← Chapters

ဒီခံစားချက် ရပြန်ပြီ

Vol. 68 Ch. 1008

ဒီခံစားချက် ရပြန်ပြီ

Vol. 68 Ch. 1008

လုချန်းသည် ချန်နင်နန်းတော်မှ ထွက်ခွာလာပြီး ကောင်းကင်ထက်ရှိ မိုးပျံလှေပေါ်သို့ ပြန်လာခဲ့သည်။

မိုးပျံလှေ၏ ကုန်းပတ်ပေါ်သို့ ရောက်သောအခါ အေးစက်သော အသံတစ်ခုကို ကြားလိုက်ရသည်။

“နောက်ထပ် မိန်းမလှလေးတစ်ယောက်ကို ရလိုက်တဲ့အတွက် ဂုဏ်ယူပါတယ် မင်းကြီး။ သူက မင်းကြီးကို တော်တော်လေး သဘောကျစေခဲ့ပုံပဲ။ ဒါကြောင့် လဝက်လောက်တောင် သူ့အခန်းထဲကနေ မထွက်လာခဲ့တာပေါ့။”

အသံလာရာသို့ လိုက်ကြည့်လိုက်ရာ မိုးပျံလှေပေါ်ရှိ အဆောင်ငယ်တစ်ခု၏ အမိုးပေါ်တွင် ရပ်နေသော ယွမ်ရှန်ရှန်ကို တွေ့လိုက်ရသည်။ သူမသည် သူ့ကို တည့်တည့် စိုက်ကြည့်နေခဲ့သည်။

သူမသည် ခြေဖျားထောက်ကာ ရပ်နေပြီး လူ့လောကသို့ ဆင်းလာသော နတ်သမီးတစ်ပါးကဲ့သို့ အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူမ၏ ဆံပင်ရှည်များမှာ ရေတံခွန်ကဲ့သို့ စီးကျနေပြီး လေပြေထဲတွင် ညင်သာစွာ တဖျပ်ဖျပ်လွင့်နေကာ နေရောင်ခြည်က ထိုအရာပေါ်တွင် ငွေရောင်အလင်းတန်းများအသွင် ဖြစ်ပေါ်စေသည်။

သူမ၏ မျက်နှာသည် လောကီဆန်ခြင်းကင်းပြီး ကြော့ရှင်းလှပကာ သူမ၏ မျက်လုံးများမှာ ဆောင်းဦးည၏ ကြယ်တာရာများကဲ့သို့ နက်ရှိုင်းပြီး တောက်ပနေကာ လျှို့ဝှက်ဆန်းကြယ်၍ စွဲမက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ထိုအခိုက်တွင် ယွမ်ရှန်ရှန်သည် တိမ်တိုက်ကဲ့သို့ ပေါ့ပါးသော အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။

သူမ၏ သွယ်လျသော ခါးကို လှပသော ခါးပတ်တစ်ခုဖြင့် ညင်သာစွာ ပတ်ထားပြီး သူမ၏ ကျော့ရှင်းသော ကိုယ်ဟန်ကို ပိုမို ပေါ်လွင်စေသည်။

ဓားရှည်ကို ကိုင်ထားသော သူမ၏ လက်ချောင်းများသည် သေသပ်စွာ ထုဆစ်ထားသော ကျောက်စိမ်းပန်းပုကဲ့သို့ နူးညံ့ပြီး ရှည်လျားနေသည်။

ယွမ်ရှန်ရှန်၏ အေးစက်သော စကားများကို ကြားသောအခါ လုချန်း အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် အလင်းအရိပ် လှုပ်ရှားမှုဖြင့် သူမ၏ နောက်သို့ ချက်ချင်းရောက်ရှိသွားပြီး သူမ၏ ချိုင်းအောက်မှ လက်လျှိုကာ သွယ်လျသော ခါးကို ပွေ့ဖက်လိုက်သည်။

ထို့နောက် ယွမ်ရှန်ရှန်၏ နား နားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

“ကျွန်တော့်အလှလေး သဝန်တိုနေတာပဲဖြစ်ရမယ်။ ဒီလိုဆိုရင်တော့ နောက် လဝက်လောက် ကျွန်တော် ဆရာမကို ပြန်ပြီးအလျော်ပေးရမှာပေါ့ “

ဤစကားကို ကြားသောအခါ ယွမ်ရှန်ရှန် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

“မလိုပါဘူး။ ငါက အဲ့ဒီလောက် သဘောထားမသေးသိမ်တတ်ပါဘူး”

ယွမ်ရှန်ရှန်၏ စကားများကို လုချန်း လျစ်လျူရှုလိုက်သည်။ နောက်တစ်ခဏတွင် သူက အလင်းအရိပ် လှုပ်ရှားမှုကို တစ်ဖန် အသုံးပြုကာ သူမကို မိုးပျံလှေပေါ်ရှိ သူ၏ အိပ်ဆောင်သို့ ခေါ်ဆောင်သွားလိုက်သည်။

လုချန်းသည် ဤသို့ အလျင်လိုနေသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး

“တခါတလေ ငါ တကယ်တွေးမိတယ်။ မင်းက နတ်ဆိုးတစ်ကောင်များလားလို့။ အမြဲတမ်း ဒီလိုကိစ္စတွေပဲ တွေးနေတာပဲ။”

လုချန်းက မျက်နှာပူခြင်း မရှိပဲ

“နတ်ဆိုး ဟုတ်လား။ ဘယ်နတ်ဆိုးက ကျွန်‌ တော့်လောက် အစွမ်းရှိလို့လဲ။”

ယွမ်ရှန်ရှန် လုံးဝ စကားမပြောနိုင်တော့ချေ။ ဤလူက ထိုစကားကို ချီးမွမ်းစကားဟု ထင်နေသည် မဟုတ်ပါလား။ ဘာမှ ထပ်မပြောရန် ယွမ်ရှန်ရှန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူမသည် ယခုအခါ ဤလူ၏ မိန်းမ ဖြစ်နေပြီဖြစ်ပြီး သူသာ သူမအပေါ် တစ်ခုခု တကယ်လုပ်ချင်လျှင် သူမတွင် ခုခံရန် နည်းလမ်းမရှိချေ။

သို့သော် လုချန်း ရှေ့ဆက်မတိုးခဲ့ပေ။ ထိုအစား ယွမ်ရှန်ရှန်၏ ခါးကို ဖက်ထားပြီး သူ၏ လက်ကို ဝှေ့ယမ်းကာ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သူတို့နှစ်ဦး၏ ဖိနပ်များကို ချွတ်လိုက်သည်။ ထို့နောက် ယွမ်ရှန်ရှန်ကို သူ၏ ရင်ခွင်ထဲ လှဲလျောင်းစေပြီး ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ အနားယူလိုက်ကြသည်။

လုချန်း ရှေ့ဆက်မတိုးသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်လည်း သူ၏ ပွေ့ဖက်မှုထဲတွင် ပို၍ သက်သောင့်သက်သာရှိသော အနေအထားကို ရှာရန် သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လိုက်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် လုချန်းက စကားစပြောလိုက်သည်။

“ကိုယ့်အလှလေး စိတ်မပူပါနဲ့။ ကိုယ့်မှာ မိန်းမဘယ်နှစ်‌ယောက်ပဲရှိရှိ မင်းက ကိုယ့်နှလုံးသားထဲမှာ အရမ်းကို အရေးပါတဲ့နေရာမှာ ရှိနေဆဲပါ။”

ယွမ်ရှန်ရှန်၏ တုံ့ပြန်မှုက အေးစက်လှသည်။

“ရှင်က ကျွန်မကို ရှင့်ရဲ့ တခြားမိန်းမတွေလို ချော့လိုက်ရုံနဲ့ ကျေနပ်သွားမယ်လို့ ထင်နေတာလား။ ရှင့်ရဲ့ ချစ်စကားတွေကို ရှင်နဲ့ ရင်းနှီးနေတဲ့ မိန်းမတွေအတွက်ပဲ သုံးပါ။ ကျွန်မကို လာပြောပြီး အလုပ်ရှုပ်မခံပါနဲ့။”

လုချန်း ရယ်မောလိုက်၏။ ယွမ်ရှန်ရှန်ကို ချော့ရန် ခက်ခဲမှန်း သူ ကောင်းကောင်းသိသည်။ သို့သော် မိန်းမများသည် ထိုသို့သော စကားများကို မကြိုက်ဟု ဆိုလျှင်ပင် ကြားလိုက်ရသည့်အခါ ရင်ထဲတွင် လှုပ်ခတ်မှုကို ခံစားရစမြဲ ဖြစ်သည်။

လုချန်း ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ယွမ်ရှန်ရှန်က

“ကျွန်မ ဒီရက်ပိုင်း နည်းနည်း စိတ်ဂနာမငြိမ်ဖြစ်နေတယ်။”

လုချန်းက နားမလည်စွာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ။ တကယ်ပဲ သဝန်တိုနေတာလား”

ယွမ်ရှန်ရှန်သည် ခံစားချက်ကင်းမဲ့စွာဖြင့်

“ရှင့်ကြောင့် မဟုတ်ပါဘူး။ ရင်းနှီးနေတဲ့ အငွေ့အသက်တစ်ခုက ထျန်းချန်ကမ္ဘာကို အရှိန်နဲ့ ချဉ်းကပ်လာနေတာကို ခံစားမိနေလို့ပါ”

“ဒါက ကျွန်မရဲ့ ဆရာမ ကိုယ်တိုင် ထျန်းချန်ကမ္ဘာကို လာနေတာပဲဖြစ်ရမယ်။”

ဒါက…

လုချန်း ခဏခန့် မှင်သက်သွားပြီးနောက် လျင်မြန်စွာ စိတ်ထိန်းလိုက်ကာ

“မင်းရဲ့ ဆရာမက ကိုယ်တို့ကို ခွဲဖို့ ကြိုးစားမှာကို စိုးရိမ်နေတာလား။”

ယွမ်ရှန်ရှန်သည် တည်ငြိမ်စွာပင်

“သူက နတ်အဆင့်ပြောင်းလဲခြင်းနယ်ပယ် အဆင့်ရဲ့ စွမ်းအားပဲ ပိုင်ဆိုင်တာပါ။ သူက

ရှင့်လို မင်းသားတစ်ပါးနဲ့တော့ ပဋိပက္ခဖြစ်ရဲမှာ မဟုတ်ပါဘူး။”

လုချန်းက

“ဒါလည်း ဟုတ်တာပဲ”

“ဒါနဲ့ ပြောရရင် မင်းရဲ့ ဆရာမ ထျန်းချန်ကမ္ဘာကို ချဉ်းကပ်လာတာကို ဘယ်လိုလုပ်ပြီး ခံစားသိနိုင်ရတာလဲ။”

“မင်းရဲ့ ဆရာမ အပေါ်ထားတဲ့ ခံစားချက်တွေက တစ်ယောက်နဲ့တစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကိုတောင် အာရုံခံနိုင်တဲ့အထိ နက်ရှိုင်းနေလို့လား။”

ယွမ်ရှန်ရှန်က

“ဘာကြောင့်လဲတော့ ကျွန်မလည်းမသိဘူး။ ဒါပေမဲ့ မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျောက်ကွယ်သွားတဲ့အချိန်ကစပြီး သူ့ရဲ့ စိတ်အာရုံက ကျွန်မရဲ့ စိတ်ပင်လယ်ထဲကို ဝင်ရောက်နေသလိုမျိုး သူ့ရဲ့အငွေ့အသက်ကို အမြဲတမ်း အာရုံခံမိနေတယ်။”

ဤစကားကို ကြားသောအခါ လုချန်း အတွေးထဲနစ်မြောသွားပြီး ယွမ်ရှန်ရှန်၏ ကိုယ်ရေးအချက်အလက်များကို တစ်ဖန် စစ်ဆေးကြည့်လိုက်သည်။

ယွမ်ရှန်ရှန်၏ ကိုယ်ရေးအချက်အလက်တွင် သူမသည် လျှို့ဝှက်လဝန်း နန်းတော်သခင်၏ သမီးဖြစ်ပြီး သွေးသားဆက်နွှယ်မှု ရှိကြောင်း ဖော်ပြထားသည်။ ကျင့်စဉ်လောကတွင် သွေးသားတော်စပ်သူများသည် အမှန်တကယ်ပင် တစ်ဦးနှင့်တစ်ဦး၏ တည်ရှိမှုကို အာရုံခံနိုင်သည်။

ထိုသို့ တွေးကြည့်လျှင် ထိုအရာသည် ထူးဆန်းလှသည်တော့ မဟုတ်ချေ။

သို့သော် သူမ လျှို့ဝှက်လဝန်းနန်းတော်သခင်၏ သမီးဖြစ်ကြောင်း ယွမ်ရှန်ရှန်သည် ကိုယ်တိုင် သိပုံမရချေ။

ထူးဆန်းသည်က နန်းတော်သခင်သည် ယွမ်ရှန်ရှန်အား သူမကို ဆရာအဖြစ်သာ အသိအမှတ်ပြုစေခဲ့ပြီး ထိုအကြောင်းကို အဘယ်ကြောင့် မပြောပြခဲ့သနည်း။

သူ ယွမ်ရှန်ရှန်ကို ထိုအကြောင်း ပြောပြသင့်လား။

လုချန်း ခဏခန့် စဉ်းစားလိုက်ပြီး

သူမ လျှို့ဝှက်လဝန်းနန်းတော်သခင်၏ သမီးဖြစ်ကြောင်း ထုတ်မပြောရန် ဆုံးဖြတ်လိုက်သည်။

နန်းတော်သခင် ဤအရာကို အဘယ်ကြောင့် လျှို့ဝှက်ထားချင်သည်ကို သူ မသိသော်လည်း နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော အကြောင်းပြချက်တစ်ခု ရှိရမည်ဖြစ်သည်။ ထို့ကြောင့် သူလည်း ယွမ်ရှန်ရှန်ကို ဆက်လက်၍ လျှို့ဝှက်ထားမည် ဖြစ်သည်။

သူတို့နှစ်ဦး မကြာမီ တိတ်ဆိတ်သွားပြန်သည်။ ဘာမှမလုပ်ပဲ နေသော်လည်း

ဤပုန်ကန်တတ်သော လူ၏ ရင်ခွင်ထဲတွင် လှဲလျောင်းနေရခြင်းက ယွမ်ရှန်ရှန်အား မယုံနိုင်လောက်အောင် သက်သောင့်သက်သာ ခံစားရစေသည်။

ဟုတ်ပါသည်။ ဒါက စိတ်နှလုံး သက်သောင့်သက်သာဖြစ်မှု ဖြစ်သည်။

သို့သော် လုချန်း၏ လက်များက ရံဖန်ရံခါ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ပွတ်သပ်နေခဲ့သည်။

ယွမ်ရှန်ရှန်ကို ပွေ့ဖက်ထားရင်း လွန်ခဲ့သော လဝက်ခန့်က ရရှိခဲ့သော ဆုလာဘ်များကို စစ်ဆေးရန် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။

“ဇနီးတစ်ဦး ရရှိသည့်အတွက် ဂုဏ်ယူပါသည်။ ပုသဏ္ဍန်မဲ့မိုးမခပင် တစ်ပင် ဆုချီးမြှင့်ပါသည်”

ပုံသဏ္ဍန်မဲ့ မိုးမခပင်သည် ထျန်းချန်ကမ္ဘာကို ပြုပြင်ရန်အတွက် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည်။

သူ၏ ရှေ့မှ ဆုလာဘ်များကို မြင်သောအခါ ထျန်းချန်ကမ္ဘာကို ပြုပြင်ရန် လိုအပ်သော ပစ္စည်းများအားလုံး စုဆောင်းပြီးပြီဟု

လုချန်း သိလိုက်သည်။ ထျန်းချန်ကမ္ဘာ၏ နိယာမများ ပြန်လည်ကောင်းမွန်လာသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်စွမ်းအင် ပိုမိုသိပ်သည်းလာပြီး ကျင့်စဉ်ကျင့်သူများ၏ ကျင့်ကြံမှုအရှိန်လည်း အလွန်အမင်း တိုးတက်လာနိုင်ပေသည်။

သို့သော် သူ မှတ်မိသလောက်ဆိုလျှင် သူ နယ်ပယ်အဆင့် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်သို့ ရောက်ရှိမှသာ ထျန်းချန်ကမ္ဘာ၏ နိယာမများကို ပြန်လည် ထူထောင်နိုင်မည်ဟု စနစ်က ပြောခဲ့ဖူးသည်။

လက်ရှိတွင် သူသည် မူလအစကမ္ဘာ နယ်ပယ်အဆင့်တွင်သာ ရှိသေးသည်။ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အထိ ကျင့်ကြံရန် နောက်ထပ် ဆယ်စုနှစ်တစ်ခုထက်မက လိုအပ်နိုင်သည်။

……..

တစ်ချိန်တည်းမှာပင်။

စကြဝဠာ ဟင်းလင်းပြင်ထဲ၌။

ခမ်းနားထည်ဝါသော ရွှေရောင် နတ်လှေတစ်စင်းပေါ်တွင် ကျော့ရှင်းသော ကိုယ်ဟန်ရှိသည့် အမျိုးသမီးတစ်ဦးသည် လှေဦးတွင် ရပ်နေပြီး လှေ ရွေ့လျားနေသော လားရာကို ကြည့်နေသည်။

ထိုအခိုက်တွင် ထူးဆန်းသော နွေးထွေးမှုတစ်ခုသည် ထိုအမျိုးသမီး၏ နှလုံးသားထဲသို့ စီးဝင်လာသည်။

ယွမ်ချင်းရှု၏ မျက်ခုံးများမှာ အနည်းငယ် တွန့်သွားသည်။

ထိုခံစားချက်က တစ်ဖန် ဖြစ်လာပြန်ပြီ။

ထျန်းချန်ကမ္ဘာသို့ ဦးတည်နေသော နတ်လှေပေါ်သို့ သူမ တက်လာသည့် အချိန်မှစ၍ ရံဖန်ရံခါ ဤထူးဆန်းသော နွေးထွေးမှုကို ခံစားရပြီး ၎င်းက သူမကို အလွန် သက်သောင့်သက်သာဖြစ်စေသည်။

သူမ အဘယ်ကြောင့် ဤသို့ ခံစားရသည်ကို မသိသော်လည်း ၎င်းမှာ ယွမ်ရှန်ရှန်နှင့် တစ်နည်းနည်း ပတ်သက်နေမည်ဟု သူမ သံသယရှိသည်။

သူမအား ဤထူးဆန်းသော တုံ့ပြန်မှုကို ခံစားရစေရန် ယွမ်ရှန်ရှန်ထံတွင် မည်သည့်အရာ ဖြစ်ပျက်ခဲ့ပါသနည်း။

ယွမ်ချင်းရှု အလွန် ဇဝေဇဝါဖြစ်နေသည်။

ယွမ်ရှန်ရှန်နှင့် သူမ၏ အပျိုစင်ဘဝကို ယူသွားခဲ့သော ထိုလူတို့ ရင်းနှီးသော အပြုအမူများ ပြုလုပ်နေသောကြောင့် ဖြစ်နိုင်လား။

ထို့ကြောင့် ယွမ်ရှန်ရှန်၏ ခံစားချက်များက ကံကြမ္မာမှတစ်ဆင့် သူမထံသို့ ကူးစက်လာခြင်းလား။

ထိုသို့ တွေးလိုက်သည်နှင့် ယွမ်ချင်းရှု၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။

ယွမ်ရှန်ရှန်သည် သူမ၏ ကိုယ်ပိုင် သွေးအနှစ်သာရမှ ဖန်တီးထားပြီး သူမ၏ သမီးဟု မှတ်ယူနိုင်သော်လည်း သူမသည် ယွမ်ရှန်ရှန်ကို သူမ၏ ကိုယ်ပွားငယ်လေးဟုသာ သတ်မှတ်လိုသည်။

သူမ၏ ကိုယ်ပွား အခြားယောက်ျားတစ်ဦးနှင့် ရင်းနှီးနေသည်ဟူသော အတွေးက ယွမ်ချင်းရှု၏ စိတ်နှလုံးသားကို ဒေါသများဖြင့် ပြည့်နှက်စေသည်။

နတ်လှေ၏ သွားနှုန်း အလွန်နှေးကွေးနေခြင်းကိုသာ သူမ မကျေမနပ်ဖြစ်နေသည်။ မဟုတ်ပါက ယွမ်ရှန်ရှန်ကို ညစ်ညမ်းစေခဲ့သော ထိုလူကို အပိုင်းပိုင်းဖြတ်ပစ်ရန် သူမ ထျန်းချန်ကမ္ဘာသို့ ချက်ချင်း ရောက်ရှိသွားလောက်ပြီ ဖြစ်သည်။

ထို့နောက် လှေကို ထိန်းချုပ်နေသော အကြီးအကဲအား အေးစက်စွာ ပြောလိုက်သည်။

“အရှိန်မြှင့်လိုက်”

ထိုစကားကို ကြားသောအခါ လှေကို ထိန်းချုပ်နေသော အကြီးအကဲက ဤအရှိန်မှာ အမြန်ဆုံး ဖြစ်နေပြီဟု ပြောချင်သော်လည်း ယွမ်ချင်းရှုထံမှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားမိသောကြောင့် လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

သူ ထိုသို့ ပြောလိုက်သော်လည်း မိုးပျံလှေ၏ အရှိန်မှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအခိုက်တွင် ၎င်း၏ အရှိန်၌ မည်သည့် ပြောင်းလဲမှုမှ မရှိခဲ့ပေ။

………

ရက်များစွာ ကုန်လွန်သွားခဲ့သည်။

ရှနိုင်ငံတော်သည် မြူခိုးဒေသ၏ အင်အားစုများကို သိမ်းသွင်းပြီး ထျန်းချန်ကမ္ဘာကို တုန်လှုပ်စေသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။

……..

မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည်။

ဤနှစ်များအတွင်း လုချန်းသည် ဇွဲလုံ့လဖြင့် ကျင့်ကြံနေခဲ့ပြီး သူ၏ သားသမီးများလည်း တဖြည်းဖြည်း ကြီးပြင်းလာခဲ့ကြသည်။

ယခုအချိန်တွင် ရှနိုင်ငံတော် စစ်တပ်၌ ကောင်းကင်လူသားအဆင့် ကျင့်စဉ်ကျင့်သူများ အများအပြား ရှိနေပြီ ဖြစ်သည်။ ဝိညာဉ်ဆန်ကို ဆုလာဘ်အဖြစ် စတင် ပေးအပ်သည့် အချိန်မှစ၍ မူလ မြူခိုးဒေသမှ ကျင့်စဉ်ကျင့်သူများစွာ ရှနိုင်ငံတော် စစ်တပ်သို့ ဆက်တိုက် ဝင်ရောက်လာကြသည်။

ရှနိုင်ငံတော် စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်အမင်း တိုးတက်လာခဲ့သော်လည်း လုချန်းကတော့ စနစ်ထံမှ တန်ဖိုးကြီး ဆုလာဘ်များ မရရှိခဲ့တာ ကြာပြီဖြစ်သောကြောင့် လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုနှုန်း အနည်းငယ် နှေးကွေးနေသေးသည်ဟု အမြဲ ခံစားနေရသည်။

အဓိကအားဖြင့် ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်ရန်မှာ အလွန်ခက်ခဲလှသည်။ ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်စေရန် ကမ္ဘာတစ်ခု၏ ကံစွမ်းအား လိုအပ်သည်။

ချူးယုချင် ရင်သွေးကမ္ဘာတစ်ခုကို မည်သို့ ပျိုးထောင်နိုင်ခဲ့သလဲ ဆိုတာကို ယခု လုချန်း အလွန် သိချင်နေသည်။

ချူးယုချင်က ကမ္ဘာတစ်ခုခု၏ ကံစွမ်းအားကို မတော်တဆ စုပ်ယူမိခဲ့ခြင်းကြောင့်များလား။

……

နဂါးနက်မြို့တော်။

ယနေ့သည် နှစ်စဉ် ကျင့်စဉ်ကျင့်သူများ ညီလာခံ ကျင်းပသောနေ့ ဖြစ်သည်။

ယနေ့ခေတ်တွင် သာမန်လူ အများအပြားသည် နဂါးနက်မြို့တော်သို့ စုပြုံရောက်ရှိလာကြပြီး လွန်ခဲ့သော နှစ်အနည်းငယ်ကထက်ပင် ပိုမို စည်ကားလာခဲ့သည်။ ယခုအခါ နဂါးနက်မြို့တော်၏ ဧရိယာသည် ရှနိုင်ငံတော်၏ ရန်မြို့တော်ကိုပင် မီလုနီးပါး ဖြစ်နေပြီဖြစ်သည်။ လုချန်းသည် ထိုနေရာတွင် နန်းတော်တစ်ခုကိုလည်း တည်ဆောက်ထားကာ ရံဖန်ရံခါ နဂါးနက်မြို့တော်တွင် အချိန်ကုန်ဆုံးလေ့ရှိသည်။

ဧကရာဇ်ကိုယ်တိုင် နဂါးနက်မြို့တော်သို့ မကြာခဏ လာရောက်လည်ပတ်ခြင်းကြောင့် နဂါးနက်ခရိုင်မှ ကျင့်စဉ်ကျင့်သူ အင်အားစုများလည်း မည်သည့် မသင့်တော်သော အတွေးများကိုမှ မတွေးဝံ့ကြချေ။

ကျင့်စဉ်ကျင့်သူများ ညီလာခံ ပြီးဆုံးပြီးနောက် လုချန်းလည်း နဂါးနက်မြို့တော်ရှိ နန်းတော်သို့ ပြန်လာခဲ့သည်။ ယခုအခါ သူ၏ မိဖုရားများစွာသည် ဤနန်းတော်တွင် မကြာခဏ နေထိုင်ကြသည်။ ဥပမာအားဖြင့် ဝူကျန်းဝမ်၊ လီချင်ရို့နှင့် ယွမ်ရှန်ရှန်တို့ ဖြစ်ကြသည်။

လုချန်း၏ မိဖုရားများသည် တကယ်တော့ အုပ်စုနှစ်စု ကွဲသွားသလို ဖြစ်နေသည်။ တစ်စုမှာ နဂါးနက်မြို့တော်တွင် အဓိက နေထိုင်ကာ ကျင့်ကြံမှုကို အာရုံစိုက်ပြီး အခြားတစ်စုမှာ ရန်ခရိုင်တွင် နေထိုင်ကာ ဘဝကို ဦးစားပေးကြသည်။

ဟုတ်ပါသည်။ နဂါးနက်မြို့တော်ရှိ လုချန်း၏ မိဖုရားများသည် ရန်ခရိုင်သို့ စုဝေးပွဲများအတွက် အခါအားလျော်စွာ ပြန်သွားတတ်ကြသည်။ အုပ်စုနှစ်စုကြားတွင် သဘောထားကွဲလွဲမှုများတော့ မရှိချေ။

လုချန်း ဟန်ယန်ဆောင်သို့ ရောက်သောအခါ ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ ထိုနေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

သူတို့နှစ်ဦးသည် စုဟန်ယန်နှင့် တစ်စုံတစ်ခုကို ဆွေးနွေးနေကြပြီး ပန်းခြံထဲရှိ ကျောက်ခုံများပေါ်တွင် ထိုင်ကာ စကားပြောရင်း ရယ်မောနေကြသည်။

ထိုအခိုက်တွင် အဆောင်အတွင်းသို့ ဝင်လာသော လုချန်းကို စုဟန်ယန် သတိပြုမိသွားပြီး သူမ၏ အပြုံးများလည်း ချက်ချင်း တောင့်တင်းသွားသည်။

All Chapters