အခန်း (၅၂)
Vol. 6 Ch. 52
စူးယွင်သည် ခေါင်းစောင်းကာ မှောင်မည်းနေသောလမ်းကြောင်းအားကြည့်လိုက်၏။သူမသည်စကပ်အားမကာ အထဲဝင်ဖို့လုပ်လိုက်သည်။
သူမမှခြေနှစ်လှမ်းသာလှမ်းရသေးချိန်တွင် တံခါးမဘက်ဆီမှ အသံတစ်သံထွက်လာလေ၏။
"သခင်မလေးစူး အထဲမှာလား"
"ဟုတ်တယ် ကျွန်မအခုထွက်လာပြီ"
စူးယွင်ခြေလှမ်းပြန်ဆုတ်ကာ စာအုပ်အားသူ့နေရာသူပြန်ထားလိုက်သည်။
စာအုပ်စင်မှာ ဆန့်ကျင်ဘက်ဦးတည်ရာဆီလှည့်၍ မူလအတိုင်းပြန်ပြောင်းသွားပြီဆိုကာမှ သူမသည်တံခါးအားဖွင့်ကာ အပြင်ထွက်လိုက်၏။
တုန့်စန်းမှာ တံခါး၌ရပ်နေသည်။သူမအားသူမြင်ချိန်တွင် ခါးညွှတ်၍အရိုအသေပေးကာပြောလာ၏။
"သခင်မလေးစူး သခင်လေးကခြံဝန်းထဲမှာပါ။ကျွန်တော်ခေါ်သွားပေးပါ့မယ်"
သူသည်စကားပြောရင်း သူမနောက်ရှိစာအုပ်စင်ထံ မသိမသာကြည့်လိုက်ပေသိ သူ၏အမူအယာမှာထူးထွေပြောင်းလဲမသွားပေ။
စူးယွင်သည် တံခါးအားပိတ်၍ ဘာမှမဖြစ်ခဲ့သည့်အလားပြုမူလိုက်၏။သူမသည်ခေါင်းငြိမ့်၍ပြောလိုက်သည်။
"ကျေးဇူးပါပဲ"
နဉ်ကျင်းသည် ခြံဝန်းထဲရှိ နားနေဆောင်ငယ်လေးတွင်ထိုင်ကာ ရေနွေးသောက်နေလေ၏။စူးယွင်သည် သူ့ဘေးနေရာလွတ်တွင်ဝင်ထိုင်ကာ ရေနွေးအားမြည်းစမ်းကြည့်ရန် ရေနွေးတစ်ခွက်ကို တန်းယူလိုက်သည်။
"မြန်လှချည်လား"
သူမှမေးလာ၏။
"ကျွန်မကသူ့ကိုမနှောက်ယှက်ပဲ အဝေးကနေကြည့်လာတာလေ။လုပ်ငန်းစဉ်ကို ကြည့်ရုံပဲ"
စူးယွင်မှပြန်ဖြေလိုက်သည်။
ရှောင်းယွင်သည် သူဖုန်းစားနောက်ခံမှလာသူဖြစ်ရာ ပညာသင်ကြားမှုမရှိခဲ့သည်မှာထုံးစံပင်။သူ့အဖို့ စနစ်တကျကျွမ်းကျင်ပိုင်နိုင်သောအသိပညာအားဖမ်းဆုပ်နိုင်ရန်မှာ သာမန်လူထက်ပင် ခက်ခဲလွန်းနိုင်၏။စူးယွင်သည် သူ့အပေါ်ဖိအားပေးသလိုဖြစ်သွားမည်စိုး၍ မေးခွန်းများဖြင့်မချဉ်းကပ်ရဲပေ။
သို့သော်အဝေးမှစောင့်ကြည့်ပြီးနောက်တွင် ရှောင်းယွင်၌ အရည်အချင်းကောင်းရှိနေပြီး ဘဏ္ဍာထိန်းပေါက်စတစ်ဦးဖြစ်မည့် လက္ခဏာများပင် ပေါ်ထွက်စပြုနေပြီဖြစ်ကြောင်းသတိပြုမိခဲ့၏။
နဉ်ကျင်းသည် မျက်ခုံးပင့်ကာ အတန်ငယ်ထေ့ငေါ့ဟန်ပါသည့်လေသံဖြင့်ပြောလာသည်။
"မင်းတို့နှစ်ယောက်က စကားပြောပြီး ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့လုပ်နေတာလို့ ကိုယ်ထင်ခဲ့တာ"
ဤစကားအားကြားသော် စူးယွင်၏စိတ်ထဲတွင် ညစ်တစ်တစ်အတွေးတစ်ခုပေါ်လာသည်ကို ခံစားလိုက်ရ၏။သူမမေးအားလက်ဖြင့်ထောက်ကာ သူမသည်လေးလေးနက်နက်တွေးတောဟန်ပြုလိုက်သည်။
"အဲ့နည်းလမ်းကမဆိုးဘူးပဲ"
သူမသည်မတ်တပ်ရပ်လိုက်၏။
"ကျွန်မသူ့ကိုအခုပဲသွားရှာလိုက်မယ်"
သူမပါးစပ်မှထိုစကားများထွက်လာသည်နှင့် သူမသည်သိမ်မွေ့သောအားတစ်ခုဖြင့် အဆွဲခံလိုက်ရ၏။သူသည် သူမခါးအားပွေ့ဖက်ကာ သူ့ပေါင်ပေါ်ထိုင်ချစေလိုက်သည်။
"မိန်းကလေးစူး"
နဉ်ကျင်းသည် သူမပေါ်မှီ၍ သူ၏နွေးထွေးသောအသက်ရှူသံမှာ သူမနားအားပွတ်သပ်သွားလေ၏။သူသည်တိုးဖွဖွလေးပြောလာသည်။
"မင်းဘယ်အချိန်ကတည်းက အရမ်းစကားနားထောင်တတ်သွားတာလဲ"
စူးယွင်သည် သူ့ဆံနွယ်တစ်စုအားယူကာ သူမလက်ချောင်းများကြား လှည့်ပတ်ဆော့ကစားလိုက်၏။သူမသည် ချိုမြိန်စွာပြုံး၍ပြောလာသည်။
"သခင်လေးနဉ်က ဒီလိုလေးလေးနက်နက်တောင်းဆိုနေမှတော့ ကျွန်မကဘယ်လိုလုပ်ရှင့်ကို စိတ်ပျက်အောင် လုပ်ရမှာလဲ"
နဉ်ကျင်းသည် အသာရယ်လိုက်မိကာ သူ့ဆံနွယ်ဖြင့်ဆော့ကစားနေသည့် သူမလက်အားကိုင်လိုက်သည်။
"ဒါပေမယ့် မင်းကဒီမှာထိုင်နေတုန်းကို သူ့ကိုသွားရှာဖို့လုပ်သေးတယ်နော်"
စူးယွင်သည် သူမလက်အားသူ့ရင်ဘတ်ပေါ်တင်လိုက်၏။
"အဲ့အကြောင်းနဲ့ပက်သက်ပြီး ရှင်စိတ်ပူစရာမလိုပါဘူး"
သူမသည်ပြောရင်း ခြေဖဝါးဖြင့်ထောက်ကာ သူမကိုယ်အားလှည့်၍ မတ်တပ်ရပ်ရန်လုပ်လိုက်သည်။
သူမသည် ဒယီးဒယိုင်ဖြင့်မတ်တပ်ရပ်လိုက်နိုင်ကာ သူမခန္ဓာကိုယ်မှ မတည်ငြိမ်သေးခင် သန်မာသောလက်တစ်စုံမှ သူမအားပြန်ဆွဲခေါ်လိုက်၏။
"ဒီမှာထိုင်နေတာ အဆင်ပြေတယ်မလား ပြီးမှသူ့ကိုသွားရှာတော့"
"အဲ့လိုလား"
စူးယွင်သည် သူတို့၏မူလပုံစံအတိုင်းပြန်ဖြစ်သွားပုံကိုကြည့်လိုက်သည်။သူမသည် သူ့မျက်နှာထက်ရှိ အတန်ငယ်ချုပ်တည်းထားသော အမူအယာကိုစူးစမ်းကြည့်ရန် ခေါင်းငုံ့၍ သူ့မျက်နှာအားထိတွေ့ရန် သူမလက်အားအလိုလိုဆန့်ထုတ်လိုက်မိ၏။
"ဒါကရှင့်ရဲ့အမြဲတမ်းရှိနေတဲ့ ကိုယ်ရည်ကိုယ်သွေးလား"
သိမ်မွေ့တယ် သီးခြားဆန်တယ် အလှမ်းဝေးပေမယ့် ပျူငှာတယ်။
နဉ်ကျင်းသည် ပြန်ဖြေမည့်အစား သူမအားမေးလိုက်၏။
"အရေးပါလို့လား"
သူ့မျက်လုံးများသည် သူမထံတွင်သာ စူးစိုက်ကြည့်နေပြီး သူမအကြည့်ထဲရှိ တုံ့ပြန်ချက်တိုင်းကို လွှဲချော်ခွင့်ပြုရန် ဆန္ဒရှိမနေပေ။
စူးယွင်မှာ ပြန်မဖြေခဲ့ပေ။
သူမသည် သူထုတ်လွှတ်သည့် အရှိန်အဝါထံမှ ဖမ်းစားခံခဲ့ရသည့် ပထမဆုံးတွေ့ဆုံချိန်ဆီအတွေးရောက်သွားသည်။သူမသည် နုံအသူမဟုတ်သော်ငြား သူသည်သူမအနေဖြင့် သူ့အပေါ် ယုံကြည်အားကိုးရပြီး သိမ်မွေ့သူဖြစ်သည်ဟူသော အတွေးကိုတွေးမိအောင် လုပ်ခဲ့လေ၏။
သို့သော် နောက်ဆုံးအခေါက်မှ စာကြည့်ခန်းနှင့် ယခုအခေါက် လျှို့ဝှက်လမ်းကြောင်းမှာ သူသည်အပေါ်ယံမြင်ရသလောက် စစ်မှန်ပါ့မလားဟု သူမအားသံသယဝင်စေခဲ့သည်။
ဒါပေမယ့် သူမဂရုစိုက်စရာလိုလို့လား။
ကြည့်ရတာတော့......
စူးယွင်သည် နှုတ်ခမ်းအားကိုက်ကာ သူ့အားကြည့်၍ မျက်လွှာချလိုက်၏။
သူ့၏အစစ်အမှန်ပုံရိပ်ကို သူမသိချင်ခဲ့ပုံရပါသည်။
နဉ်ကျင်းသည်ပြုံး၍ သူမပါးအားဆွဲလိုက်၏။
"ခက်ခဲလိုက်တဲ့မေးခွန်းမျိုးပါလား"
သူသည်စိတ်ထဲမထားသကဲ့သို့ ပေါ့ပျက်ပျက်နိုင်စွာပြောလိုက်သည်။
"ကျွန်မရှင့်စာကြည့်ခန်းဆီသွားခဲ့တယ်။ကျွန်မကစာဖတ်ဖို့လုပ်ခဲ့ပေမယ့် မတော်တဆ....."
စူးယွင်သည် ထိုအရာအား သူ့ထံမှဖုံးကွယ်မထားချင်၍ တိုက်ရိုက်ဖွင့်ပြောလိုက်၏။
"အဲ့ထဲမှာ ပြောမထွက်နိုင်တဲ့ လျှို့ဝှက်ချက်တွေရှိနေတာလား"
စူးယွင်သည် ခေတ်သစ်၌ ရှေးခေတ်ဝတ္ထုအများအပြားကိုဖတ်ဖူးပြီး အထူးသဖြင့် နိုင်ငံရေးလျှို့ဝှက်ကြံစည်မှုများနှင့် အိမ်တွင်းတိုက်ပွဲများအကြောင်းပင်။များသောအားဖြင့် ဗီလိန်တစ်ဦး၏နေအိမ်တွင် လျှို့ဝှက်လမ်းကြောင်းတစ်ခုရှာတွေ့ပါက ထိုသည်မှာ အဓိကလျှို့ဝှက်ချက်ကြီးဖြစ်ပြီး ရှာတွေ့သူမှာ ညအချိန်၌ လုပ်ကြံသတ်ဖြတ်ခံရသည်နှင့် အဆုံးသတ်ရပေမည်။
"အဲ့မှာဘယ်ကလျှို့ဝှက်ချက်ရှိရမှာလဲ။မင်းသိချင်ရင် သိရမှာပေါ့"
နဉ်ကျင်းသည် သူမပုခုံးထက်ခေါင်းတင်ကာ သူမနားသန်သီးအား လက်ချောင်းလေးများဖြင့် ဆက်ကာဆက်ကာ ဆော့နေလေ၏။
"ဒီမှာအတော်ဗလာကျင်းနေတာပဲ ကိုယ့်ကိုနည်းနည်းလောက်ပေါင်းထည့်ခွင့်ပေး"
(နားပေါက်က နားကပ်မပါဘဲလွတ်နေလို့ သူ့ကိုနားကပ်ဝယ်ပြီးပန်ခွင့်တောင်းတာ)
"ဘာရယ်"
သူမသည် နားသန်သီးထက်ရှိ အထိအတွေ့ကြောင့် အာရုံစိုက်ရရန်ရုန်းကန်နေရရာ ယခုသူမှအကြောင်းအရာပြောင်းချလိုက်၍ သူမမှတုံ့ပြန်ချက်ပေးရန် ပိုခက်ခဲသွားစေသည်။
နဉ်ကျင်းသည် ဘာမှထပ်မပြောတော့ဘဲ သူမနားသန်သီးလေးကိုသာ ဆက်ကလိနေ၏။
မရင်းနှီးသောအထိအတွေ့မှာ သူမ၏အထိမခံသည့်နားရွက်အား ဖြည်းဖြည်းချင်းနီမြန်းလာစေသည်။နဉ်ကျင်းသည် သန့်စင်သောပတ္တမြားတစ်လုံးနှင့် ဆင်တူသည့် ထိုနားရွက်လေးအား ကြည့်လိုက်၏။
သူသည်အနားကပ်ကာ သူ၏နှုတ်ခမ်းပါးလေးမှ လေမှုတ်ထုတ်လိုက်ပြီး
"မိန်းကလေးစူး မင်းနားကအရမ်းနီနေပြီ"
သူသည်ပြောနေရင်းပင် သူ၏နှုတ်ခမ်းများမှာ သူမနားအားထိရုံမျှပွတ်သပ်သွားလေ၏။
စူးယွင်ကိုယ်မှာ တောင့်တင်းသွားပြီး သူမလေသံမှာလဲ အတန်ငယ်တိုးလျသွားသည်။
"ရှင်ကနှာဗူးတစ်ယောက်ဖြစ်နေတာပဲ...."
ထိုလုပ်ရပ်သည် စွဲလမ်းမှုတစ်ခုဖြစ်လာစေ၏။
"အ!"
ထိုနေရာရှိ တိုးလျလျအသံမှာ ရှင်းရှင်းလင်းလင်းကြားနေရသည်။စူးယွင်သည် သူမနှုတ်ခမ်းအားကိုက်၍
"မလုပ်နဲ့..."
သူ၏နူးညံ့သောလျှာဖျားလေးမှာ နားသန်သီးအား ငြင်သာစွာလျက်၍ ထပ်ခါထပ်ခါ ငုံထွေးလိုက်သည်။
သူသည် လျှာအားပြန်သိမ်း၍ သူ့သွားဖြင့် နားသန်သီးအား အသာကိုက်လိုက်ကာ သူမနားနောက်ဘက်မှ အောက်သို့ဆင်းသွားလေ၏။သူ၏လက်သည်လည်း ရပ်တန့်မနေဘဲ သူမခါးထက်မှနေ ခြေထောက်ထံရွှေ့သွားလေသည်။
ချုံဆမ်း၏ခွဲကြောင်းမှာ မကြီးပေသိ စူးယွင်မှသူ့ပေါ်ထိုင်လိုက်ရာ စကပ်ခွဲကြောင်းသည် မြောက်တက်သွားပြီး သူမ၏ဖြူဖွေးနူးညံ့သောပေါင်တံများမှာ အဝတ်မှတစ်ဆင့်ပွတ်တိုက်သွားလေ၏။
နားနေဆောင်တွင် လေညှင်းတစ်ချို့တိုက်ခတ်နေ၍ ပေါ်နေသောအရေပြားအားအေးသွားစေပေသိ သူ့လက်မှအုပ်ကိုင်လာချိန်တွင်တော့ အအေးဓာတ်မှာလွင့်ပြယ်သွားပြီး မရေတွက်နိုင်သည့်အပူရှိန်မှာ တရွေ့ရွေ့တက်လာလေသည်။
နဉ်ကျင်း၏အနမ်းမှာ သူမလည်တိုင်ထံဆင်းသက်သွားကာ စုပ်ယူ၍ ဇီးပန်းပွင့်အလားအနီမှတ်လေးများချန်ထားရစ်လေ၏။
သူမလည်တိုင်ထက်မှ လျှပ်စီးကြောင်းလိုအထိအတွေ့မှာ မရေတွက်နိုင်သည့်ပုရွက်ဆိတ်များကိုက်ဖဲ့နေသည့်အလား မခံရပ်နိုင်အောင်ခံစားရစေသည်။
စူးယွင်သည် နဉ်ကျင်း၏အင်္ကျီလက်အား တင်းတင်းဆုပ်ကိုင်ကာ စကားပြောရန်ရုန်းကန်လိုက်ရ၏။
"နဉ်ကျင်း ရှင်.....မလုပ်ပါနဲ့တော့...."
နဉ်ကျင်းသည် သူ၏စိတ်ကျေနပ်စရာလက်ရာမြောက်ဖန်တီးမှုအား ကြည့်၍ သူ့မျက်နှာတစ်ဝက်ကို သူမလည်တိုင်တွင် ဖိကပ်ကာ ဩရှသောလေသံဖြင့်
"စူးယွင် ကိုယ်မင်းကိုတစ်ကယ်သဘောကျတယ်"
အပြုံးတစ်ပွင့်၏အစအနတစ်ခုမှာ စူးယွင်၏မျက်ဝန်းများတွင်း ထင်ဟပ်နေပြီး သူမနှလုံးမှာလဲ ပြင်းပြင်းထန်ထန်ခုန်ပေါက်နေတော့သည်။
သူမသည်ထိုသည်အား အရင်ထဲမှခံစားမိခဲ့သော်ငြား လူကိုယ်တိုင်မှပြောလာသည်ကိုကြားရသည်မှာလဲ ခံစားချက်ခြားနားနေဆဲပင်။
နဉ်ကျင်း၏လက်သည် သူမဂုတ်ပိုးအား တယုတယကိုင်ကာ သူနှင့်မျက်နှာချင်းဆိုင်ရန် သူမခေါင်းအားပင့်မလိုက်၏။