ဘာလို့မစွန့်ခွာနိုင်တာလဲ နားလည်ပြီ
Vol. 68 Ch. 1007
လုချန်း၏ စကားများကို ကြားသောအခါ စုဟန်ယန်၏ နှလုံးသားထဲတွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ ဟုတ်ပါသည်။ သူမ ထိုကိစ္စကို အဘယ်ကြောင့် မစဉ်းစားမိခဲ့သနည်းဟု အံ့ဩမိသည်။
လုချန်း၏ နတ်လှေကို ကြည့်ရုံမျှဖြင့် သူ၏ အဆင့်အတန်း သာမန်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။ သူသည် အရေးပါသော အင်အားစုတစ်ခုမှ အလွန်အဆင့်မြင့်သောသူ တစ်ဦး ဖြစ်ရမည်။
သူ၏ အဆင့်အတန်းနှင့်ဆိုလျှင် သူ မပိုင်ဆိုင်နိုင်သည့် အမျိုးသမီး မရှိပေ။ သူ့အတွက် စတေးခံမည့်သူများအား ဤကမ္ဘာမှ ရွေးချယ်ရန် မလိုအပ်ပေ။
သူသာ သူ၏ ကမ္ဘာသို့ ပြန်သွားလိုက်သည်နှင့် သူ၏ စကားတစ်ခွန်းတည်းကပင် အမျိုးသမီး ကျင့်စဉ်ကျင့်သူ အများအပြားအား သူ့အတွက် အသက်စွန့်စေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အခြားသူများအား စိတ်ခံစားမှုများဖြင့် ထိန်းချုပ်ရန် အမှန်တကယ် မလိုအပ်ပေ။
အထူးသဖြင့် လုချန်း၏ နောက်ဆုံး စကားဖြစ်သည်။ သူက သူမ သူ့ကို စွန့်ခွာသည်ဖြစ်စေ မစွန့်ခွာသည်ဖြစ်စေ လုံးဝ ဂရုမစိုက်သကဲ့သို့ ထင်ရသည်။
လုချန်းတွင် အမှန်တကယ်လည်း အခြား ရည်ရွယ်ချက်များ ရှိပုံမရပါ။ သူသည် ယောက်ျားနှင့် မိန်းမတို့ကြား ပျော်ရွှင်မှုများ ခံစားရန်သာ သူမ၏ ခန္ဓာကိုယ်ကို လိုချင်ခဲ့ခြင်း ဖြစ်နိုင်သည်။
သူမက အရာရာကို အလွန်အကျွံ တွေးနေမိခြင်းလား။
သူမ၏ ခန့်မှန်းချက်များ လွဲချော်နေပြီလားဟု စုဟန်ယန် သံသယဝင်လာသည်။
စုဟန်ယန် တိတ်ဆိတ်သွားပြီး တစ်စုံတစ်ခုကို တွေးတောနေသကဲ့သို့ ဘေးဘက်သို့ ကြည့်နေသည်။ ထိုအခါ လုချန်းက ဆက်လက်၍
“ကျန်းဝမ်နဲ့ ချင်ရို့တို့ ခင်ဗျားကို ပြောပြပြီးလောက်ပြီ။ ကျွန်တော်က ကျွန်တော်ဇနီး တွေရဲ့လှုပ်ရှားမှုတွေကို မကန့်သတ်ဘူး။ သူတို့ သွားချင်တဲ့နေရာကို သွားနိုင်တယ်။”
“ဒါက ခင်ဗျားအတွက်လည်း အတူတူပဲ။”
ထိုအခိုက်တွင် စုဟန်ယန်က စမ်းသပ်သည့် သဘောဖြင့်
“ကျွန်မကို ပိရှကမ္ဘာ ပြန်ပို့ပေးဖို့ တောင်းဆိုရင်ကော။”
လုချန်းက ပြုံးလျက်
“အခုတော့ မရသေးဘူး။ ကျွန်တော် နတ်ဘဝပြောင်းလဲခြင်း အဆင့် ဒါမှမဟုတ် ပြန်လည်ပျက်စီးခြင်းနယ်ပယ်ကို ရောက်ဖို့လိုတယ်။ ပြီးတာနဲ့ ခင်ဗျားကို ပိရှကမ္ဘာ ပြန်ခေါ်သွားပေးမယ်။”
ထိုသို့ ကြားသောအခါ စုဟန်ယန် ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူမသည် လုချန်း၏ စကားများကို မယုံကြည်သော်လည်း ထိုအချိန်တွင်တော့ သူမ ဒါတွေကို ဂရုစိုက်မစိုက်တော့ပေ။
သူမ၏ ပရိယာယ်လေးများကို ဤယောက်ျားကမြင်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူမလည်း သူ၏အနားတွင် နေကာ ပိုမို အားကောင်းလာအောင် ဆက်လက်ကျင့်ကြံဖို့ စဉ်းစားလိုက်သည်။ အနာဂတ်တွင် အခွင့်အရေးပေါ်လာသောအခါမှ သူမ ထွက်ပြေးမည်။
အခု ထွက်ပြေးခြင်းက သူမအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်လိမ့်မည်။ သူမသည် သူမ၏ ခန္ဓာကိုယ်ကို ဆုံးရှုံးရုံသာမက သူမ၏ တိုက်ရိုက်တပည့်နှစ်ယောက်ကိုလည်း မကယ်တင်နိုင်သေးပေ။ အခု ထွက်ပြေးခြင်းသည် အလွန်တန်ဖိုးကြီးလွန်းသည်။
ထို့ကြောင့်သူမ ထွက်ပြေးရမည်ဆိုလျှင်ပင် လုချန်းထံမှ လုံလောက်သော အကျိုးကျေးဇူးများကို ရရှိပြီးသည်အထိ စောင့်ဆိုင်းမည်ဖြစ်သည်။
ထိုသို့ တွေးကာ စုဟန်ယန်က
“မင်းကြီး ဒီတစ်ခါတော့ ကတိ တည်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။”
တကယ်တော့ စုဟန်ယန် လုချန်း၏ စကားများအပေါ် မည်သည့် မျှော်လင့်ချက်မှ မထားပေ။ သူက သူမကို နောက်တစ်ကြိမ် လိမ်ညာနေသည်ဟုသာ သူမ ယူဆခဲ့သည်။ သို့သော် အနာဂတ်တွင် သူ့ထံမှ ထွက်ခွာဖို့ နည်းလမ်းရှာရန် သူမ စဉ်းစားထားပြီးဖြစ်သည့်အတွက် ထိုအရာကို ဂရုမစိုက်တော့ပေ။
ထိုအခိုက်တွင် စုဟန်ယန် လုချန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်ကာ
“မင်းကြီးက ကျွန်မရဲ့ ခန္ဓာကိုယ်ကို ရယူခဲ့ပြီး လဝက်ကျော်ကြာအောင် ကစားခဲ့ပြီးပြီ”
“ကျွန်မကို ပြန်ခွင့်ပြုဖို့ အချိန်တန်ပြီ မဟုတ်ဘူးလား။”
လုချန်းက ခပ်ရေးရေး ပြုံးလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
“ခင်ဗျား ပြန်ချင်တယ်ဆိုရင် ကျွန်တော် ခင်ဗျားကို တားမှာ မဟုတ်ပါဘူး။”
လုချန်း ထရပ်လိုက်သည်နှင့် ရုတ်တရက် လစ်ဟာမှု တစ်ခုကို စုဟန်ယန် ခံစားလိုက်ရသည်။ သို့သော် သူမ ဤသို့ ခံစားနေ၍ မဖြစ်နိုင်ဟု တွေးကာ မိမိကိုယ်ကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။
လစ်ဟာသည်ဟု ခံစားရပါက သူမ ထိုယောက်ျား၏ ခန္ဓာကိုယ်နှင့် ထိတွေ့ခြင်းအား အသားကျနေပြီဟု ဆိုလိုသည် မဟုတ်ပါလား။ သူမ ဒီလို အကျင့်ဖြစ်သွားမည်ကို မလိုချင်ပေ။
စုဟန်ယန် သူမ၏ ငွေရောင် သွားများကို ကိုက်ကာ တစ်စုံတစ်ခုကို သည်းခံနေပုံရသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်
“ဘာဖြစ်တာလဲ။ ခင်ဗျား အရမ်း မသက်မသာ ဖြစ်နေပုံရတယ်။”
စုဟန်ယန်က အလျင်အမြန်ပင်
“ကျွန်မ အဆင်ပြေပါတယ်”
သူမ၏ အခက်အခဲကို လုချန်း မမြင်စေလိုပေ။ သူမ မည်သို့ ခံစားရသည်ကို သူ သိသွားပါက သူမ ဤကိစ္စကို စွဲလန်းသွားပြီဟု သူထင်သွားလိမ့်မည်။
ထို့နောက် စုဟန်ယန်က လုချန်းကို ကြည့်ကာ “မင်းကြီးမှာလည်း လုပ်စရာ ကိစ္စတွေ ရှိဦးမှာ။ ဒီမှာ ကျွန်မနဲ့ အချိန်ဖြုန်းမနေပါနဲ့”
သူမ၏ ခန္ဓာကိုယ်က သူ့အနားတွင် ရှိချင်နေသည်။ ထို့ကြောင့် ဤယောက်ျား အမြန် ထွက်သွားရန် စုဟန်ယန် မျှော်လင့်နေသည်။
စုဟန်ယန်က သူ ထွက်ခွာသွားရန် စိတ်အားထက်သန်နေပုံရသည်ကို လုချန်း သိမြင်လိုက်သည်။ သို့သော် သူက ချက်ချင်း ထမသွားပဲ စုဟန်ယန်၏ လက်ကို ဆွဲယူလိုက်ပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
စုဟန်ယန် ခဏခန့် လန့်သွားပြီး လုချန်း ထိုအရာကို ဆက်လုပ်မည်ဟု ထင်လိုက်သည်။ သူမက စိုးရိမ်တကြီးဖြင့်
“မင်းကြီး ဘာလုပ်နေတာလဲ...”
သူမသည် လုချန်း၏ အမျိုးသမီး ဖြစ်သွားခဲ့ပြီ ဖြစ်သော်လည်း ဤအရာ ဆက်ဖြစ်နေသည်ကို မလိုချင်ပေ။ ဤအရာ ကြာရှည်လာပါက သူမ၏ ခန္ဓာကိုယ်တွင် မလိုလားအပ်သော အလေ့အကျင့်များ ဖြစ်ပေါ်လာမည်ကို သူမ ကြောက်ရွံ့သည်။
အချိန်ကြာလာသည်နှင့်အမျှ လုချန်း သူမကို ထားသွားသည့်အခါတိုင်း သူမ၏ စိတ်ထဲ ပို၍ လစ်ဟာလာမည်ဖြစ်သည်။
လုချန်းက
“ကျွန်တော်တို့ လဝက်လောက် လှုပ်ရှားခဲ့ကြပြီ။ ခန္ဓာကိုယ်ပေါ်မှာ အညစ်အကြေးတွေ ဒီလောက် များနေတာ ရေချိုးသင့်တယ် မဟုတ်ဘူးလား။”
ထိုသို့ ပြောပြီး လုချန်းက တံခါးဝရှိ အစေခံမလေးအား
“ရေနွေး အဆင်သင့် ဖြစ်ပြီလား”
အစေခံမလေးက ချက်ချင်းပင်
“မင်းကြီး။ အဆင်သင့် ဖြစ်ပါပြီ”
နဂါးနက်နိုင်ငံ၏ နန်းတော်သည် ရန်ခရိုင်၏ နန်းတော်ကဲ့သို့ အဆင်ပြေမှု မရှိပေ။ သို့သော် လုချန်း ဤနန်းတော်တွင် နေထိုင်ခဲ့သည့် အချိန်မှစ၍ သူ၏ အလေ့အထတစ်ခုကို အစေခံမလေးများ ကောင်းကောင်းသိရှိထားကြသည်။ လှုပ်ရှားမှုများပြီးတိုင်း လုချန်း ရေချိုးတတ်သဖြင့် နေ့စဉ် ရေနွေးပြင်ဆင်ထားလေ့ရှိသည်။
အစေခံမလေး၏ အဖြေကို ကြားသောအခါ လုချန်းက စုဟန်ယန်ကို ပွေ့ချီလိုက်သည်။ စုဟန်ယန်လည်း သူမ ပြုတ်ကျမှာ စိုးသဖြင့် သူမ၏ လက်များကို လုချန်း၏ လည်ပင်းတွင် ကြာပန်းအမြစ်များကဲ့သို့ အလိုအလျောက် ရစ်ပတ်လိုက်သည်။
ထို့နောက်တွင် လုချန်းလည်း စုဟန်ယန်ကို ကပ်လျက်ရှိ ရေချိုးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဤအခန်းတွင် ရေချိုးကန်များ ရှိသော်လည်း ရန်ခရိုင် နန်းတော်ရှိ ရေချိုးကန် များကဲ့သို့ ကြီးမားခမ်းနားခြင်း မရှိပေ။ သို့သော် ရေစိမ်ဖို့တော့ ပြဿနာ မရှိပေ။
ထို့နောက် နှစ်ဦးသား ရေချိုးကန်ထဲသို့ ဝင်ရောက်သွားကြသည်။ လုချန်းက စုဟန်ယန်၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ထားပြီး သူ၏ လက်များက သူမ၏ ခန္ဓာကိုယ်အနှံ့ လှည့်လည်သွားလာနေသည်။
စုဟန်ယန်လည်း အနည်းငယ် လက်လျှော့လိုက်ပြီး လုချန်း၏ ရင်ဘတ်ပေါ် မှီလျက် သူ့ သဘောအတိုင်း ခွင့်ပြုလိုက်သည်။
ထို့နောက် ရေချိုးခန်းထဲတွင် အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်စွာ ချစ်တင်းနှောခဲ့ကြသည်။ ရေချိုးခန်းမှ ထွက်လာပြီးနောက် လုချန်းလည်း စုဟန်ယန်ကို နဂါးကုတင်သို့ နောက်ဆုံးတွင် ပြန်ခေါ်လာပေးပြီး သူမကို ကုတင်ပေါ် တင်ပေးကာ ချန်နင်နန်းဆောင်မှ ထွက်ခွာသွားတော့သည်။
သူ ချန်နင်နန်းဆောင်မှ ထွက်ခွာသွားသည်ကို ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ ကြားသိလိုက်ပြီးသည်နှင့် ချက်ချင်း ချန်နင်နန်းဆောင်သို့ ရောက်လာကြသည်။
ထိုအခိုက်တွင် စုဟန်ယန်သည် အစေခံမလေး တစ်ယောက်၏ အကူအညီဖြင့် အဝတ်အစားလဲပြီးဖြစ်ကာ ထွက်ခွာရန် ပြင်ဆင်နေသည်။ ထိုအချိန်တွင် သူမ၏ တပည့်နှစ်ယောက် အခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။
စုဟန်ယန်က သူမ၏ ဘေးရှိ အစေခံမလေးများအား
“မင်းတို့ သွားနိုင်ပြီ”
“ဟုတ်ကဲ့ သခင်မ”
အစေခံမလေးများ ထွက်သွားသည်နှင့် စုဟန်ယန်၏ ခန္ဓာကိုယ်လည်း မထိန်းချုပ်နိုင်ပဲ ပျော့ခွေသွားသည်။ စုဟန်ယန် ယိမ်းယိုင်သွားသည်ကို မြင်သောအခါ ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ အလျင်အမြန် ပြေးလာကြပြီးသူမ၏ ခန္ဓာကိုယ်ကို ဘယ်ညာ နှစ်ဖက်မှ ထောက်ကူပေးလိုက်ကြသည်။
ဝူကျန်းဝမ်က စိုးရိမ်တကြီးဖြင့်
“ဆရာမ အဆင်ပြေရဲ့လား”
အမှန်တကယ်တော့ စုဟန်ယန် ထိုသို့ဖြစ်ခြင်းကို သူတို့နှစ်ဦး အံ့ဩခြင်း မရှိကြပေ။ လုချန်းသည် ထိုသို့သော လှုပ်ရှားမှုမျိုး ပြုလုပ်နေစဉ်အတွင်း စိတ်ဝိညာဉ် စွမ်းအားများ ဆက်တိုက် ထည့်သွင်းပေးတတ်သဖြင့် မသက်မသာ ခံစားရခြင်းမှ ကာကွယ်ပေးခဲ့သည်။
သို့သော် ထိုသာယာမှုက အလွန်အမင်း ပြင်းပြနေခဲ့သည်။ ထို့ကြောင့် ရုတ်တရက် ပုံမှန်အခြေအနေသို့ ပြန်ရောက်လာသည့်အခါ သူတို့၏ ခန္ဓာကိုယ်များသည် ပြန်လည် နာလန်ထူရန် နှေးကွေးခဲ့သည်။ ထိုအရာက စုဟန်ယန် ယခု ခံစားနေရသော အခြေအနေ ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်လည်း ပြန်လည် နာလန်မထူသေးပေ။
စုဟန်ယန်သည် သူမ၏ လက်ကို မြှောက်ကာ နဖူးကို ညင်သာစွာ ပွတ်သပ်လျက်
“မင်းတို့ရဲ့ ဆရာ... အဆင်ပြေပါတယ်...”
သူမ ထိုသို့ ပြောလိုက်သော်လည်း စုဟန်ယန်၏ စိတ်ထဲတွင် လုချန်းကို ကျိန်ဆဲနေပြီ ဖြစ်သည်။
ဒီလူက လူရော ဟုတ်သေးရဲ့လား။
ဝူကျန်းဝမ်က
“ဆရာမ နည်းနည်းငယ် ပိုပြီး လဲလျောင်းပြီး အနားယူလိုက်ပါလား။”
စုဟန်ယန်က
“မလိုပါဘူး။ ငါ လဝက်လောက် မပြန်ရသေးဘူး။ မြူခိုးမှော်ဂိုဏ်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ မသိရသေးဘူး။”
နန်းတွင်း၌ သီးသန့်ကျင့်ကြံနေကြောင်း သတင်းဖြန့်ခဲ့သော်လည်း သူမ ပျောက်ဆုံးနေသည်မှာ လဝက် ရှိပြီဖြစ်သည်။ သူမ ဖြန့်ဝေခဲ့သည့် သတင်းစကားက မြူခိုးမှော်ဂိုဏ်းမှ ထွက်ခွာလိုသော အဖွဲ့ငယ်များကို တားဆီးနိုင်ခဲ့ခြင်း ရှိမရှိ မသိရသေးပေ။
စုဟန်ယန် မြူခိုးမှော်ဂိုဏ်းနှင့် ပတ်သက်၍ စိုးရိမ်နေသည်ကို မြင်လိုက်ရပြီး လီချင်ရို့ က အလျင်အမြန်ပင်
“ဆရာမ နန်းတွင်းမှာ ရှိနေတုန်း မြူခိုးမှော်ဂိုဏ်းက တပည့်တွေ နေ့တိုင်း လာပါတယ်။ သူတို့က ဂိုဏ်းရဲ့ အခြေအနေကို ကျန်းဝမ်နဲ့ ကျွန်မကို သတင်းပို့ပါတယ်။ အဲ့ဒီမှာ အားလုံး အဆင်ပြေပါတယ်။”
လီချင်ရို့၏ စကားများကို ကြားသောအခါ စုဟန်ယန် စိတ်သက်သာရာ ရသွားသည်။ သို့သော် သူမ မြူခိုးမှော်ဂိုဏ်းသို့ ချက်ချင်း အလျင်စလို ပြန်သွားရန် စီစဉ်နေဆဲ ဖြစ်သည်။
သူမ လုချန်းကို စတင် ကြောက်ရွံ့လာသည်။ သူမ နန်းတွင်း၌ နောက်ထပ် တစ်ရက် နေခဲ့ပါက နောက်ထပ် လဝက်ကြာအောင် အခန်းထဲ မှ ထွက်ခွာခွင့် မပြုတော့မည်ကို သူမ ကြောက်နေသည်။
ထို ရူးသွပ်သော ခံစားချက်ကို နောက်တစ်ကြိမ် သူမ မခံစားလိုပေ။ အမြန်ဆုံး ထွက်ပြေးခြင်းက ပိုကောင်းသည်။
စုဟန်ယန် ထွက်ခွာရန် ပြင်ဆင်နေစဉ် သူမ၏ စိတ်စွမ်းအားများ နောက်တစ်ကြိမ် လှုပ်ခါသွား၏။ သူမ၏ ခန္ဓာကိုယ်၌ အင်အား မရှိသေးပေ။
ထိုအခြေအနေကို မြင်သောအခါ လီချင်ရို့က တိုက်ရိုက်ပင်
“ဆရာမနဲ့ လုချန်းတို့ လဝက်ကျော်ကြာ အတူရှိနေခဲ့ကြတာပါ။ ဒီအခြေအနေနဲ့ ရုတ်တရက် အသားမကျနိုင်တာက သဘာဝပါပဲ။ အခု ဆရာမ နားနေတာ ပိုကောင်းမယ်။”
လီချင်ရို့၏ စကားများကို ကြားသောအခါ သူမ၏ မျက်နှာ ပူလောင်လာသည်ကို စုဟန်ယန် ခံစားလိုက်ရသည်။ ထိုယောက်ျားသည် အစက သူမ၏ တပည့်နှစ်ယောက်နှင့် သက်ဆိုင်သူ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူက သူတို့၏ ဆရာမကိုပါ ဝါးမြိုလိုက်ခြင်း ဖြစ်သည်။
စုဟန်ယန် တစ်စုံတစ်ခု မပြောနိုင်မီတွင် အမျိုးသမီးနှစ်ဦးလည်း သူမကို နဂါးကုတင်ပေါ်သို့ တွဲတင်ပေးလိုက်ကြသည်။ ဤတစ်ကြိမ်တွင် စုဟန်ယန်လည်း ထရန် အတင်းအကျပ် မတောင်းဆိုတော့ဘဲ ရိုးရိုးလေး ထိုင်ချလိုက်သည်။
ထို့နောက် အမျိုးသမီးနှစ်ဦးသည် စုဟန်ယန်ကို ကုတင်ပေါ် လှဲချပေးပြီး စောင်ဖြင့် လွှမ်းခြုံပေးလိုက်ကြသည်။
လဲလျောင်းနေစဉ် စုဟန်ယန်၏ စိတ်ထဲ ပြီးခဲ့သော လဝက်မှ ဖြစ်ရပ်များကို ပြန်ပြောင်း အမှတ်ရလာသည်။ ထိုအရာများကို တွေးလိုက်သည့်အခါ ကြီးမားသော အရှက်ရမှုကို သူမ ခံစားလိုက်ရသည်။
သူမသည် လုချန်းအတွက် လုံးဝ ကစားစရာ တစ်ခု ဖြစ်သွားခဲ့ပြီဟု ခံစားလိုက်ရသည်။
စုဟန်ယန် သက်ပြင်းချလိုက်ပြီး
“မင်းတို့နှစ်ယောက် ဘာလို့ အဲ့ဒီလူကို မစွန့်ခွာနိုင်တာလဲဆိုတာ နောက်ဆုံးတော့ နားလည်ပါပြီ။”
ဝူကျန်းဝမ်က ချက်ချင်းပင်
“ ဆရာမ။ ဆရာမလည်း...”
ဝူကျန်းဝမ် စကားမဆုံးမီ စုဟန်ယန်က ကြားဖြတ်၍
“အဲဒီအချက်ကြောင့်ပဲ ဒီယောက်ျား ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ သက်သေပြနေတာပဲ။”
ဒါက...
ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ကို စုဟန်ယန် ကြည့်လိုက်သည်။ သူမ၏ တပည့်နှစ်ယောက် လုချန်းထံမှ မည်သည့်အခါမှ ထွက်ပြေးနိုင်မည် မဟုတ်ကြောင်း သူမ သိထားသည်။ ထို့ကြောင့် သူမ နောက်ထပ် စကားများများ ပြောရန် မစဉ်းစားထားပေ။
ထိုခံစားချက်များကို သူမကိုယ်တိုင် ခံစားပြီးနောက် လုချန်း၏ နည်းလမ်းများ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူမ သိလိုက်ရသည်။ မည်သည့် အမျိုးသမီးက ထိုသို့သော နည်းလမ်းများကို ခံနိုင်ရည်ရှိမည်နည်း။
သူ၏ ရုပ်ရည်ချောမောခြင်းက တစ်ပိုင်းဖြစ်သည်။ သို့သော် သူ၏ စွမ်းရည်များက အလွန် ထူးခြား၏။ အဓိက အချက်မှာ စုံတွဲကျင့်စဉ်ကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ၎င်းက အမျိုးသမီးများ၏ ကျင့်စဉ်အခြေအနေကို လျင်မြန်စွာ မြှင့်တင်ပေးနိုင်ရန် ကူညီပေးသည်။
ထိုသို့သော ယောက်ျားတစ်ဦးကို ရင်ဆိုင်ရပါက ကျင့်စဉ်လောကရှိ မည်သည့် အမျိုးသမီး ကျင့်စဉ်ကျင့်သူမှ သူ့ကို ချစ်မိခြင်းမှ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
သို့သော် ထိုအချက်ကြောင့်ပင် စုဟန်ယန် လုချန်းထံမှ ထွက်ခွာရန် ဆုံးဖြတ်ထားသည်။
သူမ လုချန်းနားတွင် ဆက်နေပါက သူ၏ကျင့်စဉ်မီးဖို သို့မဟုတ် စတေးခံပေးသူ မဖြစ်လာခဲ့လျှင်ပင် သူ၏ ကစားစရာ ဖြစ်နေဦးမည် ဖြစ်သည်။
လုချန်းလို လူတစ်ယောက်၏ ကစားခံရပါက တစ်နေ့နေ့တွင် သူမ၏ ကျင့်စဉ်စိတ်ဓာတ်များ ပျက်စီးသွားနိုင်သည်။ ထိုအခါ သူမ လုံးဝ ကျဆုံးသွားကာ တဏှာစိတ်များ၏ ကျွန် ဖြစ်သွားမည်ကို သူမ ကြောက်ရွံ့သည်။
သူမ ထိုသို့သော ကစားစရာမျိုး ဖြစ်လိုခြင်း မရှိပေ။
စုဟန်ယန် စိတ်ဓာတ် အနည်းငယ် ကျဆင်းနေသည်ကို ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ ရိပ်မိလိုက်ကြသည်။ ထို့ကြောင့် သူတို့ ဆက်လက် စကားမပြောကြတော့ပေ။ သူတို့လည်း ယခင်က ထိုအရာကို ခံစားခဲ့ဖူးကြသဖြင့် စုဟန်ယန် ယခု ဘာတွေ တွေးနေသည်ကို ရှင်းရှင်းလင်းလင်း နားလည်ကြသည်။
လုချန်းနှင့် နောက်ထပ် အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက် သူမ သဘာဝအတိုင်း အသားကျသွားပေမည်။
ဒါက အစမျှသာ ဖြစ်ပြီး အနည်းငယ် ခုခံခြင်းက လုံးဝ ပုံမှန်ပင် ဖြစ်သည်။