လုချန်း ယင်ယန်နယ်ပယ်သို့ တက်လှမ်းခြင်း
Vol. 68 Ch. 1009
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စုဟန်ယန်သည် သူမ၏ အချိန်အများစုကို မြူခိုးမှော်ဂိုဏ်းတွင် ကုန်ဆုံးခဲ့သည်။ သို့သော် လုချန်းသည် နဂါးနက်မြို့တော်သို့ ရောက်လာတိုင်း သူမကို အမြဲတမ်း ဆင့်ခေါ်လေ့ရှိသည်။ သူမကို မည်သည့်အတွက်ကြောင့် ဆင့်ခေါ်တာလဲ ဆိုတာက ထင်ရှားသည်။
ထို့ပြင် နှစ်စဉ် ကျင့်စဉ်ကျင့်သူများ ညီလာခံပြီးလျှင် စုဟန်ယန်သည် နဂါးနက်မြို့တော်ရှိ နန်းတော်တွင် တစ်လကြာ နေထိုင်ရသည်။ ထိုတစ်လအတွင်း လုချန်းသည် အခြားမိဖုရားများဆီ လုံးဝမသွားပဲ စုဟန်ယန်ကိုသာ အာရုံစိုက် စောင့်ရှောက်သည်။
လုချန်း၏ အကူအညီဖြင့် စုဟန်ယန်၏ ကျင့်ကြံမှုအဆင့်သည် ယင်ယန်နယ်ပယ်၏ ဒဿမ အလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအဆင့်မှာ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်သို့ တက်လှမ်းရန် ခြေတစ်လှမ်းအကွာ ဖြစ်သည်။
အစပိုင်းတွင် သူမ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ထျန်းချန်ကမ္ဘာမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုကို ချက်ချင်း ရှာဖွေဖို့ စုဟန်ယန် စိတ်ကူးခဲ့သည်။ သို့သော် ဤနှစ်များအတွင်း လုချန်းနှင့် ရင်းနှီးသော အကြိမ်အရေအတွက် တိုးများလာသည်နှင့်အမျှ သူမ သူ့ကို မစွန့်ခွာနိုင်တော့ကြောင်း တွေ့ရှိလာရသည်။
သူမ၏ ခန္ဓာကိုယ်နှင့် နှလုံးသားကို လုချန်းပိုင်ဆိုင်သွားခဲ့တာ ကြာပြီ ဖြစ်သော်လည်း သူ့ကို မြင်လိုက်တိုင်း သူမ ထိတ်လန့်နေဆဲ ဖြစ်သည်။ တစ်ဖက်တွင် လုချန်းသည် သူမ၏ အတွင်းစိတ်အတွေးများကို ထွင်းဖောက်မြင်နိုင်ပြီး သူမ ထွက်ပြေးချင်နေသည်ကို သိနေသည်ဟု အမြဲခံစားနေရသည်။
အခြားတစ်ဖက်တွင်မူ သူ ယူဆောင်လာသော ပျော်ရွှင်မှုကို သူမ အနည်းငယ် ကြောက်ရွံ့နေဆဲ ဖြစ်သည်။ သူမ တဖြည်းဖြည်း ပိုမို၍ ယုတ်ညံ့လာခဲ့ပြီး အကျိုးမရှိပဲ သာယာမှုများတွင် ဆက်လက် နစ်မြောနေပါက တစ်နေ့တွင် သူမ အမှန်တကယ်ပင် ကာမကျွန်တစ်ယောက် ဖြစ်လာပြီး ဤလူ၏ လက်မှ ဘယ်တော့မှ လွတ်မြောက်နိုင်တော့မည် မဟုတ်ဟု စုဟန်ယန် စိုးရိမ်မိသည်။
စုဟန်ယန် သူ့ကိုမြင်၍ မျက်နှာဖြူဖျော့သွားသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်
“ဂိုဏ်းချုပ်စုက ဘာဖြစ်လို့ ကျွန်တော့်ကို မြင်တာနဲ့ မျက်နှာက ဒီလောက်မကောင်းဖြစ်နေရတာလဲ။ ကျွန်တော်က အဲ့ဒီလောက်တောင် ကြောက်ဖို့ကောင်းနေလို့လား။”
ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ပြီး ခံစားချက်ကင်းမဲ့စွာဖြင့် စုဟန်ယန် တုံ့ပြန်လိုက်သည်။
“မင်းကြီး အထင်မှားနေတာ နေမှာပါ။”
လုချန်းက
“အိုး ဟုတ်လား။ ဒီလိုလား”
သူ၏ စကားဆုံးသည်နှင့် နောက်တစ်ခဏတွင် စုဟန်ယန်၏ ဘေးတွင် လုချန်းပေါ်လာသည်။ ထိုအခါ သူမ၏ ခန္ဓာကိုယ်လည်း အလိုအလျောက် တုန်ယင်သွားသည်။
ထိုစဉ် ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ကို လုချန်း တစ်ချက် ကြည့်လိုက်သည်။ အမျိုးသမီးနှစ်ဦးလည်း သူ၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားပြီး ချက်ချင်း ထလိုက်ကြသည်။ ဝူကျန်းဝမ်က ပြုံးလျက်
“မင်းကြီး။ ကျွန်မနဲ့ ချင်ရို့တို လုပ်စရာကိစ္စလေးတွေရှိလို့ မင်းကြီးကို မနှောင့်ယှက်တော့ပါဘူး။”
သူတို့၏ စကားဆုံးသည်နှင့် အမျိုးသမီးနှစ်ဦးသည် ချန်နင်နန်းတော်မှ အတူတကွ ထွက်ခွာသွားကြသည်။
သူမ၏ တပည့်ရင်းနှစ်ဦးက သူမကို ဤသို့ ထားခဲ့သည်ကို မြင်သောအခါ စုဟန်ယန်၏ စိတ်ထဲဒေါသထွက်လာသလို ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ သူမသည် သူတို့၏ ဆရာမဖြစ်သည်။ သို့သော် သူတို့က သူမကို လုချန်းနှင့် နှစ်ယောက်တည်း ထားခဲ့ကြသည်။
စုဟန်ယန်သည် ထိုင်နေရာမှမထပဲ တည်ငြိမ်ဟန်ဆောင်ကာ လက်ဖက်ရည်ခွက်တစ်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူမက
“မင်းကြီး။ အခုက နေ့ခင်းကြီးပဲ ရှိပါသေးတယ်။ ကျွန်မကို ဘာကိစ္စနဲ့ လာတွေ့တာလဲဆိုတာ သိခွင့်ရှိမလား။”
လုချန်းက ကိုင်းညွှတ်လိုက်ပြီး သူ၏ လက်များကို စုဟန်ယန်၏ ခါးတစ်ဝိုက်တွင် ရစ်ပတ်ကာ သူမ၏ နား နားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“မင်းက ဥပဒေနိယာမ အလုံးစုံ နယ်ပယ်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလေ။ ကိုယ်က မင်းရဲ့ ကျင့်ကြံမှုကို ကူညီဖို့ လာတာပေါ့။”
စုဟန်ယန် စိတ်ထဲမှ လှောင်ရယ်ရယ်လိုက်သည်။
သူမ၏ ကျင့်ကြံမှုကို ကူညီမယ် ဟုတ်လား။
ဤလူက သူမ၏ ခန္ဓာကိုယ်ကို လိုချင်နေတာ ရှင်းနေသည်။ ဤနှစ်များတစ်လျှောက် လုချန်းနှင့် အတူနေထိုင်ပြီးနောက် သူမ သေချာသွားတာ တစ်ခုရှိသည်။
သူ့အတွက် စတေးခံရန် တစ်စုံတစ်ဦးကို ပျိုးထောင်နေတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေ ဤလူသည် အမှန်တကယ်ပင် ကာမဂုဏ်လိုက်စားသူဖြစ်ကြောင်း သူမ သိရှိလာခဲ့သည်။
သူ၏ ကာမဂုဏ်လိုက်စားမှုမှာ ဟန်ဆောင်မှုတစ်ခုဖြစ်ပြီး သူ၏ မိဖုရားများက သူ၏ စိတ်ရင်းမှန်ကို မသိရှိစေရန် ဖုံးကွယ်ထားခြင်းဟု အစပိုင်းတွင် သူမ ထင်ခဲ့သည်။ သို့သော် သူ၏ ကာမဂုဏ်လိုက်စားနိုင်မှုသည် သာမန်ယောက်ျားတစ်ဦး ဟန်ဆောင်နိုင်သည့် အရာမျိုး မဟုတ်သည်မှာ ထင်ရှားနေသည်။ တစ်နှစ်အတွင်း သူ၏ အချိန်အများစုကို အိပ်ရာထဲတွင်သာ ကုန်ဆုံးခဲ့သည်။
သူသည် ထိုသို့သော လူစားမျိုးဖြစ်သည်။
စုဟန်ယန်၏ စိတ်ထဲ သူ့ကို အပြစ်တင်နေစဉ် ရုတ်တရက် သူမ၏ အမြင်အာရုံ ရုတ်တရက် မှောင်မိုက်သွားပြီး သူမ သတိပြန်ဝင်လာသောအခါ ကုတင်ပေါ် ရောက်နေသည်ကို တွေ့လိုက်ရသည်။ စုဟန်ယန် အနည်းငယ်မျှ မရုန်းကန်ခဲ့ချေ။ ဤနှစ်များအတွင်း ဒါကို သူမ အသားကျနေခဲ့ပြီ ဖြစ်သည်။
လုချန်းက သူ၏ လက်ကို မြှောက်ကာ သူမ၏ လှပသော မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး
“မင်း ဥပဒေနိယာမ အလုံးစုံ နယ်ပယ်ကို တက်လှမ်းပြီးသွားရင် ထျန်းချန်ကမ္ဘာကနေ ထွက်ပြေးဖို့ အစီအစဉ်ရှိလား။”
သူ၏ မေးခွန်းကြောင့် စုဟန်ယန်၏ စိတ်ထဲ တုန်လှုပ်သွားသည်။
သူက သူမ၏ အတွင်းစိတ်အတွေးများကို အမှန်တကယ် သိနေတာလား။
သူ့တွင် တကယ်ပဲ စိတ်ဖတ်နိုင်တဲ့ စွမ်းရည်ရှိနေတာလား။
အဘယ်ကြောင့် သူက သူမ၏ အတွေးများကို အမြဲ ခန့်မှန်းနိုင်ရတာလဲ။
သတိပြန်ဝင်လာသောအခါ စုဟန်ယန်က လုချန်း၏ နက်ရှိုင်းသော မျက်လုံးများကို ကြည့်ကာ
“ကျွန်မ ထွက်ပြေးသွားမှာကို ရှင်ကြောက်နေတာလား”
“ကျွန်မ ထွက်ပြေးမှာကို ကြောက်တယ်ဆိုရင် ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်ကို ချိပ်ပိတ်ပြီး ကျွန်မကို အကျဉ်းချလိုက်ပါလား။ ကျွန်မ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်ကို တက်လှမ်းနိုင်ဖို့ ကူညီပေးစရာမလိုပါဘူး။”
လုချန်းက သူမ၏ အတွေးများအားလုံးကို သိနေမှတော့ ငြင်းနေခြင်းက အဓိပ္ပာယ်မရှိကြောင်း စုဟန်ယန် သိမြင်လာသည်။ ထို့ကြောင့် အားလုံး ဖွင့်ချရန် သူမ ဆုံးဖြတ်လိုက်သည်။
သူမ ထွက်ပြေးချင်သည်။ လုချန်းက သူမကို သတ်သည်ဖြစ်စေ၊ အကျဉ်းချသည်ဖြစ်စေ တစ်ခုခု လုပ်ရပေမည်။
ထိုအခိုက်တွင် လုချန်း၏ လက်က သူမ၏ မေးစေ့ကို ညင်သာစွာ ထိတွေ့ထားသည်။ သူက သူမ၏ ကြည်လင်လှပသော မျက်လုံးများကို စိုက်ကြည့်ကာ ပြုံးလျက်
“ဘာတွေပြောနေတာလဲ။ ကိုယ်က ကိုယ့်ရဲ့ မိဖုရားတွေကို အကျဉ်းချမှာ မဟုတ်ဘူးလို့ အမြဲပြောခဲ့တယ်လေ။ သူတို့ ပြန်လာဖို့ သတိရနေသရွေ့ သူတို့ သွားချင်တဲ့နေရာကို သွားနိုင်တယ်။”
“မင်း ပိရှကမ္ဘာကို ပြန်ချင်တယ်ဆိုရင်လည်း သွားလေ။ ဒါပေမဲ့…”
သူက ခဏရပ်ပြီးနောက်
“ဥပဒေနိယာမ အလုံးစုံ အဆင့်က ကမ္ဘာတွေကြားထဲ ဖြတ်သန်းသွားလာခွင့်ပဲ ပေးတာ။ မင်း ထျန်းချန်ကမ္ဘာကနေ ထွက်သွားနိုင်ပေမယ့် အများဆုံး အနီးအနားက ကမ္ဘာတွေကိုပဲ ရောက်နိုင်မှာ။ ပိရှကမ္ဘာကို ပြန်ဖို့ကတော့ အဲ့ဒီလောက်မလွယ်ဘူး”
“ပိရှကမ္ဘာက ထျန်းချန်ကမ္ဘာနဲ့ အလွန်အလှမ်းဝေးနေနိုင်တယ်။ နတ်လှေမရှိပဲနဲ့ ကမ္ဘာတွေကြားက လမ်းကြောင်းကို ဖွင့်ပြီး ပိရှကမ္ဘာကို ပြန်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်လောက်ဘူး။”
ဒါက…
လုချန်း၏ စကားကို စဉ်းစားရင်း အကယ်၍ သူမ၏ ကျင့်ကြံမှုအဆင့် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်သို့ တက်လှမ်းသွားပါကလည်း ထျန်းချန်ကမ္ဘာအတွင်းရှိ အနီးအနားက ကမ္ဘာတစ်ခုသို့သာ ထွက်ပြေးနိုင်ကြောင်း စုဟန်ယန် သတိရသွားသည်။ သူမ ထွက်ပြေးချင်ရုံသက်သက်ဆိုလျှင်တော့ ဒါက လုံလောက်သည်။
သို့သော် သူမ၏ ပိရှကမ္ဘာသို့ ပြန်လိုပါက နတ်လှေ မရှိခြင်းက အလွန်ကြီးမားသော အခက်အခဲတစ်ခု ဖြစ်သည်။ ဥပဒေနိယာမ အလုံးစုံ အဆင့် ကျင့်စဉ်ကျင့်သူတစ်ဦးသည် နတ်လှေတစ်စင်း တည်ဆောက်နိုင်သည့် စွမ်းရည်မရှိချေ။
ထိုသို့ တွေးမိသောအခါ စုဟန်ယန်၏ စိတ်ထဲ ဗလာဖြစ်သွားသည်။
သူမ အဘယ်ကြောင့် လုချန်း၏ အတွေးနောက်သို့ လိုက်နေမိပါသနည်း။
လုချန်း ထိုသို့ ပြောခြင်းက သူမကို သူ၏ ဘေးတွင် နေစေလိုသောကြောင့်သာ မဟုတ်ပါလား။
အထူးသဖြင့် သူ့တွင် ကိုယ်ပိုင်နတ်လှေတစ်စင်း ရှိနေသောကြောင့် ဖြစ်သည်။
ထို့နောက် စုဟန်ယန်က လုချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ
“ရှင် အဲ့ဒီလိုပြောလိုက်ရုံနဲ့ ကျွန်မက ရှင့်ကို ထား မသွားတော့ဘူးလို့ ထင်နေတာလား။”
လုချန်းက မျက်နှာအမူအယာ ကင်းမဲ့စွာဖြင့်
“ကိုယ့်မှာ အဲ့ဒီလိုအတွေးမျိုး လုံးဝမရှိပါဘူး။ ကိုယ်က မင်းကိုကို သတိပေးချင်ရုံသက်သက်ပါ။ ပိရှကမ္ဘာကို ပြန်ချင်တယ်ဆိုရင် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်ရဲ့ အင်အားတစ်ခုတည်းနဲ့ လုပ်လို့မရဘူးလေ။”
“ဟုတ်သားပဲ။ မင်းကို တစ်ခု သတိပေးရဦးမယ်။ ကိုယ့်ဘေးမှာ မိန်းမတွေအများကြီးရှိတယ်။ ကိုယ်က မိန်းမရှားတဲ့ ယောက်ျားတစ်ယောက် မဟုတ်ဘူး။”
စုဟန်ယန်၏ ဦးနှောက် တုန်ခါသွားသည်။ ထိုစကားများနောက်ကွယ်မှ အဓိပ္ပာယ်ကိုလည်း သူမ ချက်ချင်း နားလည်သွားသည်။ သူမကိုယ်သူမ အလွန်အရေးကြီးသည်ဟု မမှတ်ယူရန် သူက ပြောနေခြင်းဖြစ်သည်။
သူ၏ ဘေးတွင် မိန်းမများစွာရှိနေသောကြောင့် တစ်ယောက်ပိုလာသည်ဖြစ်စေ တစ်ယောက်လျော့သွားသည်ဖြစ်စေ သူ့အတွက် ဘာမှ ထူးခြားမှုမရှိဟု ဆိုလိုခြင်း ဖြစ်သည်။ ထွက်ပြေးသွားပါက သူမပဲ အရှုံးပေါ်ပြီး ဒုက္ခရောက်ရမည် ဖြစ်သည်။
ထိုသို့ တွေးမိသောအခါ သူမ စိတ်ထဲ ဒေါသပိုထွက်လာသည်ကို စုဟန်ယန် ခံစားလိုက်ရသည်။ ဤနှစ်များတစ်လျှောက် သူမသည် အချိန်အများစုကို မြူခိုးမှော်ဂိုဏ်းတွင် ကုန်ဆုံးခဲ့သောကြောင့် သူမ၏ ကိုယ်ပိုင် အခြေအနေကို ကောင်းကောင်းသိသည်။
သူမသည် ဤလူ၏ ဘေးတွင် အချိန်ကြာမြင့်စွာ မနေရပါက သူ့ကို အလွန် လွမ်းဆွတ်နေမည်ဖြစ်ပြီး သူတို့ကြားတွင် ဖြစ်ပျက်ခဲ့သော အရာများကို အဆက်မပြတ် ပြန်လည်သတိရနေမည် ဖြစ်သည်။
ထိုအတွေးများကို အမြဲတမ်း ဖိနှိပ်ရန် သူမ ကြိုးစားသော်လည်း မည်သို့ပင် ခုခံတွန်းလှန်စေကာမူ အချည်းနှီးသာ ဖြစ်သည်။ တစ်ခုတည်းသော အလုပ်ဖြစ်သည့်အရာမှာ ဤလူကို တစ်ဖန် ပြန်တွေ့ပြီး ပျော်ရွှင်စွာ ပြန်လည်ပေါင်းစည်းခြင်း ဖြစ်သည်။ ထိုသို့ လုပ်မှသာ အချိန်အတော်ကြာ သူ့ကို မလွမ်းဆွတ်ပဲ နေနိုင်ခဲ့သည်။
သူမ ဤလူအပေါ် မှီခို တွယ်တာနေမိပြီဖြစ်ကြောင်း ရှင်းနေပြီ ဖြစ်သည်။ ဤလူက သူမအပေါ် တစ်ခုခုလုပ်ခဲ့ခြင်းကြောင့်ဖြစ်စေ၊ မှော်ပညာ တစ်ခုကြောင့်ဖြစ်စေ အကြောင်းအရာက အရေးမကြီးတော့ပေ။ ယခု သူမသည် သူ့အပေါ်တွင် စကားလုံးများဖြင့် ရိုးရှင်းစွာ ဖယ်ရှားမရနိုင်သော စွဲလန်းမှု ဖြစ်ပေါ်လာခဲ့သည်။
ထိုအကြောင်းကို တွေးမိသည်နှင့် စုဟန်ယန်၏ စိတ်နှလုံးထဲ ပုန်ကန်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သူမကဲ့သို့ ဖြောင့်မတ်သော ကျင့်စဉ်ကျင့်သူတစ်ဦးက ဤသို့သော ကိစ္စများတွင် ဘယ်လို ထောက်ချောက်မိနေနိုင်မည်နည်း။
စုဟန်ယန် တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်းလည်း အချိန်မဖြုန်းတော့ချေ။ သူက အရှေ့သို့ ကိုင်းညွှတ်ကာ သူမ၏ နှုတ်ခမ်းများကို သိမ်းပိုက်လိုက်သည်။
မည်မျှကြာသွားသည်ကို မသိ အဝတ်ဆုတ်ဖြဲသံတစ်ခုသည် စုဟန်ယန်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ ဤအရာက သူမကို စကားမပြောနိုင်ဖြစ်စေသည်။ ဤလူသည် အမြဲတမ်း စိတ်မရှည်တတ်ချေ။ မကြာမီ သူမ၏ အသိစိတ်များလည်း ဝေဝါးလာပြီး လုချန်း ယူဆောင်လာသော ပျော်ရွှင်မှုထဲသို့ကျရောက်သွားတော့သည်။
အတိုင်းအတာမရှိသော အချိန်တစ်ခု ကြာပြီးနောက် စိတ်ဝိညာဉ်စွမ်းအားတစ်ခုသည် လုချန်း၏ ခန္ဓာကိုယ်မှ လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင် သူ၏ ဦးနှောက်ထဲရှိ စိတ်ပင်လယ် တဟုန်ထိုး ကျယ်ပြန့်လာကာ သူ၏ တစ်ကိုယ်လုံးမှ ရွှေရောင် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေသည်။
လုချန်း ယင်ယန်နယ်ပယ်အဆင့်သို့ တက်လှမ်းသွားပြီဖြစ်သည်။
လုချန်း၏ လွှမ်းမိုးမှုကြောင့်လားမသိ စုဟန်ယန်သည်လည်း အဆင့်တက်လှမ်းမှု၏ အနားစွန်းသို့ ရောက်ရှိနေသည်။ ထိုအချိန်မှာပင် အတားအဆီးတစ်ခုခုကို ချိုးဖျက်ခံလိုက်ရသကဲ့သို့ သူမ ခံစားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် မရေမတွက်နိုင်သော ကောင်းကင်တာအိုလမ်းစဉ်ပုံစံများ ပေါ်ပေါက်လာသည်။
စုဟန်ယန်လည်း လျင်မြန်စွာ စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်ကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မငြိမ်မသက်ဖြစ်နေသော စိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်လိုက်သည်။ ဤသို့ဖြင့် စုဟန်ယန်လည်း ဥပဒေနိယာမ အလုံးစုံ နယ်ပယ်သို့ ရောက်ရှိသွားသည်။
ဥပဒေနိယာမ အလုံးစုံ နယ်ပယ်သို့ တက်လှမ်းပြီးနောက် လုချန်းနှင့် သူမ၏ ဆက်သွယ်မှုက တစ်နည်းတစ်ဖုံ ပိုမို ရင်းနှီးလာသည်ကို စုဟန်ယန် တွေ့ရှိလိုက်ရသည်။ သူမနှင့် လုချန်းကြားတွင် မြင်နိုင်သော်လည်း မထိတွေ့နိုင်သော ချည်မျှင်တစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
စုဟန်ယန် ရုတ်တရက် လန့်သွားသည်။ ဒါက ကံကြမ္မာကြိုး ဖြစ်သည်။
မကောင်းတော့ပါ…
အစပိုင်းတွင် သူမ ဤအကြောင်းကို များများစားစား မတွေးခဲ့သော်လည်း ယခု သူမ ဆရာ၏ စကားများကို ပြန်သတိရလာသည်။ ကျင့်စဉ်ကျင့်သူတစ်ဦးသည် ကံကြမ္မာများစွာနှင့် မပတ်သက်မိစေရန် သတိထားရမည် ဖြစ်သည်။ ကြီးမားသော ကံကြမ္မာကို မဖြေရှင်းနိုင်ပါက သူမ ဧကရာဇ်အဆင့်သို့ ဘယ်တော့မှ ရောက်နိုင်မည် မဟုတ်ချေ။
သူမနှင့် လုချန်းကြားရှိ ကံကြမ္မာကြိုးကို စုဟန်ယန် တစ်ချက် ကြည့်လိုက်သည်။ ၎င်းမှာ လက်မတစ်ဝက်ခန့် ထူသည်။ အလွန်ကြီးမားသော ကံကြမ္မာဆက်နွှယ်မှုပင်။
ယခုတော့ သူမ ဤလူ၏ လက်မှ လုံးဝ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။ ထိုသို့သော ကံကြမ္မာကို ဖြေရှင်းရန် သူမ မည်မျှ အားထုတ်ရမည်မှန်း မသိနိုင်ချေ။
သို့သော် ပြန်စဉ်းစားကြည့်ပါက လုချန်းထံမှ သူမ အကျိုးအမြတ် ရရှိခဲ့သလို သူလည်း သူမထံမှ အကျိုးအမြတ် ရရှိခဲ့သည်။
၎င်းကို ကံကြမ္မာ ဖြေရှင်းခြင်းဟု မသတ်မှတ်နိုင်ဘူးလား။
ထိုသို့ဆိုလျှင် ဤကံကြွေးကို ဖြေရှင်းရန် သူမ ယခု ဘာလုပ်သင့်ပါသနည်း။
စုဟန်ယန်၏ ဝေဝါးနေသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်
“ဘာဖြစ်လို့ ကိုယ့်ကို အဲ့ဒီလို ကြည့်နေရတာလဲ။ ဘာလဲ။ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်ကို တက်လှမ်းပြီးပြီးချင်း ထွက်ပြေးဖို့ စဉ်းစားနေတာလား။”
စုဟန်ယန် ဆက်လက် တိတ်ဆိတ်နေပြီး လုချန်း ယူဆောင်လာသော ပျော်ရွှင်မှုကို အရသာခံနေသည်။ ခဏအကြာတွင် သူမ သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်သည်။
ကောင်းပြီလေ။
ဤလူ၏ ဘေးတွင် ဆက်လက်နေထိုင်ခြင်းက အကောင်းဆုံး ဖြစ်မည်။ မည်သို့ပင်ဆိုစေ သူမ ယခု ပိရှကမ္ဘာသို့ မပြန်နိုင်သေးချေ။
ကံကြမ္မာနှင့် ရစ်နှောင်မိနေပြီဖြစ်၍ သူမ လုချန်း၏ ဘေးမှ ထွက်ခွာသွားလျှင်ပင် အနာဂတ်တွင် လွယ်ကူမည် မဟုတ်ချေ။ ဤလူနှင့်အတူ နေခြင်းက ပိုကောင်းသည်။ ဤလူ အဘယ်ကြောင့် မိဖုရားများစွာ ပျိုးထောင်နေသည်ကို သူမ မြင်ချင်သည်။
ဒါက သူတို့ကို ကပ်ဘေးတစ်ခုခုအတွက် စတေးဖို့လား။
ဆက်လက် မစဉ်းစားလိုတော့ပဲ သူမ၏ လက်မောင်းကို ဖြည်းညင်းစွာ မြှောက်ကာ လုချန်း၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ ထို့နောက် လုချန်း၏ နှုတ်ခမ်းကို သူမက အစပြုကာ ပိတ်လိုက်သည်။