← Chapters

မဖြစ်မနေ ဆုချရမယ်

Vol. 68 Ch. 1019

မဖြစ်မနေ ဆုချရမယ်

Vol. 68 Ch. 1019

ယုလျှံစီ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ခင်ဗျားမှာသာ နည်းလမ်းသာ ရှိခဲ့ရင် ခင်ဗျား ဒီနေရာမှာ ကျွန်တော်နဲ့ စကားအပိုတွေ ပြောနေမှာ မဟုတ်ဘူး။ ခင်ဗျားမှာ နတ်လှေရဲ့ ကာကွယ်ရေးကို ဖျက်ဆီးဖို့ နည်းလမ်း တကယ်ရှိတယ်လို့ ဆိုရင် ဘာလို့ ကျွန်တော်တို့ကို မပြတာလဲ။”

ယုလျှံစီ၏ စိန်ခေါ်မှုကို ရင်ဆိုင်ရသော်လည်း လုချန်းတုန်လှုပ်ခြင်း မရှိပေ။

“ကောင်းပြီလေ”

“ခင်ဗျားရဲ့ နတ်လှေ ကာကွယ်ရေးကို ကျွန်တော် ဘယ်လို ဖောက်ထွင်းမလဲဆိုတာ ခင်ဗျားကို အခု ပြမယ်။”

လုချန်း၏ ယုံကြည်မှုရှိသော လေသံကို ကြားသောအခါ ယုလျှံစီပင်လျှင် မျက်မှောင်ကြုတ်မိသွား၏။ ဆွမ်ဧကရာဇ်တွင် နတ်လှေ၏ ကာကွယ်ရေးကို ဖောက်ထွင်းရန် နည်းလမ်း အမှန်တကယ် ရှိနေသလား သူ၏ စိတ်ထဲတွင် တွေးတောမိသည်။

မဖြစ်နိုင်ပါ။

နတ်လှေ၏ ကာကွယ်ရေးကို ဖောက်ထွင်းရန် အစွမ်းကုန် တိုက်ခိုက်မှု လိုအပ်မည် ဖြစ်ပြီး ထျန်းချန်ကမ္ဘာသည် ထိုအမျိုးသမီး၏ အစွမ်းကုန် ထိုးနှက်ချက်ကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

နတ်လှေ၏ ကာကွယ်ရေးကို ဖောက်ထွင်းရန်အတွက် ထျန်းချန်ကမ္ဘာကို ဆွမ်ဧကရာဇ် စတေးလိမ့်မည်ဟု သူ မယုံကြည်ပေ။

ဆွမ်ဧကရာဇ်လေလုံးထွားနေခြင်းသာ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။

ထိုအတွေးနှင့်အတူ ယုလျှံစီ စိတ်သက်သာရာ ရသွားသည်။

ဤအချိန်တွင် စုဟန်ယန်သည်လည်း ထျန်းချန်ကမ္ဘာကို မပျက်စီးစေပဲ နတ်လှေ၏ အတားအဆီးကို ဖောက်ထွင်းရန် လုချန်းထံ၌ မည်သို့သော နည်းလမ်းများ ရှိသည်ကို သိရှိလိုစိတ် ပြင်းပြလျက် လုချန်းကို စူးစမ်းစွာ ကြည့်ရှုနေသည်။

လူတိုင်း လုချန်းကို ကြည့်ရှုနေစဉ်၊ သူ၏ မျက်လုံးများသည် ရုတ်တရက် ခရမ်းရောင်သို့ ပြောင်းသွားသည်။ ထိုအရာကို မြင်သောအခါ ယုလျှံစီလည်း ယွမ်ရှန်ရှန်၏ စိတ် ထိန်းချုပ်သည့် စွမ်းရည်ကို ပြန်လည် သတိရသွားပြီး တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်ကာ သူ၏ မျက်လုံးများကို လျင်မြန်စွာ ပိတ်လိုက်သည်။

သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

သူက သူ၏ မျက်လုံးများကို လျင်မြန်စွာ ပိတ်လိုက်သော်လည်း နတ်လှေပေါ်ရှိ လူတိုင်း ထိုသို့ ပြုလုပ်ကြသည်တော့ မဟုတ်ပေ။

မကြာမီ လုချန်းကို ကြည့်ရှုနေခဲ့ကြသော လျှို့ဝှက်လဝန်းနန်းတော်မှ တပည့်တစ်ချို့ လုချန်း၏ စိတ်နှလုံး ထိန်းချုပ်သည့် စွမ်းရည်၏ လွှမ်းမိုးမှုအောက်သို့ ကျရောက်သွားကြသည်။ ယွမ်ရှန်ရှန်၏ စိတ်ညို့ပညာနှင့် နှိုင်းယှဉ်ပါက လုချန်း၏ ပညာက ပို၍ပင် ကြောက်မက်ဖွယ် ကောင်း၏။ ၎င်းကို အပြည့်အဝ ကျွမ်းကျင်သွားသည်နှင့် လူအုပ်ကြီးများကိုပင် ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ထို့နောက်လုချန်း၏ လွှမ်းမိုးမှု ခံလိုက်ရသော တပည့်များလည်း ယုလျှံစီအား တိုက်ခိုက်စေရန် လှုပ်ရှားလာသည်။ ယုလျှံစီသည် သူ၏ မျက်လုံးများကို ပိတ်လိုက်ကာစပင် ရှိသေးသည်။ သို့သော် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိပြီး အလျင်အမြန် မျက်လုံးပြန် ပြန်ဖွင့်လိုက်ရသည်။

ထို့‌နောက် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သူ၏ ဘေးရှိ တပည့်များ စိတ်ညို့ခံနေရသည်ကို တွေ့လိုက်ရသည်။ ယုလျှံစီလည်း သူ၏ ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး ထိန်းချုပ်ခံထားရသော လျှို့ဝှက်လဝန်းနန်းတော်မှ ထိုတပည့်များထံသို့ လွှဲပစ်လိုက်သည်။

ယုလျှံစီ လှုပ်ရှားလိုက်သည်နှင့် နတ်လှေ၏ ကာကွယ်ရေး အနည်းငယ် ပါးလွှာသွားသည်။ နတ်လှေ၏ ကာကွယ်ရေးအား ထိန်းသိမ်းထားရန်အတွက် အဆက်မပြတ် အာရုံစိုက်မှု မလိုအပ်သော်လည်း လှေကို ထိန်းချုပ်နေသော ပုဂ္ဂိုလ်တွင် တစ်စုံတစ်ခု မှားယွင်းသွားပါက ၎င်း၏ ခိုင်မာမှုအား ထိခိုက်သွားမည် ဖြစ်သည်။

လက်ရှိတွင် နတ်လှေ၏ ထိန်းချုပ်မှုသည် ယုလျှံစီ၏ လက်ထဲတွင် ရှိနေသည်။ ယုလျှံစီ ဟန်ချက်ပျက်သွားသောကြောင့် လှေ၏ ကာကွယ်ရေးလည်း ထိခိုက်သွားသည်။

ထို့နောက် လုချန်းက ပြုံးလျက်

“ခံတပ်တစ်ခုက ဘယ်လောက်ပဲ ခိုင်မာနေပါစေ အထဲကနေ အမြဲတမ်း ထိုးဖောက် လို့ ရတယ်။”

ဤအချိန်တွင် လွှမ်းမိုးခြင်း မခံရသေးသော တပည့်အနည်းငယ်လည်း ဖြစ်ပျက်နေသည်ကို တွေ့မြင်သွားပြီး ယုလျှံစီကို ကူညီရန် လျင်မြန်စွာ ဝင်ရောက်လာကာ ထိန်းချုပ်ခံထားရသော တပည့်များ သူ၏ အနီးသို့ မကပ်နိုင်စေရန် တားဆီးကြသည်။

နတ်လှေ၏ ကာကွယ်ရေးတွင် အဆက်မပြတ် ပြောင်းလဲမှုများကို မြင်သောအခါ စုဟန်ယန်လည်း တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ ကာကွယ်‌ရေး ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူမသည် ချက်ချင်း ထိုးနှက်မည် ဖြစ်သည်။

လုချန်း ထိန်းချုပ်ထားသော လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များသည် များစွာ အင်အားကြီးမားခြင်း မရှိပေ။ စိတ်ကို ထိန်းချုပ်သည့် စွမ်းရည်သည် လူများကို ကြိုးကိုင်နိုင်သော်လည်း ကျင့်စဉ်အဆင့်အရ သက်ရောက်ခံရမှုတွင် သိသာထင်ရှားသော ကွာဟချက်တစ်ခု ရှိသည်။ အဆင့်တူ ကျင့်ကြံသူ များဆိုပါက စိတ်ခိုင်မာမှု ပိုနည်းသူများကိုသာ အနည်းငယ် ထိခိုက်စေနိုင်သည်။

သို့သော် သူတို့၏ အဆင့်များ နိမ့်ကျနေသော်လည်း ၎င်းတို့သည် ယုလျှံစီအား ဒုက္ခပေးရန် လုံလောက်သည်။ သူ ထိန်းချုပ်ထားသော လျှို့ဝှက်လဝန်းနန်းတော် တပည့်များ တစ်ဦးပြီးတစ်ဦး အသတ်ခံနေရသည်ကို မြင်သောအခါ လုချန်းလည်း အချိန် ပိုမဖြုန်းတော့ပဲ ၎င်းတို့၏ အတွင်းအား ချက္ကရကို ကိုယ်တိုင် ဖျက်ဆီးစေရန် တိုက်ရိုက် ထိန်းချုပ်လိုက်သည်။

နတ်လှေ အတားအဆီး၏ ကန့်သတ်ထားသော နေရာအတွင်း၌ ၎င်းတို့၏ အတွင်းအား ချက္ကရကို ကိုယ်တိုင် ဖျက်ဆီးခြင်းက ပိုမို အဖျက်စွမ်းအား ကြီးမည်ဖြစ်သည်။ အထူးသဖြင့် ကောင်းကင်လူသားအဆင့် ကျင့်ကြံသူများစွာ ပါဝင်နေချိန်တွင် ဖြစ်သည်။

ထိုပေါက်ကွဲမှုသည် ဥပဒေ နိယာမ အလုံးစုံအဆင့်မှ ကျင့်ကြံသူတစ်ဦး ဖြစ်သော ယုလျှံစီကို သတ်နိုင်ဖွယ် မရှိသော်လည်း ပြင်းထန်သော ဒဏ်ရာများ ရရှိစေနိုင်သေးသည်။

လုချန်း ထိန်းချုပ်ထားသော တပည့်အားလုံးကို ယုလျှံစီ ရှင်းလင်းနိုင်ခါနီးတွင် အဝေးရှိ တပည့်တစ်ဦး၏ မျက်လုံးများ နီရဲလာသည်ကို သူ ရုတ်တရက် သတိပြုမိလိုက်၏။ အန္တရာယ်ကို သူ ချက်ချင်း အာရုံခံမိလိုက်သည်။

“မကောင်းတော့ဘူး။ သူတို့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတော့မယ်။”

ယုလျှံစီ စကားမဆုံးမီတွင် အခြား လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များလည်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ဖျက်ဆီးလိုက်ကြတော့သည်။ ပေါက်ကွဲသံများသည် နတ်လှေ အတားအဆီးအတွင်း၌ ချက်ချင်း ပဲ့တင်ထွက်သွားကာ အတွင်းပိုင်း ကာကွယ်ရေး နည်းဗျူဟာ ပုံစံကို နှောင့်ယှက်လိုက်သည်။

နတ်လှေ၏ ကာကွယ်ရေးသည် ခိုင်မာသော်လည်း ၎င်း၏ အတွင်းပိုင်း နည်းဗျူဟာ ပုံစံများက အလွန်တည်ငြိမ်ခြင်း မရှိပေ။ နည်းဗျူဟာ ပုံစံများကို အနည်းငယ် နှောင့်ယှက်လိုက်ရုံဖြင့် ကာကွယ်ရေးကို ပျောက်ကွယ်သွားစေနိုင်သည်။

လုချန်းက ကောင်းကင်လူသားအဆင့် ကျင့်ကြံသူများစွာကို တစ်ပြိုင်နက်တည်း ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရန် ထိန်းချုပ်လိုက်သဖြင့် နတ်လှေ၏ အတွင်းပိုင်း နည်းဗျူဟာ ပုံစံများလည်း မခံနိုင်တော့ပဲ မကြာမီ နတ်လှေကာကွယ်ရေးသည် ပေါ်လိုက် ပျောက်လိုက် ဖြစ်လာသည်။

ဤမြင်ကွင်းကို မြင်သောအခါ စုဟန်ယန်လည်း တွန့်ဆုတ်မနေတော့ပဲ သူမ၏ ဓားစွမ်းအားကို ချက်ချင်း လှုံ့ဆော်လိုက်သည်။

ကောင်းကင်ခွင်း ဓားချက်....

ထိုစဉ် ဧရာမ အလင်းဓားကြီးတစ်လက် ကောင်းကင်မှ ကျဆင်းလာပြီး နတ်လှေကို တိုက်ရိုက် ဦးတည်လိုက်သည်။ တစ်ဆက်တည်းမှာပင် ယုလျှံစီနှင့် သူ၏ အပေါင်းအပါများလည်း စုဟန်ယန်၏ ဓားစွမ်းအားဖြင့် အမှုန့်အဖြစ် ကြေမွပျက်ဆီးသွားကြတော့သည်။ သူတို့ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ကြပါ။

ဖျက်ဆီးအား ပြင်းသော ဓားစွမ်းအားများ ငြိမ်သက်သွားပြီးနောက်၊ နတ်လှေ၏ အခြေအနေ သူတို့၏ မြင်ကွင်းထဲ ပြန်ပေါ်လာခဲ့သည်။ လှေပေါ်ရှိလူအားလုံး အနည်းဆုံးတော့ ဒဏ်ရာရကြသည်။ နတ်လှေ ကိုယ်တိုင်သည်လည်း မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကြေမွသွားခဲ့သည်။

အလင်းအရိပ် ကျင့်စဉ်ဖြင့် နတ်လှေ၏ အပျက်အစီး အပိုင်းအစတစ်ခု ရှေ့တွင် လုချန်း ပေါ်လာသည်။ သူက နတ်လှေကို တည်ဆောက်ရန် အသုံးပြုခဲ့သော ပစ္စည်းများကို စစ်ဆေးကြည့်ရှုလိုက်ပြီး

“ဒါတွေက တကယ်ကို ကောင်းတဲ့ ပစ္စည်း တွေပဲ” ဟု သူ့ဘာသာသူ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် စုဟန်ယန်လည်း နတ်လှေ၏ အပျက်အစီးများ ရှေ့သို့ ရောက်ရှိလာသည်။ ပြန့်ကျဲနေသော ပစ္စည်းများကို မြင်သောအခါ သူမလည်း လိုချင်စိတ် အနည်းငယ်ကို ခံစားလိုက်ရသည်။

ဤနိမ့်ကျသော ကမ္ဘာတွင် နတ်လှေတစ်စီး ပြုလုပ်ရန် ပစ္စည်းများသည် အလွန်အမင်း တန်ဖိုးရှိ ရှားပါးလှသည်။

အကယ်၍ သူမသာ ဤပစ္စည်းများကို လက်ဝယ် ရရှိနိုင်ခဲ့ပါက လုချန်းအပေါ် မှီခိုနေစရာ မလိုပဲ သေးငယ်သော နတ်လှေတစ်စီးကို သူမဘာသာ တည်ဆောက်နိုင်လောက်သည်။ ထိုအခါ သူမ ဤထျန်းချန်ကမ္ဘာမှ ထွက်ခွာသွားနိုင်မည် ဖြစ်သည်။

ထိုသို့ တွေးလျက် စုဟန်ယန်က

“မင်းကြီး။ နတ်လှေက ပျက်စီးသွားပြီဆိုတော့ သိပ်အသုံးမဝင်တော့ပါဘူး။ ဒီအကြွင်းအကျန်တွေကို ကျွန်မတို့ မြူခိုးမှော်ဂိုဏ်းကို ချီးမြှင့်ပေးလိုက်ပါလား။”

စုဟန်ယန်၏ စကားသံကို ကြားသောအခါ လုချန်း သူမကို လှည့်ကြည့်လိုက်ပြီး ပြုံးလျက်

“ဂိုဏ်းချုပ်စု။ ခင်ဗျားမှာ တော်တော်လေး အကြံအစည်များတာပဲ။”

“ဒီနတ်လှေက ပျက်စီးသွားပေမဲ့ သူ့ကို ပြုလုပ်ထားတဲ့ ပစ္စည်းတွေက ရှားပါးရတနာတွေပဲ။ ကျွန်တော်သာ ဒီပစ္စည်းတွေကို ခင်ဗျားရဲ့ မြူခိုးမှော်ဂိုဏ်းကို ပေးလိုက်ရင် ခင်ဗျား နတ်လှေတစ်စီး တည်ဆောက်နိုင်သွားမှာ မဟုတ်ဘူးလား။”

သူမ၏ ရည်ရွယ်ချက်များကို လုချန်းက သိမြင်သွားသည်ကို တွေ့သောအခါ စုဟန်ယန်၏ စိတ်ထဲသက်ပြင်းချလိုက်သည်။ ဤလူတွင် စိတ်ကိုဖတ်နိုင်သည့် စွမ်းရည် အမှန်တကယ် ရှိနေပြီး မည်သည့် လျှို့ဝှက်ချက်ကိုမဆို သိနေနိုင်ပုံပေါ်သည်။ သူမ တွေးသမျှကို သူသိနိုင်စွမ်းရှိနေသည်။

ဤအချိန်တွင် လုချန်း ယခုလေးတင် ပြသခဲ့သော စိတ်နှလုံး ထိန်းချုပ်သည့် ပညာကိုလည်း ထည့်သွင်းစဉ်းစားမိသွားပြီး သူမ၏ ခန့်မှန်းချက်အပေါ် ပိုသေချာသွားစေသည်။ လုချန်းတွင် လူများ၏ စိတ်နှလုံးကို ကြိုးကိုင်ထိန်းချုပ်နိုင်သည့် စွမ်းရည် ရှိ၏။ထိုသို့‌သော လူတစ်ယောက်အတွက် အခြားသူများ၏ အတွေးများကို ထွင်းဖောက် မြင်နိုင်ခြင်းက မထူးဆန်း‌ပေ။

ထိုစဉ် လုချန်း သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်လှေ၏ အပျက်အစီးများသည် ထိုနေရာ၌ပင် ပျောက်ကွယ်သွားသည်။

ထိုအရာကို မြင်သောအခါ စုဟန်ယန် အနည်းငယ် အံ့အားသင့်သွားရပြန်သည်။

နေရာလွတ် ထိန်းချုပ်ခြင်းလား။

လုချန်းတွင် ဤမျှ ကြီးမားသော ပစ္စည်းကိုသိုလှောင်ရန် နေရာလွတ် ရှိနေတာလား။

နတ်လှေ၏ အပျက်အစီးများသည် များပြားလှသော်လည်း လုချန်းက အားလုံးကို အလွယ်တကူ သိမ်းဆည်းလိုက်သည်။

သို့သော် လုချန်းတွင် ဝိညာဉ်အစောင့် ရှိသော ဖေးဟုန် နတ်လှေကို ပိုင်ဆိုင်ထားသည်ကို ထည့်သွင်း စဉ်းစားပါက ဤမျှ ကြီးမားသော နေရာလွတ် ရှိနေခြင်းက ထူးတော့မထူးဆန်းပေ။

စုဟန်ယန် မသိခဲ့သည်က လုချန်း အသုံးပြုခဲ့သည်မှာ နေရာလွတ်တစ်ခု မဟုတ်ပဲ ရင်သွေးကမ္ဘာ တစ်ခု ဖြစ်သည်ဆိုသော အချက်ပင်။

သူနှင့် ချူးယုချင်တို့ ပူးတွဲ ပျိုးထောင်ခဲ့သော ရင်သွေးကမ္ဘာသည် ပိုမို ကြီးမားလာနေပြီး သူနှင့် ချူးယုချင် နှစ်ဦးစလုံးသည် ရင်သွေးကမ္ဘာ အတွင်း၌ အရာဝတ္ထုများ ထားရှိနိုင်ကာ နှစ်ဦးစလုံးလည်း ၎င်းအပေါ် ထိန်းချုပ်ခွင့်ကို ပိုင်ဆိုင်ထားသည်။

နတ်လှေ၏ အပျက်အစီးများကို သိမ်းဆည်းပြီးနောက် လုချန်းက စုဟန်ယန်၏ နောက်သို့ ရွှေ့သွားပြီး သူမ၏ ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်လိုက်ကာ

“ဂိုဏ်းချုပ်စုက ကျွန်တော့်ကို ဒီလောက် ကြီးကြီးမားမား ကူညီခဲ့တာ။ ကျွန်တော် ခင်ဗျားကို ဘယ်လို ကျေးဇူးဆပ်ရမလဲ”

လုချန်းထံမှ တိုးပွားလာသော စိတ်အားထက်သန်မှုကို ခံစားမိသောအခါ စုဟန်ယန်က

“မင်းကြီး။ ကျွန်မမှာ ဆောင်ရွက်စရာ ကိစ္စတွေ ရှိနေသေးလို့ အခုပဲ သွားခွင့်ပြုပါဦး။ ကျူးကျော်သူတွေကို ခုခံ ကာကွယ်တာက ထျန်းချန်ကမ္ဘာရဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်ပါ။ မင်းကြီး ကျေးဇူးတင်စရာ မလိုပါဘူး”

ဟု အလျင်အမြန် ဆိုလိုက်သည်။

ကျေးဇူးတင်ခြင်းလား။

လုချန်း၏ “ကျေးဇူးတင်ခြင်း” တွင် မည်သည့်အရာများ ပါဝင်မည်ကို သူမ မသိမည် မဟုတ်ပါ။

All Chapters