← Chapters

အခန်း (၅၄)

Vol. 6 Ch. 54

အခန်း (၅၄)

Vol. 6 Ch. 54

သူ၏စာကြည့်ခန်းမှာ ကြီးမားလှပေသိ အထဲတွင် မယ်မယ်ရရသိပ်မရှိဘဲ အလှဆင်ပစ္စည်းတန်ဆာပလာတစ်ချို့သာရှိလေသည်။သို့‌တိုင် ပစ္စည်းတိုင်းမှာ အကြည့်တစ်ချက်ဖြင့်ပင် တန်ဖိုးတစ်ခုရှိကြောင်းသိနိုင်ပြီး အနည်းဆုံးတော့ လက်ရှိစူးယွင်တတ်နိုင်သောအရာများမဟုတ်ပေ။

နဉ်ကျင်းသည်သူမလက်အားဆွဲ၍ လောဟန်ကုတင်ပေါ်ထိုင်ခိုင်းလာ၏။သူမလက်ဖမိုးထက် သူ့လက်အားတင်ကာ သူမကိုစိတ်ဝင်တစားကြည့်နေလေသည်။

"အဲ့တော့ ဘယ်လိုနေလဲ"

စူးယွင်သည် သူမမျက်လုံးများအား မှေးကျဉ်းကာ ခဏတာမျှတွေးတောလိုက်ပြီး ဖြေပေးလာ၏။

"သာမန်ပါပဲ"

အခန်းသည်အေးစက်ကာ မည်သည့်အနွေးဓာတ်မှရှိမနေ (သို့) လူနေထိုင်သည့်ခံစားချက်ရှိမနေပေ။သူမအတွက်သူပြင်ဆင်ပေးထားသည့် အခန်းလောက်ကောင်းမွန်မနေချေ။သို့တိုင်အောင် အခန်းထဲပန်းအိုးနှစ်လုံးရှိနေသေး၍ တော်တော်လေးသက်တောင့်သက်သာရှိသွားပုံပင်။

နဉ်ကျင်းသည် သူမလက်အားညှစ်ကာမေးလိုက်၏။

"ဘာတွေလိုနေတာလဲ"

စူးယွင်သည် မတ်တပ်ရပ်၍ အခန်းအားလှည့်ပတ်လျှောက်ကာ တစ်ချက်ကြည့်လိုက်၏။

"ဒါရယ် ဒါရယ် ပြီးတော့ ဒါ"

"ရှင်ပန်းအချို့နဲ့ အပင်တွေထပ်ထည့်မလား လိုက်ကာတို့ ဒါမှမဟုတ် ရှင့်စိတ်ကြိုက်သက်‌တောင့်သက်သာဖြစ်သလို ခံစားရမယ့် အခြားတစ်ခုခုဆိုလဲအဆင်ပြေတယ်"

နဉ်ကျင်းသည် သူမနောက်မှလိုက်ကာ ပြုံး၍

"ကောင်းပြီလေ ကိုယ်အဲ့တာတွေကိုပြန်ဖြုတ်ချပြီး နောက်ကျပြန်ပြင်ဆင်လိုက်မယ်"

"ပြီးသွားတဲ့အချိန်ကျရင် စစ်ဆေးကြည့်ဖို့ ကိုယ်မင်းကိုဖိတ်လိုက်မယ်"

"ရတာပေါ့"

စူးယွင်သည် မူလနေရာတွင်ပြန်ထိုင်ကာ သူမခြေထောက်များအား လွှဲယမ်းနေလိုက်၏။

"ရှင့်အနေနဲ့ ဝေခွဲရခက်နေတာတစ်ခုခုရှိရင်လည်း လာမေးလို့ရတယ်နော် ဟုတ်ပြီလား"

နဉ်ကျင်းသည် မျက်ခုံးပင့်ကာ သူမထံကြည့်လာ၏။

"ဟမ်"

စူးယွင်သည် သူမှအဘယ်ကြောင့်ဤကဲ့သို့ ပြုမူနေသည်ကိုနားမလည်ခဲ့ပေ။

သူမသည် ဘာကိုမှမရည်ရွယ်ခဲ့ပါပေ။သူ့အိမ်ဆီသူမလာလည်ချိန်တိုင်း လက်ခံနိုင်ဖွယ်ရှိသောဥယျာဉ်မှလွဲ၍ ကျန်ဒီဇိုင်းများမှာ အေးစက်၍စိမ်းသက်နေခြင်းကြောင့်ပါပင်။ထိုခံစားချက်မှာ လူနေထိုင်သည့်အိမ်တစ်လုံးနှင့် တူမနေချေ။

သူမမှသူ့ထံကြည့်လိုက်ရာ သူ့အဝတ်အစားများနှင့် အဆင်တန်ဆာများသည် သိမ်မွေ့နူးညံ့၍ ပညာရှင်ဆန်သောခံစားချက်မျိုးပေးစွမ်းနေသည်ကို သတိပြုမိလိုက်သည်။

သူ၏ဒီဇိုင်းအမြင်မှာ နည်းနည်းလေးချို့ယွင်းချက်ရှိနေပုံရပါ၏။

ဖက်ရှင်ဒီဇိုင်နာတစ်ဦးအနေဖြင့် စူးယွင်မှာ သူ့ထက်ဤနယ်ပယ်တွင် အမြင်ပိုရှိသည်ဟု ထင်မြင်မိသည်။

နဉ်ကျင်းသည် သူမတွေးနေသည်တို့ကို သတိမပြုမိဘဲ သူမအားနောက်မှသိုင်းဖက်ကာ တိုးတိုးလေးပြောလိုက်၏။

"ကိုယ်တို့အခန်းကိုကြိုပြီးပြင်ဆင်ထားဖို့ မင်းတွေးနေတာလား"

စူးယွင် : "......."

သူသည်သန့်စင်သောသခင်ငယ်တစ်ဦးပုံပေါ်နေသည်မှာ ရှင်းလင်းပေသိ ဤကဲ့သို့အကြောင်းအရာမျိုးကို ဘယ်လိုများ.......

စူးယွင်သည် သူ့အားတွန်းထုတ်ကာ

"လေးနက်စမ်းပါ"

နဉ်ကျင်းသည် သူမနှင့်ငြင်းခုန်မနေဘဲ ထိုအစားသူမခေါင်းအားပွတ်ပေးရင်း သူမကိုပြန်လိုက်ပို့ပေးမည်ဟုပြောလာသည်။

တံခါးပေါက်တွင် စူးယွင်မှာ တံခါးအားတွန်းဖွင့်ရန် သူမလက်အားဖယ်လိုက်၏။သူမအကြည့်မှာ နဉ်ကျင်း၏ညာဘက်လက်မောင်းပေါ်ရောက်သွားပြီး

"ဒဏ်ရာကိုရေမစိုစေနဲ့ ဆေးလိမ်းဖို့လဲလိုတယ်"

"ဟုတ်ပါပြီဗျာ သခင်မလေးစူး"

"အမ်း"

စူးယွင်သည် တံခါးအားတွန်းဖွင့်၍ အထဲဝင်ရန်လုပ်လိုက်စဉ် နဉ်ကျင်းသည်သူမအားတားလိုက်၏။သူသည် ငုံ့ကိုင်းကာ သူမခေါင်းထိပ်အားနမ်းရှိုက်လိုက်၍

"အိပ်မက်လှလှမက်ပါစေနော်"

စူးယွင်သည် သူ့အားဖွဖွလေးပြန်ဖက်ကာ သူမမျက်ဝန်းတို့မှာလဲ အပြုံးလေးဖြင့်

"ရှင်ရောပါပဲ"

---------

နောက်တစ်နေ့မနက် မနက်စာစားပြီးသော် စူးယွင်သည် ကိစ္စအချို့လုပ်စရာရှိ၍ အပြင်သွားရန်လိုကြောင်း‌အသိပေးခဲ့သည်။

နဉ်ကျင်းသည် သူမအားစောင့်ရှောက်ရန်စီစဉ်ခဲ့ပေသိ တံခါးဆီရောက်သော် တုန့်စန်းမှလာရှာပြီး အရေးကြီးကိစ္စတစ်ခုရှိကြောင်း ပြောလာ၏။နဉ်ကျင်းသည် ကူကယ်ရာမဲ့ဟန်ဖြင့် လက်အောက်ငယ်သားနှစ်ဦးကိုသာ စူးယွင်အားစောင့်ရှောက်ရန် အစားထည့်ပေးလိုက်ရတော့သည်။

နဉ်ကျင်းသည် တုန့်စန်းအားကျောပေးရပ်နေကာ ကုလားထိုင်အားမှီရင်း မျက်လုံးအားမှေးကျဉ်းထားလေ၏။

"ပြော"

တုန့်စန်းမှသူ့အားလျှို့ဝှက်အချက်ပြခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူသည်ပြန်လာမည်မဟုတ်ပေ။

တုန့်စန်းသည် ခေါင်းငုံ့ထားကာ သူ့ခေါင်းထက်မှလာ‌သော အေးစက်စက်နှင့်အလိုမကျသည့်စကားများမှာတော့ လေထုအားတင်းမာသွားစေသည်။

နဉ်ကျင်းမှာ စိတ်မရှည်မှုအစွန်းတွင်ရောက်နေမှန်း တုန့်စန်းသိထားပြီး သူသည်လည်း စူးယွင်နှင့်သူ့သခင်ကြား ဝင်မနှောင့်ယှက်ချင်ခဲ့ပါပေ။သို့သော် ဤကိစ္စမှာ အမှန်အရေးကြီးလှပါသည်။

သူသည်လက်များအားမြှောက်၍ ပြောလိုက်၏။

"အရှင်မင်းမြတ်က အရှင့်သားကိုတွေ့ချင်နေပါတယ်"

နဉ်ကျင်းသည်ပြန်မဖြေဘဲ သူ့လက်အားယမ်းပြလိုက်သည်။

--------

သုံးရက်ကြာပြီးသော်

စူးယွင်သည် တူညီသောအရာများအား လုပ်ရင်းပင်ဝမ်ကော၌ နေ့တိုင်းအချိန်ကုန်ဆုံးခဲ့၏။ပထမဆုံး အထည်အားစစ်ဆေးမည် ထို့နောက် ဝင်လာသည့်အော်ဒါများအား ကြည့်ရှုမည်။လိုအပ်ချက်နှင့်ကိုက်ညီသော အထည်ကိုအတည်ပြုပြီးသည်နှင့် သူမသည် သူမ၏အလုပ်နေရာ၌ထိုင်ကာ သူမ၏ချည်ထိုးချုပ်လုပ်ခြင်းပေါ်သာ အာရုံစိုက်ထားလေ၏။

နောက်တံခါးမှဝင်လာသော ရှောင်ဟယ်သည် စူးယွင်မှ ကျွန်ဈေးတွင်ဝယ်ယူခဲ့သည့်လူတို့နှင့် သူမထံလျှောက်လာလေသည်။

"သခင်မလေး"

ရှောင်ဟယ်၏အသံအားကြားသော် စူးယွင်သည်ခေါင်းမော့၍ မေးလိုက်၏။

"ဘာဖြစ်လို့လဲ"

"သူတို့က ကောင်းကောင်းသင်ယူခဲ့ကြပါပြီ။ကျွန်မတို့ သူတို့ကိုဘယ်နေရာမှာ ခန့်ထားမှာလဲ"

စူးယွင်သည် ခေါင်းငြိမ့်ကာတွေးတောနေလိုက်၏။

သူမအကြည့်သည် လူသုံးဦးပေါ်စစ်ဆေးကြည့်ရင်း နောက်ဆုံးတစ်ယောက်ထံရောက်သွားလေသည်။

အရင်ရက်များတွင် သူ၏ရုပ်ပိုင်းဆိုင်ရာမှာ သတိပြုမိလောက်သည်ထိ သန်မာလာပြီး သူ့အသားအရည်မှာလည်း မူလကလောက်ဖြူဖျော့မနေတော့ပါပေ။

"ထင်ထင်"

သုံးဦးထဲရှိ တစ်ဦးတည်းသောအမျိုးသမီးမှာ ဒူးညွှတ်နှုတ်ဆက်လာ၏။

"သခင်မလေးစူး"

"ချည်ထိုးဆရာနောက်လိုက်ပြီး သူမဆီကသင်ယူချေ။ချည်ထိုးသမတစ်ယောက်ဖြစ်မလာရင်တောင် အနည်းဆုံးတော့ အခြေခံဗဟုသုတရှိထားသင့်တယ်"

"ဟုတ်ကဲ့"

"မင်းတို့နှစ်ယောက်ကတော့ ပစ္စည်းရွေ့တာသယ်တာလိုမျိုး တောက်တိုမယ်ရလောက်သာလုပ်ရင်းစကြတာပေါ့။ဆိုင်ခွဲဖွင့်တဲ့အချိန်မှ အဲ့ကိုသွားပူးပေါင်းလိုက်ကြ"

"နားလည်ပါပြီ"

စူးယွင်သည် လက်အားယမ်း၍

"လူတိုင်းအလုပ်သွားလုပ်လို့ရပြီ။နားမလည်တာတစ်ခုခုရှိခဲ့ရင် ငါ့ကိုလာရှာကြ"

တာဝန်များအား စီစဉ်ပြီးသည်နှင့် စူးယွင်သည် သူမချုပ်လုပ်မှုကိုဆက်လိုက်၏။အရိပ်တစ်ခုမှ သူမမျက်နှာထက် ရုတ်ချည်းပေါ်လာချိန်ထိ အချိန်မည်မျှကုန်သွားမှန်းမသိခဲ့ပေ။

"ရှင်တို့ရောက်ပြီပဲ"

စူးယွင်သည်မော့မကြည့်ဘဲ အပ်ကိုရွှေ့ကာအထည်ကိုသာဆက်ချုပ်နေလိုက်၏။

သူတို့ကြားရှိ ဂုဏ်ပုဒ်အကြီးဆုံးဖြစ်သောလူအဖြစ် အမျိုးသမီးလျို့မှာ အရင်ပြောလာသည်။

"မင်းအလုပ်ရှုပ်နေတယ်ဆိုတော့ အဒေါ်တို့စောင့်လိုက်ပါ့မယ် အေးဆေးလုပ်ပါ"

ယခုအချိန်တွင် စူးယွင်မှာသူတို့၏ထောက်ပံ့သူဖြစ်၍ ခဏတာမျှစောင့်ရသည်မဆိုနှင့် တံခါးတွင်သုံးရက်စောင့်ရမည်ဆိုလျှင်ပင် စကားတစ်ခွန်းမဆိုပဲ ‌သူမတို့စောင့်မည်ဖြစ်၏။

စူးယွင်သည် သူတို့ကြားရှိပြဿနာများအား တတ်နိုင်သမျှ မြန်မြန်အပြီးသတ်ချင်နေရာ တိကျမှန်ကန်မှုရှိမရှိကိုပင် ညှိယူမနေတော့ဘဲ သူမအလုပ်ကိုအရှိန်တင်လိုက်သည်။

ဆယ့်ငါးမိနစ်ကြာပြီးသော် စူးယွင်သည်ချည်အားထုံး၍ အထည်ကိုလက်စသတ်လိုက်၏။

သူမသည်သူတို့အားတစ်ချက်ပင်မကြည့်ဘဲ မတ်တပ်ရပ်ကာတည့်တိုးပြောလိုက်သည်။

"သွားကြစို့"

ကျန်းရှီသည် လက်ဆန့်၍ သူမအားတားရန်လုပ်လိုက်၏။

"သွားမယ် အဒေါ်တို့ကဘယ်သွားမှာလဲ"

စူးယွင်သည် ဘေးသို့စောင်းကာသူမလက်အား အလွယ်လေးရှောင်လိုက်သည်။

သူမသည် အမှုမဲ့အမှတ်မဲ့ဟန်ဖြင့် လက်အားယမ်းပြကာ မထူးခြားနားသောလေသံဖြင့်

"ကျွန်မနောက်ကသာ လိုက်ခဲ့ကြ"

သူမ၏အရင်မှတ်ဉာဏ်ပေါ်အခြေခံကာ စူးယွင်သည် အစိုးရရုံးဆီဦးတည်လိုက်သည်။

သူမနောက်ရှိ လူအုပ်စုသည် စူးယွင်မှမကြိုဆိုကြောင်းသိ၍ သတိကပ်ကာ နောက်ခြေတစ်လှမ်းဆုတ်လိုက်ကြ၏။

သို့သော်ငြား အစိုးရအဆောက်အဦးမှာ အမှန်ကိုကြီးကျယ်၍ ပြစ်ဒဏ်သတ်မှတ်သည့်နေရာဖြစ်ရာ လူအုပ်သည်ဝင်ပေါက်၌ရပ်၍ ဘာလုပ်ရမည်ကိုမသိတော့ပေ။

သူမနောက်ရှိခြေသံများရပ်သွားသည်ကို သတိပြုမိ၍ စူးယွင်မှာမျက်မှောင်ကြုတ်လိုက်၏။

"ဝင်ခဲ့ကြလေ"

အမျိုးသမီးလျို့မှာ အတော်လေးငွေမက်သောလူဖြစ်ပြီး ဤကဲ့သို့နေရာမျိုး၌ရှိနေရသည်မှာ သူမအား‌အမှန်ပင်ကြောက်ရွံ့သွားစေသည်။သူမသည်တုန်တုန်ယင်ယင်ဖြင့်မေးလိုက်၏။

"ယွင်အာ မင်းဒီမှာဘာလုပ်မလို့လဲ"

စူးယွင်သည် သူမအားငတုံးတစ်ယောက်အားကြည့်သလိုကြည့်ကာ သူမလေသံမှာလည်း ရှင်းရှင်းလင်းလင်းကို အထင်သေးမှုအပြည့်ပင်။

"ဒါပေါ့ ကျွန်မကဒီကို တစ်ခုခုလုပ်ဖို့ရောက်လာတာလေ။ကျွန်မကဒီကိုလာကစားတယ်လို့ ရှင်ထင်နေတာလား"

စိတ်မှန်တဲ့လူဘယ်သူကများ အစိုးရရုံးမှာ ပျော်စရာရှာဖို့လာမှာလဲ။

All Chapters