာပန်းပတ်လည်တွင် အဆုံးသတ်မြို့ပျက်ချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး အရာအားလုံးကို ဝါးမြိုလိုက်၏။ လောကသစ်ပင်ကတော့ မဟာပျက်စီးခြင်းကပ်ဘေး၏ အထက်ကောင်းကင်တွင် ကမ္ဘာလောကတစ်ခုကို ထောက်ပင့်ပေးလိုက်သည်။

“အစ်ကိုသုံး”

ချင်မူက အော်ဟစ်လိုက်ရာ အဆုံးသတ်မြို့ပျက်ကြာပန်းနှင့် လောကသစ်ပင်၏ စွမ်းအားကား အထွတ်အထိပ်အထိ အသက်သွင်းခံလိုက်ရ၏။ ရတနာနှစ်ပါး၏ မဟာတာအိုများ သူ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားပြီး မဟာတာအိုအသစ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ငါ့ကလေးကို ဘယ်သူမှ မလုနိုင်ဘူး”

သူ၏ ဖရိုဖရဲမဟာတာအို ထွက်ပေါ်လာချေပြီ။ ဖရိုဖရဲမြစ်မှ စွမ်းအားကို ငှားယူထားသည့် ဤသို့ မဟာတာအိုမျိုးကို တစ်ခါမှ မမြင်‌ဖူးချေ။ သူ အသက်သွင်းလိုက်သည်နှင့် ဖရိုဖရဲမြစ်ရှိ လှိုင်းလုံးများ ငြိမ်သက်သွား၏။ လှိုင်းထန်နေသော ပင်လယ်ရေပြင်ကား အစွယ်ကျိုးသွားသည့်ပမာ ငြိမ်ကျသွားတော့သည်။

၁၆ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားမှာ ချင်မူဆီသို့ တဟုန်ထိုး စီးဝင်သွားပြီး သူက ၎င်းတို့ကို စုစည်း၍ လောကအဖျက်စွမ်းအင်အဖြစ် ပြောင်းလဲလိုက်သည်။

ဂျိန်း…

ဖရိုဖရဲခန်းမ ပွင့်လာပြီး ခန်းမတံခါး ပွင့်လာသည်နှင့်တစ်ပြိုင်နက် ဖရိုဖရဲမြစ်တစ်စင်းလုံးအား ခန်းမထဲသို့ ဆွဲသွင်းလိုက်ရာ ခန်းမထဲရှိ မြစ် ၁၆ စင်းနှင့် ထပ်သွားတော့မည့်အလား ထင်ရသည်။

“ငါ တာအိုဖြစ်လာရင်”

ချင်မူ၏ အသံက တုန်ခါသွားပြီး မဟာပျက်စီးခြင်းကပ်ဘေး အထက်ကောင်းကင်တွင် ပဲ့တင်ထပ်သွား၏။ “စကြ၀ဠာ ၁၆ စင်းရဲ့ မဟာပျက်စီးခြင်းကပ်ဘေးက ငါ့ရဲ့ စွမ်းအားရင်းမြစ်ဖြစ်လာလိမ့်မယ်… ငါ့ရဲ့မဟာတာအိုက ၁၆ စင်းမြောက် စကြဝဠာကို ဖြတ်ကျော်လိမ့်မယ်”

သခင်လေးသုံးလင်းရှောင်မှာ မျက်နှာအကြီးအကျယ် ပျက်သွားသည်။ သူ၏တာအိုသစ်သီးများမှ အသွင်ပြောင်းလာသော ကောင်းကင်ဘုံသုံးရာ့နှစ်ဆယ်မှာ ပြိုကွဲပျက်စီးတော့မည့် အခြေအနေသို့ ရောက်သွားသည်။

သူ၏ ကောင်းကင်ဘုံများထဲရှိ နတ်ဘုရားများ တစ်ယောက်ပြီးတစ်ယောက် ပြိုကွဲပေါက်ကွဲကာ ဖရိုဖရဲချီမျှင်များအဖြစ် ပြောင်းလဲကုန်ကြသည်။

“ငါ့ရဲ့လောကသစ်ပင်က ၁၆ စင်းမြောက် စကြ၀ဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးထဲမှာ တာအိုပန်းပွင့်ပြီး တာအိုသစ်သီး သီးလိမ့်မယ်”

ချင်မူက ဖရိုဖရဲတာအိုကို အသက်သွင်းလိုက်ရာ မြစ်ထဲရှိ မဟာပျက်စီးခြင်းကပ်ဘေးသည် ဝုန်းခနဲ မြင့်တက်လာပြီး လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက်ကြာပန်း ပတ်ပတ်လည်တွင် လည်ပတ်သွား၏။

“ငါ့ရဲ့ အဆုံးသတ်မြို့ပျက်ကြာပန်းက မဟာပျက်စီးခြင်းကပ်ဘေးစွမ်းအားကို စုပ်ယူပြီး ၁၆ လွှာ ကြာပလ္လင်အဖြစ် ပြောင်းလဲလိမ့်မယ်”

ချင်မူ လက်ညှိုးထိုးလိုက်သည့်အခါ ဖရိုဖရဲမြစ်က ကောင်းကင်ကို ဖြတ်ကျော်လာပြီး သခင်လေးသုံးလင်းရှောင်ဆီသို့ ဖိချလိုက်သည်။ ၎င်းက ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားချေပြီ။ သူ၏အသံက ဖရိုဖရဲများအကြား ပဲ့တင်ရိုက်ခတ်နေသည်။ “ငါက ၁၆ စင်းမြောက် စကြ၀ဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးပေါ်မှာ ထိုင်ပြီး မင်းတို့ကို ဖိနှိပ်မယ်”

ဖရိုဖရဲမြစ်သည် လှိုင်းထန်နေပြီး ၎င်း ရောက်ရှိမလာခင်မှာပင် သခင်လေးသုံးလင်းရှောင်၏ အဝတ်အစားများ တဖျတ်ဖျတ် လွင့်မျောနေ၏။ သူ၏အဝတ်အစားများမှာ သာမန်မဟုတ်ပေ။ သူ၏မဟာတာအိုမှ ပြောင်းလဲဖြစ်ပေါ်လာခြင်းပင်။

ယခုအချိန်တွင် သူ၏တာအိုဝတ်ရုံမှာပင် ချင်မူ၏ ဖိနှိပ်မှုအောက်တွင် အဆက်မပြတ် ပြိုကွဲနေပြီး ဖရိုဖရဲချီမျှင်များအဖြစ်သို့ ပြောင်းလဲပျံ့လွင့်သွားသည်။

သခင်လေးသုံးလင်းရှောင်လည်း မျက်ခုံးလှုပ်သွားပြီး တိုးဝင်လာသော ဖရိုဖရဲမြစ်ကို ကြည့်လိုက်သည်။ မြစ်နောက်တွင် ဧရာမအဆုံးသတ်မြို့ပျက်ကြာပန်းက လည်ပတ်နေပြီး ပွင့်ဖတ်များက ပွင့်လန်းနေ၏။ ကြပပလ္လင်ထဲတွင် ဖရိုဖရဲစွမ်းအင်များ ပြည့်နှက်နေပြီး ကြာပလ္လင်တစ်ခုချင်းစီမှ ပန်းထွက်လာသော ဖရိုဖရဲချီများမှာ လောကထောင်ပေါင်းများစွာ၏ ထူးဆန်းသည့် မြင်ကွင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤလောကထောင်ပေါင်းများစွာ၏ ထူးဆန်းသည့် မြင်ကွင်းမှာ မြစ်ထဲသို့ စီးဝင်သွားပြီး မြစ်နှင့်အတူ သူ့ဆီသို့ တိုးဝင်လာသည်။

ထိုအရာကား ချင်မူ၏ ကောင်းကင်နတ်သိုင်းပင်။

ကြာပလ္လင်အထက်ကောင်းကင်တွင်မူ လောကသစ်ပင်၏ ဧရာမအမြစ်ကြီးများက အရပ်လေးမျက်နှာသို့ ဆန့်တန်းနေပြီး မြစ်ထဲသို့ နက်ရှိုင်းစွာ ထိုးစိုက်ဝင်ရောက်နေ၏။

ဤလောကသစ်ပင်အမြစ်များမှာ လောကထောင်ပေါင်းများစွာ၏ ထူးဆန်းသည့် မြင်ကွင်းကို ဖြတ်သန်းသွားပြီး သူ့ဆီသို့ တိုးဝင်လာကာ ချင်မူ့တိုက်ကွက်၏ အရှိန်အဝါကို မြှင့်တင်ပေးလိုက်သည်။

ချင်မူမှာ တာအို မအောင်မြင်သေးသော်လည်း အနာဂတ်တွင် တာအိုအောင်မြင်ပြီးနောက် ဖြစ်လာမည့် ကြောက်မက်ဖွယ်မြင်ကွင်းကို သူ တွေ့မြင်နေရလေပြီ။

သခင်လေးသုံး၏ ခန်းမက ဖရိုဖရဲမြစ်ထဲမှ ခုန်ထွက်လာသည်။ သူက ဆံပင်များ လွင့်မျောလျက် ရတနာခန်းမရှေ့တွင် ရပ်လိုက်၏။ ရတနာခန်းမ၏ စွမ်းအားကို အထွတ်အထိပ်အထိ တွန်းပို့လိုက်ပြီးနောက် ဖရိုဖရဲမြစ်ကို ရင်ဆိုင်လိုက်သည်။

ချင်မူ့တိုက်ကွက်က သူ့ကို အလေးအနက်ထား ရင်ဆိုင်ရန် ဖိအားပေးလိုက်ချေပြီ။

ဘုန်း…

တိုးဝင်လာသော ဖရိုဖရဲမြစ်မှာ လင်းရှောင်၏ နတ်ကောင်းကင်ခန်းမနှင့် တိုက်မိသွားပြီး အဆက်မပြတ် ကြေမွသွားသည်။ မြစ်ထဲရှိ ကောင်းကင်နတ်သိုင်းကမ္ဘာတို့သည် ပြုံတိုးပြေးဝင်လာ၏။ ချင်မူက ဖရိုဖရဲကောင်းကင်နတ်သိုင်းဖြင့် ကမ္ဘာများကို ပြောင်းလဲဖန်တီးလိုက်သောကြောင့် ကောင်းကင်နတ်သိုင်းတစ်ခုချင်းစီ၏ စွမ်းအားမှာ အလွန်ကြီးမားလှသည်။

“အနန္တအဘိုးအိုက သူ့ကို ကောင်းကောင်း သင်ကြားပေးခဲ့တာပဲ”

သခင်လေးသုံးလင်းရှောင်လည်း အံကြိတ်လိုက်ပြီး လက်ဆန့်ကာ နောက်သို့ ဖမ်းဆွဲလိုက်သည်။ နတ်ကောင်းကင်ခန်းမ၏ ဧကရာဇ်ပလ္လင်ထက်တွင် မဟာတာအိုဖြင့် ဖွဲ့တည်ထားသော နတ်လှံတစ်ချောင်း ရှိနေ၏။

ရုတ်တရက် နတ်လှံက ပျံတက်လာပြီး သူ၏လက်ထဲသို့ ရောက်သည်။

သခင်လေးသုံးလင်းရှောင်က လှံကို ကိုင်၍ ချင်မူ၏ ကောင်းကင်နတ်သိုင်းအား ရင်ဆိုင်လိုက်ရာ ကောင်းကင်နတ်သိုင်းကမ္ဘာ တစ်ခုပြီးတစ်ခု သူ၏ လှံချက်များအောက်တွင် ပျက်စီးသွား၏။

ရွှပ် ရွှပ် ရွှပ်

လှံမှာ မိုးကြိုးမုန်တိုင်းသဖွယ် လောကသစ်ပင်၏ အမြစ်များနှင့် ဝုန်းဒိုင်းကြဲ တိုက်ခိုက်နေ၏။ ချင်မူ၏ တိုက်ကွက်လှိုင်းများက အဆမတန် ပြင်းထန်လာနေပြီး မရေမတွက်နိုင်သော လောကသစ်ပင်အမြစ်များကလည်း အရပ်လေးမျက်နှာမှ ထိုးစိုက်ဝင်ရောက်လာသည်။

သခင်လေးသုံးလင်းရှောင်က လူတစ်ယောက်၊ လှံတစ်ချောင်း၊ ခန်းမတစ်ခုဖြင့် ဖရိုဖရဲမြစ်ထဲမှ လေပြင်းမုန်တိုင်းကို ခုခံနေ၏။ ပတ်ဝန်းကျင်တွင် ဖရိုဖရဲချီများ ပျံ့နှံ့နေပြီး ပိုပို၍ ထူထဲသိပ်သည်းလာသည်။ သူ ချင်မူ၏ တိုက်ကွက်လှိုင်းများကို ဖြိုခွင်းပြီးသည့်အခါတွင် ဖရိုဖရဲမြူခိုးများကို တွေ့လိုက်ရ၏။ မြူခိုးများထဲ၌ မြစ်မှာ အဆုံးမရှိ စီးဆင်းနေ၏။

သခင်လေးသုံးလင်းရှောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လှံရှည်ကို မြစ်ထဲသို့ ထိုးစိုက်လိုက်သည်။ ဖရိုဖရဲမြူခိုးများမှာ ချက်ချင်းပင် အောက်သို့ ကျဆင်းသွားပြီး ပတ်ဝန်းကျင်မှာ ပြန်လည်ရှင်းလင်းသွား၏။

သခင်လေးသုံး၏ မျက်နှာမှာ ဖြူလျော့နေသည်။ မြစ်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး မြစ်ရေပြင်ပေါ်တွင် သူ၏တာအိုသစ်ပင်မှလွဲ၍ အခြားမည်သည့်အရာကိုမှ ရှာမတွေ့နိုင်တော့ချေ။

ချင်မူနှင့် လောကပေါင်းကူးရွှေသင်္ဘောကား အစအနမကျန် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

သခင်လေးသုံးလင်းရှောင်က ဝတ်ရုံကို ခါ၍ နောက်သို့ လှည့်လိုက်၏။ ဝတ်ရုံက တာအိုသစ်ပင်နှင့် နတ်ကောင်းကင်ခန်းမအပေါ် အုပ်မိုးလိုက်သည်။ ဝတ်ရုံကျသွားသည့်အခါတွင် တာအိုသစ်ပင်နှင့် နတ်ကောင်းကင်ခန်းမကား ပျောက်ကွယ်သွား၏။

“ခုနစ်”

သူ၏ကိုယ်ခန္ဓာသည် ဖရိုဖရဲမြစ်ထဲသို့ နစ်မြုပ်သွားပြီး မြစ်ထဲတွင် လမ်းလျှောက်နေ၏။ မဟာပျက်စီးခြင်းကပ်ဘေးသည် သူ့ကို အနည်းငယ်မှ ထိခိုက်စေနိုင်ခြင်း မရှိပေ။

သူ မီလော့နန်းတော်နှင့် ဝေးကွာသွားစဉ် မီလော့နန်းတော်ထဲမှ သခင်လေးလေး၏ အသံ ပျံ့လွင့်လာသည်။

“အစ်ကိုတော်”

သခင်လေးသုံးလင်းရှောင်လည်း ရပ်တန့်လိုက်ပြီး နောက်လှည့်ကြည့်လိုက်၏။ သခင်လေးလေးကျစ်ရှောင်မှာ မီလော့နန်းတော် ကျောက်စိမ်းမြို့တော်၏ မြို့ရိုးပေါ်တွင် ထိုင်နေပြီး သူ့ကို လှမ်းကြည့်နေသည်အား တွေ့လိုက်ရသည်။

“အစ်ကိုတော်၊ စိတ်အစဉ်နဲ့ ဦးတည်‌ချက် ပျောက်သွားလို့ မဖြစ်ဘူး” သခင်လေးလေးကျစ်ရှောင်က အဝေးမှ သတိပေး၏။

“ဒါပေါ့ သေချာပေါက် မပျောက်စေရဘူး”

သခင်လေးသုံးက ချာခနဲ လှည့်၍ ထွက်ခွာသွားပြီး လေးနက်စွာ တုံ့ပြန်သည်။ “ခုနစ်၊ မင်းက မဆင်မခြင် လုပ်လိုက်ပြီ… သေချာပေါက် ကပ်ဘေးကြီး ဖြစ်လာစေလိမ့်မယ်… ငါ တားဆီးရမယ်… လေး၊ မင်းရဲ့ တာအိုနှလုံးသားမှာ ချို့ယွင်းချက် ရှိနေတယ်… ကိုယ့်ရဲ့ တာအိုနှလုံးသားကို ကာကွယ်ထား”

သခင်လေးလေးလည်း မျက်မှောင်ကြုတ်လိုက်ပြီး နားမချတော့ချေ။

မကြာမီ သခင်လေးသုံးလင်းရှောင်သည် မဟာပျက်စီးခြင်းကပ်ဘေး၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်လာ၏။ ထိုနေရာတွင် အဆုံးသတ်မြို့ပျက်ချောက်နက်ကြီးတစ်ခုထဲမှ အဆုံးမဲ့သော စွမ်းအင်များ စီးထွက်ကာ မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားကို တိုးမြင့်စေနေသည်အား တွေ့လိုက်ရသည်။

သူက အဆုံးသတ်မြို့ပျက်ဝင်ပေါက်တွင် ရပ်ကာ တုံ့ဆိုင်းနေ၏။ ထိုနေရာတွင် အနီရောင်ကြိုးများမှာ ပင့်ကူအိမ်ကဲ့သို့ ယှက်ဖြာနေပြီး မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားကို တားဆီးထားသည်။ ၎င်းမှာ မဟာပျက်စီးခြင်းကပ်ဘေး၏ ဖျက်ဆီးခြင်း မခံရပေ။

ဆဋ္ဌမမြောက်အနီရောင်ကြိုးမှာ ပိုလျှံနေသော ဆဋ္ဌမမြောက်လက်ချောင်းပမာ အထင်းသား ထွက်ပေါ်နေသည်။

All Chapters